အခန်း ၁၀
လီရှစ်ချင်က သူ၏ ရဲဘော်ဟောင်းရှိရာ သမဝါယမ အရောင်းအဝယ်ဌာနဆီ တိုက်ရိုက်မောင်း လိုက်သည်။ သူတို့သည် ယွမ်ငွေကြေး မမာဏများများကို နိုင်ငံခြား ငွေကြေးများအဖြစ် လဲလှယ်နိုင်ခဲ့သည်။ ထို့အပြင် ယခု လက်ဆောင်ဝယ်ယူခြင်းနှင့် ပတ်သတ်ပြီး သူတို့အနေဖြင့် ငွေ အမြောက်အမြား ရနိုင်မည်ဟု ပြောထားသည်။
တရုတ် သမဝါယမ
လီရှစ်ချင်၏ ရဲဘော်ဟောင်းနှင့် တွေ့ဆုံဆွေးနွေးပြီး ဖုန်းယွီသည် သမဝါယမ အရောင်းဌာနတွင် ပစ္စည်း အမြောက်အမြား ကျန်နေသေးသည်ကို တွေ့လိုက်ရသည်။ အထူးသဖြင့် စည်သွပ်ဘူးများနှင့် ဝက်ပေါင်ခြောက်များ ဖြစ်သည်။
လီရှစ်ချင်သည် ဆိုဗီယက် ပြည်ထောင်စုမှဖြစ်ကာ သမဝါယမကို ဝယ်သူအကြီးစားက လာရောက် ဝယ်ယူသည်ကို နားလည် သဘောပေါက်သည့် အတွက် မန်နေဂျာ ကိုယ်တိုင်က ပုဂ္ဂိုလ်ရေးအရ ဆင်းလာလေ၏။ အထူးသဖြင့် ဆယ်ကျော်သက်လေး တစ်ဦးက မန်နေဂျာနှင့် ညှို့နှိုင်းသည့်အခါ သူသည် အထက်စီးဆန်ပြီး သည်းမခံနိုင်တော့ပေ။
မန်နေဂျာက
“ရောင်းပြီးတဲ့ ပစ္စည်းတွေ အကုန်လုံး အတူတူ ထုပ်ပြီးသွားပြီ။ ယူသွားမလား။ ထားခဲ့မလား။”
“မန်နေဂျာစုက သဘောတူညီမှုတွေကို ရုတ်သိမ်းချင်တဲ့ ပုံပဲ။ သမဝါယမဆိုင် ဘေးနားက ဆိုင်တွေမှာ ဒီပစ္စည်းတွေ အကုန်ဝယ်လို့ ရတယ်နော်။”
ဖုန်းယွီသည် နိုင်ငံခြားသားနှင့် ထွက်သွားသည်ကို မြင်သည့်အခါ မန်နေဂျာစု စိုးရိမ်သွားသည်။ ဖုန်းယွီက မှန်သည်။ သမဝါယမဆိုင်မှ တစ်ပါး အခြား ကုန်စုံဆိုင်များတွင်လည်း ထိုပစ္စည်းများအား ရနိုင်သည်။ မန်နေဂျာက နာမည် မကြီးသည့် ကုန်ပစ္စည်းများကို ရောင်းချချင်တာ ဖြစ်သော်လည်း သူသည် ထိုကလေးကို လှည့်ဖြားရန် မလွယ်ကူမှန်း သဘောပေါက်လိုက်သည်။ ထိုကလေးက သူ့အား မကြောက်ပေ။
“ကောင်းပြီး။ ငါ ကုန်ပစ္စည်း အချို့ကို ဖယ်လိုက်ရဦးမလား။”
မန်နေဂျာစု ကပြောသည်။
“မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်တိုင် ကုန်ပစ္စည်းတွေကို ရွေးမှာ။ ပြီးတော့ ကျွန်တော်က ဒီကို အဝေးကြီးက လာခဲ့ရလို့ ခင်ဗျား ကျွန်တော်တို့ကို လက်ဆောင် ပစ္စည်းအချို့ ပေးရမယ်။ ကျွန်တော်တို့တွေ အရမ်း အလုပ်များတယ်။ တကယ်လို့ သဘောမတူဘူးဆိုရင် ကျွန်တော်တို့ တခြား တစ်နေရာကို သွားရလိမ့်မယ်။”
ဆိုင်များတွင် ဒစ်စကောင့် လျော့ရောင်းသည့် အလေ့ ထိုခေတ်အခါက မရှိပေ။ သို့သော် သူတို့သည် လက်ဆောင်ပစ္စည်းအချို့ကိုတော့ ပေး၏။
“ကောင်းပြီ။ ဒါပေမဲ့ စည်သွပ်ဘူး များများတော့ ဝယ်ရမယ်နော်။”
မန်နေဂျာစုတွင် စည်သွပ်ဘူး အများအပြား ကျန်နေသေးသည်။ လူများက လွန်ခဲ့သော နှစ်က စည်သွပ်ဘူးကို လက်ဆောင် အဖြစ် ပေးကြသော်လည်း ယခုအချိန်တွင် လူများက မုယောဖျော်ရည်များကိုသာ အစားထိုး ပေးကြတော့သည်။
“ကိစ္စမရှိဘူး”
ဖုန်းယွီက ပြန်ပြောလိုက်သည်။
ဖုန်းယွီသည် ကီရီလန်ကိုအား သူတို့အနေဖြင့် ကုန်ပစ္စည်းများများ ဝယ်ယူသည် ဖြစ်၍ မန်နေဂျာစု အနေဖြင့် ကုန်ပစ္စည်းအချို့ကို အခြားနေရာမှ သယ်ဆောင်ရမည် ဖြစ်ပြီး မူးရင်းရောင်းချဈေးထက် အနည်းငယ် ပိုမည် ဖြစ်ကြောင်း ရှင်းပြနေသည်။ သို့သော် လျော်ကြေးအဖြစ် မန်နေဂျာစုက တခြား ကုန်ပစ္စည်းများကို ပြန်ပေးမည် ဖြစ်ကြောင်း ရှင်းပြလေသည်။
ကီရီလန်ကိုက ပျော်ရွှင်သွားသည်။ သူသာ အခြားနေရာများတွင် ထိုပစ္စည်းများကို ဝယ်ယူပါက ယခု ကုန်ကျငွေထက် အစပေါင်းများစွာ ကုန်ကျမည်မှန်း သူသိသည်။ သို့သော် ယခုတွင် ထိုကုန်ပစ္စည်းများသည် အနည်းငယ် ဈေးမြင့်မည် ဖြစ်သော်လည်း ထိုပစ္စည်များထံမှ လက်ဆောင်နှင့် အတူ ရမည် ဖြစ်သည်။
ကီရီလန်ကိုသည် အစက စည်သွပ်သစ်သီးများ၊ ဝက်ပေါင်ခြောက်နှင့် ကျန်းလီဘောင်ကို လိုချင်ခဲ့သည်။ သို့သော် ယခုအတွင် သူသည် စီးကရက် ဖူးအနည်းငယ်နှင့် မုယောဖျော်ရည်၊နှင့် သကြား အနည်းငယ်ကိုပါ ဝယ်ယူလိုက်သည်။ သူသည် တရုတ်နှင်းဆီပွင့်ကြီး ထိုးထားသည့် ခေါင်းအုံးစွပ်ကို လက်ဆောင်အဖြစ် အလိုရှိကြောင်း သူက အလေးအနက်ဖြင့် ပြောလိုက်သည်။
ဖုန်းယွီနှင့် မန်နေဂျာစု နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီးနောက် မန်နေဂျာစုက ခေါင်းအုံးစွပ်အများအပြားကို လက်ဆောင်အဖြစ် ပေးရန်အတွက် သဘောတူလိုက်သည်။ ကီရီလန်ကိုသည် ယွမ် ၆၀,၀၀၀နှင့် ညီမျှသည့် ကုန်ပစ္စည်းမျးကို ဝယ်သည့်အတွက် လက်ဆောင်အဖြစ် ထည့်ပေးခြင်း ဖြစ်၏။ ထပ်ပြောရလျှင် မန်နေဂျာစုသည် ထိုအစားအသောက်များ သတ်မှတ်ရက် ကျော်လွန်သွားလျှင့် သူ့အနေဖြင့် အရှုံးကြီး ရှုံးမှာ ဖြစ်သည်။
“တစ်မိနစ်လောက်ပါ မန်နေဂျာစု။ ကျွန်တော်တို့တွေ ဟိုနားက ဂျစ်ကား သေးသေးလေးနဲ့ လာလို့ ဒီပစ္စည်းတွေက မဆန့်ဘူ။ မန်နေဂျာအနေနဲ့ ဒီကုန်ပစ္စည်းတွေကို လေဆိပ်ရဲ့ သိုလှောင်ရုံထဲကို ကျွန်တော်တို့အတွက် ပို့ပေးနိုင်မလား။”
ဖုန်းယွီက မေးလိုက်သည်။
မန်နေဂျာစုသည် ပြဿနာရှိသည်ဟု ခံစားလိုက်ရသည်။
‘ဘာကြောင့် ဒီကလေးက အဲ့လောက် ပြဿနာ ရှာနေရတာလဲ။ သူလိုချင်တဲ့ လက်ဆောင်တွေ မှန်သမျှ ငါပေးပြီးပြီ။ ဒါပေမဲ့ သူက အခု ငါ့ကို ဒီပစ္စည်းတွေကို လေဆိပ်ကို ပို့ခိုင်းသေးတယ်။ လေဆိပ်က ဘင်းမြို့တော်နဲ့ အတော်လေး လှမ်းသေးတယ်’
ဖုန်းယွီသည် မန်နေဂျာစုနှင့် ရုံးခန်းတွင် ဆွေးနွေး တိုင်ပင်နေကြစဉ် လီရှစ်ချင်သည် ကီရီလန်ကိုအား ပြည်တွင်းဖြည့် အရက်ကို မြည်းစမ်းခိုင်းနေ၏။ လီရှစ်ချင်သည် ကားမောင်းရမည် ဖြစ်သဖြင့် သူသည် အရက်မသောက်ပေ။
ဘိုင်ကျိုး
ကီရီလန်ကိုသည် ဘိုင်ကျိုး တစ်ပုလင်းသာ သောက်ရသေးသော်လည်း မူးဝေဝေ အရသာကို ခံစားလိုက်ရပြီ ဖြစ်သည်။
ဖုန်းယွီသည် ကီရီလန်ကို ရှေ့တွင် ပေါ်လာပြီး ရုရှားဘာသာ စကားဖြင့် မေးလိုက်သည်။
“မစ္စတာ ကီရီလန်ကို ပစ္စည်းတွေအတွက် စာရင်းရပါပြီ။ ကိုယ်တိုင် ပြန်ပြီးတော့ စစ်ဆေး ကြည့်ချင်သေးလား။”
ကီရီလန်ကိုက လက်ယမ်းပြလိုက်သည်။ သူသည် ယခုအချိန်တွင် ရီဝေဝေ ဖြစ်နေပြီ ဖြစ်၍ ဘယ်လိုလုပ် သူစစ်ဆေးနိုင်တော့မည်နည်း။
ဖုန်းယွီက မေးလိုက်သည်။
“မစ္စတာ ကီရီလန်ကို ဒီလိုပုံစံနဲ့ ပစ္စည်းတွေကို လေဆိပ်ကို ဘယ်လိုပို့မလဲ။ ကျွန်တော် အစ်ကိုအတွက် ဈေးသက်သက်သာသာနဲ့ လေဆိပ်ကို ကုန်ပစ္စည်းတွေ ပို့ဖို့ ကုန်ကား တစ်စီးကို ငှားပေးမယ်။”
ကီရီလန်ကိုက ခေါင်းညိတ်လိုက်သည်။ သူ့စိတ်ထဲတွင်
“ဒီကလေးက အသေးစိတ် ကိစ္စတွေက အစ အသေအချာ စဉ်းစားတက်တယ်။ ဆိုဗီယက် ပြည်ထောင်စု နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီလိုလူမျိုးအပေါ်မှာ အသားယူမှာ မဟုတ်ဘူး။ ပို့ဆောင်ရေး အတွက် ကုန်ကျငွေကိုလည်း သူ့ကို သဘောထား ကြီးကြီနဲ့ ပေးလိုက်ဦးမယ်။”
မန်နေဂျာစုသည် ကီရီလန်ကို၏ နိုင်ငံကူးလက်မှတ် အသေးစိတ် အချက်အလက်ကို ချရေးလိုက်ပြီးနောက် ပစ္စည်းများကို ထရပ်ကားပေါ်တင်ကာ လေဆိပ်၏ သိုလှောင်ရုံကို ပို့လိုက်တော့သည်။ ကီရီလန်ကိုသည် နိုင်ငံခြားသား တစ်ယောက် ဖြစ်သည့်အတွက် သူသည် ပစ္စည်းများကို သိုလှောင်ရုံမှ ပြန်ထုတ်ပြီး ရုရှားကို သယ်ဆောင်ရန်က ပိုမိုလွယ်ကူသည် ဖြစ်သည်။
ဖုန်းယွီသည် မန်နေဂျာစုအား ရောင်းရငွေ နေရာတွင် ကွက်လပ်အဖြစ် ထားပေးရန် ပြောလိုက်ပြီး ပြေစာတွင် ပစ္စည်းအမျိုးအစားနှင့် အရေအတွက်ကိုသာ ရေးရန် တောင်းဆိုလိုက်သည်။ ထိုသို့ ကွက်လပ်ထားခိုင်းသည့် အကြောင်းအရင်းသည် ကီရီလန်ကိုသည် ရုရှားရောက်သည့်အခါတွင် ရင်းစာ ရငွေအဖြစ် တောင်းဆိုရန်အတွက် ဖြစ်ကြောင်း ပြောလိုက်သည်။ မန်နေဂျာစုသည် သိသလိုဖြင့် ပြုံးလိုက်သည်။
ငွေပေးချေမှုများ ပြီးသွားပြီးနောက် ဖုန်းယွီသည် လီရှစ်ချင်၏ ရဲဘော်ဟောင်းက မန်နေဂျာစုဆီ သွားရန် ပြောလိုက်သည်။ သူတို့သည် သမဝါယမအရောင်းဌာနကို သွားရန် ညွှန်လိုက်သည့်အတွက် အခြား ကုန်ဆိုင်များကို သွားမည်အစား သမဝါယမအရောင်းဌာနကို ရောက်လာခြင်း ဖြစ်သည်။ ဘယ်သူတွေ မည်သို့ ပြောပြော ဖုန်းယွီသည် အမှန်တကယ်ကူညီသည့် သူ ဖြစ်သည်။ ထို့အတွက် မန်နေဂျာစုအနေဖြင့် ဖုန်းယွီအား ဆုချသင့်ပေသည်။
ပြေစာကို ကီရီလန်ကိုအား ပြန်ပေးပြီးနောက် လီရှစ်ချင်က ကီရီလန်ကိုအား အင်တာနေရှင်နယ်ဟိုတယ်သို့ ပြန်ပို့လိုက်၏။ ကီရီလန်ကိုသည် ဖုန်းယွီ၏ ဆက်သွယ်ရန် လိုသည့်အတွက် လီရှစ်ချင်က သူ၏ တယ်လီဂရမ် လိပ်စာကို ထားခဲ့သည်။ အကယ်၍ ထိုရုရှားနိုင်ငံသား ပြန်လာပါက သူတို့အနေဖြင့် ပိုက်ဆံအချို့ ရှာနိုင်မည် ဖြစ်သည်။
သူ့အခန်းသို့ ပြန်ရောက်သည့်အခါ ကီရီလန်ကိုက ပြွတ်သိပ်ထည့်ထားသည့် ကျန်ရှိသည့် ရူဘယ်လ်များအား သူ့ကို ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်သည့် အနေဖြင့် ဖုန်းယွီအား ပေးလိုက်သည်။ ဖုန်းယွီသည် ထိုငွေများကို ပျော်ရွှင်စွာ လက်ခံ၏။ အကယ်၍ ဖုန်းယွီသာ ကီရီလန်ကိုအား မကူညီပါက ကီရီလန်ကိုသည် ၈၀,၀၀၀ယွမ်ဖိုး သုံးစွဲမည် ဖြစ်သော်လည်း သူ့အနေဖြင့် ၄၀,၀၀၀ယွမ် တန်ဖိုးရှိသည့် ပစ္စည်းများသာ ပစ္စည်းများသာ ပြန်ရပေမည်။ ဖုန်းယွီ အကူအညီဖြင့် ကီရီလန်ကိုသည် အနည်းဆုံး ၆၀,၀၀၀ယွမ် တန်ဖိုးရှိ ပစ္စည်းများအား ရခဲ့ရုံသမက ဖုန်းယွီ၏ အကူအညီဖြင့် ထိုပစ္စည်းများ ပို့ဆောင်ရေးအတွက်လည်း အဆင်ပြေခဲ့သည်။
“ရှောင်ယွီ။ ဒီနည်းလမ်းနဲ့လည်း မင်း ပိုက်ဆံကို တကယ်ရအောင် ရှာနိုင်ခဲ့တာပဲ။”
ကီရီလန်ကိုသည် သူ၏ ဟိုတယ်ခန်းထဲသို့ ဝင်သွားသည့်အခါ လီရှစ်ချင်က ပြောလိုက်သည်။
“ကျွန်တော် တစ်ယောက်ထဲ မဟုတ်ဘူး။ ကျွန်တော်တို့။ ကျွန်တော်တို့ စုစုပေါင်း ယွမ် ၃၀,၀၀၀ရခဲ့တယ်။ တစ်ယောက်ကို ၁၅,၀၀၀ယွမ်ဆီပေါ့”
ဖုန်းယွီက ပြောလိုက်သည်။
“မဟုတ်ဘူး. မဟုတ်ဘူး။ မဟုတ်ဘူး။ အစ်ကိုက အသွားအပြန် ကားမောင်းပေးခဲ့ရုံပဲလေ ပြီးတော့ အဲ့ဒီအကြံကလည်း ညီလေးရဲ့ အကြံဉာဏ်ပဲလေ။ အစ်ကို ဒီပိုက်ဆံတွေကို မယူနိုင်ပါဘူး”
လီရှစ်ချင်က သူ့လက်ကို အလျင်အမြန် ခါလိုက်၏။
ဖုန်းယွီက ပြုံးပြီးနောက်
“အစ်ကိုလီ။ အစ်ကိုလီက နောက်ထပ် နှစ်နှစ်ကြာတဲ့ အချိန်မှာ ယောက်ဖ ဖြစ်တော့မှာပဲ။ အချင်းချင်းကို အရမ်းတွက်ချက်မနေပါနဲ့။ ပြီးတော့ အစ်ကိုက ကျွန်တော်ကို သမဝါယမ အရောင်းဌာနမှ ပစ္စည်းတွေ ကျန်နေသေးတယ်ဆိုတာကို ပြောခဲ့တယ်လေ။ ထပ်ပြောရရင် အစ်ကိုက ကျွန်တော့်အစ်မနဲ့ လက်ထပ်ရင် အတူတူ နေဖို့အတွက် အိမ်တစ်အိမ် ပိုက်ဆံတွေ အများကြီး လိုသေးတယ်။”
‘ဟုတ်တယ် ငါအိမ်ကြီးတစ်လုံ ဝယ်ချင်တယ်’
လီရှစ်ချင်က တွေးလိုက်ပြီးနောက် ဖုန်းယွီအား ပြောလိုက်သည်။
“ကောင်းပြီ။ အစ်ကို ၅,၀၀၀ယွမ်ပဲ ယူမယ်”
“ဘာ။ ဒီမှာပဲ စောင့်နေဦး။ ကျွန်တော် ငွေလဲချင်တဲ့ နိုင်ငံခြားသား အချို့ကို ဆက်ရှာလိုက်ဦးမယ်။”
ဖုန်းယွီက ပြောလိုက်၏။
အစက သူတို့ရှိ ပိုက်ဆံမှာ ၁၀,၀၀၀ယွမ်အောက် ကျန်တော့သည်။ သို့သော် ကီရီလန်ကိုကြောင့် သူတို့သည် ယွမ်ငွေ ၂၀,၀၀၀ထပ်ရပေတော့သည်။
တစ်နာရီ ကြာပြီးနောက် အမျိုးသားနှစ်ယောက်က ကားမောင်းထွက်သွားတော့သည်။ သူတို့၏ ယွမ်များအား ရူဘယ်နှင့် အမေရိကန် ဒေါ်လာများအဖြစ် လဲလှယ်ပြီး ဖြစ်သည်။ ရက်အနည်းငယ် ကြာပြီးနောက် ထိုငွေကြေးများလုံး ပြန်လဲလှယ်ပြီးသွားပြီ ဖြစ်ကာ သူတို့အနေဖြင့် အမြတ် ၁၀,၀၀၀ယွမ် ရခဲ့သည်။ လီရှစ်ချင်သည် သူ၏ အိမ်အပြန်လမ်းတွင် ဆက်တိုက် ပြုံးနေလေသည်။ ဖုန်းယွီသည်လည်း အလွန်စိတ်လှုပ်ရှားနေသည်။ သူ့လက်ထဲရှိ ငွေပမာဏသည် မကြာခင်တွင် ၁၃,၀၀၀ယွမ်ထက် ပိုလာမည် ဖြစ်ပေ၏။ တစ်နှစ်ကြာပြီးနောက် သူ၏ ၁၃,၀၀၀ယွမ်သည် ၁.၃သန်း ဖြစ်မည် ဖြစ်သည်။
https://www.facebook.com/107432221758879/posts/122009000301201/