EJYZ အပိုင်း ၂၆

အပိုင်း (၂၆)

မနေ့က လေးထောင့်စားပွဲက ရှိနေဆဲ။ သည်နေ့တွင် ရှန်ဖုန်းမင်က သူတို့ကို စာရေးနည်းသင်ပေးလေသည်။ ပထမဆုံးအနေဖြင့် စုတ်တံကိုင်နည်း သင်ပေးလိုက်ပြီးနောက် စာရေးရာတွင် သတိထားရမည့် အချက်များကို ပြောပြကာ နောက်ဆုံးတွင် လေ့ကျင့်ရန်သာ ကျန်တော့သည်။

ဒါသည် သူတို့တွက် စုတ်တံကိုင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ စုတ်တံအဖျားလေးက နူးညံ့နေ၏။ အားကို ထိန်းထားဖို့က ခက်ခဲလှသည်။ ကျန်းလင်က စာစရေးလိုက်၏။ အတွန့်အတက်များ ဖြစ်နေသည်။ ကျန်းယွင်ရွှယ်က သူထက် နည်းနည်းပိုလှပြီး ချောချောမွေ့မွေ့နှင့် တည်ငြိမ်သည့် လက်ရေးတစ်ခုဖြင့် ရေးနေလေသည်။

ကျန်းဝူ။ သူသည် သတိမထားတတ်သဖြင့် စာရွက်ပေါ်တွင် မှင်စက်ကြီးတချို့ရှိနေသည်။ သူသည် အလွန်စိုးရိမ်ကာ စိတ်လှုပ်ရှားနေသဖြင့် သူ့စုတ်တံကို တင်းနေအောင် ဆုပ်ကိုင်းထားသည်။ စုတ်တံနှင့် စာရွက်က အလွန်စျေးကြီးမှန်း သိထားပြီး သူ ကောင်းကောင်း မရေးခဲ့လျှင် အစ်ကိုကြီးက စိတ်ဆိုးမှာကို စိုးရိမ်လေသည်။

“ကောင်လေး မလောနဲ့၊ ဒီလိုကိစ္စက မင်း ကောင်းကောင်း ရေးနိုင်ရင် စာရေးတတ်သွားလို့ပဲ၊ ကောင်းကောင်း မရေးနိုင်ဘူးဆိုလည်း ထမင်းမငတ်ပါဘူး” ယန်ရှန့်က သူ့ပခုံးကို ပုတ်ပေးလိုက်ပြီး သူနှင့်တူသည့် တစ်စုံတစ်ယောက်ကို ကြည့်နေရသလို ခံစားလိုက်ရလေသည်။

သူ့လက်ရေးက ရုပ်ဆိုးသည်။ များပြားလှစွာသော ကွန်ဖြူးရှပ်ကျောင်သားများက သူ့ကို အတင်းလေ့ကျင့်ပေးခဲ့ပြီး ကိုယ်တိုင် လက်ထပ်သင်ကြားပေးရလုနီးနီးပင်။ သို့တိုင် သူသည် နဂါးနှင့် ဇာမဏီလို ရေးခဲ့သေးသည်။ မလှမပ ဖြစ်နေသည်မဟုတ်ဘဲ အတွန့်အတက်များပါနေခြင်းပင်။ လေပြင်းတစ်ချက်က ရှုပ်ပွနေသည့်မြက်ခင်းကို တိုက်ခတ်သွားသလိုပင်။

ရှန်ဖုန်းမင်က သူ့ကို ကြည့်လိုက်ပြီး

“ စကားအရမ်းများလွန်းတယ်၊ ထွက်သွားတော့”

ယန်ရှန့်က သူ့နှာခေါင်းကို ပွတ်သပ်လိုက်၏။ ထွက်သွားရမယ် ဟုတ်လား။ မထွက်သွားချင်ပါဘူး။

ကျန်းဝူသည် သူ့ကြောင့် အမှန်ပင် နှစ်သိမ့်ရမှုရသွားဟန်တူသည်။ စုတ်တံကို ကိုင်ထားသည့်လက်က အရမ်းတုန်မနေတော့ပေ။ သူသည် ရိုးရှင်းသည့် စာလုံးတစ်လုံးကို ရေးတတ်သွားတော့သည်။

ကျန်းယွင်ကျူးက စာတတ်လေသည်။ သူမသည် အိပ်မက်ထဲတွင် လွန်ခဲ့သည့်နှစ်နှစ်က အန်းဖင်နယ်စားအိမ်တော်တွင် လက်ရေးလှရေးနည်းကို သေသေချာချာ လေ့ကျင့်ခဲ့သေးသည်။ ထို့ကြောင့် သူမသည် ရှန်ဖုန်းမင်က တစ်ခုခုကို သတိထားမိသွားစိုးသဖြင့် စာလုံးများကို အပြည့်မရေးခဲ့ပေ။

သူမက အလျားလိုက်ဆွဲချက်များကိုသာ ရေးလိုက်၏။ အစပိုင်းတွင် အနည်းငယ် ကွေးကောက်နေသည်။ ထို့နောက်တွင်တော့ လက်ရေးက ငြိမ်လာသည်။ ထို့နောက် သူမက ရှန်ဖုန်းမင်၏ လက်ရေးကို အသေးစိတ် ကူးရေးဖို့ ကြိုးစားကြည့်လိုက်တော့သည်။

သူမသည် အလွန်စိတ်ဝင်တစားရေးနေလေသည်။ သူမ၏ခန္ဓာကိုယ်က ရှေ့သို့ အနည်းငယ်ညွှတ်နေပြီး သူမ၏မျက်ခုံးများက တွန့်ထားကာ သူမ၏နှုတ်ခမ်းများက တင်းနေအောင်ဖိထားပြီး သူမ၏နူးညံ့သည့် ဘေးတစ်ခြမ်းမျက်နှာနှင့် လည်တိုင်သွဲ့သွဲ့က လှပသည့်ကောက်ကြောင်းလေးတစ်ခု ဖြစ်နေတော့သည်။

ယန်ရှန့်သည် ဘေးတွင် ထိုင်ရင်း ရွှန်းရွှန်းစားစား ကြည့်နေလိုက်သည်။ မိန်းမလှလေးများသည် ဘရိုကိတ်သားနှင့် ပါးနီလိမ်းခြယ်ပြီး ကျောက်မြက် အနီအစိမ်းတို့ လွှမ်းထားကာ တိမ်ထဲတွင် ထိုင်နေရမည်ဟု အမြဲတမ်းတွေးခဲ့မိသည်။ သည်လိုယိုင်နဲ့နဲ့ အခန်းလေးထဲတွင် စိတ်ဝင်စားစရာတစ်ခုခု ရှိနေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

သူသည် ကြည့်နေရင်းက မသိမသာ ပြောင်းလဲမှုတစ်ခုကို သတိထားမိသွားတော့သည်။ ကျန်းယွင်ကျူးရဲ့လက်မောင်းက ရှန်ဖုန်းမင်ရဲ့လက်မောင်းကို သွားထိနေတာလား။

သူ့ကိုယ်နေဟန်ထားက မပြောင်းလဲသော်လည်း သူ့မျက်လုံးများက ပိုပြီး တောက်ပလာလေသည်။

သူ့လေ့လာချက်အရဆိုရင် ထိနေတာပဲဖြစ်ရမယ်။ ဒီတွေ့ရှိချက်က အသေးအဖွဲတော့ မဟုတ်ဘူး။ အဲဒီလူက ရှန်ဖုန်းမင်လေ။ တခြားလူ မပြောနဲ့ သူက သူ့ကိုထိရင်တောင် အထင်သေးသလိုနဲ့ ပုတ်ခံလိုက်ရအုံးမယ်။ အခုကျတော့ ဘာတဲ့လဲ။

သူတို့လက်မောင်းတွေ ထိနေတာ သိနေကြသလား။

လေးထောင့်စားပွဲက လူခြောက်ယောက် ထိုင်နိုင်ရုံလောက်ပဲ ကြီးတာလေ။ ကျန်းယွင်ကျူးက လက်ရေးလှကို စိတ်ဝင်တစားလေ့ကျင့်နေတာဆိုတော့ သူ့လက်မောင်းက ဘာကိုထိနေမှန်း အာရုံမရတာ သဘာဝပဲ။

ရှန်ဖုန်းမင်ကတော့ သတိထားမိတယ်။ ကျန်းယွင်ကျူး ခုနတုန်းက လှုပ်လိုက်တုန်းက သူ့လက်မောင်းကို သူ သတိထားမိတယ်၊ ပထမဆုံးအကြိမ်အနေနဲ့ သူ့လက်မောင်းကို မသိမသာ နောက်ဆုတ်ပေးလိုက်သေးတယ်။ ဒုတိယတစ်ခါကျတော့ သူ့လက်ကို သိမ်းလိုက်တယ်။ လှုပ်ရှားပုံက ညင်သာပြီး ကျန်းယွင်ကျူးကို အနှောင့်အယှက် မဖြစ်ဘူး။ တတိယတစ်ခါကျတော့ သူ မလှုပ်တော့ဘူး။

ယန်ရှန့်သည် သူ့လှုပ်ရှားမှုများကို အလိုလို တွေ့နေရလေသည်။ သူသည် သူ့မျက်လုံးများကိုပင် မယုံနိုင်တော့ချေ။ သူ့လို နှစ်တစ်သောင်း ရေခဲတုံးကို ဉာဏ်အလင်းဖွင့်ပေးလိုက်တာလား။

ဒါက လူတွေကို မျက်ရည်ထွက်လောက်အောင် ပျော်သွားစေတာပဲ။ တန့်ယန်းမင်းသမီးသာ သိလို့ကတော့ အပျော်လွန်သွားလိမ့်မယ်။

သူသည် သူ့သူငယ်ချင်းလေးကို မည်သို့ အကူအညီပေးရမည့်အကြောင်း ဝေခွဲမရဖြစ်နေစဥ်မှာပင် အပြင်ဘက်က အသံတစ်သံကို ကြားလိုက်ရတော့သည်။

“အဒေါ်ချန် ယွင်ကျူးအိမ်မှာ ရှိလား” ရွှီချင်ရှန့်သည် ကုယန်ကျိူုးကို အပြင်မှ ခေါ်ဝင်လာခဲ့လေသည်။

“ဒီဖက်မှာ”

အမျိုးသမီးချန်က ခြံဝင်းထဲတွင် အင်္ကျီဟောက်းတစ်ထည်ကို ဖာထေးပေးနေလေသည်။ ထိုအသံကို ကြားလိုက်သဖြင့် သူမက မြန်မြန်ထရပ်လိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

“ ဘာလဲဟင်၊ မင်း သူ့ကို ဘာကိစ္စတွေ့ချင်တာလဲ၊ ဪ ယန်ကျိုးလည်း ပါလာတာကိုး”

ကုယန်ကျိုးသည် ကုယုံသယ်၏သားဖြစ်သည်။ ကုယုံသယ်က ကျန်းမိသားစုကို အများကြီး ကူညီပေးခဲ့သည်။ ကုယန်ကျိုး ကိုယ်တိုင်ကလည်း စာသင်သားတစ်ယောက်ဖြစ်ကာ ချောမောလေသည်။ အမျိုးသမီးချန်က သူ့ကို သဘောကျမိခဲ့လေသည်။

“ ဟုတ်တယ်” ရွှီချင်ရှန့်က အလယ်ခန်းကို ကြည့်လိုက်၏။

အလယ်ခန်းတံခါး ပွင့်သွားလေသည်။ ကျန်းယွင်ကျူးက လေးထောင့်စားပွဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။ ဆန်ကုန်သည်နှစ်ယောက်လည်း ရှိနေသည်။ တစ်ယောက်က သူမနှင့် အလွန်နီးနီးကပ်ကပ်ထိုင်နေပြီး ကျန်တစ်ယောက်က သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေကာ တောက်ပသည့်မျက်လုံးများနှင့် သူမကို ကြည့်နေလေသည်။ မကောင်းသည့် ရည်ရွယ်ချက်များ ရှိနေသည်မှာ ထင်ရှားလေသည်။

“အစ်ကိုရွှီ”

ကျန်းယွင်ကျူးက အသံကို ကြားလိုက်ပြီး ထရပ်လိုက်ရာ ရွှီချင်ရှန့်နှင့် ကုယန်ကျိုးတို့ကို တွေ့လိုက်ရတော့သည်။

သူမ၏အကြည့်မှာ တဒင်္ဂအတွင်း အေးခဲသွားတော့သည်။

ကုယန်ကျိုး။ သူမ သူ့ကို နှစ်ကြိမ်တွေ့ခဲ့ပြီးပြီ။ ပထမတစ်ကြိမ်တုန်းက ရွာသူကြီးအိမ် တံခါးရှေ့မှာ။ ဒုတိယတစ်ကြိမ်က သူနဲ့ရွာသူကြီးတို့ သူမအိမ်ကို ညစာလာစားကြတုန်းက။ နှစ်ကြိမ်လုံး ခဏလေးပဲ မြင်လိုက်ရတယ်။ အဲဒီတုန်းက သူက ပထမရ စာသင်သားအမှုထဲက လူဖြစ်မယ်လို့ လုံးမထင်ထားခဲ့ဘူး။

အခု သူ့ကို ကြည့်လိုက်မှ သူမ အများကြီးမတွေးဘဲ မနေနိုင်အောင် ဖြစ်သွားပြီ။

၁၁ရက်နောက်ပိုင်းက ဖြစ်ခဲ့တာတွေကြောင့် မဟုတ်ရင် သူက’တလောကလုံးမှာ နာမည်ကြီး’တဲ့ ပထမတန်းစား စာရေးသူပညာရှင်တစ်ယောက် ဖြစ်လာပြီး သူ့မိသားစုကလည်း ပျော်ရွှင်ပြီး သူ့အနာဂတ်ကလည်း တောက်ပနေမှာ။

ဒါပေမဲ့ အိပ်မက်ထဲမှာတော့ သူ့ဆွေမျိုးတွေက အရင်ဆုံး အသ-တ်ခံလိုက်ရတာပဲ။ ပြီးတော့ နောက်ဆုံး သူ့လည်း ရာထူးပြုတ်သွားတယ်။ လေးနှစ်နောက်ပိုင်းမှာ အရိုးထိအောင်နာကျင်ပြီး အံကြိတ်ရလောက်တဲ့ ဂုဏ်ပြုစာလိုမျိုး ရေးရတဲ့အထိဖြစ်သွားအောင် ဘယ်လိုဆင်းရဲဒုက္ခမျိုး ခံစားခဲ့ရတာလဲမသိဘူး။

နောက်ဆုံး သူ ဘယ်ကိုရောက်သွားခဲ့တာလဲ။ ဘယ်သူမှ မသိခဲ့ဘူး။ တော်ဝင်ရုံးတော်ထဲက အာဏာလုပွဲက အမြဲတမ်း အဆုံးစွန်အထိ ရက်စက်လာခဲ့တာ။ သူ ဇာတ်မြုပ်ပြီး နေနေတာလား။ ရှန်ဖုန်းမင်းကို ဖြုတ်ချဖို့ အခွင့်အရေးတစ်ခု ကိုစောင့်နေတာလား။ ဒါမှမဟုတ် အသ-တ်ခံလိုက်ရတာလား ဆိုတာကိုတော့ မသိခဲ့ရဘူး။

အဲလိုဆိုရင်တောင် ဆူးခင်းတဲ့လမ်းက သွေးအပြည့်နဲ့ပါပဲ။

အဲဒီအချိန်တုန်းက သူ အခုလိုပုံစံမျိုးတော့ မဟုတ်လောက်ဘူး။

အခုတဲ့လား။ ၁၁ရက်နောက်ကျရင် ဒီကံကြမ္မာကို ပြောင်းလဲနိုင်တာပဲ…

ကျန်းယွင်ကျူး၏ နှလုံးသားသည် သူမကိုယ်တိုင်အတွက်၊ ချန်ရှီရွာက လူအားလုံးအတွက် လေးလံသွားတော့သည်။

သူမသည် ကုယန်ကျိုးကို ဆက်တိုက်ငေးကြည့်နေမိလေသည်။ ကုယန်ကျိုးက ထိုအခြင်းအရာကို ထူးဆန်းသလို ခံစားလိုက်ရ၏။ ဒီကောင်မလေး လူတွေကို အဲလိုကြည့်ရတာ အရမ်းကြိုက်နေတာလား။ ဟိုတစ်ခါတုန်းကရောပဲ။ သူမက သူကို ခေါင်းအစ ခြေအဆုံး ကြည့်ခဲ့တယ်။ ဒီတစ်ခါကျတော့လည်း သူမက သူ့ကို ပိုပြီးတော့တောင် စိုက်ကြည့်နေလိုက်သေးတယ်။

ကုယန်ကျိုးသည် ချောမော့သည့်အမျိုးသားတစ်ယောက်ပင်။ ပုံမှန်အားဖြင့် သူ့ကို ခိုးခိုးကြည့်တတ်ကြသည့် မိန်းကလေးများစွာ ရှိလေသည်။ သို့သော် ကျန်းယွင်ကျူးလိုမျိုးတော့ အမှန်ပင်တစ်ယောက်မှ မရှိခဲ့ပေ။

သူကလည်း သူမကို နှစ်ကြိမ်လောက် ပြန်ကြည့်လိုက်၏။

ကျန်းယွင်ကျူးသည် သည်နေ့ သာမန်မီးခိုးရောင် အဝတ်အစားကို ဝတ်ဆင်ထားသည်။ သူမ၏မျက်နှာပေါ်တွင် မျက်နှာချေများ မလိမ်းထားသလို ခေါင်းပေါ်တွင်လည်း ဘာဆံထိုးမှ မရှိပေ။ သို့တိုင် သူမ၏ နက်မှောင်သည့်ဆံနွယ်ကို တစ်ဝက်တင်ကာ ချည်ထားလေသည်။ သူမတွင် ပန်းချီကားတစ်ချပ်သဖွယ် အသွင်သဏ္ဌာန်များနှင့် မှင်သက်အံ့ဩဖွယ်အလှတရားတစ်ခု ပိုင်ဆိုင်ထားသည်။

အတိအကျပြောရလျှင် သူမ၏မျက်ခုံးများက မသိမသာ တွန့်ချိုးနေလေသည်။ သူမ၏ တဖိတ်ဖိတ်လက်နေသည့် မျက်လုံးများထဲတွင် မဆုံးနိုင်သည့် အတွေးများ ရှိနေသယောင် လူတို့ကို သိချင်စိတ်များ ဖြစ်သွားစေလေသည်။

ဘေးတွင် ရပ်နေရင်းက ရွှီချင်ရှန့်သည် ကျန်းယွင်ကျူးနှင့် ကုယန်ကျိုးတို့ကြားတွင် ဝေ့ကြည့်လိုက်လေသည်။ သူသည် အလွန်ကျေနပ်သွားတော့သည်။

သူက ပျော်နေချိန်တွင် တစ်စုံတစ်ယောက်ကတော့ မပျော်နိုင်ပေ။ ယန်ရှန့်က ကုယန်ကျိူးကို ကြည့်ကာ မသိမသာ မျက်မှောင်ကျုံ့သွားတော့သည်။ ဒီလူက အသွင်အပြင်အရ ရှင်းသန့်ပြီး ချောမောတဲ့ ယောက်ျားတစ်ယောက် ဖြစ်နေတာ ငြင်းလို့တော့မရဘူး။ ဒါပေမဲ့….။ သူသည် စိတ်ရှုပ်လာပြီး သူ့လက်မောင်းနှင့် ရှန်ဖုန်းမင်ကို တွတ်ထိုးလိုက်လေသည်။

ရှန်ဖုန်းမင်လည်း ကုယန်ကျိုးကို ကြည့်နေသည်။ သူ့မျက်နှာပေါ်တွင် ဘာမူမမှန်မှုကိုမှ မတွေ့ရသယောင်။

“ဝင်လာလေ ထိုင်ကြအုံး” အမျိုးသမီးချန်က ပြောလိုက်၏။

ရွှီချင်ရှန့်နှင့် ကုယန်ကျိုးတို့က အခန်းထဲဝင်လာကြလေသည်။

“ဒါက”

ရွှီချင်ရှန့်သည် အခန်းထဲက လေးထောင့်စားပွဲပေါ်တွင် စာရွက်များနှင့် စုတ်တံများကို တွေ့လိုက်ရသောအခါ မေးလိုက်တော့သည်။

“ ဒီလူကြီးမင်းက ယွင်ကျူးနဲ့ ကလေးတွေကို စာသင်ပေးနေတာပါ” အမျိုးသမီးချန်က ရှင်းပြလိုက်၏။

“ ဪ အဲလိုကိုး၊ ယွင်ကျူးနဲ့ ကလေးတွေက စာဖတ်သင်ချင်တယ်ဆိုရင် သူတို့တွေ ယန်ကျိုးဆီမှာလည်း သင်လို့ရတယ်လေ၊ ဘာလို့ မြို့တော်က လူကြီးမင်းနှစ်ယောက်ကို အနှောင့်အယှက်ပေးမှာလဲ၊ ပြီးတော့ သူတို့တွေက ဒီမှာ အကြာကြီးနေကြမှာလည်း မဟုတ်ဘူးလေ ဟုတ်တယ်မလား” ရွှီချင်ရှန့်က ပြောလိုက်၏။

ယန့်ရှန့်က ထိုစကားကို ကြားလိုက်သည်နှင့်ချက်ချင်း သူ့မျက်ခုံးများကို ပင့်လိုက်မိလေသည်။ ဒီစကားက သူတို့ကို တိုက်ရိုက်ပြောနေတာလို့ ဘာလို့ ခံစားနေရတာလား။

”ဟုတ်တယ်မလား” သူက ကုယန်ကျိုးကို မေးလိုက်လေသည်။

အမျိုးသမီးချန်က နှစ်ဖက်ကို မိတ်ဆက်ပေးလိုက်၏။ စာပေတွင် ထူးချွန်သည့် ကျောင်းသား ကုယန်ကျိူး။ မြို့က ဆန်အရောင်းအဝယ်လာလုပ်တဲ့ လူကြီးမင်းနှစ်ယောက် ယန်ရှင့်နှင့် ရှန်ဖုန်းမင် ဟူ၍။

“ ဪ ပညာသင်ကျောင်းသားကိုး၊ ဒီလိုဆိုရင် နောက်နှစ်စာမေးပွဲ ဖြေဖို့ အိမ်မှာ စာကြိုးစားပြီး လေ့လာသင့်တာပေါ့၊ တခြားသူတွေကို စာသင်ပေးဖို့ ဘယ်လိုလုပ်အချိန်ရမှာလဲ” ယန်ရှန့်က ပြုံးကာ ပြောလိုက်လေသည်။

ရွှီချင်ရှန့်မှာ ထိုစကားကို ကြားလိုက်ရသဖြင့် အနည်းငယ် အံ့ဩသွားတော့သည်။ သူက ကျန်းယွင်ကျူးကို သူတို့နှစ်ယောက်နဲ့ ဝေးဝေးထားချင်တာပဲ သိခဲ့တာ။ ဒါပေမဲ့ ကုယန်ကျိုးမှာ အချိန် မရှိတာ မေ့သွားခဲ့တာပဲ။

ကုယန်ကျိုးက ပြုံးလိုက်၏။ သူသည် သည်လူကြီးမင်းနှစ်ယောက်၏ နောက်ခံကို မသိသော်လည်း သူ့ဝမ်းကွဲအစ်ကိုကြီးကိုတော့ သေချာပေါက် ကူညီချင်ခဲ့သည်။ ထို့ကြောင့် သူက ပြောလိုက်လေသည်။

“ စာမေးပွဲဝင်ဖြေတယ်ဆိုတာက ရုံးတော်ကို အလုပ်အကျွေးပြုဖို့ပါ၊ ဆွေမျိုးနဲ့ အိမ်နီးချင်းတွေကို ကူညီပေးတာကလည်း စောင့်ရှောက်ပေးရမဲ့အလုပ်လေးတစ်ခုပဲလေ၊ ကျွန်တော့်မှာ ဒီလို သေးသေးလေးတွေကိုတောင် လုပ်မပေးနိုင်ရင် ကိစ္စကြီးတွေလုပ်ဖို့အကြောင်း ဘာလို့ ပြောနေအုံးမှာလဲ။

ပြီးတော့ လူတွေကို စာအရေးအဖတ် သင်ပေးတာက အဟောင်းကို ပြန်လေ့လာပြီး အသိပညာကို ဉာဏ်သစ်လောင်းတာပဲလေ၊ ပြောလို့မရဘူး ဆရာ့စကားတွေထဲ တကယ့်အဓိပ္ပာယ်တွေကိုတောင် ပိုပြီးနားလည်လာအောင် အထောက်အကူဖြစ်ချင် ဖြစ်အုံးမှာ။

ဒီက လူကြီးမင်းရော အဲလိုမထင်ဘူးလား”

သူသည် လူများကို ထိန်းချုပ်ရန် ကြီးမားသည့်အခြေခံသဘောတရားများကို အသုံးချလိုက်လေသည်။ ယန်ရှန့်မှာ အမှန်ပင် ပြန်မချေပနိုင်တော့ပေ။ ထင်တောင်မထားဘူး။ ဒီလူက နွေးထွေးတယ်လို့ ထင်ရပေမဲ့ သူ့စိတ်ကတော့ ထက်မြက်တာပဲ။

“ကျွန်တော်က ခင်ဗျားရဲ့အချိန်ကို အလကားဖြုန်းမိမှာစိုးလို့ပါ” သူက ပြန်ပြောလိုက်၏။

“ အချိန်ဖြုန်းသလို မဖြစ်ပါဘူး၊ မဟုတ်ရင်လည်း ဒီလောက်အလုပ်များတဲ့ နယ်ပယ်က ဆန်ကုန်သည် နှစ်ယောက်က လူတွေကို စာအရေးအဖတ် သင်ပေးဖို့ ဘယ်လိုလုပ်ပြီး အချိန်ရှိမှာလဲ၊ ဒီလို ကြည့်ရင် ဒါက တကယ်အချိန်အများကြီး မပေးရပါဘူး” ကုယန်ကျိုးက ပြန်ဖြေလိုက်လေသည်။

ယန်ရှန့်မှာ နင်သွားတော့သည်။ သူဘယ်လို ပြန်ပြောရမလဲ။ အချိန်ပေးရတယ်လို့ ပြောမယ်ဆိုရင်ကော။ ဒါဆိုရင် သူတို့တွေက ဒါကို အချိန်မပေးရဘူးလို့ ဘာလို့ မထင်ခဲ့ကြတာလဲ။ အချိန် မပေးရဘူးလို့ ပြောရင်ကော။ ဒါဆိုရင် ကုယန်ကျိုးရဲ့စကားကို သဘောတူသလိုဖြစ်သွားမှာမလား။ ကုယန်ကျိုးက သူ့ကိစ္စနဲ့ သူ့ကို ပြန်မပြောနိုင်အောင် လုပ်ခဲ့တာပဲ။

ယန်ရှန့်မှာ စိတ်လှုပ်ရှားသွားတော့သည်။ အံ့ဩစရာပဲ။ ဒီလိုပဲ ဖြစ်သင့်တာပဲ။ ကုယန်ကျိုးက သူ့ကို အကြောင်းပြချက်တွေနဲ့ ချက်ကျလက်ကျပြောခဲ့တာပဲ။ သူ ကုယန်ကျိုးနဲ့ ယှဥ်မငြင်းနိုင်ဘူးဆိုတာတော့ မယုံဘူး။

သည်အခိုက်တွင် တည်ငြိမ်အေးဆေးသည့်အသံတစ်ခုက ပြောလိုက်လေသည်။

“ ဒီကိစ္စကို မိန်းကလေးကျန်းနဲ့ တခြားသူတွေက ဆုံးဖြတ်လို့ရပါတယ်”

ရှန်ဖုန်းမင်ပင်။

ယန်ရှန့်နှင့် ကုယန်ကျိုးတို့သည် ထိုစကားကို ကြားလိုက်ရသောအခါ အံ့ဩသွားကြတော့သည်။ သူတို့တွေ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်ကြတယ်လေ။ ဘာလို့ ငြင်းခုန်နေမှာလဲတဲ့။ စာသင်မဲ့သူတွေက ကျန်းယွင်ကျူးနဲ့ ကလေးတွေပဲ။ သူတို့ သင်ချင်တဲ့သူဆီက သင်လို့ရတယ်လေ။ သူတို့တွေက ဖိအားလုပ်ချင်လို့ မရဘူးမလား။ အဓိပ္ပာယ်မရှိဘူးလေ။

ကုယန်ကျိုးက လက်သီးဆုပ်လိုက်ပြီး ရှက်စိတ်ကို ဖုံးကွယ်ရန် ခြောက်ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်တော့သည်။ အားနာလိုက်တာဗျာ။

ယန်ရှန့်က အော်ရယ်လိုက်၏။ သူ မေ့သွားတာပဲ။ သူ့ခေါင်းဆောင်ကတော့ စကားမပြောရင်လည်း တစ်ခွန်းမှ မပြောဘူး။ ပြောပြီဆိုရင်လည်း လူကို နင်ပြီး သေသွားအောင် ပြောနိုင်တယ်။

ရှန်ဖုန်းမင်က သူ့ကို လှမ်းကြည့်လိုက်၏။

ယန်ရှန့်က ရုပ်ပြန်တည်သွားပြီး ထိုင်ချလိုက်လေသည်။

ဒီတော့ အခုက မေးခွန်းက ကျန်းယွင်ကျူးဘက် ရောက်သွားပြီ။ သူမက ဘယ်သူ့ဆီက စာရေးနည်း သင်ချင်တာလဲတဲ့။ အင်းပေါ့ ကုယန်ကျိုးပဲပေါ့။ ဒါပေမဲ့ ယန်ရှန့်နဲ့ နောက်တစ်ယောက်က အိမ်မှာ နေနေတာလေ။ သူမ ကုယန်ကျိုးကို အများကြီး ဆွဲမထည့်ချင်ဘူး။ တစ်ခုခုပြောင်းလဲသွားပြီး အိပ်မက်ထဲက ကိစ္စတွေကလည်း ပြောင်းလဲသွားခဲ့ရင် သူမ အံ့ဩသွားရလိမ့်မယ်။

စာသင်တဲ့ကိစ္စကိုတော့ ဒီအတိုင်းပဲ ထားလိုက်ရတော့မှာပဲ။

ရွှီချင်ရှန့်သည် သည်နေ့ သူရောက်လာသည့် အကြောင်းအရင်းကို ပြောလိုက်လေသည်။ ကျန်းယွင်ကျူး ပြောခဲ့တယ်မလား။ လှည်းအငှားလိုက်ရင် လစဥ်ကြေးတစ်ခု လုပ်လို့ရတယ်ဆိုပြီးတော့လေ။ သူ ဒီကိစ္စကို ဘယ်လိုအကောင်အထည် ဖော်ရမလဲလို့ သူမနဲ့ တိုင်ပင်ချင်တာ။ ဒီကိစ္စမှာလည်း သူတို့တွေက တစ်ခုခု ချရေးစရာလိုရင် ကုယန်ကျိုးရဲ့ အကူအညီလိုတယ်လေ။

သည်စိတ်ကူးကို ကျန်းယွင်ကျူး၏စိတ်ထဲတွင် စဥ်းစားထားပြီးသားပင်။ သူတို့တွေ သစ်သားပြားလေးတစ်ခု လုပ်ထားပြီး အပေါ်မှာ နာမည်နဲ့ ရက်စွဲ ရေးထားရင် ရပြီလေ။ တကယ်တော့ သူတို့တွေ ဂဏန်းတစ်ကနေ သုံးဆယ်အထိရေးထားတဲ့ သစ်သားပြားနောက်တစ်မျိုးလည်း လုပ်လို့ရတယ်။ ဧည့်သည်က တစ်ခါ သုံးလို့ကုန်သွားပြီးဆိုရင် ဂဏန်းအငယ်လေးတွေပါတဲ့ သစ်သားပြားတစ်ခုလေးတစ်ခုနဲ့ အစားထိုးပေးလို့ရတယ်။

တကယ်တော့ ဒါကို လစဥ်ကြေးလို ပြောလို့မရဘူး။ ဝယ်ယူတဲ့ပမာဏလို့ပြောရမယ်။ သဘောက သူတို့တွေ တစ်ကြိမ်ထဲနဲ့အများကြီး ဝယ်ရင် ပိုပြီးသက်မယ်ပေါ့။ ခေတ်သစ်ပိုက်ဆံကတ်နဲ့ အတူတူပဲ။

ရွှီချင်ရှန့်သည် ဒုတိယနည်းလမ်းက ပိုကောင်းပြီး အလုပ်ရှုပ်သက်သာသည်ဟု ခံစားမိသည်။

သည်ကိစ္စတိုင်ပင်ပြီးနောက် ရွှီချင်ရှန့်နှင့် ကုယန်ကျိုးတို့က နှုတ်ဆက်ပြီး ပြန်သွားကြတော့သည်။

စာသင်ခြင်းကတော့ မပြီးသေးချေ။ ထို့ကြောင့် ကျန်းယွင်ကျူးက ဆက်ပြီး စာရေးကျင့်လိုက်လေသည်။

အချိန်တစ်ခု ကြာပြီးသွားသည့်နောက်တွင် အသံတစ်ခုက မေးလာ၏။

“ မိန်းကလေးကျန်း မင်းရဲ့လက်ရှိဘဝကို ကျေနပ်လား”

ဒါက ဘာအဓိပ္ပာယ်လဲ။ ကျန်းယွင်ကျူးက ခေါင်းမော့လိုက်သောအခါ ရှန်ဖုန်းမင်သည် အနက်ကို မြင်နိုင်ရန် ခက်ခဲ့သည့် နက်ရှိုင်းလှသည့်စမ်းချောင်းတစ်ခုကဲ့သို့သော မျက်လုံးများနှင့် သူမကို ကြည့်နေလေသည်။

လေပြေလေးက ဖြည်းညင်းစွာ ဝင်လာပြီး သူ့နားသယ်စပ်က ဆံပင်ကို မှုတ်ထုတ်လိုက်လေသည်။ ရုတ်တရက်ဆိုသလို ကျန်းယွင်ကျူးကို သဘောပေါက်သွားစေတော့သည်။ အိပ်မက်ထဲက အန်းဖင်နယ်စားအိမ်တော်မှာ ရှိတုန်းကနဲ့အတူတူပဲ ။ သူက သူမကို ဒီလိုမေးခွန်းမျိုး မေးခဲ့ဖူးတယ်လေ။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset