ကောင်းကင်ဘုံသို့ လျှောက်သောလမ်း
အပိုင်း ၁၁ ပန်းတစ်ပွင့်အလား
တောင်ပိုင်းထင်းရှူးစံအိမ်ကို ကြိုးစားလေ့ကျင့်နေကြသည့် အပြင်စည်းတပည့်များက ဝိုင်းရံထားသည်။
သူတို့ ထိုးလိုက်သည့်အခါ သူတို့က အင်အားနှင့် အရှိန်အဟုန်အပြည့် ဖြစ်ကြပုံပေါ်သော်လည်း အမှန်တကယ်တွင် သူတို့ အလွန်ဂရုစိုက်ခဲ့ကြသည်။ အခြေခံအဆင့် စွမ်းရည်များ၏ လိုအပ်ချက်သည် တိကျသော ထိန်းချုပ်မှုကို လိုအပ်သည်။ ထို့အပြင် တပည့်တစ်ယောက်က ရှေ့ဟောင်းသစ်ပင်အကိုင်းအခက်ကို မတော်တဆ ကျိုးစေမိသည့်အခါ အစောင့်များ၏မျက်နှာများ သိပ်မကောင်းခဲ့ပေ။
ထိုအစောင့်များသည် အပြင်စည်းတပည့်များဖြစ်ခဲ့ကြသော်လည်း သူတို့သည် အတွင်းစည်းကို မဝင်နိုင်ခဲ့သောကြောင့် တောင်ပိုင်းထင်းရှူးစံအိမ်တွင် အစောင့်များအဖြစ် နေနေခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် သူတို့ကို ကြောက်ကြလိမ့်မည်မဟုတ်ပေ။
ရုတ်တရက် သစ်ကိုင်းကျိုးသံ ထွက်ပေါ်လာပြီး တော်တော်လေး တုတ်သည့် သစ်ကိုင်းတစ်ခု မြေပြင်ပေါ် ပြုတ်ကျလာခဲ့သည်။
တပည့်တစ်ယောက်က သူ၏ အနည်းငယ်ထုံကျင်နေသော လက်သီးကို ရုတ်လိုက်ပြီး နေရာတစ်ခုကို မျက်တောင်မခတ် ကြည့်လိုက်ကာ အစောင့်များ၏ တည်ရှိမှုကို လုံးဝမေ့ပျောက်နေသည်။
သဲသဲကွဲကွဲမကြားရသော အသံတစ်ခုဖြင့် သိပ်မနက်သော အပေါက်တစ်ခုသည် ရှေ့ဟောင်းသစ်ပင်အပေါ် ပေါ်လာခဲ့ပြီး ဟိန်းသံက နေရာတိုင်းလွင့်ပျံသွားသည်။ ထိုတပည့် သူ၏သွေးထွက်နေသော လက်သီးကို ရုတ်လိုက်ပြီး သူက မည်သည့်နာကျင်မှုကိုမျှ မခံစားရသကဲ့သို့ဖြစ်သည်။
ထင်းရှူးပင်ကို မှီနေသည့် တပည့်တစ်ယောက်က မြေပေါ် ဖင်ထိုင်ကျသွား၏။
တစ်ချိန်တည်းတွင် အလားတူ မြင်ကွင်းများ နေရာအများအပြားတွင် ဖြစ်ပျက်သွားပြီး သစ်တောက ကသောင်းကနင်းဖြစ်နေသည်။
ထို့နောက် ဆွေးနွေးသံအများအပြား ထွက်ပေါ်လာ၏။
“ဘာဖြစ်နေတာလဲ”
“မင်း ဘာကို ကြည့်နေတာလဲ”
“သူ ထွက်လာပြီ”
“အဲလူ ထွက်လာပြီ”
ကမ်းပါးယံကြားမြေပြန့်ပေါ်တွင် လက်သီးများမှ အရှိန်အဝါများ ပျောက်ကွယ်သွားပြီး အဖြူရောင်မီးခိုးငွေ့သည်လည်း ပျောက်ကွယ်သွားခဲ့သည်။ ရုတ်တရက် အလွန်တိတ်ဆိတ်လာခဲ့၏။
ဦးနှောက်ခြောက်နေသည့် မျက်နှာများဖြင့် အစောင့်အတော်များများ လေ့ကျင့်ရေးခန်းမမှ လမ်းလျှောက်ထွက်လာကြသည်။ တပည့်များ၏ အကြည့်နောက်လိုက်ကာ သူတို့၏ အမူအရာများသည်လည်း အနည်းငယ် ပြောင်းလဲသွား၏။
တောင်လေ တိုက်ခတ်သွားပြီး သစ်ရွက်စိမ်းများ ယိမ်းနွဲ့သွားကာ အဖြူရောင်ဝတ်ရုံက ဖျပ်ဖျပ်လူးသွားသည်။
‘အဲလူက ခြံငယ်ကနေ တကယ်ထွက်လာခဲ့တယ်လား’
***
တောင်ဘက် ဂိတ်တံခါးထဲ သူ ဝင်ရောက်ခဲ့ကတည်းက ဆယ်ရက်ကျော်ရှိသွားပြီဖြစ်သော်လည်း ကျင်းကျူး တခြားသူများရှေ့ ဘယ်တုန်းကမှ ပေါ်မလာခဲ့ပေ။
ဤအပြင်စည်းတပည့်များအတွက် ဤအဖြူရောင်ဝတ်လူငယ်သည် အလွန်လျှို့ဝှက်ဆန်းကျယ်ပြီး ထူးဆန်းသည်။
ယနေ့သည် ခြံငယ်လေးမှ သူ ထွက်ခွာသည့် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် အံ့အားသင့်ပြီး စိတ်ဝင်စားနေသည့် အကြည့်များစွာကို သူ ဆွဲဆောင်သွားခဲ့သည်။
လူများစွာတို့၏ စိုက်ကြည့်ခြင်းကို ခံနေရသော်လည်း ကျင်းကျူး လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူ လက်နောက်ပစ်ထားလျက် သစ်တောကို ဖြတ်ကျော်လိုက်ပြီး လေ့ကျင့်ရေးခန်းမသို့ လျှောက်သွားလိုက်သည်။
ချစ်စရာကောင်မလေးတစ်ယောက်က သူမ၏ သတ္တိကို စုစည်းလိုက်ပြီး ပြောလိုက်သည်။
“ဂျူနီယာမောင်ငယ်လေးကျင်း တွေ့ရတာ ဝမ်းသာပါတယ်ရှင်”
ကျင်းကျူး သူမကို ကြည့်လိုက်ပြီး သူမကို သူ မသိသည်ကို အတည်ပြုလိုက်ကာ ရှေ့ကို ဆက်လျှောက်သွားလိုက်သည်။
ဤမြင်ကွင်းကို ကြည့်ကာ တစ်စုံတစ်ယောက် ဒေါသတကြီး ပြောလိုက်၏။
“မင်းက မင်းရဲ့ ခေါင်းကိုတောင် မညိတ်ချင်ဘူးလား”
ထိုကောင်မလေး အလျင်အမြန်ပြောလိုက်၏။
“ဂျူနီယာမောင်လေးက ခေါင်းညိတ်ခဲ့ပါတယ်”
ဤသည်မှာ အမှန်ဖြစ်၏။ အနီးအနားရှိ တပည့်များစွာတို့က ကျင်းကျူး ခေါင်းညိတ်လိုက်သည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြသည်။
သို့သော်လည်း သူခေါင်းညိတ်လိုက်သည့် အလွန်သေးငယ်၏။ ထိုသည်မှာ ကျောက်တုံးတစ်တုံးကို လေတိုက်သွားသည့်အလားပင်။ အကယ်၍ ဂရုတစိုက် မကြည့်ခဲ့ပါက သတိပြုမိရန် ခက်ခဲပေလိမ့်မည်။
“အဲဒါက ခေါင်းညိတ်တာရော ဟုတ်ရဲ့လား”
တပည့်တစ်ယောက် သရော်လိုက်ပြီး ပြောလိုက်၏။
“သူက ရုပ်အရမ်းချောပြီး ပိုက်ဆံရှိတာကြောင့်နဲ့ အရမ်းမောက်မာလို့ရပြီလို့ သူထင်နေတာလား။ ငါတို့အာအိုးယာမာဂိုဏ်းက ကျင့်ကြံခြင်းအတွက် နေရာဖြစ်တယ်ဆိုတာ သူ မတွေးမိဘူးလား။ ဒီလောကီရေးရာပစ္စည်းတွေအကုန်လုံးက ဘာသုံးစားရလို့လဲ။ သူ့မှာ အခု မောက်မာခွင့်မရှိဘူး။ အခု ဂျူနီယာညီလေး ရှီရှူးက အထူးချွန်ဆုံး ပုဂ္ဂိုလ်ပဲ။ သူရဲ့ အရင်အစေခံက သူရောက်နိုင်တာထက် ကျော်လွန်တဲ့ တစ်စုံတစ်ယောက် ရုတ်တရက် ဖြစ်လာခဲ့တယ်။ သူက အရှက်ရနေတာပဲဖြစ်ရမယ်၊ ဒါကြောင့် သူက အပြင်မထွက်ချင်တာဖြစ်မယ်”
ကျင်းကျူးက ခြံငယ်လေးမှ မထွက်ခွာခဲ့သည်နှင့်ပတ်သက်၍ ထင်မြင်ယူဆချက်အများကြီးရှိသည်။ တချို့က သူသည် ပျင်းရိသည်ဟု ပြောကြသော်လည်း တပည့်အများစုတွင် ဤအမြင်ရှိနေသေးသည်။
ကျင်းကျူးကို နှုတ်ဆက်ခဲ့သည့် မိန်းကလေးသည် သူ့ကို ကာကွယ်ပေးချင်ခဲ့သော်လည်း သူမ ဘာပြောရမလဲ မသိပေ။ အကြောင်းမှာ ၎င်းက အမှန်ဖြစ်ပုံရသောကြောင့်ဖြစ်၏။
ကျင်းကျူးနေရာတွင် ရောက်နေသည့်မည်သူမဆို ရှက်ရွံ့ခြင်း သို့မဟုတ် အရှက်ခွဲခံရခြင်းပင် ခံစားရပေလိမ့်မည်။
***
လေ့ကျင့်ရေးခန်းမတွင် တပည့်ဆယ်ယောက်ကျော် ကြမ်းပြင်ပေါ် ထိုင်နေကြပြီး လက်ထဲ စာအုပ်များကိုင်ထားကြသည်။ သူတို့ စာရွက်များလှန်လှောမနေကြဘဲ တစ်ခုခုအကြောင်း ပြောဆိုနေကြ၏။
နောက်ခံတစ်ခုရှိသော ရွှဲယုန်သည် ထင်သာမြင်သာရှိသော နေရာတွင် ထိုင်နေသော်လည်း သူသည် အဓိကကျသောလူ မဟုတ်ခဲ့ပေ။ အမှန်တွင် သူအပါအဝင် တပည့်အားလုံးတို့သည် လီရှီရှူးအနား ထိုင်နေခဲ့ကြသည်။
သူတို့သည် ကျင့်ကြံခြင်းရှိ အခက်အခဲများအကြောင်း ပြောဆိုနေခြင်း ဖြစ်လောက်သည်။ သိသာစွာဖြင့် ဤသည်မှာ ဤသို့သော မြင်ကွင်းတစ်ခု ဖြစ်ပျက်သည့် ပထမဆုံးအကြိမ်မဟုတ်ခဲ့ပေ။ လီရှီရှူး၏ မျက်နှာငယ်လေးအပေါ် ဖိအားအများကြီး ရှိမနေခဲ့ပေ။
ကြည်လင်ပြီး ကလေးဆန်သည့် အသံဖြင့် အဆင့်ချိုးဖျက်ခြင်းအတွက် သူ၏ ပြင်ဆင်မှုအကြောင်း ပြောဆိုနေသည်ကို နားထောင်နေကာ တပည့်များ၏ မျက်နှာများက အပြုံးဖြင့် ပြည့်နှက်နေကြသည်။ သူတို့ သူ့ကို တမင်သက်သက် ဖားနေကြခြင်းမဟုတ်ဘဲ အကြွင်းမဲ့ သူ့ကို လေးစားခြင်းဖြစ်ပေသည်။
အမျိုးသမီး တပည့်နှစ်ယောက်တို့က လေးစားချီးကျူးသည့် မျက်လုံးများဖြင့် လီရှီရှူးကို ကြည့်နေကြသည်။
ဆရာသခင်လုနှင့် လီရှီရှူးတို့က မပြောခဲ့ကြသော်လည်း လီရှီရှူးသည် စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်ကို အောင်မြင်စွာ ဝင်ရောက်သွားခဲ့ပြီဟု တပည့်အချို့ ခန့်မှန်းထားကြသည်။
သူသည် ထိုမျှငယ်ရွယ်သောအသက်အရွယ်တွင် ထိုမျှ အချိန်တိုအတွင်း စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ခြင်းက အမှန်တကယ် အံ့ဩတုန်လှုပ်ဖွယ်ရာဖြစ်သည်။
မွေးရာပါတာအိုအမျိုးအစားဖြင့် ဤပုဂ္ဂိုလ်က အနာဂတ်တွင် မည်မျှဝေးဝေး လျှောက်လှမ်းနိုင်မည်ကို မည်သူသိမည်နည်း။
“ဒီကိုလာဦး”
တည်ငြိမ်ပြီး ခံစားချက်မဲ့သော အသံတစ်ခု ထွက်ပေါ်လာကာ လေ့ကျင့်ရေးခန်းမရှိ တိတ်ဆိတ်ပြီး အာရုံစူးစိုက်နေသော လေထုကို ပျက်စီးသွားစေခဲ့သည်။
တပည့်များ လေ့ကျင့်ရေးခန်းမ၏ ဝင်ပေါက်ကို လှည့်ကြည့်လိုက်ကြပြီး ဖြာကျနေသည့် နေရောင်ခြည်က အဖြူရောင်ဝတ်ရုံကြောင့် လှပသော နေထီးဆောင်းခြင်းအဖြစ်သို့ ပြောင်းလဲခံနေရသည်ကို မြင်လိုက်ရသည်။
ကောင်မလေးနှစ်ယောက်တို့သည် အလွန်အံ့ဩသွားကြပြီး အော်ဟစ်မိလုနီးပါးဖြစ်သွားသော်လည်း သူတို့ သူတို့၏ပါးစပ်များကို လျင်မြန်စွာ ပိတ်လိုက်ကြသည်။
ယောက်ျားလေးတပည့်များက မိန်းကလေးနှစ်ယောက်ထက် အလွန်နှေးကွေးစွာ တုံ့ပြန်ခဲ့ကြ၏။ တခဏကြာပြီးနောက် သူတို့ အသိစိတ်ဝင်လာပြီး ထိုလူက ကျင်းကျူးဖြစ်သည်ကို တွေ့လိုက်ရသည်။
လူတိုင်း ကျင်းကျူးကို ရှုပ်ထွေးသည့် ခံစားချက်များဖြင့် ကြည့်လိုက်ကြ၏။ အံ့အားသင့်ခြင်းအပြင် စာနာခြင်း၊ သနားခြင်း၊ လှောင်ပြောင်ခြင်းနှင့် ရွံရှာမှုအချို့နှင့် မကျေနပ်မှု အချို့တို့ ရှိကြသည်။
တောထဲရှိ တပည့်များ ပြောခဲ့သကဲ့သို့ တောင်ပိုင်းထင်းရှူးစံအိမ်၏ တပည့်များအားလုံးတို့သည် လီရှီရှူး၏ စွမ်းဆောင်ချက်က အလွန်ထူးချွန်သောကြောင့် ကျင်းကျူးသည် ခြံငယ်လေးမှ မထွက်ခွာချင်ခဲ့ ဟု တွေးထားကြသည်။ သို့သော် ယနေ့ ဘာကြောင့် သူ ထွက်လာခဲ့သနည်း။
ရွှဲယုန် ကျင်းကျူးကိုကြည့်လိုက်ပြီး သရော်လိုက်၏။
“ငါတို့ ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးနေတာ မင်း မမြင်ဘူးလား။ နောက်ပြီး မင်း ဘယ်သူ့ကို အော်ခေါ်နေတာလဲ။ ဒီကိုလာဦး ဟုတ်လား။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ မင်းကိုယ်မင်း သခင်လေးတစ်ယောက်လို့ တွေးနေတုန်းလား”
ရွှဲယုန်၏ စကားကို မည်သူမျှ မတုံ့ပြန်ခဲ့ပေ။ ရွှဲယုန်၏ အသံသည်ပင် သိမ်မွေ့သထက် သိမ့်မွေ့လာခဲ့ပြီး နောက်ဆုံး လုံးဝပျောက်ကွယ်သွားသည်အထိဖြစ်သည်။ အကြောင်းမှာ သူ အမြင်ချင်ဆုံး မြင်ကွင်းဖြစ်သည့် လီရှီရှူးက သူ့စကားများကြောင့် လှုပ်ရှားသွားပြီး မျက်နှာနီဖြင့် ကျင်းကျူးကို လျစ်လျူရှုလိုက်သည့် မြင်ကွင်းက ဖြစ်မလာခဲ့ပေ။
သူ ဤအရာကို ပြောနေစဉ် လီရှီရှူး ကျင်းကျူးဘေးသို့ ပြေးသွားခဲ့ပြီဖြစ်ပြီး စကားပြောလိုက်သည်။
“သခင်လေး ခင်ဗျား နောက်ဆုံးတော့ ထွက်လာဖို့ ဆန္ဒရှိပြီပေါ့”
သူ အမှန်တကယ်ပျော်ရွှင်နေသည်ကို လူတိုင်း မြင်နိုင်ပေ၏။ သူ့မျက်နှာငယ်လေးက ပန်းတစ်ပွင့်အလား အပြုံးများဖြင့် ပြည့်နေသည်။
****
ကျင်းကျူး၏ ခြံဝန်းထဲတွင် လီရှီရှူးသည် စိတ်လှုပ်ရှားနေသေးပြီး သူ ယနေ့ ဘာကြောင့်အပြင်ထွက်လာခဲ့သည်၊ အနာဂတ်တွင် မကြာခဏအပြင်ထွက်ဦးမလား၊ သူက ကိစ္စများကို သေသေချာချာစဉ်းစားပြီး ကျင့်ကြံရန် အဆင်သင့်ဖြစ်ပြီလား ဟု ဆက်တိုက်မေးမြန်းနေခဲ့သည်။
ပထမဆုံးအကြိမ်အနေဖြင့် ဤကလေးက အနည်းငယ်နားငြီးသည်ဟု ကျင်းကျူး ခံစားလိုက်ရ၏။ သူ သူ့ညာလက်ကို မြှောက်ပြလိုက်သည်။
လီရှီရှူး အလျင်အမြန် ပါးစိပ်ပိတ်လိုက်၏။
“မနက်တုန်းက မင်း ထွက်သွားပြီးနောက်မှာ ငါ တစ်ခုခုကို မေ့နေခဲ့တယ်ဆိုတာကို သတိရလိုက်တယ်။ ဒါကြောင့် ငါ မင်းကို လာခေါ်ခဲ့တာပဲ”
ကျင်းကျူး တခဏမျှ တွေးလိုက်ပြီး ရှင်းပြလိုက်၏။
“ငါ အပြင်မထွက်ချင်တာမဟုတ်ဘူး၊ အပြင်ထွက်ဖို့အရေး ငါ အရမ်းပျင်းနေရုံပဲ”
သူ နားလည်ကြောင်းပြသရန် လီရှီရှူး အဆက်မပြတ်ခေါင်းညိတ်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်သည်။
“သခင်လေး ခင်ဗျား ကျွန်တော့်ကို ဘာလုပ်စေချင်လို့လဲ”
ကျင်းကျူး ပြောလိုက်၏။
“မင်း အဲအဆင့်ကို ရောက်သွားပြီလား”
လီရှီရှူး သူနှင့် မျက်လုံးချင်း မဆုံရဲခဲ့ပေ။ သူ ခေါင်းငုံ့လိုက်ပြီး ပြောလိုက်၏။
“အင်မော်တယ်ဆရာသခင်က ကျွန်တော့်ကို ပြောခွင့်မပြုထားဘူး…”
၎င်းက တခြားတပည့်များ၏ ကျင့်ကြံခြင်းကို သက်ရောက်လိမ့်မည်ကို စိုးရိမ်သောကြောင့် ဆရာသခင်လု သူ့ကို ပြောခွင့်မပြုခဲ့ပေ။ သူ့ကဲ့သို့ ပါရမီရှင်တစ်ယောက်သည် သူ့ရောင်းရင်းများကို ကြိုးစားရန် ခွန်အားဖြစ်စေနိုင်သော်လည်း သူတို့၏ ယုံကြည်ချက်များကို ဖျက်ဆီးပစ်ရန်မှာလည်း အလွန်ဖြစ်နိုင်ချေများသည်။
ဤအကြောင်းပြချက်အပြင် လီရှီရှူး ကျင်းကျူးကို ထိုအကြောင်း မပြောခဲ့ခြင်းမှာ သူ့တွင် အခြားအကြောင်းပြချက်များ ရှိသောကြောင့်ဖြစ်သည်။
ဤရက်များအတွင်း တမင်တကာဖြစ်စေ မတော်တဆဖြစ်စေ ဆွေးနွေးမှုအများအပြားကို သူ ကြားခဲ့ရသည်။ သူ့ရောင်းရင်းများမှ ချီးကျူးမှုများသည် သူ့ကို အလွန်ပျော်ရွှင်စေခဲ့သော်လည်း သခင်လေးကို ပျက်ရယ်ပြုခြင်းများက သူ့ကို အလွန်မသက်မသာဖြစ်စေခဲ့သည်။
ထိုဆွေးနွေးမှုများက မှန်သလား မှားသလား သူ မဆုံးဖြတ်နိုင်ပေ။ အကယ်၍ မှန်ကန်ခဲ့ပါက ထိုအဆင့်ကို ဖြတ်ကျော်ရာရှိ သူ့အောင်မှုကြောင့် သခင်လေး စိတ်ပျက်အားလျော့သွားမည်လော။
သူ့အတွေးများက အနည်းငယ်တုံးအသည်ကို သူလည်း သိပေသည်။ သခင်လေးသည် အသိပညာကြွယ်ဝပြီး အရာရာတိုင်းကို သိရှိသော်လည်း သူသည် အနည်းငယ်ပျင်းရိ၏။ သူက ဤအရာများကို မည်သို့ ဂရုစိုက်နိုင်မည်နည်း။
***
“ဒီလက်ဖက်ရည်ကို သောက်လိုက်”
ကျင်းကျူး ထိုကလေး တွေးနေသည့်အရာအကြောင်း မစဉ်းစားခဲ့ပေ။ သူ ဤကိစ္စကို ဖြစ်နိုင်သမျှ မြန်မြန်ပြီးမြောက်ချင်ပြီး ထို့နောက် ဤရက်များကို အချိန်ဖြုန်းရန် တစ်ခုခုကို ရှာဖွေချင်ခဲ့သည်။
လီရှီရှူး လက်ဖက်ရည်ကို ယူလိုက်ပြီး မေးလိုက်၏။
“လက်ဖက်ရည်ထဲမှာ ဘာပါလဲ”
ကျင်းကျူး ခြံငယ်လေးမှ ထွက်ခွာပြီး သူ့ကို ပြန်ခေါ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ဤလက်ဖက်ရည်ခွက်သည် သာမန်မဖြစ်နိုင်ပေ။
“ငါ အဲထဲကို ဆေးလုံးတစ်လုံးထည့်ထားတယ်။ အဲဒါက စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်ကို တည်ငြိမ်အောင် မင်းကို ကူညီပေးလိမ့်မယ်။”
ဤလက်ဖက်ရည်ခွက်ထဲတွင် အလွန်အမင်းအဖိုးထိုက်တန်သော ဇီရွှမ်းဆေးလုံးတစ်လုံးပါနေသည်ကို ကောင်ကလေးအား ကျင်းကျူး မပြောပြခဲ့သလို ဤကိစ္စကို ပြောမပြရန် သူ့အား သူ သတိမပေးခဲ့ပေ။
လီရှီရှူး လက်ဖက်ရည်ကို မသောက်ခဲ့ပေ။ သူ သူ့ကို ခါးသက်သက်မျက်နှာဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အင်မော်တယ်ဆရာသခင်ကလည်း ကျွန်တော့်ကို ဆေးလုံးအနည်းငယ်ပေးခဲ့တယ်။ ဆေးလုံးတွေရဲ့ အာနိသင်တွေက အချင်းချင်းပဋိပက္ခဖြစ်ကြမှာလား”
ကျင်းကျူးပြောလိုက်၏။
“အဲဒါတွေက မကောင်းဘူး၊ စားသုံးဖို့ မထိုက်တန်ဘူး”
လီရှီရှူး ‘အိုး’ဟု ပြောလိုက်ပြီး တခြား ဘာမှ မမေးခဲ့ပေ။ သူ တစ်ကျိုက်အတွင်း လက်ဖက်ရည်ကို သောက်လိုက်၏။
သူ သူ့ကို ကူညီနေသည်မှာ ထင်ရှားသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ လက်ဖက်ရည်သောက်လိုက်သည်ကို ကြည့်ကာ သူ ဘာကြောင့် အနည်းငယ် ပျော်ရွှင်သွားသည်ကို ကျင်းကျူးမသိခဲ့ပေ။
ထိုဂူထဲတွင် နိုးထလာပြီးနောက် အဖြူရောင်ဝတ်လူငယ်လေး မပျော်ခဲ့ရသည်မှာ ကြာသွားပြီဖြစ်သည်။
“ဒီနေ့ ငါက စိတ်ပျော်နေတာမို့… ကောင်းပြီ ဒါက သာမန်ပဲ၊ ဒါပေမယ့်… ပျင်းဖို့ကောင်းတယ်၊ ဟုတ်တယ် ပျင်းဖို့ကောင်းတယ်”
ကျင်းကျူးပြောလိုက်၏။
“မင်း နားမလည်တာရှိရင် ငါ့ကိုလာမေးပါ”
အာအိုးယာမာဂိုဏ်း၏ အပြင်စည်းတပည့်များကို လေ့ကျင့်ပေးခြင်းသည် အလွန်ထူးဆန်းသည်။ သူတို့သည် မိတ်ဆက်လမ်းညွှန်ချက်ကိုသာ ပစ်ပေးခဲ့ပြီး ထို့အကြောင်း စိတ်မဝင်စားတော့ပေ။ လီရှီရှူးသည် မွေးရာပါတာအိုအမျိုးအစားဖြင့် မွေးဖွားလာခဲ့သော်လည်း အားလုံးပြီးနောက် သူသည် ကျင့်ကြံခြင်းတွင် လက်သင်တစ်ယောက်မျှဖြစ်သည်။ ကျင့်ကြံခြင်းတွင် ပြဿနာများစွာ ရှိကြ၏။ သူသည် ရွာတွင်တုန်းကကဲ့သို့ ကျင်းကျူးကို မေးမြန်းချင်ခဲ့သည်မှာ ကြာညောင်းခဲ့ပြီဖြစ်သော်လည်း မမေးရဲခဲ့ပေ။ ဤအခိုက်တွင် ကျင်းကျူး အမှန်တကယ် စိတ်ပျော်နေသည်ကို သူ တွေ့လိုက်ရသည်။ သေချာပေါက်ပင် ၎င်းကို သူက ပျင်းရိနေသည်ဟုလည်း ပြောနိုင်သောကြောင့် သူ ဤအခွင့်အရေးကို လက်လွှတ်မခံချင်ပေ။
“ဟုတ်ပြီ”
***
တစ်ယောက်က မေးခွန်းများမေးနေပြီး တစ်ယောက်က ဖြေပေးနေ၏။ နေက တဖြည်းဖြည်း တိမ်းစောင်းလာပြီး သစ်ပင်အရိပ်များက ရှည်လျားလာကာ မှောင်လာခဲ့သည်။
လီရှီရှူး နောက်ဆုံးတွင် ကျင့်ကြံခြင်းရှိ ပြဿနာများအားလုံးကို ရှင်းလင်းသွားခဲ့သည်။
ကျင်းကျူး၏ အဖြေများသည် လောကရှိ အထက်ရှဆုံး ဓားအလင်းကဲ့သို့ ဖြစ်ကြပြီး အရှုပ်ထွေးဆုံးသော ဆက်စပ်မှုများကို လွယ်ကူစွာ ဖြတ်တောက်နေကာ ကျင့်ကြံခြင်း၏ တကယ့်မျက်နှာပြင်ကို လှပ်ပြနေသည်။ ၎င်းက အလွန်ရှင်းလင်းပြီး ရှင်းလင်းသွားစေ၏။
ကျင်းကျူးကို ကြည့်လိုက်ကာ လီရှီရှူး၏ မျက်လုံးများထဲ ချီးကျူးမှုဖြင့် ပြည့်နေသည်။ သခင်လေးက တော်သည်ကို သူ သိသော်လည်း ထိုမျှအထိ တော်သည်ကို သူ မသိခဲ့ပေ။ ယခု ထိုအကြောင်းကို သူ တွေးလိုက်မိပြီး သူ့ပူပန်မှုများက အမှန်တကယ် တုံးအပြီး ကလေးဆန်ခဲ့ကြပေသည်။
သူ၏ ပုံမှန်အလေ့အကျင့်အရ လီရှီရှူးသည် အစောင့်များခွဲဝေပေးထားသည့် ဘီစကွတ်များနှင့် သစ်သီးခြောက်များကို ထုတ်ယူလာပြီး ကျင်းကျူးနှင့် မျှဝေလိုက်သည်။ ထို့နောက် သူ ပြန်သွားရန် ပြင်လိုက်၏။
သို့သော် ယနေ့ ကျင်းကျူးက သူ့ကို အနည်းငယ်ကြာကြာနေရန် ပြောခဲ့သည်။
သူ လီရှီရှူး၏ မျက်လုံးများထဲ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“တကယ်တော့ ငါ့မှာလည်း မင်းကို မေးဖို့ရှိတယ်”
လီရှီရှူး အနည်းငယ်အံ့အားသင့်သွားပြီး မေးလိုက်၏။
“ဘာများလဲ”
“မင်း ဘာလို့ အဲဒါကို လုပ်ခဲ့တာလဲ”
ကျင်းကျူးမေးလိုက်၏။
လီရှီရှူး တခဏမျှ တွေးတောလိုက်ပြီးနောက် သူ ပြောနေသည့် အကြောင်းအရာကို သဘောပေါက်လိုက်သည်။ သူ ပြောလိုက်၏။
“သခင်လေးက…”
ကျင်းကျူး လက်မြှောက်ပြလိုက်၏။
လီရှီရှူး ချက်ချင်း စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
သူမေးချင်သည့် အရာမှာ ထိုဆွေးနွေးမှုများနှင့် ဘာမှ မသက်ဆိုင်ဘဲ တခြားအရာဖြစ်သည်။
“မင်းက အရမ်းထက်မြက်တယ်၊ ကြင်နာတတ်တယ်၊ မင်းရဲ့အသက်အရွယ်နဲ့ မလိုက်တဲ့ ပြတ်သားတဲ့ စိတ်နေစိတ်ထားရှိတယ်၊ မင်းက တုံးအပေမယ့် အရမ်းခိုင်မာတယ်။ ဒါကြောင့် မင်းက ဘာလို့ ငါနဲ့ နေချင်သေးတာလဲ”
ကျင်းကျူး မေးလိုက်ကာ သူ့မျက်လုံးထဲ ကြည့်လိုက်သည်။
********************************