YMR- အခန်း ၁၉၇

အခန်း(၁၉၇)

ချဲ့ကအရိုက်ခံရတာလား
“အီးဘေအကြောင်း မေ့ထားလိုက်အုံး။ ငါတို့ ဂိမ်းတချို့ ဆော့လို့ရသေးတယ်။ ပုံမှန်ဆို ဖျော်ဖြေစရာ သိပ်မရှိဘူး။ ငါတို့တွေ ဂိမ်းကြီးပဲဆော့ရတာ ငြီးငွေ့နေပြီ”
ကူးမင်ရွှမ်းက ထိုင်ရန်နေရာ သူ့ဘာသာသူရှာလျက် ပြုံးပြီးပြောလိုက်တော့၏။ ယခုအချိန်တွင်သူက စိတ်ပြေလက်ပျောက် ဂိမ်းများဆော့ပြီးနောက် သူစိတ်ဖြေနေလေရာ ကျန်သည့်သူများဆို ပိုဆိုးပေ၏။ အနည်းဆုံးသော ယွင်ယောင်နှင့်အဖွဲ့သည် ကြည့်စရာအတွက် စီတီများ၊ ဗီဒီယိုများရှိသည်။ ထိုနည်းတူ ပြန်လည်ကောင်းမွန်ရန်အတွက် တစ်စုံတစ်ယောက်ကို အမှန်တကယ် ပျင်းရိသည့် ဗီဒီယိုများဖြစ်သည်။ ဟေးယွီသည် ၎င်းတို့ကို မကြာခဏ ကြည့်ပြီးနောက် အဆုံးတွင် လူလိမ်တစ်ယောက်ကဲ့သို့ ပိုမိုပြုမူလာတော့သည်။
“အနောက်တောင်အရပ်မှာ ဂိမ်းကုမ္ပဏီတွေ ရှိလောက်တယ်မလား။ သွားစစ်ဆေးကြည့်ရအောင်။ ငါတို့တာဝန် ထမ်းဆောင်တဲ့အချိန် ဂိမ်းတချို့ ပြန်ယူလာလို့ရတယ်”
ချူးဟောင်လင်းဆီကနေ မိုဘိုင်းဖုန်းကို ပြန်ယူပြီး တစ်ချက်ကြည့်ပြီးနောက် ယွင်ချဲ့၏ နှုတ်ခမ်းက တွန့်သွားတော့သည်။ မိုဘိုင်းဖုန်း၏ ဖန်သားပြင်ပေါ်၌ Appအသစ်က ရှိနေ၏။ ယင်းက ပင်ဂွင်းတံဆိပ်လေးလည်း ရှိနေသည်။ ၎င်း၏အမည်က QQအစား qq ဖြစ်နေပြီး ဆိုလိုသည်က အဆင့်မြင့်မှ အဆင့်နိမ့်သို့ ပြောင်းလဲသွားရုံသာရှိသည်။
“ငါ့အတွက်လည်း ကူးပေး”
ယွင်ချဲ့က Appကို နှိပ်လိုက်တာကို မြင်သောအခါ ရှင်းဖုန်းကလည်း သူ့ဖုန်းကိုထုတ်ပြီး လှမ်းပစ်ပေးလိုက်၏။ ချူးဟောင်လင်းက သူ့ကို အိုကေလုပ်ပြပြီးနောက် ဒေတာအချက်အလက်ထဲဝင်ကာ စတင်ဆောင်ရွက်လိုက်၏။
“ငါ့ရဲ့အရင် ကျူကျူအကောင့်ကို သုံးလို့မရတော့ဘူးလား”
သူ၏ယခင် ကျူကျူနံပါတ်ကို ထည့်သွင်းပြီးနောက် အထဲဝင်၍မရပေ။
“မရဘူးပေါ့ မူလAppကို အခြေခံပြီး ငါ့ဘာသာ အချက်အလက်တွေ ရေးခဲ့ရုံပဲ။ အချက်အလက် သိမ်းဆည်းတဲ့ နေရာချင်း မတူတဲ့အချိန် မင်းရဲ့အရင်အကောင့်ကို ဘယ်လိုလုပ် ဝင်လို့ရမှာလဲ”
ဆွံ့အသွားသော ရီဝမ်ချင်းက စိတ်လေသွား၏။ ယွင်ချဲ့ကသူ့ကို နတ်ဘုရားလို့များ တကယ်ကြီး ထင်နေလား။
“ဘာကြောင့်များ စောစောမပြောတာလဲ။ မင်းရဲ့ဗားရှင်းက ပိုကောင်းနိုင်တာ”
ယွင်ချဲ့သည် သူ၏ရှင်းပြချက်ကို လက်မခံရုံသာမက နိမ့်ကျသည်ဟုတောင် စောဒက တက်လိုက်သေးသည်။ ယွီဝမ်ချင်းက ချက်ချင်း ဒေါသထွက်သွား၏။ အချိန်အတော်ကြာပြီးနောက် သူက စိတ်မပျော်ဖြစ်ကာ ဖုန်းထုတ်လိုက်တော့သည်။ ဒါက ဗားရှင်းဖြစ်တော့ရော ဘာအရေးလဲ။ သုံးလို့ရတယ်လေ။ အဲ့ဒါက အရေးအကြီးဆုံးပဲ။
“အဆောင်သုံး သင်းကွပ်သူဆိုတာ ဘယ်သူလဲ။ ချဲ့လား”
အဖွဲ့ထဲဝင်ရန် တောင်းဆိုချက်တစ်ခု လက်ခံရရှိပြီးနောက် ယွီဝမ်ချင်းက ၎င်းကိုနှိပ်လိုက်ပြီး ၎င်းကို အလိုလိုနှိပ်လိုက်၏။ ယွင်ချဲ့က ခေါင်းညိတ်လိုက်သည်။
“ငါက မိစ္ဆာဝိညာဉ်တွေကို ဖယ်ရှားတာ။ ငါ့ကိုရန်စတဲ့လူတိုင်း သင်းကွပ်ခံရမယ်။ အဲ့လိုမဟုတ်ဘူးလား”
လူတိုင်းက ဆွံ့အကုန်ပြီး အလိုလိုပင် သူတို့၏ ပေါင်နှစ်ချောင်းကို စေ့လိုက်မိတော့သည်။ တစ်နေ့ကျ ယွင်ချဲ့သင်းကွပ်တာ မခံရစေရန် သူနှင့်ဝေးဝေးနေရမည်ဟု သူတို့တွေးလိုက်ကြတော့သည်။
“ငါတောင်းဆိုတာကို ဘာကြောင့် ဘယ်သူမှ လက်မခံရတာလဲ။ ဘယ်သူကပိုင်ရှင်လဲ။ ဘယ်သူက adminလဲ။ မင်းတို့အားလုံးကို သင်းကွပ်စေချင်နေတာလား”
အဖွဲ့ကနေ ကြိုဆိုပါတယ်။ အဆောင်သုံးသင်းကွပ်သူ။
သူပြောပြီးနောက် အဖွဲ့လိုက် စကားပြောခန်း၌ စကားလုံးတချို့ ပေါ်လာသည်။ အဖွဲ့ပိုင်ရှင် ယွီဝမ်ချင်းကတော့ ကြောက်လွန်းသောကြောင့် ဘောင်းဘီထဲ ဆီးထွက်ကျလုနီးပါး ဖြစ်နေကာ သူ့ခွကြားကို ငုံ့ကြည့်ပြီးနောက် တိတ်တဆိတ် သက်ပြင်းချလိုက်၏။ ချဲ့က တကယ်လူမဆန်တာပဲ။
အဆောင်သုံးသင်းကွပ်သူ ဘာကြောင့်ငါ့ကို ဘယ်သူမှ မကြိုဆိုရတာလဲ။ ငါ့ကို adminလုပ်ပေးရီ ဆက်တိုက်ခိုက်နေတဲ့လူတွေကို ငါကန်ထုတ်ပစ်မယ်။
ချူးဟောင်လင်း။ ။ ကျစ် ဝမ်ချင်း အဲ့လိုမလုပ်လိုက်နဲ့။ မဟုတ်ရင်ငါတို့ ခံစားရလိမ့်မယ်။ ချဲ့က အရှက်မဲ့တယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတာ။
ဖုန်းလွေ့ : +1
ကျောက်ကန် : +2
ကျန်းကန် : +3
ကျိုးဇယ်ယွီ : +4
ယဲ့ရှင်းချန် : +99999
ကျန်းရှန် : စီနီယာ <3<3
မုန့်ကန်း : ဒီမှာဘာတွေ ဖြစ်နေတာလဲ။ ဒါက ခေါင်းစဉ်နဲ့ချော်သွားပြီ။ ဒီအဖွဲ့မှာ PDA ခွင့်မပြုဘူး။
ယဲ့ရှင်းချန် : …
ကျန်းရှန် : …
ချူးဟောင်လင်း : သေစမ်း မင်းတို့အားလုံးက ခေါင်းစဉ်နဲ့ သွေဖယ်သွားပြီ။ ဒီအဓိပ္ပာယ်မရှိတာတွေပြောတာ ရပ်လိုက်ရအောင်။
စနစ်။ ။ အဆောင်သုံးသင်းကွပ်သူ adminဖြစ်လာတာအတွက် ဂုဏ်ယူပါတယ်။
စနစ်။ ။ ချူးဟောင်လင်းက အဖွဲ့ကနေ adminဖယ်ရှားတာ ခံလိုက်ရပါတယ်။
ကျိုးဇယ်ယွီ : …
“ကျစ် ဝမ်ကျင်း သူ့ကိုဘာကြောင့် adminလုပ်လိုက်ရတာလဲ။ ငါ့ကိုပြန်ထည့်ပေး”
“ဟား ဟား”
အဖွဲ့လိုက် စကားပြောခန်း၌ အမှတ်အသားများ ဆက်တိုက် ပေါ်လာတော့သည်။ ချူးဟောင်လင်းသည် ယွင်ချဲ့ကြောင့် အဖွဲ့ထဲက ကန်ထုတ်ခံရပြီးနောက် ဧည့်ခန်းထဲတွင် ဒေါသတကြီး အော်နေ၏။ တစ်ဖွဲ့လုံးက တသောသော ရယ်မောနေကြတော့သည်။ လူတိုင်းက သူ့တို့နာမည်အမှန် သုံးနေတာကိုမြင်ပြီး ယွင်ချဲ့က တစ်ချက်စဉ်းစားပြီးနောက် သူ၏နာမည်ပြောင်ကို နာမည်အစစ် ပြောင်းလဲလိုက်၏။
ဘီး
တစ်စုံတစ်ယောက်ကသူ့ကို မိတ်ဆွေဖွဲ့ထားသည်။ သူက ကြည့်လိုက်ရာ လောင်ကုန်းဟူသော စကားလုံးကိုသာ တွေ့လိုက်ရပြီး သူအံ့သြဆွံ့အသွား၏။ ယွင်ချဲ့က လှည့်ကြည့်လိုက်ရာ ရှင်းဖုန်းက သူ့ဖုန်းကို မေးဆတ်ပြပြီး သူမိတ်ဆွေဖွဲ့ရန် တောင်းဆိုတာကို အချက်ပြနေ၏။
“ငါခြေထောက်ကိုပဲလက်ခံ”
ငြင်းပယ်သည့် ခလုတ်ကို လျင်မြန်စွာ နှိပ်လိုက်ပြီးနောက် သူသည် မကြာမီ၌ ဘိဟူသည့် အသံကိုသာ ထပ်ကြားလိုက်ရသည်။ စနစ်က အဖွဲ့လိုက် စကားပြောခန်းထဲ လောင်ကုန်းဝင်လာကြောင်း အသိပေးတာပဲဖြစ်သည်။
ချူးဟောင်လင်း : အဖွဲ့မှူးရဲ့နာမည်က တကယ်ပဲ အစွမ်းထက်တာပဲ။ ချဲ့ပဲသူ့ကို အဲ့လိုခေါ်ရဲမှာ။
ကျိုးဇယ်ယွီ : ချဲ့ မင်းရဲ့နာမည်ကို ချစ်ဇနီးလေးလို့ ဘာကြောင့်မပြောတာလဲ။ ဒါက ပြီးပြည့်စုံတဲ့ စုံတွဲပဲ။
စနစ်။ ။ ကျိုးဇယ်ယွီသည် အဖွဲ့ထဲကနေ ကြီးကြပ်သူယွင်ချဲ့ မောင်းထုတ်တာ ခံလိုက်ရပါတယ်။
“Fuck”
“ဟား ဟား ဟား”
ယခုက ကျိုးဇယ်ယွီ အော်ရမည့်အလှည့် ရောက်လာပြီ။ ချူးဟောင်လင်းက သူ့ကို လက်ညိုတထိုးထိုးဖြင့် အူလှိုက်သည်းလှိုက် ရယ်မောတော့သည်။ လုဟိုက်ရွှမ်းက သူ့နားချဉ်းကပ်လာပြီးနောက် သူ့ကို စိတ်ငြိမ်စေရန် ကျောပုတ်ပေးလိုက်၏။ ယွင်ချဲ့က သူ့လက်ချောင်းများကို အမြန်လှုပ်ရှားလိုက်သည်။
ပန်းရောင်နာနီ : …
ဖုန်းလွေ့ : အဲ့ဒီမှာဘယ်သူလဲ။ ကျူးကျော်လာတာလား။
လုဟိုက်ရွှမ်း : မေးခွန်းတူတူပဲ။
ယွီဝမ်ချင်း : မေးခွန်းတူတူပဲ။ +တစ်။
ရှန်လွေ့: မေးခွန်းတူတူပဲ +နှစ်။
ကျန်းယာ့ဖေး: မေးခွန်းတူတူပဲ +သုံး။
ဟား ဟား ပန်းရောင်နာနီ ROFL
ယန်းဟွိုင်အန်း : မေးခွန်းတူတူပဲ +လေး။
ယဲ့ရှင်းချန် : မေးခွန်းတူတူပဲ +ငါး။
ကျန်းရှန် : မေးခွန်းတူတူပဲ +တစ်သောင်း စီနီယာ
ကူးမင်ရွှမ်း : မေးတာရပ်လိုက်တော့ အဖွဲ့မှူးရဲ့ မျက်နှာမှာ ဒေါသထွက်နေတဲ့အကြည့်ကို မမြင်ဘူးလား။ မင်းတို့သေတွင်း မင်းတို့တူးနေတာပဲ။
လူတိုင်းက ထိုသို့ပြောပြီးနောက် သူတို့ဖုန်း မှန်သားပြင်ကို စိုက်ကြည့်နေကြသည့် သူတိုင်းက ရှင်းဖုန်းကို ချက်ချင်း ကြည့်လိုက်ကြသည်။
“ဟား ဟား”
ယွင်ချဲ့က ဆိုဖာပေါ်တွင် ဖုန်းကိုင်ထားလျက် ရယ်မောနေလေသည်။ သူနှင့်ယွင်ချန်းကြား လိမ်လိမ်မာမာ ထိုင်နေသော ချန်းချန်းက သူ့ဦးလေးရယ်နေရသည့် အကြောင်းအရင်းကို နားမလည်ပေ။ ကြောင်အစွာ မော့ကြည့်နေပြီးနောက် ဦးဦးချန်းနှင့်အတူ ဂိမ်းဆက်ဆော့နေသည်။ သူက ငယ်ရွယ်သေး၏။ သူတို့၏ ညစ်ညမ်းသော စကားများကို နားမလည်နိုင်ပေ။
“ဟေ့ ဘာလုပ်တာလဲ ငါ့ကိုချပေး”
“ဖြန်း ဖြန်း တော်တော့ ကိုယ်တို့စကားကောင်းကောင်း ပြောသင့်တယ်ထင်တယ်”
ခဏအကြာတွင် ရှင်းဖုန်းက သူ့ကိုဆွဲထူပြီးနောက် ပုခုံးပေါ် တင်လိုက်သည်။ သူ၏ရုတ်တရက် အပြုအမူက ယွင်ချဲ့ကို ထိတ်လန့်သွားစေရာ သူသည် ရှင်းဖုန်း၏နောက်ကျောကို အမျိုးသမီးတစ်ယောက်ပမာ ထုနှက်တော့၏။ ရှင်းဖုန်းက စဉ်းစားမနေဘဲ သူ့တင်ပါးကို နှစ်ချက်ရိုက်လိုက်သည်။ ပြီးနောက်သူက သူတို့ကို ထိတ်လန့်ပြီး လေးစားကာ ကျေနပ်အားရစွာ ကြည့်နေကြသည့် လူတိုင်းရှေ့၌ ယွင်ချဲ့ကို အားသုံးပြီး အပေါ်ထပ်သို့ ခေါ်သွားတော့သည်။
“ကျွတ် ကျွတ် ဒီတစ်ခေါက် ချဲ့တော့သေပြီပဲ”
ချူးဟောင်လင်းသည် သူတို့သွားကြောင်း အတည်ပြုပြီးနောက် သက်ပြင်းချလိုက်၏။ သူ၏စကားများက သူ့အတွက် စိတ်မကောင်းဖြစ်နေပုံပေါ်သော်ငြား သူ၏လေသံနှင့် အမူအရာက သူတို့ကို စွန်းထင်ကာ ကရုဏာသက်မှု ရှိမနေပေ။ သူကျေနပ်အားရနေတာ သိသာ၏။ သူတို့၏ အဖွဲ့မှူးမှလွဲလျှင် ချဲ့ကို မည်သူမှ ထိုသို့ပြုလုပ်ရဲမှာမဟုတ်ပေ။
“မင်းဘယ်တော့မှ မသိဘူး။ ယွင်ချဲ့သာ တကယ် ပြန်တိုက်ခိုက်မယ်ဆိုရင် ခေါင်းဆောင်ရှင်းက ဒုက္ခရောက်မဲ့လူပဲ”
ဆိုရလျှင် ယွင်ချဲ့က ထိပ်ဦးအဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး ကျိုးဇယ်ယွီက ထိုကိစ္စတွင် ယွင်ချဲ့ဘက်တွင် ရှိတာသေချာ၏။
“ဟန်… ညီလေးဘာဖြစ်လို့လဲ”
အတော်လေး အပြစ်ကင်းသော ယွင်ချန်းက လန်ယဲ့ဟန်၏ အင်္ကျီကိုဆွဲလျက် သူ့နားနား ကပ်မှီကာ ညင်သာစွာ မေးလိုက်၏။ ယင်းက ချန်းချန်းကိုလည်း ဇဝေဇဝါ ဖြစ်သွားစေရာ သူသည်လည်း ပေါင်ပေါ်တက်လာပြီး နားစွင့်လိုက်သည်။ လန်ယဲ့ဟန်က လှည့်ကြည့်လာပြီး သူတို့နှစ်ယောက်၏ အပြစ်ကင်းသည့် မျက်နှာကိုကြည့်ပြီးနောက် ယွင်ချန်း၏ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်တော့၏။
“ဘာမှမဟုတ်ဘူး။ သူတို့အရေးကြီးကိစ္စတချို့ ဆွေးနွေးစရာရှိလို့ အခန်းပြန်သွားတာ”
လန်ယဲ့ဟန်သည် မျက်နှာသေဖြင့် အဓိပ္ပာယ်မရှိသော စကားများကို ပြောရမည့်ပုံကို ယွင်ချဲ့ဆီမှ သင်ယူထားပုံပေါ်၏။
“အော်”
အနည်းငယ် ဇဝေဇဝါဖြစ်သွားသော ယွင်ချန်းက ခေါင်းညိတ်ပြီးနောက် စိုးရိမ်ပူပန်စွာ မေးလိုက်၏။
“ရှင်းဖုန်းက ငါ့အစ်ကိုကို ထပ်ရိုက်မှာလား”
အစောတုန်းက သူ၏အစ်ကို အရိုက်ခံရတာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
“စိတ်မပူနဲ့ချန်း ခေါင်းဆောင်က မင်းရဲ့အစ်ကိုက သူ့ကိုသတ်ရင်တောင် ခေါင်းဆောင်က မင်းရဲ့အစ်ကိုကို တကယ်ရိုက်မှာမဟုတ်ဘူး။ သူက အစောင့်အရှောက် သားရဲလို့ အလဟသ ခေါ်ခံရတာမဟုတ်ဘူး”
သူတို့ပြောတာ ကြားသောအခါ ကူးမင်ရွှမ်းက ချန်းချန်းကိုချီရန် လက်လှမ်းလာ၏။ သူ၏ခေါင်းဆောင်သည် ယွင်ချဲ့ကို မရိုက်သော်ငြား နောက်တစ်နည်းဖြင့် အနိုင်ယူမှာ သေချာနေသည်။ အိမ်စောင့်သားရဲကြီးသည် အိပ်ရာပေါ်၌ အစောင့်အရှောက် သားရဲနှင့် မကိုက်ညီပေ။
“အစောင့်အရှောက် သားရဲကြီးလား”
ယွင်ချန်းက ပိုတောင် ဇဝေဇဝါဖြစ်သွားပုံပေါ်တာကို မြင်သောအခါ လန်ယဲ့ဟန်က သူ့ကို ဧည့်ခန်းထဲကနေ အမြန်ထုတ်သွားလိုက်၏။ မဟုတ်လျှင် ချန်းသည် ဤလူတစ်စုကြောင့် လမ်းမှားသွားနိုင်သည်။
“ဘန်း”
“ထပ်လုပ်ချင်တယ်လို့ မပြောနဲ့နော်”
ရှင်းဖုန်းသည် စတုတ္ထအလွှာရှိ ယွင်ချဲ့၏ အခန်းတံခါးကို ကန်ဖွင့်ပြီးနောက် သူ့ကို အိပ်ရာပေါ် ပစ်ချလိုက်သည်။ ယွင်ချဲ့က လှည့်လာပြီး သူ့ကို အံ့သြဆွံ့အစွာ ကြည့်လိုက်၏။ သူသည် အဖွဲ့ထဲ၌ သူ၏နာမည်ကို ပြောင်းလိုက်ရုံမျှသာရှိသည်။ သူ၏တင်ပါးကို ထပ်ရိုက်မည်လော။
“မဟုတ်ဘူး ပန်းရောင်နမ်နီက မင်းအတွက် နှိပ်နှယ်ပေးမလို့”
ရှင်းဖုန်းသည် ညစ်ကျယ်ကျယ်အပြုံးဖြင့် အိပ်ရာဘေးတွင် ထိုင်ချပြီးနောက် ယွင်ချဲ့ကို သူ့ပေါင်ပေါ် ဆွဲတင်လိုက်၏။
“ဖြန်း ဖြန်း ဖြန်း”
ယွင်ချဲ့မတုံ့ပြန်နိုင်သေးခင် ရှင်းဖုန်းက သူ့နောက်ကျောကို လက်တစ်ဖက်ဖြင့် ဖိထားလျက် လက်တစ်ဖက်ဖြင့် တင်ပါးကို ရိုက်လိုက်ရာ ယွင်ချဲ့ကို အံ့သြဆွံ့အသွားစေသည်။ အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူကရုန်းကန်ကာ အော်ပြောလိုက်၏။
“သေစမ်း ရှင်းဖုန်း လခွမ်း အား ရပ်လိုက်တော့ ငါ့ရဲ့တင်ပါးတွေ နာနေသေးတုန်းပဲ”
ရိုက်သံက ကျယ်လောင်သော်ငြား တကယ်မနာပေ။ ရှင်းဖုန်းက သူ၏ခွန်အားကို ကောင်းကောင်း ထိန်းချုပ်ထားသည်။ မည်သို့ပင် ဆိုစေကာမူ ယွင်ချဲ့သည် နာနေသည့်ပမာ တမင်တကာ အော်နေ၏။ အကြောင်းမှာ ဤသို့အရိုက်ခံရသည်က သူ့အတွက် ရှက်စရာ ကောင်းလွန်းသောကြောင့် ဖြစ်သည်။ သူ၏မိဘများ ကွယ်လွန်သွားချိန်မှစပြီး သူ့ကို ထိုသို့မည်သူမှ မပြုလုပ်ရဲတော့ချေ။ ရှင်းဖုန်းက ပထမဆုံးဖြစ်၏။ သို့သော် သူမည်မျှ ရုန်းကန်စေကာမူ သူလွတ်အောင်မရုန်းနိုင်။ သက်ညှာပေးဖို့သာ ကြိုးစားရန်ရှိသည်။
ရှင်းဖုန်းက သူ့တင်ပါးနာနေကြောင်း အသံကြားလိုက်ရသည်နှင့် ရပ်တန့်သွားသည်။ သို့သော် သူ၏လက်ဝါးက တင်ပါးပေါ်တွင် ရှိနေသေးပြီး ပွတ်သပ်နေ၏။ ယင်းက ယွင်ချဲ့ကို ထောင်မတ်စေလုနီးပါး ဖြစ်သွားသည်။
“အရူးလုပ်နေတာ ရပ်လိုက်တော့။ အဲ့ဒီနာမည် မင်းပဲ စပေးတာလေ”
သူ့ကိုပွတ်သပ်ခွင့် ပေးလိုက်လျှင် ကိစ္စများ ထိန်းချုပ်နိုင်ခွင့် ကင်းလွတ်သွားတော့မည်ဆိုတာကို မြင်သောအခါ ယွင်ချဲ့က သူ့လက်ကိုတွန်းထုတ်ပြီး အိပ်ရာပေါ်၌ တင်ပြင်ခွေချိတ်ထိုင်ကာ ပါးဖောင်းလျက် သူ့ကိုစိုက်ကြည့်လိုက်သည်။
“ကိုယ်ကမင်းရဲ့ လောင်ကုန်းမဟုတ်ဘူးလား။ မင်းရဲ့ဇနီးသည် ဖြစ်လို့မရဘူးလား။ ဖြစ်လို့ရလား”
ရှင်းဖုန်းက မျက်ခုံးပင့်လျက် သူ့ကိုကြည့်လိုက်လေ၏။ လောင်ကုန်းဟူသည့် စကားလုံးက သူ၏ပန်းရောင်နာနီထက် မည်ကဲ့သို့ ဆိုနိုင်မည်နည်း။
“ကိုယ့်မိန်းမဖြစ်ချင်တယ်ဆိုလည်း ငြင်းစရာမရှိဘူး ဟုတ်ပြီ ဒီအကြောင်း ထပ်မပြောရအောင်။ ရပ်လိုက်လို့ရပြီလား”
ယွင်ချဲ့သည် ညဉ်းတွားသံဖြင့် ထိလွယ်ရှလွယ် အကြောင်းအရာကို အဆုံးသတ်လိုက်သည်။ အမျိုးသားတစ်ယောက်က နောက်ထပ် အမျိုးသားတစ်ယောက်ကို ယောကျာ်းဟု မည်ကဲ့သို့ ခေါ်နိုင်မည်နည်း။ ယင်းက လွန်လွန်းသည်။ သူမည်မျှ အရွယ်ထူးစေနိုင်မူ မခေါ်နိုင်ပေ။
“အနှေးနဲ့အမြန် ကိုယ့်ကို ယောကျာ်းလို့ ခေါ်ရမယ်”
သူပိုဆန့်ကျင်လေလေ ရှင်းဖုန်းကသူ့ကို ခေါ်ခိုင်းစေချင်လေလေ ဖြစ်သည်။ ယခုချက်ချင်း ခေါ်ခိုင်းစေချင်စိတ် ဖြစ်လာ၏။
“ကောင်းပြီ ငါမင်းအတွက် ပြန်ပြောင်းပေးမယ် ဟုတ်ပြီလား”
ယွင်ချဲ့က စိတ်လေသွားကာ ဖုန်းကောက်ယူပြီး သူ၏နာမည်ပြောင်ကို နာမည်အမှန်အဖြစ် အမြန်ပြောင်းလိုက်သည်။ ပြီးနောက် ဖုန်းကိုဘေးချိတ်ကာ ပေါင်ပေါ်တွင်ထိုင်လျက် မျက်နှာချင်းဆိုင်ကာ လည်ပင်းကို တွဲခိုလိုက်သည်။
“အခုမင်းငါ့ကို ရိုက်တဲ့အတွက် ဖြေရှင်းရမယ်”
သူ့ကိုအလွယ်တကူ မလွှတ်ပေးနိုင်ဘူး။
“အော် မင်းဘယ်လိုလုပ်ချင်လို့လဲ”
လက်နှစ်ဖက်က ယွင်ချဲ့၏ တင်ပါးပေါ်တွင်ရှိနေပြီး ရှင်းဖုန်းက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်၏။ ယွင်ချဲ့ကသူ့ကို အနည်းငယ် တွန်းထုတ်လျက် ရုတ်တရက် တောက်ပစွာ ပြုံးလိုက်သည်။
“အပျော်အပါး ရှောင်တာက မင်းရဲ့အပြစ်ဒဏ်ပဲ”
ယွင်ချဲ့သည် ထိုသို့ပြောပြီးနောက် လေထဲပျောက်ကွယ်သွား၏။ ရှင်းဖုန်းက တောင့်တင်းသွားကာ ထိတ်လန့်နေရာကနေ သတိပြန်မဝင်နိုင်တော့ပေ။
“ဟား ဟား”
အချိန်အတော်ကြာပြီးနောက် နက်ရှိုင်းသည့် ရယ်သံတစ်သံသာ ကျန်ရစ်သည်။ သို့သော်သူသည် စွမ်းအားနယ်မြေထဲ တကယ်ထွက်ပြေးသွားခဲ့၏။ သို့သော်
“ချဲ့ အပျော်အပါးရှောင်တာရဲ့ နောက်ဆက်တွဲကိုသိလား”
ရယ်သံက ရုတ်တရက် ရပ်တန့်သွားပြီး အသံသဲ့သဲ့က ပေါ်ထွက်လာ၏။ စွမ်းအားနယ်မြေထဲတွင် ပုန်းနေသော ယွင်ချဲ့က တုန်ယင်သွားမိသည်။ သူက တစ်စုံတစ်ခုကို ကျော်ကြည့်မိသည်ဟု ခံစားလိုက်ရသည်။ သို့သော် ဘာမှန်း မမှတ်မိသည့်အခါ ပုခုံးတွန့်လိုက်မိသည်။ သူဟေးယွီကိုရှာပြီး သူနှင့်အတူ စွမ်းအားနယ်မြေထဲ၌ လှည့်ပတ်သွားလိုက်၏။ ဤရက်ပိုင်းတွင် ဘာမှလုပ်စရာ မရှိသောကြောင့် သူ၏စွမ်းအားနယ်မြေနှင့် အသားကျအောင် ယခုအချိန်ကို အသုံးပြုရမည်။ ခေါင်းဆောင်ရှင်းအတွက်မူ သူ့ကိုရိုက်ပြီးသည့်နောက် သူသည် အပျော်အပါးရှောင်ရန် ထိုက်တန်သည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset