အခန်း ၂၂
လီရှစ်ချင် အလုပ်ထွက်ချင်ပြီ
ဖုန်းယွီနှင့် လီနတို့သည့် ကျောင်းတွင် စာကြိုးစားသင်ယူနေချိန် လီရှစ်ချင် အိမ်တွင် မုန်တိုင်းထန်နေတော့သည်။
“မင်းဘာပြောလိုက်တာလဲ။ မင်းက အလုပ် ထွက်ချင်နေတာလား။ ကောင်စုတ်လေး။ မင်း အလုပ်ရဖို့အတွက် ငါ စာတိုက်ရုံးက မန်နေဂျာကို ဘယ်လောက်အထိ တောင်းဆိုထားရလဲ မင်းသိလား။ ငါ မန်နေဂျာကို လက်ဆောင်တွေ ပေးရတယ် သူတို့ကို ညစာတွေ ကျွေးရတယ်။ အခုတော့ မင်းက အလုပ်ထွက်ချင်နေတာလား”
လီရှစ်ချင်၏ အဖေက ဆူပူကြိမ်းမောင်းလိုက်သည်။ သူသည် တကယ်တော့ လီရှစ်ချင်ကို ပါးတစ်ချက် ချလိုက်ချင်သည်။
“အဖေ ကျွန်တော် ဒီလတွေ အတွင်းမှာ ကျွန်တော် ဘယ်လောက် များများ ရှာနိုင်သလဲ ဆိုတာ အဖေသိလား။ သိန်းချီတယ်။ ကျွန်တော် စာတိုက်ရုံးမှာ အလုပ်လုပ်တာ တစ်လကို ဘယ်လောက် ရမှာလဲ။ ယွမ် ၁၀၀တောင် မပြည့်ဘူး။ ကျွန်တော် တစ်လအတွင်း ရှာခဲ့တဲ့ ငွေပမာဏက စာတိုက်ရုံးမှာ နှစ်များစွာ လုပ်ရမဲ့ လုပ်ခ လစာနဲ့ အတူတူပဲ။ ဘာကြောင့် ကျွန်တော် စာတိုက်မှာ ဆက်လုပ်ရမှာလဲ။ ကျွန်တော် အလုပ်ကို ရက်နည်းနည်းပဲ ပျက်ရသေးတယ်။ ခေါင်းဆောင်က ကျွန်တော်ကို လူအများ အလည်မှာ ဆူပူတယ်။”
လီရှစ်ချင်က ပြောလိုက်သည်။
“ရက် နည်းနည်းလေး အလုပ်ပျက်တာလား။ မင်း အရင်လတုန်းက တစ်လလုံးနေမှ လေးရက်ပဲ တက်တာကို ငါမသိဘူး မထင်နဲ့နော်။ ဘယ်ခေါင်းဆောင်က ဒီလောက်အထိ စိတ်ရှည်မှာလဲ။ တကယ်လို့ ငါသာ မင်းခေါင်းဆောင်ဆိုရင် ငါမင်းကို အလုပ် ဖြတ်တာ ကြာပြီ။”
လီရှစ်ချင်၏ အဖေက ပြောသည်။
“ကောင်းပြီ။ ကျွန်တော်ကို ဖြုတ်လိုက်။ ကျွန်တော်လည်း အဲ့ဒီ စာတိုက်ရုံးမှာ အလုပ်လုပ်ချင်နေတာမှ မဟုတ်တာ။ အဲ့မှာ သာမန်နေ့စဉ်ဒူဝ အလုပ်တွေကို နေ့တိုင်း လုပ်နေရင် အနာဂတ် ရှိလာမှာ မဟုတ်ဘူး”
လီရှစ်ချင်က အော်လိုက်သည်.
“ရှစ်ချင်။ မင်းဘာလို့ ဒီလို ပြောနိုင်ရတာလဲ။ အလုပ်က ဘာမှားနေလို့လဲ။ အဲ့အလုပ်က မပင်ပန်းဘူး တည်ငြိမ်တယ်။ အနာဂတ်ကျ အစိုးရက အိမ်တွေကိုလည်း ချပေးဦးမှာ။”
လီရှစ်ချင်၏ အမေလည်း လီရှစ်ချင်ကို နှစ်သိမ့်လိုက်သည်။
“အမေ အိမ်အတွက်ကြောင့်လား။ ကျွန်တော် အခု အိမ်ဝယ်နိုင်နေပြီ။ ကျွန်တော်တို့တွေ ဒီတိုင်းပြည်ထဲက ဘယ်အိမ်မဆို ကျွန်တော်တို့ ဝယ်နိုင်ပြီ။ မြို့တော်မှာတောင် ဝယ်နိုင်နေပြီ”
လီရှစ်ချင်က ပြောလိုက်သည်။
“မင်း ဓားပြလုပ်ဖို့ စီစဉ်နေတာလာဂ။ မင်း ဘာကြောင့် ငါပြောတဲ့ စကားတွေကို သောက်ရေး မလုပ်တော့တာလဲ။”
လီရှစ်ချင်၏ အဖေက မေးလိုက်သည်။
“အဖေ ရှောင်ယီက လူတွေကို အနာဂတ်ကို ပဲ ကြည့်ဖို့ ပြောတယ်။ ကျွန်တော်တို့တွေ လုပ်ခဲ့တဲ့ အရာတွေအတွက် အသီးအပွင့်တွေ အလားအလာရှိတဲ့ အခွင့်အလမ်းတွေ မြင်နေရပြီ။ လူအများစုက ကျွန်တော်ရဲ့ စာတိုက်မှာ လုပ်နေတဲ့ အလုပ်ကို အားကျလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အိမ်အကြီးကြီတွေ၊ ကားတွေ ဝယ်နိုင်ရင် လူတွေကို ကျွန်တော်တို့ကို ပိုပြီးတောင် အားကျဦးမှာ။ အဲ့တာက ပိုပြီး အဓိပ္ပာယ်ရှိတယ်။”
လီရှစ်ချင်က ပြန်ပြောလိုက်သည်။
“အမှိုက်ကောင်။ မင်း ဘာတွေ လုပ်နေလဲ ဆိုတာ ငါသိတာပေါ့။ မင်းနေ့တိုင်း ရှန်းမြို့တော်ကို သွားပြီးတော့ ငွေတိုက်စာချုပ်တွေ နေ့တိုင်းရောင်းနေတာ။ မင်းက သွားပြီး ဈေးကစားနေရုံပဲ။”
“ဘာလဲ ကျွန်တော်က ပုံမှန် ရောင်းဝယ်တာကိုပဲ လုပ်ရုံပဲ။ ရှောင်ယွီ ပြောတယ်။ ဒါက နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုရှိတယ်။ ကျွန်တော်တို့တွေ ငွေိတိုက်စာချုပ်တွေကို လွတ်လွတ်လပ်လပ်နဲ့ ရောင်းဝယ်နေတာ ပြီတော့ ကျွန်တော်တို့ ငွေတိုက် စာချုပ်တွေအပေါ် အခွန်လည်း မပေးရဘူး။ အဖေ ဦးလေးကျောက်ရဲ့ ချွမ်ရှီကို သိလား။ သူဆို မနှစ်က ကာလာတီဗွီကို ဝယ်နိုင်ခဲ့တယ်။ အခု ကျွန်တော်တို့ တက်နိုင်နေပြီ။ ကျွန်တော်တို့ အဲ့ထက်ကြီးတဲ့ နိုင်ငံခြားကလာတဲ့ ပိုပြီး ကြီးတဲ့ ပိုပြီးကောင်းတဲ့ ကာလာတီဗွီကို တက်နိုင်ပြီ”
လီရှစ်ချင်က ပြောလိုက်သည်။
လီရှစ်ချင်သည် စကားပြောသည်တွင် ဖုန်းယွီကို ပါးစပ်ထဲက မချပေ။ လီရှစ်ချင်၏ နားထင်ရှိ သွေးကြောများက ပေါက်ထွက်တော့မည်ပင်။ အသက်နှစ်ဆယ် ဝန်းကျင်ရှိတဲ့ သူက ဆယ်ကျော်သက် သာသာသာရှိသည့် သူ၏ စကားကို နားထောင်နေတာလား။”
ထိုပြဿနာက မကြာမီအချိန်တွင် ဖုန်းမိသားစုကိုလည်း ပျံ့နှံ့သွားတော့သည်။ ဖုန်းရှင်းထိုက်သည် သူ၏ လယ်ထဲ မျိုးစေ့ချပြီးရုံ အချိန်တွင် ဖြစ်ပျက်ခဲ့သည်။ သူသည် ဖုန်းယွီကျောင်းကို သွားပြီး ဖုန်းယွီကို ခေါ်ကာ ဘင်းမြို့တော်ဆီ သူ့ကို ခေါ်ခဲ့သည်။ ဖုန်းရှင်းထိုက်သည် သူ၏ အနာဂတ် ခမည်းခမက်များက ဖုန်းယွီသည် လီရှစ်ချင်၏ ဝမ်းစာအလုပ်ကို ထွက်ရေးအတွက် လှုံ့ဆော်သူ တစ်ဦး ဖြစ်သည်ဟု ကြားခဲ့သည်။
“အဖေ ကျွန်တော် ဒီကိစ္စနဲ့ ဘာမှ မပတ်သတ်ပါဘူး။ ကျွန်တော် အစ်ကိုရှစ်ချင်ကို အလုပ် မထွက်ခိုင်းခဲ့ပါဘူး။”
ဖုန်းယွီက လေသံ နိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
တကယ်တမ်း ပြောရပါက လီရှစ်ချင်ကို သူ့ခေါင်းဆောင်က ဆူရသည့် အကြောင်းအရင်းသည် သူသည် အလုပ်မှ ပျက်ကွက်သည့် အတွက် ဖြစ်သည်။ သို့သော် ထိုအရာက ဖုန်းယွီ၏ အမှားဖြစ်ရခြင်းက သူက လီရှစ်ချင်ကို ရှန်းမြို့တော်ကို သွားလိုက် ပြန်လိုက် လုပ်ခိုင်းသည့် အတွက် ဖြစ်သည်။ သို့သော်လည်း ဖုန်းယွီသည် သူတစ်ပါးအတွက် ကြားကခံရသည့်သူ မဖြစ်ချင်ပေ။ ပြီတော့ သူသည် ဘယ်သောအခါမှ ထိုအရာသည့် သူ့အမှားဖြစ်ကြောင်း ဝန်ခံမည် မဟုတ်ပေ။
“ပါးစပ်ပိတ်လိုက်။ အဲ့ဒီကို ရောက်ရင် မင်းရဲ့ ဦးလေးလီကို တောင်းပန်ရမယ်။ ဦးလေးလီက ခေါင်းဆောင်ပဲ။ မင်း သူကားမောင်းတာ ပြီးတော့ ပိတ်ရက်တွေကျ သူ့ကို သူတွေ အများကြီးက လက်ဆောင်တွေ လာပေးကြတာ မင်း မြင်ဘူးလား။ မင်းရဲ့ အစ်ကိုလီလည်း သူ့အဖေရဲ့ ခြေရာအတိုင်း လိုက်လိမ့်မယ်။ သူလည်း အနာဂတ်ကျခေါင်းဆောင် တစ်ယောက် ဖြစ်မှာပဲ။”
ဖုန်းရှင်းထိုက်က ပြောလိုက်သည်။
ဖုန်းယွီက ပြန်ပြော၏။
“ခေါင်းဆောင် ဖြစ်ရတာ ဘာကောင်းလို့လဲ။ ဦးလေးလီက လက်ထောက် အကြီးအကဲ တစ်ဦးပဲလေ။ ကားလား။ ကျွန်တော်တို့ အခု ဝယ်ချင်ရင် ဝယ်လို့ရတယ်။ ပိတ်ရက်တွေမှာ ဦးလေးလီလည်း သူ့ရဲ့ အကြီးတွေကို လက်ဆောင် ပေးရတာပဲ။ အခု အစ်ကိုလီကိုပဲကြည့် သူ တစ်လတည်းကို အရင်နှစ်က ရခဲ့တဲ့ လစာတွေ အတိုင်း စုနိုင်နေပြီ။ ဒီလိုမျိုးမှ ကျွန်တော်က အောင်နိုင်သူလို့ ခေါ်တာ။”
ဖုန်းရှင်းထိုက်က သူ့ကို ဒေါသတကြီးနှင့် ကြည့်နေသည်ကို မြင်သည့် အခါ သူသည် သူ့အဖေကို ဖျောင်းဖြရန် ကြိုးပမ်းမှုကို ရပ်လိုက်သည်။ ဘာပဲ ဖြစ်ဖြစ် သူသည် ငွေပမာဏ တော်တော်များများကို စုဆောင်းပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် အစ်ကိုလီကို စိတ်လျော့ထားရန် ပြောလိုက်သည်။ ထိုစုဆောင်းငွေများနှင့် ဆိုလျှင် ဖုန်းယွီသည် သူကိုယ်တိုင် ပိုပြီး ရှာဖွေနိုင်တော့မှာ ဖြစ်သည်။
လီရှစ်ချင်၏ အိမ်တွင် လူတိုင်း ရောက်ရှိ နေကြပြီ ဖြစ်သည်။ လီမိသားစုသာမက ဖုန်းတန့်ယင်းလည်း လီအိမ်တွင် ရောက်နေသည်။ သူတို့သည် ထိုအိမ်တွင် တိတ်ဆိတ်လျက် ထိုင်နေတော့သည်။ ဖုန်းရှင်းထိုင် ဝင်လာသည်ကို မြင်သည့်အခါ လီရှစ်ချင်၏ မိဘများက ကြိုဆိုသည့်အနေဖြင့် မတ်တပ်ထရပ်လိုက်သည်။
ဖုန်းရှင်းထိုက် ထိုင်လိုက်ပြီးနောက် အခန်းက ပြန်ငြိမ်သွားပြန်သည်။ ဖုန်းရှင်းထိုက်က ဖုန်းယွီကို ကြည့်လိုက်သည်။
ဖုန်းယွီက ကူကယ်ရာမဲ့သလို ဖြစ်သွားသည်။ သူ၏ တွေးခေါ်နိုင်စွမ်းက ထိုနေရာရှိ လူတိုင်းထက် အနှစ်နှစ်ဆယ် ပိုရောက်နေသည်။ သို့သော် တစ်ယောက်မျှ သူ၏ ပါရမီရှင် အတွေးအခေါ်များကို နားလည်နိုင်စွမ်း မရှိပေ။
ဖြန်း
ဖုန်းရှင်းထိုက်သည် ဖုန်းယွီ၏ ခေါင်းနောက်ဘက်ကို ရက်ရက်စက်စက် ရိုက်ထည့်လိုက်သည်။ လူတိုင်းက ထိုကလေး၏ တောင်းပန်မှုကို စောင့်ဆိုင်းနေကြသော်လည်း သူသည် ထိုနေရာတွင် စိတ်ကူးယဉ်နေဆဲ ဖြစ်သည်။
‘ကလေး။ မင်းအစ်မရဲ့ ပျော်ရွှင်မှုကို မင်းရဲ့လက်နဲ့ ဖျက်ဆီးနေတာကို မင်းမသိဘူးလား။ လီရှစ်ချင်က မင်းရဲ့ လှုံ့ဆော်မှုကြောင့် အလုပ်ထွက်တော့ရတော့မယ်။ လီရှစ်ချင်နဲ့ မင်းအစ်မရဲ့ လက်ထပ်ပွဲကိစ္စကို သူတို့ မိသားစုက သဘောတူပါတော့မလား။’
ဖုန်းရှင်းထိုက်က တွေးနေသည်။
ဖုန်းယွိသည် သူ့အဖေကို ဝမ်းနည်းသည့် အမူအရာနဲ့ ကြည့်ကာ ထရပ်ပြီး ပြောလိုက်သည်။
“ဦးလေးလီ ဒေါ်လေးလီ။ ဒါတွေ အကုန်လုံးက ကျွန်တော်ရဲ့ အမှားပါ။ ကျွန်တော် အကိုလီကို ကျွန်တော်ရဲ့ စီးပွားရေးတွေမှာ အတူတူလုပ်ဖို့ မမေးခဲ့သင့်ဘူး။ အစ်ကိုလီ အကို ပြန်ပြီး အစ်ကို အလုပ်သာ လုပ်တော့။ အစ်ကို တစ်ဘဝလုံး အလုပ်ကို ကြိုးကြိုးစားစား လုပ်ရင် တိုက်တစ်လုံး ကားတစ်စီးတော့ ရမှာပါ။”
ပထမတော့ ဖုန်းရှင်းထိုက်သည် သူသားသည် ပုံမှန်အတိုင်း တောင်းပန်သည်ဟု တွေးခဲ့သည်။ သို့သော် သူသည် တစ်စုံ တစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်မိသည်။
“ဒါ့အပြင် အကိုလီ အကိုအိမ်ကနေ ယူခဲ့တဲ့ ပိုက်ဆံတွေကနေ ၁၀,၀၀၀ယွမ် ရှာခဲ့နိုင်တယ်မလား။ အဲ့ဒီငွေတွေက လုံလောက်ပါပြီ။ အဲ့ဒီငွေက အစ်ကို စာတိုက်ရုံးမှာ ၁၀နှစ် အလုပ်လုပ်တာထက် ပိုပြီး ရပါတယ်။ ကျွန်တော် ဆရာက ပြောဖူးတယ် လူတစ်ယောက်က သူ့မှာရှိတဲ့ ဉစ္စာတွေနဲ့ တင်းတိမ် ရောင့်ရဲရမယ်တဲ့။ တခြားလူတွေ ပိုက်ဆံ များများ ရှာနိုင်တာက ကျွန်တော်တို့ရဲ့ ကိစ္စမဟုတ်ဘူး။ သူတို့တွေက အိမ်အကြီးကြီးမှာ ကာလာတီဗွီအကြီးကြီးနဲ့ ကြည့်နေတဲ့ အချိန် ကျွန်တော်တို့တွေက အိမ်သေးသေးလေးမှာ အဖြူအမဲ တီဗွီနဲ့ပဲ ကြည့်ပြီး နေကြတာပေါ့”
ဖုန်းယွီက ဆက်ပြောလိုက်သည်။
“အစ်ကိုနဲ့ ကျွန်တော်အစ်မမှာ ကလေး တွေ ရှိလာတဲ့ အခါ သူတို့တွေကို စာကြိုးကြိုးစားစား သင်ခိုင်း။ အနာဂတ်ကျ သူတို့တွေလည်း စာတိုက်ရုံးမှာပဲ လုပ်နိုင်ကြမှာ။ သူတို့ရဲ့ လစာက နည်းနည်းလေးပေမဲ့ သူတို့ရဲ့ အလုပ်က သက်တောင့်သက်သာ ဖြစ်တယ်။ တခြား မိဘတွေက သူတို့ရဲ့ ကလေးတွေကို သူတို့ကိုတိုင် ကားမောင်းပြီး ကျောင်းပို့တဲ့အချိန် ကျွန်တော်တို့တွေက စက်ဘီးစီးပြီး သူတို့လေးတွေကို ကျောင်းသွားပို့လို့ ရတာပဲ။ လူသားတွေက အောင်မြင်မှု ရဖို့အတွက် သတ္တိရှိရှိ မကြိုးစားသင့်ဘူး။ ကျွန်တော်တို့တွေက အလုပ်ကို ပုံမှန်လေး ကြိုးစားရင်း စနစ်လေးခု ခေတ်မှီအောင် လုပ်တာ( လယ်ယာလုပ်ငန်း၊ စက်မှု၊ အမျိုးသား ကာကွယ်ရေး၊ သိပ္ပံနှင့် နည်းပညာ ခေတ်မှီအောင်လုပ်ခြင်း)ကို သွားကြတာ့ပေါ့။ တခြားသူတွေက ဂုဏ်ယူစရာကောင်းတဲ့ အရာတွေကို လုပ်ကြပါစေ။”
ဖုန်းယွီက ပြောလိုက်သည်။
ဖုန်းယွီသည် သူတို့ ဦးနှောက်ကို ဆေးကြောလိုက်ပြီး သူတို့၏ အလုပ် လုပ်ရန်အတွက် ဖြားယောင်းလိုက်ခြင်း ဖြစ်သည်။ ဒါ့အပြင် သူသည် ရင်းနှီးမြှပ်နှံမည့် သူများလည်း ရနိုင်ပေသည်။ သူသည် ဒီအခန်းထဲရှိ လူများ၏ အတွေးအခေါ်ကို ငါးမိနစ်အတွင်း ပြောင်းလဲနိုင်စွမ်း ရှိသည်။
လီရှစ်ချင်၏ မိဘများက မျက်မှောင်ကျုံ့သွားကာ သူတို့ကို သူတို့ ပြန်တွေးကြတော့သည်။
“ဟုတ်တယ်။ စာတိုက်ရုံးမှာ အလုပ်လုပ်တဲ့အတွက် လီရှစ်ချင်ရဲ့ အနာဂတ်က ဘယ်မှာလဲ။ နောင်ကျ သူ့မှာ ကလေးတွေ ရှိလာမှာပဲ။ ဖြစ်လာမှာတွေက ရှောင်ယွီ ပြောသလိုမျိုးပဲ။ တခြားသူတွေက သူတို့ကားတွေနဲ့ သူ့တို့ကလေးကို ကျောင်းကို ပို့တဲ့အချိန် သူ့ရဲ့ ကလေးတွေကို သူကိုယ်တိုင် စက်ဘီးလေးနဲ့ ကျောင်းကို ပို့ရမှာ’
ယခုအကြိမ်သည် သူ့သားတွင် သူ့၏ ကိုယ်ပိုင် အမြော်အမြင်များ ရှိသည်ကား ပထမဆုံး အကြိမ်ဖြစ်သည်။ ထိုအရာများ သူ့ရဲ့ အတွေးများကို နင်းချေလိုက်လေသလား။ တကယ်လို့ သူကိုယ်တိုင် စာတိုက်ရုံးတွင် အလုပ်ပြန်လုပ်ပါက ဘာဖြစ်လာမည်နည်း။
လီရှစ်ချင်က ချက်ချင်းပင် မေးလိုက်သည်။
“ရှစ်ချင် မင်းဘယ်လိုထင်လဲ။”
လီရှစ်ချင်သည် သူအဖေ၏ မေးခွန်းကို ကြားပြီးနောက် ခေါင်းမော့ကာ
“အဖေ ကျွန်တော် ဒီအကြောင်းကို အသေအချာ တွေးကြည့်ပြီးပြီ။ ကျွန်တော် တကယ် ပိုက်ဆံ ရှာချင်တယ်။ ပိုက်ဆံ အများကြီး ရှာပြီး အဖေနဲ့ အမေကို ကောင်းမွန်ပြည့်စုံတဲ့ ဘဝလေးကို ပိုင်ဆိုင်စေချင်တယ်။ ကျွန်တော် အလုပ်ကြိုးစားမယ်။ဖုန်းတန့်ယင်း စိတ်မပျက်စေရဘူး။ ကျွန်တော်တို့ ခေါင်းဆောင်ကြီး မပြောခဲ့ဘူးလား။ “ကျွန်တော်တို့တွေ ဆိုရှယ်လစ်စီးပွားရေး စနစ်ကို တိုးတက်အောင် လုပ်တဲ့အခါမှ တချို့သော သူတွေကို အရင် ချမ်းသာခွင့် ပေးရမယ်။”ဘာကြောင့် ကျွန်တော်တို့တွေက အရင် ချမ်းသာခွင့် ရတဲ့သူတွေ မဖြစ်နိုင်ရမှာလဲ။”
လီရှစ်ချင်၏ အဖေက သူ့သားကို ကြည့်လိုက်သည်။ ခမည်းခမက်လောင်းများကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သက်ပြင်းချလိုက်ကာ
“ကောင်းပြီ အဖေ မင်းရဲ့ ခေါင်းဆောင်ကို အလုပ် တစ်နှစ်နားပေးဖို့အတွက် တောင်းဆိုလိုက်မယ် အလုပ်မဲ့ ခွင့်အနေနဲ့ပေါ့။ တကယ်လို့ မင်း မလုပ်နိုင်ခဲ့ရင် မင်းစာတိုက်ရုံးမှာပဲ အလုပ်လုပ်ရမယ်။ ဒီကိစ္စကို ဆက်မစဉ်းစားရတော့ဘူး။ တကယ်လို့ မင်းလုပ်နိုင်ခဲ့ရင် စာတိုက်ရုံးက အလုပ်ကို ထွက်လို့ရတယ်။”
နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်ဗျ။ နောက်တစ်ပိုင်းလည်း ဒီည တင်ပေးဖို့ ကြိုးစားပါ့မယ်။ မနေ့ညက နေမကောင်း ဖြစ်တာနဲ့ အခုမှ ရိုက်ရလို့ပါ။ နောက်တစ်ပိုင်း မျှော်လို့ ရပါတယ်။ 😁😁 အခုမှ ဆက်ရိုက်မှာပါ။