YMR- အခန်း ၁၉၁

အခန်း(၁၉၁)

ကြွက်တွေသူတို့ကို ကူညီပေးရအောင်

နှင်းများက ပိုမိုသည်းလာလေ၏။ အပူချိန်ကလည်း နေ့လည်ပိုင်း၌ တစ်ဆယ်ဆဲလ်စီးယပ်အောက် ကျသွားပြီးနောက် ဆက်လက် ကျနေဆဲဖြစ်သည်။ နေ့လည်နှစ်နာရီတွင် အခြေစိုက်စခန်းသည် ရိုက်ခတ်မှုလမ်းကြောင်း ဖုတ်ကောင်ကြွက်များဖြင့် ပြည့်လာလေ၏။ ရက်စက်ကြမ်းကြုတ်သော ကြွက်များက နေရာအနှံ့ရှိနေပြီး မြင်မြင်သမျှ သူအားလုံးကို ကိုက်ဖဲ့ကာ အသက်ရှင်သူများနှင့် ဒဏ်ရာရကုန်သည့် အာဏာပိုင်များက စွမ်းအားရှင်အဖွဲ့များနှင့် တပ်ဖွဲ့များကို ကြွက်များကို နှိမ်နှင်းရန် အဖွဲ့ဖွဲ့တော့သည်။ သူတို့က အဖွဲ့ဆယ်ခုဖွဲ့ပြီးနောက် အဆိုးရွားဆုံး နေရာများကို စေလွှတ်တော့၏။ အခြေစိုက်စခန်း တစ်ခုလုံးက ရှုပ်ထွေးနေသည်။ သို့သော် ချောင်ရမ်းအစု၌ ကြွက်တစ်ကောင် တစ်မြှီးမှမရှိတာကို မည်သူမှ သတိမပြုမိပေ။ ပထမအစတုန်းက ယွင်ချဲ့သည် ဟေးယွီက ဖုတ်ကောင်သားရဲများကို ခြိမ်းခြောက်ဖို့ရာ လုံလောက်အောင် အစွမ်းထက်သည်ဟု တွေးခဲ့မိသည်။ နောက်ပိုင်း၌ ထိုသို့မဟုတ်ကြောင်း သဘောပေါက်သွား၏။ ယင်းက သွေးနွယ်ပင်ကြောင့်ဖြစ်သည်။ မြေအောက်ထဲကနေ တူးလာသည့် အကောင်များသည် သွေးနယ်ပယ်များကို စိုက်ပျိုးပြီးနောက် မြေဆီလွှာများ လှိုက်စားခံရ၏။ ပုရွက်ဆိတ်များနှင့် ပိုးမွှားများ အားလုံးတောင် သေသွားလေရာ ဖုတ်ကောင်ကြွက်များဆို ပြောရန် မလိုအပ်ပေ။ အပြင်ဘက်ကလာသည့် ကြွက်များအားလုံးသည် အနားတောင် မကပ်ရသေးခင် သွေးနွယ်ပင်များ၏ ဝါးမြိုစားသောက်ခြင်းကို ခံလိုက်ရ၏။

ယွင်ချဲ့သည် သူတော်စင်တစ်ပါးဖြစ်ရန် ကြိုးစားနေတာမဟုတ် သို့သော် သူတို့နှင့် မော့ဝမ်ရန်က တစ်လှေထဲစီးများဖြစ်ကြသည်။ လက်ရှိတွင် တပ်ဖွဲ့သုံးဖွဲ့က ထိပ်တိုက် ရင်ဆိုင်နေရတာဖြစ်၏။ ထို့ကြောင့် သူတို့၏ ထောက်ပံ့မှု ပိုရနိုင်ရန် အခွင့်အရေးကို လွဲချော်ခံ၍မရပေ။ ယွင်ချဲ့သည် မော့ဝမ်ရန်ကို အချက်အလက် မျှဝေပေးဖို့ ရှင်းဖုန်းကိုပြောခဲ့ပြီး သူ သူတော်စင်ဖြစ်မဖြစ် ဆုံးဖြတ်ခွင့်ပေးထား၏။ ယွင်ချဲ့က သူတို့ကို သွေးနွယ်ပင်များနှင့် သူတို့ကို တည်ဆောက်ရမည့် နည်းလမ်း ထောက်ပံ့ပေးနိုင်သည်။

မော့ဝမ်ရန်သည် ဖုန်းရပြီးနောက် မိနစ်သုံးဆယ်မပြည့်မီ၌ ချောင်ရန်းအစုသို့ ရောက်လာသည်။ သူသည် နယ်မြေစွမ်းအားရှင် နှစ်ယောက်ကို ခေါ်လာပြီးနောက် တစ်ယောက်က သူ၏လက်ထောက်များထဲမှ တစ်ယောက်ဖြစ်သည်။ ကုမင်ရွှမ်က သူတို့နှင့်အတူ သွေးနွယ်ပင်များကို စမ်းသပ်ပေး၏။

“ဖြေရှင်းနည်းကို ကြေညာလိုက်ရအောင် ကြွက်တွေက အဲ့ဒီမှာ သောင်းကျန်းနေပြီ။ နှင်းတွေကျပြီး ရိုက်ခတ်မှု ပြီးတဲ့နောက် ထိခိုက်မှုတွေ ဖြစ်နေတာ။ အခြေစိုက်စခန်းထဲက သေနှုန်းက မြင့်တက်နေတယ်”

မော့ဝမ်ရန်က ရှင်းဖုန်း၏ ခုံတန်းရှည်ပေါ်၌ထိုင်ပြီး လေးနက်တည်ကြည်သော အသံဖြင့် ပြောလိုက်၏။ သူသည် ပေါ့ပေါ့ပါးပါး နေတတ်သည့်သူဖြစ်သော်ငြား သူ၏ဘွဲ့အမည်က ဗိုလ်ချုပ်ဖြစ်သည်။ သေဆုံးနှုန်း မြင့်တက်လာမှုကြောင့် သူစိတ်ပျက်လာ၏။

“ခင်ဗျားဒီတိုင်း လုပ်မယ်ဆိုတာ ကျုပ်တို့သိပြီးသားပဲ။ ဒါကြောင့် ခင်ဗျားနည်းလမ်းအတိုင်း လုပ်ပေးတာပေါ့။ နားထောင် ချောင်ရန်းနဲ့ထိပ်ဦးက အနှစ်ရည်တွေကို ချက်ပေးပြီး နွယ်ပင်တွေကို ဖြတ်တောက်ပေးမယ်။ မင်းက စစ်တပ်ထဲက နယ်မြေစွမ်းအားရှင်နဲ့ သစ်သားစွမ်းအားရှင်တွေ အားလုံးကို စုဝေးလိုက်။ မမှောင်ခင် အခြေစိုက်စခန်းတစ်ခုလုံးကို သွေးနွယ်ပင်တွေ စိုက်ပျိုးဖို့လုပ်။ ဒါပေမဲ့ အဲ့လိုမလုပ်ခင် မင်းရဲ့အစီအစဉ်ကို အများရှေ့ တိုက်ရိုက်ကြေညာပြီး သူတို့ရဲ့ ထောက်ခံမှုကိုရအောင်လုပ်တာ ပိုကောင်းလိမ့်မယ်”

သူတို့သည် ပန်းတ်ိုင်ကို ဦးစားပေးသူများဖြစ်သည်။ အကြောင်းမှာ ကမာ္ဘပျက်ကပ် နေ့ရက်၌ အမည်မသိ အကျိုးထူးဆောင်သည့် လုပ်ရပ်သည် အလုပ်မဖြစ်သောကြောင့်ဖြစ်၏။

“ဟုတ်ပြီ အနှစ်ဆေးရည်တွေ အသင့်ဖြစ်တဲ့အချိန် စွမ်းအားရှင် အဖွဲ့အစည်းကို ကျေးဇူးပြုပြီး ပို့ပေးပါ။ ထိခိုက်ဒဏ်ရာမရသေးတဲ့ နိုင်ငံသားတွေအားလုံးကို အဖွဲ့အစည်း အပြင်ဘက်မှာ စုဝေးဖို့ အကြောင်းကြားလိုက်မယ်”

မော့ဝမ်ရန်က မတ်တပ်ထရပ်ပြီး သူတို့ကို ခေါင်းညိမ့်ပြကာ ထွက်သွားလေ၏။ ယွင်ချဲ့၊ ရှင်းဖုန်း၊ ကုမင်ရွှမ်တို့ကို သူတို့ကို တံခါးဝထိ လိုက်ပို့ပေးသည်။ နှင်းများဖုံးနေသော လမ်းပေါ်၌ သူ၏ကား ဖြေးဖြေးချင်း မောင်းသွားတာကိုကြည့်ပြီး ယွင်ချဲ့က သက်ပြင်းချလိုက်၏။

“ဗိုလ်ချုပ်တစ်ယောက်ဖြစ်ရတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးပဲ။ အခုအချိန်မှာ သူက ငါ့အတွက် မတူညီတဲ့ လူတစ်ယောက်လိုပဲ”

“ဝမ်ရန်က ပေါ့ပေါ့လေးနဲ့ မွေးလာတာမဟုတ်ဘူး။ လူတွေရဲ့အမြင်မှာ ငါတို့လိုလူတွေက ငွေဇွန်းကိုက်ပြီး မွေးလာတယ်ပေါ့။ ဒါပေမဲ့ အမှန်တရားကတော့ ငါတို့တွေက တာဝန်ယူမှုတွေနဲ့ မွေးဖွားလာရတာ”

ရှင်းဖုန်းက ယွင်ချဲ့၏ပုခုံးကို လက်တစ်ဖက်ဖြင့် ဖက်ထားလျှက် သက်ပြင်းချလိုက်၏။ သင်တစ်ခုခုကိုရလျှင် တစ်စုံတစ်ခုကို ဆုံးရှုံးရမည်ဆိုသည်က ဘုရားသခင်၏ ဆန္ဒပဲဖြစ်သည်။ ရှင်းဖုန်းသည်လည်း တိုင်းပြည်၏ ကောင်းကျိုးနှင့် လူသားများ၏ ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်လိုခဲ့သော စိတ်ဆန္ဒပြင်းပြသည့် လူငယ်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ သို့သော်ငြား ဤအရာသာ ရှိမလာခဲ့လျှင် တပ်ဖွဲ့ထဲ၌ သူနေမှာမဟုတ်။ သူသည် ကမာ္ဘပျက်ကပ် မတိုင်မီက ဗိုလ်ချုပ်အဖြစ် ရာထူးတိုးခံရမည်ဖြစ်ကာ ချဲ့နှင့်တွေ့ဖြစ်မှာ မဟုတ်တော့ပေ။

“ခင်ဗျား သံယောဇဉ်ကြီးနေတယ်ပေါ့ ဟုတ်လား”

ရှင်းဖုန်း၏ စိတ်ခံစားချက် ပြောင်းလဲသွားတာကို သတိပြုမိပြီးနောက် ယွင်ချဲ့က ထစ်ငေါ့လိုက်တော့သည်။ ရှင်းဖုန်းက ပြန်ပြောလိုက်၏။

“ဘာကြောင့် မတွင်ရမှာလဲ”

“ဟား ဟား ဟုတ်ပြီ ငါတို့လူတွေကိုခေါ်ပြီး အလုပ်စလုပ်ကြရအောင်။ ဒီည BBQလုပ်မယ်။ တက်နိုင်သမျှ အလုပ်မြန်မြန်ပြီးအောက်လုပ်မယ်”

သူတို့က တာဝန်များ ခွဲဝေလိုက်ကြသည်။ ချောင်ရန်းနှင့် ထိပ်ဦးရှိ တိုက်ခိုက်ရေးသမား အများစုက အနီးဆုံးအပိုင်း အပိုင်စီတွင် ကြွက်များကို သတ်ဖြတ်ရာ၌ ကူညီပေး၏။ ယွင်ချဲ့က ချန်းချန်းနှင့် ဟေးယွီကို အစောကတည်းက စွမ်းအားနယ်မြေထဲ ပို့ထားခဲ့ပြီဖြစ်သည်။ သူက သူတို့ကို သစ်သီးများ ခူးခိုင်းခဲ့သော်ငြား အမှန်တကယ်တွင် လူဆိုးများက ခိုးဝင်လာပြီး ချန်းချန်းကို တစ်ခုခုလုပ်သွားမှာကို ကြိုတင်သတိထားနေတာပဲဖြစ်သည်။ ကမာ္ဘပျက်ကပ်၌ တချိန်လုံး သတိထားရမည်။ လုဟိုက်ရွှမ်၏မိခင် ဝမ်စုဟွာရင်ရောင်၊ မစ္စတာချန်းနှင့် ကျန်းထရန်းလုံတို့ကိုမူ အဆင့်လေး လင်းယုန်ဘုရင်နှင့် လင်းယုန်ဘုရင်မတို့က ကာကွယ်ပေးနေ၏။ ထို့ကြောင့် သူတို့အဆင်ပြေလောက်မည်။

အပိုင်းများအားလုံးကို စစ်တပ်မှ စစ်ဆင်ရေး အစီအစဉ်ကို စတင်ကြေညာလိုက်ပြီး ကူကယ်ရာမဲ့နေသော မြို့သူမြို့သားများက နောက်ဆုံးသော အသက်ကယ်ကြိုးကို မြင်လိုက်ရ၏။ ထိခိုက်ဒဏ်ရာမရှိ သို့မဟုတ် ဒဏ်ရာအနည်းအကျဉ်းသာ ရထားသည့် သူများကို စစ်တပ် သို့မဟုတ် စွမ်းအားရှင်များသည် အပိုင်းစီရှိ စွမ်းအားရှင် အဖွဲ့အစည်းဆီသို့ ပို့ပေးကြ၏။ ပထမဆုံး အမြစ်ပြုတ်ရည်ကိုချက်ပြီး လူကိုယ်တိုင် သွားပို့ခဲ့ပြီးဖြစ်သည်။ သစ်သားစွမ်းအားရှင်များက ၎င်းကိုသောက်ပြီးနောက် နံရံနားတစ်ဝိုက်၌ သွေးနွယ်ပင်များကို စိုက်ပျိုးကြ၏။ သူတို့အားလုံးသည် ကြွက်များလာရာ နေရာဖြစ်သည့် အပြင်ဘက်တွင် ကြွက်များအားလုံးကိုကာဖို့ လိုအပ်သည်။

နှင်းများသည်းထန်စွာ ကျဆင်းနေပြီး အာဏာပိုင်များ စစ်သားများ စွမ်းအားရှင်များနှင့် မြို့သူမြို့သားများက ကပ်ဘေးကို အတူတကွ ရင်ဆိုင်အံ့တုနေကြ၏။ ကံကောင်းသည်မှာ သစ်သားစွမ်းအားရှင်က ပေါများသည်။ ထို့ကြောင့် အခြေစိုက်စခန်းထဲ၌ သစ်သားစွမ်းအားရှင် အရေအတွက် တော်တော်များများရှိသည်။ နောက်ဆုံး၌ အခြေစိုက်စခန်းသည် သူတို့၏ သုံးနာရီကြာ စတင်ပြီးနောက် သွေးနွယ်ပင်များ စိုက်ပျိုးပြီးသွားပြီဖြစ်သည်။

“ဟူးရေး”

အရပ်သားများသည် ဖုတ်ကောင်ကြွက်များကို သွေးနွယ်ပင်များ အမြစ်ဖြတ်သုတ်သင်နေတာ တွေ့သည့်အချိန်၌ ရွှင်ပျသွားတော့သည်။ သူတို့သည် အောင်ပွဲသေးလေးတစ်ခုသာ ဖြစ်သော်ငြား အမှန်စင်စစ် ပျော်ရွှင်နေလေ၏။ ယင်းက မျှော်လင့်ချက်ရှိသည်ဟု ဆိုသောကြောင့်ဖြစ်သည်။

ယခုကြွက်များကို ဖြေရှင်းပြီးဖြစ်လေရာ အာဏာပိုင်များသည် ကျန်သည်များကို အာရုံစိုက်နိုင်၏။ ထိပ်ဦးနှင့် ချောင်ရန်က သူတို့စီစဉ်ထားသည့်အတိုင်း တတိယအလွှာ၌ အကင်စားတော့သည်။ နှင်းကျနေသောကြောင့် ဖန်လုံခန်း၏ မှန်တံခါးက နှင်းများဖြင့် ပြည့်နေလေ၏။ အပြင်ဘက်ရှိ အပူချိန်က သုံညအောက် ရောက်နေသည်။ ယွင်ချဲ့ကလည်း ထိုလူများအတွက် သစ်သီးဝလုံများ ရထားသည်။ အသားများကို တံစို့ထိုးပြီး ယွင်ချဲ့၏ စွမ်းအားနယ်မြေမှ သစ်သီးများကို ထုတ်လိုက်လေရာ ဘဝက ဒီထက်ပိုမကောင်းနိုင်တော့ပေ။

“မော့ မြို့တော်က သတင်းရောက်လာပါတယ်”

ရှင်းဖုန်းက စားသောက်ပြီး ခုံတန်းရှည်ပေါ်၌ ယွင်ချဲ့နှင့်အတူ ဂိမ်းဆော့နေ၏။ ကုမင်ရွှမ်က အချက်အလက်ကို အစောတုန်းက စစ်ဆေးပြီးနောက် ပြန်ရောက်လာချိန်၌ သူ၏ခေါင်းဆောင်ကို တစ်စုံတစ်ခု လာပို့၏။ ထို့အပြင် သူ၏မျက်နှာပေါ်ရှိ အကြည့်အရ သတင်းကောင်း မဟုတ်နိုင်ပေ။

“နိုင်ငံအနှံ့ အခြေစိုက်စခန်းတိုင်းက သဘာဝကပ်ဘေးတွေကို ရင်ဆိုင်နေရတယ်။ ချဲ့ပြောသလိုပဲ မြေငလျှင်၊ ရေကြီးတာ၊ မြေပြိုတာ၊ ဆူနာမီတို့က တပြိုင်နက်ထဲ ဖြစ်နေတယ်။ ကမ်းရိုးတန်းဒေသက သတင်းပို့တယ်။ သူတို့တွေက ဆူနာမီဒဏ် ခံစားရရုံတင်မကဘူး သန္ဓေပြောင်း ရေသတ္တဝါတွေနဲ့ ဖုတ်ကောင်မျိုးစုံ ဖုတ်ကောင်သားရဲမျိုးစုံရဲ့ ဒဏ်ကိုလည်း ခံနေရတယ်။ အဆိုးဆုံးဖြစ်နေတဲ့နေရာနဲ့ မြို့တော် အခြေစိုက်စခန်းက သုတေသီတွေကို ပို့ပေးပြီး သူတို့ကို ကူညီပေးဖို့ ဆုံးဖြတ်ထားတယ်။ သူတို့က အနောက်တောင် အာဏာပိုင်တွေကိုလည်းခေါ်ပြီး ကျွန်တော်တို့ဆီက အကူအညီတချို့ လိုချင်နေတာ”

ကမာ္ဘပျက်ကပ် မတိုင်မီက ကမ်းရိုးတန်း ဒေသသည် နိုင်ငံထဲ၌ အကြွယ်ဝဆုံးဒေသများ ဖြစ်ခဲ့သည်။ သို့သော် ယခု သူတို့က ရှင်သန်နေထိုင်ရန် အဆိုးဆုံး ဧရိယာများ ဖြစ်နေ၏။ အကြောင်းမှာ ကမ်းရိုးတန်း တပ်ဖွဲ့များ၏ နေထိုင်ရသောဘဝသည် ကုန်းတွင်းပိုင်း စွမ်းအားရှင် အဖွဲ့အချို့ထက် ပိုဆိုးရွားနေသောကြောင့်ဖြစ်သည်။

“ကမ်းရိုးတန်း အခြေစိုက်စခန်းလား”

ယွင်ချဲ့သည် ရုတ်တရက်ကြီး ရှင်းဖုန်း၏ ပွေ့ဖက်မှုကနေ ရုန်းထွက်လိုက်၏။ သူမှတ်မိတာ မှန်မည်ဆိုလျှင် ယခင်ဘဝက ကမ်းရိုးတန်းဒေသသည် နိုင်ငံကနေ သူတို့၏ လွတ်လပ်မှုကို ပထမဆုံး ကြေညာခဲ့တာဖြစ်သည်။ အကြွယ်ဝဆုံး အခြေစိုက်စခန်းများထဲမှ တစ်ခုအနေဖြင့် ကမ်းရိုးတန်း အခြေစိုက်စခန်းသည် စားနပ်ရိက္ခာနှင့် စားစရာများ ဘယ်တော့မှ မပြတ်လပ်ခဲ့ပေ။ အချို့သော အကြောင်းအရင်းကြောင့် ရေသတ္တဝါများသည် သန္ဓေပြောင်းသွားသော်ငြား ဖုတ်ကောင်များ မဖြစ်သွားပေ။ ကမ်းရိုးတန်း အခြေစိုက်စခန်းက သမုဒ္ဒရာထဲ နေထိုင်ပြီး စက်ရုံများမှ အဝတ်အစားများရ၏။ သူတို့သည် ကမာ္ဘပျက်ကပ်ကနေ ဒဏ်ခံရတာ အနည်းဆုံးဖြစ်သည်။

သို့သော် ကုမင်ရွှမ်ပြောတာ အမှန်ဆိုလျှင် သူတို့သည် အခြေစိုက်စခန်းက သူတို့ကို ထောက်ပံ့ရန် လိုအပ်နေသည့် အချိန်၌ လွတ်လပ်ကြောင်း အဘယ်ကြောင့် ကြေညာမည်နည်း။ ဖြစ်နိုင်ချေအရှိဆုံးက ကူညီရေး အစီအစဉ်က ကျရှုံးသွားပြီး ကမ်းရိုးတန်း အခြေစိုက်စခန်းသည် ဘေးအန္တရာယ်ကို သူတို့ဘာသာ ကျော်ဖြတ်ခဲ့ရသောကြောင့် လွတ်မြောက်ရေး ကြေညာခဲ့တာပဲဖြစ်မည်။

“ဘာဖြစ်လို့လဲ”

ယွင်ချဲ့ ထိုမျက်နှာထားဖြစ်လေတိုင်း ရှင်းဖုန်းနှင့် ကုမင်ရွှမ်တို့က စိုးရိမ်ပူပန်လာ၏။ ယခင် အတွေ့အကြုံများအရ ယွင်ချဲ့တစ်ခုခု သိထားတာဖြစ်ရမည်မှန်း သူတို့ကို သင်ပေးလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် ယွင်ချဲ့သည် လွန်ပြီးမှပြောရတာကို နှစ်ခြိုက်သည့်လူမှန်း သူတို့သိနေသောကြောင့် ယခုချက်ချင်းမေးတာက ပိုကောင်းလိမ့်မည်။

“ဘာမှမဟုတ်ပါဘူး ကမ်းရိုးတန်း အခြေစိုက်စခန်းကို လေကြောင်းပို့ဆောင်ရေးနဲ့ပဲ ရောက်နိုင်တာမလား”

ယွင်ချဲ့က ခေါင်းခါလိုက်ပြီးနောက် ကုမင်ရွှမ်ကို ကြည့်လိုက်သည်။ အကြံဉာဏ်က သူ့ခေါင်းထဲ၌ ရုပ်လုံးပေါ်နေပြီဖြစ်သည်။

“ဟုတ်တယ် မြို့တော်အခြေစိုက်စခန်းရဲ့ လက်ရှိဆုံးဖြတ်ချက်က နှင်းကျတာပြီးသွားတာနဲ့ ပို့ဆောင်ရေး လေယာဉ်ပေါ်မှာ လူတွေနဲ့ ရိက္ခာတွေကို စေလွှတ်ပေးဖို့ပါပဲ။ တစ်ခြားအခြေစိုက်စခန်းတွေက တုန့်ပြန်မှု မရှိသေးတာကြောင့် အစီအစဉ် ဖြစ်မဖြစ် ဘယ်သူမှမသိဘူး”

ကျန်သည့် အခြေစိုက်စခန်းများက ရေပူများဖြစ်နေ၏။ သူတို့သည် လူအချို့ ပို့နိုင်သည့်အလျောက် ရိက္ခာများ ပို့မှာမဟုတ်တာ သေချာ၏။

“ဟက် မြို့တော်အခြေစိုက်စခန်းမှာ တုံးအတဲ့အစီအစဉ် ရှိနေတာပဲ။ လူတိုင်းက ကမာ္ဘပျက်ကပ်မှာ သူတို့ဘာသာ ရိက္ခာတွေ သိမ်းထားချင်တာလေ။ ဒါ့အပြင် နိုင်ငံအနှံ့ ကပ်ဘေးဖြစ်နေတာ။ နောက်ထပ် ဘယ်လိုကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူကသိမှာလဲ။ ကယ်ဆယ်ရေး အစီအစဉ်ကို အခြေစိုက်စခန်းက သဘောမတူလောက်ဘူးဆိုတာ အာမခံတယ်။ သဘောတူခဲ့ရင်တောင် အရင်ကလိုမျိုး ပို့ဆောင်ရေးလေယာဉ်က ပျံသန်းနိုင်မှာမဟုတ်ဘူး။ နှင်းကျပြီးသွားရင် သန္ဓေပြောင်း ပျံသန်းနိုင်တဲ့ သတ္တဝါတွေအားလုံးနဲ့ ဖုတ်ကောင်သားရဲတွေက အဆင့်တက်ကုန်မယ်။ ကောင်းကင်က သူတို့ပိုင်နက်ဖြစ်ပြီး လေယာဉ်က သူတို့အတွက် ဝါးစားစရာ သတ္တုပဲဖြစ်သွားမှာ။ လေယာဉ်ပေါ်က လူတွေကလည်း သွားလိုတဲ့နေရာကို မရောက်ခင်မှာ အသတ်ခံရလိမ့်မယ်”

ယင်းက ချဲ့ကားပြောတာ မဟုတ်ပေ။ ယွင်ချဲ့သည် အောက်ခြေ၌ နေထိုင်ခဲ့တာဖြစ်သော်ငြား ပျံသန်းနိုင်သော သန္ဓေပြောင်းသားရဲများ သို့မဟုတ် ဖုတ်ကောင်သားရဲများ တိုက်ခိုက်တာခံရပြီးနောက် လေယာဉ်များ ပျက်ကျသည့်သတင်းကို သူကြားခဲ့ဖူး၏။

“ဒါက”

ကုမင်ရွှမ်နှင့် ရှင်းဖုန်းတို့က ပျံသန်းနိုင်သော သတ္တဝါများအကြောင်းကိုလည်း တွေးမိ၏။ ယခု ယွင်ချဲ့က ထည့်ပြောလာသည်။ သူတို့နှစ်ယောက်လုံးက သက်ပြင်းချလိုက်မိ၏။ ကုန်းတွင်းပို့ဆောင်ရေးမရှိ လေယာဉ်များမရှိ အခြေစိုက်စခန်းများကြားရှိ ဆက်သွယ်မှုကလည်း အချိန်နှင့်အမျှ ပိုခက်ခဲလာ၏။ သို့သော် မျှမျှတတဆိုရလျှင် မြို့တော်အခြေစိုက်စခန်း အာဏာပိုင်များက အမှန်တကယ် တုံးအတာမဟုတ်။ သူတို့လုပ်စရာရှိတာ လုပ်ရမည်။

“မင်းမှာ အစီအစဉ်ရှိလား”

ရှင်းဖုန်းက သူ့ကိုရုတ်တရက် ကြည့်လိုက်၏။ ကမ်းရိုးတန်း အခြေစိုက်စခန်းအကြောင်း ကြားသည့်အချိန်၌ ယွင်ချဲ့၏ တုန့်ပြန်မှုက ပုံမှန်မဟုတ်။ သူက လှောင်ပြောတာထက် ပိုရှိလောက်သည်။

“ခင်ဗျားဆီကနေ ကျုပ်ဘာကိုမှ မဖုံးကွယ်ထားနိုင်ရတာလဲ”

ယွင်ချဲ့က ရယ်မောလိုက်၏။ ရှင်းဖုန်းက စိတ်ဖတ်သူမဟုတ်။ သို့သော် ယွင်ချဲ့၏စိတ်ကို တချိန်လုံး ဖက်နိုင်ပုံရသည်။ ကံကောင်းသည်မှာ သူတို့က ချစ်သူများဖြစ်နေ၏။ သူစိမ်းတစ်ယောက်သာဆိုလျှင် ဤလူကို သူသတ်လောက်သည်။

“ဒီတော့”

“ဒီတော့ ဆိုတော့ကား နှင်းကျပြီးသွားတာနဲ့ ကမ်းရိုးတန်း အခြေစိုက်စခန်းကို သွားလည်ဖို့ ဆုံးဖြတ်လိုက်တယ်”

ယွင်ချဲ့က သူ၏အစီအစဉ်ကို ပွင့်ပွင့်လင်းလင်း ကြေညာလိုက်၏။ ရှင်းဖုန်းနှင့် ကုမင်ရွှမ်က ဇဝေဇဝါဖြစ်သွားတော့သည်။

“အဲ့ဒီရက်စက်ကြမ်းကြုတ်တဲ့ ပျံသန်းတဲ့ သတ္တဝါတွေက လေကြောင်းကို စိုးမိုးထားတာလို့ ပြောလိုက်တာ မဟုတ်ဘူးလား”

ယွင်ချဲ့၌ လင်းယုန်ဘုရင် လင်းယုန်ဘုရင်မနှင့် ဟေးယွီတို့ရှိသော်ငြား ထိုပျံသန်းခြင်း ဖုတ်ကောင်များနှင့် သန္ဓေပြောင်းသားရဲများက နောက်စရာမဟုတ်ပေ။ ယွင်ချဲ့တောင် ဖုတ်ကောင်သားရဲများကို ဘာမှသိပ်မလုပ်နိုင်ပေ။ သူက ဤနေရာနှင့် မိုင်ထောင်ချီဝေးကွာသော ကမ်းရိုးတန်း အခြေစိုက်စခန်းကို မည်ကဲ့သို့ သွားနိုင်မည်နည်း။ ကားနဲ့လား ယာဉ်က ရှည်ကြာလွန်း၏။ အဓိကက

“ကမ်းရိုးတန်း အခြေစိုက်စခန်းကို ဘာကြောင့်သွားချင်ရတာလဲ”

အဓိကအချက်က ဘာကြောင့်လဲ။

ကုမင်ရွှမ်က ယွင်ချဲ့ကိုကြည့်ပြီး မေးလိုက်၏။ ယွင်ချဲ့ကို ကယ်ဆယ်ဖို့ ရည်ရွယ်ချက်နဲ့လား မဖြစ်နိုင်တာဟုသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ အကြောင်းမှာ ယွင်ချဲ့သည် ထိုမျှမကြင်နာတတ်သောကြောင့် ဖြစ်သည်။

“ကယ်ဆယ်ဖို့ ရည်ရွယ်ချက်နဲ့ပေါ့။ သူတို့ ဒုက္ခရောက်နေတာ ကူညီရမှာပေါ့။ ဒါကကျုပ်တို့ တရုတ်တွေ လုပ်သင့်တာ ဟုတ်တယ်မလား”

ထိုသို့ပြောရုံမျှဖြင့် ကုမင်ရွှမ်က မယုံနိုင်ပေ။

သူဒီတိုင်းသာပြောရင် ငါ့ခေါင်းကိုဖြုတ်လိုက်မယ်။ သူ့စိတ်ထဲ ရင်ထဲကျိန်ဆိုလိုက်၏။ ဟေးယွီက လူပါးဝသည်ဟု လူအများက ပြောကြ၏။ သူ၏သခင်က သူ့ထက်သာမှာ သေချာသည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset