YMR- အခန်း ၁၈၀

အခန်း ၁၈၀။

အရိုးဆွေးသွေးနွယ်ပင်နှင့် ရွေလင်းယုန်များ၏ တိုက်ခိုက်မှု
“တစ်လျှောက်လုံး လိုက်နိုင်တာပဲလေ”
လက်တစ်ဖက်ဖြင့် လန်ယဲ့ဟန်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူသည် ပင်ပေါင်ဘောလုံး အရွယ်အစားခန့်ရှိ အဆင့်သုံးသလင်းအမြုတေကို စားသောက်နေလျက် ယွင်ချန်းသည် သူ၏စွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်ကြောင်း သဘောမပေါက်ဘဲ သာမန်ကာလျှံကာဖြေလေ၏။
“တစ်နည်းအားဖြင့် တိုက်ဆိုင်တာ မဟုတ်ဘဲ မင်းက အဲဒါကို ထိန်းချုပ်နေကျပေါ့ ဟုတ်လား”
ထိုအတိုင်းသာဆိုလျှင် သူ၏စိုးရိမ်ပူပန်မှုကို ဖယ်ရှားနိုင်ပြီဖြစ်သည်။
ယွင်ချန်းက ခေါင်းလေးစောင်းလျက် ခဏတာစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်”
လူတိုင်းက သူ့ကို ကောင်းမွန်စွာ ဆက်ဆံ၏။ သူသည် ၎င်းကိုအသုံးပြုရန် အခွင့်အရေး မရခဲ့တာပဲဖြစ်၏။ ယွင်ချန်းက သူ၏အစ်ကို ပြောရန်ကြိုးစားနေသည့်အရာကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးလာ၏။
“ဒီတော့ မင်းက ထိမိသွားတာနဲ့ ရန်သူကို ပေါက်ကွဲအောင် လုပ်နိုင်တာလား ဒါမှမဟုတ် တိုက်ခိုက်ဖို့အတွက် မင်းရဲ့စွမ်းအား သွင်းရတာလား”
ချန်းသည် အနီးကပ်သာ တိုက်ခိုက်နိုင်သည်ဆိုပါက သူ၏အသန့်ကြိုက်ပုံဖြင့် မလိုအပ်လျှင် တစ်ယောက်တည်း တိုက်ခိုက်ဖို့ မဖြစ်နိုင်လောက်ပေ။ ယွင်ချဲ့က အမှန်တကယ် စိုးရိမ်ပူပန်လာ၏။ သူ့ကို ထိုကဲ့သို့ အသန့်ကြိုက်သော လူထူးလူဆန်းအဖြစ် ပျိုးထောင်ခဲ့မိတာကိုတောင် နောင်တရလာသည်။
“ဒီလိုမျိုးလား”
“ဘုန်း”
“အား”
ယွင်ချန်းက မျက်တောင်ခတ်လျက် လက်ကို ဆန့်ထုတ်လိုက်သည်။ လက်သီးဆုပ်လိုက်ကာ အလင်းလုံးတစ်လုံးကို စုစည်းလျက် ၎င်းကိုတွန်းထုတ်လိုက်ရာ သူ့ဘေးရှိ အပင်က ချက်ချင်း လဲပြိုသွားတော့သည်။ ယွင်ချဲ့က သူ၏ညီလေးကို လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်သွားပြီး မျက်နှာရှုံ့မဲ့သွား၏။ အဝေးကနေ အးမတိုက်ခိုက်နိုင်တာ မဟုတ်ပေ။ သူက မည်သို့ တိုက်ခိုက်ရမည်မှန်း မသိရုံသာဖြစ်သည်။ သူက သဘောတရားတစ်ခု ပြောရုံမျှသာ ဖြစ်သော်ငြား ယွင်ချန်းက မည်သို့ ပြုလုပ်ကမည်ဆိုတာ ချက်ချင်းသိသွား၏။ အချို့သော အကြောင်းအရင်းကြောင့် ယွင်ချဲ့သည် သူ၏ဉာဏ်ထက်မြက်မှုသည် တစ်ဖက်သူက အသိဉာဏ် ပြန်လည်မရရှိသေးသည့်တိုင် ယွင်ချန်း၏ ဖိနှိပ်မှုကို ထပ်မံခံရပြီဟု ခံစားမိလိုက်သည်။
သူ၏စိတ်ခံစားချက် ပြောင်းလဲသွားတာကို သတိပြုမိပြီး ရှင်းဖုန်းက သူ့ကိုနှစခသိမ်ရန် လက်ကို ဖျစ်ညှစ်လိုက်တော့၏။ အကြိမ်အနည်းငယ် ထိတ်လန့်သွားပြီးနောက် သူသည် ယခုအခေါက်၌ စိတ်ထဲလေးလံနေသည့်တိုင် အတော်လေး တည်ငြိမ်နေ၏။ သူတို့က ဖုတ်ကောင်များသာ ယွင်ချန်းကဲ့သို့ အဆင့်ရောက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအား ရှိနေခဲ့မည်ဆိုလျှင် ဖုတ်ကောင်များကို တိုက်ခိုက်ရန် ခက်ခဲလောက်မည်ဟု သူတွေးမိသည်။

“ဟုတ်ပြီ”
အတော်ကြာပြီးနောက် ယွင်ချဲ့သည် ရွေးချယ်စရာ မရှိတော့ဘဲ လန်ယဲ့ဟန်ကို အကြည့်ဖြင့် အချက်ပြကာ သူ့ကို တာဝန်ယူခိုင်းလိုက်တော့၏။ လန်ယဲ့ဟန်သည် ယွင်ချန်းကို သူ၏စွမ်းအား အသုံးပြုရမည့်ပုံကို ရှင်းရှင်းလင်းလင်း ပြောပြလိမ့်မည်ဟု သူယုံကြည်၏။
ယွင်ချဲ့၏မျက်နှာနှင့် တစ်ထပ်တည်း တူညီသော ဘေးတိုက်မျက်နှာကို ကြည့်ပြီး ရှင်းဖုန်းက သူ့ကို သူ၏ညီငယ်လေးပမာ ချစ်မြတ်နိုးမိသည်။ နယ်မြေစွမ်းအားထဲကနေ ထွက်လာခါစအချိန်၌ သူ့ကိုယ်သူတောင် ကောင်းကောင်း မဖော်ပြနိုင်သော ယွင်ချန်းသည် ယခုဆို သူတို့နှင့် ဆက်သွယ်ပြောဆိုနိုင်ပြီဖြစ်ကာ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ tabletစသည့် လျှပ်စစ်ပစ္စည်းများကို မည်သို့အသုံးပြုရမည်ဆိုတာလည်း သင်ယူနိုင်ခဲ့ပြီဖြစ်သည်။ ယနေ့တွင်သူက လူတိုင်းကို တစ်ဖန် အံ့အားသင့်သွားစေပြန်၏။ သူသည် ထိတ်လန့်ဖွယ်ကောင်းသည့် အရှိန်ဖြင့် ကြီးပြင်းလာသည့်တိုင် မပြောင်းလဲသည့် အရာတစ်ခုရှိ၏။ ယင်းက သူသာ သန့်စင်ပြီး အပြစ်ကင်းဆဲဖြစ်ကာ ယွင်ချဲ့နှင့် ဆန့်ကျင်ဘက်ဖြစ်စေသည့် ခံစားချက်များ ရှိစေသည်။ ညီအစ်ကိုနှစ်ယောက်တွင် တူညီသည့် တစ်ခုတည်းသောအရာက နှစ်ယောက်လုံးသည် အတိုက်အခိုက် အလွန်တော်တာပဲဖြစ်သည်။
ယွင်ချန်းသည် ယခင်က စာတော်သူဖြစ်ကြောင်း ရှင်းဖုန်းကြားခဲ့ဖူး၏။ သူ၎င်းကို ယုံကြည်သွားပြီဖြစ်သည် မဟုတ်ပါက သူ၌ ဤကဲ့သို့ ထက်မြက်သည့် သတိပြုမှုမျိုး ရှိမည်နည်း။
“ဂရုစိုက်”
လေးယောက်သားသည် သားရဲနှစ်ကောင်နှင့်အတူ အစွန်းသို့ ရောကါတော့မည့်အချိန်တွင် ယွင်ချဲ့က သူတို့ကို ဟန့်တားရန် လက်ကို ရုတ်တရက် မြှောက်လိုက်၏။ လူတိုင်းက ငုံ့ကြည့်လိုက်ရာ ကျောက်ထရံ၏ ဝင်ပေါက်များထက်၌ နွယ်ပင်များ ရှိနေတာကို တွေ့လိုက်ရသည်။ လက်ဝါးအရွယ်အစားခန့်ရှိသည့် သစ်ရွက်များက စိန်ပုံသဏ္ဌာန်ဖြစ်သည်။ သူတို့၏ အနက်ရောင်နှင့် အနီရောင်နွယ်ကြိုးများသည် လုံးပတ်တုပ်လှကာ အရွက်များဖြင့် ကြည့်လှ‌နေ၏။ သို့သော် အနီးကပ် ကြည့်မိချိန်၌ ထိုအရွက်များနှင့် နွယ်ပင်များသည် သူတို့ရှိရာဆီသို့ နည်းနည်းစီ ရွေ့လာနေကြောင်း သဘောပေါက်သွား၏။ သူတို့သာ ခြေလှမ်းအနည်းငယ် ရှေ့ဆက်တိုးမိခဲ့လျှင် နွယ်ပင်များက သူတို့ကို သေချာပေါက် တိုက်ခိုက်လိမ့်မည်။ ဒီတော့ အဲဒါက အ‌ရိုးဆွေးသွေးနွယ်လား”
ရှင်းဖုန်းက မျက်လုံးပိတ်လျက် တစ်ချက် အနံ့ခံလိုက်သည်။ နွယ်ပင်များက အလွန်သာယာသည့်အနံ့မျိုး ထုတ်နေပုံရ၏။
“ဟုတ်တယ် သူတို့အမြစ်က ချောက်ကမ်းပါးအောက်မှာ ရှိလောက်တယ် ခင်ဗျားတို့တွေ ဒီမှာစောင့်ပြီး အနားက သန္ဓပြောင်းသားရဲတွေကို ကြည့်ထား ဟေးယွီနဲ့ကျွန်တော် နွယ်ပင်တွေကိုယူဖို့ ချောက်ကမ်းပါးဆီ သွားလိုက်မယ်”
ယွင်ချဲ့က ခေါင်းတစ်ချက်ညိတ်ပြီး ဟေးယွီ၏ နောက်ကျောပေါ်ကနေ ခုန်ဆင်းလိုက်၏။ သူတို့သည် သစ်သားစွမ်းအားရှင်များအတွက် နွယ်တစ်ပိုင်းသာ ယူလာဖို့ လိုအပ်သည်။ နေရာသေးလေး၌ စိုက်ပျိုးခဲ့လျှင် စွမ်းအားရှင်များက ကြီးပြင်းအောင် စိုက်ပျိုးပေးနိုင်လိမ့်မည်။ သို့သော် ချောင်ယန်းက ကြီးမားလွန်းမေ၏။ ယခုချက်ချင်းပင် အစုတစ်ခုလုံးကို ဖျေဖို့ လိုအပ်နေသည်။ သူက အမြစ်ကို ရေနွေးလောင်း‌ရန်လည်း လိုအပ်နေသည်။ ထို့ကြောင့် သူတို့အမြစ်ကို ရှာပြီး တူးထုတ်ရမည်။
“ဂရုစိုက်”
ယွင်ချဲ့၏ လေစွမ်းအားသည် သူ့ကို နွယ်ပင်များ ရှာမတွေ့အောင် ကာကွယ်ထားပေးမည်မှန်း သိနေသောကြောင့် ရှင်းဖုန်းသည် သိပ်ပြီး စိုးရိမ်ပူပန်ခြင်း မရှိပေ။ ယွင်ချဲ့က သူတို့ကို ခေါင်းတစ်ချက် ညိတ်ပြပြီး ဟေးယွီ၏ကျောပေါ်တွင် ထိုင်ပြီးနောက် လေထုစွမ်းအား အလွှာတစ်ခုသည် ဟေးယွီ ခုန်အုပ်လိုက်ချိန်၌ သူတို့ကို လွှမ်းခြုံသွားကာ နှစ်ယောက်သားက ချောက်ကမ်းပါးကနေ ပျောက်ကွယ်သွားတော့သည်။ သားရဲနတ်ဘုရားက အနားတွင် မရှိတော့သည်နှင့် ပတ်ဝန်းကျင်ရှိတောအုပ်က စတင်လှုပ်ရှားလာပြီး အမျိုးမျိုးသောသားရဒများ ပေါ်လာကာ သူတို့အစွယ်များကို ပြသနေတော့သည်။
“အာဝူး”
ဝံပုလွေဘုရင်က ခေါင်းမော့ပြီး အူလိုက်ရာ ပေါ်လာခါစသားရဲများသည် တောအုပ်ထဲသို့ လျင်မြန်သွာ ထွက်ပြေးကုန်၏။ ဖုတ်ကောင်များအပြင် သန္ဓေပြောင်းသားရဲများကလည်း အလွန်ဆုံးမှ အဆင့်သုံးဝန်းကျင်တွင်သာ ရှိ၏။ ထို့ကြောင့် အဆင့်လေးသို့ ရောက်တော့မည့် ဝံပုလွေဘုရင်သည် အလွန်ကြောက်မယ်ဖွယ် ကောင်းနေသေးသည်။
“မင်းက သိပ်အံ့ဩဖို့ကောင်းတာပဲ ဝံပုလွေဘုရင်”
ယွင်ချန်းက စိတ်လှုပ်ရှားပြီး လက်ခုပ်တီးကာ ကြောက်လန့်သွားခြင်း မရှိပေ။ အကြည့်အနည်းငယ် ဖလှယ်ပြီးနောက် လန်ယဲ့ဟန်နှင့် ရှင်းဖုန်းတို့က သူတို့၏စွမ်းအားများကို ထုတ်လိုက်၏။ သူတို့စိုးရိမ်ပူပန်တာ များနေပုံပေါ်သည်။ ဟေးယွီ အနားမှာ မရှိသည့်တိုင် တောအုပ်၏ ဘုရင်ဖြစ်ခဲ့ဖူးသည့် ဝံပုလွေဘုရင် ရှိနေသေးသည်။
“ဟူး”
သူတို့ သက်ပြင်းချလိုက်ချိန်၌ လေခွင်းသံတစ်သံကို ကြားလိုက်ရ၏။ ရွှေရောင် ငှက်မွေးများဖြင့် အညိုရောင်ခေါင်းရှိသည့် လင်းယုန်‌တစ်ကောင် အနည်းဆုံး သုံးမီတာခန့်မြင့်ပြီး တောင်ပံမျညး ဖြန့်လိုက်လျှင် ရှစ်မီတာခန့်ရှိတာ သူတို့ခေါင်းဆီသို့ ဦးတည်ပျံသန်းလာပြီး ၎င်း၏ချွန်ထက်သော လက်သည်းများဖြင့် ဝံပုလွေဘုရင်ကို ချိန်ရွယ်ထားလေ၏။
“အာဝူး”
ဝံပုလွေဘုရင်က အူလိုက်ပြီးတော့ ချက်ချင်းပင် ၎င်း၏‌သန္ဓေပြောင်းအသွင်ကို ပြောင်းလဲလိုက်‌တော့သည်။ သို့သော် ရှေ့တက်သွားရမည့်အစား သူက လှည့်ပြေး၏။ သွေးနွယ်ပင်များ၏ တိုက်ခိုက်သည့် အကျယ်အဝန်းထဲကနေ လွတ်မြောက်ပြီးနောက် သူသည် လေထဲခုန်တက်ကာ ချွန်ထက်သော အစွယ်များဖြင့် ရွှေရောင်လင်းယုန်၏ လည်ပင်းကို ခဲထားလိုက်‌တော့သည်။
“ထန် ထန်”
သူတို့၏ချွန်ထက်သော လက်သည်းများက တစ်ဖက်နှင့်တစ်ဖက် ပထမဆုံးအကြိမ် ထိမိသွားတော့၏။ သို့‌သော်ငြား ရွှေလင်းယုန်၏ ငှက်မွေးနှင့် ဝံပုလွေဘုရင်၏ခန္ဓာသည် သန္ဓေပြောင်းပြီးနောက် အလွန်မာကြောသွားသောကြောင့် တိုက်မိသည့်အသံသာ ကြားရပြီး နှစ်ယောက်လုံး ဒဏ်ရာရပုံမပေါ်ပေ။
“ကြီးလိုက်တဲ့ ရွှေလင်းယုန်ပဲ”
ရှင်းဖုန်းသည် ကမန်းကတမ်း ပြေးလာပြီးနောက် ထုတ်ဖော်ပြောလိုက်၏။ ရွှေလင်းယုန်သည် လင်းယုန်မျိုးနွယ်ဝင် ဖြစ်ပြီး သားရဒတစ်မျိုးလည်းဖြစ်၏။ ၎င်း၏ ထူးချွန်ထက်မြက်သောသွင်ပြင်၊ လျင်မြန်ဖျတ်လတ်မှု၊ အားကောင်းသော မြန်ဆန်မှု‌တို့ကြောင့် လူသိများသည်။ အရွယ်ရောက်သည့် လင်းယုန်တစ်ကောင်သည် တောင်ပံဖြန့်လိုက်လျှင် နှစ်မီတာကျော်ခန့်ရှိပြီး ကိုယ်ထည်က တစ်မီတာကျော်ရှိ၏။ ကမ္ဘာကြီး၏ အကြီးမားဆုံး ရွှေရောင်လင်းယုန်သည် အီတလီ၌ ရှာတွေ့သွားပြီး တောင်ပံသည် သုံးမီတာခန့်ရှိ၏။ ၎င်း၏ ချွန်ထက်သော လက်သည်းများသည် နှစ်ဆယ် ကီလိုဂရမ်ကျော်ခန့်လေးသည့် အရာဝတ္ထုများကို ထိန်းထားနိုင်သည်။
သို့သော် ကမ္ဘာကြီးရှိ အကြီးမားဆုံး ရွှေလင်းယုန်ဟု ခေါ်သည့်အရာသည် အနည်းဆုံး သုံးမီတာခန့်ရှည်သည့် ခန္ဓာကိုယ်ရှိကာ တောင်ပံရှစ်မီတာခန့်ရှိသည့် ဤထူးဆန်းသော ရွှေလင်းယုန်နှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပုံရသည်။
၎င်းသည် ဝံပုလွေဘုရင်ကို တိုက်ခိုက်ရဲသောကြောင့် အ‌ဆင့်လေးသို့ ရောက်ပြီးတာ ဖြစ်ရမည်။
“ယွင်ချဲ့က ခင်ဗျားအတွက် တိရစ္ဆာန်တစ်ကောင် ဖမ်းပေးချင်သေးတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား”
လင်းယုန်သည် ရှင်းဖုန်းနှင့်အဆင်ပြေလောက်ကြောင်း မြင်သောအခါ လန်ယဲ့ဟန်က သူ့ကိုကြည့်ပြီးနောက် အရင်တုန်းက ပြောခဲ့ဖူးသည့်အကြောင်းကို ထုတ်ပြောလိုက်၏။ အစတုန်းက ယွင်ချဲ့နှင့် ရှင်းဖုန်း၏ ဆက်ဆံရေးကို သူ မထောက်ခံခဲ့သော်ငြား ယခု သူငြင်းစရာ အကြောင်းမရှိတော့ပေ။ ထို့အပြင် ရှင်းဖုန်းက ယွင်ချဲ့အပေါ် အမှန်တကယ် စစ်မှန်ပုံပေါ်၏။
“ဟားဟား ငါ့ဘာသာငါ ယဉ်ပါးအောင် လုပ်ချင်တယ်”
ထိုသို့ပြောပြီးနောက် ရှင်းဖုန်းသည် ရုတ်တရက် အရှိန်ထိန်းကာ ဝံပုလွေဘုရင်ကို အော်ဟစ်လျက် တစ်ဖက်သူ၏ကျောပေါ်သို့ ခုန်တက်ကာ သူ၏ရွှေရောင်ဖဲကြိုးများဖြင့် လေထဲတွင် ပျံဝဲနေသောလင်းယုန်ကို ချိန်ရွယ်လိုက်တော့သည်။
“ကူး”
ကြီးမားသည့် ရွှေလင်းယုန်သည် လေထဲ ရုတ်တရက် လှည့်သွားပြီးနောက် ရွှေရောင်ဖဲကြိုးများကို ရှောင်ကာစူးရှစွာအော်လျက် ထိုးဆင်းလာတော့သည်။
“ဘန်း”
ဝံပုလွေဘုရင်သည် အဝေးသို့ လျင်မြန်စွာ ခုန်လိုက်၏။ ရွှေလင်းယုန်၏ ချွန်ထက်သည့် လက်သည်းသည် သစ်ပင်နှင့် ထိမိသွားပြီး သစ်ပင်က ထက်ပိုင်းကြိုးသွားတော့၏။
“ထန်းထန်း”
ဝံပုလွေဘုရင်၏ ကျောပေါ်တွင်ရှိသော ရှင်းဖုန်းက ရွှေလင်းယုန် တုံ့တောင် မတုံ့ပြန်နိုင်သေးခင် သူ့ကို ရွှေကျည်ဆန်များဖြင့် ပစ်တော့၏။ ဖုတ်ကောင်များကို အလွယ်တကူ ထိုးဖောက်နိုင်ကျ ကျည်ဆန်များသည် လင်းယုန်ပေါ်၌ အာနိသင်မရှိပုံ ပေါ်၏။ ရှင်းဖုန်းသည် ကျန်လက်တစ်ဖက်ဖြင့် ရွှေရောင်ဖဲကြိုးများကို ပစ်ထုတ်လျက် ရွှေလင်းယုန်၏ လည်ပင်းနား၌ ရစ်ပတ်ကာ သူ့ကို ခွာမချနိုင်အောင် ဟန့်တားလိုက်၏။ လင်းယုန်များ စိုးမိုးသည့် ဝေဟင်ထဲသို့ ၎င်းကို ပြန်ခွင့်ပေးမှာ မဟုတ်ပေ။
“ကူး”
လည်ပင်းကို အဖမ်းခံလိုက်ရသည့် ရွှေလင်းယုန်က အော်ဟစ်လျက် ရုန်းကန်နေကာ ရှင်းဖုန်းဆီသို့ ၎င်း၏ကြီးမားသည့် ခန္ဓာကိုယ်ကြီးဖြင့် ပျံသန်းလာလျက် မြေပြင်နှင့် ထိလုနီးပါး ဖြစ်သွား၏။ ၎င်း၏တောင်ပံများသည် ချွန်ထက်သော ဓားသွားများပမာ ဖြန့်ထားလျက် သူနှင့်ထိမိသည့် သစ်ပင်များ၊ ပန်းပင်များအားလုံးကို ဖြတ်တောက်သွားတော့သည်။ ယွင်ချန်းသည် အစောတုန်းက အနားတဝိုက်ရှိ သန္ဓေပြောင်းသစ်ပင်အားလုံးကို ဖျက်ဆီးခဲ့ပြီး ကျန်ရှိသည်က သာမန်သစ်ပင်များ ဖြစ်နေသောကြောင့် ဖြစ်နိုင်သည်။ မဟုတ်လျှင် ရွှေလင်းယုန်၏တောင်ပံများသည် သန္ဓေပြောင်းပြီးသည့်တိုင် ထိုမျှချွန်ထက်ဖို့က မဖြစ်နိုင်ပေ။
“ဘန်းဘန်း”
ရွှေလင်းယုန်၏ လက်သည်းများကတောင် ငှက်မွေးများဖြင့် ဖုန်းနေလျက် ရွှေကျည်ဆန်များသည် ၎င်း၏သဘာဝ သံချပ်ကာကို မထိုးဖောက်နိုင်။ ရှင်းဖုန်းသည် ၎င်း၏အားနည်းချက်ကို ပစ်မှတ်ထားလျက် မျက်လုံးဆီသို့သာ ကျည်ဆန်ဖြင့် ချိန်ရွယ်လိုက်သည်။ ကံဆိုးသည်မှာ ရွှေလင်းယုန်က ဉာဏ်ရှိပြီး တောင်ပံကို စေ့လျက် အကြိမ်တိုင်း၌ ကျည်ဆန်များကို ရှောင်ခဲ့၏။ ဝံပုလွေဘုရင်သည် ရှင်းဖုန်း၏ တိုက်ခိုက်မှုနှင့် ပူးပေါင်းကာ ရွှေလင်းယုန်ကို သူတို့နား မကပ်အောင် နောက်ဆက်တိုက် ဆုတ်နေ၏။ သို့သော်
“ဇွန်း”
သူတို့က မတိုးသာ မလျော့သာအခြေအနေ၌ သူတို့ခေါင်းထက်တွင် အသံတစ်သံကို ကြားလိုက်ရ၏။ တစ်ဖန် ရှင်းဖုန်း၊ ဝံပုလွေဘုရင်တို့နှင့် တိုက်ခိုက်နေသောအကောင်ထက် ပိုတောင်ကြီးမားသော ရွှေရောင်လင်းယုန်သည် အကောင်အရေအတွက် အနည်းဆုံ ရှစ်ကောင်ခန့်ရှိမည့် လင်းယုန်လေးများနှင့် ပျံသန်းလာလေ၏။
“ချန်း သူတို့ကို ကူတိုက်ခိုက်ပေးဦး”
ဘေးကနေ ကြည့်နေသော လန်ယဲ့ဟန်သည် မီးဓားသွားကို ချက်ချင်းထုတ်ဖော်လျက် ထိုရွှေလင်းယုန်များ ရှင်းဖုန်းနှင့် ဝံပုလွေဘုရင်နားမကပ်နိုင်အောင် တားတော့၏။ ကံဆိုးသည်မှာ ဦးဆောင်လာသည့် လင်းယုန်က ၎င်း၏တောင်ပံကို ခတ်ရုံမျှသာ ရှိသေး၏။ သူ၏မီးဓားသွားသည် နေရာအနှံ့ လွင့်စဉ်သွားပြီဖြစ်သည်။
“ဟန်ဟန်ကို အနိုင်မကျင့်နဲ့”
“ဘန်းဘန်း”
ယွင်ချန်းက ရှေ့တိုးပြီး လန်ယဲ့ဟန်ရှေ့၌ရပ်ကာ အလင်းလုံးကို ထုတ်သုံးလျက် ပစ်ထုတ်လိုက်၏။ ဦးဆောင်လာသည့် ခေါင်းဆောင်လင်းယုန်ကြီးက လွင့်ထွက်သွားပြီးနောက် သူ့နောက်ရှိ လင်းယုန်လေးများကလည်း မလွတ်နိုင်ခဲ့ပေ။ ရွှေကျည်ဆန်များသည် သူတို့ကို မထိုးဖောက်နိုင်သော်ငြား ပေါက်ကွဲခြင်း အလင်းလုံးသည် သူတို့ကို နောက်ဆုံးတော့ ဖိအားပေးနိုင်ခဲ့ပြီ။ အလင်းလုံး ထိမိသွားသည့်နေရာတိုင်း ငှက်မွေးများ ကျွတ်ကျသွားစေ၏။
“ဇွန်း”
လန်ယဲ့ဟန်သည် အခွင့်အရေးကို စောင့်နေကာ အလင်းလုံး ထွက်ပေါ်လာပြီးနောက် မီးဓားသွားကို ထုတ်ဖော်လိုက်၏။ အလင်းဓားသွားများသည် ရွှေလင်းယုန်၏ ငှက်မွေးများကို လွင့်ထွက်သွားစေပြီးနောက် မီးဓားသည် သူတို့မခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။ သံချပ်ကာအနေဖြင့် ပံ့ပိုးပေးသည့် ငှက်မွေးများမရှိဘဲ ရွှေရောင်လင်းယုန်များသည် သာမန်ငှက်များကဲ့သို့ပင် ဘာမှကြောက်စရာ မကောင်းတော့ပေ။ နှစ်ယောက်သားက အဖွဲ့ဖွဲ့ပြီး တပြိုင်နက်တည်း ရွှေလင်းယုန်သုံးကောင်ကို သတ်ဖြတ်လိုက်၏။
“ချန်း ဒီမှာရောပဲ”
ပထမဆုံး ရွှေရောင်လင်းယုန်ကို တိုက်ခိုက်နေသော ရှင်းဖုန်းသည် အဖြစ်အပျက်ကို မြင်သောအခါ လှမ်းအော်လိုက်၏။ ယွင်ချန်းသည် မှင်တက်စွာ လှည့်ကြည့်ပြီးနောက် အလိုလိုပင် အလင်းလုံးတစ်လုံးကို ပစ်ထုတ်လိုက်သည်။
“ဘန်း”
“အို့”
အလင်းလုံးသည် ရွှေလင်းယုန်၏ ဘယ်တောင်ပံကိုထိသွားပြီး သူ၏ငှက်မွေးများ ချက်ချင်း လွင့်ထွက်သွားစေကာ ရွှေလင်းယုန်ကို နာကျင်စူးရှစွာ အော်စေတော့၏။ ရှင်းဖုန်းသည် အခွင့်အရေးယူပြီး ၎င်း၏လည်ပင်းတစ်ဝိုက် ရွှေရောင်ဖဲကြိုးကို သွင်းလျက် တောင်ပံကိုပါ ဦးတည်ကာ လင်းယုန်ကို ထိုးစိုက်လိုက်၏။
“အညံ့ခံမလား သေမလား”
ဝံပုလွေဘုရင်ကို စီးထားလျက် ရှင်းဖုန်းသည် ရွှေရောင်လင်းယုန်ဆီသို့သွားကာ ထိန်းကိုင်ထားလိုက်၏။ ရွှေလင်းယုန်၏ဒဏ်ရာမှ သွေးများသည် မြေပြင်ပေါ် စွန်းထင်းနေပြီဖြစ်သည်။
“အို့”
ရွှေလင်းယုန်က ငြီးတွားလျက် သူ့ကိုကြည့်ကာ အညံ့မခံလိုပုံ ပေါ်၏။ ရှင်းဖုန်းသည် ဆက်လက်တိုက်ခိုက်တော့မည့်အချိန်၌ သူတို့ခေါင်းထက်ရှိ အကြီးဆုံးရွှေရောင်လင်းယုန်က လျင်မြန်စွာ ဦးတည်ဆင်းလာ၏။ ၎င်း၏ချွန်ထက်သော နှုတ်သီးဖြင့် ရှင်းဖုန်း၏ခေါင်းကို ထိုး‌စိုက်တော့မည့်အချိန်၌ ကြီးမားသည့် အနက်ရောင်အရိပ်သည် ကျောက်ထရံဝင်ပေါက်ကနေ ရုတ်တရက် ပေါ်ထွက်လာ၏။
“ဝေါင်း”
မြေကမ္ဘာတုန်လှုပ်ဖွယ်ဟိန်းသံသည် နက်ရှိုင်းသည့်တောအုပ်ထဲ ကြားနေရပြီး တောအုပ်ထဲ၌ လေးလံသော အရာဝတ္ထုများ ပြုတ်ကျလာတော့၏။ ရှင်းဖုန်းကို တိုက်ခိုက်နေသော လင်းယုန်ကြီးသည် တုန်ယင်သွားကာ မြေကြီးပေါ် ပြုတ်ကျလျက် တစ်ချိန်တည်းတွင် ၎င်း၏ခန္ဓာကိုယ်လည်း ကျုံ့သွားကာ ရှင်းဖုန်းဖမ်းထားသော ရွှေရောင်လင်းယုန်ကလည်း ကျုံ့သွား၏။ ယခုအချိန်တွင် သူစီးထားသည့် ဝံပုလွေဘုရင်က လန့်နေတာကို ရှင်းဖုန်း ခံစားမိ၏။ သူက ဘုရင်တစ်ပါးရောက်လာတာကို ကြို‌ဆိုနေသည့်ပမာဖြစ်နေတော့သည်။
….

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset