FY အခန်း ၂၁

အခန်း ၂၁

စိတ်လှုပ်ရှားနေသည့် လီရှစ်ချင်

အပြင်ပန်းတွင် သူတို့၏ လွဲပြောင်းခက ၄၀၀ယွမ်ထက်နည်းပေသည်။ သို့သော် များစွာသော ငွေတိုက်စာချုပ်များကို ပေါက်ဈေးထက် လျှော့ဝယ်ခဲ့သည်။ သူတို့သည် ၁၀,၀၀၀ယွမ် နီးပါး အမြတ်ရလေသည်။

ကံဆိုးချင်တော့ ထိုများပြားသည့် ငွေပမာဏက သူ့လက်ထဲတွင် ရှိနေသည်ကိုတောင် ထို ၁၀,၀၀၀ယွမ်ငွေကြေးသည် လီရှစ်ချင်ကို စိတ်လှုပ်ရှားမှုတောင်မှ မဖြစ်စေပေ။ ထိုပမာဏက သူ၏ နှစ်လစာ ကြိုးစားအားထုတ်ပြီး ရခဲ့သည့် ၂၀၀,၀၀၀ယွမ် ငွေရင်းအတွက် အမြတ်ဖြစ်ပေသည်။ ရထားပေါ်တွင် နာရီပေါင်းများစွာ စိုးရိမ်ခဲ့ရပြီး ၁၀,၀၀၀ယွမ်သာ အမြတ်ရခြင်းသည် မတန်သလိုပင်။ သူအတွက် သက်တမ်းပြည့် ငွေတိုက်စာချုပ်များကို စုဆောင်းလဲလှယ်ခြင်းက သူ့အတွက် ပိုသင့်တော်သည်ဟု ခံစားမိသည်။ ထိုနည်းက ရသည့်ငွေ ပိုများပြီး မပင်ပန်းသည့်အပြင် အိမ်နှင့်လည်း နီးသေး၏။

ထိုခရီး၏ ကုန်ကျစရိတ်က သူတို့နှစ်ယောက်အတွက် များသည့် ပမာဏ ဖြစ်သည့် အကြောင်း မပြောရသေးပေ။ လီရှစ်ချင်သည် ဒီနေရာကို သူတို့ နောက်တစ်ကြိမ် ပြန်မလာသင့်တော့ဟု ခံစားမိပေသည်။ အကယ်၍ ဖုန်းယွီသည် နိုင်ငံခြား ငွေများကို ထပ်ရပါက ပိုကောင်းပေမည်။ နိုင်ငံခြားငွေ လဲလှယ်ခြင်းက ပို၍ အမြတ်ရသည့်အတွက် ဖြစ်သည်။

သူတို့ ပြန်သည့်အခါ ရထားပေါ်တွင် လူအနည်းငယ်သာ ရှိသည်။ ဖုန်းယွီနှင့် လီရှစ်ချင် နှစ်ယောက်သည် ရိုးရိုးတန်းတွင် လိုက်ခဲ့၏။ သူတို့ရှေ့တွင် ကြက်ကင်၊ မြေပဲ အစရှိသဖြင့် သို့သော် သူတို့ နှစ်ယောက်လုံးက အရက် မသောက်ပေ။

“အစ်ကိုလီ ကျွန်တော် တစ်ခုလောက် မေးမလို။ အစ်ကို ငွေတိုက်စာချုပ်တွေကို လူတွေကနေ စုတုန်းက စာချုပ်အများစုက ၅ယွမ်နဲ့ ၁၀ယွမ်တွေမလား။ ဒါပေမဲ့ ၅၀ယွမ်၊ ၁၀၀ယွမ်၊ ၅၀၀ယွမ်၊ ၁,၀၀၀ယွမ် နဲ့ ၅,၀၀၀ယွမ် ငွေတိုက်စာချုပ်တွေလည်း ရှိသေးတယ်။ အစ်ကို ဘာကြောင့် ၅ယွမ်နဲ့ ၁၀ယွမ် ငွေတိုက်စာချုပ်တွေကိုပဲ လက်ခံတာလဲ။”

ဖုန်းယွီသည် မေးနေစဉ် ကြက်ခြေထောက်ကြောင့် ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။

“အစ်ကိုလည်း မသေချာဘူး။ မူရင်းဈေးက များတဲ့ ငွေတိုက်စာချုပ်တွေကို ရောင်းချင်တဲ့ လူက နည်းနည်း ရှိလို့နေမယ်”

လီရှစ်ချင်က သူ့ပါးစပ်ထဲ မြေပဲဆံ ပစ်ထည့်လိုက်ရင်း ပြောလိုက်သည်။

“အစ်ကိုရဲ့ ကလေးတွေက မြန်မြန် စုနိုင်တယ်မလား။ ၁၀ယွမ် ငွေတိုက်စာချုပ်ရဲ့ ငါးနှစ်တာ အတိုးက ၂ယွမ်ပဲ။ အစ်ကို သူတို့ကို ၁ယွမ်ပိုပေးလို့ရတယ်။ အဲ့အခါ သူတို့ အစ်ကိုကို ရောင်းလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဘဏ်သွားပြီး တန်းစီဖို့ ပျင်းတယ်လေ။ ဒါပေမဲ့ ၁၀၀ယွမ် ငွေတိုက် စာချုပ်အတွက် အတိုးနှုန်းက ၂၀ယွမ်။ သူတို့ ၁၀ယွမ်ကို စွန့်လွှတ်ပြီး ငွေတိုက်စာချုပ်တွေကို ရောင်းလိမ့်မယ်လို့ အကိုထင်လား”

ဖုန်းယွီက မေးလိုက်သည်။

“အဲ့တာဆို အကိုတို့ အဲ့ငွေတိုက်စာချုပ်ကနေ ၁ယွမ် ရနိုင်တာပေါ့။ ၁၀၀ယွမ် ငွေတိုက်စာချုပ်တွေအတွက်စို အကိုစို့တွေ သူတို့ကို ၁၁၉ယွမ် ပေးလို့ရတယ်ပေါ့”

လီရှစ်ချင်က ထောက်ခံလိုက်သည်။

ဖုန်းယွီက ခေါင်းခါလိုက်ပြီး

“ဒါက နှစ်ဦးနှစ်ဖက်အတွက် အကျိုးအမြတ် ရှိစေတယ် အစ်ကိုသိလား။ တန်ဖိုး နားလည်လား အစ်ကို။ ကျွန်တော်တို့ ဒီငွေတွေကို ကိုယ့်လက်နဲ့ အပြည့်အဝအသုံးချနိုင်ရင် အရာအားလုံးက အဆင်ပြေပြေနဲ့ ချောမွေ့လိမ့်မယ်။ ဉပမာပြောရရင် ကျွန်တော်တို့ ၁ယွမ်ကို ၁၁ယမ် နဲ့ ရနိုင်တယ်။ အခု ကျွန်တော်တို့တွေက ၁ယွမ်ရဖို့အတွက် ၁၁၉ယွမ် အသုံးပြုရမယ်။ အဲ့နည်းလမ်းက အကိုကို များစွာတဲ့ ငွေတိုက်စာချုပ် ပမာဏကို စုဆောင်းနိုင်လိမ့်မယ်။ အဲ့ဒီကနေရမဲ့ ကျွန်တော်တို့ရဲ့ အမြတ်ကို အကို တွေးသာကြည့်လိုက်ပါလား။”

လီရှစ်ချင်က ခေါင်းကုတ်လိုက်သည်။ အကြောင်းအရာ ရှိပုံပေါ်သည်။ သို့သော် ဖုန်းယွီ၏ ပြောပုံအရဆို မတူညီသည့် နေရာနှစ်ရာတွင် ငွေတိုက်စာချုပ် ဝယ်ယူခြင်းနှင့် ရောင်းချခြင်းက အရမ်း ယုံကြည်ရသည့် အရာမဟုတ်ပေ။ ၄၀၀ယွမ်ထက်နည်းပြီး သူ့အနေနှင့် အလုပ်ကြိုးစားရမည်ဖြစ်ပြီး အိမ်ကနေလည်း အလုပ်လုပ်ရန်အတွက် ထွက်ရန် လိုအပ်သည်။ ထိုအရာက သိပ်တော့ ထိရောက်မှု မရှိပေ။

လီရှစ်ချင်တွင် အခက်အခဲ များစွာ ရှိမှန်း ဖုန်းယွီပြောနိုင်ပေသည်။ သူသည် ဘဏ်များ ဖုန်းနံပါတ် ရေးထားသည့် စာရွက်ကို ဝေ့ပြပြီး ပြောလိုက်သည်။

“ဘင်းမြို့တော်မှာ မကြာခင် ငွေတိုက်စာချုပ် ရောင်းဝယ်ကုန်သွယ်ရေး စတော့မယ်။ ဘင်းမြို့တော်မှာ ငွေတိုက်စာချုပ် စပြီး ရောင်းဝယ်ကုန်သွယ်လို့ ရတာနဲ့ အကို ကျွန်တော်ပြောသလို ဈေးခေါ်ရမယ် အစ်ကို နားလည်မှာပါ။”

တစ်ဖန် ဖုန်းယွီသည် သန်းခေါင်မတိုင်အထိ စောင့်ပြီး လီရှစ်ချင်သည် တခြားတစ်ဝက်တွင် ငွေများကို စောင့်ရှောက်တော့သည်။ ဖုန်းယွီ နိုးလာသည့်အခါ သူတို့ ထွက်ခွာရမည့် အချိန်ကို ရောက်လာတော့သည်။

ဖုန်းယွီသည် ကျောင်းကို ပြန်ရန်အတွက် ဘတ်စ်ကား မစီးတော့ပေ။ လီရှစ်ချင်က ဖုန်းယွီကို စာတိုက်ရုံးကားနှင့် ကားကြုံစီးစေလိုက်ပြီး နေ့လည်မတိုင်မီ ကျောင်းကို ရောက်သွားတော့သည်။

ကျောင်းကို ပြန်ရောက်ပြီးနောက် ဆရာစွန်းက ဖုန်းယွီ၏ ဆွေမျိုးအကြောင်း မေးသည်။ ဖုန်းယွီက သူ၏ ဆွေမျိုးသည် နေပြန်ကောင်းပြီ ဖြစ်သည့်အတွက် သူ ပြန်လာခဲ့ကြောင်း ပြောလိုက်သည်။

နောက်ရက်များတွင် ဖုန်းယွီ အတန်းပြန်တက်တော့သည်။ အတန်းပြီးနောက် သူသည် ကျောင်းကို ပြန်လာပြီး လီနကို သူ့၏ စာလေ့လာရန် အကူအညီပေးရန် တောင်းဆိုခဲသည်။ သူသည်လည်း လီနကို ရှရှားဘာသာစကား ရှင်းပြလေသည်။

တစ်ပတ်ကြာပြီးနောက် ဘင်းမြို့တော်တွင် ငွေတိုက်စာချုပ်များကို ရောင်းဝယ်ကုန်သွယ်ခွင့် ပေးတော့၏။ လီရှစ်ချင်သည် ဖုန်းယွီပြောတာကို သတိရပြီး ရှန်းမြို့တော်ရှိ တရုတ်ပြည်ဘဏ်ကို ဖုန်းဆက်တော့သည်။

“ဟဲလို။ လက်ရှိ ငွေတိုက်စာချုပ်ဈေး သိချင်လို့ပါ။ ဘယ်လောက်လို့ ပြောလိုက်တာလဲ။”

လီရှစ်ချင် မျက်လုံးများ ပြူးသွားပြီး သူ့အသက်ရှူသံက မြန်လာတော့သည်။

သူသည် သူ့နားကိုတောင် မယုံနိုင် ဖြစ်နေပြီး စာရွက်ပေါ်တွင် ရှိသည့် နံပါတ်များကို စခေါ်တော့သည်။

ဈေးက အတော်လေး မြင့်လာသည်ပင်။

ရှန်းမြို့တော်၏ ၁၀၀ယွမ် ငွေတိုက်စာချုပ် တန်ဖိုးက ၁၀၀.၅ယွမ် ဖြစ်လာတော့သည်။ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ဈေးတက်မှုသည် အလွန်မြန်ဆန်၏။

သူသည် ၂၀၀,၀၀၀ယွမ် တန်ဖိုးရှိ ငွေတိုက်စာချုပ်များကို ရှန်းမြို့တော်တွင် ရောင်းချပါက ခရီးတစ်ခေါက်အတွက် ၁,၀၀၀ယွမ် ရမည်ဖြစ်သည်။ ထိုစီးပွားရေးက ပိုလွယ်ကူပြီး ငွေကြေးတန်ဖိုးနည်းသည့် ငွေတိုက်စာချုပ်များ စုဆောင်းရေး နည်းလမ်းနှင့် တန်ဖိုးမြင့် ငွေတိုက်စာချုပ်များ စုဆောင်းခြင်းကို နှိုင်းယှဉ်ပါက ပိုမို မြန်ဆန်ပေသည်။

လီရှစ်ချင်သည် ချက်ချင်းပင် သူ့အလုပ်မှ ထွက်ခဲ့ပြီး သူ့ရဲ့ ငွေအားလုံးကို ယူခဲ့ကာ အနီးနားရှိ

အိုင်စီဘီစီ(စက်မှုနှင့် စီးပွားရေးဘဏ်)ကို သွားလိုက်သည်။ ကောင်တာတွင် လီရှစ်ချင်က အသားကုန်အော်လိုက်သည်။

“ငါဒီကို ငွေတိုက်စာချုပ်တွေ ဝယ်ဖို့ရောက်လာတာ။ ငါငွေတိုက်စာချုပ်တွေ ရှိသလောက်ဝယ်မယ်”

“လူလေး။ ငါတို့ဆီ ငွေတိုက်စာချုပ် ဘယ်လောက်များများရှိလဲ သိလို့လား။ ၁၀၀,၀၀၀ဖိုးလောက် ရှိတဲ့ ငွေတိုက်စာချုပ်တွေ။ မင်းဘယ်လိုချင်တာလဲ။ မင်းဘယ်လောက်ဖိုး ဝယ်ချင်တာလဲ။”

ဘဏ်မန်နေဂျာက ပြောလိုက်သည်။ သူတို့တွင် ငွေရှိသည် ဖြစ်သည့်အတွက် အခြားသူများအပေါ် အထက်စီးဆန်ဆန်ဖြင့် ကြည့်သည်။

လီရှစ်ချင်သည် ဘဏ်မန်နေဂျာနှင့် ငြင်းခုန်မနေတော့ဘဲ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ငါ ၁၀၀,၀၀၀ယွမ်ငွေတိုက်စာချုပ် အကုန်လုံးငါဝယ်မယ်။”

“မင်းဘာပြောလိုက်တယ်။”

မန်နေဂျာသည်လည်း တုန်လုပ်သွားသည့်အတွက် ထခုန်လိုက်တော့သည်။ သူသည် ကော်ဖီခွက်ကို ကိုင်ထားသည်။ ကော်ဖီများက သူ့လက်ပေါ် ကျသော်လည်း သူသည် ဘာမှ ခံစားရဟန် မတူချေ။

“ကျွန်တော် ကျွန်တော် အကုန်လုံး လိုချင်တယ်။”

လီရှစ်ချင်သည် ကောင်တာကို ရိုက်ချလိုက်ပြီး ကောင်တာပေါ်တွင် သူ့ကျောပိုးအိတ်ကို တင်လိုက်သည်။

လူတိုင်းက လီရှစ်ချင်ကို လှည့်ကြည့်လိုက်ကြသည်။ ဒီကောင်လေးက ၁၀၀,၀၀၀ယွမ်ကို သူနဲ့ တကယ်အတူ ယူလာတာလား။

လီရှစ်ချင်သည် ၁၀၀ယွမ်တန် ငွေစက္ကူဆယ်ထုတ်ကို ထုတ်လိုက်သည့် အခါ ဘဏ်ထဲရှိ လူများအားလုံးက သူ့ကို အတွေးများစွာဖြင့် စိုက်ကြည့်ကြတော့၏။ တချို့က အားကျသည်၊ တချို့က မနာလိုကြပြီး တချို့က သံသရမကင်းကြည့်နေကြသည်။

“ကောင်တာတွေကို ပိတ်ပြီး ဒီကိုလာပြီး ပိုက်ဆံ လာကူရေကြ”

မန်နေဂျာက ပြောလိုက်သည်။

ထိုခေတ်တွင် ဘဏ်များတွင် ငွေရေစက်များ ရှိသော်လည်း မတိကျပေ။ ထို့အတွက် ဘဏ်အများစုက ပုံမှန်အတိုင်း လက်ဖြင့် ငွေရေကြသည်။

တခြားကောင်တာတွေ လူတန်းရှည်ကြီး ရှိနေသည်။ လီရှစ်ချင်၏ ကောင်တာတွင်တော့ ဘဏ်ဝန်ထမ်းများက ငွေများကို ရေတွက်ရင်း အလုပ်ရှုပ်နေကြသည်။ ဘဏ်မန်နေဂျာကပင် ထိုနေရာနားတွင် ရှိနေသည်။ မန်နေဂျာသည် လီရှစ်ချင်ကို စီးကရက် ကမ်းပေးကာ မီးညှိပေးလိုက်သည်။

“လူငယ်လေး။ မင်းဘာ အလုပ်လုပ်တာလဲ။”

ဘဏ်မန်နေဂျာက ပြုံးကာမေးလိုက်သည်။

လီရှစ်ချင်က သူ့ကို သတိနှင့် ကြည့်လိုက်ကာ
“ကျွန်တော်က သားရေနဲ့ပတ်သတ်တဲ့ ကုန်ပစ္စည်း လုပ်ငန်းမှာ လုပ်ပါတယ်။ ကျွန်တော်မှာ ပိုက်ဆံ အများကြီး ရှိတယ်လေ ပြီးတော့ ကျွန်တော် ကျွန်တော်ရဲ့ တိုင်းပြည်ကို ကူညီချင်လို့ပါ။ ဒါကြောင့် ကျွန်တော် ဒီ ငွေတိုက်စာချုပ်တွေကို ဝယ်တာပါ။”

လယ်သာ ပစ္စည်းများကနေ ငွေရှာခြင်းသည် ထိုလူငယ်က တောင်ပိုင်းမှ ဖြစ်ပေမည်။ ဒီလူငယ်က တောင်ဘက်မှ ဒီကိုလာသာ ဖြစ်မည်ပင်။ ဘဏ်မန်နေဂျာက လီရှစ်ချင်ကို ဂရုတစိုက်ကြည့်လိုက်ပြီး တွေးလိုက်သည်။

“ဒီ လူငယ်လေးက တကယ်ကို ကံကောင်းတာပဲ။”
၁၀မိနစ်ကြာပြီးနောက် ငွေရေတွက်ချင်းက ပြီးဆုံးသွားပြီ ဖြစ်သည်။ လီရှစ်ချင်သည် ငွေတိုက်စာချုပ်များကို စစ်ဆေးပြီး ကျောပိုးအိတ်ထဲ ထည့်လိုက်၏။

သူသည် ယွမ်၂၀၀,၀၀၀ကို သူနှင့်အတူ ယူခဲ့ပြီး သူသည် ဤနေရာတွင် ငွေတိုက်စာချုပ် ၁၀၀,၀၀၀ဖိုးသာ ဝယ်ခဲ့သည်။ သူသည် ငွေတိုက်စာချုပ်များကို ဝယ်ရန်အတွက် အခြားဘဏ်ကို ထပ်ရှာရဦးပေမည်။

သူသည် အခြားဘဏ်တစ်ခုကို သွားသည့် အချိန်တွင်လည်း လီရှစ်ချင်ကို စိတ်ဝင်စားမှု အပြည့်ဖြင့် ကြည့်နေကြပြီး လူများက သူကို အားကျစိတ် နှင့် မနာလိုစိတ်များဖြင့် ကြည့်နေကြသည်။

လီရှစ်ချင်သည် ရှန်းမြို့တော်ကို ညရထားစီးကာ တစ်ယောက်တည်း သွားတော့သည်။ သူသည် ဖုန်းယွီ၏ လမ်းညွှန်ချက်အတိုင်း အထက်တန်း ရထားလက်မှတ်ကို ဝယ်လိုက်သည်။ အထက်တန်းတွင် ခိုးရန် မလွယ်ကူသည့်အပြင် သူခိုးလည်း ရှားသည့်အတွက် ဖြစ်သည်။

သို့သော်လည်း ထိုအတွဲတွင် လူက အနည်းငယ်များသည်။ လီရှစ်ချင်သည် အိပ်ချင်စိတ်ကို ထိန်းသော်လည်း သန်ခေါင်ယံတွင် အိပ်ပျော်သွားတော့သည်။

သူ့ကို ရထားတွဲစောင့်က နှိုးလိုက်သည့် အခါမှ လန့်ဖျပ်သွားသည်။ သူ့လက်ထဲရှိ အိတ်ကို မြင်ပြီး အမြန် စစ်ဆေးကြည့်လိုက်သည်။ သူသည် ငွေတိုက်စာချုပ်များကို တွေ့သည့်အခါမှသာ သက်ပြင်းချနိုင်တော့သည်။

တစ်ဖန် လီရှစ်ချင်သည် ၂၀၀,၀၀၀ယွမ် ငွေတိုက်စာချုပ်များကို ရောင်းချပြီးနောက် သူသည် ပေါက်စီ အနည်းငယ်ကို ဝယ်ပြီး ဘူတာရုံကို အမြန်သွားတောသည်။ သူသည် ဘူတာရုံ ရောက်ရောက်ချင်း ရထားပေါ်ကို ပြန်တက်လိုက်သည်။ တစ်မိနစ်တောင် နားချိန်မရပေ။

သူ ဘင်းမြို့တော်ကို ပြန်ရောက်သည့်အခါ ညနေစောင်းနေပြီ ဖြစ်သည်။ ဘူတာရုံတွင် လီရှစ်ချင်က ကျောင်းတွင်ရှိသည့် ဖုန်းယွီကို ဖုန်းခေါ်လိုက်သည်။ ၁၀မိနစ်ကြာပြီးနောက် ဖုန်းယွီက ပြန်ခေါ်သည်။ လီရှစ်ချင်သည် စိတ်လှုပ်ရှားလျက် အော်လိုက်သည်။

“ရှောင်ယွီ ၁၀၀ယွမ်က ၁၀၀ယွမ်နဲ့ ငါးကျောက် ဖြစ်သွားပြီ။ ဒီခရီးမှာ အစ်ကိုတို့ ၉၀၀ယွမ် နီးပါး ရခဲ့သည်။ အစ်ကိုတို့ ချမ်းသာတော့မယ်”
ဖုန်းယွီက တည်ငြိမ်သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

“စိတ်လျော့အစ်ကိုလီ။ ဒီပမာဏက နည်းနည်းလေး ရှိသေးတယ်။ အနာဂတ်ကျ ဒီထက် များလာတော့မယ်”

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset