YMR- အခန်း ၂၀၀

အခန်း ၂၀၀

ကမ်းရိုးတန်းသို့ ထွက်ခွာရန် စီစဉ်ခြင်း။
မြို့တော်အခြေစိုက်စခန်းမှ မေတ္တာရပ်ခံချက်ကို ကျန်သည့် အခြေစိုက်စခန်းများထံမှ တုံ့ပြန်မှု မရှိပေ။ တစ်ချိန်တည်းတွင် ကမ်းရိုးတန်းအခြေစိုက်စခန်းသည် ဖုတ်ကောင်များနှင့် ပင်လယ်သတ္တဝါများ တိုက်ခိုက်တာ ခံရကြောင်း သတင်းများ ရောက်လာသည်။ အခြေစိုက်စခန်း ခေါင်းဆောင် ထန်းကျန့်ထင်းသည် အကူအညီတောင်းရန် တစ်နေ့အတွင်း အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ဆိုခဲ့ပြီး အကူပို့ပေးရန် အခြေစိုက်စခန်းကို တောင်းဆိုခဲ့၏။ သို့သော် မြို့တော် အခြေစိုက်စခန်းမှ ကုန်တင်လေယာဉ်သည် သန္ဓေပြောင်းငှက်များ တိုက်ခိုက်တာ ခံခဲ့ရ၏။ ထို့ကြောင့် မြို့တော်ကနေ မထွက်ခွာရသေးခင်တောင် နှင်းဒဏ်ကြောင့် ဆာလောင်မှုကိုလည်း ခံခဲ့ရသည်။ ကုန်တင်လေယာဉ်က ချက်ချင်းပြန်လှည့်ခဲ့၏။ မဟုတ်လျှင်လည်း သူတို့သည်လည်း တူညီသည့် ကံကြမ္မာကို ခံစားရပေလိမ့်မည်။
ကုန်တင်လေယာဉ်အချို့နှင့် စစ်သားရာချီ ဆုံးရှုံးပြီးနောက် မြို့တော်အခြေစိုက်စခန်းသည် အဆင်အခြင်မဲ့စွာ မလှုပ်ရှားရဲတော့ဘဲ ကမ်းရိုးတန်းဒေသနှင့် ပိုနီးသည့် အခြေစိုက်စခန်းများကိုသာ ဆက်သွယ်ကာ စစ်ကူများ ပို့ခိုင်းခဲ့သည်။ သို့သော် ထိုအခြေစိုက်စခန်းများသည် ဆင်ခြေများသာ ဆက်တိုက်ပေးနေခဲ့၏။ သူတို့သည်လည်း သေကြေပျက်စီးမှုများစွာ ခံစားခဲ့ရကြောင်း လူအင်အားချို့တဲ့ကြောင်းနှင့် အချို့ကဆို ဖုန်းဖြေဖို့တောင် ငြင်းခဲ့ကြသည်။ ရလဒ်အနေဖြင့် မြို့တော်အခြေစိုက်စခန်းက မည်သည့်အကူအညီမျှ အမှန်တကယ် မပေးခဲ့ပေ။
“ယုံကြည်လိုက်.. ချန်းက ကပ်ဘေးနဲ့ ရင်ဆိုင်နေရတာ ဒီတော့ ဒါတွေကို သူ့အတွက် ငါ့ဆီကနေ ကိုယ်ပိုင်လက်ဆောင်တွေအဖြစ် ဒါတွေ ယူသွားလိုက်”
ရှင်းဖုန်းနှင့် ကန်သည့်သူများ ကမ်းရိုးတန်းအခြေစိုက်စခန်းသို့ သွားမည်ဖြစ်ကြောင်း ကြားသောအခါ မော့ဝမ်းယန်သည် ရိက္ခာအချို့ကို စုဆောင်းပြီး နယ်မြေစွမ်းအားရှင်တစ်ယောက်နှင့်အတူ ၎င်းတို့ကို ချောင်ယန်းအစုဆီသို့ သယ်လာ၏။ ထန်းကျန့်ထင်းက သူနှင့်ရှင်းဖုန်း တူညီသည့် ယူနစ်ထဲတွင် စစ်သားဖြစ်ခဲ့စဉ်က သူ၏တပ်မှုးဖြစ်ခဲ့သည်။ ယခု သူတို့၏တပ်မှုးက ဒုက္ခနှင့် ရင်ဆိုင်နေရချိန်တွင် သူက အကူအညီပေးပြီး ရိက္ခာများ ထောက်ပံ့သင့်သည်။ သို့သော်ငြား ဝေ့ခန်၊ ဝမ်ဝေ့နှင့် ဝမ်ကော်ချင်းတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့၏။ သူ့တစ်ယောက်တည်း ထောက်ပံ့ပေးခြင်းက အသုံးမဝင်ပေ။
“ဟုတ်ပြီ.. ငါတို့အနားမှာ မရှိတဲ့အချိန် လိုအပ်တာ ရှိရင် မင်ရွှမ်းကို ပြောလိုက်လို့ရတယ်။ စွမ်းအားရှင်တွေနဲ့ ပက်သတ်တဲ့ ကိစ္စဆိုရင် ပျော်ရွှင်မှု အဖွဲ့ခေါင်းဆောင်ကို သွားရှာလိုက်လို့ရတယ်။ ချဲ့က သူ့ကို ယုံတယ်ဆိုတော့ သူ အားကိုးလို့ရမယ်ဆိုတာ ငါယုံတယ်”
နယ်မြေစွမ်းအားရှင်က ထုတ်ပေးသည့် ရိက္ခာများကို သိမ်းဆည်းပြီးနောက် ရှင်းဖုန်းသည် သူနှင့်အတူ အိမ်ထဲ သွား၏။ တစ်ချိန်တည်းတွင် ကုန်တင်လေယာဉ် ငှားယမ်းရန် လိုအပ်ကြောင်းလည်း ပြောပြလိုက်၏။ မော့ဝမ်းယန်က ချက်ချင်း သဘောတူလိုက်သည်။
“ဒါပေမဲ့ ဝေ့ခန်နဲ့ ဝမ်ဝေ့တို့က မင်းနဲ့ယွင်ချဲ့ နှစ်ယောက်လုံး သွားမယ်ဆိုတာ သိရင် သူတို့ တစ်ခုခု လုပ်လောက်အုံးမယ်”
မော့ဝမ်းယန်သည် ယွင်ချဲ့ကို အိမ်စောင့်သားရဲဟု ထပ်မံ ခေါ်ချင်ခဲ့၏။ သို့သော် ရှင်းဖုန်း၏ စူးရှသည့် အကြည့်များကို မြင်ချိန်၌ အမြန်ပြောင်းလိုက်၏။ သူသည် ယခုအချိန်ထိတိုင် ယွင်ချဲ့ကို တတ်နိုင်သလောက် ရှောင်ရန် ကြိုးစားနေသေး၏။ သူတို့အတူ ရှိရန် ကံမပါဟု ယုံကြည်နေတာ ဖြစ်သည်။
“ဟမ့်.. ဒီအကြောင်း သူတို့ သိသွားရင်ပေါ့.. ငါတို့တွေက စီရင်စုမြို့ထဲမှာ လိုအပ်တဲ့ ရိက္ခာတချို့ စုဆောင်းမယ်လို့ပဲ အပြင်လူတွေကို ပြောထားမှာ သူတို့က ငါတို့ အမှန်တကယ် သွားတဲ့နေရာတွေကို ရှာတွေ့သွားတဲ့အချိန် ငါတို့ ပြန်လာနေလောက်ပြီ”
ရှင်းဖုန်းက နှာခေါင်းတစ်ချက် ရှုံ့ပြီးနောက် သူ့လက်ဖက်ရည်ကို အေးအေးလူလူ မှုတ်သောက်နေ၏။ မြို့တော်အခြေစိုက်စခန်းမှ မေတ္တာရပ်ခံချက်ကို လက်ခံယုံကြည်ထားတာ ဖြစ်သည်။ သူတို့လေကြောင်းဖြင့် မသွားနိုင်လျှင် ကုန်းလမ်းဖြင့် သွားနိုင်သည် မဟုတ်ပါလော။ သူတို့ အခြေစိုက်စခန်းသည်လည်း ကမ်းရိုးတမ်း အခြေစိုက်စခန်းကဲ့သို့ ကပ်ဘေးနှင့် မကြုံတွေ့ရဟု မည်သူမျှ အာမမခံနိုင်ပေ။ ယခုအခေါက်တွင် ကမ်းရိုးတမ်း အခြေစိုက်စခန်းကို မည်သူမျှ လက်ကမ်းမကူညီခဲ့လျှင် ရှေ့ဆက်လျှောက်ရာ၌ လက်ကမ်းကူညီမည့်သူ မည်သူမျှ ရှိတော့မှာမဟုတ်၊ လူသားမျိုးနွယ်၏ အနာဂတ်သည်လည်း မှေးမှိန်လာလိမ့်မည်။ အသစ်စုဆောင်းသည့် လူတိုင်းသည် စည်းလုံးညီညွှတ်မှု၏ စွမ်းအားအကြောင်း သူတို့၏ခေါင်းဆောင်သည် ထပ်ခါတလဲလဲ သင်ပြလိမ့်မည်။ သို့သော် ယခုအချိန်တွင် သူတို့အားလုံးက ထိုအကြောင်းကို မေ့လျော့နေကြပြီဖြစ်သည်။
“ငါတို့ ကမ်းရိုးတမ်း အခြေစိုက်စခန်းကို ကူညီသင့်တယ်လို့ မင်းရော ထင်လား”
အတူကြီးပြင်းလာသည် ဖြစ်ရာ မော့ဝမ်းယန်သည် ရှင်းဖုန်း၏ လှောင်ပြောင်ထေ့ငေါ့သည့် အဓိပ္ပာယ်ကို လူတိုင်းထက် ပိုကောင်းကောင်း သိသည်။ သူ စစ်တပ်ထဲတွင် ရှိနေသေးလျှင် ကမ်းရိုးတန်းအခြေစိုက်စခန်းကို ကူညီရန်အတွက် ရှင်းမိသားစုစစ်သားများကို ပို့နိုင်ရန် ဘာမဆို လုပ်လိမ့်မည်။ ရှင်းဖုန်းက သူ လုပ်ချင်သည့်အရာကိုသာ လုပ်တတ်သူ ဖြစ်၏။ သူ့ကို မည်သူမျှ မတားနိုင်ပေ။
“ငါ တွေးနေတာက အရေးမကြီးဘူး။ ဒါက စစ်တပ်ရဲ့ပြဿနာ ငါနဲ့ ဘာမှမဆိုင်ဘူး”
ရှင်းဖုန်းက ထူးမခြားနား ပြောလျက် ငှဲ့ထားသော လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ သူ့အား ပေးလိုက်သည်။ ထိုစဉ်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ပြီးနောက် သူ စစ်တပ်နှင့် ဘာမှမဆိုင်တော့ပေ။ ယခုချောင်ယန်းရှိ လူများအတွက် တာဝန်ယူဖို့သာ လိုအပ်သည်။ အနောက်တောင်အခြေစိုက်စခန်း၏ တပ်ဖွဲ့သုံးဖွဲ့ကြား တိုက်ပွဲတွင် သူ ဝင်စွက်ဖက်ခြင်းက သူတို့ကို ပိုတည်ငြိမ်သည့် နေထိုင်မှု ပတ်ဝန်းကျင်ပေးရာလည်း ရောက်သည်။
“လုပ်စမ်းပါ။ မင်းသာ တကယ်ဂရုမစိုက်ရင် သုတေသန သင်တန်းကျောင်းကို ချုပ်ကိုင်ခွင့်ရဖို့ ဒီလောက် အားစိုက်ထုတ်မှာ မဟုတ်ဘူး.. သူ သူက အတိတ်မှာ ကျန်ခဲ့ပြီလေ အဲဒီအကြောင်း မစဉ်းစားနဲ့တော့ အဘိုးက ငါ့အမေကိုတောင် ဖုန်းခေါ်သေးတယ်။ ကံကောင်းလို့ သူကလည်း ယုံလို့မရလို့ပေါ့.. မဟုတ်ရင် သူ မင်းကို အစောတည်းက မြို့တော်ကို ပြန်ခေါ်သွားမှာ”
သူသည် ရှင်းဖုန်းအကြောင်း သိလွန်းသည်။ မော့ဝမ်းယန်က လက်ဖက်ရည်တစ်ငုံ သောက်ပြီးနောက် သူ့အကြောင်း ပြောချိန်၌ အသံက အက်သွား၏။ သူ ဘယ်တော့မှ မမေ့နိုင်သည့် တစ်စုံတစ်ယောက်ဖြစ်သည်။ ငါးနှစ်ရှိခဲ့ပြီ ဖြစ်သည့်တိုင် ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေး၏။ သို့သော် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရှင်းဖုန်းအား ဆက်မတွေးစေချင်ပေ။ ဆိုရလျှင် ၎င်းက သူတို့အဘိုးနှင့် ဘာမှမသက်ဆိုင်.. သူတို့အဘိုးက သူ့ကို အမှန်တကယ် ချစ်သည်။
“ငါ မြို့တော်ကို ပြန်သွားမှာပါ”
ရှင်းဖုန်းက တံခါးအပြင်ဘက်ကို လှည့်ကြည့်လိုက်စဉ် သူ၏မျက်နှာထက်၌ အနည်းငယ် အေးစက်သည့် အမူအရာ ရှိနေ၏။ ချဲ့ကသာ ထိုနေရာကို သွားချင်လျှင် သူ ပြန်သွားမည်။ ထိုသို့ဖြစ်လာချိန်၌ လူအများက ထပ်မံတင်းမာလာ လောက်ပြန်၏။
“ကောင်းတယ် ဘာကိစ္စမှ မရှိတော့ရင် ငါသွားတော့မယ်။ ပြီးရင် တစ်ယောက်ယောက်ကို လေယာဉ်ပို့ခိုင်းလိုက်မယ်။ မင်း ထွက်မဲ့ရက်ကို ငါ့ဆီ စာပို့လိုက်.. ငါ မှာတာတွေကို တပ်မှုးနဲ့ ထန်းဝေယဲ့ဆီကို ပြောလိုက်အုံး”
အတိတ်တုန်းက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ထပ်မပြောချင်တော့ဘဲ မော့ဝမ်းယန်က ထပ်ရပ်ကာ ထွက်သွားတော့၏။ ရှင်းဖုန်းက သူ့ကို တံခါးဝထိ လိုက်ပို့သည်။ နှစ်ယောက်သားက တစ်ယောက်နှင့်တစ်ယောက် စကားအနည်းငယ် ပြောပြီးနောက် မော့ဝမ်းယန်က ကားထဲဝင်ကာ ထွက်သွားတော့သည်။
နှစ်ရက်ကြာပြီးနောက် ယွင်ယောင်၊ ဝမ်စုဟွာ၊ လုဟိုင်ရွှမ်း၏မိခင်နှင့် ချောင်ယန်းအဖွဲ့မှ လူများသည် သူတို့ခရီးစဉ်အတွက် အစားအသောက်များ နောက်ဆုံး၌ ပြင်ဆင်ပေးပြီးသွားပြီ ဖြစ်သည်။ ရှင်းဖုန်းနှင့် ယွင်ချဲ့ကလည်း ကမ်းရိုးတန်း ဒေသကို သွားရန် စတင်ပြင်ဆင်လိုက်၏။
“ချဲ့ ဒီတစ်ခေါက် မင်းတို့တွေ သွားမဲ့နေရာက တကယ်ဝေးလွန်းတယ်.. ဂရုစိုက်ရမယ်နော်။ ချန်ချန်ကို လမ်းမှာ အပြင်မထွက်ခိုင်းနဲ့ ချန်းကလည်း လိုအပ်တဲ့အချိန်ကျမှ ထွက်လာသင့်တယ်။ ကမ်းရိုးတမ်းဒေသကို ရောက်တဲ့အချိန် စစ်တပ်ရဲ့ဖုန်း ငှားနိုင်မယ်ဆိုရင် ငါ့ဆီ ဖုန်းခေါ်အုံး”
ချောင်ယန်းအစုဧရိယာသုံးထဲရှိ လေယာဉ်ရပ်နားသည့် နေရာတွင် စိုးရိမ်ပူပန်နေသော ယွင်ယောင်က ယွင်ချဲ့၏လက်ကို ဆုပ်ကိုင်ထားလျက် ဆောင်ရန် ရှောင်ရန်များကို ထပ်တလဲလဲ မှာနေတ၏။ ယွင်ချန်းနှင့် ချန်ချန်ကို ယွင်ချဲ့က စွမ်းအားနယ်မြေထဲ ပို့ထားခဲ့ပြီး ဖြစ်သည်။ သို့သော် ဟေးယွီကမူ အချိန်အတိုင်းအတာ တစ်ခုအထိ အပြင်ဘက်တွင် နေနေလေ၏။ သူသည် လမ်းတစ်လျှောက် သန္ဓေပြောင်းသားရဲများကို ဖယ်ရှားရန် လိုအပ်သောကြောင့် ဖြစ်သည်။ ကျန်းထန်းလုံနှင့် သူ၏ဇနီး မစ္စတာချန်နှင့် လုဟိုင်ရွှမ်း၏ မိခင်ကလည်း ကျန်းယာ့ဖေး၊ လုဟိုင်ရွှမ်းနှင့် ချူးဟောင်လင်းတို့ကို အသီးသီး လက်ကိုင်ကာ သူတို့ကို ဂရုစိုက်ရန် မှာကြားနေ၏။ ယခုအခေါက် သူတို့သွားမည့် နေရာက အတော်ဝေးသောကြောင့် ဖြစ်သည်။
“အင်းပါ အစ်မရယ် စိတ်မပူပါနဲ့ ကျွန်တော်တို့ အနားမှာ မရှိတဲ့အချိန် အိမ်ထဲမှာချည်းပဲ နေ မနေနဲ့အုံး လမ်းထွက်လျှောက်အုံး.. လေ့ရဲ့မိန်းမနဲ့လည်း သိပ်မကပ်နဲ့..”
ယွင်ချဲ့သည်လည်း သူ့အစ်မကို တကျီကျီ ပြောပြီးနောက် သူမကို ဖက်ထားလိုက်သည်။ ချောင်ယန်းယျာဉ်က စလည်ပတ်နေပြီဖြစ်ရာ သူတို့နှင့် ဆက်ဆံရေး ကောင်းမွန်သည့် စွမ်းအားရှင် အဖွဲ့များစွာသည် သူတို့ကလေးများကို မူကြိုသို့ ပို့ထားသည်။ ပြောရန်မလို လေ့တာ့ရှန်၏ဇနီး ကျန်းမင်ကလည်း သူတို့ထဲမှ တစ်ယောက် ဖြစ်၏။ သူမကလေးကို ကျောင်းသို့ ပို့ပြီးနောက် ပထမဆုံးရက်တွင် သူတို့ဆီ လာရောက်လည်ပတ်ခဲ့သည်။ သူတို့ကို အချိန်အတော်ကြာ ဝေဖန်နေခဲ့ပြီးနောက် ယွင်ယောင်နှင့် ကျန်းယာ့ဖေးတို့ကို အဆုံးကျ သူတို့၏သီးသန့်စုဆောင်းမှု ပြသချင်ကြောင်း တောင်းဆိုခဲ့သည်။ ယွင်ချဲ့နှင့် ကျန်သည့်သူများက တစ်ချက် ကြည့်ပြီး အမျိုးသားနှစ်ယောက်၏ ကိုယ်လုံးတီးပုံကောမစ်ကို မြင်တွေ့ချိန်၌ ထိတ်လန့်သွား၏။ ထိုအချိန်မှစကာ ယွင်ချဲ့သည် သူ၏အစ်မနှင့် ကျန်းယာ့ဖေးကို ကျန်းမင်နှင့် မကြာခဏ မတွေ့ရန် မှာကြားခဲ့၏။ ယဲ့ရှင်းချန်းက ဂိတ်အပြင်ဘက်၌ ဝံပုလွေဘုရင်ကို အသွင်ပြောင်းပြီး စောင့်ခိုင်းထားသည်။ ကျောင်းဆင်းပြီးနောက် သူတို့ဆီ လာလည်ပတ်သူ မရှိတော့တာ ဖြစ်သည်။
“ကြောက်လို့လား ဒါပေမဲ့ ကျန်းမင်ပြောတဲ့ ဝတ္ထုတချို့က အတော်စိတ်ဝင်စားဖို့ ကောင်းတယ်။ အမျိုးသားတွေတောင် ကလေးရနိုင်တယ်လို့ ခေါ်တဲ့ အေဘီအိုတွေလည်း ရှိသေးတယ်လေ.. သူတို့က တကယ် မျိုးအောင်ကြတာ.. ချဲ့ မင်းရော..”
“အစ်မ..”
အမျိုးသမီးတွေအားလုံးက ဖူဂျိုရှီတွေလို့(အမျိုးသားတွေကို စုံတွဲအဖြစ် သတ်မှတ်တတ်သူများ) အဲဒီလူတွေ ပြောတာ ဒါကြောင့်များလား။ ကျန်းမင်အကြောင်း ပြောချိန် ယွင်ယောင်သည် သူ အစောတုန်းက သူမကို ပြောခဲ့တာကို မေ့ပြီး အဆုံးမရှိ တတွတ်တွတ် ပြောနေ၏။ ယွင်ချဲ့ကို ပြောနေစဉ် သူမ၏လေသံ၌ မျှော်လင့်မှုများ ပြည့်နေသည်။ ယွင်ချဲ့ကလည်း ထိတ်လန့်လွန်းသောကြောင့် တုန်ယင်လာမိ၏။ သူက စကားအမြန် ဖြတ်လိုက်တော့သည်။ သေစမ်း။ ဒီကြောက်ဖို့ကောင်းတဲ့ အဓိပ္ပာယ်မရှိတဲ့ဟာတွေက ဘာတွေလဲ။ သူသာ သူမကို ဆက်ပြောခွင့် ပေးလိုက်မယ် ဆိုရင် သူက တကယ် ကလေးမွေးရပြီး အဆုံးသတ်ရလောက်တယ်။
“ဟုတ်ပြီ ကောင်းပြီ ငါ ဆက်မပြောတော့ဘူး”
ယွင်ယောင်သည် ပုံမှန်ဆို အကြောက်တရား ကင်းမဲ့နေကျ မောင်လေးက ထိတ်လန့်နေပုံပေါ်နေတာကို မြင်ပြီး ပါးစပ်ပိတ်လိုက်တော့၏။ ကမ္ဘာပျက်ကပ် မတိုင်မီက BLဇာတ်လမ်းများ ရေးနေခဲ့သော မူကြိုကျောင်းရှိ ဆရာမတစ်ယောက်က ယခု သူနှင့်ရှင်းဖုန်းတို့ကို အခြေပြုပြီး ဝတ္ထုတချို့ရေးရန် စဉ်းစားကာ လူတိုင်းကို မျှဝေရန် တွေးနေကြောင်း ကျန်းမင် ပြောခဲ့သည့် အကြောင်းကိုတောင် သူမ ထည့်မပြောခဲ့ပေ။
“နောက်ကျနေပြီ ကျွန်တော်တို့ သွားတော့မယ် အစ်မတို့လည်း ပြန်သင့်ပြီ”
သူတို့က ဆက်ပြော၍ မရတော့သောကြောင့် ယွင်ချဲ့သည် နောက်အနည်းငယ် ဆုတ်လိုက်၏။ ပြီးနောက် သူမကို တွန်းထုတ်ကာ ရှင်းဖုန်၏ လက်ကို ဆွဲလျက် လေယာဉ်ထဲ ဝင်သွားသည်။ အထဲသို့ မရောက်ခင်က သူက လှည့်ထွက်လာပြီး အော်လိုက်သည်။
“အစ်မ ကျွန်တော်ပြောတာ မှတ်ထားနော် သူနဲ့ သိပ်မကပ်နဲ့”
သူတို့က ရင်းနှီးနေပြီးသား ဖြစ်သည့်တိုင်.. သူ ပြန်ရောက်လာချိန်၌ သူအစ်မ၏ တန်ဖိုး ပျက်စီးသွားတာကို မမြင်ချင်ပေ။
“ကောင်းပြီ လမ်းမှာ ဂရုစိုက်”
မောင်နှမနှစ်ယောက်သည် နှုတ်ဆက်ခွဲခွာနေစဉ် အကြောင်းအရာက အတော်လေး ပြောင်းသွား၏။ ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ လေယာဉ်ပေါ် တက်သွားတာကို မြင်ပြီး ကျန်းယာဖေး၊ လုဟိုင်ရွှမ်းနှင့် ချူးဟောက်လင်တို့ကလည်း ကျန်းထျန်းလုံနှင့် ကျန်သည့်သူများကို နှုတ်ဆက်စကား ပြောလိုက်သည်။ ကျန်းရှန်နှင့် ရှန်လွေ့က အထူးတပ်ဖွဲ့ထဲကနေ အသားကျနေပြီ ဖြစ်သောကြောင့် သူတို့သည် ပန်းခြံထဲ လမ်းလျှောက်သည့်ပမာ လေယာဉ်မောင်းရန် တာဝန်ယူလိုက်သည်။
ထုံးစံအတိုင်း ထိပ်ဦးအဖွဲ့မှ တိုက်ခိုက်ရေးသမားများ အားလုံးက ယခုအခေါက်တွင် ပါဝင်သည်။ ချောင်ယန်းကမူ ရှင်းဖုန်း၊ ရှန်းလွေ့နှင့် ကျန်းရှန်အပြင် ချူးဟောက်လင်၊ ကျောက်ကန်နှင့် ရန်ဟွိုက်အန်းတို့ ပါဝင်၏။ များများစားစား မရှိသည့်တိုင် သူတို့အားလုံးက လက်ရွေးစင်များ ဖြစ်သည်။
“ထွက်ဖို့ပြင်တော့”
ကုန်တင်လေယာဉ်က ခရီးသည်တင် လေယာဉ်လောက် ဇိမ်မရှိပေ။ အလယ်တွင် ခုံနှစ်တန်းဖြင့် ပုံမှန်ရဟတ်ယာဉ်ကြီးဖြစ်ကာ သူတို့ ထိုင်နိုင်ရုံသာ လောက်သည်။ ကျန်းရှန်၏အသံက နားကြပ်ထဲ ရောက်လာပြီးနောက် ဒလက်က တဖြည်းဖြည်း လည်သွား၏။ လေယာဉ်သည် ကောင်းကင်ထဲသို့ တဖြည်းဖြည်း တက်သွားသည်နှင့် ယွင်ယောင်နှင့် လေဆိပ်ရှိ ကျန်သည့်သူများက သူတို့ကို လက်ဝေ့ယမ်း တာ့တာပြန်နေသည်။ ပြတင်းပေါက်ကနေ အောက်ငုံ့ကြည့်ပြီး သူ၏အစ်မ မျက်ရည်သုတ်နေတာကို မြင်သောအခါ ယွင်ချဲ့က အနည်းငယ် စိတ်ထိခိုက်သွား၏။ သူ ယခင်ဘဝတွင် တာဝန်ထမ်းဆောင်စဉ်က သူ့အတွက် မည်သူမျှ စိတ်မကောင်းမဖြစ် သူ တာဝန်ထမ်းဆောင်စဉ်တွင်တောင် သူ့ကို လိုက်ပို့သည့်သူ မရှိပေ။ ဤဘဝတွင် နောက်ဆုံးတော့ နွေးထွေးမှုကို ရှာတွေ့ခဲ့ပြီဖြစ်သည်။ ထို နွေးထွေးမှုအတွက် သူ ဘာမဆို လုပ်မည်။
သူ့စိတ်ခံစားချက် အပြောင်းအလဲကို အာရုံခံမိသွားပုံပေါ်ကာ ဘေးတွင် ထိုင်နေသော ရှင်းဖုန်းက သူ့လက်ကို ဆုပ်ကိုင်လိုက်၏။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးလိုက်တော့သည်။
လေယာဉ်က အမြင့်ဆုံးအထိ တက်သွားပြီးနောက် လေဆိပ်ရှိ လင်းယုန်ဘုရင်နှင့် ဘုရင်မတို့က ခေါင်းပေါ်က မြည်သံတစ်ချက် ထုတ်လျက် တောင်ပံရှည်ကြီးများကို ဖြန့်ကားကာ သူတို့နောက် လိုက်လာသည်။ မထွက်ခွာခင် ရှင်းဖုန်းက လေယာဉ်၏ ဘေးတစ်ဖက် တစ်ချက်စီ၌ နေကာ ကာကွယ်ရန် သူတို့ကို အမိန့်ပေးထားပြီဖြစ်၏။
“ပြန်သွားကြရအောင် ချန်းနဲ့ အဖွဲ့မှုးရဲ့ စွမ်းရည်နဲ့ဆို ဘာမှမှားမှာ မဟုတ်ဘူး”
ရဟတ်ယာဉ်နှင့် ရွှေရောင်လင်းယုန်နှစ်ကောင်က မကြာမီ၌ ပျောက်ကွယ်သွား၏။ ကူးမင်ရွှမ်းကလည်း ယွင်ယောင်၏ပခုံးပေါ် လက်တင်လိုက်၏။ တစ်ဖက်လူကလည်း မျက်ရည်များဖြင့် ခေါင်းညိတ်လိုက်သည်။
“သိတယ် ဒါပေမဲ့ ကျွန်မ စိတ်ပူနေသေးတုန်းပဲ ဒီတစ်ခေါက် သူတို့က ချန်းနဲ့ ချန်ချန်ကိုတောင် ခေါ်သွားတာ အကယ်၍..”
ယွင်ယောင် ထိုသို့ပြောလိုက်စဉ် သူမ မျက်ရည်များ ထပ်ကျလာသည်။ သူမမောင်လေး၏ရှေ့တွင် မငိုအောင် ကြိုးစားရခြင်းက အလွန်ခက်ခဲခဲ့သည်။ သူတို့ကို ဝန်မပိစေချင်သောကြောင့် ဖြစ်သည်။ သို့သော် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပေ။
“အကယ်၍ဆိုတာ မရှိဘူး.. သူတို့ကို ယုံကြည်ရမယ်”
ကူးမင်ရွှမ်းက ခိုင်မာစွာ ပြောပြီး သူမကို တင်းကြပ်စွာ ထွေးပွေ့ထားလိုက်၏။ ရှင်းဖုန်းသည် ခရီးတစ်ခေါက် မထွက်ခင်၌ သင့်တင့်အောင် စီမံသွားခဲ့တာ ဖြစ်သည်။ ကူးမင်ရွှမ်းသည် သူတို့ ပြန်မလာမှာကို ဘယ်တော့မှ စိတ်မပူ.. အကြောင်းမှာ ရှင်းဖုန်းသည် သူ ယုံကြည်ရသည့် သူတို့၏ခေါင်းဆောင် ဖြစ်နေသောကြောင့် ဖြစ်သည်။
“အင်း..”
နှစ်ယောက်သားက တစ်ယောက်ရင်ခွင်ထဲ တစ်ယောက် ရှိနေကြ၏။ ယွင်ယောင်က ခေါင်းငုံ့ကာ ရှိုက်သံများ ပေါ်လာသည်။ သူမက ယခုအချိန်တွင် ထိုကဲ့သို့ နွေးထွေးမှုကို လိုအပ်နေသည်။ သူတို့ကို နှောင့်ယှက်မနေဘဲ ကျန်းထျန်းလုံနှင့် ကျန်သည့်သူများသည် လေဆိပ်ကနေ တိတ်တဆိတ် ထွက်ခွာသွား၏။ သူတို့က ယွင်ယောင်အတွက် ကူးမင်ရွှမ်း၏ ခံစားချက်ကို အပြည့်အဝ သတိပြုမိသည်။ ယွင်ယောင်က မိန်းမကောင်းလေးတစ်ဦး ဖြစ်၏။ လူကြီးများအနေဖြင့် ကူးမင်ရွှမ်းက သူမနှင့်ချန်ချန်တို့ အားကိုးအားထားနိုင်သည့် အမျိုးသားတစ်ယောက် ဖြစ်လာနိုင်ရန် မျှော်လင့်နေကြသည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset