EJYZ အပိုင်း ၃၀

အပိုင်း (၃၀)

တောင်ခြေက ကြီးမားသည့် စစ်တပ်ကြီးကို မြင်လိုက်ရသဖြင့် ဝမ်ပင်းသည် သူတို့ ကံဆိုးမိုးမှောင် ကျပြီးမှန်း သိလိုက်လေသည်။

“စစ်သူကြီးကြီးဝမ်”

ကျူးလျန့်၏မျက်နှာသည် ကြောက်လန့်သွားကာ ဖြူဆုတ်သွားတော့သည်။ ဘာလို့ တပ်စုတွေအများကြီးရောက်နေတာလဲ။ ဧကန္တ ဝမ်ပင်း မျှော်လင့်ထားတဲ့အတိုင်းပဲ ရှန်ဖုန်းမင်က သူတို့ကို လာဖမ်းတာလား။

ဝမ်ပင်းသည် သူ့ကိုကြည့်လိုက်ပြီး ရုတ်တရက် သူ့ဓားရှည်ကို ဆွဲထုတ်လိုက်ကာ ကျူးလျန့်ကို ခေါင်းဖြတ်သ-တ်လိုက်တော့သည်။ မနေ့ညက သူသာ အသက်ရှင်ဖို့ လောဘမကြီးခဲ့ဘဲ သေမှာမကြောက်ခဲ့ဘူးဆိုရင် သူတို့တွေမှာ တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုလောက် ရှိခဲ့သေးတယ်။ ထွက်ပြေးပြီး တိုက်ပွဲကို နှောင့်နှေးအောင်လုပ်ခဲ့တဲ့ ဒီလိုလူမျိုးအတွက်တော့ သူတို့တွေ အသ-တ်ခံရရင်တောင် သူတို့ရဲ့အမုန်းတရားက ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ယန်

ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် လူများကို ဦးဆောင်ကာ တောင်ပေါ်လမ်းအတိုင်း တက်သွားကြပြီး သည်မြင်ကွင်းကို မြင်လိုက်ရလေသည်။

ယန်ရှန့်က မျက်လုံးများကို ကျုံ့ထားလိုက်၏။ အလိုလေး။ သူ့ရှေ့မှာတောင် လူသ-တ်ရဲတယ်ပေါ့လေ။

ဝမ်ပင်းသည် ရှန်ဖုန်းမင်ဘက် လှည့်ကြည့်ကာ ရုတ်တရက် ဝါးလုံးကွဲအော်ရယ်လိုက်လေသည်။ သူသည် ထိုငွေကို လက်မခံသင့်ခဲ့သလို တခြားသူများ၏ လှည့်စားခြင်း မခံခဲ့သင့်ကြောင်းကိုသာ နောင်တရမိတော့သည်။ အောင်မြင်မှုနဲ့ ကျရှုံးမှု။ ကျော်ကြားမှုနဲ့ကြွယ်ဝမှုတို့က ခေါင်းတစ်ဖက် အလှည့်မှာ ဗလာအတိဖြစ်သွားတာပဲ။

နောင်တရဖို့ရာ အရမ်းနောက်ကျသွားပြီပဲ။

ယန်ရှန့်က လက် အချက်ပြလိုက်၏။ စာရင်းထဲကအတိုင်း သူတို့သည် အားလုံးကို ဖမ်းဆီးခဲ့ကြသည်။

ရုတ်ခြည်းဆိုသလို ၁၂ယောက်မကသည့် ချီလင်သက်တော်စောင့်များသည် လူများကို စတင်ဖမ်းဆီးလိုက်ကြတော့သည်။ အချိန်တိုအတွင်းတွင် အားလုံးက ဒူးထောက်နေကြလေသည်။

ဝမ်ပင်းသည် သဘောပေါက်သွားတော့သည်။ သူတို့သည် အမှန်ပင် လူအင်အားများလေသည်။ ချီလင်သက်တော်စောင့်များကလည်း စွမ်းရည်တော်တော်ရှိလှသည်။

သူသည် ဆက်ပြီး ထင်ယောင်ထင်မှားဖြစ်နေတော့ပေ။ သူ့မျက်လုံးကို မှိတ်ထားလိုက်ပြီး သေခြင်းကိုသာ စောင့်စားနေလိုက်တော့သည်။

ဝမ်ပင်း၊ ကျူးလျန့်နှင့် လူ၁၂ယောက်ကျော်တို့သည် သည်ကိစ္စတွင် ပါဝင်ခဲ့ကြသည်။ ဒုစစ်သူကြီးကျောက်နှင့် ကျန်သည့် လူများကတော့ ဘာဖြစ်ခဲ့ကြမှန်းပင် မသိကြပေ။ မိုင်းတွင်းက ဘာလို့ ရုတ်တရက်ကြီး ဝိုင်းခံထားရတာလဲ။ စစ်သူကြီးကြီးဝမ်နဲ့ တခြားသူတွေက ဘာလို့ ဖမ်းခံလိုက်ရတာလဲ။

သူတို့ ဘာလုပ်ကြမလဲ။

သူတို့သည် ဘာမှမတတ်နိုင်ဘဲ နောက်ဆုံးတွင် သည်ကိစ္စကို စီရင်မည့်အခြေအနေကိုသာ အမိန့်နာခံရင်း စောင့်ဆိုင်းနေရတော့သည်။

ယန်ရှန့်သည် လူများကို ဖမ်းဆီးလိုက်ပြီးနောက်တွင် သူတို့ကို ချက်ချင်း စုံစမ်းစစ်ဆေးတော့သည်။ ခဏအကြာတါင် သူ့လက်ထဲ၌ ခံဝန်ချက်တစ်ထပ်ကြီး ရလာခဲ့လေသည်။ သူသည် ခံဝန်ချက်များကို မြန်မြန် ဖတ်ကြည့်လိုက်၏။ ဒီကိစ္စကို မြို့တော်သို့ သယ်သွားပါက သွေးရေကန်ကြီးတစ်ခု မလွဲမသွေ ဖြစ်သွားပေလိမ့်မည်။

သူက ရှန်ဖုန်းမင်ကို ကြည့်လိုက်လေသည်။ ဒါက တကယ့်ကို ဒီလိုဖြစ်ခဲ့တာလား။ မင်းသားခြောက်က အခုဆိုရင် နန်းတော်ထဲမှာ သူ့အာဏာက အမြင့်တစ်နေရာကို ရောက်နေပြီလေ။ ဒါပေမဲ့ အိမ်ရှေ့မင်းသားကတော့ သူ့ကျန်းမာရေးက ပိုပိုပြီး ဆိုးရွားလာတယ်။

ရှန်ဖုန်းမင်၏မျက်လုံးများက သူ့သဘောထားကို ထုတ်ပြပြီးဖြစ်လေသည်။

ယန်ရှန့်မှာ သက်ပြင်းချလိုက်တော့သည်။ သူသည် ကျန်းယွင်ကျူးကို သတိရသွားပြီး ကျန်းယွင်ကျူးအိမ်သို့ ခဏလောက်ပြန်နေရန် စဥ်းစားလိုက်လေသည်။ ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်ရမယ်။ အိမ်း။ နောက်ထပ်ပြဇာတ်လေးတစ်ခုလောက် ကြည့်ရရင် ပိုတောင်ပြီးပြည့်စုံသွားအုံးမှာပဲ။

သည်အခိုက်မှာပင် လူတစ်ယောက်သည် တောင်ခြေမှ ပြေးတက်လာလေသည်။ ထိုလူသည် ဝဖိုင့်လို့နေသည်။ သူသည် တစ်လမ်းလုံး ပြေးတက်လာရသဖြင့် ပင်ပန်းကာ မောဟိုက်နေတော့သည်။

ဘယ်သူကမှ သူ့ကို မတားကြပေ။ အကြောင်းမှာ သူသည် မင်းဧကရာဇ်၏အစေခံ အဝတ်အစားကို ဝတ်ဆင်ထားသောကြောင့်ပင်။ သူက သည်နေကို အမိန့်တော်တစ်ခု သယ်လာခဲ့ခြင်းပင်။

“ အရာရှိရှန်၊ မင်းကြီးရဲ့လျှို့ဝှက်အမိန့်တော်ပါ” ဖူအန်းက ဦးညွှတ်ကာ ပြောလိုက်၏။

“ ဒီတစ်ခါ ဘာလျှို့ဝှက်အမိန့်လဲ”

ယန်ရှန့်က အံ့ဩသွား၏။ နောက်ဆုံးလျှို့ဝှက်အမိန့်တောင် အခုလေးမှ ပြီးသွားတာလေ။ နန်းတွင်းထဲမှာ အခုတလော ကိစ္စတွေအများကြီး ဖြစ်ပျက်နေတာလား။

“ ဒီအစေခံလည်း မသိပါဘူး”

ဖူအန်းက ရှန်ဖုန်းမင်ကိုသော်လည်းကောင်း ယန်ရှန့်၏ မျက်လုံးကိုသော်လည်းကောင်း မကြည့်ရဲပေ။ သူက ခေါင်းကိုသာ ငုံ့ထားပြီး ပြန်ဖြေလိုက်လေသည်။ ထို့နောက် သူက စာကို ရှန်ဖုန်းမင်ဆီကို ကမ်းပေးလိုက်လေသည်။

ရှန်ဖုန်းမင်က စာကို ဖွင့်ဖတ်လိုက်၏။ သူက ယန်ရှန့်ကို တန်းပေးလိုက်လေသည်။

“ မင်းကြီးက ငါတို့ကို နန်းတော်ကို ချက်ချင်းပြန်လာဖို့ အမိန့်ပေးလိုက်တယ်”

“ မြို့တော်ကို ချက်ချင်းပြန်ရမယ်ဟုတ်လား၊ ဘာကိစ္စက အဲလောက်အရေးကြီးနေလို့လဲ၊ ပြီးတော့ ဒီဘက်က ကိစ္စ….”

ဒီနေရာက ကိစ္စကို ဖြေရှင်းပြီးသွားပြီဆိုပေမဲ့ မင်းက ဘယ်လိုသိသွားတာလဲ။

ဒါပေါ့ ဧကရာဇ်ချင်းလုံက မသိပါဘူး။ မင်းသားခြောက် ဖြစ်မယ်လေ။ ဝမ်ပင်းလို စစ်သူကြီးတစ်ယောက်က ရှန်ဖုန်းမင်ကို မနိုင်မှန်း သူ သိတယ်။ ဒါကြောင့် သူက မြို့တော်မှာ မြန်မြန် လှုပ်ရှားပြီးခဲ့တာပေါ့။ ဒါမှ ဧကရာဇ်ချင်းလုံက ရှန်ဖုန်းမင်းကို ပြန်ခေါ်မှာကိုး။

အခုတော့ အောင်မြင်ရဲ့ရလဒ်တစ်ခု ရောက်လာပြီလေ။

သူ မသိလိုက်တာက သူက ခြေတစ်လှမ်းနောက်နေသေးတယ်ဆိုတာကိုပဲ။

မြေကြီးပေါ်တွင် ဒူးထောက်နေသည့် လူများကို ကြည့်ရင်း ဖူအန်းသည်လည်း နောက်ကျသွားပြီးမှန်း ခန့်မှန်းမိကာ စိတ်ထဲတွင် ညည်းညူလိုက်လေသည်။

“ ကုန်းကုန်း ကြည့်ရတာ အရမ်းစိတ်ပျက်သွားတဲ့ပုံ”

ယန်ရှန့်က ဖူအန်းဆီ လျှောက်သွားလိုက်ပြီး သူ့ဘေးတွင် ပတ်လျှောက်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

“ မလုပ်ရဲပါဘူး၊ ကျွန်တော်မျိုး မလုပ်ရဲပါဘူး” သူ့မျက်ခုံးပေါ်က ချွေးများကို သုတ်ကာ ဖူအန်းက ပြန်ဖြေလိုက်လသည်။

“ ကုန်းကုန်းရဲ့ နာမည်က ဘာလဲ၊ မင်းကြီးအတွက် အကောင်းဆုံး ကြိုးစားပေးတဲ့သူကို ပထမဆုံး တွေ့ဖူးတာပဲ၊ ကြည့်ပါအုံး၊ သူ့မှာ နေ့ရော ညရော မနားတမ်းလာလိုက်ရတာ၊ အလုပ်များလွန်းလို့ ညစ်ပတ်နေတဲ့အဝတ်အစားတွေတောင် မလဲနိုင်ဘူး၊ အရမ်းတက်ကြွမယ်လို့ မထင်ရဘူး” ယန်ရှန့်က ဆက်ပြောလိုက်၏။

သို့သော် ဖူအန်းမှာ အသက်ပင်မရှူရဲချေ။ သူသည် မင်းသားခြောက်၏အကျိုးကို ဆောင်ပေးခဲ့ပြီး အမိန့်တော်ကို အပြေးအလွှား ယူလာပေးခဲ့လေသည်။ ချီလင်သက်တော်စောင့်တွေက ဘာလို့ ဒီအကြောင်းကို သိသွားတာလဲ။

ရှန်ဖုန်းမင်၏ ကျော်ကြားမှုကို စဥ်းစားမိလိုက်ပြီး သူသည် ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ အပေါ့သွားမိမလိုဖြစ်သွားတော့သည်။ သူ ဓားနဲ့မခုတ်ခံရလောက်ပါဘူးနော်။ ဟုတ်တယ်မလား။

သူသည် သည်အခိုက်တန့်လေးတွင် အလွန်မှ နောင်တရသွားတော့သည်။ သူ မင်းသားခြောက်ရဲ့ငွေကို လက်မခံခဲ့သင့်တာပါ။

“ ကုန်းကုန်း နာမည်မပြောရသေးဘူးနော်” ယန်ရှန့်က ဘေးမှ ပြုံးကာပြောလိုက်လေသည်။ ဖူအန်းမှာ ဝိညာဉ်တစ်ခု နောက်မှ လိုက်နေသလို ခံစားလိုက်ရတော့သည်။

သူ့ခန္ဓာကိုယ်က ထိန်းမရအောင် တုန်လှုပ်သွားပြီး အချိန်မရွေး မြေကြီးပေါ်သို့ လဲကျသွားတော့မည့်နှယ်။

သူ့ပုံကို တွေ့လိုက်ရပြီး ယန်ရှန့်၏မျက်လုံးများသည် အနည်းငယ်ပိုအေးစက်သွားတော့သည်။ သူ့လိုလူက တခြားသူဆီက လာဘ်ယူဖို့တောင် တတ်နေပြီပေါ့လေ။ ကံဆိုးတာက သူက ဒီဘဝကိုရပြီး ငွေကို လိုချင်တယ်ဆိုရင်တောင် ဒါတွေကိုသုံးမှာဖို့ သူ့မှာ အသက်ရှိအုံးမှကိုး။

ဒီလိုမထင်ရှားလူတစ်ယောက်က သူ့ဒေါသနဲ့ အစတည်းက မထိုက်တန်ပါဘူး။ ဒါပေမဲ့ မထင်မရှား လူတစ်ယောက်ကလည်း လူတွေရဲ့ကံတရားကို သက်ရောက်နိုင်တယ်လေ။ ပြီးတော့ သူ့ကို အမိန့်တော်ယူလာပြီး ရှန်ဖုန်းမင်ကို မြို့တော်ကို ပြန်ခိုင်းဖို့ ဘယ်သူက သူ့ကိုပြောခိုင်းလို့လဲ။ သူ့မှာ ဒီမှာတောင် ကျေနပ်တဲ့အထိ မနေရဘူး။ သူ မြို့တော်ကို လုံးဝပြန်မသွားချင်သေးတာလေ။

ဒါတော့ ဖူအန်း ကံမကောင်းတာပဲ။

“ အကြောင်းအရင်း သေချာစုံစမ်းလိုက်” ရှန်ဖုန်းမင်က ဖူအန်းကံတရားကို ထိုစကားတစ်ခွန်းဖြင့်သာ ဆုံးဖြတ်လိုက်လေသည်။

ယန်ရှန့်က သွားကြီးဖြီးပြလိုက်လေသည်။ ကြည့်ရတာ သူလည်း မြို့တော်ကို မပြန်ချင်ဘူးထင်ပါ့။ သူသည် လက်ယမ်းပြလိုက်သည်နှင့်တပြိုင်နက် ချီလင်သက်တော်စောင့်များက ဖူအန်းကို စုံစမ်းစစ်ဆေးရန် ချက်ချင်းဆွဲထုတ်သွားတော့သည်။

ဖူအန်းသည် မင်းကြီးက အမိန့်တော် ပို့ရန်လွှတ်လိုက်သူဖြစ်သော်လည်း အဖမ်းခံလိုက်ရလေသည်။ နန်းတော်တစ်ခုလုံးတွင် ချီလင်သက်တော်စောင့်နှင့် ရှန်ဖုန်းမင်က သည်လိုလုပ်ရပ်မျိုးကို လုပ်ရဲလေသည်။ ဖူအန်းမှာ အသံတစ်ချက်ပင်မထွက်ရဲချေ။ သူ ပိုပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်လျှင် အဆုံးသတ်က ပိုဆိုးသွားပေလိမ့်မည်။

ဒါသည် ကိစ္စအသေးအမွှားလေးတစ်ခုသာဖြစ်လေသည်။

“ အခု ငါတို့ဘာလုပ်ကြမလဲ”

ယန်ရှန့်က ရှန်ဖုန်းမင်ကို မေးလိုက်၏။

ရှန်ဖုန်းမင်က လက်ထဲကစာကို ကြည့်လိုက်ပြီး

“ ဒီမှာ ကိစ္စတွေပြီးသွားပြီ၊ မြို့တော်ကို ပြန်ကြမယ်”

“မြို့တော်ကို ပြန်မယ်၊ ဒါဆို….”

သူသည် မိန်းကလေးကျန်းကိစ္စကို မေးလိုက်ချင်လေသည်။ နောက်ဆုံးတော့ မမေးဖြစ်ခဲ့ပေ။

နေ့လယ် ၁နာရီ။ အမျိုးသမီးချန်က ခြံဝင်းထဲတွင်ရပ်နေပြီး ပူပင်သည့်မျက်နှာတစ်ခုနှင့် မိုင်းတွင်းဘက်သို့ ကြည့်နေ၏။ ခုနက စစ်တပ်အတွေအများကြီး တွေ့လိုက်တယ်လေ။ ဘာမှတော့ မဖြစ်လောက်ပါဘူးနော်။ ကျန်းချိန်က မိုင်းတွင်းထဲမှာပဲ ရှိသေးတယ်။

“အမေ မစိုးရိမ်ပါနဲ့၊ အဆင်ပြေမှာပါ”

ကျန်းယွင်ကျူးက ဖျောင်းဖျလိုက်၏။

အမျိုးသမီးချန်က ခေါင်းညိတ်ပြလိုက်ပြီး ကျန်းယွင်ကျူးကို မေးလိုက်လေသည်။

“ဒါဆို စွပ်ပြုတ်ချက်ကြတော့မယ်လေ”

မနက်ဖြန်မနက်ကျရင် သူတို့တွေ ဟူလထန်းရောင်းဖို့လိုတော့ အခုကတည်း အရိုးစွပ်ပြုတ်ကို စချက်ထားမှရမယ်။ အရိုးစွပ်ပြုတ်က အချိန်အကြာကြီးပြုတ်မှ အရသာကောင်းတာ။

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။ မနက်ဖြန်မနက်အခြေအနေ ဘယ်လိုရှိမလဲဆိုတာ သူမ မသိရသေးဘူးလေ။

“အမေ သမီး အမေနဲ့ တိုင်ပင်စရာရှိတယ်”

“ဘာများလဲ” အမျိုးသမီးချန်က မေးလိုက်၏။

“ မနက်ဖြန်မနက်ကစပြီး မနက်စာ ရောင်းတာကို ရပ်လိုက်ရအောင်၊ အဲဒီအစား နေ့လယ်စာနဲ့ ညနေစာကိုပဲ ရောင်းကြမယ်၊ အမေလည်း တွေ့တာပဲ သမီးတို့တွေ မနက်စာရောင်းတာထက် နေ့လယ်စာရောင်းတာက ငွေပိုရှာနိုင်တယ်လေ။ သမီးတို့တွေ ညနေစာပါ ထပ်ထည့်လိုက်ရင် သေချာပေါက် ပိုရှာနိုင်မှာ။ ပြီးတော့ မနက်စာရောင်းရတာက တကယ်ပင်ပန်းတဲ့အလုပ်”

ကျန်းယွင်ကျူးက သည်ကိစ္စကို အစောကြီးကတည်းက စဥ်းစားထားခဲ့သည်။ သို့သော် ကပ်ဘေးက ဝိုးတဝါး ပေါ်ပေါက်လာသဖြင့် သူမသည် အားလုံးကို မလုပ်ရဲခဲ့ချေ။

ရာသီဥတုက ပိုပိုအေးလာပြီ။ မနက်စာရောင်းဖို့ ညနောက်ကျမှ အိပ်ရာဝင်ပြီး မနက်အစောကြီးထရတာ တကယ်ပင်ပန်းတယ်လေ။

အမျိုးသမီးချန်လည်း ညနေစာကို ရောင်းချင်ခဲ့သည်မှာ အစောကြီးကတည်းကပင်။ သို့သော် ကျန်းယွင်ကျူးက မလှုပ်ချေ။ ထို့ကြောင့် သူမကလည်း ထိုအကြောင်းကို ထုတ်မပြောရဲပေ။ အခုတော့ သူမက ထိုအကြောင်းကို ထုတ်ပြောလာသဖြင့် သူမတွင်လည်း ပြဿနာမရှိပေ။

“ နှမြောစရာတော့ကောင်းသား၊ လုပ်ငန်းက အဆင်ပြေနေတာ”

ဟူလထန်းရောင်းခြင်းက အမြတ်ကျန်သည့်အကြောင်းကို ပြောနေခြင်းပင်။ သူမသည် စိတ်ထဲက မှတ်ချက်ပြုမိလေသည်။ မနက်၊ နေ့လယ်၊ ည ငွေရှာဖို့ တကယ်လို့များ သူမမှာ ခေါင်းသုံးလုံး၊ လက်ခြောက်ချောင်း ရှိခဲ့ရင်ကောင်းသား။ ဒီလိုဆိုရင် သူတို့တွေ မြည်းဝယ်ဖို့ ငွေမြန်မြန်စုနိုင်မှာပဲ။

အမှန်ပင်။ သူမတွင် ထိုစွမ်းရည်မျိုး မရှိမှန်း သိလေသည်။ ထို့ကြောင့် သူမက သက်ပြင်းချလိုက်တော့သည်။

ကျန်းယွင်ကျူးက ဘာကိုမှ မခံစားရပေ။ မနက်ခင်းရောင်းခြင်းက အခြေအနေ အကူးအပြောင်းတစ်ခုသာ ဖြစ်သည်။ မနက်ဖြန်ကစပြီး နေ့တိုင်း နောက်ကျသည်အထိ အိပ်နိုင်တော့မည့်အကြောင်း စဥ်းစားလိုက်ကာ သူမ၏ဘဝက ရုတ်တရက် ပိုကောင်းလာသည်ဟု ခံစားလိုက်ရတော့သည်။

သည်ကိစ္စကို သည်လို သတ်မှတ်ထားလိုက်ကြလေသည်။

သည်အချိန်တွင် တံခါးအပြင်မှ တံခါးခေါက်သံကြားလိုက်ရ၏။ အမျိုးသမီးချန်က လန့်သွားလေသည်။ ဘယ်သူပါလိမ့်။

သူမက တံခါးကို ဖွင့်လိုက်ရာ ထိုနေရာတွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ ရပ်နေသည်ကို တွေ့လိုက်ရတော့သည်။

“ မင်းတို့က ဆန်ကောက်ပြီး ပြန်လာကြတာလား” အမျိုးသမီးချန်က မေးလိုက်၏။

ယန်ရှန့်၏ နှုတ်ခမ်းထောင့်မှာ တွန့်ချိုးသွားတော့သည်။ သူ ဒီအကြောင်းကို မေ့သွားတော့မလိုလေ။

“အင်း”

သည်တစ်ကြိမ်တွင် ရှန်ဖုန်းမင်က အရင်ဆုံးဖြေလိုက်လေသည်။ ထိုနောက် သူက ကျန်းယွင်ကျူးကို ကြည့်လိုက်၏။

ကျန်းယွင်ကျူးသည် သူနှင့်ယန်ရှန့်တို့ ပြန်လာကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမသည် အခိုက်တန့် မှင်တက်သွားပြီးမှ သူ့ကို ပြုံးပြလိုက်လေသည်။ စိတ်ထဲတွင် ဒီတစ်ခါ သူပြန်လာရသည့် အကြောင်းအရင်းကို စဥ်းစားနေတော့သည်။

ယန်ရှန့်က ကျန်းယွင်ကျူးကို ကြည့်လိုက်ပြီးနောက် ရှန်ဖုန်းမင်ကို ကြည့်လိုက်လေသည်။ သူက အမျိုးသမီးချန်ကို ပြောလိုက်၏။

“ အဒေါ် ပြီးခဲ့တဲ့တစ်ခေါက် ဘယ်မိသားစုက ဆန်တွေရောင်းနေတာလဲ၊ ကျွန်တော့်မှတ်ဉာဏ်ကလဲဗျာ မေ့တတ်လိုက်တာ”

ထို့နောက်တွင် အမျိုးသမီးချန်က သူ့ကို ဆန်ရောင်းသူများကို သွားတွေ့ရန် ခေါ်သွားလိုက်တော့သည်။

ရှန်ဖုန်းမင်နှင့် ကျန်းယွင်ကျူးတို့နှစ်ယောက်သာ ခြံထဲတွင် ကျန်ခဲ့လေသည်။

“ ကျွန်တော် မြို့တော်ကို ပြန်တော့မလို့” ရှန်ဖုန်းမင်က ပြောလိုက်၏။

“ လမ်းခရီးဖြောင်းဖြူးပါစေရှင်” ကျန်းယွင်ကျူးက ပြန်ပြောလိုက်သည်။ သူမ၏လေသံက အနည်းငယ် ဝမ်းသာသလို ဖြစ်နေလေသည်။

ရှန်ဖုန်းမင် : ….

ယန်ရှန့်ပြန်လာချိန်တွင် သူတို့နှစ်ယောက်က သည်အတိုင်း ရပ်နေကြသည်ကို တွေ့လိုက်ရလေသည်။ သူသည် အလွန်စိတ်ပျက်သွားပြီး သူ့နဖူးကို ပွတ်လိုက်မိတော့သည်။ သူ့စေတနာက အလကား ဖြစ်ပြီလေ။

“မိန်းကလေးကျန်း”

သူက သွားများ ပေါ်သည်အထိ ပြုံးလိုက်ပြီး ကျန်းယွင်ကျူးကို ပြောလိုက်၏။

“ ကျွန်တော်တို့ မြို့တော်ကို ပြန်ရတော့မယ်၊ မင်း ကျွန်တော်တို့နဲ့ လိုက်ဖို့ တကယ်မစဥ်းစားတော့ဘူးပေါ့၊ မင်း မိသားစုအတွက် စိတ်ပူစရာမလိုပါဘူး၊ တကယ်လို့ ဦးလေးနဲ့ အဒေါ်တို့က ဆန္ဒရှိတယ်ဆိုရင် သူတို့လည်း ကျွန်တော်တို့အတူ မြို့တော်ကိုလိုက်ခဲ့လို့ရပါတယ်။

ကျွန်တော်တို့က မြို့တော်မှာ အခြေချနေတာဆိုတော့ မိန်းကလေးကို တစ်အိမ်ထောင် တည်နိုင်အောင် ကူညီပေးနိုင်ပါတယ်”

ကျန်းယွင်ကျူးကို ခြောက်လှန့်မိမည်စိုးသဖြင့် သူသည် သူနှင့် ရှန်ဖုန်းမင်တို့၏ သရုပ်မှန်ကို ထုတ်မပြောရဲချေ။ အထူးသဖြင့် ရှန်ဖုန်းမင်၏ ကျော်ကြားမှုကိုပင်။

“ကျေးဇူးတင်ပါတယ်ရှင်၊ မလိုပါဘူး၊ ခရီးလမ်း ဖြောင့်ဖြူုးပါစေရှင်” ကျန်းယွင်ကျူးက ပြုံးက ပြောလိုက်လေသည်။

ယန်ရှန့် : သူဘာလို့ အထင်သေးခံလိုက်ရသလို ခံစားမိလိုက်တာလဲ။ သူ့စိတ်ကပဲ လှည့်စားနေတာလား။

ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် နောက်ဆုံးတော့ ပြန်သွားကြတော့သည်။

လမ်းမကြီးပေါ်တွင် ယန်ရှန့်က နောက်လှည့်ကြည့်လိုက်မိသည်။ အစိမ်းရောင်တောင်များအလယ်က ခြံဝင်းငယ်လေးတစ်ခု။ အရမ်းအေးချမ်းပြီး အရမ်းလှတာပဲ။

“ငါတို့တွေ ဒီအတိုင်း သွားလိုက်တော့မှာလား” သူက ရှန်ဖုန်းမင်ကို မေးလိုက်၏။

ရှန်ဖုန်းမင်က ရှေ့သို့ကြည့်ရင်း

“အဲလိုမှမဟုတ်ရင်ကော”

“ မင်းမှာ နည်းလမ်းပေါင်းစုံ ရှိတယ်မလား”

ယန်ရှန့်သည် သံကို သံမဏိမလုပ်နိုင်ခဲ့သည့်ကိစ္စကို မုန်းတီးနေတော့သည်။ သူ့နည်းလမ်းတွေအားလုံး ဘယ်ရောက်ကုန်တာတဲ့လဲ။

ရှန်ဖုန်းမင်က သူ့ကို လှည့်ကြည့်လိုက်ပြီး

“ သူက ဒီနေရာမှာ အရမ်းပျော်နေတယ်လေ”

ဒါဆို မြို့တော်မှာဆို မပျော်ဘူးတဲ့လား။ ယန်ရှန်ကတော့ ကျန်းယွင်ကျူးသည် သူမ ဘယ်နေရာကိုသွားသွား ကောင်းကောင်းနေနိုင်လိမ့်မည်ဟု ခံစားမိသည်မဟုတ်ပါလား။

ရှိပါစေတော့လေ။ အရင်ဆုံး မြို့တော်ကိုပြန်ကြတာပေါ့။ သူတို့ ပြန်မလာကြတော့မှာမှ မဟုတ်တာ။ ဒါနဲ့ နောက်တစ်ခါ သူပြန်လာရင်တော့ အဲဒီနတ်သမီး ပေါ်လာအောင် သူမ ဘယ်လိုလုပ်ခဲ့လဲဆိုတာ မေးကိုမေးရမယ်။

“ မင်းအတွက် တစ်ဝက်”

ယန်ရှန့်က သူ့လက်ထဲက ပစ္စည်းတစ်ဝက်ကို ရှန်ဖုန်းမင်အား ပေးလိုက်၏။ ပြီးခဲ့သည့် မိုးရွာသည့်နေ့က ကျန်းယွင်ကျူး လုပ်ထားခဲ့သည့် ဝက်အူချောင်းများ ဖြစ်သည်။ ရက်ပေါင်းများစွာ အခြောက်ခံလိုက်ပြီးနောက်တွင် အခုတော့ အသင့်စားရုံသာ။ လမ်းခွဲကြချိန်၌ သူမက သူတို့ကို လက်ဆောင်တချို့ ထည့်ပေးလိုက်လေသည်။

ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် လူများကို ဦးဆောင်ပြီး ထွက်ခွာသွားတော့သည်။ ဝူလင်မိုင်းတွင်းကလည်း မူလအတိုင်း အေးချမ်းသွားပြီး အရင်ကနှင့် မသိမသာကွာခြားသွားလေသည်။

ကျန်းယွင်ကျူက တံခါးကို တွန်းဖွင့်လိုက်ပြီး မြို့တက်ရန် အသင့်ဖြစ်နေ၏။ ဒီနေ့ကစပြီး သူမရဲ့ ထမင်းဘူးလုပ်ငန်းကို ကောင်းကောင်းလုပ်ပြီး ကြီးမားလာအောင် လုပ်ရမယ်။

မြို့တက်ပြီး အထူးထမင်းဘူးတစ်သုတ်လောက် သွားမှာတာကနေ စလုပ်လိုက်ကြမယ်။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset