အခန်း ၂၀
ဈေးမြင့်လာပြီ
ဖုန်းယွီနှင့် သူ့အစ်မက နေ့လည်စာ အတူတူ စားကြသည်။ နေ့လည်ခင်းတွင် သူတို့ ဘဏ်ကိုသွားပြီး ငွေတိုက်စာချုပ်ဈေးအကြောင်း သွားစုံစမ်း၏။ ငွေတိုက်စာချုပ်၏ ရောင်းဈေးသည် မူရင်းဈေးအတိုင်း ရှိနေဆဲ ဖြစ်သည်။ ၁၀၀ယွမ်တန် ငွေတိုက်စာချုပ်ကို ၁၀၀ယွမ်ပေးရသည်။
ညစာစားပြီးနောက် ဖုန်းယွီနှင့် လီရှစ်ချင်သည် မီးရထားဘူတာရုံကို သွားခဲ့ကြသည်။ သူတို့၏ အိတ်များသည် ငွေတိုက်စာချုပ်များဖြင့် ပြည့်နေသည်။
ဖုန်းယွီသည် သူစောင့်ကြည့်နေစဉ် လီရှစ်ချင်ကို အရင် အိပ်ခိုင်းလိုက်သည်။ ဖုန်းယွီ အိပ်ချင်စိတ် ထိန်းမရသည့် အခါမှ သူသည် လီရှစ်ချင်ကို နှိုးလိုက်ပြီး အိပ်လိုက်၏။
ရလဒ်အနေနှင့် ဖုန်းယွီသည် မနက်မိုးသောက်အထိ အိပ်တော့သည်။ တဖက်တွင် လီရှစ်ချင်က ဆေးလိပ်ကို ခုနှစ်နာရီ သောက်ခဲ့ပြီး သူက ရေအိမ်မသွားချင်သည့်အတွက် ရေတစ်စက်တောင် မသောက်ခဲ့ပေ။
“အစ်ကိုလီ ဘာကြောင့် ကျွန်တော်ကို မနိုးတာလဲ”
ဖုန်းယွီက မေးလိုက်သည်။
“ကိစ္စမရှိဘူး။ မင်းထပ်အိပ်ချင်ရင် အိပ်လို့ရသေးတယ်။ ဘာပဲ ဖြစ်ဖြစ် ငါလည်း မအိပ်နိုင်ဘူး။”
လီရှစ်ချင်က မျက်လုံးနီနီဖြင့် ပြောလိုက်သည်။ သူ၏ အိတ်များထဲ ၂၀၀,၀၀၀ယွမ် တန်ဖိုးရှိ ငွေတိုက်စာချုပ်များ ရှိနေသည့်အတွက် သူဘယ်လိုလုပ် အိပ်ရဲမည်နည်း။
မနက်ရှစ်နာရီထိုးတွင် သူတို့နှစ်ယောက်က အိုင်စီဘီစီဘဏ်(တရုတ်စက်မှုနှင့် စီးပွားရေးဘဏ်)၏ မိန်းတံခါးကို ရောက်သွားကြသည်။ သူတို့နှစ်ယောက် ကျောပိုးအိတ် တစ်အိတ်ဆီ သယ်လာသည်ကို မြင်ပြီး လုံခြုံရေးဝန်ထမ်းက သူတို့ကို ကြည့်နေလေသည်။
“ရဲဘော်။ ဒီမှာ ငွေတိုက်စာချုပ်တွေ ဝယ်လား။”
ဖုန်းယွီက မေးလိုက်သည်။
ဘဏ်ဝန်ထမ်းက ဖုန်းယွီက ထူးဆန်းစွာ ကြည့်လိုက်သည်။ ရှန်းမြို့တော်သည် ငွေတိုက်စာချုပ်ကို ပထမဆုံး တရားဝင် တဆင့် ပြန်ရောင်းကုန်သွယ်ခွင့်ပြုသည့် မြို့တော် ဖြစ်သည်။ ဘဏ်များသည် ဦးစွာ သတင်းရရှိပြီး ဖြစ်သည့်အတွက် သူတို့သည် ငွေတိုက်စာချုပ် ရောင်းဝယ်ကုန်သွယ်ရေး အတွက် အဆင်သင့် ပြင်ထားပြီ ဖြစ်သည်။ သို့သော် သူတို့အနေဖြင့် သူတို့၏ ပထမဆုံး ဝန်ဆောင်မှု ပေးရမည့် သူက ဒီလူငယ်လေးလို့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
“သေချာတာပေါ့။ ဦးလေးတို့တွေ ငွေတိုက်စာချုပ် ရောင်းချဖို့အတွက် ညွှန်ကြားချက် ရထားပြီးပြီ။”
ဘဏ်ဝန်ထမ်းက ပြန်ဖြေလေသည်။
“၁၀၀ယွမ် ငွေတိုက်စာချုပ်ရဲ့ ဈေးက ဘယ်လောက်လဲ”
ဖုန်းယွီက ကဗျာကယာဖြင့် မေးလိုက်သညသ်။
ချက်
ဖုန်းယွီက သူ၏ နှလုံးခုန်သံကိုတောင် ကြားနေပုံရသည်။
‘ဘယ်လို ဖြစ်နိုင်တာလဲ။ ငွေတိုက်စာချုပ်ရဲ့ ဈေးနှုန်းက မတက်သေးဘူးလား။ ပထမဆုံး ငွေတိုက်စာချုပ်တွေကို ရောင်းတဲ့ မြို့တောင် ဘာကြောင့် ငွေတိုက်စာချုပ် ဈေးက မတက်သေးတာလဲ။’
“၅၀၀ယွမ်၊ ၁,၀၀၀ယွမ်နဲ့ ၅,၀၀၀ယွမ် အတွက်ကကော ဈေးက ဘယ်လောက်လဲ”
ဖုန်းယွီက ထပ်မေးလိုက်သည်။
“ယွမ် ၅၀၀တန်စာချုပ်အတွက် ယွမ်၅၀၀ပဲ။ ၁၀၀၀ယွမ် စာချုပ်အတွက် ၁၀၀၀ယွမ်ပဲ။ အခုတော့ ၅၀၀၀တန် ငွေတိုက်စာချုပ် မရှိသေးဘူး။
ဘဏ်ဝန်ထမ်းက ဖုန်းယွီကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေသည်ဟု ခံစားလိုက်ရသည်။ ဖုန်းယွီသည် ကုလားထိုင်ပေါ်တွင် စိတ်ဓာတ်ကျကာ ထိုင်ချလိုက်တော့သည်။ သူ တစ်ခုခုများ မှားမှတ်ခဲ့သည်လား။ သို့မဟုတ် သူ့ရဲ့ ယခုဘဝကို ရောက်လာခြင်းသည် သမိုင်းကြောင်းအား သူ့၏ မူလလမ်းကြောင်းမှ သွေဖယ်သွားခဲ့သည်လား။
“ရှောင်ယွီ။ အဆင်ပြေပါတယ်။ တကယ်လို့ အစ်ကိုတို့ ဘဏ်မှာ ရောင်းလို့ မရရင်တောင် အစ်ကိုတို့တွေ ဒီငွေတိုက်စာချုပ်တွေကနေ အမြတ်ရအောင် လုပ်လို့ ရပါတယ်။ အကို စစ်ဆေးကြည့်ပြီးပြီ။ စာချုပ်အများစုက နှစ်နှစ် သုံးနှစ်အတွင်း သက်တမ်းပြည့်တော့မှာ။”
လီရှစ်ချင်က ဖုန်းယွီ၏ နောက်ကျောကို လက်ဖြင့် အသာအယာ ပုတ်ကာ နှစ်သိမ်လိုက်သည်။
“အစ်ကိုလီ ဘဏ်ရဲ့ ဖုန်းနံပါတ်ကို မှတ်ထားလိုက်။ ကျွန်တော်တို့ စီစီဘီ(တရုတ် ဆောက်လုပ်ရေးဘဏ်)ကို သွားကြမယ်”
ဖုန်းယွီက ပြောလိုက်သည်။
ဖုန်းယွီသည် ထိုအကြောင်းအရာကို လက်မခံချင်သေးပေ။ ဘဏ်များအကြားတွင် ဈေးနှုန်းကွာဟချက်ကတော့ သေချာပေါက် ရှိမည်ပင်။ သူက ဈေးနှုန်းများသည် ယခုဘဏ်ထက် နည်းမည်ဆိုသည့်အချက်ကို မယုံကြည်ပေ။
သို့သော် တရုတ်ဆောက်လုပ်ရေးဘဏ်ကို သွားပြီးနောက် သူတို့ ပြန်ရသည့် အဖြေက အတူတူပင် ဖြစ်သည်။
သူတို့ ဘဏ်ရဲ့ ဖုန်းနံပါတ်ကို မှတ်လိုက်ပြီးနောက် သူတို့ တခြားဘဏ်ကို ဆက်သွားတော့သည်။
ယခုနှစ်သည် တရုတ်ပြည်က စီးပွားရေး ဘဏ်များ၏ တိုးတက်မှုအပေါ်တွင် အာရုံစိုက်နေပြီ ဖြစ်သည်။ ထပ်ပြောရလျှင် ထိပ်တန်းဘဏ် လေးခု(တရုတ် စက်မှုနှင့် စီးပွားရေးဘဏ်၊ တရုတ်ပြည်ဘဏ်၊ တရုတ် ဆောက်လုပ်ရေးဘဏ်နှင့် တရုတ် စိုက်ပျိုးရေးဘဏ်)အပြင် ဆက်သွယ်ရေးဘဏ်၊ တရုတ်ကုန်သည်ကြီးများဘဏ်၊ အဲဗားဘရိုက်ဘဏ် အစရှိသည့် ဘဏ်များကလည်း မြို့ပေါင်းများစွာတွင် ဘဏ်ခွဲများဖွင့်လှစ်ထားသည်။
ဖုန်းယွီသည် လူကိုယ်တိုင် ငွေတိုက်စာချုပ် ဈေးနှုန်းကို စုံးစမ်းရန်အတွက် ဘဏ်တိုင်းကို သွားခဲ့သည်။
သို့သော် ဘဏ်များ၏ ငွေတိုက်စာချုပ် ဈေးနှုန်းက အတူတူပင် ဖြစ်သည်။ ငွေတိုက်စာချုပ်ဈေးနှုန်းများက မူရင်းဈေးအတိုင်း ရှိနေကြဆဲ ဖြစ်၏။
“အကိုလီ ကျွန်တော့်ကို စီးကရက် တစ်လိပ်ပေး”
ဖုန်းယွီက ပြောလိုက်သည်။
“မေ့လိုက်တော့ ရှောင်ယွီ။ ပြန်ကြရအောင်။ အစ်ကိုတို့ ဒိနေ့ တက္ကစီခ တော်တော်လေး ကုန်နေပြီ။ အနာဂတ်မှာတော့ ဈေးနှုန်းက မြင့်လာမှာပါ။”
လီရှစ်ချင်က ဖုန်းယွီကို နှစ်သက်လိုက်သည်။
သိုသော် ဖုန်းယွီသည် အာရုံစူးစိုက်မှု ပျောက်ဆုံးနေပုံရသည်။ သူသည် သူ၏ မှတ်သည့် အချက်ကမှားခဲ့သလား သို့မဟုတ် သမိုင်းကြောင်း ပြောင်းသွားသလားဆိုသည်ကို တွေးနေဆဲ ဖြစ်သည်။ ထိုလူက သူ၏ ဘဝတွင် ငွေတိုက်စာချုပ်ကို ဘယ်လို စတင်ပြီး ပိုက်ဆံရှာသည်ဆိုသည်ကို သူလုံးဝ မမှတ်မိတော့ပေ။ သူမှတ်မိသည့် အရာက မြို့တော် ခုနှစ်မြို့တွင် ငွေတိုက်စာချုပ် စတင် ရောင်းချ ကုန်သွယ်ခွင့် ပေးသည့် အချက်ပင် ဖြစ်သည်။
သူလုပ်ဆောင်ခဲ့သည့် အရာများက စောနေသလား။ ငွေတိုက်စာချုပ် ဝယ်လိုအားက နည်းလွန်းနေသေး၍ ဈေးက မမြင့်သေးသည်လား။
ထို့နောက် လူများစွာက ဘဏ်ကို ကားနှင့် ဘဏ်များကို ရောက်လာကြတော့သည်။
“ကျွန်တော် ပြောတယ်မလား။ ငွေတိုက်စာချုပ် ဝယ်ယူတာက ဘဏ်မှာ ငွေစုတာထက် ပိုကောင်းပါတယ်လို့။ ပေးရတဲ့ ငွေက အတူတူပဲ ဒါပေမဲ့ ငွေတိုက်စာချုပ်က ပိုပြီး အတိုးရတယ်။ ဒါ့အပြင်ကို ငွေတိုက်စာချုပ်တွေက နိုင်ငံတော် တည်ဆောက်တာကိုလည်း များစွာ အထောက်အပံ့ပေးတယ်။”
လူကြီးတစ်ယောက်က ပြောလိုက်သည်။
“ဒါပေမဲ့ ဒီငွေတိုက်စာချုပ်တွေက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ရောင်းကုန်သွားပြီမလား။ အစိုးရက ငွေတိုက်စာချုပ်ကို ထပ်ထုပ်ပေးဦးမှာတဲ့လား။”
တခြား လူကြီးတစ်ယောက်က မေးလိုက်သည်။
“မသိဘူး။ ငါ့သားဒီမှာလုပ်နေတာ မင်းမေ့သွားပြီလား။ ညွှန်ကြားချက်တွေ အရဆို ငွေတိုက်စာချုပ်တွေကို စတင် ကုန်သွယ်ခွင့် ပေးလိုက်ပြီ။ ဆိုလိုတာက မင်းက ပိုက်ဆံ သုံးဖို့ လိုအပ်တယ်ဆိုရင် မင်း ငွေတိုက်စာချုပ်တွေကို ဘဏ်ကိုယူလာပြီး သူတို့ကို ရောင်းလို့ရတယ်။ အရမ်းကို အဆင်ပြေတယ်။ မင်းအဲ့အကြောင်းကို စဉ်းစားကြည့်လိုက်။ ပိုက်ဆံ လိုအပ်တဲ့ သူတွေက ဒီကို လာပြီး ရောင်းမယ်။ ငါတို့တွေက ဒီငွေတိုက်စာချုပ်တွေကို ဝယ်နိုင်မယ်။ ပိုအရေးကြီးတာက မင်းက အကြာကြီး စောင့်စရာ မလိုတော့ဘူး ပြီးတော့ မင်းက ငါးနှစ်အတွက် အတိုးကို နှစ်နှစ် သုံးနှစ်အတွင်း ရမှာ”
ပထမလူက ပြောလိုက်သည်။
ဖုန်းယွီ မျက်လုံများက ထိုလူများနောက်ကို လိုက်နေတော့သည်။ ထိုလူများက သတင်းကြားသည့်အတွက် ငွေတိုက်စာချုပ်များ ရောင်းရန်အတွက် ဘဏ်ကို ရောက်လာကြခြင်း ဖြစ်သည်။
သူတို့သည် ဝယ်ယူသူ ဖြစ်ကတည်းက ငွေတိုက်စာချုပ်များ၏ ဈေးနှုန်းသည် အတက်အကျ ရှိလိမ့်မည်။ အကယ်၍ ပိုလျှံရောင်းအား ဖြစ်လျှင် ဈေးက ပြောင်းလဲမည် မဟုတ်ပေ။ သို့သော် ဝယ်လိုအားက များမည်ဆိုပါက ဘယ်လို ဖြစ်လာမည်နည်း။”
“အစ်ကိုလီ ကျွန်တော်တို့ နေ့လည်စာ အရင်သွားစားရအောင် ပြီးမှ ပြန်လာမယ်”
ဖုန်းယွီက ပြောလိုက်သည်။
လီရှစ်ချင်သည် သက်ခုခု ပြောချင်သော်လည်း သက်ပြင်းချကာ
‘ဘာကြောင့် ဒီကလေး ဒီလောက်တောင် ခေါင်းမာနေတာလဲ။ ဒါက ကျောင်းဆရာအတွက်တော့ သာမန်ပဲ ဘာမှားစရာ ရှိလဲ။ လျတ်လျားလုပ်တဲ့ လူငယ်တွေကို ခန့်ပြီး ငွေတိုက်စာချုပ်တွေ စုဆောင်းတာက သူတို့အတွက် တစ်လတွင် အနည်းငယ် ပိုက်ဆံ ရနေဆဲပင်”
လီရှစ်ချင်က သူ့ဘာသာသူ တွေးလိုက်သည်။
လီရှစ်ချင်က စားချင်စိတ် မရှိပေ။ သို့သော် ဖုန်းယွီသည် ထမင်းပန်းကန်လုံး သုံးလုံးပြောင်အောင် စားလိုက်သည်။
ဖုန်းယွီ ယခုဟာသ လုပ်နေသည်ဟု လီရှစ်ချင်တွေးနေသည်။ နေ့လည်စာ စားပြီးနောက် ဖုန်းယွီသည် ဘဏ်များဆီ ဈေးနှုန်းစုံစမ်းရန် ပြန်သွားလိုက်သည်။ သို့သော် ငွေတိုက်စာချုပ်က မူရင်းဈေးအတိုင်း ရှိနေဆဲ ဖြစ်သည်။
ယခုအခေါက်တွင် ဖုန်းယွီ၏ မျက်လုံးထဲတွင် စိတ်ပျက်ခြင်း အရိပ်အယောင် တစ်စွန်းတစ်စမျှ မရှိတော့ပေ။ မျက်လုံးထဲတွင် ယုံကြည်ချက်များ ပြန်ဝင်လာတော့သည်။
တယ်လီဖုန်းရှိသည့် ဆိုင်ငယ်လေး တစ်ဆိုင်ကို သူတို့ တွေ့သွားပြီး ဖုန်းယွီသည် ဘဏ်များစွာကို ငွေတိုက်စာချုပ်ဈေးနှုန်းများကိုဖုန်းခေါ်ပြီး မေးတော့သည်။
“ရှောင်ယွီ မေ့လိုက်တော့။ ပြန်ကြရအောင်”
လီရှစ်ချင်သည် ဖုန်းယွီကို နားချရသည်မှာ ပင်ပန်းလာတော့သည်။
“ခဏလောက် ထပ်စောင့်ပေးပါ”
ဖုန်းယွီက ပြန်ပြောလိုက်သည်။
နောက်ဆုံး အကြိမ်ရောက်သည့်တိုင် ဖုန်းယွီက အရှုံးမပေးသေးပေ။
“ရှောင်ယွီ။ အစ်ကိုတို့တွေ တရုတ်ပြည်ဘဏ်ကို သွားတာ တစ်နေ့ထဲကို နှစ်ကြိမ်ရှိပြီ။ ငွေတိုက်စာချုပ်ရဲ့ ဈေးနှုန်းတွေကလည်း မူရင်းဈေးအတိုင်းပဲ ရှိသေးတယ်။”
လီရှစ်ချင်က ပြောလိုက်သည်။
ဖုန်းယွီသည် သူ့ခေါင်းခါလိုက်ပြီး စာရွက်ပေါ်ရှိ နောက်ဆုံး ဖုန်းနံပါတ်ကို ရိုက်ထည့်လိုက်သည်။ ဘဏ်များက နောက်တစ်နာရီအကြာတွင် ပိတ်တော့မည် ဖြစ်သည်။ ကျေးဇူးပြုပြီး ဈေးတက်ပေးပါ။ ကျေးဇူးပြုပြီး တက်ပေးပါ။
“အခု ငွေတိုက်စာချုပ်ဈေး တက်သွားပြီလား။ တစ်ရာတန် ငွေတိုက်စာချုပ်အတွက် ဘယ်လောက်လဲ”
ဖုန်းယွီက မေးလိုက်သည်။
လီရှစ်ချင်က သက်ပြင်းချကာ စီးကရက် တစ်လိပ် ထုတ်ပြီးနောက် မီးညှိလိုက်သည်။ ဖုန်းချလိုက်ပြီးနောက် သူသည် ဘင်းမြို့တော်ကို ပြန်ရန်အတွက် ရထားလက်မှတ်ကို ဝယ်ရပေမည်။
“ဘယ်လောက်လဲ။ ၁၀၀ယွမ် ၂ကျောက်လား။”
ဖုန်းယွီက မေးလိုက်သည်။
ဖုန်းချလိုက်ပြီးနောက် ဖုန်းယွီသည် လေထဲ ခုန်တက်လိုက်တော့သည်။
ဈေးက တကယ်တက်သွားပြီ။ တကယ်တက်သွားပြီ။
သူမျှော်လင့်ထားသည့် အတိုင်း ဖြစ်သွားပြီ ဖြစ်သည်။ ငွေတိုက်စာချုပ်က ရာခိုင်နှုန်း အနည်းငယ် တက်လာခဲ့သည်။ ထိုစာချုပ်များသည် ယခုမှ စတင်ရောင်းချ ကာစ ဖြစ်သည့်အတွက် ဖြစ်သည်။ ထို့အတွက် ဈေးက သိပ်မမြင့်သေးပေ။ အချိန် ကြာလာသည်နှင့်အမျှ ဈေးနှုန်းက မြင့်လာမှာ ဖြစ်၏။
“အစ်ကိုလီ၊ တရုတ်ပြည်ဘဏ်ကို သွားလိုက်ရအောင်”
ဖုန်းယွီက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြောလိုက်သည်။
တရုတ်ပြည်ဘဏ်သည် ငွေတိုက်စာချုပ် ဈေးနှုန်းများကို ပထမဆုံး ကိုက်ညှိသည့် ဘဏ် ဖြစ်သည်။ အကြောင်းမှာ ဝယ်လိုများများပြီး လာရောင်းသည့်သူ နည်းသည့် အတွက် ကြောင့် ဖြစ်သည်။ ဘဏ်ဝန်ထမ်းက သူတို့၏ အထက် အရာရှိကို အကြောင်းကြားပြီးနောက် သူတို့က အထက်အရာရှိကို ဈေးကွက်နှင့် လိုက်လျောညီထွေမှု ဖြစ်စေရန် ပြောလိုက်သည်။ ထို့အတွက် သူတို့သည် ဈေးနှုန်းကို မြင့်လိုက်ခြင်း ဖြစ်စည်။
ဖုန်းယွီသည် ၂၀၀,၀၀၀ယွမ် တန်ဖိုးရှိ ငွေတိုက်စာချုပ်များကို ထုတ်ပြလိုက်သည့်အခါ ဘဏ်ဝန်ထမ်းများက ကြက်သေသေသွားတော့သည်။ ထိုကလေးငယ်က ဒီလောက် ငွေတိုက်စာချုပ် အများကြီး ရှိတာလား။