PTH အပိုင်း ၁၀

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

အပိုင်း ၁၀ ကျင်းကျူးအတွက် များပြားလွန်းသောဒုက္ခ

နောက်တစ်နေ့မနက် လီရှီရှူး ခြံဝန်းကို လှည်းကျင်းရန် ထပ်ရောက်လာခဲ့ပြီး အစောင့်များဆီမှ မနက်စာများကို ရယူကာ အမှိုက်များကို လှလှပပစုပုံလိုက်သည်။

ကျင်းကျူး သူ့ကို တိတ်တဆိတ်ကြည့်လိုက်၏။

သူသည် ပြီးခဲ့သည့်ညက ဆရာသခင်လုနှင့် လီရှီရှူးတို့ကြားရှိ စကားဝိုင်းကို ကြားခဲ့ရပေသည်။

သူက ၎င်းကို မကြားနိုင်လျှင်ပင် ဆရာသခင်လုက သူကြားအောင် တမင်သက်သက် လုပ်ပေလိမ့်ဦးမည်။

ဆရာသခင်လုသည် သူ့တွင် အရှက်ရမှုကြောင့် လီရှီရှူးကို စတင်မောင်းထုတ်ရန် အသိစိတ်အချို့ရှိလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

ကျင်းကျူး ဆရာသခင်လုကို ကောင်းကောင်းနားလည်ပေ၏။ သူသာဆိုပါကလည်း အလားတူလုပ်ဆောင်ပေလိမ့်မည်။

ကျင့်ကြံသူတစ်ယောက်သည် ထိုသို့သော အသေးအမွှားအရာများအပေါ် မည်သို့ အချိန်ဖြုန်းနိုင်မည်နည်း။

အကယ်၍ လီရှီရှူးသည် ဆရာသခင်လု၏ အကြံပြုချက်ကို နားထောင်ခဲ့ပါက သူ နားလည်ပေးနိုင်ပြီး သူသည်လည်း ထိုအခြေအနေတွင် အလားတူလုပ်ဆောင်ပေလိမ့်မည်။

မဟာတာအိုရှေ့မှောက်တွင် သခင်လေး မဆိုထားနှင့် ကောင်းကင်နှင့် မြေကြီးပင် မရှိပေ။

သို့သော် တစ်ညတာကုန်ဆုံးပြီးနောက် ယနေ့ လီရှီရှူး ရောက်လာသေးပြီး လုပ်နေကျအရာများကို ယခင်ကထက် တက်တက်ကြွကြွလုပ်ဆောင်လိမ့်ဦးမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဤကောင်ကလေး ဘာတွေးနေသည်ကို ကျင်းကျူး ရုတ်တရက် သိချင်လာမိ၏။

သို့သော် လီရှီရှူးက ဆရာသခင်လု၏ အကြံဉာဏ်ကို နားမထောင်ခဲ့သောကြောင့် သူသည် ဂုဏ်သိက္ခာကဲ့သို့ ရှင်းပြ၍မရနိုင်သော အရာကြောင့်တော့ လီရှီရှူးအား မောင်းထုတ်လိမ့်မည်မဟုတ်ပေ။

သူ့အကျင့်များနှင့် ရင်းနှီးပြီး သူ့နေ့စဉ်အိမ်အလုပ်များကို ကူညီပေးနေသည့် တစ်စုံတစ်ယောက်ကို ရှာတွေ့ရန် မလွယ်ကူပေ။ အတိတ်တုန်းက သူ့တွင် ထိုသို့သော လူတစ်ယောက် ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။

လီရှီရှူး မနက်ပိုင်းဝေယျာဝိစ္စများကို ပြုလုပ်ပြီးနောက် လက်ဖက်ရည်တစ်အိုးတည်လိုက်ပြီး စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် အခန်းထဲမှ ဝါးကုလာထိုင်ကို ယူထုတ်လာ၏။

ကျင်းကျူး ဝါးကုလားထိုင်အပေါ် လဲလျောင်းလိုက်ပြီး မြင့်တက်လာနေသည့်နေကို မျက်နှာမူလိုက်သည်။ သူ မျက်လုံး မှေးလိုက်ပြီး မည်သည့်စည်းချက်မှမပါဘဲ လက်ချောင်းများဖြင့် လက်ရန်းကို ခေါက်လိုက်သည်။

လီရှီရှူး ယနေ့ လေ့ကျင့်ရေးခန်းမသို့ မသွားခဲ့ပေ။ သူ ခြံငယ်လေးတွင် နေနေကာ ရှေ့သို့ ခြေလှမ်းအကျယ်ကြီး လှမ်းနေလေသည်။ သူ့လက်မောင်းများသည် သာမန်မျှ ဆန့်ထုတ်လိုက်ပုံရသော်လည်း လျှပ်စီးကဲ့သို့ မြန်ဆန်ကြသည်။

အတိတ်တုန်းကဆိုပါက ကျင်းကျူး ဝါးကုလားထိုင်အပေါ် ခေါက်နေသံကို သူ တုံ့ပြန်ခဲ့လိမ့်မည်မဟုတ်ပေ။ သို့သော် ရက်အနည်းငယ် အတည်ပြုပြီးနောက် သူ ဂရုတစိုက်စတင်နားထောင်လာ၏။

စည်းချက်မရှိခြင်းက စည်းချက်တစ်မျိုးပင်။ ၎င်းသည် အသက်ရှူခြင်း၏ ကြာချိန်ကို ကိုယ်စားပြုနေသေး၏။

နေက တောင်ထွတ်များအပေါ် မြင့်တက်လာသောအခါ လီရှီရှူး နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်လို့ ပြီးသွားခဲ့သည်။ သူ့မျက်နှာသေးသေးလေးက ချွေးများ ဖုံးလွှမ်းနေပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် နာကျင်နေ၏။

၎င်းက ပင်ပန်းသည်ဟု သူ မခံစားရပေ။ ထို့အစား ၎င်းက အလွန်ပျော်စရာကောင်းသည်ဟု သူ ခံစားရသည်။

ဝါးကုလားထိုင်အပေါ် အိပ်ပျော်နေပုံရသည့် ကျင်းကျူးကို သူ လှည့်ကြည့်လိုက်သည်။ သူ မတတ်နိုင်ဘဲ လေးနက်သွား၏။

ကျင်းကျူးကို တစ်နှစ်လောက် သိကျွမ်းခဲ့သောကြောင့် အချိန်အများစုတွင် ကျင်းကျူး အိပ်နေသည့်ပုံရသော်လည်း အမှန်တွင် သူ အိပ်မနေသည်ကို သူ သိပေသည်။

“သခင်လေး…”

လီရှီရှူး တုံ့ဆိုင်းသွား၏။ သူ ယခင်က ဤသို့သောအရာမျိုးကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပေ။ သို့သော် ပြီးခဲ့သည့်ညက ဆရာသခင်လု၏ လေးနက်သည့် မျက်နှာကို တွေးတောလိုက်ကာ သူ သူ့သတ္တိများကို စုစည်းလိုက်ပြီး တီးတိုးပြောလိုက်သည်။
“… ခင်ဗျား ဒီလောက်ထိမပျင်းလို့မရဘူးလား”

သူ့သခင်လေးက အလွန်ပျင်းရိသည်ကို လီရှီရှူး သိပေသည်။ သူထိုင်နေသည့် ဝါးကုလားထိုင်က သက်သေပင်။ သူက ၎င်းကို သူ့အိမ်မှနေ၍ မည်သို့ ရွေ့လာခဲ့သည်ကို သူ မသိခဲ့ပေ။

သခင်လေးက အလွန်ထက်မြက်သောလူတစ်ယောက်ဖြစ်ပြီး စွမ်းရည်ရှိသည်ကို သူ သိပေသည်။ သို့သော်လည်း အာအိုးယာမာဂိုဏ်းသို့ လာပြီး ဓားတာအိုကို လေ့လာခွင့်ရရှိရန် မလွယ်ကူလှပေ။
‘သူက ဘယ်လိုလုပ် ဆက်ပြီး ပျင်းရိနေရတာလဲ’

အကယ်၍ သခင်လေးသည် ထိုမျှ ဆက်လက်ပျင်းရိနေပါက အတွင်းစည်းတပည့် စစ်ဆေးမှုကို သူ မည်သို့ အောင်မြင်လိမ့်မည်နည်း။ သူသည် အင်မော်တယ်ဆရာသခင်၏ နှင်ထုတ်ခြင်းကို အမှန်တကယ်ခံရပါက မည်သို့ဖြစ်မည်နည်း။

မွေးရာပါ တာအိုအမျိုးအစားဖြင့် ကလေးတစ်ယောက်သည်ပင် ခံစားချက်အမှန်များကို သိုဝှက်နိုင်လိမ့်မည်မဟုတ်ပေ။

လီရှီရှူး၏ မျက်နှာသေးသေးလေးပေါ်ရှိ စိုးရိမ်မှုကို ကြည့်ကာ ကျင်းကျူး မှင်သက်သွားပြီးနောက် ရယ်မောလိုက်သည်။

***

ထိုနေ့ည ကျင်းကျူး လက်နောက်ပစ်ထားလျက် ခြံငယ်ထဲတွင် ရပ်နေကာ ကြယ်စုံသော ကောင်းကင်ယံအောက်ရှိ တောင်ထွတ်များကို ကြည့်နေသည်။ သူ တိတ်ဆိတ်နေ၏။

သူသည် သူ့ခြေလှမ်းများနှင့် ထိုးဝှေ့ခြင်းတို့ကို လေ့ကျင့်ကာ ခန္ဓာကိုယ်အတွင်းနှင့် အပြင်တို့ကို လေ့ကျင့်ပြီး အနာဂတ်ကျင့်ကြံခြင်းအတွက် အားကောင်းသော အခြေခံကို တည်ဆောက်ရန်အတွက် သူတော်ကောင်းတရားပိုင်ဆိုင်ခြင်းနောက် လိုက်ရန် ဟူသော လီရှီရှူး၏ တိုက်တွန်းချက်ကို နားမထောင်ခဲ့ပေ။

သူ ၎င်းတို့ကို မလိုအပ်ခဲ့ပေ။

သာမန်ကျင့်ကြံသူများ၏ စံနှုန်းအရ သူသည် သူတော်ကောင်းတရားပိုင်ဆိုင်ခြင်းကို ဖြတ်ကျော်ပြီး စိတ်ဝိဉာဉ် တည်ငြိမ်ခြင်းအဆင့်ကို ဝင်ရောက်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ပို၍ တိတိကျကျဆိုရပါက ဂူထဲရှိ စမ်းချောင်းထဲသို့ သူ ဆင်းလိုက်သည့်အချိန်တွင် သူသည် စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်ကို ရောက်နေခဲ့ပြီဖြစ်သည်။

အာအိုးယာမာရှိ နှစ်ပေါင်းထောင်သောင်းကို ပြန်ကြည့်လိုက်ပါက သူသည် စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်ကို အမြန်ဆုံးဝင်ရောက်သွားသည့်လူ ဖြစ်လောက်သည်။

သူ ဂုဏ်ယူသည်ဟု မခံစားရပေ။ အကြောင်းမှာ လက်ရှိ သူ့ခန္ဓာကိုယ်၏ ထူးခြားသော သဘာဝကြောင့်သာ သူ ထိုသို့ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်‌သောကြောင့်ပင်။

သဘာဝအားဖြင့် ဆရာသခင်လု၏ အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်သည် ဤလျှို့ဝှက်ချက်ကို ဖောက်မမြင်နိုင်ပေ။

လောကရှိအရာရာတိုင်းတွင် ၎င်းတို့၏ ကောင်းကျိုးနှင့် ဆိုးကျိုးများရှိကြသည်။

သူ အပြာနုရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်ကာ အနည်းငယ်ဝါးလိုက်ပြီး မြိုချလိုက်သည်။

သူ အေးစက်စက်လက်ဖက်ရည်တစ်ငုံကို သောက်လိုက်ပြီး ခေါင်းခါလိုက်ကာ အရသာက တော်တော်လေးသာမန်ဖြစ်သည်ကို ခံစားလိုက်ရသည်။

အကယ်၍ ဤမြင်ကွင်းသည် ဆရာသခင်လု သို့မဟုတ် အာအိုးယာမာဂိုဏ်း၏ တခြားအင်မော်တယ်များ၏ မျက်လုံးများထဲ ကျရောက်သွားပါက သူတို့သည် အလွန်တရာတုန်လှုပ်သွားကြပေလိမ့်မည်။

ထိုအပြာနုရောင် ဆေးလုံးကို ဇီရွှမ်းဆေးလုံးဟု ခေါ်ပြီး စဦးအဆင့်တွင် ကျင့်ကြံသူတစ်ယောက် သောက်သုံးနိုင်သည့် အကောင်းဆုံး ဆေးဖြစ်သည်။

စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်တွင်ရှိသည့် တပည့်များအတွက် ဇီရွှမ်းဆေးလုံးတစ်လုံးသည် တစ်နှစ်တာ ကြိုးစားကျင့်ကြံခြင်းနှင့် ညီမျှသည်။

ဤဆေးက မည်မျှ အဖိုးထိုက်တန်သည်ကို စိတ်ကူးကြည့်နိုင်ပေ၏။ အလားအလာအကောင်းဆုံးတပည့်များသာ ထိုသို့သော ဆက်ဆံမှုမျိုးကို ရရှိကြပေလိမ့်မည်။

အာအိုးယာမာ၏ တောင်ထွတ်ကိုးခုရှိ ဓားဆက်ခံထားသော တပည့်အနည်းငယ်တို့သည် သူတို့ စဦးအဆင့်တွင်ရှိချိန် ဤဆေးကို ရရှိခဲ့ကြသည်။

သို့သော် ကျင်းကျူးသည် ဤတန်ဖိုးကြီးသော ဆေးများကို ပဲလှော်စေ့များအလား စားသုံးခဲ့၏။

သူစားသုံးလိုက်သည့် ဇီရွှမ်းဆေးလုံး၏ အကြိမ်ရေနှင့် အရေအတွက်အရ စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်ကို ရောက်ရှိရန် သာမန်အပြင်စည်းတပည့်တစ်ယောက်အတွက် တစ်နာရီသာ ကြာပေလိမ့်မည်။

သေချာပေါက်ပင် ထိုအပြင်စည်းတပည့်သည် သူ့ခန္ဓာကိုယ်ထဲရှိ ကျန်းယွမ်၏ အဆက်မပြတ် မြင့်တက်လာမှုကြောင့် နာရီဝက်အတွင်း သေဆုံးသွားလိမ့်မည်မှာ ပို၍ ဖြစ်နိုင်သည်။

ကျင်းကျူး မသေခဲ့ပေ။ သူ့တွင် ဘာတုံ့ပြန်မှုမှပင် မရှိခဲ့ပေ။

တူညီသော အကြောင်းပြချက်ဖြစ်နေဆဲပင်။ သူ့ခန္ဓာကိုယ်သည် အလွန်ထူးခြားပေ၏။ ၎င်းသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ချီကို ချောမွေ့စွာ စုပ်ယူနိုင်ပြီး တစ်ချိန်တည်းတွင် ၎င်းက ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ပိုများသော ချီကို တောင့်ခံထားနိုင်ပေသည်။

သို့သော် ဒုက္ခက… အလွန်များ၏။

သူ့ဝိဉာဉ်ပင်လယ်သည် တကယ့်ပင်လယ်တစ်စင်းအလား အဆုံးမဲ့ ပင်လယ်တစ်စင်းဖြစ်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ချီဖြင့် ဤပင်လယ်ကို ဖြည့်တင်းရန် အချိန်အလွန်ကြာပေလိမ့်မည်။ သူက ဇီရွှမ်းဆေးလုံးများ ဆက်လက်သောက်သုံးခဲ့လျှင်ပင် အလွန်နှေးကွေးဆဲဖြစ်ပြီး ဆေးများက နောက်ဆုံး ကုန်သွားပေလိမ့်မည်။

အကယ်၍ ဝိဉာဉ်ပင်လယ်မပြည့်ခဲ့ပါက တာအိုမျိုးစေ့သည် အလကားဖြစ်လိမ့်မည်ဖြစ်ပြီး ဓားသစ်သီးအဖြစ် ပြောင်းလဲနိုင်မည်မဟုတ်သလို နောက်ကျင့်ကြံခြင်းအဆင့်သို့ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ပေ။ သူ ဘာတတ်နိုင်မည်နည်း။

ကောလဟာလများ မှန်ကန်ပါက ဈာန်နယ်မြေတွင် အချိန်ကို ပြောင်းလဲနိုင်သည့် ရတနာတစ်ခုရှိခဲ့ပါက သူ အချိန်အချို့ ချွေတာနိုင်သည်။ သို့သော် ထိုရတနာက မရှိသည်ကို သူသိသောကြောင့် သူ စောင့်ရုံသာ တတ်နိုင်သည်။

သုံးရက်ကြာပြီးနောက် သာမန်ဆေးလုံးများမဆိုထားနှင့် ဇီရွှမ်းဆေးလုံးသည်ပင် သူ့အတွက် အကူအညီဖြစ်တော့မည်မဟုတ်သည်ကို သူ တွက်ချက်ထားသည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ချီကို သူ ဆက်လက်စုပ်ယူနေခဲ့လျှင်ပင် သူ့ဝိဉာဉ်ပင်လယ်အား ဖြည့်တင်းရန် အနည်းဆုံး တစ်နှစ်ကျော် ကြာပေလိမ့်မည်။

‘နောက်ပြီး အဲဒါက ရက်ပေါင်းများစွာ ကြာလိမ့်မယ်။ ဘယ်လောက်တောင် ဒုက္ခများလိုက်သလဲ’

အကယ်၍ သူသည် အာရုံစိုက်မှုများစွာနှင့် ဒုက္ခမရောက်ချင်ပါက သူသည် တခြားအပြင်စည်းတပည့်များကဲ့သို့ နေ့တိုင်း ကြိုးစားလေ့ကျင့်ခြင်းဖြင့် ထိုတစ်နှစ်ကို ကျော်ဖြတ်၍ ရသည်။

သို့သော် သူ ထိုသို့လုပ်မည်မဟုတ်ပေ။ အလျှို့ဝှက်ဆုံး အကြောင်းပြချက်အပြင် ထိုသို့ပြုလုပ်ရန် ဒုက္ခများလိမ့်မည်ဟု သူ တွေးထင်သောကြောင့်လည်းဖြစ်သည်။

မှန်၏။ သူသည် ပြဿနာကို စိုးရိမ်နေခြင်းမျှသာဖြစ်ပြီး အမှန်တကယ်မပျင်းရိပေ။

တောင်ရွာလေးရှိ ထိုနှစ်အတွင်း ဤခန္ဓာကိုယ်ကို နားလည်ပြီး ရင်းနှီးကျွမ်းဝင်ချင်သောကြောင့် သူ အချိန်အများစုကို အိပ်ခဲ့သည်။

ပထမဆုံးကိုးရက်တွင် သူသည် စဦးပိုင်းပေါင်းစည်းမှုကိုသာ ပြီးမြောက်ခဲ့ပြီး သူ့ခန္ဓာကိုယ်၏ အသေးစိပ်အကျဆုံးသော အပိုင်းများကို ပြည့်စုံစွာ ထိန်းချုပ်နိုင်ရန် သူ့အတွက် အချိန်အလွန်ကြာပေလိမ့်မည်။

သူ ရှီရှူးကို မလိမ်ညာခဲ့ပေ။ ထိုအိပ်မက်များထဲတွင် နောက်ထပ် ပေါင်းစည်းမှုများအပြင် သူသည် တွေးတောခြင်း၊ ကောက်ချက်ချခြင်းနှင့် တွက်ချက်ခြင်းတို့ကို များစွာ ပြုလုပ်ခဲ့သည်။

သူ ဘာကြောင့် ဤနေရာသို့ ရောက်နေခဲ့သနည်းဆိုသည်ကိုလည်း တွေးဖို့ လိုအပ်၏။

သူ အတိတ်နှင့် အနာဂတ်တို့ကို တွက်ချက်ရန် လိုအပ်သည်။

သူ ကောင်းကျိုးများ၊ ဆိုးကျိုးများနှင့် အခြေအနေတို့ကို တွက်ချက်ရန် လိုအပ်သည်။

ဤအဆင့်နှစ်ဆင့်ကို ပြီးမြောက်ပြီးနောက် သူ အာအိုးယာမာဂိုဏ်းသို့ ပြန်လာရန် ဆုံးဖြတ်ခဲ့ပြီး ထို့နောက် စောင့်ဆိုင်းခြင်းကလွဲ၍ တခြားဘာမှလုပ်စရာမရှိသည်ကို သူ တွေ့ရှိခဲ့သည်။

ဤသည်က သူ ယခင်က ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးသည့် အရာဖြစ်၏။

“ဒါက ပျင်းရိငြီးငွေ့ခြင်းဆိုတာလား”

ဤသည်က သူ ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးသည့် ခံစားချက်တစ်မျိုးဖြစ်သည်ဟု ကျင်းကျူးခံစားလိုက်ရပြီး မဝံ့မရဲတွေးလိုက်မိသည်။
‘ငါ့လိုလူတစ်ယောက်က ပျင်းရိငြီးငွေ့ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

*******************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset