YMR- အခန်း ၁၈၂

အခန်း ၁၈၂။

ဥက္ကဋ္ဌရွေးကောက်ပွဲ၌ မထင်မှတ်ထားသည့် အခြေအနေ ဖြစ်ပေါ်လာခြင်း
ရှင်းဖုန်းက ရွှေရောင်လင်းယုန်နှစ်ကောင် ရလာသောအခါ ချန်ချန်နှင့် ယွင်ချန်းသည် ရှင်းဖုန်းထက် ပိုစိတ်လှုပ်ရှားနေပုံ ပေါ်နေ၏။ ရံဖန်ရံခါ၌ သူတို့သည် လင်းယုန်တစ်ကောင်ကို အသွင်ပြောင်းခိုင်းပြီး အခြေစိုက် စခန်းအထက် ကောင်းကင်ထဲ၌ သူတို့ကို ပျံသန်းခိုင်း၏။ ရက်အနည်းငယ်အတွင်း၌ အခြေစိုက် စခန်းထဲရှိ လူတိုင်းက သူတို့၌ အိမ်မွေးတိရိစ္ဆာန် အသစ်နှစ်ကောင် ရလာကြောင်း သိသွားကြပြီဖြစ်ကာ ယွင်ချဲ့က တိရိစ္ဆာန်ရုံ ဖွင့်တော့မည်ဟု ဟာသက ပျံ့နေလေ၏။
နောက်ရက်အနည်းငယ်က ဟောလိဝုဒ် ရုပ်ရှင်တစ်ကားပမာ သည်းထိတ်ရင်ဖို ဆန်လှပေ၏။ သွေးနွယ်ပင် စိုက်ပျိုးသည့်ည၌ သူတို့သည် ခြံဝင်းအပြင်ဘက်က အော်သံများ ကြားလိုက်ရသည်။ သူတို့အပြင်သို့ ထွက်လာချိန်၌ ကိုယ်ပျောက်စွမ်းအားရှင်တစ်ယောက်သည် အပင်၌ ငြိနေပြီး သေနေပြီဖြစ်၏။ နွယ်ကြိုးများက သူ၏ခန္ဓာကိုယ်ထဲ ထိုးစိုက်နေကာ သူ၏သွေးနှင့် အသားများကို စားသုံးနေ၏။ လူတိုင်းသည် ကျောချမ်းဖွယ် ပုံရိပ်ကြောင့် ထိတ်လန့်သွားကြသည့်တိုင် သူတို့စိတ်အေးသွားကြတော့သည်။ ယခု သွေးနွယ်ပင် အလုပ်ဖြစ်ကြောင်း သိသွားပြီဖြစ်သောကြောင့် သူတို့သည် ကိုယ်ပျောက် ကျူးကျော်သူများအကြောင်း စိုးရိမ်ပူပန်ရန် မလိုအပ်တော့ချေ။
နောက်တစ်နေ့၌ လူအများကြား၌ ကောလာဟလတစ်ခု စတင်ပျံ့နှံ့လာ၏။ ကျောင်းကိစ္စသည် ဝေ့စစ်တပ်၏ စွမ်းအားရှင် အဖွဲ့အစည်း၏ ဥက္ကဋ္ဌနေရာအတွက် လာမည့်ရွေးကောက်ပွဲတွင် မဲရဖို့ လိမ်ညာမှုတစ်ရပ်သာ ဖြစ်သည်။ ကောလာဟလ ဇာစ်မြစ်ကို မည်သူမှ မသိသော်ငြား အချိန်တိုအတွင်း အခြေစိုက် စခန်းအနှံ့ ပျံ့သွားပြီဖြစ်၏။ ၎င်းကို အချို့က ယုံကြည်ကြပြီး အချို့က မယုံကြည်ကြပေ။ လူအများစုက ဝေ့စစ်တပ်၏ လှုပ်ရှားမှုကို စဉ်းစားတွေးတောနေ၏။ ယွင်ချဲ့ယခင်က ပြောခဲ့သည့်အတိုင်း လူအများက သင်၏ လှုပ်ရှားမှုကို စတင်အမေးထုတ်လာပြီဆိုလျှင် ကောင်းမွန်သည့် ကိစ္စရပ်ကတောင် မကောင်းသည့် ပူးပေါင်းကြံစည်မှုနှင့် တူသွားလိမ့်မည်။
အစက ဝေ့စစ်တပ်သည် စုံစမ်းခြင်းအမည်အောက်၌ ကောလာဟလကို ဖိနှိပ်ရန် ကြိုးစားခဲ့ပြီး ယင်းက သူတို့ကို ပိုအပြစ်ရှိပုံ ပေါ်သွားစေ၏။ သူတို့၏ ရည်ရွယ်ချက်ကို အမေးထုတ်သည့်သူများ ပိုမိုများပြားလာတာကို သတိပြုမိပြီး ဝေ့စစ်တပ်က သူတို့ဗျူဟာကို မကြာမီ၌ ပြောင်းလဲလိုက်တော့၏။ သူတို့သည် စစ်သားများကို ပြန်ခေါ်ကာ ကြေညာချက်တစ်စောင်ထုတ်ပြီး အစောကတည်းက ကျောင်းတစ်ကျောင်း တည်ဆောက်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့၏။ တည်ဆောက်မှုက အပိုင်းဒီတွင် စတင်မှာပဲဖြစ်သည်။ ကောလာဟလများကြောင့် လူတိုင်း စိတ်ဒွိဟမဖြစ်သွားရန် ဆော်သြပြီး ထိုကဲ့သို့ ပရောဂျက်ကြီးတစ်ခုသည် ညတွင်းချင်း ပြုလုပ်နိုင်သည့်အရာ မဟုတ်ကြောင်း ထပ်ပေါင်းပြောခဲ့သည်။
ထိုကြေညာချက်သည် နောက်ဆုံးတော့ သူတို့၏ ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်နိုင်ခဲ့၏။ သို့သော်ငြား သူတို့ အသက်ရှုမ၀သေးခင် မော့ဝမ်းယန်က ဝေ့စခန်းဆီသို့ လူတစ်စုကို ကိုယ်တိုင်ဦးဆောင်လာလျက် အချက်အလက်ခိုးရန် ကိုယ်ပျောက် စွမ်းအားရှင်ကိုလွှတ်သည့်အတွက် ဝေ့စစ်တပ်ကို စွပ်စွဲပြောဆိုခဲ့သည်။ ဝမ်စစ်တပ်မှ လူများကလည်း ထိုအတိုင်း ပြုလုပ်ခဲ့၏။ မော့ဝမ်းယန်က ကိုယ်တိုင် ထွက်လာခဲ့သောကြောင့် သတင်းပျံ့တာမြန်၏။ အခြေစိုက် စခန်းထဲရှိ လူတိုင်းက ကျောင်းအစီအစဉ်သည် မော့စစ်တပ်ထံမှ ခိုးထားကြောင်း သိလိုက်ရပြီးနောက် သူတို့သည် ဝေ့စစ်တပ်ကို သူတို့၏ ယုတ်မာသော နည်းလမ်းအတွက် ပြစ်တင်ဝေဖန် ပြောဆိုကြ၏။ ဝေ့စစ်တပ်သည် လူအများ၏ မေတ္တာပို့မှုအောက်၌ သူ၏စွမ်းအားရှင် အဖွဲ့များသည်လည်း ကျန်သည့်စွမ်းအားရှင်များ အထင်သေးတာ ခံရသည်။ အဖွဲ့နှစ်ဖွဲ့သည် ကျန်သည့်သူများ တိုက်ခိုက်ခံရမှာကို ကြောက်ရွံ့ပြီး တစ်ချိန်လုံး သတိထားနေရ၏။ တစ်နည်းဆိုရလျှင် ဝေ့စစ်တပ်က ဒုက္ခတောထဲ ရောက်သွားပြီဖြစ်သည်။
ရက်အနည်းငယ်အကြာ မေလနောက်ဆုံးရက်၌ စွမ်းအားရှင် နောက်ဆုံး အဖွဲ့အစည်းအသစ် တည်ဆောက်ခဲ့ပြီးဖြစ်ကာ စွမ်းအားရှင် အဖွဲ့အစည်း ရွေးကောက်ပွဲကို အပိုင်းစီတွင် ကျင်းပမှာပဲဖြစ်သည်။ မနက်ခင်းတွင် စွမ်းအားရှင်တိုင်းက စွမ်းအားရှင်အဖွဲ့အစည်း၏ ဝင်ပေါက်၌ မဲလက်မှတ်တစ်စောင်စီ ရထားကြသည်။ သူတို့က သူတို့ထောက်ပံ့ပေးမည့် ကိုယ်စားလှယ်လောင်း၏ အမည်ကို ချရေးပြီးနောက် လူအရပ်တစ်ဝက်ခန့်မြင့်သည့် မဲပုံးထဲသို့ ထည့်ရမှာပဲဖြစ်သည်။ မဲပေးမှုသည် ညနေ လေးနာရီ၌ ပြီးမည်ဖြစ်ကာ စစ်တပ်သုံးဖွဲ့၏ ကိုယ်စားလှယ်များနှင့် အစိုးရသည် အများရှေ့၌ မဲများကို စတင်ရေတွက်၏။
“ကျန့်ကွမ်းအတွက်တစ်မဲ”
“ကျန်းယွင်အတွက်တစ်မဲ”
“မော့ဝမ်းယန်အတွက်တစ်မဲ”
“ယွင်ချဲ့အတွက် နောက်တစ်မဲ”
စွမ်းအားရှင် အဖွဲ့အစည်း၏ ဝင်ပေါက် နေရာကျယ်၌ အခမ်းအနားမှူး ကျန့်ဝမ်ရှန်းသည် သူ့လက်ထဲ၌ လော်စပီကာကို ကိုင်ထားလျက် စတင်ရေတွက်နေသည်။ ဖန်သားပြင်ပေါ်ရှိ အရေအတွက်များသည် အချိန်နှင့်တပြေးညီ မြင့်တက်နေ၏။ တစ်ချိန်ထဲတွင် မော့ဝမ်းယန်က မဲကိုးထောင်ကျော်ဖြင့် ဦးဆောင်နေ၏။ ဒုတိယအဆင့် လိုက်သူက သူသည် ဥက္ကဋ္ဌမဖြစ်ချင်ကြောင်း အများပြည်သူကို ကြေညာထားသည့် ယွင်ချဲ့ပဲဖြစ်သည်။ သူက မဲရှစ်ထောင်ကျော် ရထားသည်။ တတိယက ရှင်းဖုန်း မဲသုံးထောင်ကျော် ရထား၏။ ဝမ်စစ်တပ်နှင့် ဝေ့စစ်တပ်ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်လောင်း နှစ်ဦးသည် ရှင်းဖုန်းထက် မဲအနည်းငယ်လျော့ပြီး စတုတ္ထနေရာ ရသွားကာ နောက်တစ်ယောက်ကမူ မဲတစ်ရာကျော်သာရ၏။ ထိုကဲ့သို့ ကွာဟချက်ကြီးကို ရင်ဆိုင်ရသောအခါ စစ်တပ်နှစ်တပ်၏ ကိုယ်စားလှယ်များသည်လည်း ဒေါသထွက်သွားလေ၏။
“ကြည့်ရတာ ဒါကမင်းနဲ့ ဝမ်းယန်ကြားက ယှဉ်ပြိုင်ပွဲတစ်ခု ဖြစ်လာမဲ့ပုံပဲ။ အင်း ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး”
လူအုပ်ကြီးထဲတွင် ရပ်နေစဉ် ရှင်းဖုန်းက ယွင်ချဲ့ကို ကျီစယ်သော လေသံဖြင့် ပြောလိုက်၏။ သူတို့သည် မဲဆွယ်ရာ၌ ကောင်းမွန်စွာ ဆောင်ရွက်ခဲ့သည်။ သို့သော်ငြား ယွင်ချဲ့က မဲများစွာ ရလိမ့်မည်ဟု သူတို့မထင်ထားပေ။ ဝမ်းယန်ကလည်း ယခုအချိန်၌ ခံစားချက်များ ရှုပ်ထွေးနေ၏။
“အင်း ငါဘာပြောနိုင်အုံးမှာလဲ။ ဒါက ဆွဲဆောင်မှုပဲလေ”
ယွင်ချဲ့က ရယ်မောလျက် မော့ဝမ်းယန်က သူ့လောက် ဆွဲဆောင်မှုမရှိဟု သွယ်ဝိုက် ပြောဆိုလိုက်တာပဲ ဖြစ်သည်။ သူ့အတွက် မဲပေးမည့်သူများကို တစ်ခါမှ ပြောဖို့ မကြိုးစားခဲ့ဖူးပေ။ သို့သော် သူ၏မဲများက ဝမ်းယန်၏မဲနှင့် ကပ်နေသေးဆဲဖြစ်၏။
“ငါလည်းထင်မိပါတယ်”
ရှင်းဖုန်းက အပြုံးတစ်ပွင့်ဖြင့် သံယောင်လိုက်ပြောသည်။ သူ၏အသင်းဝင် နှစ်ယောက်လုံးကလည်း ရယ်မောကြတော့၏။ ထိုရလဒ်သည် လူတိုင်းကို အံ့သြသွားစေသည်။ ဘာကြောင့်ဒါမျိုး ဖြစ်ရတာလဲ။ ယွင်ချဲ့က သိပ်ကိုဆွဲဆောင်မှု ရှိလွန်းလို့လား။ ဒါမှမဟုတ် စွမ်းအားရှင်တချို့က ပျော်စရာအတွက် သူ့ကိုမဲပေးတာများလား။
လူတိုင်းသည် ယင်းကို စစ်တပ်သုံးဖွဲ့ကြားရှိ ယှဉ်ပြိုင်မှုတစ်ခုဆိုတာ သိထားကြ၏။ စစ်တပ်တစ်တပ်၏ ကိုယ်စားလှယ်ကို မဲပေးခဲ့လျှင် သူတို့ဘက်တွင် ပါမည်ဟု ဆိုလိုလိုက်တာပဲဖြစ်သည်။ မည်သည့်တပ်ဖွဲ့ကိုမှ ရန်မစမိဖို့ ရှောင်ရှားရန်အတွက် လူအချို့သည် စစ်တပ်နောက်ခံမရှိသည့် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ကဲ့သို့ တစ်စုံတစ်ယောက်ကို ရွေးချယ်ခဲ့ကြ၏။
“အခု ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ် ပေါ်ထွက်လာပါပြီ။ ဂုဏ်ပြုပါတယ်။ ဗိုလ်ချုပ် မော့ဝမ်းယန် မင်းက မဲလေးသောင်းခွဲနဲ့ စွမ်းအားရှင် အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်သွားပါပြီ”
တစ်နာရီခန့် ကြာပြီးနောက် ကျန့်ဝမ်ရှန်သည် ရွေးကောက်ပွဲရလဒ်ကို ကြေညာသည်။ မော့ဝမ်းယန်သည် ယွင်ချဲ့ထက် မဲရာချီသာပြီးနောက် ရွေးကောက်ပွဲကို အနိုင်ရသွား၏။ သူက မတ်တပ်ထရပ်ပြီး လူတိုင်းကို လက်ဝှေ့ယမ်းပြလိုက်ရာ လက်ခုပ်တီးသံများက ပေါ်ထွက်လာတော့၏။ ဝမ်စစ်တပ်နှင့် ဝေ့စစ်တပ်ရှိ လူများသည် ထွက်သွားချင်သော်ငြား သူတို့က နေနေရပြီး လူတိုင်းကဲ့သို့ လက်ခုပ်တီးပေးရသည်။ သူတို့က သုန်မှုန်နေလျက် မချင့်မရဲ ဖြစ်နေကြ၏။ အကြောင်းမှာ သူတို့ရှုံးရုံသာမက မဲကွာဟချက် အလွန်ကြီးမားသည်ကလည်း အရှက်ကွဲစရာ ကောင်းနေသည်။
“ဂုဏ်ပြုပါတယ် ဗိုလ်ချုပ်မော့ ခေါင်းဆောင်ချယ် ရှုံးသွားတာတော့ နှမြောစရာပဲ။ သူတို့မဲက ကပ်သီလေးပဲ”
ကျန့်ဝမ်ရှန်းသည် မိုက်ကိုကိုင်ပြီးနောက် သမံကာလျံကာ လေသံဖြင့် ပြောလိုက်ပုံပေါ်၏။ လူအချို့အတွက်မူ သူသည် မော့နှင့်ယွင်ကြား သွေးခွဲရန် ကြိုးစားနေပုံ ပေါ်နေ၏။ ကျန်သည့် စစ်တပ်နှစ်တပ်နှင့် စွမ်းအားရှင် အဖွဲ့အစည်းကို မော့စစ်တပ်က ထိန်းချုပ်ခွင့် ရသွားခြင်းသည် စစ်တပ်နှစ်တပ်နှင့် အစိုးရအတွက် သတင်းဆိုးဖြစ်၏။ မော့စစ်တပ်သည် ကျန်သည့်စစ်တပ် နှစ်ခုနှင့် အစိုးရတို့ ပေါင်းစည်းထားသည်ထက်တောင် ပိုအစွမ်းထက်လာမည်ဟုတောင် ဆိုကြသည်။
“ကံကောင်းပြီး နိုင်သွားတာပါ။ ကျုပ်က ခေါင်းဆောင်ယွင်ကို ရှုံးရမယ်ဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ ကျုပ်တို့က တာဝန်အတူ ထမ်းဆောင်နေကြပဲလေ။ ခေါင်းဆောင်ယွင် ဘယ်လောက် အရည်အချင်းရှိလဲဆိုတာ သိတယ်။ သူသာ စွမ်းအားရှင် အဖွဲ့အစည်းကို ဦးဆောင်မယ်ဆိုရင် သူကျွန်တော့်ထက် တော်မယ်ဆိုတာ ယုံကြည်တယ်”
ကျန့်ဝမ်ရှန်ကို တစ်ချက်ကြည့်ပြီးနောက် မော့ဝမ်းယန်သည် မိုက်ကို ကောက်ကိုင်ကာ ပြောလိုက်၏။
သူ၏မိန့်ခွန်းသည် စွမ်းအားရှင်များထံမှ လက်ခုပ်များ ရရှိလိုက်၏။ မော့ဝမ်းယန်က လက်မြှောက်ကာ အားလုံးကို ငြိမ်ရန်ညွှန်ကြားလိုက်တော့၏။
“အားလုံး ကျွန်တော်ကို သိပြီးသား ဖြစ်လောက်ပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ချင်ပါတယ်။ ကျွန်တော်က မော့ဝမ်းယန် အနောက်တောင်ဘက် XXX တပ်ဖွဲ့ကပါ။ ကျွန်တော်အမေက တပ်မှူး။ ကျွန်တော့်အဖေက ဝန်ထမ်းအရာရှိတစ်ဦးပါ။ ခင်ဗျားတို့အများစု ဒီအကြောင်း သိပြီးသားဆိုတော့ ကျွန်တော် မကွယ်ဝှက်ဖို့ ကြိုးစားတာက ပိုကောင်းလိမ့်မယ်”
“ဟား ဟား ဟား”
သူ၏မိဘများအကြောင်း ပြောနေစဉ်က သူသည် ကြွားဝါနေပုံမတူပေ။ ထိုအစားသူ၏ ရွှင်ပျသော လေသံသည် စွမ်းအားရှင်များကို ရယ်မောစေ၏။ သူ့အတွက် မဲပေးခဲ့သည့် လူများက သူတို့မှန်ကန်သည့် ရွေးချယ်မှု ပြုလုပ်ခဲ့သည်ဟု ခံစားရစေသည်။ ကျန်သည့် တပ်ဖွဲ့နှစ်ဖွဲ့ကို မဲပေးခဲ့သည့် ကိုယ်စားလှယ်များကလည်း ပျော်ရန်အကြောင်းအရင်း ရှိပေ၏။ သူတို့သည် စစ်တပ်နှစ်ဖွဲ့စီမှ ထောက်ပံ့ရေး ပစ္စည်းများကိုလည်း ရရှိနိုင်ပြီး တစ်ချိန်ထဲတွင် ဟာသဉာဏ်ရှိသော ဥက္ကဋ္ဌကို ရနိုင်၏။
“ခင်ဗျားတို့အားလုံး တွေ့တဲ့အတိုင်း စွမ်းအားရှင် အဖွဲ့အစည်းက ပြန်တည်ထောင်ပြီးပြီ။ မနက်ဖြန်ကျ တရားဝင် လည်ပတ်မှု စတင်ပါတော့မယ်။ အရင်ဥက္ကဋ္ဌဆီမှာ မဖြေရှင်းရသေးတဲ့ ကိစ္စအမျိုးမျိုးကို ကျွန်တော် သုံးရက်အတွင်း ဖြေရှင်းပေးမယ်လို့ ကတိပေးပါတယ်။ ဒါ့အပြင် ကျွန်တော်တို့တွေ ခင်ဗျားတို့ရဲ့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ပြောပြဖို့ နာမည်အမှန်နဲ့ ဒါမှမဟုတ် အမည်မသိ အကြောင်းကြားလို့ရအောင် ဌာနတစ်ခုနဲ့ အကြံပေးဌာနတစ်ခု ဖွင့်ပေးပါမယ်။ တိုင်ကြားရေးဌာနက တိုင်ကြားချက် ရရှိပြီး သုံးရက်အတွင်း ရလဒ်ကို ကြေညာပေးပါ့မယ်။ တိုင်ကြားရေးဌာနက သူ့တာဝန် မထမ်းဆောင်နိုင်ဘဲ ပျက်ကွက်ခဲ့မယ်ဆိုရင်တော့ အကြံပေးဌာနကိုသွားပြီး စာသွားတင်လို့ ရပါတယ်။ သူတို့တာဝန်ကို လျစ်လျူရှုတဲ့လူတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် အပြစ်ပေးမှာပါ။ အားလုံးပဲ ကျွန်တော်တို့ လူအင်အား အရင်းအမြစ်က အကန့်အသတ် ရှိတယ်ဆိုတာလည်း ကျေးဇူးပြုပြီး မှတ်ထားပေးပါ။ ခင်ဗျားတို့ရဲ့ အိမ်နီးချင်းပြဿနာတွေ တခြားနေ့စဉ် အသေးအမွှား ကိစ္စတွေကြောင့် တိုင်ကြားရေးဌာနကို မသွားပါနဲ့”
“ဟား ဟား”
ကြွယ်ဝချမ်းသာသည့် မိသားစုတွင် မွေးဖွားလာပြီး ပျိုးထောင်ပေးခြင်း ခံထားရသည့် မော့ဝမ်းယန်သည် လေထုကို ဖြေလျော့နိုင်သည့် အရည်အချင်းရှိသည်။ လေးနက်သည့် ကိစ္စရပ်များကို ပြောနေစဉ်သူက လူအများကို ရယ်မောအောင် လုပ်နိုင်သေး၏။ လူအုပ်ကြီးထဲရှိ စွမ်းအားရှင်တစ်ယောက်က ပြောလိုက်၏။
“ဗိုလ်ချုပ်မော့ ကြီးကြပ်ရေးဌာနက သူတို့တာဝန်ကို လစ်ဟင်းရင်ရော”
ထိုလူသည် နောက်နေမှန်း လူတိုင်းသိကြသည်။ သူသည် ယွင်ချဲ့က ယခင်တုန်းက စွမ်းအားရှင်ခန်းမထဲ၌ လူစုဆောင်းခြင်း လူများစွာ စနောက်နေသကဲ့သို့ပင် ဖြစ်သည်။
“ဒီလိုဆိုရင်တော့ ကျွန်တော်ဆီလာလို့ရတယ်။ ကျွန်တော်က အမည်သပ်သပ်ပဲ မဟုတ်ဘူးမလား။ ကျွန်တော်ပါ လစ်ဟင်းတယ်ဆိုရင်တော့ လွယ်ပါတယ်။ ကျွန်တော်နေရာကို ဥက္ကဋ္ဌအသစ်နဲ့ အစားထိုးလိုက်တော့”
“ဟား ဟား ဟား”
စွမ်းအားရှင်များက ဝါးလုံးကွဲ ရယ်မောပြန်၏။ လေထုအခြေအနေက ပိုကောင်းလာကာ မော့ဝမ်းယန်သည် စွမ်းအားရှင်များနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့ပြီးဖြစ်သည်။ သူသည် စစ်တပ်ထဲ၌ အားအကိုးရဆုံးလူ ဖြစ်လာလောက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ပြိုင်ဘက်များကမူ ပိုပိုပြီး စိတ်တိုလာကြ၏။
“အခု မော့ဝမ်းယန်က ဥက္ကဋ္ဌဖြစ်လာပြီ။ နောက်ဆုံးတော့ ငါတို့အနားယူနိုင်ပြီ”
လူအုပ်ကြီးထဲတွင် ရပ်နေစဉ် ယွင်ချဲ့က အကြောဆန့်လိုက်၏။ သူသည် ဓာတ်ခွဲခန်းကိစ္စကို စိုးရိမ်ပူပန်စရာ မလိုအပ်သောကြောင့် နောက်ထပ် ဦးစားပေးက သူတို့အဖွဲ့များကို ပိုသန်မာအောင် ပြုလုပ်ရန် ကူညီပေးဖို့ပဲဖြစ်သည်။ သူသည် ချန်ချန်လေးကို လေ့ကျင့်ပေးဖို့လည်း လိုအပ်နေ၏။ လတ်တလော၌ သူသည် ချန်ချန်ကျောင်းက ပြန်လာပြီးနောက် ဖုတ်ကောင်သတ်ရန် ချန်ချန်ကို ခေါ်သွား၏။ သူတို့ ထိုနေရာသို့ ရောက်သည့်အချိန်၌ ချန်ချန်က လူဆိုးများကို အော်ဟစ်နေပြီး စွမ်းအားလုံးမျိုးစုံကို ပစ်ပေါက်ကာ ဖုတ်ကောင်များကို ပျော်ရွှင်စွာ ဖြိုခွဲတော့၏။
“အင်း အင်း လတ်တလော မင်းပင်ပန်းနေတယ်ဆိုတာကို သိတယ်။ ဒီည ကိုယ့်ကို ညစာချက်စေချင်လား”
ဤရက်အတွင်း သူလည်းထပ်ပြီး အလုပ်များလာတော့မည်။ ယနေ့ ရွေးကောက်ပွဲ ရှိခြင်းကြောင့်သာ မဟုတ်လျှင် ဤနေရာ၌ ရပ်နေဖို့ အချိန်ရှိမှာမဟုတ်ပေ။
“ထားလိုက်တော့ အပြာရောင်လဖြစ်ပြီဆိုတာနဲ့ ကျွန်တော်တို့ အားလပ်ရက် ရမှာပဲ။ ကျွန်တော်အတွက် တကယ် ဖြည့်ဆည်းပေးချင်တယ်ဆိုရင် ဒီည ဝန်ဆောင်မှုပေးရင်ရော ဘယ်လိုလဲ”
ဝန်ဆောင်မှု ပေးခြင်းဆိုသည်က အိပ်ယာကို ပြောခြင်းသာဖြစ်သည်။ ရှင်းဖုန်းသည် သူ၏ တောင်းဆိုချက်ကို ကြားရသည့်အခါ ပျော်ရွှင်တာထက် ပိုသွားတော့သည်။
“မင်းပြောတာနော် မှတ်ထားလိုက်။ လမ်းတစ်ဝက်မှာ မရပ်ခိုင်းနဲ့”
“ဟေ့ ငါတို့ဒီမှာ ရပ်နေသေးတယ်လေ။ မင်းတို့ ချစ်ကြည်နူးနေတာတွေ ရပ်လိုက်လို့ မရဘူးလား”
ယွင်ချဲ့က ဘာမှမပြောရသေးခင် ကျို့ယွီသည် အဖွဲ့နှစ်ဖွဲ့၏ လူပျိုအားလုံး၏ကိုယ်စား ကန့်ကွက်တော့၏။ သူတို့တွေက ကြွားလုံးထုတ်ပြီးတော့ သူတို့တွေကို အိမ်သူရှာအောင် ဖိအားပေးနေတာလား။
“မင်း မင်း”
“ဦးဦး ဦးဦး”
ယွင်ချဲ့သည် သူအရှက်မဲ့ပုံကို ထိုလူများကို ပြတော့မည့်အချိန်၌ ချန်ချန်နှောက်ယှက်တာ ခံလိုက်ရသည်။ လူတိုင်းက အသံလာရာကို ကြည့်လိုက်ရာ ဧရာမ လင်းယုန်ပေါ်တွင်ထိုင်လျက် သူတို့ကို တာတာ့ပြနေသော ဖက်တီးလေးကို တွေ့လိုက်ရသည်။ သူ၏လက်ထ၌ ဖြူစွတ်နေသော မြေခွေးလေးတစ်ကောင်ကို ကိုင်ထားကာ သူ၏ဗိုက်ပေါ်၌ အနက်ရောင် ခွေးပေါက်လေး ရှိနေသည်။ လူများစွာက သူ့ကိုတွေ့ဖူး၏။ သူ၏ယွင်ချဲ့၏တူလေ။ ယွင်စီချန်းမှန်း သူတို့သိကြသည်။
“ဦးဦး လူဆိုးတွေကို သွားရိုက်ကြရအောင်”
ချန်ချန်သည် လင်းယုန်ကို ခပ်နိမ့်နိမ့် ပျံသန်းခိုင်းလိုက်၏။ ကျောင်းကနေ ပြန်လာပြီး ညစာစားပြီးနောက် သူက တက်ကြွနေတော့၏။
“ကိစ္စမရှိဘူး”
ခေါင်းတစ်ချက်ညိမ့်ပြီးနောက် ယွင်ချဲ့သည် သူ့ကို လေထဲရောက်ရန် လေထုစွမ်းအားကို အသုံးပြုပြီး ဧရာမ လင်းယုန်ပေါ်၌ ထိုင်လိုက်၏။ ၎င်းကိုမြင်ပြီး ယွင်ချဲ့က အော်ပြောလိုက်၏။
“အစ်ကို ကျွန်တော်လည်း အစ်ကိုနဲ့သွားချင်တယ်”
“မင်းငါတို့နဲ့ လိုက်ခဲ့ရင် ငါတို့ဘာကိုမှ ရိုက်လို့ရမှာ မဟုတ်ဘူးလေ။ လိမ်လိမ်မာမာနေ ယဲ့ဟန်နဲ့ အိမ်ပြန်လိုက်”
စူပါဖုတ်ကောင် တစ်ကောင်က ထိုနေရာ၌ ရှိနေလျှင် ကျန်သည့်ဖုတ်ကောင်များအားလုံး ချက်ချင်း ထွက်ပြေးသွားလိမ့်မယ်။ ထိုအခါ ချန်ချန်က မည်သို့ လေ့ကျင့်ရတော့မည်နည်း။
ထိုသို့ပြောပြီးနောက် ယွင်ချန်းသည် လင်းယုန်ကိုပုတ်ကာ ဧရာမလင်းယုန်ကို ဆက်သွားရန် ညွှန်ပြလိုက်၏။ ထိုအားကျနေသည့် လူများက ၎င်းကိုကြည့်ပြီး အားကျနေကြကာ လင်းယုန်က ကောင်းကင်ထဲ ပျံသန်းသွားပြီး ယွင်ချဲ့နှင့် ချန်ချန်တို့က အခြေစိုက်စခန်း အပြင်ဘက်သို့ ထွက်သွား၏။
ခဏအကြာတွင် ရွေးကောက်ပွဲ ပြီးသွားပြီးနောက် လူအုပ်ကြီးက လူစုခွဲသွားတော့သည်။ ချောင်ယဲ့နှင့် ရင်းနှီးသည့် ချန်ဟွားနှင့် လင်းတရှန်တို့က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“သူတို့သွားရိုက်မဲ့ လူဆိုးတွေက ဘယ်သူလဲ”
ထွက်သွားတော့မည့် ကျိုးစွယ်ယွီက တမင်တကာဖြင့် အသံမြှင့်ပြောလိုက်၏။
“သူတို့က ဖုတ်ကောင်တွေကို သတ်နေတာ”
“စိတ်မရှိပါနဲ့”
လူတိုင်းသည် သူ့အဖြေကို ကြားလိုက်ရသည့်အခါ ထိတ်လန့်သွား၏။ ခေါင်းဆောင်ယွင်အဖို့ ဖုတ်ကောင်များကို သတ်တာက မထူးဆန်းပေ။ သို့သော် ချစ်စဖွယ်ကောင်းသည့် ကလေးလေးကရော။ သူက နောက်နေတာမလား။ နောက်နေတာ မဟုတ်လောက်ဘူး။ ဒါက သူတို့အဖွဲ့က အလွန်သန်မာသည်ဆိုသည့် လျို့ဝှက်ချက်ပဲ။ သူတို့က ငယ်ငယ်လေးကတည်းကနေ ဖုတ်ကောင်တွေသတ်ဖို့ ကလေးတွေကို လေ့ကျင့်ပေးထားတာ။ ထိုသို့တွေးမိပြီးနောက် ထိုလူများသည် ထိပ်ဦးက ပိုဆန်းကြယ်ပြီး ကြောက်မက်ဖွယ် ကောင်းကြောင်း ရှာတွေ့သွားကြသည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset