အခန်း ၁၂
ပိုက်ဆံတွေ မရှိတော့ဘူး
မြို့မှ ပြန်လာသည့်ဖုန်းယွီကို ဖုန်းရှင်းထိုက်က စိတ်အားထက်သန်စွာ ကြည့်နေလျက် သူ့ဆီ ဘယ်အချိန်တွင် ငွေအကုန် ပြန်သယ်လာပြီး ဒီတစ်ကြိမ်တွင် သူတို့ ငွေဘယ်လောက် ရှာနိုင်ခဲ့လဲဆိုတာကို မေးလိုက်သည်။
ဖုန်းယွီက ပြောသည်။
“အဖေ ဒီပိုက်ဆံတွေအကုန်လုံး ငွေတိုက်စာချုပ် ဝယ်လိုက်ပြီ”
“မင်းဘာပြောလိုက်တာလဲ။ မင်းက ငွေတိုက်စာချုပ်တွေ ဝယ်ဖို့အတွက် ယွမ် ၁၀၀,၀၀၀ကျော်ကို မင်း သုံးလိုက်တာလား။ မင်းက မွေးရကျိုး မနပ်တဲ့ သားတစ်ယောက်ပဲ။ လီရှစ်ချင်ဆိုတဲ့ကောင်က မင်းကို ချော့ပြီး ငွေတိုက်စာချုပ်တွေ ဝယ်ခိုင်းခဲ့တာလား။
ဖုန်းရှင်းထိုက်က မေးရင်း စိတ်တိုနေသည်။
ဖုန်းရှင်းထိုက်၏ သွေးများ နားထင်အထိ ဆောင့်တက်သွားသည်။ သူသည် ယခုတစ်ခေါက် လယ်ထဲတွင် ဘာစိုက်ရတော့ မည်နည်း။ သူသည် ဖုန်းယွီကို ရိုက်ရန်အတွက် လက်ပြင်လိုက်သည် သို့သော် လက်ကို ပြန်ချလိုက်၏။
‘အ..ဒီတစ်ခေါက် မရိုက်တော့တာလား”
“အဖေ ဒါတွေ အကုန်လုံးက ကျွန်တော်ရဲ့ အကြံတွေပါပဲ လီရှစ်ချင်နဲ့ ဒီကိစ္စက ဘာမှ မဆိုင်ပါဘူး။ ငွေတိုက်စာချုပ်တွေကို ရောင်းဝယ်ဖို့အတွက် မကြာခင်မှာ ဈေးတွေ စဖွင့်တော့မယ်ဆိုတာကို ကျွန်တော် ဆရာစွန်းဆီက ကြားခဲ့တယ်။ အဲ့ဒီကိစ္စကို စိတ်ကူးယဉ်ကြည့်လိုက် အဖေ။ အစ်ကိုလီက ၁၀ယွမ် ငွေတိုက်စာချုပ်အတွက် ၉.၅ယွမ်ပေးပြီး ဝယ်နေတယ်။ အခု ကျွန်တော်တို့က ၁၀၀ဖိုး ငွေတိုက်စာချုပ်တွေအတွက် ၉၅ယွမ်ပဲ ပေးဝယ်ရတယ်။ ငွေတိုက်စာချုပ်ကကို ရောင်းဖို့ ခွင့်ပြုလိုက်တဲ့ အချိန်ကျရင် ကျွန်တော်တို့တွေ ထောင်ပေါင်းများစွာ အမြတ်အစွန်းတွေ ရလိမ့်မယ်”
ဖုန်းယွီက ရှင်းပြလိုက်သည်။
ဖုန်းရှင်းထိုက်က သက်ပြင်းချကာ
“သား အဖေသားကို ဥပေက္ခာပြုထားမိတယ်။ အဖေလေ ရှရှားက လူတွေနဲ့ ရှရှားဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် သားက ပြောတက်မယ်လို့တောင် မသိခဲ့ဘူး။ သားနဲ့ လီရှစ်ချင်က တကယ်ကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချတဲ့ အခါမှာ ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တယ်။ အခု မင်းက ငွေတိုက်စာချုပ်တွေ အကြောင်း ထပ်ပြောပြန်ပြီ။ အဖေ ဒီအကြောင်း ကောင်းကောင်းနားမလည်ဘူး။ ဒါပေမဲ့ အဖေသားကို ယုံကြည်တယ်”
“အဖေ တကယ် သားကို ယုံကြည်တာလား”
ဖုန်းယွီက မေးလိုက်သည်။
ဖုန်းရှင်းထိုက်က ပြန်ပြော၏။
“အဖေ ဘာလုပ်နိုင်မှာလဲ။ တကယ်လို့ အဖေ သားကို ရိုက်ရင်တောင် သား အဲ့ပိုက်ဆံတွေကို ပြန်ရအောင် လုပ်နိုင်မှာလား။ ရှောင်လီက မိသားစုကောင်းက လာတဲ့ သားလိမ္မာလေး တစ်ယောက်။ မင်းရဲ့ အစ်မကလည်း သူ့ကို အရမ်းသဘောကျတယ်။ တကယ်လို့ အဖေက သူတို့ဆီသွားပြီး သူ့တို့ဆီက ပိုက်ဆံ ပြန်တောင်းရင် ရှောင်လီရဲ့ မိသားစုက အဖေတို့ကို ဘယ်လိုအကြည့်တွေနဲ့ ကြည့်မှာလဲ။ ပြီးတာက ပြီးပြီ။ အဖေတို့တွေ ပိုက်ဆံ မရှိတဲ့ အချိန်တုန်းကလည်း ရုန်းကန်ခဲ့ကြတာပဲ”
“အဖေ။ ကျွန်တော်တို့တွေ အခု ပိုက်ဆံ လိုနေတာလား”
ဖုန်းယွီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“သားရဲ့အစ်မက မကြာခင်မှာ ဆေးရုံမှာ အလုပ်သင်အဖြစ် အလုပ်ဆင်းရတော့မှာလေ။ သားလည်း ကျောင်းတက်ရတော့မယ်။ နွေဦးကလည်း မကြာခင် ရောက်လာတော့မှာဆိုတော့ အဖေတို့တွေ မျိုးစေ့တွေ မြေဩဇာတွေ ပြင်ဆင်ရတော့မယ်။ ဒါတွေ အကုန်လုံးက ငွေလုံးဝ မလိုဘူးလား။ မင်းက မွေးရကျိုး မနပ်တဲ့သား။ မင်းက ငါ့ကို သေစေချင်နေတယ်”
ဖုန်းရှင်းထိုက်က ပြန်ပြောလိုက်သည်.
ဖုန်းရှင်းထိုက်၏ စကားများတွင် ဒေါသများ ပါပါလာသည်။
“အဖေ အဲ့တာတွေ အတွက် အချိန်လောက်ပါတယ်။ ငွေတိုက်စာချုပ်တွေက ဧပြီလကနေ စပြီး ရောင်းချခွင့် ဖွင့်တော့မယ်။ ကျွန်တော်တို့ မျိုးစေ့တွေနဲ့ မြေဩဇာ ဝယ်ဖို့အတွက် နောက်မကျပါဘူး။ ကျွန်တော်ရဲ့ ကျောင်းစရိတ်၊ အဆောင်စရိတ် စတာတွေအတွက် ကျွန်တော်တို့ ကျောင်းကို အကြွေးနှစ်လ ထားလို့ရတယ်။ ဘာကိစ္စမှ ရှိမှာ မဟုတ်ဘူး။ အစ်အတွက်လည်း ဘာမှ စိုးရိမ်စရာ မလိုဘူး။ အစ်ကိုလီက အစ်မအတွက် ပိုက်ဆံ အရန် ထားထားတာ ရှိမှာပဲ။ အဲ့ဒီပိုက်ဆံတွေက အစ်မရဲ့ နှစ်လစာအတွက် လောက်တယ်”
“ဒီပုံစံအတိုင်း ဖြစ်ရင်တော့ ကောင်းတာပေါ့။ အဖေတို့တွေ ဒီကိစ္စကို မင်းအမေ မသိအောင် လုပ်ထားရတယ်။ တကယ်လို့ သူသာ ဒီအကြောင်းသိရင် မင်းကို သေတဲ့ အထိ ရိုက်လိမ့်မယ်။ မင်းအစ်မနဲ့ မင်းရဲ့ ကျောင်းစရိတ်အတွက် အဖေ နည်းလမ်းတစ်ခု စဉ်းစားလိုက်ဦးမယ်”
ဖုန်းရှင်းထိုက်က ပြောလိုက်သည်။
“ဖေကြီးဖုန်း။ ရှောင်ယွီ မင်းတို့ တွေအခန်းထဲမှာ ဘာတွေ တီးတိုးပြောနေကြတာလဲ။ ညစာ အသင့် ဖြစ်ပြီ”
ဖုန်းယွီအမေက အော်လိုက်သည်။
“ဟုတ်ကဲ့အမေ သားတို့ လာပြီ”
ဖုန်းယွီက ပြန်အော်လိုက်သည်။
_________________________________________________________________________
“တန့်ယင်းရဲ့ အလုပ်သင်ကာလက နောက်ထပ် နှစ်ရက်နေရင် စတော့မယ်။ သူ့ရဲ့ လုပ်နိုင်ရည်ပေါ် မူတည်ပြီး ဆေးရုံကြီးကြီးမှာ အလုပ်ရနိုင်တယ်။ ဖုန်းတို့အဖေ ကျွန်မတို့တွေ တန့်ယင်းအတွက် သူ့ထက် အကြီးတွေကို လက်ဆောင် ဝယ်ပေးဖို့အတွက် ပိုက်ဆံ ပေးလိုက်ကြမလား။”
ကျန်းမူဟွက ထမင်းစားရင်း ပြောလိုက်သည်.
“အမေ အထက်အကြီးတွေကို လက်ဆောင် ပစ္စည်းပေးတာက ကျင့်ဝတ်နဲ့ မညီဘူး။ အဲ့ဒီဆေးရုံမှာ သူနာပြု ဆရာမ အလုံအလောက် မရှိိဘူး။ သမီး အလုပ်သင်ပြီးရင် အဲ့ဒီဆေးရုံမှာ အလုပ်ရမှာ အသေအချာပဲ။”
တန့်ယင်းက အော်လိုက်သည်။
“ကျွန်တော် သဘောတူတယ်။အမေ လက်ဆောင်ပေးဖို့ မလိုအပ်ပါဘူး။ အဲ့ဆေးရုံက ကျွန်တော်အစ်မကို အလုပ်မခန့်ရင်တောင် ပိုတောင်ကောင်းသေးတယ်။ ကျွန်တော် အစ်မအတွက် ဆေးရုံ တစ်ရုံ ဆောက်ပေးမယ် အစ်မက ဆေးရုံကို လည်ပတ်အောင် လုပ်ပေးဖို့ပဲ။ အဲ့တာက သူနာပြု ဆရာမ တစ်ယောက် ဖြစ်တာထက်တောင် ပိုကောင်းသေးတယ်”
ဖုန်းယွီက သူ့ပါးစပ်ထဲ ထမင်းသွတ်ထည့်ရင်း ပြောလိုက်သည်။
ကျန်းမူဟွ ဖုန်းယွီ၏ ခေါင်းကို တူဖြင့် ခေါက်လိုက်ပြီးနောက်
“မင်းက မင်းရဲ့ အဖေလို လေလုံးထွားဖို့ပဲသိတယ်။ ဆေးရုံဆောက်မှာလား။ ငါတို့ရွာရဲ့ ဆေးပေးခန်းကိုပဲ ကြည့်လိုက်ပါဦး။ အဲ့တာဆောက်ဖို့အတွက် ဘယ်လောက်ကုန်လဲ မင်းသိလို့လား။ ဒေါ်လေးကျောက် ဒီ ဆေးပေးခန်းကို လည်ပတ်ဖို့ အခွင့်အရေး မရခင်က အဲ့ဒီဆေးပေးခန်းမှာ ဘယ်လောက်ကြာအောင် လုပ်ခဲ့ရလဲဆိုတာ မင်းသိလား”
ဖုန်းယွီက သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။
‘ဆေးရုံတစ်ရုံပဲကို။ နောက်သုံးနှစ်နေရင် ငါ ငါ့အစ်မအတွက် ဆေးရုံ ကြီးကြီး တစ်လုံး ဆောက်ပေးမယ်။ ပြီးရင် အစ်မကို ဆေးရုံကို လည်ပတ်ခိုင်းရမယ်။ အဲ့ဒီအခါ ငါက တခြား ဆေးရုံက အရည်အချင်းရှိတဲ့ ဆရာဝန်တွေ သူနာပြုတွေကို ငှားပြီး ငါ့အစ်မအတွက် အလုပ် လုပ်ခိုင်းမယ်’
“ဖုန်းတို့အဖေ ရှင့်ကို ပြောနေတာ”
ကျန်းမူဟွက ပြောလိုက်သည်။
“ဘာလဲ။ ငါလည်း အဲ့တာကို အလျင်လိုစရာ မလိုဘူးလို့ ထင်တယ်။ ငါတို့တွေ သူ့အလုပ်သင် ကာလ ပြီးတာနဲ့ လက်ဆောင်တွေ ပေးလို့ ရတာပဲ”
ဖုန်းရှင်းထိုက်က ပြောလိုက်သည်။ သူသည် သူ့သမီးကို လက်ဆောင်များ ယူသွားစေချင်သော်လည်း ယခုအချိန်တွင် သူ့လက်ထဲ၌ ပိုက်ဆံမရှိပေ။”
“ရှင်တို့တွေ သိလို့လား။ အခုနေ လက်ဆောင် ပေးရင် သမီးက ပိုကောင်းတဲ့ ဌာနတွေမှာ အလုပ်လုပ်ခွင့်ရမှာ။ ဆေးပေးခန်းက အစ်မ ကျောက်ရဲ့ အတွေ့အကြံအရ တချို့ သူနာပြုတွေက အရေးပေါ်ဌာနမှာ ညဆိုင်းဆင်းရတယ်။ ညဆိုင်းဆင်းတာက အရမ်းပင်ပန်းတယ်။ အလုပ်လုပ်ရတာ နည်းတဲ့ ဌာန ဥပမာ သွားဖက်ဆိုင်ရာ ဌာနတွေမျာ အလုပ်ဆင်းရရင် ပိုကောင်းတာပေါ့”
ကျန်းမူဟွက ပြောလိုက်သည်။
ဖုန်းတန့်ယင်းက သူမ၏ အဖေကို ကြည့်လိုက်သည်။ သူမသည် အရေးပေါ်ဌာနတွင် မလုပ်ချင်သလို ညဆိုင်းလည်း မဆင်းချင်ပေ။
ဖုန်းရှင်းထိုက်က ဖုန်းယွီကို ကြည့်လိုက်သည်။ ပိုက်ဆံတွေ အကုန်ကုန်ပြီ။ မင်းရဲ့ အမေသာ ငွေစုစာအုပ်ကို ထုတ်လိုက်ရင် ဖုံးကွယ်ထားတဲ့ ကိစ္စတွေ ဗူးပေါ်သလို ပေါ်တော့မှာ။
“ဟွတ် အမေ အစ်မ နှစ်ယောက်စလုံး ဘာမှ စိုးရိမ်စရာ မလိုပါဘူး။ အစ်ကိုလီက ဆေးရုံနဲ့ အဆက်အသွယ်ရှိတယ်လို့ ပြောတယ်။ အစ်မက အရိုးရောဂါကု ဌာနမှာ အလုပ်လုပ်ရပြီး သူမရဲ့ အလုပ်က အထိန်းနဲ့ ပတ်တီး ဒါမှမဟုတ် တစ်ခုခုကို ဆရာဝန်တွေကို လက်ဆင့်ကမ်းပေးဖို့ပဲ လိုတာ။ အဲ့ဒီ အရိုး ဌာနက သွားဖက်ဆိုင်ရာ ဌာနထက် လူလည်းနည်းပြီး ပိုပြီး အလုပ်က ပိုလွယ်တယ်”
ဖုန်းယွီက လိမ်လိုက်သည်။
တစ်ခါလိမ်လိုက်တိုင်း သက်ပြင်းတစ်ခါ ချလိုက်သည်။ ဒီညနေခင်းတွင် အစ်ကိုလီကို ငွေတိုက်စာချုပ် ရှာဖို့အတွက်နှင့် သူ့အစ်မ၏ ဆေးရုံတွင် အလုပ်သင်ကာလအတွက် အာရုံစိုက်ရန်အတွက် ဖုန်းသေချာပေါက် ခေါ်ရမည် ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့အစ်မအား နောက်ဖေးပေါက်မှ ဆေးရုံကို သွားရန်အတွက် မျှေုာင့်လင့်ရုံသာ ရှိသည်။
ကျန်းမူဟွက ပြောလိုက်သည်။
“တကယ်ကြီးလား။ ရှောင်လီကို အရေးထားတယ်ဆို ဒီကိစ္စကို မပြောနဲ့နော်”
ဖုန်းယွီက ချက်ချင်း ပြန်ပြောလိုက်သည်။
“အမေ အစ်မက အမေလိုပဲ ယောကျာ်းကောင်းတစ်ယောက်ကို ရှာတွေ့ထားတာ”
စာတစ်ကြောင်းထဲဖြင့် မိသားစုရှိ လူတိုင်းက ပြုံးသွားတော့သည်။
“ဖုန်းတို့အဖေ ကျွန်မရဲ့ အစ်မကြီး မိသားစုက ကျွန်မတို့ ဆီကနေ မြင်းကောင်ရေ ၅၅အားရှိတဲ့ ထွန်စက်ဝယ်ဖို့ ပိုက်ဆံချေးချင်လို့တဲ့။ သူတို့တွေက ကောက်ရိတ်သိမ်းပြီးတာနဲ့ ဒီပိုက်ဆံတွေကို ပြန်ပေးမှာတဲ့”
ကျန်းမူဟွက ရုတ်တရက် ပြောလိုက်သည်။
ဖုန်းရှင်းထိုက်က မေးလိုက်၏.
“မင်းအစ်မက ဘယ်လောက်လိုတာလဲ”
“ယွမ် ၅,၀၀၀”
ကျန်းမူဟွက ပြန်ဖြေလိုက်သည်။
ဖုန်းရှင်းထိုက်သည် ဒီတစ်ခါတွင်တော့ ခေါင်းအကြီးအကျယ် ကိုက်သွားတော့သည်။ တကယ်လို့ သူ့လက်ထဲမှာ ပိုက်ဆံ ရှိလျှင် အစ်မကြီးက ၁၀,၀၀၀ယွမ် လိုအပ်လျှင်တောင် ပြဿနာ မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် သူ့သားနှင့် သူ့သမက်လောင်းက ငွေအားလုံးကို ငွေတိုက်စာချုပ်အဖြစ် ရင်းနှီး မြှပ်နှံထားသည်။ သူ့မိန်းမကို သူမည်သို့ ပြန်ပြောရမည်နည်။
“အမေ ကျွန်တော် အမေကို တစ်ခုခု ပြောစရာ ရှိတယ်”
ကျန်းမူဟွက သူ့ခင်ပွန်းနှင့် သူ့သားကို ကြည့်လိုက်သည်။ အစောပိုင်း ကတည်းက သူတို့သည့် အချင်းချင်း မျက််ဆ ပစ်နေကြသည်။ ထိုမျက်စပစ်ခြင်းက သူတို့သည် သူမကို တစုံတခု ဖုံးကွယ်ထားသည်မှာ သိသာလှပေ၏။
“ဘာဖြစ်လို့လဲ”
ကျန်းမူဟွက မေးလိုက်သည်။
“ကြီးဒေါ်ကို တစ်လ နှစ်လလောက် စောင့်ခွင့် ပေးလို့ မရဘူးလား။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ အခုနေ ထွန်စက်ဝယ်ရင်တောင် သုံးလို့ရဦးမှာ မဟုတ်တာ။ နောက်နှစ်လမှ ဝယ်ရင်လည်း သူတို့ စိုက်ပျိုးထွန်ယက်ဖို့ နောက်မကျသေးပါဘူး”
ဖုန်းယွီက ပြောလိုက်သည်။
ဗန်း
ကျန်းမူဟွက စားပွဲပေါ်ကို ရိုက်ချလိုက်သည်။
“ရှင်တို့ နှစ်ယောက်လုံး ဘာတွေ ဖုံးကွယ်ထာတာလဲ။ အစတုန်းက နှစ်ယောက်လုံးက မင်းအစ်မအတွက် လက်ဆောင်ဝယ်ပေးဖို့ကို မင်းက တားတယ်။ အခု မင်းက ငါ့အစ်မကို ပိုက်ဆံချေးပေးဖို့ကို မင်းက ထပ်တားပြန်တယ်။ ဘာဖြစ်တာလဲ….”
ကျန်းမူဟွက တူအစုံကို စားပွဲပေါ်တွင် ချလိုက်ပြီးနောက် အခန်းထဲ ပြေးဝင်သွားသည်။ ခဏကြာ ရှာပြီးနောက် သူမသည် ငွေစုစာအုပ် ပျောက်ဆုံးနေသည်ကို တွေ့သွားခဲ့သည်။ ထိုငွေစုစာအုပ်ထဲတွင် ၂၀,၀၀၀ယွမ် ရှိနေတာ ဖြစ်သည်။
“ပိုက်ဆံတွေ ဘယ်မှာလဲ။ ရှင်တို့ နှစ်ယောက်လုံး ငွေစုစာအုပ်ကို ဘယ်မှာ ဝှက်ထားတာလဲ”
ကျန်းမူဟွက စိတ်တိုတိုဖြင့် မေးလိုက်သည်။
‘ဒီအဖေနှင့် ဒီသားက သူတို့ မိသားစု၏ စုငွေ ယွမ် ၂၀,၀၀၀ကို ဖြုန်းလိုက်တာလား။’
ဖုန်းယွီက သူ့အမေအား စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
“အမေ စိတ်မပူပါနဲ့ ဒီပိုက်ဆံတွေက မပျောက်ပါဘူး။ ကျွန်တော်တို့ ခဏသုံးရုံပါ”
ကျန်းမူဟွက တခဏကြာ ငြိမ်သက်သွားသည်။ ထို့နောက် ထလိုက်ပြီးနောက် နံရံရှိ ကြက်မွေးကို ယူလိုက်ပြီးနောက်
“နင် နင်က မွေးရကျိုး မနပ်တဲ့သား။ မင်းဘာကြောင့် အိမ်က ပိုက်ဆံကို ခိုးရဲတာလဲ။ ငါနင့်ကို သေတဲ့အထိ ရိုက်မယ်”