YMR- အခန်း ၁၉၃

အခန်း(၁၉၃)

လင်းတ့ရှန်က အကူအညီတောင်းခြင်း

မြို့တော် အခြေစိုက် စခန်းထဲတွင်ဖြစ်သည်။

မြို့တော် အခြေစိုက်စခန်းသည် အနောက်တောင် အခြေစိုက်စခန်းထက် ပိုကြီးမား၏။ ကမာ္ဘပျက်ကပ် မစတင်ခင် စစ်တပ်သည် အနီအနား၌ စခန်းချနေသော စစ်တပ်များကို လက်လွှဲယူလိုက်ပြီဖြစ်သည်။ မြို့တော် အခြေစိုက်စခန်း၌ စစ်များ ကျူးကျော်ဝင်ရောက်မှု မဖြစ်ခင် ကာလထဲက တည်ရှိနေခဲ့သော စစ်တပ်များစွာ ရှိ၏။ သို့သော် နိုင်ငံခေါင်းဆောင်ကလည်း စစ်သားဦးရေ တစ်သိန်းနီးပါးရှိသည့် အေအဆင့် တပ်ဖွဲ့တစ်ဖွဲ့ကို ပိုင်ဆိုင်ထားသည်။ အာဏာဆုံးရှုံးသွားသည့် ကျန်သည့် အခြေစိုက်စခန်းရှိ အစိုးရ အရာရှိများနှင့် မတူဘဲ ထိုခေါင်းဆောင်သည် ကမာ္ဘပျက်ကပ်ထဲ၌ လွှမ်းမိုးနိုင်စွမ်းရှိနေသေးပြီး ယခင်ကလောက် သူ၏လက်ထဲတွင် အကြွင်းမဲ့အာဏာတော့ ရှိမနေတော့ပေ။

ကျိုးကျစ်ကျွင်းသည် အထက်တွင် ဖော်ပြခဲ့သော ပြည်နယ်၏ ခေါင်းဆောင်ပိုင်ဆိုင်သော စစ်တပ်ထဲတွင်ရှိ၏။ သူက အဆင့်မြင့် အရာရှိများ ပြည့်နေသော မြို့တော်တွင် မရှားပါးသည့် တပ်မှူးတစ်ယောက်ဖြစ်သည်။ သို့သော် သူသည် ကမာ္ဘပျက်ကပ်ကာလ ဖြစ်ပွားစဉ်က ပြည်သူလူထု ယုံကြည်မှုကို ရရှိခဲ့ခြင်းကြောင့် စစ်တပ်ထဲတွင် လေးစားခံရပြီး နိုင်ငံခေါင်းဆောင်ကလည်း သူ့ကိုမြင့်မားစွာ တွေ့ထားလေ၏။ ကောလဟာလများအရ နိုင်ငံခေါင်းဆောင်သည် ကျိုးစီကျွင်းကို သူ၏သမီးနှင့် လက်ထပ်ပေးချင်သည်ဟု ဆိုသည်။ ထိုအတိုင်းသာ အမှန်တကယ် ဖြစ်လာလျှင် တပ်ဖွဲ့သည် နောင်ကျ ကျိုးစီကျွင်းအပိုင် ဖြစ်သွားလိမ့်မည်။

ဒေါက် ဒေါက်

“ဗိုလ်မှူး စစ်တပ်ငှာနချုပ်ကနေ အရေးကြီး အချက်အလက် ရောက်လာပါတယ်”

“ထွက်သွား”

ရှေးဟောင်းအိမ်တော် တစ်ခုထဲ၌ စစ်သားတစ်ယောက်သည် တံခါးတစ်ချပ်ကို ခေါက်လိုက်လေ၏။ အခန်းထဲရှိလူက သူပြောတာ မပြီးသေးခင်း သူ့ကိုအော်လာလေ၏။ စစ်သားလေးက ကြောက်လန့်ပြီး သူ့အိတ်ထဲမှ စာအိတ် ပြုတ်ကျလုနီးပါး ဖြစ်သွား၏။

“ဘာကိစ္စလဲ”

ချီဖောင်ဝတ်ထားပြီး နှင်းဖြူရောင်တောင်ဝှေးကို ဝတ်ဆင်လျှက် လက်ထဲတွင် ထီးတစ်လက် ကိုင်ဆောင်ထားသော လင်းရှောင်ဟန်သည် တင်ပါးကို လွှဲယမ်းကာ ခြံဝင်းထဲသို့ လျှောက်လာလေ၏။ ကျိုးကျစ်ကျွင်း၏ အစောင့်ဖြစ်သည့် စစ်သားသည် ကျိုးမိသားစုဝင်တိုင်းကိုသိသည်။ သူက သူ့ခေါင်းဆောင်၏ အမျိုးသမီးကို မြင်တွေ့ချိန်၌ သူမကို အရိုအသပေးပြီးနောက် ပြောလိုက်၏။

“သခင်မ စစ်တပ်ဌာနက အရေးကြီးအချက်အလက်ပါ ဒါပေမဲ့ ဗိုလ်မှူးကျူးက”

ထိုစစ်သားသည် လက်ထဲရှိစာအိတ်ကို ဝှေ့ယမ်းပြပြီးနောက် စိတ်ဓာတ်ကျနေသော သွင်ပြင်ဖြင့် တံခါးကို ကြည့်လိုက်၏။ ဗိုလ်မှူးကျူး တစ်ခုခုမှားနေပုံရသည်။ သူက တစ်နေ့လုံး စိတ်ဓာတ်ကျနေ၏။ ကမာ္ဘပျက်ကပ် ကာလတွင် နှင်းကျခြင်းကြောင့် နစ်နာသူများကို ကယ်ဆယ်သည့် အချိန်ကတောင် ခံစားချက် သိပ်မပြခဲ့ပေ။ သို့သော် သူပြန်ရောက်သည်နှင့် အခန်းထဲသို့ဝင်ကာ သူ့ဘာသာသူ အခန်းတံခါးပိတ်နေခဲ့သည်။ ညစာစားရန်တောင် ထွက်မလာခဲ့ပေ။

“ငါ့ကိုပေးလိုက် ပြီးရင် ငါကိုယ်တိုင်သူ့ကို ဖတ်ခိုင်းလိုက်မယ်”

လင်းရှောင်ဟန်သည် ကျနစွာ ဆေးခြယ်ထားသော လက်သည်းများဖြင့် လက်ကို ဆန့်ထုတ်လျှက် သူ၏မျက်လုံးများက စိမ်းဖန့်နေ၏။ သူမတစ်စုံတစ်ခုကို အကွက်ချနေမှန်း မသိသည့်စစ်သားက သူမအား စာအိတ်လှမ်းပေးလိုက်သည်။

“ကျေးဇူးပါမမလေး”

စစ်သားက သူမကို အရိုအသေပေးပြီးနောက် လှည့်ထွက်သွား၏။ မည်သူမှ ကြည့်မနေစဉ် လင်းရှောင်ဟန်က စာအိတ်ကို ဖွင့်ကြည့်လိုက်သည်။ အတွင်းရှိ အချက်အလက်များကိုဖတ်ပြီးနောက် သူမသည် စာရွက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ သူမ၏ မိတ်ကပ်များဖြင့် မျက်နှာက ပုံပျက်သွားတော့သည်။

“ယွင်ချဲ့က အသက်ရှင်လျှက် ရှိနေသေးတာလား။ အဲ့ဒီခွေးမ ယွင်ယောင်လည်း အသက်ရှင်လျှက် ရှိနေမှာပဲ”

လင်းရှောင်ဟန်သည် စာရွက်စာတမ်းပေါ်ရှိ ယွင်ချဲ့ဟူသည့် စကားလုံးလေး နှစ်လုံးကို စိုက်ကြည့်လျှက် သူမရင်ထဲ ဒေါသအမုန်းတရားတို့ ပြည့်သွား၏။ ထိုစဉ်က ယွင်ချဲ့သည် ယွင်ယောင်နှင့် သူမ၏သားကို ခေါ်သွားပြီးနောက် တံခါးဝရှိ ညစ်ပေနေသော သွေးများသည် ဖုတ်ကောင်တစ်ခုကို သွေးဆောင်မိခဲ့သည်။ သူတို့သည် ဖုတ်ကောင်များကို ရင်ဆိုင်တိုက်ခိုက်ရန် ရုန်းကန်ခဲ့ရ၏။ ကျိုးကျစ်ကျွင်းကသာ အချိန်မှီ ရောက်မလာခဲ့လျှင် သူတို့သေနေလောက်ပြီဖြစ်သည်။ ထိုသို့တိုင် ဖုတ်ကောင်များ ကုပ်ခြစ်တာ ခံလိုက်ရသော သူမသားကမူ ဖုတ်ကောင်ဖြစ်သွား၏။ ကျိုးကျစ်ကျွင်းကမူ သူ့ကိုကိုယ်တိုင် ရှင်းထုတ်ပစ်လိုက်သည်။

ကျိုးကျစ်ကျွင်းသည် သူတို့ကို မြို့တော်သို့ ပြန်ခေါ်လာစဉ် သူမ၏ခင်ပွန်း ကျိုးကျစ်ဖန်းလည်း သေပြီဖြစ်ကြောင်း သိလိုက်ရ၏။ သူမ၏ယောက္ခမက သူမကို ကျိုးကျစ်ကျွင်းအား လက်ထပ်ခိုင်းမည်ဖြစ်ကာ သူမနှင့် သူမသမီးကို ကရုစိုက်မည်ဟု ကတိပေးခဲ့သည်။ သို့သော် သူမ၏ ယောက္ခမက ထိုကိစ္စအား ကျိုးကျစ်ကျွင်းထံ ပြောသည့်အချိန်၌ သူက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ကာ ဤဘဝတွင် ယွင်ယောင်မှလွဲ၍ မည်သူ့ကိုမှ လက်မထပ်ဟု ဆိုခဲ့သည်။ ယခု ကျိုးကျစ်ကျွင်းက ကျိုးမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်လာပြီဖြစ်သည်။ သူ၏ဖခင်ကတောင် သူ့ကို ဖိအားမပေးနိုင်။ ထို့ကြောင့် သူ့မိခင်ကလည်း ဖိအားမပေးရဲချေ။

နောက်ပိုင်းတွင် နိုင်ငံခေါင်းဆောင်၏ သမီးက ကျိုးကျစ်ကျွင်းကို ချစ်မိသွားလေ၏။ ကျိုးကျစ်ကျွင်းက ပိုကောင်းသည့် ရွေးချယ်မှု ရှိလာတာကို မြင်သောအခါ သူ၏မိခင်ကလည်း သူမဘက်တွင် မပါတော့ပေ။ ကိစ္စများက သူမနှင့် သူမသမီးအတွက် ဆိုးရွားလာတော့သည်။ သူမမိဘများထံသွားရန် ကျိုးမိသားစုကနေ ထွက်သွားနိုင်၏။ သို့သော် ထိုကံကြမ္မာကို သူမလက်မခံချင်ပေ။ ကျိုးကျစ်ကျွင်း၏ မိခင်ကလည်း သူမကို ကျိုးကျစ်ကျွင်းနှင့် အိမ်ထောင်ချပေးရန် မကြိုးစားခဲ့လျှင် သူမအစောကတည်းက ထွက်သွားလောက်ပြီဖြစ်သည်။ သို့သော် ယခု သူမသည် ကျိုးကျစ်ကျွင်းအတွက် ခံစားချက်ရှိနေပြီဖြစ်၏။ သူမကို ထွက်သွားခိုင်းခြင်းက သူမအတွက် မတရားပေ။

ကံကောင်းသည်မှာ ကျိုးကျစ်ကျွင်းက လူတိုင်းနီးပါးကို အေးစက်သည့်တိုင် သူက သူမ၏သမီးလန်ကို ကြင်နာတတ်၏။ ထို့အပြင် သူတို့ကြားထဲ၌ အပြန်အလှန် ဆက်သွယ်မှုများလည်းရှိသည်။ လတ်တလောတွင် သူမနှင့် ကျိုးကျစ်ကျွင်းက မိတ်ဆွေများ ဖြစ်လာတော့သည်။ အချိန်လုံလုံလောက်လောက် ပေးခဲ့လျှင် သူမကို ကျိုးကျစ်ကျွင်း ချစ်လာအောင် လုပ်နိုင်လိမ့်မည်ဟု သူမယုံကြည်၏။ သို့သော် ယွင်ချဲ့အကြောင်း သတင်းက သူမကို စိုးရိမ်ပူပန်စေသည်။ ယွင်ယောင်နှင့် ချန်းချန်းက ယွင်ချဲ့နှင့်အတူ ရှိနေမည်ဆိုတာ သူမယုံကြည်သောကြောင့်ဖြစ်သည်။

“စဉ်းတောင်မစဉ်းစားနဲ့ ကျစ်ကျွင်းကငါ့ဟာ”

တံခါးကို အေးစက်စက်ကြည့်ပြီးနောက် လင်းရှောင်ဟန်သည် စာရွက်ကို ဖျစ်ညှစ်လျှက် ပစ်ထုတ်လိုက်ရာ သူမ၏မျက်နှာထက်၌ အမုန်းတရား မနာလိုဖြစ်မှုတို့ ရှိနေသည်။

အခန်းထဲတွင် ယွင်ယောင်၏သတင်းကို လွတ်သွားပြီမှန်း မသိသည့် ကျိုးကျစ်ကျွင်းကမူ အချိန်ဖြုန်းနေလေ၏။ သူ၏ယူနီဖောင်းကလည်း တွန့်ကြေနေကာ ချောမောခန့်ညားသော မျက်နှာက နာကျင်မှုများ၊ ဝမ်းနည်းမှုများ ရှိနေလေ၏။ သူသည် သူပျော်ရွှင်ခဲ့ဖူးသည့် သင်္ကေတဖြစ်သော မိသားစုဓာတ်ပုံကို ကိုင်ထား၏။ ပုံထဲတွင် ယွင်ယောင်သည် နှစ်နှစ်အရွယ် ချန်းချန်းလေးကို ချီထားပြီး သူမခေါင်းက သူ့ပုခုံးပေါ် မှီထားလျှက် ပြုံးနေလေ၏။

“ယောင်”

နက်ရှိုင်းပြီး တိုးသဲ့သဲ့အသံ ထွက်ပေါ်လာသည်။ သူသိပ်ကို ချစ်မြတ်နိုးသည့် အမျိုးသမီးကို လွမ်းလှသည်။ ကျိုးကျစ်ကျွင်းက သူ့ဘေးရှိဖန်ခွက်ကို ဆုပ်ကိုင်လျှက် ဝိုင်အားလုံးကိုသောက်ကာ မျက်ရည်တစ်စက် ကျလာလေ၏။

“ယောင် ဒီနေ့က ချန်းချန်းရဲ့ မွေးနေ့ ဒါပေမဲ့ မင်းဒီမှာဘာကြောင့် ရှိမနေတာလဲ”

ကျိုးကျစ်ကျွင်းသည် မျက်ရည်များ ကျလာမိတော့သည်။ ကမာ္ဘပျက်ကပ် စတင်ချိန်၌ သူသည် ယွင်ယောင်နှင့် အဆက်အသွယ် မလုပ်နိုင်ခဲ့ပေ။ အကြောင်းမှာ သူ့ကိုစစ်တပ်က စေလွှတ်ထားသောကြောင့် ဖြစ်သည်။ သူသည်သူမဆီ စာအမြန်ပို့ကာ သူတို့၏ ကလေးနှင့်အတူ သူ့ကိုအိမ်မှာစောင့်လျှက် ရဲရဲရင့်ရင့်နေရန် ပြောခဲ့သည်။ သူမ၏ မောင်နှစ်ယောက်ကိုလည်း အကြောင်းကြားရန် ပြောထားသည်။ သူမမောင်များကို သူမကရုစိုက်တာကို သိနေသောကြောင့်ဖြစ်သည်။

သို့သော် သူတာဝန်ထမ်းဆောင်ပြီး သူ့မိသားစုကိုကြိုရန် အိမ်ရောက်သွားချိန်၌ သူ၏ဇနီးနှင့် သား၏ အရိပ်အယောင် မတွေ့ရတော့ပေ။ ဖုတ်ကောင်များသတ်တာ ခံရလုနီးပါး ဖြစ်သွားသော သူ၏မိခင်က သူတို့သေလွန်ပြီဖြစ်ကာ ဖုတ်ကောင်များ အစမ်းခံရပြီဟု ဆိုခဲ့သည်။ သူကသူမပြောတာ မယုံခဲ့ပေ။ ဖုတ်ကောင်များကို ဖယ်ရှားပြီးနောက် ယွင်ချဲ့နှင့်ယွင်ချန်းကိုရှာရန် ကျောင်းသွားခဲ့သည်။ သို့သော်ငြား သူကသူတို့ကို မရှာနိုင်။ နောက်ပိုင်း၌ မြို့တော်သို့သူပြန်လာ၏။ သူမသာ အသက်ရှင်လျှက် ရှိနေသေးလျှင် ယွင်ယောင်လာရှာအုံးမည်ဟု တွေးမိသဖြင့်သူသည် သူမကိုရှာနေကြောင်း နေရာအနှံ့ လူပျောက်သတင်းများ တင်ခဲ့၏။ ယခုသုံးလကျော် ကြာသွားပြီဖြစ်သည်။ သို့သော် သူမနှင့် သူတို့၏သားက ပျောက်နေသေးဆဲဖြစ်သည်။

“ယောင် ချန်းချန်း”

ကျိုးကျစ်ကျွင်းက ဝမ်းနည်းမှုများ ပြည့်နေတော့သည်။ သူသည် တဖြည်းဖြည်းချင်း မြေကြီးပေါ် လဲကျသွားကာ သူ့ဇနီးနှင့်သား၏အမည်ကို အက်ကွဲသံဖြင့် ရေရွတ်ပြောလျှက် မျက်ရည်များကျလာသည်။ ယွင်ယောင်နှင့်ချန်းချန်း အသက်ရှင်လျှက် ရှိနေသေးမှန်း သူယုံကြည်သည်။ သို့သော် သူက စစ်တပ်ကနေ နှုတ်မထွက်ခဲ့ဘဲ သူတို့ကို ရှာဖွေနေခဲ့၏။ သူမည်မျှငိုကြွေးပြီး သူသည်သူတို့ကို မည်မျှ ချစ်မြတ်နိုးစေကာမူ တစ်ကိုယ်ကောင်းဆန်၏။ အတိတ်ဘဝတုန်းက ယွင်ချဲ့ပြုလုပ်ခဲ့သည့် အကြောင်းကို တွေးလိုက်မိသည်။ သူက အခက်အခဲများအားလုံးကို ကျော်လွှားကာ သူ၏အစ်မနှင့် ညီလေးကို ရှာရန်အတွက် အခြေစိုက်စခန်းကို သွားလည်းသွားရောက်ခဲ့သည်။ ကျိုးကျစ်ကျွင်းက သူ့မိသားစုကို အဘယ့်ကြောင့် မရှာနိုင်သနည်း။

အမှန်တကယ်တွင် သူသည် ယွင်ယောင်ကို ချစ်မြတ်နိုးပေ၏။ သို့သော်ငြား သူမသည် သူကရုစိုက်သည့် တစ်ခုတည်းသော အရာမဟုတ်။ ကမာ္ဘပျက်ကပ် မတိုင်ခင်က သူသည် ကျန်သည့်အမျိုးသမီးများနှင့် ဘယ်တော့မှ မရှုပ်ခဲ့ခြင်းသည် သူမအပေါ် သစ္စာရှိကြောင်းကို သက်သေပြခဲ့သည်။ သို့သော်ငြား ဤကဲ့သို့ ရှုပ်ထွေးလှသည့် ကမာ္ဘကြီး၌ သစ္စာရှိမှုက မလုံလောက်။ ယောက်ျားတစ်ယောက်အနေဖြင့် သူသည် သူ့ဇနီးနှင့်သားကို ကာကွယ်သင့်၏။ သို့သော် ထိုသို့ မကာကွယ်နိုင်ခဲ့ပေ။ အနောက်တောင် အခြေစိုက် စခန်းတွင်ဖြစ်၏။

ညနေစောင်းတွင် နှင်းပိုသည်းလာပြီး အပူချိန်က ဆက်လက် ကျဆင်းနေ၏။ နွေဦးရာသီဖြစ်သည့်တိုင် ဆောင်းရာသီထက် ပိုအေး၏။ အပူမရှိဘဲ လူများက သူတို့စောင်မည်မျှ ခြုံစေကာမူ ညအချိန်တွင် အအေးဒဏ်ကို ခံစားလာရသည်။ အနောက်တောင် ဒေသထဲတွင် အိမ်တိုင်းက အပူပေးကိရိယာများမရှိ၊ အခြေစိုက်စခန်းထဲရှိ သာမာန် အသက်ရှင်ကျန်ရစ်သည့် သူများက ခဲတောင့်ရုံသာမက စွမ်းအားရှင် အဖွဲ့များကတောင် အပူကိုလိုအပ်လာသည်။ ညလယ်ခေါင်တွင် လင်းတ့ရှန်က ချောင်ရန်းအစုသို့ ရောက်လာ၏။

“တ့ရှန်း ညလယ်ခေါင်ကြီး ဒီကိုဘာလာလုပ်တာလဲ။ ဘာကိစ္စရှိလို့လဲ”

အစောတုန်းက သူ့စာကို ရလိုက်သောကြောင့် ယွင်ချဲ့သည် ဆောင်းရာသီကုတ်ထူထူ ဝတ်ပြီးနောက် ဂိတ်ဝ၌ သူ့ကိုသွားကြိုသည်။ လင်းတ့ရှန်က ယွင်ချဲ့၏လက်ကို ဆုပ်ကိုင်လျှက် စိုးရိမ်ပူပန်စွာ ပြောလိုက်တော့သည်။

“ခေါင်းဆောင်ယွင် စွမ်းအင်မောင်းနှင်ရေးစက် ဒါမှမဟုတ် အပူပေးကိရိယာတွေများ အပိုရှိသေးလား။ အေးလွန်းနေတယ်။ ကလေးတွေက အေးခဲ့နေတာပဲ။ တစ်ခုခုလုပ်မှရမယ်”

အခြေစိုက်စခန်းသည် ဓာတ်အားပေးရန်အတွက် လင်းကျန်းမြစ်ကို အသုံးပြုနေ၏။ သို့သော် အိမ်တိုင်းအတွက် အထောက်အပံ့ပေးသည့်အားသည် မီးအလင်းရောင်အတွက်သာ ဖြည့်ပေးနိုင်သည်။ ဓာတ်အားသုံးစွဲမှုက အကန့်အသတ်သို့ ရောက်သွားလျှင် ချက်ချင်းပိတ်သွားလိမ့်မည်။ ထို့ပြင်သူတို့၌ အပူပေးကိရိယာများမရှိ အနောက်တောင် ဒေသထဲ၌ အပူချိန်သည် ယခင်က သုံညဒီကရီအောက် တစ်ခါမှ မကျဖူးသောကြောင့် လင်းတ့ရှန်နှင့် သူတို့အဖွဲ့သည် သူတို့အတွက် ယခင်က အသုံးမဝင်ဟု ထင်ခဲ့သည့် အပူပေးကိရိယာများကို တစ်ခါမှ မစုဆောင်းခဲ့ပေ။ အေးခဲသည့် ရာသီဥတုက သူတို့ကို အမြင်မှားစေခဲ့၏။ လူကြီးများက အဆင်ပြေသော်ငြား ကလေးများက ရုန်းကန်နေရသည်။ တစ်ဖွဲ့လုံးက စိုးရိမ်ပူပန်နေစဉ် ရုံယွီက ယွင်ချဲ့သည် သုတေသန အခြေစိုက်စခန်းအတွက် မီးစက်များကို အသုံးပြုခဲ့ကြောင်းနှင့် သူတို့သည် ခရိုင်မြို့၌ မျိုးစေ့များ စုဆောင်းနေကြောင်း အမှတ်ရသွား၏။ ယွင်ချဲ့သည် ရိက္ခာများစွာကို စုဆောင်းထားသောကြောင့် သူသည် အပူပေးကိရိယာ အပိုရှိလောက်သည်။ ထို့ကြောင့် လင်းတရှန်က အကူအညီတောင်းရန် ဤနေရာသို့ ရောက်လာတာပဲဖြစ်သည်။

“ကျွန်တော်မှာ မီးအားပေးစက်အပိုနဲ့ အပူပေးကိရိယာတွေ ရှိတယ်။ ဒါပေမဲ့ အားလုံးကို ခင်ဗျားဘယ်လို သယ်သွားမှာလဲ”

သူ၏စိုးရိမ်ပူပန်နေသော သွင်ပြင်ကိုမြင်ပြီး ယွင်ချဲ့က တွေဝေမနေဘဲ သဘောတူလိုက်၏။ သူ၏ စွမ်းအားနယ်မြေထဲတွင် ဆိုလာစွမ်းအင်ပြားအချို့၊ ဒီဇယ်မီးစက်နှင့် လေအပူပေးစက်များရှိပြီး သူတို့ လွန်ခဲ့သည့် လအနည်းငယ်က စုဆောင်းထားတာဖြစ်သည်။ သို့သော် လင်းတရှန်သည် သူနှင့်အတူ ရုံယွီကို ခေါ်မလာခဲ့။ သူကသူတို့ကို မည်ကဲ့သို့ ပြန်သယ်သွားမည်နည်း။

“ငါကအရူးပဲ ရုံယွီကို ငါနဲ့အတူခေါ်လာဖို့ မေ့သွားတာ”

လင်းတရှန်က သူ့ခေါင်းသူပုတ်ပြီး ပြောလိုက်၏။ ခဏတာ စဉ်းစားပြီးနောက် သူကဆက်ပြောလိုက်၏။

“ငါ့ကိုထရပ်ကား ငှားပေးလို့ရမလား။ မောင်းသယ်သွားလိုက်မယ်”

ယွင်ချဲ့သည် အပြင်ဘက်တွင် တစ်ဆယ်စင်တီမီတာခန့်သော နှင်းများပြည့်နေသည့် မြေပြင်ကိုကြည့်ပြီး ရှင်းဖုန်းနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။ ပြီးနောက်သူသည် လင်းတ့ရှန်ကို အပြင်သို့ဆွဲခေါ်ကာ ပြောလိုက်တော့သည်။

“ကျွန်တော်တို့ ပို့ပေးမယ်”

“ဟမ်”

ယွင်ချဲ့က ပြောပြီးသည်နှင့် ရှင်းဖုန်းက လေချွန်လိုက်သည်။ နောက်တစ်စက္ကန့်တွင် လင်းယုန်ဘုရင်နှင့် လင်းယုန်ဘုရင်မသည် တဲထဲကနေ ထွက်လာ၏။ သူတို့အသွင်ပြောင်းသွားပြီးနောက် ယွင်ချဲ့နှင့် ရှင်းဖုန်းက လင်းယုန်ဘုရင်မ၏ နောက်ကျောပေါ်၌ ထိုင်လိုက်သည်။ လင်းတ့ရှန်ကမူ ထိုနေရာတွင် ကြက်သေ သေလျှက် ရပ်နေစဉ် ယွင်ချဲ့က ဆော်သြလိုက်သည်။

“မြန်မြန် လင်းယုန်ဘုရင်ရဲ့ နောက်ကျောပေါ်တက်”

နှင်းကျလွန်းသောကြောင့် သူတို့သည်ရှေ့ကို မြင်နိုင်ရန် ခက်ခဲနေလေ၏။ ဤနေရာတွင် ဆက်နေပါက မကြာမီတွင် နှင်းများဖုံးသွားလောက်သည်။

“ဟုတ်ပြီ ကျေးဇူးပါခေါင်းဆောင်ယွင် ကျေးဇူးပါခေါင်းဆောင်ရှင်း”

အထဲက ထွက်လာပြီးနောက် လင်းတ့ရှန်သည် လင်းယုန်၏နောက်ကျောပေါ် တက်လိုက်၏။ မသက်မသာ ဖြစ်နေချိန် လင်းယုန်ဘုရင်က ကောင်းကင်ကိုမူလျှက် အော်လိုက်သည်။ ရှင်းဖုန်းကသူ့ကို သိမ်မွေ့စွာ နှစ်သိမ့်လိုက်သည်။

“လိမ်လိမ်မာမာနေ ဒါကထူးခြားတဲ့ အခြေအနေ မနက်ဖြန်ကျမင်းကို အရသာရှိတာကျွေးမယ်”

ဝံပုလွေဘုရင် ကဲ့သို့ပင် လင်းယုန်ဘုရင်က အစားဂျေးများ၏။ နယ်မြေစွမ်းအားထဲရှိ သန္ဓေပြောင်း သားရဲသုံးကောင်ကလည်း ချက်ပြုတ်ပြီးသည့် စားစရာကိုသာစားသည်။ အိမ်ရှိအမျိုးသမီး သုံးဦးကြောင့် သူတို့သည် စာဖိုမှူးချင်ကို ဒုက္ခမပေးဘဲ ထိုသားရဲသုံးကောင်ကို အစာကျွေးနိုင်၏။ မဟုတ်လျှင် သားရဲများကို အလိုလိုက်သည့်အတွက် စာဖိုမှူးချင်က သူတို့ကို ဝေဖန်ပြောဆိုလိမ့်မည်။ လူများစွာကတော့ ဆာလောင်နေသေးချိန် သူတို့က သားရဲများကို အလိုလိုက်သည့်အတွက် သူတို့ကို စာဖိုမှူးချင်က ဝေဖန်ပြောဆိုလိမ့်မည်။

“ကူ”

ဝံပုလွေဘုရင်က တောင်ပံကိုဖြန့်လျှက် ရှင်းဖုန်း၏စကားကို နားလည်သည့်ပမာ မြည်သံထွက်ပေါ်လာ၏။ စိတ်ပူပန်နေသော လင်းတ့ရှန်သည် ၎င်း၏မာကြောသော ငှက်မွှေးများကို အမြန်ဆုပ်ကိုင်လိုက်သည်။ ယွင်ချဲ့နှင့် ရှင်းဖုန်းက ရယ်မောမိသွား၏။ ထိုငှက်နှစ်ကောင်သည် အသိဉာဏ် ပိုပိုရှိလာသည်။ တစ်နေ့ကျ ဟေးယွီကဲ့သို့ သူတို့သည်လည်း လူသားဘာသာစကား ပြောနိုင်လာလောက်သည်။

“သေချာခိုင်းထားတ့ရှန် သွားကြမယ်”

“ဘုရားသခင်”

လင်းတ့ရှန်သည် ငှက်ပျံပေါ်ထိုင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ယွင်ချဲ့သည် သူ့ကို ဦးဆောင်လမ်းပြပေးခဲ့သော်ငြား လင်းယုန်ဘုရင်က ကောင်းကင်ထဲ ပျံသန်းသွားချိန်၌ သူစိတ်လှုပ်ရှားစွာ အော်မိသေး၏။ နှင်းထဲတွင် ဧရာမရွှေလင်းယုန်နှစ်ကောင်သည် နှင်းထဲကနေ ပျံထွက်လာပြီး အရှုံးသမား အဖွဲ့နေထိုင်ရာ အပိုင်းဆီသို့ ဦးတည်သွား၏။ လမ်းတွင် ရှင်းဖုန်းနှင့်ယွင်ချဲ့က မီးလင်းနေသေးသည့် အခန်းများစွာကို တွေ့လိုက်ရသည်။ ပြတင်းပေါက်ကနေ ထိုလူများသည် လူအချို့ အခန်းထဲသို့ လျှင်မြန်စွာသွားကြောင်း တွေ့လိုက်ရ၏။ အရှုံးသမား အဖွဲ့ကဲ့သို့ပင် ထိုလူများသည်လည်း ရုတ်တရက် အအေးဒဏ်ကြောင့် အဆင်မပြေ ဖြစ်လာကြသည်။ သူတို့အိပ်ဖို့က ရာသီဥတုက အေးလွန်းနေ၏။ ထို့ကြောင့် သူတို့သည် အခန်းအမြန်ပြေးကာ သူတို့ကိုယ်သူတို့ နွေးအောင်ထားနေရသည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset