အခန်း ၃၆
လေနှင့် မိုး ပန်ကာ
ထုတ်ကုန်များကို အရှိန်မြင့်မြင့် ထုတ်နိုင်ရန်အတွက် ဖုန်းယွီသည် ဒါရိုက်တာကျောက်ကို သူ့၏ အလုပ်သမားများကို ရှေ့ပြေးပုံစံ(ပရိုတိုတိုက်) အမျိုးအစားများကို လုပ်ပေးရန် မေးလိုက်၏။
ဒီဇိုင်း အတွက် အချိန်မရှိတာလား။ ကုန်ကြမ်းတွေ အဆင်သင့် မရှိတာလား။
ထိုကိစ္စက အရေးမကြီးပေ။ အရေးကြီးသည်ကား လေအားကို စမ်းရန်သာ ဖြစ်၏။ အပြင် ပိုင်းဖြစ်သည့် ပလက်စတစ်၏ နေရာတွင် ယခုတွင် ကတ်ထူပြားကို သုံးလို့ရပြီး ပန်ကာလက်များကို အချို့သော ပလက်စတစ် ချပ်ပြားမှ ဖြတ်ထုတ်နိုင်ပေ၏။
“မဟုတ်ဘူး။ လေက အရမ်းပြင်းတယ်။ အရှိန်လျော့ဖို့ မလိုဘူး။”
“ပန်ကာလက်တွေက အရမ်းကြီးနေတယ်။ သေးဖို့ လိုသေးတယ်။
“ပန်ကာလက်က အရမ်းထူနေတာ။ အထူကို တစ်ဝက်လျှော့လိုက်”
“မီးကြိုးကလည်း အရမ်းရှည်နေတယ်။ နှစ်မီတာပဲ ထားမယ်”
———-
ဖုန်းယွီသည် သူ၏ အားစိုက်မှုများ ဆက်လက် ပေးနေဆဲ ဖြစ်၏။ သုံးနာရီ ကြာပြီးနောက် အလုပ်သမားအို နှစ်ယောက်သည် ရှေးပြေးပုံစံ နှစ်ခုကို ရသွားတော့၏။ ထိုရှေ့ပြေးပုံစံများကို ဖုန်းယွီနှစ်သက်၏။
“မန်နေဂျာဖုန်း။ ဒီပန်ကာတွေကို ဘယ်လို သယ်ယူ ပို့ဆောင်မှာလဲ။ ပန်ကာလက်တွေအတွက် အကာလည်း မပါဘူး ပြီးတော့ အဲ့ပန်ကာလက်တွေက အလွယ်တကူ ကျိုးပဲ့လွယ်တယ်။”
ဒါရိုက်တာ ကျောက်က မေးလိုက်၏။
“ပန်ကာလက်တွေကို အရင်တပ်ပေးလိုက်ဖို့ မလိုဘူး။ ဝယ်ယူတဲ့ သူတွေက ဝယ်ပြီးတော့ သူတို့ကိုယ်တိုင် တပ်ဆင်ရမှာ။ အခြေကိုလည်း အတူတူပဲ။ ငါတို့တွေက သူတို့တွေကို ဝက်အူပါ ထည့်ပေးလိုက်မှာ ပြီးတော့ တပ်ဆင်နည်း လမ်းညွှန်ကောပဲ။ ကလေးတွေတောင် ပန်ကာကို ဘယ်လို ဆင်ရမလဲဆိုတာ သိလိမ့်မယ်”
ဖုန်းယွွီက ပြောလိုက်သည်။
‘ကိုယ့်ဘာသာ ဆင်ရမှာလား။”
ဒါရိုက်တာကျောက်နှင့် ဒါရိုက်တာလီက အချင်းချင်း ကြည့်လိုက်ကြသည်။
‘လျှပ်စစ် ပစ္စည်းတွေကို ကိုယ်တိုင် ဆင်ရမှာလား။ ဒါပေမဲ့ အဲ့တာက အရမ်းမလွယ်ဘူးမလား။ တပ်ဆင်နည်း လမ်းညွှန် မရှိရင်တောင် တစ်ယောက်ယောက်က တပ်ဆင်နည်းကို သိမှာပဲ။’
“ဒီမှာ ကျွန်တော်ရဲ့ လေနှင့်မိုး လိုဂို(အမှတ်တံဆိပ်)။ လိုဂိုကို မြင်သာတဲ့ နေရာမှာ တပ်ပေး။”
ဖုန်းယွီသည် လေနှင့်မိုးကို အရိုးစာပုံစံဖြင့် ရေးလိုက်ပြီး ထိုစာသည် မိုးရေစက် သုံးခုပါသည့် ပြောင်းပြန် တောင်ပုံ ဖြစ်သည်။ သူသည် အရင်ဘဝကတည်းက ဒီလိုဂိုကို ပြင်ဆင်ပြီးသား ဖြစ်သည်။
“ကိစ္စမရှိဘူး။ ငါ ပလက်စတစ် စက်ရုံက လူကြီးဝမ်ကို ဆက်သွယ်လိုက်မယ်။ ပြီးတော့ သူတို့ကို ငါ့တို့အတွက် အစိတ်အပိုင်းတွေကို ထုတ်ခိုင်းလိုက်မယ်။ ဒါပေမဲ့ ဖုန်းယွီ ငါတို့တွေ အရင်ဆုံး စရန်ချေထားဖို့ လိုတယ်”
ဒါရိုက်တာလီက ပြောလိုက်၏။
“ကောင်းပြီ။ ကျွန်တော် မနက်ဖြန်မနက်ကျ စာချုပ်နဲ့ လာခဲ့လိုက်မယ်။ စရန်ငွေ ၁၀၀,၀၀၀ဆို လုံလောက်ပြီလား။ ပစ္စည်းတွေ တင်ပြီးရင်တော့ ကျွန်တော် ၈၀ရာခိုင်နှုန်းပေးမယ်။ ကျန်တဲ့ ငွေတွေကိုတော့ လကုန်ကျရင် ပေးမယ်။ အို ဟုတ်တယ်။ အဖြူရောင် တစ်ရောင်ထဲ မထုတ်နဲ့နော်။ ကျွန်တော် ပန်ကာတွေကို အရောင်မျိုးစုံနဲ့ ထုတ်မယ်နော်။ အပြာ၊ အနီ၊ ပန်းရောင်၊ အစိမ်းရောင်နှင့် အရောင် တောက်တောက်တွေ။ ပန်ကာလက်တွေကရော အရောင်မျိုးစုံ လုပ်မယ်နော်”
ဖုန်းယွီက ပြောလိုက်၏။
စက်ရုံသည် လက်ရှိတွင် ခက်ခဲ့သည့် ကာလနှင့် ရင်ဆိုင်ရသည်ကို ဖုန်းယွီ သိသည်။ ထို စရန်ငွေ ယွမ် ၁၀၀,၀၀၀သည် သူတို့အတွက် ယုံကြည်စိတ်ချစေနိုင်သည်။ ပန်ကာများကို ထုတ်လုပ်ပြီး ဈေးကွက်မှ လက်ခံသည်နှင့် ဖုန်းယွီသည် သူ၏ ပန်ကာများကို ပြည်နယ်အတွင်း ရောင်းချနိုင်မည်ဟု ယုံကြည်နေသည်။
ဒါရိုက်တာလီသည် ဖုန်းယွီကိုလည်း ငါးရက်အတွင်း ပန်ကာ ၂၀,၀၀၀ပြီးစေရမည်ဟု ကတိပေးလိုက်သည်။ အလုပ်ရုံများ အားလုံးသည် ဖုန်းယွီ၏ ပန်ကာကိုသာ အာရုံစိုက်ရန်သာ လိုသည်။ အလုပ်သမားများသည် အလုပ်ဆိုင်း သုံးဆိုင်း လုပ်ရမည်ဖြစ်ကာ တစ်နေ့တွင် နှစ်ဆယ့်လေးနာရီ ဖြစ်၏။ ပလက်စတစ် ကုမ္ပဏီကြောင့်သာ မဟုတ်ပါက ဒါရိုက်တာလီသည် သုံးရက်အတွင်း ပြီးနိုင်လိမ့်မည်ဟု ယုံကြသည်။
နောက်တစ်နေ့တွင် ဖုန်းယွီသည် စာချုပ်တွင် လက်မှတ် ထိုးပြီး စရန်ငွေ ပေးချေလိုက်၏။ ထို့နောက် သူသည် ကုန်သွယ်ရေးနှင့် စက်မှု ဗျူရိုကိုသွားကာ သူ၏ အမှတ်တံဆိပ်ကို မှတ်ပုံတင်တော့၏။
လက်ရှိတွင် အရေးကြီးဆုံးက ဈေးကွက်ထဲ ဝင်ရန် ဖြစ်၏။ မည်သူမျှ မိုးနှင့်လေ ပန်ကာအကြောင်း မသိကြသေးပေ။ ဖုန်းယွီသည် ဈေးကွက်တွင် ပန်ကာများကို တင်လိုက်ပါက သတိပြုမိသူ အများအပြား ရှိမည် မဟုတ်ပေ။ ယွမ် ဒါဇင်နှင့် ချီပြီး ရောင်းနေတဲ့ ပန်ကာတွေ အများကြီး ရှိမည်ဆိုတာ မည်သူမျှ သိမည် မဟုတ်ပေ။ ဘာလုပ်ရမည်နည်း ကြော်ငြာရမည်ပင်။
လုံကျန်းနေ့စဉ် သတင်းစာ။ ယနေ့တွင် သူဌေးကြီးတစ်ယောက်က သတင်းစာတိုက်၏ ဥက္ကဋ္ဌရုံးတွင် ရောက်နေသည်။ ထိုသူ ပြောသည်ကား ထိုသူဌေးကြီးတစ်ယောက်က သတင်းစာတွင် ကြော်ငြာ ကြီးကြီးတစ်ခုကို ထည့်မည် ဖြစ်သည်။
ထိုခေတ်က ကြော်ငြာ ထက်ဝက်ကျော်ပါသည့် နောက်ပိုင်းမျိုးဆက်များနှင့် မတူပေ။ လက်ရှိ သတင်းစာများသည် စာရွက်နည်းပြီး သတင်းများက များသည်။ ကြော်ငြာ အနည်းငယ်သာ ရှိ၏။
ဖုန်းယွီသည် အုပ်စုလိုက် ခွဲထားသည့် ကြော်ငြာမျာတွင် ကြော်ငြာရန်အတွက် သွားသည် မဟုတ်ပေ။ သူသည် ရက်သတ္တပတ် ဆက်တိုက်အတွင် စာမျက်နှာဝက်ခန့် ကြော်ငြာရန်အတွက် ထိုနေရာသို့ သွားတာ ဖြစ်၏။
“မစ္စတာဖုန်း။ ဒီစာမျက်နှာက သတင်းတွေပဲ ဖြစ်ရမှာ။ ဒီစာမျက်နှာမှာ ကြော်ငြာထည့်လို့ မရဘူး။ ဒီကြော်ငြာအတွက် အစဉ်အလာ မရှိဘူး။”
ဥက္ကဋ္ဌက ဒုက္ခအနည်းငယ် ကြုံသွားသည်။ ထိုဖုန်းယွီသည် စာမျက်နှာ အပြည့်ကို ရက်သတ္တပတ် တစ်ပတ်အတွက် ဝယ်ချင်တာ ဖြစ်သည်။
“ဥက္ကဋ္ဌကျန်း လုံကျင်းမှာ သတင်းစာ တစ်တိုက်ပဲ ရှိတာ။ တခြား နေ့စဉ် သတင်းစာတွေပြီးတော့ ညနေခင်းသတင်းစာတွေ အခြား လူမှုဘဝ သတင်းစာတွေလည်း ရှိတယ်။ ဦးလေး လူမှုဘဝ သတင်းစာတွေကို မကြည့်ဘူးလား။ ပထမစာမျက်နှာက ပုံစံတွေက ရှုပ်ယှက်ခက်နေတာပဲ။ တစ်ဝက်က ကြော်ငြာ အသေးလေးတွေ ပြီးတော့ တခြားတစ်ဝက်က ဂျပန် လျှပ်စစ် ပစ္စည်း ကြော်ငြာတွေပဲ”
ဖုန်းယွီက ပြောလိုက်၏။
ဥက္ကဋ္ဌကြည်က ဒါကလည်း ဒါပေါ့ဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ကြော်ငြာခြင်းကို လက်ရှိတွင် တီဗွီနှင့် သတင်းစာများတွင် ကြော်ငြာခွင့်် ပေးပြီ ဖြစ်သည်။ သို့သော် ဖုန်းယွီ စာမျက်နှာ တစ်ခုလုံးကို လိုချင်နေသည်ကိုတော့ တုံ့ဆိုင်းနေ၏။
“ခုနှစ်ရက် ယွမ် ၇,၀၀၀”
ဖုန်းယွီက ပြောလိုက်သည်။
ယွမ် ၁၀၀၀ကို တစ်ရက်လား။ ဒါက နည်းတဲ့ ပမာဏမဟုတ်ဘူး။ အုပ်စုလိုက် ခွဲထားသည့် ကြော်ငြာများတောင် အပြည့် ဖြစ်ပါက တစ်နေ့ကို ၂၀၀ယွမ်အောက် နည်းပေ၏။
ဉက္ကဋ္ဌကျန်းသည် ချီတုံချတုံ ဖြစ်နေဆဲ ဖြစ်ကာ ဖုန်းယွီက ထပ်ပြောလိုက်၏။
“ကျွန်တော်တို့ ကုမ္ပဏီက ယွမ် ၁၀၀၀ထက် ပိုပေးနိုင်တယ်။ ကျွန်တော်တို့ တစ်ပတ်ပဲ ကြော်ငြာမှာ။ ဘာကြောင့် ဉက္ကဋ္ဌကျန်းက တစ်ပတ် စမ်းမထည့်စေချင်ရတာလဲ။ စီစဉ်ထားတဲ့ အရာတွေ အလုပ် ဖြစ်ခဲ့ရင် သတင်းစာရဲ့ ဝင်ငွေကလည်း အများကြီး တိုးလာပြီး ဝန်ထမ်းတွေက ဥက္ကဋ္ဌကို ကျေးဇူးတင်ကြမှာ”
ဖုန်းယွီက ပြောလိုက်သည်။
“ ငါသဘောတူနိုင်တာက ၁၄,၀၀၀ယွမ်”
ဥက္ကဋ္ဌကျန်းက ပြောလိုက်သည်။
“တစ်ရက်ကို ၂၀၀၀ယွမ်လား။ ဈေးအရမ်းကြီးတာပဲ။ လူမှုဘဝ သတင်းစာတွေရဲ့ စာမျက်နှာ တစ်ဝက်တောင် ၅၀၀ယွမ်ပဲ ကျတာ။ ကျွန်တော်ရဲ့ အမြင့်ဆုံး ပေးနိုင်တဲ့ ပမာဏကို ပြောထားပြီးပြီ”
ဖုန်းယွီက ပြန်ပြောလိုက်သည်။
“လူမှုဘဝမှာ စာဖတ်တဲ့ သူတွေ ပိုများတယ်”
ဥက္ကဋ္ဌကျန်းက အတွန့်တက်လိုက်၏။
“ဒါပေမဲ့ ကျွန်တော်တို့က ကုန်ပစ္စည်းရောင်းနေတာ ပြီးတော့ လူမှုဘဝက ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အပိုင်းအတွက် သင့်လျော်တယ်။ ဒီလိုကော ဘယ်လိုလဲ။ တစ်ပတ်ကို ၉၀၀၀ယွမ်”
ဖုန်းယွီက ပြောလိုက်၏။
“၁၀,၀၀၀ယွမ် အနည်းဆုံး ယွမ် ၁၀,၀၀၀ပဲ ဒါက စာမျက်နှာပြည့် ကြော်ငြာ။ တခြား စာမျက်နှာ တစ်ဝက်ပါတဲ့ ကြော်ငြာတွေနဲ့ ကွဲတယ်။”
ဉက္ကဋ္ဌကျန်းက သဘောတူလိုက်သည်။
“သဘောတူပြီ”
ဖုန်းယွီက ပြောလိုက်၏။
ဖုန်းယွီသည် သူ၏ ကြော်ငြာစာကို စတင်ရေးတော့သည်။ ကြော်ငြာ၏ ဒီဇိုင်းဖြစ်၏။ သူသည် သူ၏ ကြော်ငြာကို နောက်နေ့တွင် စချင်သည် ဖြစ်သည်။
ဖုန်းယွီ၏ ကြော်ငြာကို ကြည့်ပြီးနောက် ဥက္ကဋ္ဌကျန်းသည် ဖုန်းယွီ၏ ဦးနှောက် တစ်ခုခု ပျက်ဆီးနေပြီဟု ခံစားမိလိုက်သည်။
‘ဒီ ကြော်ငြာအတွက်ကို အများကြီး သုံးတာလား။’
ကြော်ငြာသည် ကုမ္ပဏီ၏ နာမည်ကို မကြော်ငြာလျှင်တောင် ထိုကြော်ငြာက ထုတ်လုပ်သည်၏ မိတ်ဆက်စာ သို့မဟုတ် ပါဝင်သည့် နည်းပညာများ၊ ဈေးနှုန်း၊ အရည်အသွေး ဒါမှမဟုတ် တခြားအရာများ ကို မိတ်ဆက်ထားသင့်ပေသည်။ ဒါပေမဲ့ မင်းက ဒီစာကြောင်း အနည်းငယ်ကို ရေးသားထားတာလား။
ကြီးမားတဲ့ စာမျက်နှာကြီးတွေတောင် မင်းက ဒါဇင် အနည်းငယ်လောက် ရှိတဲ့ စကားလုံးတွေကို ရေးရုံပဲလား။ ဒါက ဖြုန်းတီးတာပဲ။ ကြော်ငြာသေးသေးလေးဆိုရင်တောင် လောက်နေပြီ။
ဇူလိုင်၁ရက်၊ တရုတ်ပြည်သူ သမ္မတနိုင်ငံ၏ အရေးကြီးသည့် နေ့တစ်နေ့ ဖြစ်သည်။ ထို့နေ့တွင် လူများစွာက အလုပ်တစ်ခုအနေဖြင့် အခြားသော အရေးကြီးသည့် နေ့များကဲ့သို့ သတင်းစာ ဖတ်ကြ၏။ (အင်္ဂလိပ်စာ ဘာသာပြန်သူ မှတ်ချက် ဇူလိုင် ၁ရက်နေ့သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့်နေ့ ဖြစ်သည်)
“ဟေး ဒီစာမျက်နှာက တစ်ခုခု မှားနေတာလား”
စာမျက်နှာ တစ်ခုလုံးက မျက်စိဖမ်းစာနိုင်စွမ်းရှိတဲ့ ဆောင်ပုဒ်တွေပဲ။
“ပါတီ၏ ဦးဆောင်မှုနောက်ကို လိုက်ကြပါ။ ခေတ်နှင့် အမှီလိုက်ခြင်းလေးခု။ နေ့သစ်များ”
ပါတီရဲ့ မွေးနေ့ကို ဂုဏ်ပြုပါ ဒါက တရုတ်ပြည်ရဲ့ စာမျက်နှာ အသစ်ပဲ။
လူတိုင်း၏ စိတ်နှလုံးက ပါတီထံတွင် နှစ်မျောသွားပြီ လေနှင့်မိုးက သက်တန့်ရောင်ကို မြင်နေရပြီ”
(အင်္ဂလိပ်စာ ဘာသာပြန်သူ မှတ်ချက် ထိုအရာက တရုတ် ကဗျာဖြစ်သည်။ ထိုကဗျာက တရုတ်၏ ခေတ်နှင့် အမှီလိုက်ခြင်းနှင့် ပြုပြင်ပြောင်းလဲမှုကို ဝါဒဖြန့် ရေးဖွဲ့ထားခြင်း ဖြစ်သည်။)
ယနေ့က ပါတီ တည်ထောင်သည့်နေ့ ဖြစ်၏။ ဂုဏ်ပြုသည့် စာလွှာများကို စာမျက်နှာတစ်ခုတွင် ရေးသားခြင်းက ဖြစ်ရိုး ဖြစ်စဉ်သာ ဖြစ်၏။ သို့သော် ထိုစာမျက်နှာက အလွန်ထူးဆန်းနေလေသည်။ စာရိုက်ထားသည်မှာလည်း ရှုပ်ပွနေ၏။ ဆောင်ပုဒ်သုံးခုက အလျားလိုက်လည်း မဟုတ် ဒေါင်လိုက်လည်း မဟုတ်ပေ။ သို့သော် ထိုအစား ထိုစာများကို ဖတ်ရန်အတွက် သုံးခါ လှည့်ဖတ်ရန် လို၏။
ဘာကြောင့် ဒါက လျှပ်စစ်ပန်ကာနဲ့ တူနေရတာလဲ။ ပြောစရာ မလိုဘူး ကောက်ကြောင်းတွေကို ဆက်လိုက်ရင် တကယ် လျှပ်စစ်ပန်ကာပဲ။
စာမျက်နှာ၏ အောက်ဆုံးတွင် စာလုံ အနည်းငယ် ရေးထားသည်။
“လေနှင့်မိုး ပန်ကာ သင့်နွေရာသီအတွက် အကောင်းဆုံး အဖော်မွန်”
ကြော်ငြာသည် ပြီးသွားပြီ ဖြစ်သည် ခံစားမှုရသ သိပ်မထည့်ထားပေ။ မည်သူမျှ ထိုလေနှင့် မိုးပန်ကာကို စိတ်ဝင်စားမှု များများ မရှိပေ။ မည်သူမျှ ဝယ်ချင်သည့် သူလည်း မရှိ။
ဈေးချိုသည့် ပန်ကာတောင် ယွမ် ၁၀၀ထက်ပိုမည် ဖြစ်သည်။ ပိုပြီး ဈေးကြီးသည့် ပန်ကာများက ရာဂဏန်းပိုပေးရမည် ဖြစ်သည်။ ပိုက်ဆံအများကြီး သုံးသည့် သူများက ပန်ကာများကို အရင်ကတည်းက ဝယ်ပြီးပြီ ဖြစ်၏။ မဝယ်ချင်သည့် သူများကတော့ ပန်ကာများကို မဝယ်ကြတာ ဖြစ်သည်။
သို့သော် ဖုန်းယွီက ဂရုမစိုက်ပေ။ ကြော်ငြာက အတွဲလိုက် ဖြစ်သည်။ ကြော်ငြာ၏ ထိရောက်မှုကား နောက်ဆုံးနေ့မှသာ သိမည် ဖြစ်၏။ ခုနှစ်ရက်တာ ကာလက လူများအတွက် မိုးနှင့်လေပန်ကာကို မှတ်မိရန် လုံလောက်ပြီ ဖြစ်သည်။
ယခု အရေးကြီးသည့် အလုပ်တစ်ခု ရှိနေ၏။ ထိုက်ဟွ ကုန်သွယ်ရေးသည် ယွမ် ၃၀၀,၀၀၀အောက် နည်းနေပြီ ဖြစ်သည်။ ပန်ကာများ ထုတ်လုပ်မှု ပြီးနောက် ဖုန်းယွီသည် ၄၀၀,၀၀၀ယွမ်အထိ ရရှိမည် ဖြစ်သည်။
သို့သော် ဖုန်းယွီသည် ထိုအရာတွက် ကောင်းမွန်သည့် အဖြေကို တွေးပြီးသား ဖြစ်၏။