အခန်း ၁၁

အခန်း ၁၁

ငွေတိုက်စာချုပ်

မွန်လွဲပိုင်းလေးနာရီ ခွဲအချိန်တွင် ဖြစ်သော်လည်း မှောင်နေပြီ ဖြစ်၏။ ကံကောင်းချင်တော့ သူတို့သည် ကားမောင်းသွားပြီး ဖုန်းယွီသည် ဆရာစွန်း၏ နေအိမ်သို့ ညစာစားချိန် မတိုင်ခင် ရောက်သွားသည်။ ဆရာစွန်းက သူ့ဆီ ဖုန်းယွီ နှစ်သစ်ကူး လာရောက်လည်ပတ်သည့်အတွက် အလွန်ပျော်ရွှင်နေသည်။

ဆရာစွန်းအတွက် ဖုန်းယွီသည် အမြဲလိုလို ငြိမ်တဲ့ကျောင်းသားဖ ဖြစ်သည်။ သို့သော် သူက စာအလွန်ကြိုးစားသည်။ သူ၏ ရှရှားဘာသာနှင့် သင်္ချာတို့တွင် ညံသည့်အတွက် သူသည် မြို့တော်တွင် ရှိသည့် အထက်တန်းကျောင်းများအား ဝင်နိုင်မည့် ပုံလည်း မရပေ။ သို့သော် သူအနေဖြင့် ခရိုင်တွင် ရှိသည့် အထက်တန်းကျောင်းများကိုတော့ ဝင်နိုင်သေးသည်။

ဆရာစွန်း၏ ညစာစားဖို့ ဖိတ်ခေါ်သော်လည်း ဖုန်းယွီက လက်မခံလိုက်ပေ။ ဖုန်းယွီသည် လီရှစ်ချင်၏ အိမ်ကို ပြန်သွားလိုက်သည်။ ညစာစားပြီးနောက် လီရှစ်ချင်သည် နိုင်ငံခြားငွေ လဲလှယ်လိုသည့် လူများထံကို သွားလိုက်သည်။ ဖုန်းယွီသည် နေ့လည်ခင်းတွင် လယ်တောအိမ်သို့ ပြန်လာတော့၏။ နောက်တစ်နေ့ မနက်ခင်း အင်တာနေရှင်နယ် ဟိုတယ်တွင် သူတို့ နိုင်ငံခြား ငွေများမှ ယွမ်ငွေအဖြစ် အမြောက်အမြား လဲလှယ်နိုင်သည့်အကြောင်းအား မည်သူက သိမည်နည်း။ လီရှစ်ချင် အင်တာနေရှင်နယ် ဟိုတယ်မှ ပြန်လာသည့်အခါ ည ၁၀နာရီခန့် ရှိပြီ ဖြစ်သည်။ သူသည် နိုင်ငံခြားငွေကြေးများကို ယွမ်ငွေ ၅၀,၀၀၀ကျော်ဖိုး လဲလှယ်နိုင်ခဲ့သည်။

“အစ်ကိုလီ ပိုက်ဆံရှာဖို့ လွယ်ကူတယ်လို့ ထင်လား”

ဖုန်းယွီက မေးလိုက်သည်။

လီရှစ်ချင်က ခေါင်းညိတ်လျက်

“မင်းက အစ်ကိုနဲ့ မတူဘူး။ တော်လွန်းတယ်။ အစ်ကို စာကို ကောင်းကောင်း မလေ့လာခဲ့လို့ ပညာ အရမ်းကြီး မတက်ဘူး။ အကယ်လို့ အစ်ကိုတို့ ဒီငွေလဲလှယ်တာကို တစ်လ လုပ်ရုံနဲ့ ရမဲ့ ငွေက အစ်ကိုတစ်နှစ်အလုပ်လုပ်တဲ့ လစာနဲ့ ညီနေပြီ။”

“ဒီထက်ပိုပြီး အကျိုးအမြတ်များတဲ့ စီးပွားရေး ရှိသေးတယ်။ အစ်ကို စိတ်ဝင်စားလား”
ဖုန်းယွီက မေးလိုက်သည်။

“ပိုပြီး အကျိုးအမြတ်များတာလား”
လီရှစ်ချင်၏ အသက်ရှုသံက ပိုမို ပြင်းထန်လာတော့သည်။

“ငွေတိုက်စာချုပ်”
“ရှောင်ယွီ၊ မင်းအခုထိ ငွေတိုက်စာချုပ်အကြောင်း ဆက်ပြောနေတုန်းလား။ ဒါပေမဲ့ ငွေတိုက်စာချုပ်အကြောင်းကို အစ်ကို မင်းထက် ပိုနားလည်တယ်။ မင်းအနေနဲ့ ငွေတိုက်စာချုပ်ကနေ ပိုက်ဆံ လုပ်လို့ မရနိုင်ဘူး။ ပြီးတော့ အဲ့ဒီ စာချုပ်တွေကို ပိုက်ဆံအဖြစ်လည်း သုံးလို့မရဘူး။ မင်းရဲ့ ငွေတွေ ပြန်ရဖို့လည်း စာချုပ်ကာလ ပြည့်တဲ့အထိ စောင့်ရဦးမှာ။”

လီရှစ်ချင်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြော၏။

အစိုးရအတွက် အလုပ်လုပ်တဲ့ ဝန်ထမ်းတွေ အကုန်လုံး ငွေတိုက်စာချုပ်တွေကို ဝယ်ဖို့အတွက် တွန်းအားပေးခံရတယ်။ ထိုငွေတိုက်စာချုပ်များက အနာဂတ်တွင် အမြတ်များစွာ ရမည်ဟူ၍ အစိုးရက ကတိပေးထားတာ ဖြစ်သည်။ သို့သော် အနာဂတ်တွင် ဘာဖြစ်မည်ဆိုတာကို မည်သူက သိမည်နည်း။

“အစ်ကိုလီ။ အစ်ကို သတင်းစာ မဖတ်ဘူးလား။ ငွေတိုက်စာချုပ်တွေကို ကုန်ပစ္စည်းတွေလို မကြာခင်မှာ ရောင်းချခွင့်ပေးတော့မှာ။ ၁၀ယွမ် တန်ဖိုးရှိတဲ့ ငွေတိုက်စာချုပ်က ၁၁ဒေါ်လာအထိ ရောက်နိုင်တယ်”

လီရှစ်ချင်က ခေါင်းခါလိုက်ကာ

“အစ်ကိုအနေနဲ့တော့ နိုင်ငံခြားငွေလဲလှယ်တာက ပိုပြီးတော့ အမြတ်ရသလိုပဲ”

ဖုန်းယွီက ပြောရင်းနှင့် စိတ်တိုလာကာ

“အကို့အနေနဲ့ နိုင်ငံခြားငွေ လဲလှယ်တာကနေ ငွေလွယ်လွယ်ရတယ်လို့ တွေးနေတာလား။ ဒါက တရားမဝင်ဘူး။ လက်ရှိမှာ ကျွန်တော်တို့ကို ဖမ်းတဲ့သူ မရှိသေးပေမဲ့ ကျွန်တော်တို့တွေ ငွေလှဲလှယ်တာကို ဘယ်လောက်အထိ ကြာအောင် လုပ်နိုင်မှာလဲ။ ပြီးတော့ မင်းက နိုင်ငံခြား ဘာသာစကားတွေကို မသိဘူး. ကျွန်တော် လယ်တောကို ပြန်သွားရင် အစ်ကို ဘယ်လိုလုပ်မှာလဲ။ ဒါ့အပြင် အင်တာနေရှင်နယ် ဟိုတယ်ရဲ့ ဝန်ထမ်းတစ်ဦးက ကျွန်တော်တို့ကို ရိပ်မိထားတယ်။ ကျွန်တော်တို့ မနက်ဖြန်သွားရင် သူတို့ ကျွန်တော်တို့ကို လိုက်ဖမ်းလိမ့်မယ်”

လီရှစ်ချင်က ကြက်သေသေသွားသည်။

‘ဒီငွေလဲလှယ်တာက အမြတ်အများကြီး ရတယ်။ ပြီးတော့ ငါ ဒါမှ မလုပ်ရရင် ဘာထပ်လုပ်နိုင်မှာလဲ”

လီရှစ်ချင် စကားပြောရပ်သွားသည်ကို ကြည့်ပြီးနောက် ဖုန်းယွီက ဆက်ပြောလိုက်သည်။

“ငွေတိုက်စာချုပ်ရဲ့ အတိုးက ဘဏ်တိုးနှုန်းထက် ပိုများတယ်မလား။”

“ဟုတ်တယ်။ ငွေတိုက်စာချုပ်က စာရင်းသေအပ်ငွေထပ်တောင် ပိုအတိုးများသေးတယ်။ ဒါပေမဲ့ မင်း ငွေကြေးတွေကို ထုတ်ယူလို့ မရနိုင်ဘူး”
လီရှစ်ချင်က ပြောလိုက်သည်။

“ကျွန်တော် အကို့ကို ငွေတိုက်စာချုပ်တွေကို မကြာခင်မှာ ရောင်းဝယ်နိုင်မယ်လို့ ပြောခဲ့တယ်။ အဲ့ဒီအကြောင်းကို စဉ်းစားကြည့်ရအောင်။ တကယ်လို့ အခုမှာ အကို့ရဲ့ ၁၀ယွမ်တန်ဖိုးရှိတဲ့ ငွေတိုက်စာချုပ်ကို ၉ယွမ်နဲ့ ပေးဝယ်မယ်ဆိုရင် အစ်ကိုအနေနဲ့ ငွေတိုက်စာချုပ်ကို ရောင်းမှာလား။”

ဖုန်းယွီက မေးလိုက်သည်။

“ရောင်းမှာပေါ့။ အစ်ကို ဒီ ငွေတိုက်စာချုပ်ကို ရောင်းလိမ့်မယ်။ အစ်ကို အချိန်အကြာကြီး မစောင့်နိုင်ဘူး”
လီရှစ်ချင်က ပြောလိုက်သည်။

· ငွေတိုက်စာချုပ်တွင် များသောအားဖြင့် သက်တမ်း ၂နှစ်၊ ၃နှစ်၊ ၅နှစ် ရှိကာ စာချုပ် သက်တမ်း ပြည့်မှသာ ငွေထုတ်ပေးသည်။

“အမှန်ပဲ။ ဝယ်သူရှိရင် အကို့လိုမျိုး ရောင်းဖို့ တွေးတဲ့သူ အများကြီးပဲ။ အဲ့ဒီအခါက ငွေတိုက်စာချုပ်တွေရဲ့ တန်ဖိုးက ကျသွားပြီး အဲ့ဒီစာချုပ်တွေက ၁၀ယွမ်ကနေ ၉ယွမ်အထိ ဖြစ်သွားလိမ့်မယ်။ တကယ်လို့ ပိုက်ဆံအပိုရှိတဲ့ လူတွေက ငွေတိုက်စာချုပ်တွေကို ဝယ်ချင်တယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာ ငွေတိုက်စာချုပ်က မရှိတော့ရင်။ ငွေတိုက်စာချုပ်ဝယ်တဲ့သူတွေက ပိုက်ဆံ များများပေးပြီး ဝယ်ကြမယ်။ အဲ့ဒီအခါ ၁၀ယွမ်တန် ငွေတိုက်စာချုပ်က ၁၁ယွမ် ဖြစ်သွားလိမ့်မယ်။”

ဖုန်းယွီက ရှင်းပြလိုက်သည်။

“မဖြစ်နိုင်တာ။ ဘယ်လို အရူးက ၁၀ယွမ်တန် စာချုပ်ကို ၁၁ယွမ်သုံးမှာလဲ။ ငွေတိုက်စာချုပ်ရဲ့ အတိုးကလည်း အရမ်းများတာမှ မဟုတ်တာ။ ဘယ်သူက ငွေတိုက်စာချုပ်ကို ဈေးမြင့်ပေးပြီး ကမ်းလှမ်းမည်နည်း။”
လီရှစ်ချင် တစ်ခါမျှ မယုံကြည်ခဲ့ပေ။

“ဒါက ဥပမာပေးရုံပဲ။ တကယ်လို့ အဲ့စာချုပ်က ၁၀.၁ယွမ် ဖြစ်ရင် အစ်ကိုအနေနဲ့ လူတွေက အဲ့ဒီစာချုပ်တွေကို ဝယ်မယ်လို့ ထင်သလား”

ဖုန်းယွီက မေးလိုက်သည်။

“အစ်ကို နားလည်ပြီ။ ဒါပေမဲ့ ငွေတိုက်စာချုပ်တွေကို တကယ်ဝယ်ချင်တဲ့သူတွေ ရှိလို့လား။ ပြီးတော့ အစိုးရက ငွေတိုက်စာချုပ်တွေိကို တကယ်ဝယ်ယူရောင်းချခွင့်ပေးမှာလား”
လီရှစ်ချင်က ပြောလိုက်သည်။

“ဆရာစွန်းက ပြောတယ်။ အရင်းရှင်မိသားစုက သူ့ကျောင်းသားတစ်ယောက်က ဒီအတွင်းသတင်းကို သူ့ကို ပေးခဲ့တာ။ ဝယ်ယူရောင်းချနိုင်ခွင့်ပေးရင် ကျွန်တော်တို့တွေ ဈေးတွေကတော့ အတူတူ ဖြစ်မှာ မဟုတ်ဘူး။ ၁၀ယွမ်က ၁၁ယွမ် ဖြစ်သွားပြီး ၁၀၀,၀၀၀ယွမ်က ၁၁၀,၀၀၀ ယွမ်အထိ ဖြစ်သွားမှာ။”

သူ၏ ဆရာစွန်းလည်း ဖုန်းယွီ၏ ရောင်းစားခြင်းကို ခံလိုက်ရပြန်၏။

ယွမ် ၁၀၀,၀၀၀မှ ယွမ် ၁၁၀,၀၀၀ ဖြစ်မည်ကို ကြားသည့်အခါ လီရှစ်ချင်၏ မျက်လုံးများက တောက်ပသွားသည်။ ထိုငွေတိုက်စာချုပ်က တကယ် အကျိုးအမြတ် များများ ရတာပဲ။ သူ၏ လစာသည် တစ်လ လခက ၁၀၀ယွမ်ထက် နည်းပေ၏။

“ရှောင်ယွီ အဲ့တာဆို အစ်ကို ဘာလုပ်ရမှာလဲ”

လီရှစ်ချင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
“ငွေတိုက်စာချုပ်ကို ဝယ်!!! လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းတွေ ဆီကနေဝယ်။ ၁၀ယွမ် ငွေတိုက်စာချုပ်အတွက် သူတို့ကို ၉.၅ ယွမ်နဲ့ ကမ်းလှမ်း။ သူတို့တွေထဲက အများစုက ဒီစာချုပ်တွေကို တွန်းအားပေး ဝယ်ခိုင်းခဲ့တာ ပြီးတော့ သူတို့တွေက ငွေကြေးလဲလှယ်ဖို့အတွက် ဆန္ဒရှိတယ်။ အစ်ကို မှတ်ထားနော် ငွေတိုက်စာချုပ်တွေက နှစ်လလောက် နေတာနဲ့ ရောင်းရတော့မှာ။ အခုချိန် အတောအတွင်း ငွေတိုက်စာချုပ်တွေကို အစ်ကို ဝယ်နိုင်သမျှ များများ ဝယ်ထားနော်။ နောက်ထပ် နှစ်လနေရင် ဘယ်သူမှ ငွေတိုက်စာချုပ်တွေကို ရောင်းချင်မှာ မဟုတ်တော့ဘူး”
ဖုန်းယွီက ပြောလိုက်သည်။

“ညီလေးပြောချင်တာက အစ်ကိုတို့ရဲ့ ငွေတွေအကုန်လုံးကို ငွေတိုက်စာချုပ်ဝယ်ရမှာ ဟုတ်လား။ အခု အစ်ကိုတို့ လက်ထဲမှာ ၁၀၀,၀၀၀ယွမ်ထက် များနေပြီ။ တကယ်လို့ အဲ့ဒီ သတင်းက အတုဆိုရင်ကော။ အစ်ကိုတို့ ၁၀,၀၀၀ယွမ်ကို အရင်ဆုံး စမ်းမသုံးသင့်ဘူးလား။”
လီရှစ်ချင်က မေးလိုက်သည်။

သူသည် စွန့်စားမှုအား မလုပ်ရဲပေ။ တကယ်၍ သတင်းက အမှားဖြစ်ခဲ့လျှင် သူတို့၏ ငွေများက ထိုစာချုပ်များဖြစ်နေပြီး နှစ်များစွာ ကြာသည့်တိုင် စာရင်းမရှင်းနိုင် ဖြစ်နေပေမည်။

“အစ်ကို ကျွန်တော်ကို မယုံရင်တောင် အစ်ကိုအနေနဲ့ ကျွန်တော်ဆရာ့ကို ယုံသင့်တယ်။ သူက ဒီအကြောင်းကို အသေအချာကို ပြောခဲ့တာ။ ဒီနိုင်ငံခြားငွေ လဲလှယ်တဲ့ နည်းလမ်းနဲ့ ပိုက်ဆံ ရှာဖို့ ကိုလည်း သူကိုယ်တိုင် သင်ပေးခဲ့တာ။ အဲ့တာကြောင့် အစ်ကိုပြောကြည့် ကျွန်တော်တို့ နိုင်ငံခြားငွေ လဲလှယ်တာနဲ့ ပိုက်ဆံ ဘယ်လောက် ရှာနိုင်ခဲ့လဲ။ တကယ်လို့ အစ်ကို ပိုက်ဆံချေးလို့ ရတယ်ဆိုရင် ထပ်ချေးပြီး ငွေတိုက်စာချုပ်ကိုများများ ဝယ်သင့်တယ်။”

ဖုန်းယွီသည် ဆရာစွန်း၏ နာမည်အား လီရှစ်ချင် ယုံကြည်စေဖို့အတွက် တစ်ဖန်ပြောလိုက်သည်။

နောက်တစ်နေ့ မနက်ခင်းတွင် လီရှစ်ချင်သည် ဖုန်းယွီအား အင်တာနေရှင်နယ် ဟိုတယ်ရှေ့တွင် ချထားခဲ့သည်။ သူသည် ထိုငွေများကို နိုင်ငံခြားငွေများအဖြစ် မြန်နိုင်သမျှ မြန်မြန် လဲချင်နေသည်။

ဖုန်းယွီသည် နိုင်ငံခြားငွေကို အင်တာနေရှင်နယ်ဟိုတယ်ရှေ့တွင် ဆက်လက် လဲလှဘ်ခဲ့သည်။ သူ၏ အပြောကျွမ်းကျင်မှုကြောင့် ၄၀,၀၀၀ ယွမ်အား ရူဘယ်လ်နှင့် အမေရိကန် ဒေါ်လာအဖြစ် လဲလှယ်လို့ ပြီးသွားသည်။

ဖုန်းယွီသည် များပြားသည့် ငွေပမာဏကို သူတစ်ယောက်ထဲ ဖြစ်နေစဉ် မကောင်းသည့် အရာ တစ်ခုခု ဖြစ်မှာကို စိုးရိမ်သည့်အတွက် သူသည် အင်တာနေရှင်နယ်ဟိုတယ် အဓိက ဝင်ပေါက်တွင် နေနေသည်။ တံခါးစောင့်က သူ့ကို သတိပြုမိသွားပြီး မန်နေဂျာ ယွီချွမ်ယွမ်အား တိုင်ကြားလိုက်သည်။

ယွီချွမ်ယွမ် အပြင်ကို ထွက်လာရုံပင် သူသည် ဖုန်းယွီသည် နိုင်ငံခြားငွေများကို နိုင်ငံခြားဧည့်သည့် အချို့နှင့် လဲလှယ်နေသည်ကို တွေ့လိုက်ရသည်။ ယွီချွမ်ယွမ် အလွန် စိတ်တိုသွား၏။ အင်တာနေရှင်နယ်နယ် ဟိုတယ်၏ ဧည့်သည့်များက ယွိချွမ်ယွမ်ထံတွင် သူတို့၏ နိုင်ငံခြား ငွေကြေးများကို ယွမ်ငွေကြေးအဖြစ် လဲလှယ်ရန် မကြာခဏ ချဉ်းကပ်ကြသည်။ ထို့နောက် သူသည် ထိုနိုင်ငံခြားငွေများကို အစိုးရ အရာရှိများနှင့် နှစ်ကိုယ်ကြား လဲလှယ်သည်။

ယွီချွမ်ယွမ်သည် ဖုန်းယွီ၏ အင်္ကျီလက်ကို ဖမ်းဆုတ်လိုက်သည်။

“နိုင်ငံခြား ဧည့်သည်တွေနဲ့ ဒီမှာ နိုင်ငံခြားငွေ လဲလှယ်ဖို့ကို မင်းကို ဘယ်သူက ခွင့်ပြုလို့လဲ။ ငါမင်းကို အဖမ်းခံရအောင် လုပ်မိတော့မယ်”
ဖုန်းယွီက ကို့ရိုးကားယားဖြင့် ပြုံးလိုက်ကာ

“မန်နေဂျာယွီ ကျွန်တော် ဝမ်းကွဲအစ်ကိုကို ကူညီပေးနေတာပါ။ သူတို့ရဲ့ ခေါင်းဆောင်က နောက်လထဲမှာ နိုင်ငံခြားကို သွားတော့မှာ။ခေါင်းဆောင်က ပြန်လာတဲ့အခါ ဒီနိုင်ငံခြားငွေတွေ သုံးပြီး လက်ဆောင်ပစ္စည်းတွေ ဝယ်လာမှာ။ သူအတွက် လောက်နေပြီ။ ကျွန်တော် အခုသွားတော့မယ်။ ကျွန်တော် နောက်တစ်ခါ ဒီကို မလာတော့ဘူးလို့ ခင်ဗျားကို သတိပေးတယ်”
ယွီချွမ်ယွမ်သည် ဖုန်းယွီ၏ အိတ်ကို ကြည့်လိုက်သည်။ အိတ်က ပိုက်ဆံများနှင့် ပြည့်နေပြီ ဖြစ်သည်။ သို့သော် ယွီချွမ်ယွမ်က ဖုန်းယွီကို သတိပေးရုံသာ တက်နိုင်သည်။ သူသည် ကလေးသူငယ် နှိပ်စက်မှုဖြင့် မကောင်းသော မှတ်ချက်များအား ရမည်စိုးသည့် အတွက် ဖြစ်၏။

ယွီချွမ်ရွမ်က ဖုန်းယွီအား သတိပေးလိုက်သည်။

“ဒီတစ်ခါတော့ ငါမင်းကို ခွင့်ပြုလိုက်မယ်။ တကယ်လို့ ငါ့ရဲ့ ဧည့်သည်တွေကို ထပ်ပြီးနှောက်ယှက်တာကို ငါထပ်မြင်ရင် ငါရဲကို ခေါ်မှာ။ မင်းအနေနဲ့ ဘဏ်ကိုသွားပြီး နိုင်ငံခြားငွေ တရားဝင်လဲလှယ်ဖို့အတွက် လျှောက်လွှာတင်သင့်တယ်။”
ဖုန်းယွီက ခေါင်းညိတ်ပြီးနောက် ထွက်သွားတော့သည်။ တစ်နာရီခန့် ကြာပြီးနောက် လီရှစ်ချင်က သူ့အား ပြန်လာခေါ်တော့သည်။ သူတို့သည် အင်တာနေရှင်နယ် ဟိုတယ်ရှေ့တွင် နိုင်ငံခြား ဧည့်သည်များကို ငွေလဲလှယ်ဖို့ ထပ်ရှုပ်ခွင့် မပေးတော့သည်ကို သိပြီးနောက် လီရှစ်ချင် အလွန်စိတ်ပျက်သွားသည်။ နိုင်ငံခြားငွေ လဲလှယ်ခြင်းက လွယ်ကူ မြန်ဆန်သည့် ငွေရှာနည်း ဖြစ်သည်။
“အစ်ကိုလီ အရမ်းကြီး စိတ်ဓာတ်မကျပါနဲ့။ ကျွန်တော်တို့တွေ ငွေတိုက်စာချုပ်တွေကို တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း ရေးရမှာပါ။ အစ်ကို ဒီနိုင်ငံခြားငွေတွေကို နိုင်ငံခြားငွေတွေ အဖြစ်လဲလှယ်ပြီးရင် အစ်ကို ငွေတိုက်စာချုပ်တွေကို စဝယ်လို့ ရပြီ။ ငွေတိုက်စာချုပ် ရောင်းဝယ်ဖောက်ကားတာ တရားဝင် ဖြစ်ပြီဆိုရင် ကျွန်တော်တို့တွေ ချမ်းသာလာတော့မယ်။ အစ်ကို ကျွန်တော် အစ်မနဲ့ အဖေကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူးမလား”

လီရှစ်ချင်က ခိုင်ခိုင်မာမာဖြင့် ပြန်ဖြေလေသည်။

“အစ်ကို သူတို့ကို စိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူး။ မနက်ဖြန်ကစပြီးတော့ အစ်ကို ငွေတိုက်စာချုပ်တွေကို စစုတော့မယ်”

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset