YMR- အခန်း ၁၇၈

အခန်း ၁၇၈။

ဒေါသထွက်နေသော စစ်တပ်များနှင့် ယွင်ချဲ့၏ စွမ်းအား
“ရှင်းဖုန်းနဲ့ ယွင်ချဲ့က တောင်ပေါ်သွားတာလား”
ဝေ့စစ်တပ်၏ နေရာ၌ ဝေ့ခန်းက သတင်းရသောအခါ မျက်မှောင် အနည်းငယ် ကျုံ့သွားလေ၏။ ယခုအခေါက်တွင် သူက ဦးဆောင်နေသည့်တိုင် စိတ်အခြေအနေက အကောင်းဆုံး ဖြစ်မနေပေ။ ရှေးဦးစွာ ကျောင်းတစ်ကျောင်းကို ဦးစီးရသည်ကား မလွယ်ကူချေ။ ၎င်းကို ဝေ့စစ်တပ် တစ်ခုတည်း ကြေညာခဲ့ခြင်းကြောင့် အခြေစိုက် စခန်း၏ ပြည်သူပိုင်း အရင်းအမြစ်များကို အသုံးပြုမှာ မဟုတ်ဘဲ ကုန်ကျစရိတ်များ လူအင်အားနှင့် ကုန်ကြမ်းများအားလုံးကို ကျခံရမည် ဖြစ်သည်။ ဒုတိယ အချက်အနေဖြင့် သူသည် ချောင်ယမ်းကနေ သတင်းများ ရထား၏။ ရှင်းဖုန်းနှင့် ယွင်ချဲ့ကိုလည်း သူကြောက်ရွံ့နေပြီး သူတို့က သူ၏ သဘာဝရန်သူများပဲ ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးက ဖြေရှင်းရန် မလွယ်ကူချေ။ သူတို့က တိတ်တိတ်ဆိတ်ဆိတ်တော့ ဝေဒနာ ခံစားနေမှာ မဟုတ်ဟု သူယုံကြည်မိသည်။ သို့သော်ငြား သူတို့က ယခု ဘာမှ မဖြစ်ခဲ့သည့်ပမာ တောင်ပေါ်သို့ တက်သွား၏။ ဝေ့ခန်းက သူ့စိတ်ထဲတွင် ဘာရှိနေမှန်း မထုတ်ဖော်နိုင်ပေ။
ထို့အပြင် သူတို့ကို ဖောက်မမြင်နိုင်တော့သောကြောင့် စိုးရိမ်နေတာပဲ ဖြစ်သည်။
“အရင်တုန်းက သူတို့နဲ့အတူ ပြန်လာတဲ့ စစ်သားတွေ ပြောပုံအရ ယွင်ချဲ့က ရှင်းဖုန်းအတွက် တိရစ္ဆာန်အနေနဲ့ လင်းယုန် တစ်ကောင်ကို ယူပေးချင်နေတာ။ သူတို့တွေက ဘာဝှက်ဖဲမှ မပါဘဲ တောင်ပေါ်ကို သွားတာ ဖြစ်နိုင်ပါတယ်။ စိတ်ထဲ သိပ်မထားပါနဲ့ တပ်မှူး”
ရုံးခန်းထဲ၌ လင်းရှန်းက ပြန်ပြောပြီးနောက် သူ၏ မျက်မှန်ကို နှာခေါင်းပေါ် ပင့်သင့်လိုက်၏။
ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ ယခုတခါ အမြတ်ထုတ်ပြီးနောက် သူသည် အချိိန်အတော်အကြာ စိတ်ဓာတ်ကျပြီးနောက် နောက်ဆုံးတွင် ခံစားတာ ပိုကောင်းတာက ယခုအချိန်၌ ပျော်ရွှင်မှုထဲ နစ်နေသည်။ ထို့အပြင် စစ်တပ်သည် ယခုအချိန်၌ ပျော်ရွှင်မှုထဲ နစ်နေသေးသည်။ ထို့အပြင် စစ်တပ်သည် စိတ်ဆန္ဒအတိုင်း တောင်ပေါ်သို့ မသွားနိုင်သည့်တိုင် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့က သူတို့သည် မည်သည့်နေရာကိုမဆို လွတ်လွတ်လပ်လပ် သွားလာနိုင်သည်ဟု တွေးနေခြင်းမှာ သူတို့က သူတို့ကိုယ် သူတို့ အထင်ကြီးပြီး သွေးနားထင် ရောက်လွန်းသည်။ သူတို့က တောင်ပေါ်၌ သေသွားပါက ကိစ္စများက ပိုစိတ်ဝင်စားစရာ ကောင်းလာလိမ့်မည်။
သူတို့တွေက ငါတို့ကို အကောက်ကြံဖို့ တောင်ပေါ်သွားတာ မဟုတ်မှန်းတော့ ငါသိတယ်။ ပြဿနာက ငါတို့ အမြတ်ထုတ်တာ ခံရပြီးတောင် သူတို့ မတိုက်ခိုက်တာပဲ။ အဲဒီအစား သူတို့ အချိန်ဖြုန်းဖို့အတွက် သူတို့ တောင်ပေါ်သွားနေတယ်။ ဒါက ပုံမှန်လို့ ထင်လား”
ဝေ့ခန်းသည် သူ့ကို စိန်းစိန်းဝါးဝါး ကြည့်ပြီးနောက် ကျန်သည့် သူများဆီ လှည့်ကြည့်လိုက်၏။
“သူတို့က ဘယ်လိုလုပ် ပြန်တိုက်ခိုက်နိုင်မှာလဲ။ ခေါင်းဆောင်ရှင်းမှာ သူ့ကို ကျောထောက်နောက်ခံ ပြုနေတဲ့ ရှင်းမိသားစု ရှိပေမဲ့ မြို့တော်မှာ ရှင်းမိသားစုရဲ့ လွှမ်းမိုးမှုက အကန့်အသတ် ရှိတယ်။ ပြီးတော့ သူတို့က သူ့ကို အကူအညီ ပေးနိုင်ဖို့ ဝေးကွာလွန်းနေတာလေ။ ရှင်းဖုန်းက အနောက်တောင် အခြေစိုက် စခန်းထဲမှာ သာမန်စွမ်းအားရှင် အဖွဲ့ခေါင်းဆောင်ထက် မပိုဘူး။ ဒီတော့ သူတို့ အစွမ်းထက်တော့ရော ဘာအရေးလဲ။ သူတို့ကျုပ်တို့ကို ဘာမှ မလုပ်နိုင်ဘူးမလား။ လုပ်နိုင်လို့လား”
လင်းရှန်က အထင်တသေး နှာခေါင်းရှုံ့လိုက်ပြီးနောက် ဝေ့ခန်းကြောင့် အနည်းငယ် စိတ်မချမ်းသာသလို ဖြစ်သွားကာ သူ၏ ရန်သူများကို သူက အထင်ကြီးလွန်းပြီး ကိုယ့်ကိုယ်ကိုယ် အထင်သေးလွန်းသည်ဟု ခံစားနေမိသည်။
“လင်းရှန်း….”
ဝေ့ခန်း၏ လေသံက ခက်ထန်လာ၏။ လင်းရှန်သည် ယခင်က အဖြစ်အပျက်ကြောင့် ရှင်းဖုန်းနှင့် ယွင်ချဲ့ကို အညိုးအတေးတစ်ခု ဆွဲကိုင်ထားမှန်း သူသတိပြုမိ၏။ ထို့ကြောင့် အခွင့်အရေး ရသည့်အချိန်၌ သူတို့ကို အမြဲတမ်း ဆွဲချခြင်နေတာ ဖြစ်သည်။ သူတို့က သာမန်လူများသာ ဆိုလျှင် ထိုကဲ့သို့ စိတ်နေ သဘောထားကို နားလည်နိုင်၏။ သို့သော် စစ်သားဦးရေ တစ်သောင်းကျော်ကို ဦးဆောင်နေသည့် ဗိုလ်ချုပ်များအနေဖြင့် သူတို့က မည်ကဲ့သို့ ထိုမျှ စိတ်သဘောထား ကျဉ်းမြောင်းနိုင်သနည်း။ အငြိုးအတေးဆွဲကိုင်ထားခြင်းသည် သူတို့၏ အကဲဖြတ်မှုကို ထိခိုက်စေပြီး ရလဒ်က သေစေနိုင်ပေ၏။
“ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ တပ်မှူး။ ဗိုလ်ချုပ်လင်းက ဒီလိုပြောတ အကြောင်းပြချက် ရှိမှာပါ”
“သူတို့ ပြန်တိုက်ခိုက်မယ်ဆိုရင်တောင် မော့စစ်တပ်က ဦးဆောင်ရမှာပဲ။ ထိပ်ဦးနဲ့ ချောင်ယန်က မထင်မရှား စွမ်းအားရှင် နှစ်စုလောက်ပဲလေ”
“ဟုတ်တယ် တပ်မှူး ကျုပ်တို့တွေက မော့စစ်တပ်ကို ပိုသတိထားသင့်တယ်။ ထိပ်ဦးနဲ့ ချောင်ယန်က ဘာမှ မလှုပ်ရှားတာ ကောင်းတာပဲ မဟုတ်ဘူးလား”
“သူတို့ တကယ် အကျပ်အတည်း ဖြစ်နေတာ ဖြစ်နိုင်တာပဲလေ။ ဗိုလ်ချုပ်လင်းရဲ့ ကျေးဇူးကြောင့်…”
“အဟုတ်ပဲ…..”
သူတို့သည် အခဲမကြေ ဖြစ်နေသော်ငြား လင်းရှန်သည် သတိပေးခံရပြီးနောက် ဘာမှ ထပ်မပြောရဲတော့ပေ။ ကျန်သည့် ဗိုလ်ချုပ်များက အငြင်းပွားမှုကို ဖြောင်းဖြရန် ရှေ့တိုးလာ၏။ ဝေ့ခန်းက လင်းရှန်ကို အတော်ကြာ စိုက်ကြည့်နေပြီးနောက် အကြည့်လွှဲလိုက်၏။
“ရှင်းဖုန်းနဲ့ ယွင်ချဲ့ကို လျော့မတွက်ဖို့ မင်းတို့ကို ငါဘယ်နှစ်ကြိမ် ပြောရမလဲ။ သူတို့ ကြောင့် ငါတို့တွေ ဒုက္ခခံစားရတာ မလုံလောက်သေးဘူးလား။ အကြိမ်တိုင်း သူတို့ ကြောင့် မင်းတို့ တကယ် အရူးဖြစ်ခံချင်နေတာလား”
ဝေ့ခန်းက မခံမရပ်နိုင်အောင် ဒေါသထွက်လာလေ၏။ သူသည် ရှင်းထျန်းလျန်နှင့် မော့ကျန်းချန်ကို ကြိတ်အားကျသည့် အချိန်တောင် ရှိသည်။ ရှင်းဖုန်းနှင့် ယွင်ချဲ့ကဲ့သို့ ဉာဏ်ရှိပြီး သတ္တိရှိသည့် သူများသာ သူကို ပံ့ပိုးပေးနိုင်ခဲ့လျှင် အနှေးနှင့်အမြန် အနောက်တောင် အခြေစိုက် စခန်းက သူတို့ အပိုင် ဖြစ်လာလိမ့်မည်။ သို့သော် ကံဆိုးသည်ကား ဝေ့ခန်းသည် သူ၏ ဗိုလ်ချုပ်ကို ကြည့်ပြီး သက်ပြင်းသာ ချလိုက်မိ၏။ သူတို့က တုံးအတာ မဟုတ်ပေ။ သူတို့သည် ကမ္ဘာပျက်ကပ် မတိုင်မီက အနေအထားအတိုင်း ဆက်သွားနေပြီး စစ်တပ်က အင်အားအကြီးဆုံးဟု တွေ့ထင်နေတာပဲ ဖြစ်သည်။ ယခုအခေါက်တွင် စွမ်းအားရှင်များကြောင့် ပြိုလဲမှုဖြစ်ပေါ်ခဲ့ခြင်းသည် သူတို့ကို သတိပေးခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူတို့ ကပ်ဘေးကို အာရုံခံမှု မြင့်တက်သွားစေခြင်းကြောင့်သာ မဟုတ်လျှင် ဝေ့စစ်တပ်၏ ယိမ်းယိုင်လာသည့် အချိန်ကျမှ သူတို့ အသိတရား ဝင်လာမည်လော။ ထိုအချိန်ကျလျှင် နောက်ကျသွားလိမ့်မည်။
ထိုစဉ် ဝမ်တပ်ဖွဲ့၏ ခြံဝန်းထဲ၌ ဖြစ်သည်။
“မင်းတို့ သူ့ကို ရှာမတွေ့သေးဘူးလား။ အရူးတွေ ရှာဖွေဖို့အတွက် ငါတို့ စစ်သား အားလုံးကို လွှတ်။ ချိတ်နဲ့ပဲ ဖြစ်ဖြစ် တုတ်ရှည်နဲ့ပဲ ဖြစ်ဖြစ် ကိုယ်ပျောက် စွမ်းအားရှင်ကို ခြေရာခံဖို့လုပ်”
ဝမ်ဝေက ရုံးခန်းထဲ၌ ဒေါသတကြီး ပေါက်ကွဲနေလေ၏။ သူသည် အမည်မသိ ဗီဒီယိုကို ရရှိပြီးချိန်မှ စပြီး ဒေါသများ ဆူပွက်နေကာ အရာရှိများသည် မလိုအပ်လျှင် ရုံးခန်းထဲ မသွားရဲကြတော့ပေ။
“တပ်မှူး နေရာ တစ်ခုလုံးကို ရှင်းလင်းပြီးပါပြီ။ ဒါ့အပြင် လူရဲ့ ခြေရာ လက်ရာကိုလည်း ရှာမတွေ့ပါဘူး။ တစ်ယောက်ယောက်က သွေးထိုးချင်တာကြောင့် ဒီဗီဒီယိုကို တမင်တကာ လုပ်ထားတာ ဖြစ်နိုင်လား”
သူ့ကို သတင်းပြန်ပို့သည့် ဗိုလ်ချုပ်က တွေးခေါ်တက်၏။ ဗီဒီယိုကို လက်ခံ ရရှိပြီးနောက် နေရာအနှံ့ ပိုက်စိပ်တိုက် ရှာခဲ့သော်ငြား မည်သည့် သဲလွန်စမှ မရသေးပေ။ ထို့ကြောင့် ထိုဗီဒီယို စစ်မှန်မှုကို သံသယ ဝင်လာမိသည်။
“မော့စစ်တပ်က ငါတို့ သူလျှိုက ခုနကပဲ သတင်းပို့ထားတယ်။ ခိုးဝင်တဲ့ ကိုယ်ပျောက် စွမ်းအားရှင်ကို ဖမ်းမိပြီတဲ့”
ဝမ်ဝေ့သည် အနည်းငယ် စိတ်တည်ငြိမ်သွားပြီး စစ်သား၏ ပြောကြားချက်က သူ၏ အမျက်ဒေါသကို ထပ်မံ နှိုးဆွလိုက်ပြန်၏။ သူက စိန်းစိန်းဝါးဝါးကြည့်ကာ ထပ်အော်ဟစ်လိုက်၏။
“ထပ်စစ်ဆေးကြ။ အကောင်အထည် မမြင်ဘဲ သူ ထွက်ပြေးသွားတယ်ဆိုတာ ငါမယုံဘူး”
“ဟုတ်တယ်။…”
“ဟုတ်ကဲ့”
ဗိုလ်ချုပ်များသည် ဗီဒီယိုအကြောင်း ထပ်မံပြီး မမေးရဲတော့ဘဲ အမြန်ပြေးထွက်သွားကြသည်။ မီးမှုတ်နေသော မကောင်းဆိုးဝါးကို စိတ်ကျေနပ်စေရန် သူ၏ ရဲဘော်များ တွန်းထုတ်တာ ခံလိုက်ရသော ဝမ်ကောအန်းက လက်ဖက်ရည် တစ်ခွက် ငှဲ့ပြီးနောက် ဝမ်ဝေ့အား ပေးလိုက်သည်။
“စိတ်အေးအေးထားပါ အစ်ကို ကျုပ်တို့ တပ်ဖွဲ့ တစ်ဖွဲ့လုံး ဒီအတိုင်း ဆက်သွားရင် ဘရမ်းဗတာ ဖြစ်လိမ့်မယ်”
သူ၏ အမြတ်ဒေါသသည် ကိုယ်ပျောက်စွမ်းအားရှင် ကြောင့်ပဲ မဟုတ်မှန်း သူသိနေလေ၏။
သို့သော် မနက်ခင်းက ဝမ်စစ်တပ်၏ ကျောင်းဖွင့်ရက် ကြေညာချက်ကြောင့်ပဲ ဖြစ်သည်။ ယင်းက ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိစေမည့် အရာ ဖြစ်သည်။ အလုပ် ဖြစ်ပါက ဝေ့စစ်တပ်က လာမည့် ရွေးကောက်ပွဲ၌ လူကြိုက်များမှု ရရှိမည်ဖြစ်ရုံ သာမက နှစ်ပေါင်းများစွာ သူ၏ ဂုဏ်သတင်းကောင်း တည်ဆောက်နိုင်လိမ့်မည်။ သူတို့၏ ပြိုင်ဖက် အနေဖြင့် ဝမ်ဝေ့သည် သူတို့အတွက် ကိစ္စရပ်များ ချောမွေ့နေတာကို မမြင်ချင်ပေ။ ထိုစဉ်၌ သူသည် သူတို့ဝေ့စစ်တပ်က ကိုယ်ပျောက် စွမ်းအားရှင် တစ်ယောက်ကို သူတို့ တပ်ဖွဲ့ထဲ၌ ချထားခဲ့ကြောင်း ကြားလိုက်၏။ သူ့နေရာတွင် မည်သူမဆို ဒေါသထွက်လောက်ပေ၏။
“ငါကြိုးစားပါ့မယ်”
ဝမ်ဝေ့သည် လက်ဖက်ရည် သောက်ပြီးနောက် အနည်းငယ် ဒေါသထွက်နေသည့်ပုံပေါ်၏။
ဝေ့စစ်တပ်နောက်၌ နောက်ကောက်ကျနေပြီး မော့စစ်တပ်က အမြဲတမ်း ဦးဆောင်နေသည့် အချိန်၌ သူမည်ကဲ့သို့ စိတ်မပူဘဲ နေမည်နည်း။
“အစ်ကို ကျွန်တော်တို့မှာလဲ ကိုယ်ပျောက် စွမ်းအားရှင်လည်း ရှိတာပဲ။ စိတ်တိုရင် သူတို့ကို ပို့လိုက်ပါလား”
ကိုယ်ပျောက်စွမ်းအားရှင် မရှိသည့် သူများစွာ ရှိသော်ငြား စစ်သားသောင်းချီ ရှိသည့် စစ်တပ် တစ်တပ်အဖို့ ထိုကဲ့သို့ လူအနည်းငယ် ရှိတာက မအံ့ဩစရာ မရှိပေ။ အတိတ်တုန်းက သူတို့ကို တိုက်ခိုက်နိုင်သည့် စွမ်းရည် မရှိသောကြောင့် သူတို့ကို သိပ်မြင့်မြင့် မတွေးထားတာပဲ ဖြစ်သည်။ သို့သော် ဝေ့စစ်တပ် ဦးဆောင်သွားပြီးနောက် ထို ကိုယ်ပျောက်စွမ်းအားရှင်များ လှုပ်ရှားရန် အချိန် ကျရောက်လာပြီပဲ ဖြစ်သည်။
“မင်းပြောတာ မှန်တယ်။ ငါတို့မှာ ရှိတဲ့ ကိုယ်ပျောက်စွမ်းအားရှင် အရေအတွက်ကို အခု သွားစစ်ဆေးချေ။ ဝေ့စစ်တပ်နဲ့ မော့စစ်တပ်ကို တစ်ယောက်စီ ပို့ပေးနိုင်ရင် အကောင်းဆုံးပဲ။ လုံလုံလောက်လောက် ရှိခဲ့မယ်ဆိုရင် ချောင်ယန်အစုကိုလည်း ပို့လိုက်။ ရွေးကောက်ပွဲအပြင် ရှင်းဖုန်းက သုတေသန အဆောက်အဦးအတွက် တောင်းဆိုနေတာ နောက်ကွယ်မှာ တစ်ခုခု ရှိရမယ်လို့ သူမ အမြဲတမ်း ခံစားမိနေတာ။ ဒီကိစ္စကို စစ်ဆေးဖို့ ကိုယ်ပျောက် စွမ်းအားရှင်တွေကို ခေါ်လိုက်”
ဝမ်ဝေသည် စိတ်လှုပ်ရှားလွန်းသောကြောင့် စကားထစ်လုနီးပါး ဖြစ်သွား၏။
“ဟုတ်တယ်။ မော့စစ်တပ်က သူတို့တစ်ယောက်တည်း ရှာပြီးကာစ ဆိုတော့ နောက်ထပ် ကိုယ်ပျောက် စွမ်းအားရှင်ရှိလိမ့်မယ်လို့ တွေးမိမှာ မဟုတ်ဘူး။ သွားစီစဉ်လိုက်မယ် အစ်ကို စိတ်အေးအေးထား။ အစ်ကိုကြောင့် လူတိုင်း ခြိမ်းခြောက်ခံနေရပြီ”
ဝမ်ကောအမ်းက ထရပ်ပြီး ထွက်သွားပြီးနောက် ဝမ်ဝေ့၏ မျက်နှာထက်၌ အပြုံးဖျော့ဖျော့ ပေါ်လာသည်။ သို့သော်ငြား ယွင်ချဲ့နှင့် ရှင်းဖုန်းတို့က ကိုယ်ပျောက် စွမ်းအားရှင်များကို တန်ပြန်နိုင်သည့် ပစ္စည်းတစ်ခု သွားရှာနေပြီ ဆိုတာသူတို့ မထင်ထားပေ။
ကိုယ်ပျောက်စွမ်းအားရှင်များကို ယခုအချိန်တွင် ပို့ပေးခြင်းက သူတို့ကို သေတွင်းထဲ တွန်းပို့နေခြင်းနှင့် တူ၏။
လုံမက်ဒေသသည် မိုင်တစ်သောင်းခန့် ကျယ်ပြန့်ပြီး အနောက်တောင်ထဲရှိ ခရိုင်များစွာနှင့် ဆက်နွယ်နေ၏။ သစ်ပင်များနှင့် သားရဲများက တောင်ပေါ်၌ ပေါကြွယ်ဝပြီး ကမ္ဘာပျက်ကပ် မတိုင်မီကတောင် တောင်တန်းများ၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ မည်သူမျှ တိုးဝင် မသွား‌ရဲပေ။ ကမ္ဘာပျက်ကပ်ပြီးနောက် အနောက်တောင် အခြေစိုက် စခန်းအပြင် ကျန်သည့် ခရိုင်များနှင့် ခရိုင်အတွင်းရှိ အခြေစိုက် စခန်းလေးများမှ အသက်ရှင်သူများကလည်း တိရစ္ဆာန်များ အမဲလိုက်ရန်နှင့် စားသောက်ဖို့ သစ်သီးဝလံများ ဟင်းသီးဟင်းရွက်များ ရှာဖွေဖို့ရာ လုံမန့်ဒေသသို့ စူးစမ်းသွားလာခဲ့ကြသည်။ သို့သော် ရလဒ်က အားလုံးအတွက် တူညီပေ၏။ မည်သူမျှ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ပေ။ တောင်တန်းက တဖြည်းဖြည်းချင်း လူအရောက်အပေါက် နည်းသွားသည်။
“ဒီမှာ သန္ဓေပြောင်းသားရဲ အရေအတွက်ကို ကြည့်ဦး”
တော်အုပ်ဆီသို့ သွားနေစဉ် ဟေးယွီကို စီးလျက် ယွင်ချဲ့သည် လီဇယားကွက်ကို ကြည့်လျက် ထုတ်ဖော်ပြောလိုက်သည်။ သို့သော် ရှင်းဖုန်းက အတော် တည်ငြိမ်နေ၏။
“သားရဲတွေက နယ်မြေနဲ့ ပတ်သက်ရင် ရန်လိုတယ်။ သူတို့ နယ်မြေကနေ အလွယ် တကူ ထွက်သွားမှာ မဟုတ်ဘူး။ သူတို့တွေက တောင်အောက်ဆင်းလာမှာကို သူတို့ စိုးရိမ်စရာမလိုဘူး”
မြို့များကို တမ်းတသည့် လူသားများကဲ့သို့ပင် လူများပြားပြီး ကြွယ်ဝ ချမ်းသာသည့်နေရာ၌ နေသာ အသားကျနေကြပြီး သားရဲများသည် သူတို့ အုပ်စုလိုက်ဖြစ်စေ။ တစ်ကိုယ်တည်း ဖြစ်စေ။ သူတို့ ရင်းနှီးနေသော နေရာ၌ နေသားကျနေကြတာပဲ ဖြစ်သည်။
“ဟုတ်တယ်။ သန္ဓေပြောင်းသားရဲတွေက သူတို့ သန္ဓေမပြောင်းခင် အလေ့အကျင့်တွေကို ထိမ်းသိမ်းထားတယ်။ ဒါပေမဲ့ အချိန်တချို့ ကြာပြီးတော့ သန္ဓေပြောင်းတဲ့ သားရဲ တချို့ ရှိသေးတုန်းပဲ။ အားနည်းတဲ့ သားရဲတွေက စားစရာအတွက် တခြားတနေရာမှာ သွားရှာရတယ်။ တောအုပ်ထဲမှာ သူတို့ ရှင်သန်နိုင်ခြေက နည်းတယ်လေ”
ပြီးနောက် လူသားများသည် သူတို့အတွက် အရသာ အရှိဆုံးဆိုတာ သံသယ ဖြစ်ဖွယ် မရှိပေ။
“ဒါဆို ကိုယ်တို့ သတိထားရုံပေါ့။ မင်းပြောတဲ့ သွေးနွယ်ပင်က ဘယ်နေရာမှာ ပေါက်နေကြလဲ”
သူသည် လေဇယားကွက် မပါလျှင် ပတ်ဝန်းကျင် တောအုပ်၏ အသံကို ကြားနိုင်၏။ ကမ္ဘာပျက်ကပ် မတိုင်မီကထက် သိသိသာသာ ပိုကြီးမားသော သန္ဓေပြောင်း အပြင် အချို့လည်း ရှိသည်။ အထူးသဖြင့် သန္ဓေပြောင်း သစ်ပင်များ ဖြစ်သည်။ သူတို့ထဲမှ အချို့က ထူထပ်လှပြီး ရာစုနှစ်ပေါင်းများစွာ ရှိနေပုံပေါ်၏။ သို့သော် လုံမက်ဒေသ၏ ဆင်ခြေဖုံး၌ ရာစုနှစ် သက်တမ်းရှိ သစ်ပင်အိုကြီးမျိုး ရှိဖို့က မဖြစ်နိုင်ပေ။ မူမမှန်လောက်အောင် များပြားလှသည့် အကိုင်းအခက်များ သစ်ရွက်များ ရှိနေခြင်းအပြင် သူတို့၏ ပန်းပွင့်များနှင့် သစ်သီးများကလည်း ကမ္ဘာပျက်ကပ် မတိုင်မီကထက် ပိုကြီးမား၏။ ကံကောင်းသည်မှာ သူတို့သည် ယွင်ချဲ့ပြောသည့်အတိုင်း မတိုက်ခိုက်ပေ။ မဟုတ်လျှင် သူတို့က တောအုပ်ထဲ အေးအေးလူလူ လမ်းလျှောက်နိုင်မှာ မဟုတ်ချေ။
“ငါထင်တာ မမှားရင် ချောက်ကမ်းပါး အစွန်းမှာ၊ ဟေးယွီ ချောက်ကမ်းပါး ရှာတွေ့လား ကြည့်ကြည့်ဦး”
အရိုးဆွေး သွေးနွယ်သည် ၎င်း၏ ဝိသေသ လက္ခဏာအကြောင်း မသိသည့် သူများအဖို့ ကြောက်မက်ဖွယ် ကောင်း၏။ သို့သော် အမှန်တကယ်တွင် ကိစ္စကြီး မဟုတ်ပေ။ ယွင်ချဲ့သည် ယခင် ဘဝတုန်းက အပင်အကြောင်း များများစားစား မလေ့လာခဲ့သောကြောင့် ၎င်း၏ တည်ရှိမှုကိုသာ သိပြီး ပေါက်ရောက်သည့် ပတ်ဝန်းကျင်ကိုသာ သေချာ မသိပေ။
“ရတာပေါ့”
ဟေ့ယွီက လေပေါ် ခုန်တက်လိုက်ပြီး ခြောက်ကမ်းပါး မည်သည့်နေရာတွင် ရှိကြောင်း တချက် ကြည့်လိုက်၏။ ပြီးနောက် သစ်ပင်ထိပ်ဖျားများကို နင်းပြီး ပြေးထွက်သွားတော့သည်။ သနားစဖွယ် ဝံပုလွေ ဘုရင်ကတော့ သူလောက် အစွမ်းမထက်ပေ။ အောက်ကနေ သူ့ကို လိုက်မီအောင် ကြိုးစားရုံသာ ရှိ၏။
“ဖြန်း…”
ရုတ်တရက် ဟေးယွီသည် ချောက်ကမ်းပါး အစွန်းဆီသို့ ခုန်တော့မည့် အချိန်၌ သစ်မြစ်များစွာက သူ့ဆီသို့ ဦးတည်လာ၏။ ဟေးယွီက ခြေတစ်ဖက်ဖြင့် သစ်မြစ်များကို ဖယ်ရှားလျက် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ကမူ သူတို့ လက်ထဲရှိ ဓားများဖြင့် အမြစ်များကို ဖြတ်တောက်လိုက်သည်။
“အား…ဟမျးဟမျး”
“ချန်း….”
“ဝေါင်း..”
ဟေးယွီ၏ ကျောပေါ်ကနေ ခုန်ချပြီးနောက် သူတို့သည် မည်သည့် သန္ဓေပြောင်းသစ်ပင်က သူတို့ကို တိုက်ခိုက်နေမှန်း မထုတ်ဖော်ရသေးခင် ယွင်ချဲ့၏ အော်သံကို ကြားလိုက်ရပြီး တဆက်တည်း လန်ယဲ့ဟန်နှင့် ဝံ့ပုလွေ၏ ဟိန်းသံကို ကြားလိုက်ရသည်။ သုံးယောက်သားက အမြန်လှည့်ကြည့်လိုက်ရာ ပြေးသွားရန် ပြင်လိုက်၏။
“မင်းတို့တွေ ငါ့အဝတ်အစားကို ညစ်ပက်အောင် လုပ်လိုက်တယ်။ သွားလိုက်တော့”
“ဘမ်း…ဖုန်း….”
ယွင်ချဲ့က စိတ်မပျော်စွာ ထပ်အော်လိုက်၏။
ယွင်ချဲ့နှင့် ရှင်းဖုန်း ကမန်းကတမ်း သွားလိုက်ချိန်၌ ယွင်ချဲ့က သူ၏ လက်ကောက်ဝတ်၌ ရစ်ပတ်နေသော သစ်မြစ်ကို ဆွဲယူလျက် မြေကြီးထဲကနေ ဆွဲနှုတ်လိုက်သည်။ ပြီးနောက် သစ်မြစ်များသည် တစ်ပိုင်းပြီး တစ်ပိုင်း ပေါက်ကွဲသွားပြီး သူတို့အပေါ်၌ ဗုံးများ တပ်ဆင်ထားသည့် ပမာ ဖြစ်နေ၏။ တစ်ချိန်တည်းတွင် ဝံပုလွေ ဘုရင်နှင့် လန်ယဲ့ဟန်တို့ကို ရစ်ပတ်နေသော ကိုင်းများက ရစ်ခါပြီး နောက်ပြန်ဆုတ်သွား၏။
“ဒါက စူပါဖုတ်ကောင်ရဲ့ အကြပ်ကိုင်မှုလား”
“ရှင်းဖုန်းသည် ပြောစရာ စကားများ မဲ့နေသောကြောင့် နှုတ်ခမ်းများ တွန့်သွားမိ၏။ သန္ဓေပြောင်းသစ်ပင်များကို ဖြေရှင်းရန် မည်မျှခက်ခဲမှန်း သူတို့အားလုံး သိသည်။ သို့သော် ယွင်ချဲ့က သူ့အပေါ် အံ့ဩဖွယ်ကောင်းသည်ဟု ခေါ်ရမည်လော။ အစွမ်းထက်သည်ဟု ခေါ်သင့်လား”

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset