FY အခန်း ၃၈

အခန်း ၃၈

လေနှင့်မိုး လျှပ်စစ်ပန်ကာ ရောင်းချခြင်း

ဘင်းမြို့တော်တွင် လူများစွာက လုံကျန်းနေ့စဉ် သတင်းစာ၏ ထူးဆန်းသည့် ကြော်ငြာကို သတိပြုမိလာကြ၏။ နေ့တိုင်းတွင် စာမျက်နှာ တစ်မျက်နှာလုံးတွင် စာကြောင်းအနည်းငယ်သာ ရေးထား၏။

ယနေ့အတွက် ကြော်ငြာစာကား

“ပူအိုက်တဲ့ နွေရာသီ၊ အေးမြတဲ့ လေညှင်း”

ယမန်နေ့ကမူ

“ကောင်းကင်က နေမင်းရဲ့ အပူကြောင့် အဖိုးတန် အရည်အသွေးကောင်းတဲ့ လက်ဆောင်တွေ ပေးဖို့ အချိန်ပဲ”

သို့သော် ကြော်ငြာစာ နှစ်ခုလုံး၏ အောက်ခြေတွင်ကား ဆောင်ပုဒ်တစ်ခု ရှိ၏။

“လေနှင့်မိုး ပန်ကာ သင့်နွေရာသီအတွက် အကောင်းဆုံး အဖော်မွန်”

ငါးရက်ဆက်တိုက် သတင်းစာကို ဖတ်သည့် လူတိုင်းက ထိုကဲ့သို့ တစ်မူထူးခြားသည့် သတင်းစာကို ဖတ်လိုက်ရ၏။ ထိုကြော်ငြာက မြို့ထဲတွင် အချိန်ခဏအတွင်း ဟိုးလေးတကျော် ဖြစ်သွား၏။ လူများကလည်း ထိုကြော်ငြာအကြောင်းကို လူသတ်မှု သတင်းသဖွယ် စိတ်ဝင်တစားဖြင့် ပိုပြောလာကြ၏။

မိုးနှင့်လေ ပန်ကာအကြောင်းကို လမ်းပေါ်တွင် လူအများပြောသည်ကို ကြားသည့်အခါ ဖုန်းယွီသည် သူ၏ ကြော်ငြာက အောင်မြင်မှန်း သိလိုက်၏။ ယခုတွင် တစ်ယောက်ယောက်က လျှပ်စစ်ပန်ကာအကြောင်း ပြောသည့်အခါ လူတွေက အလိုလို မိုးနှင့်လေ ပန်ကာအကြောင်း စဉ်းစားမိကြ၏။

ငါးရက်မြှောက်နေ့တွင် လျှပ်စစ်ပန် ၂၀,၀၀၀ထုတ်လှုပ်မှုက ပြီးသွားပြီ ဖြစ်ကာ ဖုန်းယွီသည် ၈၀ရာခိုင်နှုန်း ငွေချေပြီး ဖြစ်၏။ သို့သော် ဖုန်းယွီသည် ပန်ကာ အကုန်လုံးကို မထုတ်ယူရသေးပေ။ သူက စက်ရုံမှ ပန်ကာ အခုရေ ၂၀၀၀သာ ထုတ်ခဲ့၏။

စက်ပစ္စည်းစက်ရုံရှိ လူအကုန်လုံးက သိချင်စိတ် ပြင်းပြကုန်ကြသည်။ ၈၀ရာခိုင်နှုန်း ငွေချေမှု ဆိုလျှင်တောင် စက်ပစ္စည်းစက်ရုံအနေဖြင့် အမြတ်များ ရနေပြီ ဖြစ်၏။ အဘယ်ကြောင့် ဖုန်းယွီအနေဖြင့် ပန်ကာအားလုံးကို မထုတ်ယူသေးသနည်း။ ထိုအရာများက ဖုန်းယွီ ပြန်သွင်းမည့် ပန်ကာများလား။

ဒါရိုက်တာလီနှင့် ဒါရိုက်တာကျောက်က ဆွေးနွေးနေကြ၏။ သူတို့က အဆုံးတွင် ဖုန်းယွီသည် ပန်ကာများကို ပြင်သွင်းချင်ရင်တောင် သူတို့အနေဖြင့် လက်ခံမည် မဟုတ်ကြောင်း ဆုံးဖြတ်လိုက်၏။ သူတို့က ဖုန်းယွီကိုတောင် ပေးရန်ကျန်သည့် ငွေများကိုတောင် လကုန်ပေးရန် အသိပေးလိုက်၏။ သူတို့အနေဖြင့် ပေးရန် ကျန်သည့် ငွေများကို မရပါက သူတို့က ကျန်ရှိသည့် ပန်ကာများကို သိမ်းယူလိမ့်မည် ဖြစ်သည်။

သူတို့အနေဖြင့် ထို မပြည့်စုံသည့် ပန်ကာများကို မရောင်းနိုင်ခဲ့လျှင်တောင် သူတို့အနေဖြင့် သူတို့၏ အလုပ်သမားများကို သူတို့၏ လစာအဖြစ် ပုံမှန် ပေးလို့ရ၏။ မည်သို့ပင် ဖြစ်စေ စက်ရုံအနေဖြင့် သူတို့၏ ကုန်ကျငွေကို ကာမိ၏။

ဖုန်းယွီသည် စက်ပစ္စည်းစက်ရုံကို သိပ်အာရုံမစိုက်ပေ။ သူသည် ပန်ကာ အခုရေ ၂၀၀၀ကိုသာ ယူခဲ့သည့် အကြောင်းမှာ သိုလှောင်ရုံထဲတွင် မဆန့်၍ ဖြစ်၏။ ပန်ကာ အခု ၁၄၀၀ကို စတိုးဆိုင်များကို ဖြန့်ဖြူးပြီးနောက် သူ၏ သိုလှောင်ရုံထဲတွင် အခု ၆၀၀ကျန်သေး၏။ ဖုန်းယွီသာ ပန်ကာ အခုရေ ၂၀,၀၀၀ကို ယူခဲ့ပါက သူ့အနေဖြင့် ပန်ကာများ အတွက် နောက်ထပ် ကုန်သိုလှောင်ရုံ ၁၀ခုထက်ပို လိုဦးမှာ ဖြစ်၏။ ပန်ကာများကို စက်ပစ္စည်းစက်ရုံတွင် ထားခဲ့သည့်အတွက် ဖုန်းယွီအနေဖြင့် သိုလှောင်စရိတ်ကို ချွေသာပြီး ဖြစ်သည်။

ခြောက်ရက်မြောက်နေ့တွင် သတင်းစာပေါ်တွင် ကြော်ငြာ အစစ်အမှန်က ပေါ်လာတော့သည်. စားပွဲတင်ပန်ကာ တစ်လုံးနှင့် ဆောင်ပုဒ်တစ်ခု “လေနှင့်မိုး ပန်ကာ။ ရောင်းဈေး ၅၉ယွမ်”

ညနေခင်းတွင် ဖုန်းယွီက သူ့ဝန်ထမ်းများနှင့် ကုမ္ပဏီ၏ သိုလှောင်ရုံတွင် အစည်းအဝေး လုပ်၏။

“မင်းတို့တွေ အကုန်လုံး အချက်အလက်တွေကို ခွဲခြားရမယ်။ ဘယ်အရောင်းဆိုင်က ပိုရောင်းအားကောင်းလဲ။ ဘယ်အရောင်းဆိုင်က ကောင်းကောင်း မရောင်းရဘူးလဲ။ ဘယ် အရောင်းဆိုင်တွေက ငါတို့ရဲ့ ပန်ကာတွေကို မပြထားဘူးလဲ ဒါမှမဟုတ် ဈေးပြောင်းဈေးလွဲလုပ်လား။”

ဖုန်းယွီက မေးလိုက်သည်။

လွဲပြောင်းရောင်းရန် အပ်နှံလိုက်သည့် စနစ် ဖြန့်ဖြူးမှု၏ ပြဿနာက ရောင်းချရန် ပေးအပ်ထားသည့် သူများက ကုန်ပို့ဆောင်သူများကို ပြဿနာရှာသည်ပင် ဖြစ်၏။ ဉပမာအားဖြင့် ကုန်ပစ္စည်းရောင်းချရန် ပေးအပ်ထားသည့် သူများက ကုန်ပစ္စည်းက ရောင်းမကောင်းဘူး အမြတ်ပိုမရဘူးလား တောင်းဆိုသည့် အခါများ သို့မဟုတ် ကုန်ပစ္စည်းက ကောင်းကောင်း ရောင်းရပြီး သူတို့က ဈေးကို တိတ်တဆိတ် မြင့်ထားသည့် အခါတွင် ဖြစ်၏။ ထိုအရာက အချို့သော ရောင်းချန် ပေးအပ်ထားသည့် သူများက ကုန်ပစ္စည်း နှစ်မျိုးယှဉ်ပြီး ကြော်ငြာသည့်အခါတွင် ထိုနည်းကို အသုံးများကြ၏။

ဖုန်းယွီသည် စာချုပ်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြပြီး ဖြစ်၏။ စာချုပ်ပါ စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ပါက ဖုန်းယွီသည် မည်သည့် ပို့လိုက်သည့် ကုန်ပစ္စည်းပေါ် ငွေများနှင့် စရန်ငွေများကိုလည်း ထုတ်ပေးမည် မဟုတ်သည့်အပြင် ဖုန်းယွီကိုလည်း လျှော်ကြေးအဖြစ် အနည်းဆုံး ယွမ် ၁၀,၀၀၀ပေးရမည် ဖြစ်သည်။

ဖုန်းယွီ၏ အတွေးတွင် သူ၏ ဝန်ထမ်းများက အချို့သော အရောင်းဆိုင်များ သို့မဟုတ် အရောင်းဆိုင် အကုန်လုံးက စာချုပ်ပါ အချက်များကို ဖောက်ဖျက်ပါက သူတို့ကို ပြောပြပေလိမ့်မည်။ ထိုခေတ်အခါက အစိုးရရုံးမှ မန်နေဂျာများက ပုဂ္ဂလိက ကုမ္ပဏီများကို အာဏာပြချင်ကြ၏။ ထို့အပြင် သူတို့အတွေးထဲတွင် ပုဂ္ဂလိက ကုမ္ပဏီများကို စာချုပ် ဖော်ဖျက်ပါက သူတို့ကို မရင်ဆိုင်ရဲဟု တွေးကြ၏။

သို့သော် လက်တွေ့ဘဝတွင် ထိုအရာအားလုံးဝ မမျှော်လင့်ခဲ့ပေ။ တစ်ယောက်မျှ စာချုပ်ဖောက်ဖျက်ခြင်း မရှိပေ။ ဖုန်းယွီ၏ ပန်ကာများက ကောင်းကောင်း မရောင်းရတာလား။

“မန်နေဂျာဖုန်း သမဝါယမက ဒီနေ့ သုံးခု ရောင်းရတယ်။ ကျွန်တော် သမဝါယမက အလုပ်သမား သုံးယောက်က ပန်ကာကို ကြိုးစားပမ်းစားနဲ့ ကြော်ငြာနေတာကို တွေ့ခဲ့တယ်။ ဒါပေမဲ့ ဘယ်သူကမှ စိတ်မဝင်စားကြဘူး။”

“ပထမ ကုန်ပဒေသဆိုင်မှာလည်း အဲ့အတိုင်းပဲ။ ပန်ကာတွေကို လျှပ်စစ်ပစ္စည်းရောင်းချတဲ့ နေရာရဲ့ ထင်သာမြင်သာတဲ့ နေရာမှာ ချထားတာ။ ဒါပေမဲ့ လူငါးယောက်ပဲ ပန်ကာကို ဝယ်ကြတယ်။”

“ဒုန့်လီ ကုန်ပဒေသာဆိုင်ထက်တော့ အဲ့ဆိုင်တွေက သာပါသေးတယ်။ သူတို့တွေ တစ်နေ့လုံးနေမှ တစ်ခုပဲ ရောင်းရတယ်”

“အနည်းဆုံးတော့ အဲ့ဒီ ကုန်ပဒေသာဆိုင်တွေကို ရောင်းရသေးတယ်။ ထိုက်ဖျင် ကုန်ပဒေသာဆိုင်ဆို တစ်ခုတောင် မရောင်းရဘူး”

“မန်နေဂျာဖုန်း ဒီလျှပ်စစ်ပန်ကာတွေနဲ့ ကျွန်တော်တို့ အဖက်တင်ပါ့မလား”

———

လူငယ်တိုင်းက သူတို့ ယနေ့ မြင်တွေ့ခဲ့ရသည့် အကြောင်းကို ပြောနေကြသည်။ ဖုန်းယွီသည် ဂရုတစိုက် နားထောင်ပြီး ခေါင်းညိတ်လိုက်၏။ ထိုလူငယ်များက အလုပ်တာဝန် မလစ်ဟင်းပေ။ သူတို့ကို အလုပ်ကို တကယ်ကြိုးစားကြ၏။

“မန်နေဂျာဖုန်း။ ဒီလျှပ်စစ်ပန်ကာတွေ ရောင်းမကောင်းရင် ကျွန်တော်တို့တွေ ဘာလုပ်ကြမလဲ”

ဖုန်းယွီ၏ ဝန်ထမ်းတစ်ယောက်က မေးလိုက်သည်။

ဖုန်းယွီက ပြံးလိုက်ကာ

“ခဏစောင့် သုံးရက်ကြာပြီးရင် ရလဒ်ကို သိလာလိမ့်မယ်။ မနက်ဖြန် မင်းတို့တွေ……. သွားရမယ်”
ခုနှစ်ရက်မြောက်နေ့၊ သတင်းစာ၏ နောက်ဆုံး ကြော်ငြာနေ့တွင်။ ယခုအချိန်တွင် ကြော်ငြာက ၄၉ယွမ် လျှပ်စစ် ပန်ကာကို ပြထား၏။ ဓာတ်ပုံ နှစ်ပုံ ဖြစ်သည်။ ပထမပုံသည် စားပွဲပေါ်တွင် ညှပ်ထားသည့် ပန်ကာပုံ ဖြစ်ကာ ဒုတိယ ပုံက စက်ပစ္စည်းစက်ရုံမှ ကုန်တင်ကားဖြင့် ထွက်လာသည့်ပုံ ဖြစ်၏။

နေ့လည်ခင်းတွင် သမဝါယမအရောင်းဆိုင်မှ မန်နေဂျာစုသည် မျက်မှောင်ကျုံ့လာ၏။ ပန်ကာက ကောင်းကောင်း မရောင်းရပေ။ အခြားသော ပန်ကာများနှင့် နှိုင်းယှဉ်ပါက အလွန်ဈေးချိုသည့်တိုင် လူတိုင်းက ထိုပန်ကာအကြောင်း မသိကြပေ။ သူက ဒီပန်ကာတွေိကို ကြော်ငြာပေးရမယ်လို့ ဖုန်းယွီက မပြောလိုက်တာများလား။ ပုံနှစ်ပုံ ထည့်ပြီး စာကြောင်း တစ်ကြောင်းထဲက ကြော်ငြာ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒါကို ကြော်ငြာလို့ စဉ်းစားနိုင်လို့လား။

“မင်္ဂလာပါ ဘာအလိုရှိပါသလဲဗျ။’

အရောင်းစာရေးက သမဝါယမဆိုင်ထဲကို ဝင်လာသည့် ဈေးဝယ်တစ်ယောက်ကို မေးလိုက်၏။

“လေနှင့်မိုး ပန်ကာ ရောင်းလား။”

ဈေးဝယ်က မေးလိုက်သည်။

“ရပါတယ်။ မော်ဒယ် နှစ်မျိုးရှိတယ်။ မော်ဒယ်တိုင်းက ရောင်စုံ ရှိတယ်။ ဘယ် မော်ဒယ်လေးကို ယူချင်လို့လဲ”

အရောင်းစာရေးက စိတ်မပါ လက်မပါဖြင့် ပြောလိုက်၏။

“ဒီသတင်းစာထဲမှာ ပါတဲ့ တစ်ခု။ တကယ်ပဲ ၄၉ယွမ်လား”

ဈေးဝယ်က မေးလိုက်သည်။

အရောင်းစာရေးက သတင်းစားကို ကြည့်လိုက်ကာ တစ်ရောင်တည်း တူသည့် ပန်ကာကို ကြည့်လိုက်ပြီး စာရင်းထဲ ကြည့်ပြီးနောက် ပြောလိုက်၏။

“ဟုတ်တယ်။ ၄၉ယွမ်”

“ကောင်းပြီ ငါတစ်ခု လိုချင်တယ်။ မဟုတ်ဘူး ငါ့ကို နှစ်ခုပေး။ ငါ ငါ့ရဲ့ ယောက္ခမအတွက်လည်း ဝယ်ရဦးမယ်”
ဈေးဝယ်က ပြောလိုက်၏။

“ဟုတ်ကဲ့ ဘယ်အရောင် လိုချင်လဲဗျ”

အရောင်းစာရေးက ပျော်ရွှင်စွာ ပြောလိုက်၏။ မန်နေဂျာစုက ငါ ပန်ကာ တစ်လုံးရောင်းတိုင်း ကော်မရှင်ခ ၁ယွမ်ရမယ်ဟု ပြောနေ၏။

“ဘာပဲ ဖြစ်ဖြစ်။ မြန်မြန်နော် ပြီးတော့ ငါ့ကို ငွေပြန်အမ်းဦး”

ဈေးဝယ်က ပြောပြီး သူက ၁၀ယွမ်တန် ငွေစက္ကူ ၁၀ရွက်ပါ တစ်အုပ်ကို ကော်တာပေါ် ပစ်တင်လိုက်၏။ အရောင်းစာရေးက မြန်မြန် ယူပြီးနောက် မြန်မြန် ပြန်အမ်းကာ ဈေးဝယ်ကိုကို ပန်ကာဘူးနှစ်ဘူးပေးလိုက်၏။

“မဟုတ်သေးပါဘူး။ ဘာကြောင့် ဘူးက အရမ်းသေးနေတာလဲ။ ပန်ကာလက်တံတွေကို မထည့်ထားတာလား”

ဈေးဝယ်က ခပ်ကျယ်ကျယ်ပြောကာ အရောင်းစာရေးကို သံသယဖြင့် ကြည့်လိုက်၏။ ထိုအကြည့်က အရောင်းစာရေးက လိမ်နေတာများလား။

“အစ်ကို မြင်တဲ့ အတိုင်းပါပဲ။ ပန်ကာလက်တွေက သပ်သပ်ပါ အစ်ကို အိမ်ပြန်ရောက်တာနဲ့ ဘူးကို ဖွင့်ပြီး ပန်ကာလက်တွေကို ဝက်အူနဲ့ တပ်လိုက်ရုံပါပဲ။ အရမ်းလွယ်လို့ ကလေးတွေတောင် လုပ်နိုင်ပါတယ်။”

အရောင်းစာရေးက ပြောလိုက်သည်။

“ဟေး စိတ်ဝင်စားစရာပဲ။ အရမ်းကောင်းတယ်။ ငါ ငါ့သားကို အရုပ်တစ်ရုပ်အဖြစ် ပေးလို့ ရပြီပေါ့”

ဈေးဝယ်က ပြောလိုက်သည်။

မန်နေဂျာစုက ဈေးဝယ် ပန်ကာနှစ်ခု ဝယ်သည်ကို မြင်သည့်အခါ ပြုံးသွားတေ့၏။ သို့သော် သူက သိချင်စိတ် ဖြစ်နေ၏။ ဘာကြောင့် ဒီဈေးဝယ်က ပန်ကာ နှစ်ခု ဝယ်သွားသနည်း။

သူသည် ယနေ့၏ လုံကျန်းနေစဉ် သတင်းစာကို လှန်ကြည့်လိုက်၏။ စက်ပစ္စည်းစက်ရုံမှ ထွက်လာသည့် ကုန်တင်ကား တစ်စီး ဖြစ်၏။ ထိုပုံက လူများကို စက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံမှ ဖြစ်သည့်အတွက် အရည်အသွေးပိုင်းနှင့် ပတ်သတ်ပြီး စိတ်ချ၍ ဖြစ်၏။

မန်နေဂျာသည် ဒီကိစ္စ၏ နောက်ကွယ်တွင်ရှိသည့် ကိစ္စတော်တော်များများကို မသိပေ။

ဖုန်းယွီသည် သူ၏ ဝန်ထမ်းများကို လူထူထပ်သည့် နေရာများကို သွားစေကာ လူများကို လေနှင့်မိုး ပန်ကာများက စက်ပစ္စည်းစက်ရုံမှ ထုတ်သည့် ပစ္စည်းများဖြစ်ကြောင်း သွားကာ သတင်းလွှင့်ခိုင်း၏။

ပလက်စတစ်က ဘာလဲ။ ပလက်စတစ်ကလည်း တောင့်တာပဲ။ စတီးပန်ကာလက်တွေနဲ့ ပလက်စတစ် ပန်ကာလက်နဲ့ အရမ်းကြီး ကွာခြားမနေဘူး။ ပြောရရင် ပလက်စတစ်ပန်ကာတွေက ပိုပြီး ဈေးချိုချိုနဲ့တောင် ရောင်းနေသေးတယ်။ လူတွေက စတီးပန်ကာတွေကို ဝယ်မဲ့ ပိုက်ဆံနဲ့ လေနှင့်မိုး ပန်ကာကို အများကြီးဝယ်လို့ရတယ်။

ပြီးတော့ ပလက်စတစ်မှာ အားသာချက်တွေ အများကြီး ရှိသေးတယ်။ သံချေးမတက်ဘူး ပြီးတော့ အရောင်ကလည်း စုံသေးတယ်။ ရေစိုအဝတ်နဲ့ သုတ်ပြီး သန့်ရှင်းရုံပဲ။ ဒီလျှပ်စစ်ပန်ကာက သေးပြီး ဆောင်းရာသီမှာ သိမ်းဆည်းဖို့အတွက်လည်း အဆင်ပြေတယ်။ ကြီးပြီး ကျယ်တဲ့ လေးတဲ့ စတီးပန်ကာတွေနဲ့ မတူဘူး။

ဒီပန်ကာတွေရဲ့ အရေးကြီးဆုံး အသားပေးချက် ရှိသေးတယ်။ လုံခြုံမှုရှိတယ်။ ပန်ကာထဲကို လက်ထည့်ရင်တောင် အနည်းငယ် နာကျင်မှုပဲ ခံစားရမှာ။ မင်းရဲ့ လက်ကို ခြစ်ရာတောင် မဖြစ်စေဘူး။

လေနှင့် မိုးပန်ကာသည် သတင်းစာတွင် ၇ရက် ကြော်ငြာခဲ့ပြီး ဖြစ်သည်။ ထို့အပြင် စက်ပစ္စည်းစက်ရုံက အညံ့စား ပစ္စည်းတွေ ထုတ်မည်လော။ လူကြီးဝီက သူ့မြေးထံမှ လေနှင့် မိုးပန်ကာ ကို လက်ဆောင်အဖြစ် ရခဲ့သည်။ သူသည် ထိုပန်ကာအတွက် အလွန်ဂုဏ်ယူနေကာ အခြားသူများကို နာရီ အတော်ကြာအောင် ပြနေ၏။

အားပေးတိုက်တွန်းမှုများကြောင့် လူများစွာသည် ကုန်တိုက် သို့မဟုတ် သမဝါယမ ဆိုင်များကို သွားကာ လေနှင့်မိုး ပန်ကာအကြောင်း စုံစမ်းတော့၏။ နမူနာ ခင်းကျင်းပြထားသည်ကို ကြည့်ကာ အချို့သော သူများက ချက်ခြင်းဝယ်သွားကြကာ တချို့သူများက အိမ်ကို ပြန်ပြီး စဉ်းစားကြသေး၏။ သို့သော် သူတို့ထဲမှ အများစုက နောက်တစ်နေ့တွင် လာဝယ်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

ထိုနေ့ နေ့လည်တွင် မြို့တော်၏ ကုန်ပဒေသာဆိုင်များနှင့် သမဝါယမရောင်းဆိုင်များက လျှပ်စစ်ပန်ကာ အခု ၁၀၀ကျော် ရောင်းရသည်။ အခု၁၀၀ကျော်တွင် အခြားတံဆိပ် များက သုံးခုသာ ရောင်းရပြီး ကျန်သည့်အရာများက လေနှင့် မိုးပန်ကာရောင်းရတာ ဖြစ်၏။
———

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset