YMR- အခန်း ၁၈၉

အခန်း(၁၈၉)

ဝိုး အဆင့်တက်သွားတာလား

ယနေ့မွေးနေ့ပွဲ ကျင်းပပြီး စားသောက်မည်ကို တွေးမိပြီးနောက် သူတို့က နေ့စဉ်နေ့တိုင်း ဟင်းလျာများကို မစားနိုင်ခဲ့ပေ။ အယောက်သုံးဆယ်အတွက် လုံလောက်သည့် စားပွဲရှည်ကြီးပေါ်၌ ဟင်းလျာမျိုးစုံ တည်ခင်းထားလေသည်။ ကမာ္ဘပျက်ကပ် မတိုင်မီကသာ မြင်တွေ့နိုင်သော ပင်လယ်စာများ ရထား၏။ ကင်းခရပ်ပေါင်း၊ ပုဇွန်နှပ်၊ ကြက်သွန်ဖြူဖြူ၊ ကမာကောင်၊ ခရုပ်နှပ်တို့ဖြစ်သည်။ သူတို့အားလုံးက အနောက်တောင်ပိုင်းသားများ၏အကြိုက် အရသာပြင်းပြင်း ဟင်းလျာများ ဘဲသွေးငရုပ်ဆီ၊ ငါးအစပ်၊ အမဲအူကြမ်းကြော်၊ လယ်ငါးချက်၊ အမဲသားကြော်၊ ကြက်အူချောင်း၊ ဝက်သားနှင့် ပူပူနွေးနွေး ဟင်းလျာမျိုးစုံကို တောင်းဆိုနိုင်ပေ၏။ ထို့အပြင် ဖြူဖွေးနေသော မှိုဟင်းချိုကိုကြည့်ပြီး အပေါ်၌ စားချင်စဖွယ် အနံ့အသက်တို့ကလည်း ပျံ့လွင့်နေသည်။

“ငါတို့ရဲ့ မွေးနေ့ရှင်လေးက ဒီနေ့ အခမ်းအနားမှူးနေရာမှာ ထိုင်ရမယ်။ လာလိုက်တော့ယောင် ချန်းချန်းနဲ့ တူတူထိုင်”

ကျိုးစွယ်ရီနှင့် ကျန်သည့်သူများက စားပွဲနားတွင်ထိုင်နေပြီးသားဖြစ်သည်။ သူတို့က ယွင်ယောင်ဝင်လာတာကို မြင်သည့်အချိန်၌ ထိုင်ရန်ဖိတ်ခေါ်လိုက်သည်။ ကျန်းရဖေးက ယွင်ယောင်ကို တွန်းလိုက်ပြီး သူမကို ဧည့်ခံသူခုံ၌ ထိုင်ခိုင်းကာ ရှင်းဖုန်းသည် ချန်းချန်းကို သူ့မိခင်ဘေးရှိ ကလေးခုံ၌ တင်ပေးလိုက်၏။ ယွင်ယောင်သည် တောက်ပနေသော မျက်နှာဖြင့် ပြောလိုက်၏။

“ချန်းချန်းရဲ့ မွေးနေ့ပွဲကို ပြင်ဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကမာ္ဘပျက်ကပ် အစတုန်းက ကျွန်မတို့တွေ ဒီလိုပျော်ရွှင်ဖွယ် ပွဲမျိုးကို ထပ်မကျင်းပရတော့ဘူးလို့ ထင်ခဲ့တာ”

ယွင်ယောင်ပြောတာ အဓိပ္ပာယ်ရှိပေ၏။ ထိုကဲ့သို့ ချဲ့ကားသော မွေးနေ့ နေ့လည်စာမျိုးကို သူတို့ တစ်မိသားစုထဲသာလျှင် ပြင်ဆင်နိုင်တာပဲဖြစ်သည်။ ဟုတ်ပေ၏ အဖွဲ့အများစုသည် ရိက္ခာများ သိုလှောင်ထားသည်။ သို့သော် ရိက္ခာများ မည်သည့်အချိန်တွင် ကုန်မည်ဆိုတာ မသိပေ။ ပျော်ရွှင်မှုနှင့် အရှုံးသမားကဲ့သို့ ကြွယ်ဝသည့် အဖွဲ့များကတောင် ထိုကဲ့သို့ ခမ်းနားကြီးကျယ်မှုကို မတက်နိုင်။ အလွန်ဆုံးမှ တစ်ရက်လျှင် ထမင်းသုံးနပ်သာ တက်နိုင်၏။

“အစ်မဒီနေ့က ပျော်ပွဲရွှင်ပွဲပဲ။ မသာယာစရာတွေကို မပြောနဲ့တော့”

ရှင်းဖုန်းက ယွင်ယောင်ဘေး၌ ထိုင်လိုက်သည်။ ယွင်ချဲ့က သူတို့နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်၏။ ယွင်ယောင်က သူမမောင်လေးများကို တစ်ချက်ကြည့်ပြီးနောက် ယွင်ချန်း၏ပါးစပ်၌ နီရဲနေသည့် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သူမက အထိတ်တလန့်ဖြင့် မျက်လုံးဖွင့်လိုက်၏။

“ချန်း မင်းပါးစပ်ထဲကဘာလဲ”

သွေးများလား ယွင်ယောင်က ကြောက်လန့်သွား၏။

“သူက”

ယွင်ယောင်မေးလိုက်သည်နှင့် လူတိုင်းကသူ့ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ သို့သော် ချက်ချင်းပင် ယင်းကသွေးမဟုတ်ကြောင်း သဘောပေါက်သွား၏။ သူတို့သည် နေ့စဉ်နေ့တိုင်း လတ်လတ်ဆတ်ဆတ် သွေးများကို မြင်တွေ့နေသောကြောင့်ဖြစ်သည်။ သို့သော် သူတို့လည်း ဇဝေဇဝါဖြစ်နေ၏။ ယွင်ချန်းသည် သလင်းအမြူတေနှင့် သစ်ပင်နှလုံးသားမှအပ ကျန်သည့်အရာကို မစားနိုင်ပေ။ နှစ်ခုလုံးကလည်း အနီရောင်အရည် မပါပေ။

“ဘာလဲ”

ကျွတ်

ယွင်ချန်းသည် သူ၏အစ်မအသံကို ကြားပြီးနောက် လှမ်းကြည့်စဉ် သူ၏အိတ်ကပ်ထဲကနေ အနီရောင်သစ်သီး တစ်လုံးကို ထုတ်ပြီး တစ်ကိုက် ကိုက်လိုက်၏။ သစ်သီး၏အရည်က သူ၏နွေးထွေးသော နှုတ်ခမ်းကို ပိုနီရဲသွားစေ၏။ လန်ယဲ့ဟန်သည် တစ်ရှုးဖြင့် ယွင်ချန်း၏ပါးစပ်ကို သုတ်ပေးလိုက်၏။ ယွင်ချဲ့၊ ရှင်းဖုန်း၊ ကုမင်ရွှမ်နှင့် ချန်းချန်းမှအပ လူတိုင်းသည် ပါးစပ်အဟောင်းသားဖြစ်ဖွယ် မြင်ကွင်းကြောင့် မှင်သက်နေကြ၏။

“တကယ်ကြီးလား ယွင်ချန်းက သစ်သီးတစ်လုံး စားနိုင်တယ်လား။ သူသစ်သီးစားနိုင်တယ်လား”

“နင်တွေ့လား ချန်းကနေ သူက သာမာန်စားစရာကို စားနိုင်တယ်”

ယွင်ယောင်က ထိတ်လန့်ပြီး တပြိုင်နက်ထဲ စိတ်လှုပ်ရှားသွားလေ၏။ သူမက ယွင်ချန်းကို ဆွဲခေါ်လျှက် မျက်ရည်မကျရန် ပါးစပ်ကို အုပ်ထားလိုက်၏။ ချန်းက အခုပုံမှန်ပြန်ဖြစ်သွားပြီလား။

“အမေ”

စိုးရိမ်ပူပန်မှု၊ စိတ်ရှုပ်ထွေးမှုတို့ ရောထွေးလျှက် ချန်းချန်းက သူ့မိခင်၏အင်္ကျီကို ဆုပ်ကိုင်လိုက်သည်။ ယွင်ချဲ့ကသူ့ကို နှစ်သိမ့်သည့်အကြည့်ဖြင့် ကြည့်ပြီးနောက် ယွင်ယောင်ကိုပြောလိုက်၏။

“ချန်းချန်းက သလင်းအမြူတေလို စွမ်းအင်ပမာဏ အနည်းငယ်ပါဝင်တယ်။ ဒီလိုသစ်သီးမျိုးကို ရှာတွေ့ခဲ့တာ။ ချန်းကိုကျွန်တော် စားခိုင်းကြည့်တော့ သူတို့ကို သူစားလ်ို့ရနေတယ်လေ။ ဒါက ကျွန်တော်စွမ်းအား နယ်မြေထဲကနေလာတဲ့ ငါးတွေနဲ့ ဂဏန်းတွေအားလုံးက စွမ်းအင်ပါဝင်နေတယ်ဆိုတာကို သတိပေးလိုက်တာပဲ။ ချန်းက အဲ့ဒါတွေကိုလည်း စားလို့ရလောက်တယ်”

“တကယ်လား အခုစမ်းကြည့်ကြရအောင်”

ယွင်ယောင်က စိတ်လှုပ်ရှားနေသည်။ သူမက မတ်တပ်ထရပ်ပြီးနောက် တူကိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမ၏ တုန်ယင်နေသောလက်ကို မထိန်းချုပ်နိုင်ပေ။ ယွင်ချဲ့က သူမ၏လက်ကို ဆုပ်ကိုင်ထားလျှက် သူမကို စိတ်တည်ငြိမ်စေရန် ကြိုးစားလိုက်၏။

“အစ်မ စိတ်လျော့ ဒါအတည်မပြုနိုင်သေးတဲ့ ကျွန်တော်ရဲ့ ယူဆချက်ပဲ။ ချန်းချန်းရဲ့ မွေးနေ့ပွဲကို ကျင်းပဖို့ အစ်မကို သိပ်စိတ်မပျက်စေချင်တာကြောင့် မျှော်လင့်ချက် သိပ်မထားနဲ့။ ပြီးမှ ယဲ့ဟန်ကို ကြည့်ခိုင်းလိုက်မယ်”

သူ၏အစ်မ ထိုမျှစိတ်လှုပ်ရှားနေရသည့် အကြောင်းအရင်းကို သူနားလည်လိုက်သည်။ ယခင်ကသူသည် သူ၏ညီလေးကို လူတိုင်းနှင့်အတူ ညစာအတူစားခိုင်းစေချင်ပြီး ထိုနေ့ရောက်လာချိန်၌ သူ၏မျက်လုံးများ စိုစွတ်လာတော့သည်။ သို့သော် ယနေ့ညက ထူးခြားသည့် ညတစ်ညဖြစ်ပြီး မျှော်လင့်ချက်က ပိုကြီးမားလေ စိတ်ပျက်မှုက ပိုကြီးမားနိုင်၏။ နောက်ဆုံးရလဒ်က သူသည် သူ့အစ်မ၏ မျက်ရည်များကို မြင်တွေ့ရလောက်သည်။

“ဟုတ်ပြီလေ”

ယွင်ယောင်၏ လက်များက တုန်ယင်တာ ရပ်တန့်သွားလျှက် ယွင်ချဲ့ကို လိုက်ကြည့်လိုက်၏။ လူတိုင်းက လန်ယဲ့ဟန်ကို စိုးရိမ်ပူပန်သည့် အကြည့်များဖြင့် ကြည့်လိုက်သည်။ သူတို့သည် ယွင်ယောင်ကဲ့သို့ အလွန်အကျွံ့ မတုန့်ပြန်သော်ငြား သူတို့သည်လည်း စိတ်လှုပ်ရှားနေ၏။ သူတို့သည်လည်း လူတိုင်းက ချန်း၏ ကိုယ်စောင့်နတ်များ ဖြစ်နေတော့သည်။ သူသာ သာမာန်စားစရာကို စားနိုင်မည်ဆိုလျှင် သူက သူတို့နှင့် နေ့စဉ်နေ့တိုင်း စားသောက်နိုင်လိမ့်မည်။ ထိုအတိုင်းသာဆိုပါက ယနေ့ထက်ပိုပြီး ပျော်ရွှင်စရာကောင်းသည့် နေ့ရက် ရှိတော့မှာမဟုတ်ပေ။

ထိုကဲ့သို့ ဖိအားကြီးကို ရင်ဆိုင်နေရစဉ် လန်ယဲ့ဟန်က သူ့လက်ထဲရှိတူများဖြင့် ဘာလုပ်ရမယ်မှန်း မသိတော့ပေ။ အဆုံးတွင်မူ ချန်းအတွက် ငါးဗိုက်သားတစ်ဖဲ့ကို ယူလိုက်၏။

“ချန်း ပါးစပ်ဟ”

“မဟုတ် မဟ မစားဘူး သစ်သီးပဲစားမယ်”

ယွင်ချန်းသည် ဖြူဖွေးနူညံ့သော ငါးဗိုက်သားကို တစ်ချက်ကြည့်ပြီးနောက် မျက်မှောင်ကျုံ့လိုက်၏။ သူ့လက်ထဲရှိ သစ်သီးကို ဝှေ့ယမ်းကာ ငါးအသားထက် သစ်သီးကိုသာ စားချင်ကြောင်း ရည်ညွှန်း၏။

“လိမ္မာတဲ့ကောင်လေး ချန်း ဒါလည်းကောင်းတယ်”

လန်ယဲ့ဟန်က ရွေးချယ်စရာမရှိတော့ဘဲ သူ့ကို ချော့မြူရတော့သည်။ သူက ယွင်ချန်းကို ပိုစားစေချင်၏။

မျက်နှာပေါ်တွင် တွန့်ဆုတ်နေသော အကြည့်ဖြင့် ယွင်ချန်းက လန်ယဲ့ဟန်ကို ကြည့်ပြီးနောက် သူ့အစ်ကိုကို ကြည့်လိုက်သည်။ သူ့အစ်ကို ခေါင်းညိမ့်ပြတာမြင်ပြီးနောက် ယွင်ချန်းကို ယူစားကြည့်လိုက်၏။ ၎င်းက မြန်ဆန်လှပေ၏။ သို့သော် လူတိုင်းကမူ နှေးကွေးသည့် လှုပ်ရှားမှုဖြင့် အရာအားလုံး အသေးစိတ်ကို ကရုတစိုက် လေ့လာနေ၏။ သူတို့က အသက်အောင့်ထားမိကာ ယွင်ချန်းဆီမှ မှတ်ချက်ကို စောင့်ဆိုင်းနေ၏။

ဝမ်းနည်းစရာကောင်းသည်က ယွင်ချန်းသည် သူတို့၏ မျှော်လင့်ချက်အတိုင်း မဟုတ်ပေ။ သူသည် ငါးအသားကို စားပြီးနောက် နောက်ထပ် သစ်သီးတစ်ကိုက် ကိုက်လိုက်၏။ စားစရာကို အမြဲတမ်း အလေးထားသော ချူးဟောက်လင်းကလည်း စိုးရိမ်ပူပန်သော လေသံဖြင့် မေးလိုက်၏။

“ဒီတိုင်းပဲလား ငါးအသားကကောင်းလား။ ထပ်စားချင်သေးလား။ ယောင်ယဲ့ အချက်အပြုတ်လက်ရာက ပြီးပြည့်စုံတယ်။ မင်းငယ်ငယ်လေးကတည်းက သူက ချက်ပြုတ်ပေးခဲ့တာ။ စားစရာက မှတ်ဉာဏ်တွေ ယူလာပေးလား”

ချူးဟောက်လင်းတောင် စိတ်လှုပ်ရှားလာလေ၏။ ယွင်ချဲ့က လန်ယဲ့ဟောင် တူမြှောက်သည်ကို မြင်လိုက်ချိန်မှစပြီး ရှင်းဖုန်း၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။ သူသည်လည်း သူ့အစ်မကို နှစ်သိမ့်စကားများ ပြောခဲ့သော်ငြား စိုးရိမ်ပူပန်နေတာဖြစ်၏။

“ဟွန်”

ယွင်ချန်းက မျက်မှောင်ကျုံ့လိုက်၏။ သူက လူတိုင်းသူ့ကို စိတ်ကြည့်နေကြောင်း သဘောပေါက်သွားသည့် အချိန်၌ နှုတ်ခမ်းဆူလိုက်သည်။

“ကောင်းတယ် ဒါပေမဲ့ သစ်သီးလောက်မကောင်းဘူး”

သူထိုသို့ပြောပြီးနောက် ယွင်ချန်းသည် ကျန်သည့်သစ်သီးကို သူ့ပါးစပ်ထဲ ထည့်ကာ အားရပါးရ ဝါးလိုက်တော့၏။

“ဟုတ်တယ် သစ်သီးကကောင်းတယ် သားလည်းသစ်သီးတွေ အများကြီးစားတာ”

ချန်းချန်းသည် ထိုသို့ပြောခြင်းဖြင့် သူချီးကျူးခံရတော့မည့်အလား ဘာဖြစ်နေမှန်းမသိဘဲ ဦးဦးချန်းပြောတာကို ထောက်ခံလိုက်သည်။

“အဲ့လောက်ကောင်းတယ်လား ငါ့ကိုတစ်ခုပေး ဟုတ်ပြီလား”

ချူးဟောက်လင်းသည် ဆွဲငင်မှုကို မခုခံနိုင်တော့ပေ။ လူတိုင်းက သူတို့ကို လှည့်ကြည့်လာချိန် သူက ယွင်ချန်းဆီ သစ်သီးတောင်းနေလေ၏။ ယွင်ချန်းထံမှ သူသစ်သီး တောင်းနေတာကို မည်သူမှ သည်းမခံနိုင်ပေ။ အကြောင်းမှာ ၎င်းက ရှက်စရာကောင်းလွန်းသောကြောင့်ဖြစ်၏။

“ငါ့မှာနှစ်ခုပဲကျန်တာ တစ်ခုယူလို့ရတယ်”

ယွင်ချန်းသည် အိတ်ထဲကနေ တစ်လုံးယူပြီးနောက် ပေးလိုက်၏။ ပြီးနောက် သူသည် နောက်တစ်ယောက်က ထပ်တောင်းလာမှာကို စိုးရိမ်သောကြောင့် ကျန်သည့်တစ်လုံးကို ဝါးစားလိုက်တော့သည်။ သူ၏ဖောင်းနေသော ပါးလေးသည် ရယ်စရာကောင်းပြီး ချစ်စဖွယ်ကောင်းနေ၏။

“အွန်း ကောင်းလိုက်တာ ဝိုး ဘာလဲ ငါအဆင့်တက်သွားတာလား”

ချူးဟောက်လင်းသည် သစ်သီးတစ်ကိုက် ကိုက်ပြီးနောက် သူ၏မူပိုင်သဘောကျသော မျက်နှာထား ဖြစ်လာ၏။ သို့သော် ယခုတစ်ခေါက်တွင်မူ ရှည်ကြာစွာ ပြောမည့်အစား သူကထခုန်လိုက်၏။ လူတိုင်းက သူပြောတာကို ကြားသည့်အချိန်၌ မျက်လုံးဖွင့်လိုက်ကြသည်။

“တကယ်ကြီးလား တစ်ကိုက်ကိုက်ပြီး အဆင့်လေး ယောက်သွားတယ်လား”

ချူးဟောက်လင်း၏ လောဘကြီးမှုကို မျက်မှောင်ကျုံ့ခဲ့ကြသည့် လူတိုင်းက ချက်ချင်းသဘောထားပြောင်းပြီး ချူးဟောက်လင်းဘက် ရောက်ကုန်၏ သူတို့လည်း အဆင့်ချိုးဖျက်တက်ချင်သည်။

“ငါ့ကိုမြည်းခွင့်ပေး”

လုဟောက်ရွှမ်းက ချူးဟောက်လင်းဆီကနေ သစ်သီးကို လုယူပြီး သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်၏။ ချူးဟောက်လင်းက အငိုက်မိသွားသည်။ သူက လုဟောက်ရွှမ်း၏ ပါးစပ်ထဲမှ သစ်သီးကို ပြန်ယူရန် ကြိုးစားတော့သည်။

“ရာရာစစ ငါ့စားစရာကို ခိုးယူရဲတယ်ပေါ့။ ထွေးထုတ်လိုက် အခုထုတ်လိုက်”

သူ့ထက်ဘယ်သူကများပိုပြီး လောဘတက်နိုင်သေးလဲ။ လူတိုင်းက အံ့သြစွံ့အနေ၏။ အထူးသဖြင့် မစ္စတာရွှမ်းနှင့် လုယောက်ရွှမ်၏ မိခင်ဖြစ်သည်။

“ဝိုး တကယ် အဆင့်တက်သွားတာပဲ”

ထိတ်လန့်နေလျှက် လုဟောက်ရွှမ်သည် သူ့ပါးစပ်ထဲရှိ ချူးဟောက်လင်း၏ လက်ချောင်းများကို ဆန့်ကျင်တိုက်ခိုက်နေစဉ် ရလဒ်ကို ပြောပြလိုက်တော့သည်။ သူက အစေ့အဆံကို ထွေးပြီးနောက် ချူးဟောက်လင်းသည် စိတ်တိုနေသော အကြည့်ဖြင့် ကြည့်နေ၏။

“ချဲ့ ငါလည်းအဆင့်တက်ချင်တယ်”

ကျိုးစွယ်ရီက ချူးဟောက်လင်းကို အာရုံသိပ်မစိုက်ပေ။ အတည်ပြုပြီးနောက် ဉာဏ်အရှိဆုံးအနေဖြင့် သူက ယွင်ချဲ့ကို သနားစဖွယ် မျက်ဝန်းများဖြင့် ချက်ချင်းကြည့်လိုက်သည်။ ယွင်ချန်း၌ သစ်သီးများ ထပ်မရှိတော့ပေ။ တစ်ခုတည်းသော ရင်းမြစ်က ယွင်ချဲ့သာဖြစ်၏။

“ချုဲ့”

လူတိုင်းက ချူးဟောက်လင်းကို လျစ်လျူရှု့ထားရန် ဆုံးဖြတ်ပြီး ကျိုးစွယ်ရီနှင့် ပူးပေါင်းကာ ယွင်ချဲ့ကို ကြည့်လိုက်ကြ၏။ နှစ်ဆစွမ်းအားရှင် နှစ်ယောက်ကတောင် အဆင့်လေးကို တက်နိုင်သည်ဆိုလျှင် စွမ်းအား တစ်ခုတည်း ပိုင်ဆိုင်သူအတွက် ပြဿနာမရှိလောက်ပေ။ မဟုတ်ပါလော။ သူတို့သည် အဆင့်သုံး၌ ပ်ိတ်မိနေတာ ကြာပြီဖြစ်သည်။ သူတို့က အဆင့်တက်ချင်နေပြီဖြစ်သည်။

“ငါ့ကိုမကြည့်နဲ့ သစ်သီးတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အပင်ပေါ်မှာ။ အခုအချိန် မင်းတို့အတွက် မရှိသေးဘူး။ ပြီးတော့ အဲ့ဒီသစ်သီးက ဒီလောက်မှော်မဆန်ဘူး။ မင်းတို့ကောင်တွေအခု အဆင့်လေး တက်သင့်ပြီ။ ချူးဟောက်လင်းနှင့် လုဟောက်ရွှမ်တို့ အဆင့်လေး တက်သွားရတဲ့ အကြောင်းအရင်းက သစ်သီးက သူတို့အဆင့်တက်ခါနီး အကန့်အသတ်ကို နည်းနည်းလေး တွန်းတင်ပေးလိုက်ရုံပဲ။ မင်းတို့အဆင့်လေးကို တက်ချင်တယ်ဆိုရင် အပြင်ထွက်ပြီး ဖုတ်ကောင်တွေကို သတ်ရင်သတ် ဒါမှမဟုတ် ငါ့ရဲ့စွမ်းအားနယ်မြေထဲက စားသောက်ဖွယ်ရာတွေ ငါးတွေကိုစား။ မင်းတို့ချက်ချင်း အဆင့်တက်မယ်ဆိုတာ သေချာတယ်”

ယွင်ချဲ့က သူတို့ကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။ သူအရှေ့ရှိ လေစရာအကွက်ကို ကြည့်ပြီးနောက် ချူးဟောက်လင်းက သစ်သီးစားလိုက်ရာ ချူးဟောက်လင်း၏ အဆင့်တက်မှုသည် သူ့ထက်တောင်စောကြောင်း ရှာတွေ့သွား၏။ ထို့အပြင် ယွင်ချဲ့က သူတို့အဆင့်သုံးတွင် ပိတ်မိနေကြောင်း အည်ပြုခဲ့ပြီးဖြစ်သည်။ အကြောင်းမှာ နှင်းမကျသေးသောကြောင့် ဖြစ်သည်။ သစ်သီးသည် ပေါကြွယ်ဝသော ဖန်ခွက်ထဲရှိ ရေတစ်စက်နှင့်တူ၏။

“ဒါဆိုဘာစောင့်နေတာလဲ စားလိုက်ကြရအောင်”

ကြက်သေ သေနေရာကနေ သတိပြန်ဝင်လာပြီး ထိုလူများက မွေးနေ့ရှင်လေး ချန်းချန်းအတွက် ဆုတောင်းစကား ပြောရမည်ကို မေ့လျော့သွားကြ၏။ သူတို့က ငါး၊ ကြက်စွပ်ပြုတ် စသည်ဖြင့် စားကြတော့၏။

“ရှစ် ငါအဆင့်တက်သွားပြီ”

“ဟား ဟား နောက်ဆုံးတော့ ငါအဆင့်လေးကွ”

“ဟုတ်တယ် ဟုတ်တယ် ငါအဆင့်လေးရောက်ပြီ။ လခွမ်း အဆင့်လေးရောက်တာ သိပ်ကောင်းတာပဲ”

အားရပါးရပြောသံများ ထုတ်ဖော်ပြောကြသံများ ပေါ်လာပြီး တစ်စုံတစ်ယောက်က ဆဲတောင် ထဆဲ၏။ သူတို့က အဆင့်သုံး၌ ပိတ်မိနေခြင်းကို ငြီးငွေ့နေတာ သိသာ၏။ သို့သော် အဆင့်လေးကနေ အဆင့်ငါးကို တက်မည့်နည်းလမ်းက ပိုခက်ခဲကြောင်း သူတို့သိသောကြောင့်ဖြစ်သည်။ သူတို့က အွန်လိုင်းဂိမ်းထဲတွင်ဆိုပါက exp နှစ်ဆ သို့မဟုတ် သုံးဆ လေးဆသာ ပိုရနိုင်မည်။ အဆင့်လေးကနေ အဆင့်ငါးသို့ တက်ခြင်းသည် အဆင့်သုံးကနေ အဆင့်လေးသို့ တက်ခြင်းထက် ခက်ခဲ၏။ သူတို့သည် အဆင့်တက်ရာ၌ ပိတ်မိနေတာ ဖြစ်လောက်သည်။ သို့သော် သူတို့အဆင့်လေး၌ အချိန်အတောကြာ နေရမှာ သေချာ၏။

“မင်းရဲ့စွမ်းအားနယ်မြေကို ပိုပိုပြီး စိတ်ဝင်စားလာပြီး အဲ့ဒီကိုသွားပြီး တစ်ချက်ကြည့်ချင်လိုက်တာ”

လူတိုင်း၏ ပျော်ရွှင်နေသော မျက်နှာထားကိုကြည့်ပြီး ရှင်းဖုန်းက ယွင်ချဲ့ကို တီးတိုးပြောလိုက်သည်။ ရှင်းဖုန်းသည်လည်း အဆင့်လေး ရောက်ပြီဖြစ်သည်။ သူက ချန်းချန်း သွားနိုင်သောကြောင့် ယွင်ချဲ့၏ စွမ်းအားနယ်မြေထဲသို့ သူဝင်နိုင်မည်ဟု တွေးမိသည်။

“ဟား ဟား အဲ့ဒီရက်က နီးလာပါပြီ”

ယွင်ချဲ့က အားရပါးရ ရယ်မောလိုက်၏။ လတ်တလော၌ သူသည် စွမ်းအားနယ်မြေထဲသို့ တိရိစာ္ဆန်များစွာနှင့် ရိက္ခာများစွာ ထည့်ထားသည်။ ချန်းချန်းသည် သူ၏စွမ်းအားနယ်မြေထဲ ဝင်ရောက်ပြီးနောက် သမုဒ္ဒရာသည် မကြာမီ ပွင့်လာတော့မည်မှန်း သူသိနေ၏။

“မင်းကိုယ်မင်း သိပ်အပင်ပန်းမခံနဲ့”

ရှင်းဖုန်းသည် သူ၏တောင်းဆိုချက်ဖြင့် ယွင်ချဲ့ကို ဖိအားပေးရန် မရည်ရွယ်ထားပေ။ ယွင်ချဲ့က ရယ်မောလိုက်၏။ သူက အရူးမဟုတ်ပေ။ တန်ပြန်ရိုက်ခတ် ခံရမှုက မည်မျှပြင်းထန်ကြောင်း သတိပြုမိ၏။ ယခုလူတိုင်း အဆင်သင့်ရောက်ပြီဖြစ်ရာ သူစိုးရိမ်စရာ ဘာမှမရှိတော့ပေ။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset