FY အခန်း ၃၇

အခန်း ၃၇

ပန်ကာရောင်းရန် လွှဲအပ်ခြင်း

“မန်နေဂျာစု မတွေ့တာကြာပြီ”

ဖုန်းယွီ၏ နှုတ်ဆက်လိုက်၏။

“အို ဒါက မစ္စတာဖုန်းမလား။ ဒီတစ်ခေါက် ဘာလာဝယ်တာလဲ”

မန်နေဂျာစုက ဖုန်းယွီကို မြင်သည့်အခါ ရွှင်လန်းစွာဖြင့် ပြောလိုက်၏။ ထိုကလေးလတိုင်း ရုရှားမှ သူဌေးကြီး တစ်ယောက်ကို ဆိုင်ကို ခေါ်ကာ သူဌေးကြီးက သူ၏ ပစ္စည်း တစ်ဝက်ကို ရှင်းထုတ်ပေးနိုင်၏။

“ကျွန်တော် ဒီကို လာတာ ခင်ဗျားကို ပိုက်ဆံ ပေးမလို့”

ဖုန်းယွီက ပြောလိုက်၏။

ဖုန်းယွီစကားကို ကြားပြီးနောက် မန်နေဂျာစု၏ မျက်နှာကို သွားများ ပေါ်သည့်ပမာ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။

“ဒီတစ်ခေါက်ကော ဘာလိုချင်လဲ။ အရေအတွက်ကကော ဘယ်လောက်လဲ။ စိတ်ချပါ ငါမင်းကို အကောင်းဆုံး ဈေးနဲ့ ပေးမှာပါ”

မန်နေဂျာစုက ပြောလိုက်သည်။

“ဒီတစ်ခေါက်က ပစ္စည်းတွေကို ဝယ်ဖို့ လာခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ မန်နေဂျာစုက ကျွန်တော်ကို ပစ္စည်းရောင်းဖို့တော့ ကူညီပေးရမယ်”

ဖုန်းယွီက ပြောလိုက်သည်။

မန်နေဂျာစု၏ မျက်နှာထက်တွင် ရှိသည့် အပြုံးက ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။ ရောင်းရမှာလား။ သူသည် ဆိုင်တွေ မရောင်းချရသည့် ပစ္စည်းများကို ရောင်းနေသေးတုန်း ဖြစ်သည်။ တစ်ဦးချင်း ဈေးဆိုင်ခွင့်ပြုမိန့် ပေးကတည်းက ဆိုင်ငယ်လေး များစွာက မှိုလိုပေါက် နေပြီ ဖြစ်ကာ သမဝါယမ ဆိုင်များ၏ စီးပွားရေးကို အထိနာစေခဲ့၏။

ထို့အပြင့် ဖုန်းယွီလိုချင်သည့် အရည်အသွေးကောင်းသည့် ပစ္စည်းများက သမဝါယမတွင် ရှိနိုင်မည်လား။ ကုန်သွင်းသူများက မန်နေဂျာစုနှင့် အတူ အလုပ်လုပ်တာ ကြာပြီ ဖြစ်၏။ ပွဲတော်ရက်များနှင့် အားလပ်ရက်များတွင် ကုန်သွင်းသူများက သူ့ကို လက်ဆောင်များ ပေးသည်။ ထိုသို့သော ကုန်တင်သွင်းသူများနှင့် သူ အလုပ် မလုပ်ဘဲ နေမည်နည်း။

“ပစ္စည်းရောင်းမှာလာ။ ဘာရောင်းမှာလဲ။ ရှောင်ဖုန်း သမဝါယမ ဆိုင်မှာ မရနိုင်တဲ့ ကုန်ပစ္စည်းဆိုတာ မရှိဘူး။ ပြီးတော့ ပစ္စည်းခင်းကျင်းဖို့အတွက် နေရာလည်း မရှိတော့ဘူး။”

မန်နေဂျာစုက ပြောလိုက်၏။ သူသည် ဖုန်းယွီကို မစ္စတာဖုန်းဟု ပြောရမည့်အစား ရှောင်ဖုန်း(ဖုန်းအငယ်လေး) လို့ သုံးလိုက်ခြင်း ဖြစ်ကာ သူသည် ဖုန်းယွီအပေါ် ထားရှိသည့် သဘောထားကလည်း ပြောင်းလဲသွားခြင်း ဖြစ်၏။

“လျှပ်စစ်ပန်ကာ”

ဖုန်းယွီက ပြန်ပြောလေ၏။

“လျှပ်စစ်ပန်ကာလား။ မင်း တခြားနေရာကို သွားတာ ပိုကောင်းလိမ့်မယ်။ အခု ကုန်တိုက်တွေက လျှပ်စစ် ပန်ကာတွေ ရောင်းနေတယ်။ ငါတို့ သမဝါယမကို လျှပ်စစ် ပန်ကာ လာဝယ်တဲ့သူ အရမ်း နည်းတယ်။”

မန်နေဂျာစုက ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

“မန်နေဂျာစု ခဏလေး နေပါဦး။ ကျွန်တော် ဆုံးအောင် ပြောပါရစေ။ ကျွန်တော် ရောင်းမဲ့ ပုံစံကလည်း တခြားသူတွေနဲ့ ကွဲတယ်။ ကျွန်တော် ပန်ကာတွေကို ဈေးအသေနဲ့ ခင်ဗျားဆီ ထားခဲ့မယ်။ ပန်ကာ ရောင်းတိုင်း ကျွန်တော်က ခင်ဗျားကို ၃ယွမ်ကနေ ၅ယွမ်ပေးမယ်။ ရောင်းမရ ရင်လည်း အကုန်လုံး ကျွန်တော် ပြန်သိမ်းမယ်”

ဖုန်းယွီက ပြောလိုက်၏။

မန်နေဂျာစုက သူ့ကိုယ်သူ ပြန်တွေးလိုက်ကာ

‘ဒီလိုလား။ ဒီပစ္စည်းတွေကို ယူရောင်းဖို့ အတွက် ပိုက်ဆံ ပေးစရာ မလိုဘူးလား။ ဒီပန်ကာတွေိကို ရောင်းဖို့အတွက် ငါ့ဆီ ထားခဲ့မှာလား။ ပန်ကာ တစ်ခု ရောင်းတိုင်း ၃ယွမ်ကနေ ၅ယွမ်ရမှာလား။ သူက မရောင်းရတဲ့ ပန်ကာတွေကိုတောင် ပြန်ဝယ်မှာတဲ့လား။ ဒီအကြံက မဆိုးဘူး။ ပြီးတော့ ငါ့ရဲ့ ရံပုံငွေကိုလည်း သုံးစရာ မလိုဘူး။ ပြီးတော့ အခု နွေရာသီရောက်နေပြီ။ ငါ ဒီကလေးကို ငါ့ဆီ အနည်းငယ် ရောင်းဖို့ ထားခိုင်းခဲ့ရမလား။’

“မဟုတ်ဘူး။ ၃ယွမ်ကနေ ၅ယွမ်လား။ သမဝါယမမှာ လွယ်လွယ်နဲ့ ခင်းကျင်းဖို့ လွယ်တယ်လို့ ထင်နေတာလား။ ငါတို့ရဲ့ သမဝါယမဆိုင်က အကောင်းဆုံး ကုန်ပစ္စည်းတွေကိုပဲ ရောင်းတာ။ ငါ တစ်ခုအတွက် ၁၀ယွမ်လိုချင်တယ်”
မန်နေဂျာစုက ပြောလိုက်သည်။

မန်နေဂျာစုက အလေးအနက် တွေးကာ ပြောလိုက်သည်။ ဈေးအချိုဆုံး လျှပ်စစ် ပန်ကာတောင် ယွမ် ၁၀၀ခန့် ရှိ၏။ အမြတ်က ယွမ် ၃၀မှ ၄၀ကြား ဖြစ်သည်။ သူသည် ၁၀ယွမ်တောင်းသည်ကား သူသည် ထိုပစ္စည်းများကို ယူပြီးနောက် ပိုက်ဆံအတွက် ဒေါသမထွက်ချင်သည့်အတွက် ဖြစ်သည်။

“မန်နေဂျာစု ကျွန်တော်တို့ရဲ့ လျှပ်စစ်ပန်ကာက ဈေးအရမ်းမကြီးတဲ့အတွက် အမြတ်လည်း အများကြီး မရဘူး။ ကျွန်တော်တို့ ပန်ကာတစ်ခုကို ၅၀ယွမ်ကနေ ၆၀ယွမ်လောက်နဲ့ပဲရောင်းမှာ ပြီးတော့ ကျွန်တော်ရဲ့ အမြတ်ကလည်း ၁၀ယွမ်ထက် နည်းတယ်။ ရောင်းအားကောင်းရင်တော့ ကျွန်တော် ခင်ဗျားကို ပန်ကာ တစ်ခု ရောင်းရတိုင်း ၅ယွမ်အထိ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရောင်းမကောင်းရင်တော့ ကျွန်တော် ခင်ဗျားကို ၃ယွမ်ပဲ ပေးနိုင်မယ်”

ဖုန်းယွီက ပြောလိုက်၏။

မန်နေဂျာစုသည် သူ့နားကို မယုံနိုင် ဖြစ်နေ၏။

‘လျှစ်စစ်ပန်ကာ တစ်ခုက ယွမ် ၅၀ကနေ ၆၀လောက်နဲ့ ရောင်းမှာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲ့တာက ထုတ်လုပ်ရေး စရိတ်နဲ့တောင် သိပ်မကွာတော့ဘူး။ မော်တာ၊ စတီး၊ ခလုပ်၊ စတာတွေအပြင် ပါရင် ယွမ် ၈၀ကနေ ၉၀အထိ ရှိမှာ။ ကုန်ကြမ်းပစ္စည်းတွေက ပိုကောင်းရင်တော့ ရောင်းဈေးက ယွမ် ၂၀၀ထက်ပိုလိမ့်မယ်။ ဘာကြောင့် ဖုန်းယွီရဲ့ ပန်ကာဈေးက ဒီလောက် နည်းရတာလဲ။ ဒီဈေးနဲ့ဆိုတော့ အမြတ်တောင် ကျန်ပါ့မလား။’

“အဲ့ပန်ကာက ဘာတံဆိပ်လဲ။ အပြည့်အစုံ မပါတဲ့ ပစ္စည်းတွေလား”

မန်နေဂျာစုက မေးလိုက်သည်။ သမဝါယမက မည့်သည့် ကုန်ပစ္စည်းအတုများနှင့် မပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချပေ။

“လေနှင့်မိုး တံဆိပ်။ ဒီပန်ကာက လုံးဝ အတုလည်း မဟုတ်ဘူး။ မပြည့်စုံတဲ့ ကုန်ပစ္စည်းလည်း မဟုတ်ဘူး။ အဲ့ဒီပန်ကာတွေကို ကျွန်တော်တို့ စက်ပစ္စည်းစက်ရုံက သေချာ ဒီဇိုင်းဆွဲပြီး ထုတ်ထားတာ။ ကြည့်လိုက် ကျွန်တောင် လုံကျန်းနေ့စဉ် သတင်းစာမှာတောင် ကြော်ငြာထားတယ်”

ဖုန်းယွီက ပြောလိုက်သည်။

ဖုန်းယွီသည် ယနေ့ထုတ် သတင်းစာကို ထုတ်ကာ မန်နေဂျာစုကို ထောက်ပြလိုက်၏။ မန်နေဂျာစုသည် ဖုန်းယွီပြသည့် စာမျက်နှာကိုက မနက်က တွေ့ခဲ့သည်ကို ကောင်းကောင်း မှတ်မိသေး၏။ သူ့အနေဖြင့် မိုးနှင့်လေ ပန်ကာတံဆိပ်ကို ဘာကြောင့် မကြားခဲ့ဘူးသေးမှန်း မသိတာက အံ့ဩစရာ ရှိမနေ။ အကြောင်းက ထိုကုန်ပစ္စည်းကို မိတ်မဆက်ရသေး၍ ဖြစ်၏။

“ဒါက စက်ပစ္စည်း စက်ရုံကလား။”

မန်နေဂျာစုက မေးလိုက်သည်။

“သေချာတာပေါ့။ ခင်ဗျား လိုက်ကြည့်လို့ ရတယ်။ ငါမလိမ်ဘူး။ ငါ ကျန်တဲ့ လျှပ်စစ် ပန်ကာတွေ အကုန်ကို ခင်ဗျားဆီ ထားခဲ့လို့ရတယ်။”

ဖုန်းယွီက ပြန်ပြောလိုက်၏။

မည်သို့ပင် ဖုန်းယွီ ပြောစေကာမူ တစ်ဝက်သာ မှန်သေးသည်။ သေချာသည်မှာ စက်ပစ္စည်းစက်ရုံမှ ထုတ်လုပ်သည့် ထိုပန်ကာများဖြစ်သော်လည်း ထိုပန်ကာများကို တဆင့် ထုတ်ပေးခြင်းသာ ဖြစ်သည်။ မန်နေဂျာစု၏ အတွေးတွင် လေနှင့်မိုးပန်ကာသည် စက်ပစ္စည်းစက်ရုံ၏ တံဆိပ်တစ်ခု၏ တွေးနေမိ၏။

“ဒါဆိုရင်တော့ ငါ့ကို အနည်းဆုံးတော့ ၅ယွမ်ပေး။ လျှပ်စစ်ပန်ကာတွေက ဆိုင်ထဲမှာဆို နေရာ အတော်ယူတယ်။ တကယ်လို့ အရမ်းသေးနေရင်လည်း ငါတို့က မင်းရဲ့ ပန်ကာကို ယူမှာ မဟုတ်ဘူး။”

မန်နေဂျာစုက ပြောလိုက်၏။ သူသည် အမြတ်လိုချင်သေးဆဲ ဖြစ်၏။

“ငါတို့ရဲ့ ပန်ကာက မကြီးဘူး။ ဒီလိုဆိုရင်ကော။ ငါတို့ လျှပ်စစ်ပန်ကာက မော်ဒယ်နှစ်မျိုး ရှိတယ်။ အကြီးက ၅၉ယွမ်နဲ့ ရောင်းပြီးတော့ မင်းကို ငါ ပန်ကာ တစ်ခု ရောင်းရတိုင်း ၄ယွမ်ပေးမယ်။ အသေးကတော့ ၄၉ယွမ်နဲ့ ရောင်းမှာ။ ပန်ကာရောင်းရတိုင်း ငါမင်းကို ၃ယွမ်ပေးမယ်။ ပန်ကာ အခု ၁၀၀ရောင်းရတိုင်း ငါမင်းကို ယွမ် ၅၀ အပိုထပ်ပေးမယ်။ ဒါက ငါမင်းကို အမြင့်ဆုံး ပေးနိုင်တဲ့ ငွေပဲ။ ရောင်းတာက မင်းငါ့ထက် ပိုရလို့တော့ ရမလဲ။ ခင်ဗျားက စိုက်ထုတ်စရာ တစ်ပြားတောင် မလိုဘူး”

ဖုန်းယွီက ပြောလိုက်သည်။

မန်နေဂျာစုက တွေးလိုက်ကာ

‘ပျှမ်းမျှဆိုရင် ပန်ကာ တစ်ခုရောင်းရတိုင်း ၄ယွမ်ရမှာပဲ။ ဒီလျှပ်စစ်ပန်ကာ ရောင်းတာက အရမ်းဈေးချိုတယ်။ နွေရာသီ တစ်ခုလုံးမှာ အခု ၁၀၀ကတော့ ရောင်းရမှာပဲ။ ပြီးတော့ ဘာမှ ကုန်ကျမှာလဲ မဟုတ်ဘူး။ ပိုပြီး အရေးကြီးတာက ဒီရောင်းရတဲ့ အမြတ်ငွေက ငါ့အိပ်ကပ်ထဲပဲ ရောက်မှာပဲ’
“ကောင်းပြီ။ ဒါပေမဲ့ နောက်အခေါက်တွေကျ ရုရှားလူကြီးကို ပစ္စည်းတွေ လာဝယ်ဖို့ ပြောလိုက်ဦး။ မင်း ငါ့ဆိုင်ကိုပဲ ခေါ်ခဲ့ရမယ်နော်။ ပြီးတော့ သူ့ကို များများဝယ်ခိုင်း”

မန်နေဂျာစုက ပြောလိုက်သည်။

“ကိစ္စမရှိဘူး။ သူ ဒီလ လာရင် လာမှာ။ ငါလည်း သူပြန်လာဖို့ မျှော်နေတာ”

ဖုန်းယွီက ပြောလိုက်သည်။

ဖုန်းယွီသည် ပြင်ဆင်လာသည့် စာချုပ်ကို သူ့အိတ်ထဲမှ ထုတ်လိုက်ကာ မန်နေဂျာစုကို ပေးလိုက်သည်။

“အ… ဒါက မဟုတ်သေးဘူးလေ။ မစ္စတာဖုန်း ဘာကြောင့် ငါတို့က စရန်ငွေ ပေးထားရမှာလဲ။”

မန်နေဂျာစုက ပြောလိုက်၏။

“မန်နေဂျာစု။ ဒီ စရန်ငွေက ပထမလ တစ်လထဲ အတွက်ပါပဲ။ နောက်လတွေကျရင် ငါတို့က မင်းတို့ ရောင်းတဲ့ ပမာဏကို တာလီမှတ်ပြီး မင်းကို စရန်ငွေ ပြန်ပေးမှာပါ။ မင်း ငါ့ကို စရန်ငွေ မပေးရင်တော့ ဒီပစ္စည်းတွေကို ထားခဲ့မှာ မဟုတ်ဘူး။ ငါ့ရဲ့ ပန်ကာတွေက မင်းရဲ့ ဆိုင်မှာ ထားရင်း ပျောက်ဆုံး ပျက်ဆီးရင် ဘယ်လိုလုပ်မလဲ။”

ဖုန်းယွီက ပြောလိုက်သည်။

“ဒါပေမဲ့ ပမာဏက အများကြီးပဲ။ မူရင်းဈေးအရရော ပြီးတော့ အနည်းဆုံး ၁၀၀ခုကကော။ အဲ့တာက ဈေးကြီးလွန်းတယ်။ ဒါက ပန်ကာကို ငါကိုယ်တိုင် ဝယ်တာနဲ့ ဘာခြားတော့မလဲ”

မန်နေဂျာစုက ပြန်ပြော၏။

“သေချာတာပေါ့။ ဒီထဲမှာ ခြားနားချက် အများကြီး ရှိတယ်။ပြီးတော့ အဲ့ခြားနားချက်ကလည်း အကြီးကြီ။ တကယ်လို့ ခင်ဗျားကိုယ်တိုင် ပန်ကာတွေကို ကိုယ်တိုင်ဝယ်ရင် ဒီပန်ကာတွေကို ဘယ်လောက်နဲ့ ပြန်ရောင်းမလဲ။ တကယ်လို့ ပန်ကာတွေ မရောင်းရရင် ပြန်အမ်းငွေ ရမလား။ ငါက ဖြစ်လာနိုင်တဲ့ ပြဿနာတွေအကုန် ကြိုတင် ပြင်ဆင်ပြီးသား။ မင်း ပန်ကာ ဘယ်လောက်ပဲ ရောင်းရောင်း မင်းဘက်က အမြတ်ကြီးပဲ”
ဖုန်းယွီက ပြောလိုက်၏။

မန်နေဂျာစုသည် အမြတ် ယွမ် ၄၀၀ရမည့်အကြောင်းကို တခဏကြာ တွေးလိုက်၏။ နောက်ဆုံးတွင် သူက ပြောလိုက်၏။

“ကောင်းပြီ။ ငါ အခု ၁၀၀လိုချင်တယ်။ ဒါပေမဲ့ စရန်ငွေကို နည်းပေးလို့ ရမလား”

“ဒီမော်ဒယ် နှစ်ခုလုံး အခု ၁၀၀အတွက် စရန်ငွေက တစ်ခုဆီအတွက် ၅၀ယွမ် စုစုပေါင်း ယွမ် ၁၀,၀၀၀ အဆင်ပြေလား”

ဖုန်းယွီက ပြောလိုက်၏။

“ခဏလေး ဘာကြောင့် စက်ပစ္စည်းစက်ရုံရဲ့ တံဆိပ်အစား ထိုက်ဟွ ကုမ္ပဏီ ဖြစ်နေရတာလဲ။ ငါတစ်ခါမှ အဲ့ဒီ ကုမ္ပဏီကို မကြားဖူးဘူး”

မန်နေဂျာစုက ပြောလိုက်၏။

“ဒါက လေနှင့် မိုး ပန်ကာရဲ့ အရောင်းကိုယ်စားလှယ်လေး။ စက်ပစ္စည်းစက်ရုံရဲ့ သူဌေးနဲ့ ဒါရိုက်တာက…..။ မဟုတ်ရင် ဒီပန်ကာတွေက ဒီလောက်အထိ ဈေးချိုနိုင်မှာလဲ”

ဖုန်းယွီက ပြောလိုက်၏။

သူသည် တမင်သက်သက် သူ့ပြောလက်စ စကားကို ရပ်ချလိုက်၏။ မန်နေဂျာစုသည် သူပြောသည့် အရာကို အဓိပ္ပာယ်ကောက်မှာ စိုးသည့်အတွက် ဖြစ်၏။ ထိုနည်းလမ်းက ဖုန်းယွီကို မယုံကြည်နိုင် ဖြစ်စေ၏။

မန်နေဂျာစုသည် နောက်ဆုံး နားလည်သွားသည့် အမူအရာ ဖြစ်သွားသည်။ သို့သော် မည်သူ ဂရုစိုက်မည်နည်း။ သူ့တွင် စက်ပစ္စည်းစက်ရုံ မည့်သည့်အရာများ လုပ်နေသည်ဆိုသည်ကို မေးရန် အခွင့်လည်း မရှိသည့် အတွက် ဖြစ်သည်။

လက်မှတ်ထိုးပြီးနောက် ဖုန်းယွီသည် အမှတ်တစ် ကုန်ပဒေသာဆိုင်ကို သွားသည်။ ပြီးနောက် ကုန်တိုက်၏ မန်နေဂျာနှင့် တွေ့ခဲ့သည်။ ကုန်တိုက်မန်နေဂျာသည် သမဝါယမက လက်မှတ် ထိုးခဲ့သည်ကို မြင်သည့်အခါ သူသည်လည်း မော်ဒယ်တစ်ခုအတွက် အခု ၂၀၀ယူရန် သဘောတူလိုက်သည်။

ထို့နောက် ဖုန်းယွီသည် ရုပ်ကွက်တိုင်းရှိ ကုန်ပဒေသာ ဆိုင်လေးများကို သွားသည်။ ထို ကုန်ပဒေသာဆိုင်လေးများကလည်း အမှတ်တစ် ကုန်ပဒေသာဆိုင်က လက်မှတ်ထိုးသည်ကို မြင်သောအခါ သူတို့သည့်လည်း အနည်းဆုံး ၂၀၀ဆီ ယူလိုက်ကြ၏။

ထိုနေ့တွင် ဖုန်းယွီ စုစုပေါင်း အော်ဒါ အခု ၁,၄၀၀ရခဲ့သည်။ သူသည် နေ့ချင်းပင် ယွမ် ၇၀,၀၀၀စရန်ငွေ ရခဲ့သည်။ သူသည် လက်ရှိတွင် စက်ပစ္စည်းစက်ရုံကို ပေးရန်အတွက် ပိုက်ဆံ လုံလောက်ပြီ ဖြစ်၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset