YMR- အခန်း ၁၇၉

အခန်း ၁၇၉။

အရူးမိသားစု
“အမ် မဟုတ်ဘူးပေါ့”
အညှစ်ခံထားရသည့်လူတိုင်းအတွက် ပေါက်ကွဲခြင်းအာနိသင် ထုတ်ဖော်ရန် မဖြစ်နိုင်ပေ။
ယွင်ချဲ့နှင့် လန်ယဲ့ဟန်ကလည်း ထိတ်လန့်ပြီး ပါးစပ်အဟောင်းသာ ဖြစ်နေလေ၏။ ယွင်ချန်းသည် ပုံမှန်ဆို အပြစ်ကင်းပြီး သန့်စင်သော လူတစ်ယောက်နှင့်တူပြီး သူ၏စွမ်းအားကို ရုတ်တရက် ပြသတာကို သူတို့ အသားမကျသောကြောင့် ဤနည်းအတိုင်း တုံ့ပြန်မိတာ သဘာဝကျသည်။ သို့သော်ငြား စဉ်းစားကြည့်လျှင် အဆင့်သုံး ဖုတ်ကောင်များကတောင် စွမ်းအားများ ရှိနေလေရာ ယွင်ချဲ့ဆို ပိုရှိပေမည်။ သူက ဒေါသထွက်နေသည့်အချိန်၌ တိုက်ခိုက်ရေးစွမ်းအားများကို မည်ကဲ့သို့ မပြသဘဲနေမည်နည်း။
“ဒါက ချန်းရဲ့စွမ်းအားလား”
သူသည် သိပ်မသေချာသော်ငြား သူ၏ညီလေးက ထိုကဲ့သို့ စွမ်းရည်များရှိသည့်အတွက် သူအလွန် ပျော်ရွှင်နေမိသည်။ အနည်းဆုံးတော့ သူအနိုင်ကျင့်ခံကမှာကို စိုးရိမ်ပူပန်ရန် မလိုတော့ပေ။ မည်သို့ပင် ဆိုစေကာမူ သူ့ညီလေး၏ အနာဂတ် ရန်သူများအတွက် အနည်းငယ်တော့ ကရုဏာသက်သွားသေး၏။ သူသာ တူညီသည့်အရာမျိုး ထပ်မံပြုလုပ်လိုက်လျှင် ရန်သူများက အသားစားများအဖြစ် ပေါက်ကွဲသွားမည် မဟုတ်ပါလော။
“မင်းတို့ညီအစ်ကိုတွေကို လူထူးလူဆန်းတွေလို့ ပြောသင့်လား”
နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားပြီးနောက် ရှင်းဖုန်းသည် လှည့်ကြည့်ကာ မရေရာသောအပြုံးမျိုးဖြင့် သူ့ကို ကြည့်လိုက်လေ၏။ သူတို့ ယွင်ချန်းကို အမြဲတမ်း ကာကွယ်နေကြပုံကို တွေးမိလိုက်သည်။ သူ၏ တိုက်ပွဲဝင်စွမ်းအားဖြင့် သူ့ကို မည်သူမှ ကာကွယ်ပေးဖို့ မလိုအပ်တော့ပေ။
“အတိအကျပဲသခင် သခင်တို့မိသားစုက လူထူးလူဆန်းတွေပြည့်နေတာပဲ ချန်ချန်လေးကလည်း လူထူးလူဆန်းလေ ကံကောင်းလို့ သခင့်မှာ ညီတစ်ယောက်နဲ့ တူတစ်ယောက်ပဲရှိတာ မဟုတ်ရင် ကျန်တဲ့သူတွေတော့ ဒုက္ခခံရတော့မှာပဲ”
ဟေးယွီသည် သူ့ကိုဝင်ရှုတ်ချရန် အခွင့်အရေးသုံးလိုက်၏။ ယွင်ချဲ့က သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်ပြီးနောက် ရုတ်တရက် နှုတ်ခမ်းက အပြုံးတစ်ပွင့်အဖြစ် ကွေးတက်သွားတော့သည်။
“ဒါကို ခင်ဗျားတို့နှစ်ယောက် မနာလိုဖြစ်နေတာလို့ ယူဆလိုက်မယ်”
ယွင်ချဲ့သာလျှင် ထိုကဲ့သို့ အရှက်မဲ့သောစကားများကို တည်ငြိမ်စွာပြောနိုင်၏။ ရှင်းဖုန်းကပြုံးလျက် သူ၏အရှက်မဲ့မှုသည် သူကြိုက်နှစ်သက်ကသည့် အရာဖြစ်ကြောင်း တွေးနေမိသည်။
“မင်းထက်ပိုပြီး အရှက်မရှိတဲ့သူကို မတွေ့ဖူးဘူးသခင် မင်းရဲ့ မောက်မာထောင်လွှားမှုက သမိုင်းကြောင်းထဲမှာ တကယ်ပြိုင်ဘက်ကင်းလွန်းတယ် ငါနဲ့ယှဉ်ရင် မင်းက ပထမဆုံးနဲ့ တစ်ဦးတည်းသော ငါရှက်တယ်လို့ ခံစားမိရတဲ့သူပဲ”
ဟေးယွီသည် သူ၏သခင်နှင့်ယှဉ်လျှင် သူကတကယ် နှိမ့်နှိမ့်ချချ အနေတတ်ဆုံးဟု တွေးလိုက်မိသည်။
“ဒါကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတယ်လို့ ခေါ်သင့်တယ်”
ယွင်ချဲ့က အလွန်တည်ငြိမ်ပုံ ပေါ်နေသေးကာ ဟေးယွီသည်လည်း သူ၏အရှက်မဲ့မှုကြောင့် ဆွံ့အသွားလေ၏။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိခြင်းကို အဓိပ္ပာယ်ဖွဲ့ဆိုရန် သူခက်ခဲနေသော်ငြား သူ၏သခင်သည် မည်သို့ပင် ကြည့်စေကာမူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိခြင်းကနေ မောက်‌မာထောင်လွှားခြင်းဟူသည့် အနေအထားသို့ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူခံစားမိနေ၏။ အင်တာနက်ပေါ်၌ လူတစ်ယောက်ကို တွေ့မြင်ခဲ့ဖူးသည်။ ထိုလူသည် အရှက်မရှိနေရန် ဆုံးဖြတ်ချက် ချလိုက်သည်နှင့် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသလို ခံစားခဲ့ရတာပဲဖြစ်၏။ သူက ဘာလုပ်လုပ် ဘာပြောပြော ဖိအား မခံစားရတော့ပေ။ သူ့ယခင်က မပြုလုပ်ရဲသည့်အရာများ ပြုလုပ်စေမူ၊ ပြောစေကာမူ ဖိအားများ မခံစားရတော့ဘဲ ကံကောင်းလျှင် လက်ခုပ်တီးသံတောင် ရရှိလိမ့်မည်။ သူရှုမြင်သည့် ပုံစံအရ သူ၏သခင်လည်း ဖော်ပြချက်နှင့် ကိုက်ညီနေ၏။
“ချန်း”
အတော်ကြာ ကြက်သေသေနေပြီးနောက် တစ်ဖက်ခြမ်းတွင်ရှိသော လန်ယဲ့ဟန်သည် ပြေးလာပြီး ယွင်ချန်းကိုကိုင်ကာ သူ့ကိုတစ်ချက် ကြည့်လိုက်၏။
“မင်းအဆင်ပြေရဲ့လား ဒဏ်ရာရသွားသေးလား နာနေရင်ပြောနော်”
တည်ငြိမ်နေကျ လန်ယဲ့ဟန်ကတောင် စိုးရိမ်ပူပန် လာချိန်၌ စတင်တုန်ရင်လာ၏။ ယွင်ချန်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ရသည့် အချိန်၌ သူသည်စိတ်က မတည်ငြိမ်နိုင်တော့ပေ။ ယွင်ချန်းက မည်သည့်ဝေဒနာမှ ခံစားရခြင်း မရှိသည်ကိုတောင် မေ့လျော့သွား၏။ သစ်ပင်နှလုံးသားကို စားသုံးပြီးနောက် သူသည် ထိတွေ့သည့်အချိန် သို့မဟုတ် နမ်းရှိုက်သည့်အချိန်တွင် တစ်စုံတစ်ခုကို အာရုံခံနိုင်သော်ငြား သူသည် မည်သည့်နာကျင်မှုကိုမှ မခံစားမိသေးပေ။
“ငါအဆင်မပြေဘူး”
ယွင်ချန်းက နှုတ်ခမ်းစူလျက် စိတ်မပျော်ဖြစ်သွားသည်မှာ လန်ယဲ့ဟန်ကို ထိတ်လန့်သွားစေ၏။
“ဘယ်မှာလဲ ကိုယ့်ကိုပြ”
“ငါ့အဝတ်အစားတွေ ညစ်ပတ်နေတယ်”
“အမ်”
လန်ယဲ့ဟန်က ချက်ချင်းပင် အံ့ဩဆွံ့အသွားကာ အချိန်အတော်ကြာသည်အထ် သူ့ကိုယ်သူ မတည်ဆောက်နိုင် ဖြစ်နေသည်။ ယွင်ချဲ့က သူတို့ဆီလျှောက်ပြီးနောက် ကူကယ်ရာမဲ့စွာ ပြောလိုက်၏။
“ရပါတယ် ငါတို့သန္ဓေပြောင်းသစ်ပင်ကို ဖြေရှင်းပြီးရင် မင်းကို အဝတ်အစားသစ် လဲပေးမယ်”
ယွင်ချန်းက အသန့်ကြိုက်လွန်းသည့် လူထူးလူဆန်းဖြစ်ပြီး လန်ယဲ့ဟန်သည် စိတ်ပြိုလဲရာကနေ အနည်းငယ် စိတ်ပူပန်လာ၏။
“ဒါပဲ‌လား”
ယွင်ချန်းသည် စိတ်မပျော်ရွှင်ရာ မျက်မှောင်ကြုတ်နေရာကနေ ရုတ်တရက် သူတို့နားတွင်ရှိသည့် အစိမ်းရောင် လုံးဝိုင်းသည့် အန်းသစ်သီးများ ပေါက်ရောက်နေသည့် အန်းပင်ကြီးကို ရုတ်တရက် လက်ညှိုးထိုးပြလိုက်သည်။ ကျန်သည့်သစ်ပင် အချို့ဘေး၌ သန္ဓပြောင်းအပင်နှင့်တူသည့် အပင်များရှိနေသောငြား အစောတုန်းကာသူတို့ကိုတိုက်ခိုက်တာ ထိုအပင်ဖြစ်လောက်သည်။
“ဟုတ်တယ် မင်းဘာလုပ်နေတာလဲ ဂရုစိုက်”
“ဘန်း ဘုန်း”
ယွင်ချဲ့က ခေါင်းညိတ်ပြီးသည်နှင့် ယွင်ချန်းက လျှောက်သွားကာ သူ၏လက်ကို သစ်ပင်ပင်စည်ပေါ် တင်ထားလိုက်၏။ လူတိုင်းက အထိတ်တလန့် စိုက်ကြည့်နေစဉ် ကြီးမားသည့် အန်းသစ်ပင်က ဆူညံသံဆက်တိုက် ထုတ်ဖော်လာပြီးနောက် ၎င်း၏ အပြင်လွှာက ကွာကျသွားသည်။
“ဘုန်း”
သစ်ပင်တစ်ပင်လုံးက အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပြီးနောက် တစ်မိနစ်မပြည့်မီ၌ ပြိုလဲသွားကာ ငန်းဥအရွယ်အစားခန့်ရှိသော အနက်ပန်းရောင် သစ်ပင်နှလုံးသားသည် အက်ကွဲကြောင်းကနေ ပေါ်လာ၏။ ရင်းနှီးနေသည့် တစ်စုံတစ်ခုကို အနံ့ခံပြီးနောက် ယွင်ချန်းသည် သစ်ပင်နှလုံးသားကို စုပ်ကိုင်ကာ ပြန်ပေးလိုက်၏။
“အစ်ကို ငါဒါကို စားလို့ရလား”
သူ၏ဖြူဖွေးပြီး ချောမောခန့်ညားသောမျက်နှာ၌ စိတ်ဆန္ဒများပြည့်နေ၏။ တစ်စုံတစ်ခုကို စားသောက်ပြီး‌နောက် သူသည် ခံစားရတာ အတော်လေး ကောင်းမွန်ခဲ့သည်။ သူက ထပ်စား‌ချင်သေးသော်ငြား ဤနေရာ၌ တွေ့မြင်ရလိမ့်မည်ဟု မထင်ထားပေ။
“ဒါပေါ့ အင်း စားလို့ရတယ်”
ထိတ်လန့်နေသေးသော ယွင်ချဲ့သည် ထစ်ငေါ့နေလျက် ခေါင်းညိတ်ကာ ချန်းအစွမ်းထက်ပုံကို အံ့ဩနေမိသည်။ သူတို့သည် ယခင်က အဆင့်နှစ်သန္ဓေပြောင်း သစ်ပင်တစ်ပင်ကို ဖြေရှင်းရာ၌ တစ်ရက်နီးပါ အချိန်ယူရ၏။ သို့သော်ငြား ဤအဆင့်သုံး သန္ဓေပြောင်းသစ်ပင်သည် ယခုအခေါက်တွင် တစ်မိနစ်မပြည့်မီ၌ သူ၏နှလုံးသားကို ထုတ်ယူနိုင်ခဲ့တာပဲဖြစ်သည်။ သူတို့၏တိုက်ပွဲဝင် စွမ်းအားများက တူညီသည့်အဆင့်တွင် မရှ်ပုံရ၏။
သို့သော် တစ်ဖန်ပြန်ကြည့်လေရာ ယွင်ချန်း၏အတွင်းအားသည် အနည်းဆုံး အဆင့်ခြောက်၊ အဆင့်ခုနှစ်ရှိပြီး အဆင့်သုံးရှိသည့် သန္ဓေပြောင်းသစ်ပင်သည် သူ့အတွက် အဆင့်သုညဖုတ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် သူအားစိုက်ထုတ်မှု သိပ်မလိုပဲ ဖြေရှင်းလိုက်တာ ပုံမှန်ဖြစ်နိုင်လောက်သည်။
“အစ်ကို ငါ့ကိုသန့်ရှင်းဖို့ ကူညီပေးနိုင်မလား အစ်ကို”
သစ်ပင်နှလုံးသားကို ကြည့်ပြီး သူ၏အစ်ကိုကို ကြည့်ပြီးနောက် ယွင်ချန်းသည် သူ့အား သစ်ပင်နှလုံးသား ပေးခဲ့သည်။ သို့သော် ယွင်ချဲ့က သူ့ကိုချက်ချင်း မတုံ့ပြန်ခဲ့ပေ။ ယွင်ချန်းက ခေါင်းလေးစောင်းလျက် လန်ယဲ့ဟန်ကို ထပ်ကြည့်လိုက်ကာ သူ၏အစ်ကို ဘာဖြစ်နေလဲဆိုတာ တွေးနေလေ၏။
သို့သော် မကြာမီ၌ ယွင်ချန်းသည် သူ၏အစ်ကိုအပြင် သူ့စိတ်ကိုဖတ်နေကျ လန်ယဲ့ဟန်ကတောင် သူအကူအညီတောင်းနေတာကို ကြားပုံမရပေ။ နောက်သူက ရှင်းဖုန်း၊ ဟေးယွီနှင့် ဝံပုလွေဘုရင်တို့ကို လှည့်ကြည့်လိုက်သည်။ သူတို့ဆီကလည်း တုံ့ပြန်မှု မရခဲ့ပေ။ ယွင်ချန်းက ဇဝေဇဝါဖြစ်နေလျက် သူတို့ဘာမှားနေမှန်း နားမလည်နိုင် ဖြစ်နေ၏။
“အဟမ်း ငါ့ကိုပေး”
ခဏအကြာတွင် ယွင်ချဲ့က စိတ်စုစည်းပြီးနောက် လက်ဆန့်ထုတ်လိုက်၏။ ယွင်ချန်းသည် ချက်ချင်းပင် ဇဝေဇဝါဖြစ်မှုကို ထိန်းထားလျက် သစ်ပင်နှလုံးသားကို သူ့အားပျော်ရွှင်စွာ ပေးလိုက်၏။ တာဝန်ကို တောင်းဆိုရန်လည်း မမေ့ခဲ့ပေ။
“အစ်ကို ငါ့အဝတ်အစားတွေ လဲချင်တယ် သူတို့ညစ်ပတ်နေတာ”
“မရသေးဘူးချန်း ဒါပေမဲ့ ပြီးမှလဲရင်ရော အနားတဝိုက်မှာ သန္ဓေပြောင်းသစ်ပင်‌တွေ အများကြီးရှိသေးတယ်”
ယွင်ချဲ့သည် သူ့ညီလေးကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။ အခုအခေါက်ခရီးအတွက် သူ့ရည်ရွယ်ချက်များထဲမှ တစ်ခုသည် သစ်ပင်နှလုံးသားများ စုဆောင်းရန်ဖြစ်၏။ ယွင်ချန်းက အစွမ်းထက်လွန်းသောကြောင့် သူကသူ့ကို သုံးလျှင်လည်း ဖြုန်းတီးရာ မရောက်လောက်ပေ။
“သူတို့တွေမှာ ဒီပန်းရောင်အိုးရှိလား”
ယွင်ချန်းက သူ့လက်ထဲရှိ သစ်ပင်နှလုံးသားကို လက်ညှိုးထိုးပြပြီး အပြစ်ကင်းစွာ မေးလိုက်၏။
“ရှိတယ် သန္ဓေပြောင်းသစ်ပင်တိုင်းမှာ ရှိတာ”
“ဟုတ်ပြီ ကျွန်တော့်လက်အပ်ထားလိုက် အစ်ကို”
ထိုသို့ပြောပြီးနောက် ယွင်ချန်းသည် သူအဝတ်အစားလဲရန် အလျင်မလိုတော့ပေ။ ထိုအစား အင်္ကျီလက်ကို လိပ်တင်ပြီးနောက် သန္ဓေပြောင်းသစ်ပင်များဆီသို့ သွားလေသည်မှာ သူ၏စွမ်းရည်ကို ပြသရန် စိတ်အားထက်သန်နေသော ကလေး‌တစ်ဦးနှင့် တူပေ၏။ ထိပ်လန့်နေရာကနေ သတိဝင်လာပြီးနောက် ရှင်းဖုန်း၊ လန်ယဲ့ဟန်နှင့် ဟေးယွီတို့က ယွင်ချဲ့ကို အထင်တသေး ကြည့်လိုက်ကြသည်။ ညီလေးရဲ့စွမ်းအားကို ဒါမျိုးအသုံးချတာ ဘယ်လိုအစ်ကိုမျိုးလဲ သူက ယွင်ချန်းကို အခမဲ့ဖောက်ခွဲရေးကိရိယာအနေနဲ့ သုံးနေတာပဲ။
သူတို့၏ အထင်တ‌သေးအကြည့်များကြောင့် ဖိအားမသက်ရောက်သောယွင်ချဲ့သည် အေးအေးလူလူပင် သူ၏နယ်မြေထဲသို့ သစ်ပင်နှလုံးသားကို ပစ်ထည့်ပြီးနောက် ၎င်းတို့ကို စမ်းရေထဲတွင် စိမ်ထားလိုက်သည်။ ဝိညာဉ်ရေကို စုပ်ယူပြီးနောက် သစ်ပင်နှလုံးသား၏ အတပ်သက်ကို တိုးမြင့်စေကာ သူတို့ကို သုံးစွဲသူအဖို့ အကျိုးအမြတ် မြင့်တက်စေ၏။ တစ်ချိန်တည်းတွင် ယွင်ချန်းက နောက်ထပ် သစ်ပင်နှလုံးသားကို အလွန်လျင်မြန်စွာရပြီး ပစ်ပေးလိုက်၏။
“အစ်ကို ဒါယူလိုက်”
“ဟုတ်ပြီ”
ညီအစ်ကိုနှစ်ယောက်တွင် တစ်ယောက်က စုဆောင်းပြီး ကျန်တစ်ယောက်က ထိုနေရာတွင် ရပ်နေလျက် ပစ်ပေးလာမည့် သစ်ပင်နှလုံးသားများကို စောင့်နေ၏။ နာရီဝက်အတွင်း ဆယ်မီတာပတ်လည်အတွင်း၌ရှိသော သနေဓပြောင်းသစ်ပင်များအားလုံး ဖယ်ရှားခံလိုက်ရ၏။ ယွင်ချန်း၏စွမ်းအားသည် ဖောက်ကွဲရေးစက်နှင့် တကယ်တူပေ၏။
“ဟုတ်ပြီချန်း ဒီနေ့အတွက် တော်လောက်ပြီ ငါတို့ ပြန်ကြရအောင်”
ယွင်ချဲ့သည့် ယွင်ချန်းက နောက်ထပ်သန္ဓေပြောင်းသစ်ပင်ဆီ သွားနေကြောင်း မြင်လိုက်ရချိန်၌ အမြန်တားလိုက်၏။ သူတို့သည် သစ်ပင်နှလုံးသား သုံးဆယ်ကျော် စုဆောင်းခဲ့ပြီဖြစ်သည်။
“ဟုတ်ပြီ”
သူ့ရှေ့ရှိ သန္ဓေပြောင်းသစ်ပင်ကို နောင်တရစွာ တစ်ချက်ကြည့်ပြီးနောက် ယွင်ချန်းက ရေရွတ်ပြောလိုက်၏။
“မင်းဆီကို ထပ်လာဦးမယ်”
ကံကောင်းသည်က သန္ဓေပြောင်းသစ်ပင်သည် စကားမပြောနိုင်ပေ။ ၎င်းသည် သန္ဓေပြောင်းသားရဲကဲ့သို့ အသိဉာဏ်မရှိ မဟုတ်လျှင် သူပြောလာမည့်အကြောင်းကြားပြီးနောက် ကြောက်လန့်မှုကြောင့် တုန်ယင်နေလောက်သည်။
“ဒါဆို အဝတ်သွားလဲ”
အလိုအလျောက်ပဲ အိမ်ကို ထုတ်ထော်ပြီးနောက် မြေပြင်ပေါ်၌ တည်ဆောက်ကာ ယွင်ချဲ့သည် အဖြူရောင်ကြိုးနှင့် အနက်ရောင် အားကစားဝတ်စုံတစ်စုံကို ထုတ်ပြီး သူ့အားပေးလိုက်၏။ ယွင်ချန်းသည် မဝတ်အစားများကို လိမ်လိမ်မာမာယူပြီးနောက် တဲထဲကို ဝင်သွားသည်။ ရှင်းဖုန်း၊ လန်ယဲ့ဟန်နှင့် ဟေးယွီတို့ သူ့ကိုကြည့်နေတာကိုမြင်ပြီး ယွင်ချဲ့က သက်ပြင်းချလိုက်၏။
“ပေါက်ကွဲရေးစွမ်းအားရှင်နဲ့ တူပါရဲ့ ဒါမျိုးရှိမှန်းသိပေမဲ့ ဒါကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ”
မတူညီသည့် စွမ်းအားအမျိုးအသား များပြားလွန်းနေတာပဲဖြစ်သည်။ ယခင်ဘဝ၌သူသည် ထူးဆန်းသော စွမ်းအား ချက်ပြုတ်သည့်အရည်အချင်း တိုးမြင့်မှု စသည့် ထူးဆန်းသော စွမ်းအားကိုတောင် တွေ့ခဲ့ဖူးသည်။ စွမ်းအားရှင်တစ်ယောက်သည် ဆိုရသည့်အနံ့ကို ရချိန်၌ ဖုတ်ကောင်များကတောင် သူ့နားမကပ်ရဲတော့ပေ။ ပေါက်ကွဲခြင်းစွမ်းအားကဲ့သည့် သူ၏လေစွမ်းအားကဲ့သို့ သိပ္ပံပညာရှင်များက တွက်ချက်ထားသည့် စွမ်းအားမျညးထဲမှ တစ်မျိုးဖြစ်၏။ အစစ်အမှန် ပေါက်ကွဲခြင်း စွမ်းအားရှင်များ အရှိလောက်ပေ သို့မဟုတ် သူတို့ကို တစ်ခါမှမတွေ့ဖူးတာ ဖြစ်နိုင်၏။ ဆိုရလျှင် သူ့ယခင်ဘဝတူန်းက ပြောဆိုဆက်ဆံဖူးသည့်သူများသည် လူ့အသိုင်းအဝိုင်းအောက်ခြေမှ လာကြသူများဖြစ်သည်။ ထို့ကြောင့် သူတြိုမည်မျှ ရှားပါးမှန်းမသိပေ။
“ချန်းရဲ့စွမ်းအားက ခွန်အားမြှင့်တင်တာလို့ အမြဲတမ်းထင်ခဲ့တာ”
လန်ယဲ့ဟန်သည် လှုပ်ရမ်းနေသော တဲအိမ်ကို ထွက်ကြည့်လိုက်၏။ ယွင်ချန်းအလွန်သန်မာမှန်း သူတို့အားလုံးသိသည်။
“သူက စွမ်းအားနှစ်မျိုးစွမ်းအားရှင်လား”
ရှင်းဖုန်းသည် ရုပ်တိရှိသည့် သံသရကို ထုတ်ပြောလာသည်။ သို့သော် ယွင်ချဲ့က ခေါင်းခါပြီး သေသေချာချာ ပြောလိုက်၏။
“မဟုတ်ဘူး သာမန်ဖုတ်ကောင်တွေကတောင် အလွန်သန်မာနေတာ ခန်းဆိုရင် ပြောဖို့တောင်မလိုဘူး သူ့ရဲ့ခွန်အားက သာမန်ဖုတ်ကောင်တွေ ရှိသင့်တဲ့ဟာမျိုးလို့ ထင်တယ်”
ရှင်းဖုန်းနှင့် လန်ယဲ့ဟန်နှစ်ယောက်လုံးသည် သူပြောတာကြားပြီးနောက် ခေါင်းညိတ်လိုက်၏။ ဖုတ်ကောင်များသည် သန်မာရုံသာမက အဆင့်သုံးဖုတ်ကောင်များသည် အရှိန်နှင့် လျင်မြန်ဖျတ်လတ်မှုပါ တိုးလာပြီး သူတို့အဆင့်မြင့်တက်သည်နှင့်အမျှ ပိုတိုးလာနိုင်၏။
“သခင် ချန်းရဲ့ ပေါက်ကွဲရေးစွမ်းအားက သခင့်ရဲ့ မိုးကြိုးစွမ်းအားထက် ပိုအစွမ်းထက်တယ် နောင်ကျ တာဝန်ထမ်းဆောင်တဲ့အချိန် သူ့ကိုခေါ်သွားချင်လား”
သူတို့သည် သွားသည့်နေရာတိုင်း အချိန်တိုင်း၌ အထာကျပြီး အစွမ်းထက်နေမည် မဟုတ်ပါလော။ ဟေးယွီက ထိုအကြောင်းကိုတွေးမိပြီး ပျော်ရွှင်ကြည်နူးနေ၏။ သို့သော် သူ၏အမူအရာကနေ ခွေးတစ်ကောင် ရူးသွပ်စွာ ရယ်မောနေတာကို မည်သူမှမပြောနိုင်တာ ကံကောင်းသည်။
“အဓိပ္ပာယ်မရှိတာ ငါတို့က အဆင့်တောင်တူလို့လား”
ယွင်ချဲ့က သူ့ကို ရှုတ်ချကြည့်ပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ကြည့်ကာ ချောက်ကမ်းပါး၏ မျက်နှာချင်းဆိုင်ရှိ အနက်ရောင်အစက်အချို့ဆီ အကြည့်က ရုတ်တရက် ရောက်သွား၏။ သူက လေဇယားကွက်ကို ထုတ်လိုက်ရာ နေရာအသီးသီး၌ အပြာရောင် အစက်လေးများစွာ ရှိနေပြီး နှစ်ခုက အဆင့်သုံးဖြစ်ပြီး ကျန်သည်က အဆင့်နှစ်ဖြစ်ကာ အဆင့်တစ်နှင့် အဆင့်သုညမရှိပေ။
“ဘာဖြစ်လို့လဲ”
ရှင်းဖုန်းသည် သူ၏မူမမှန်သော အပြုအမူကို သတိပြုမိပြီးနောက် သူ့အကြည့်နောက် လိုက်ရာ တစ်ဖက်ခြမ်းရှိ ချောက်ကမ်းပါးပေါ်၌ ပုံရိပ်အချို့ကို တွေ့မြင်ရပုံပေါ်သည်။ ဂူဝင်ပေါက်ဆီသို့ ရွေ့လျားနေပုံပေါ်ကာ မကြာမီ၌ သူတို့ဘာမှန်း သဘောပေါက်သွား၏။ ပြီးနောက် ရှင်းဖုန်းက သူ့ကို လှည့်ကြည့်လာပြီး နှုတ်ခမ်းက အလိုလို တွန့်ကွေးသွားတော့သည်။
“အစ်ကို ကျွန်တော်ပြီးသွားပြီ”
သန့်ရှင်းသောအဝတ်အစားများ လဲပြီးနောက် ယွင်ချန်းသည် တဲထဲကနေထွက်ကာ သူ၏ရွှံ့ပေနေသော အဝတ်အစားများကို ယွင်ချဲ့အား ပေးပြီးနောက် စိတ်အားထက်သန်သော အကြည့်များဖြင့် ကြည့်နေ၏။ သူဘာကို တောင်းဆိုနေမှန်း သိသောကြောင့် ယွင်ချဲ့သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
“ဟုတ်ပြီ သစ်ပင်နှလုံးသားက မင်းအတွက် အကျိုးရှိတယ်၊ ပြန်ရောက်တဲ့အချိန်ကျမှစား ဟုတ်ပြီလား”
မည်သည့်နည်းနှင့်မဆို သစ်ပင်နှလုံးသားက သူ့အပိုင်ပဲဖြစ်သည်။ သစ်ပင်နှလုံးသားသည် သူ့ကိုခွန်အားပေးရန် သလင်းအမြုတေကို အစားထိုးနိုင်လျှင် သူတို့က သူ့ကို တောင်ပေါ်သို့ မကြာခဏ ခေါ်သွားမှာပဲဖြစ်သည်။ ၎င်းတို့ကို စုဆောင်းရန်အတွက် သိပ်ပြီး အားစိုက်ထုတ်စရာ မလိုသောကြောင့်ဖြစ်၏။
“ဟုတ်ပြီ”
စားသုံးရန် သစ်ပင်နှလုံးသားမရှိသောကြောင့် ယွင်ချန်းသည် သူဟအိတ်ထဲက အဆင့်သုံး သလင်းအမြုတေတစ်ခုကို ထုတ်ပြီးနောက် စတင်ကိုက်ဝါးတော့၏။ ၎င်းက ဘာမှမရှိတာထက် ပိုကောင်းသည်။ သူသည် သူတို့ကို သူနှင့်အတူ အမြဲတမ်းသယ်လာတာ ကံကောင်း၏။
“ဒါနဲ့ ချန်း အဲ့ဒီပေါက်ကွဲမှုကို ဘယ်လိုလုပ်ရမလဲဆိုတာ ဘယ်တုန်းက သင်ယူလိုက်တာလဲ မင်းထိန်းချုပ်နိုင်လား”
ယွင်ချဲ့သည် ချောက်ကမ်းပါး၏ ကျောက်ထရံဝင်ပေါက်ဆီသို့ရောက်သွားစဉ် ရုတ်တရက် မေးလိုက်၏။ ပေါက်ကွဲခြင်းစွမ်းအားသည် အလွန်အစွမ်းထက်၏။ သို့သော် သူ၏လူများကို မတော်တဆ ထိခိုက်ဒဏ်ရာ ရစေခဲ့ရင် ကံဆိုးလိမ့်မည်။ တစ်နေ့တွင် သူ၏မိသားစုဝင်များ သူတို့အလောင်းများ အပိုင်းပိုင်းအစစဖြစ်သွားမှာမျိုး သူမမြင်ချင်ပေ။ သူအတွေးများနေမှန်းသိ၏။ သို့သော်ငြား ချန်းက ခြွင်းချက်ဖြစ်နေသောကြောင့် ထိုဖြစ်နိုင်ချေကိုလည်း မထုတ်ထားနိုင်ချေ။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset