YMR- အခန်း ၁၇၇

အခန်း ၁၇၇။

အစောင့်များကို စောင့်ရှောက်ခြင်းနှင့် စွမ်းဆောင်ရည်ရှိလှသော စူပါဖုတ်ကောင်
“အဲဒါက ခေါင်းဆောင်ယွင်ရဲ့ခွေးလား”
“ဟုတ်တယ်သူပဲ ပြီးတော့ သူ့နောက်က ဝံပုလွေက ဝံပုလွေဘုရင်လေ ခေါင်း‌ဆောင်ယွင်က ခရိုင်မြို့မှာ တာဝန်ကျဦးဆောင်တဲ့အချိန်တုန်းက ယဲ့ရှင်းချန်အတွက် ဝံပုလွေကို အထူးတလည် ယဉ်ပါးအောင် လုပ်ပေးခဲ့တာ”
“ထိပ်ဦးအဖွဲ့က အခြေစိုက်စခန်းထဲမှာ အထာအကျဆုံးအဖွဲ့ပဲ”
“အာလာ ငါတို့တွေလည်း စွမ်းအားရှင်အဖွဲ့ပဲလေ ဘယ်‌လိုကြောင့်များ သူတို့နဲ့ငါတို့ကြား ကွာဟချက်က ဒီလောက်ကြီးမားရတာလဲ”
“ငါလည်းအံ့ဩနေတာ ငါတို့ခေါင်းဆောင်သာ ခေါင်းဆောင်ယွင်တစ်ဝက်လောက် သန်မာခဲ့မယ်ဆိုရင်”
“မေ့လိုက်တော့ အရေးကြီးဆုံးအရာက အဲဒီခေါင်းဆောင်ယွင်က သူ့အသင်းသားတွေကို ဂရုစိုက်တာပဲ ငါတို့ခေါင်းဆောင်မှာ အရည်အချင်းရှိခဲ့ရင်တောင် ငါတို့အတွက် သန္ဓေပြောင်းဝံပုလွေတစ်‌ကောင်ကို ယဉ်ပါးအောင် လုပ်ပေးမှာမဟုတ်ဘူး”
“အင်း”
ဧရာမ သားရဲနှစ်ကောင်သည် အစုအပိုင်းများကို ဖြတ်ကျော်သွားစဉ် သူတို့ကို မြင်သည့်သူအားလုံးက အခြေစိုက်စခန်းထဲရှိ အထာအကျဆုံးအဖွဲ့ဖြစ်သည့် ထိပ်ဦးအဖွဲ့ကို အားကျနေကြတော့သည်။ ချောင်ယန်းသည် ထိပ်ဦးအဖွဲ့ထက် မြင့်သော်ငြား ထိပ်ဦးအဖွဲ့သည် ရှိုးပြသည့်နေရာ၌ ပြိုင်ဘက်ကင်းပေ၏။ ထိပ်ဦးအဖွဲ့ ပေါ်လာချိန်တိုင်းတွင် အာရုံစိုက်ခံရ၏။
“ဟေး အစောင့်တွေ မတွေ့ရတာကြာပြီနော် ငါတို့အတွက် ဂိတ်ဖွင့်ပေးဖို့ မလိုဘူး ငါ့ဘာသာငါလုပ်နိုင်တယ်”
ဟေးယွီက အခြေစိုက်စခန်း၏ဂိတ်တောင် မရောက်သေးခင် သူ၏အသံက ကြိုရောက်နေပြီဖြစ်သည်။ အစောင့်များက ရှုံ့မဲ့ကုန်၏။
ဒီသားရဲက ဒီကို ဘာလာလုပ်ပြန်ပြီလဲ။
ဟေးယွီသည် မနက်ခင်းက အပြင်ထွက်ချိန်၌ သူ့ကိုကျီစယ်ခဲ့၏။ ပြီးနောက် သူ့တို့မဖြစ်ချင်ဆုံးအရာက ဟေးယွီကို နေ့လယ်၌ ထပ်တွေ့ရတာပဲဖြစ်သည်။
“ခေါင်းဆောင်ယွင်၊ ခေါင်းဆောင်ရှင်း။အပြင်ထပ်ထွက်မလို့လား”
စိတ်ဓာတ်ကျနေသော သွင်ပြင်ဖြင့် ဗိုလ်ချုပ်တစ်ယောက်က သူတို့ဆီလျှောက်လာ၏။ ခေါင်းဆောင်ယွင်သည် သူတို့ကို နားချိန် အဘယ်ကြောင့်မပေးသနည်း။ ထိုသားရဲ၏ အနှောင့်အယှက်ပေးမှုက သူတို့ကို အစွန်းထိရောက်အောင် တွန်းပို့ခံနေပြီဖြစ်သည်။ ထိုနေ့၌တာဝန်ကျသည့် အစောင့်များက လတ်တလော၌ ခွင့်ယူရန် မကြာခဏ တောင်းဆိုလာလေ၏။ ကိစ္စရပ်များ ဤအတိုင်း ဆက်ဖြစ်လာမည်ဆိုလျှင် နောင်ကျ ဂိတ်၌ စောင့်ကြပ်လိုသည့် အစောင့်ရှိတော့မှာ မဟုတ်ပေ။
“ဗိုလ်ချုပ်စူး ထပ်တွေ့ရတာ ဝမ်းသာပါတယ်”
ယွင်ချဲ့သည် သူ၏အဖွဲ့နှင့်အတူ တာဝန်ထမ်းဆောင်တာ ရှားသောငြား အခြေစိုက်စခန်း၏ဂိတ်ကို စောင့်ကြပ်ရန် တာဝန်ယူထားသည့် ဗိုလ်ချုပ်များကို သူသိသည်။ သူ၏သိမြင်နားလည်မှုဖြင့် ဗိုလ်ချုပ်စူး စိတ်ဓာတ်ကျနေကြောင်း သူသတိပြုမီမှာပဲဖြစ်သည်။ သို့သော် ယနေ့တွင်မူ ထပ်တွေ့ပေးဖို့ မရည်ရွယ်‌ထားပေ။ ဝေ့ခန်းက သူ့ကို စိတ်တိုစေခဲ့သောကြောင့် သူသည် ဝေ့ခန်း၏လက်အောက်ငယ်သားများ နာကျင်မှုအချို့ ကြုံတွေ့ရတာကို ပျော်ရွှင်တာထက် ပိုနေ၏။
“ဟေး ရှောင်စူး ငါဒီမှာ ရပ်နေတယ်လေ ရာရာစစ ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့ ရိုင်းလိုက်တာ မင်းက ဘယ်ယူနစ်ကလဲ မင်းတို့ခေါင်းဆောင်ကို ငါစောဒကတက်စေချင်လား”
ဟေးယွီသည် တမင်တကာပင် ဂိတ်၌နေပြီး ကျီစယ်နေလေ၏။ ကျန်သည့် အိမ်မွေးတိရစ္ဆာန်များကဲ့သို့ပင် ဟေးယွီသည် သူ၏သခင်နှင့် အတော်လေးတူသည်။ ယွင်ချဲ့က အငြိုးထားရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် ဟေးယွီကလည်း ငြိုးနေလေ၏။ သူသည်သူ့ကို အသုံးချခံခဲ့ရသည့် အကြောင်းအရင်းကြောင့် စစ်တပ်ကို အပြစ်တင်နေသေးစဲဖြစ်သည်။
“ခေါင်းဆောင်ယွင်နဲ့ ခေါင်းဆောင်ရှင်းအတွက် ဂိတ်ဖွင့်ပေး”
သူသည် ထိုသားရဲကို မယှဉ်နိုင်မှန်း သိနေလေရာ ဗိုလ်ချုပ်စူးက လက်ဝှေ့ယမ်းလျက် အမိန့်ပေးလိုက်သည်။ ထိုမျက်ဝန်းများအားလုံး သူ့ကိုကြည့်နေသော်ငြား သူသည် ထိုအဖွဲ့ကို တတ်နိုင်သမျှမြန်မြန် အပြင်ထွက်သွားစေသည်။
“သခင် သူတို့တွေက ငါ့ကိုရွံလို့ မောင်းထုတ်ဖို့ ကြိုးစားနေတာလား”
တံခါးကနေ ချက်ချင်း ထွက်သွားရမည့်အစား ဟေးယွီသည် သူ့နောက်ကျောပေါ်၌ ထိုင်နေသော ယွင်ချဲ့ကို လှည့်ကြည့်လိုက်၏။ ယွင်ချဲ့က ခေါင်းညိတ်လိုက်သည်။
“အဲ့လိုပုံပဲ သူ့ကို ရန်စပြီး ခွင့်မလွှတ်နိုင်စရာ တစ်ခုခုလုပ်ခဲ့သေးလား”
“မလုပ်ဘူးပေါ့ သခင်ရဲ့လွှမ်းမိုးမှုအောက်မှာ ငါ‌က လူကြီးလူကောင်းတစ်ယောက် ဖြစ်လာတာလေ တံခါးကနေ ဖြတ်သွားတိုင်း သူတို့ကို နှုတ်ဆက်ခဲ့ရုံတင်မကဘူး သူတို့ကို နည်းမျိုးစုံနဲ့ ချီးကျူးခဲ့တာလေ ငါက ချိုသာတယ်မလား”
ဒီသားရဲက ဘယ်လိုတောင် အရှက်မဲ့တာလဲ နောက်ကျောပေါ်ရှိသားရဲကို ကြည့်နေပြီး ဗိုလ်ချုပ်စူးသည် ယခုအချိန်တွင် သူမပြောနိုင်တော့ဟု ခံစားမိသည့် ဟန်ဆောင်သမျှအားလုံးက စိတ်ထဲ စောဒကတက်နေ၏။ ဒါကဘယ်လို ချီးကျူးမှုမျိုးလဲ။ သူ့ရဲ့ ခြောက်လန့်နေတဲ့အသံနဲ့ သူတို့ကို သတ်တော့မလို့ပဲလေ တတ်နိုင်မယ်ဆိုရင် သူတို့ကို ဒီ‌တိုင်းလေးထားပေးဖို့တောင် သူတို့တောင်းဆိုမိမှာ။
“သူတို့တပ်မှူးက သူတို့တွေကို လုံလုံလောက်လောက် မသင်ထားပေးလို့နဲ့ တူပါရဲ့ မင်းအခြေစိုက်စခန်းထဲကနေ မကြာခဏ အပြင်ထွက်သင့်တယ်၊ သူတို့တပ်မှူးနဲ့ တွေ့တဲ့အခါ ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာ သင်ပေးဖို့ မမေ့လိုက်နဲ့”
စစ်သားများအားလုံးသည် ယွင်ချဲ့၏ရက်စက်ပုံကြောင့် ထိတ်လန့်သွား၏။ သူတို့တွေ ဒီသားရဲညှဉ်းပန်းတာ ခံရတာ လုံလောက်နေပြီ မဟုတ်ဘူးလား။
“အင်း အင်း လုံလောက်သွားပြီ ငါကောင်းတာကို သခင်ပဲမြင်နိုင်တာ”
“ပြောနေဖို့တောင် မလိုဘူးလေ ငါက မင်းရဲ့သခင်လေ မှတ်မိသေးလား”
“ချစ်လှစွာသောသခင် သခင့်ကိုချစ်လိုက်တာ”
ထိုသားရဲနှင့် သူ၏သခင်သည် အရှက်ရှိပုံမရပေ။ အ‌စောင့်များအားလုံးသည် သူတို့ကို စကားလုံးတို့ဖြင့် ဖော်ပြနိုင်သည်ထက်ပို၍ ရွံရှာ စက်စုပ်၏။ ဘုရားသခင်သည် ထိုကဲ့သို့ အရှက်မဲ့သည့် သတ္တဝါများကို အဘယ်ကြောင့်များ ဖန်တီးခဲ့သနည်း။
“ငါ့ကောင်တို့ သွားဖို့အချိန်ရောက်ပြီ”
“အင်း သွားကြမယ်”
“ဟုတ်ကဲ့ ဆရာ”
ရှင်းဖုန်းသတိပေးလိုက်ရာ ယွင်ချဲ့သည် နောက်ဆုံး၌ ဟေးယွီ၏ခန္ဓာကိုယ်ကို ပုတ်လျက် အမိန့်ပေးကာ မီတာများစွာမြင့်သည့် မြို့ကိုးကို ကျော်လိုက်‌တော့သည်။ ဝံပုလွေဘုရင်က သူ့ခွာကိုကန်လျက် နောက်ကနေလိုက်လာ၏။
“မိုက်လိုက်တာ”
“မိုက်တယ် ငါသာ ချောင်ယန်း ဒါမှမဟုတ် ထိပ်ဦးအဖွဲ့ကို ဝင်နိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ”
“မင်းလား အဲ့ဒီအကြောင်းကို မေ့လိုက်တော့ ထိပ်ဦးအဖွဲ့ထဲက အမျိုးသမီးတွေကတောင် မင်းထက် ပိုသန်မာတယ် ခေါင်းဆောင်ယွင်ရဲ့ အစ်မကလည်း စွမ်းအားရှင်တစ်ယောက်လို့ပြောတယ် ဒါပေမဲ့ သူက ချက်ပြုတ်ဖို့အတွက် အိမ်မှာနေဖို့ပဲ အရည်အချင်းရှိတာ”
“ဒါနဲ့ ခေါင်းဆောင်ယွင်နဲ့ တစ်ထပ်တည်း ရုပ်တူတဲ့သူက သူ့ရဲ့ညီလေး ဟုတ်တယ်မလား သူက တော်လား”
“ဘုရားသခင်ပဲ သိလိမ့်မယ်၊ တော်မယ်လို့ ထင်တာပဲ ခေါင်းဆောင်ယွင်လို အစွမ်းထက်တဲ့သူ တစ်စုံတစ်ယောက် အရှုံးသမားညီတစ်ယောက် မရှိလောက်ဘူးလေ”
“သူတို့ ဘယ်သွားနေတာလဲ”
သူတို့ထွက်သွားပြီးနောက် စွမ်းအားရှင်များသည် ဂိတ်ဝ၌ စုဝေးပီးနောက် စတင်ဆွေးနွေးကြတော့၏။ ဂိတ်၌ စောင့်နေသည့် အစောင့်များသည် တစ်ယောက်ပြီးတစ်ယောက် သက်ပြင်းချလိုက်၏။ တော်ပါသေးရဲ့ နောက်ဆုံးတော့ ဒီလူ‌တွေ ထွက်သွားကြပြီ။
“ငါတို့ခေါင်းဆောင်တွေက ခေါင်းဆောင်ယွင်ကို ရန်စခဲ့တာလား”
သူတို့ထွက်ခွာသွားသော ပုံရပ်ကို ကြည့်နေစဉ် ဗိုလ်ချုပ်စူးသည် မျက်မှောငခကြုတ်လိုက်လေ၏။ သူသည် ယွင်ချဲ့ကို မကြာခဏ တွေ့ခဲ့ဖူး၏။ သို့သော် တစ်ဖက်သူသည် သူ့ကို ယခင်က တမင်တကာ ခက်ခဲအောင် မလုပ်ခဲ့ဘူးပေ။
“စိတ်မရှိပါနဲ့ ဆရာ”
“ဘာမှမဟုတ်ဘူး အားတင်းထားကြ ပျင်းမနေနဲ့”
“ဟုတ်ကဲ့ဆရာ”
သူပြောတာကို ဝေဝါးဝါးကြားလိုက်သည့်အစောင့်က သူ့ကို ဇဝေဇဝါ ကြည့်လာသောအခါ ဗိုလ်ချုပ်စူးသည် အတွေးများကနေ ပြန်ရုပ်သိမ်းလျက် သူ၏စစ်သားများကို အော်ငေါက်လိုက်၏။ အစောင့်များအားလုံးက ချက်ချင်းပင် အာရုံအပြည့်ဖြစ်သွားသည်။ ယခု သူတို့ကို စော်ကားပြောဆိုသော သားရဲ ထွက်သွားပြီဖြစ်လေရာ အစောင့်များအားလုံးက ကြီးမြတ်ပြီး မှန်ကန်သည့် သွင်ပြင်အနေအထားသို့ ပြန်ရောက်လာလေ၏။
ဤကိစ္စရပ်သည် ဒုတိယမြို့ရိုး၌ ဖြစ်ပွားခဲ့သည့် ယခုအခေါက်တွင် ယွင်ချဲ့က သူတို့ကို တောင်ပေါ်၌ ခြေလျင်သွားမည်ဆိုသည့် အကြောင်းတောင် ပြောပြခဲ့၏။ ဖြတ်သန်းသွားလာသည့် စွမ်းအားရှင်များ၊ အစောင့်များနှင့် မြို့ရိုးနားရှိ နေထိုင်သူများက သူတို့ထွက်သွားတာကို အထိတ်တလန့်ကြည့်နေ၏။ သို့သော်ငြား ပိုတောင် ထိတ်လန့်စရာကောင်းသည့် ကိစ္စရပ်က ရှိသေးသည်။
“ယဲ့ဟန် အဲဒါက ဘာတွေလဲ သူတို့က ရုပ်ဆိုးလိုက်တာ”
ဒုတိယမြို့ရိုးနှင့် မီတာတစ်ရာကျော်အကွာခန့်၌ စတီးဝါယာ ကာကွယ်ရေးပိုက်ကွန် ရှိနေပြီး ဖုတ်ကောင်များ အတွင်းသို့ ဝင်မလာနိုင်အောင် ဟန့်တားထား၏။ အနံ့သို့မဟုတ် ဤနေရာရှိ လူအုပ်ကြီးနောက် လိုက်လာသည့် ဖုတ်ကောင်များသည် အကာအကွယ်ပိုက်ကွန်နောက်က အော်နေသော်ငြား ဖြတ်ကျော်‌နိုင်သည်။ ဖုတ်ကောင်အများစုက အဆင့်သုံးအောက်သာရှိသည်။ အချို့ကဆို သူတို့၏ညမျက်နှာပေါ်၌ ပြည်များထွက်နေပြီး ပါးစပ်က သွေးသံရဲရဲဖြစ်နေကာ အချို့ကမူ အတွင်းကလီစာများ၊ ခြေလက်များမရှိ ထိုမြင်ကွင်းကို မြင်လိုက်ရပြီး ယွင်ချန်းက မျက်မှောင်ချက်ချင်းကြုတ်လိုက်သည်။
“သူတို့က ဖုတ်ကောင်တွေပဲ သူတို့ကို မကြည့်နဲ့ မင်းအန်ချင်လာလိမ့်မယ်”
ထိုသို့ပြောပြီးနောက် လန်ယဲ့ဟန်သည် လက်တစ်ဖက်ဖြင့် သူ၏ခါးကို ဖက်ထားလျက် ကျန်လက်တစ်ဖက်ဖြင့် မျက်လုံးကို ကာထားလိုက်သည်။ ယွင်ချန်းက သူ့လက်ကို တွန်းဖယ်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်တော့သည်။
“အန်ချင်လိုက်တာ သူတို့က ညစ်ပတ်တယ်”
အချိန်အတိုင်းအတာ တစ်ခုအထိ အဆင့်အမြင့်ဆုံးဖုတ်ကောင် ဖြစ်ခဲ့သောကြောင့် ယွင်ချန်းသည် အကောင်းဆုံး အကြားအာရုံနှင့် အနံ့ခံအကောင်းဆုံး နှာခေါင်း ရှိနေလေ၏။ ကာထားခံရလျှင်တောင် သူသည် သူ့အတွက် အင်မတန် မသက်မသာဖြစ်စေသော အနံ့ကို ရနေသေးသည်။
“ငါတို့ အပြင်ထွက်မှာ”
သူတို့ပြောတာကိုကြားပြီး ယွင်ချဲ့က သူတို့ကို သတိပေးလိုက်ကာ လန်ယဲ့ဟန်အား ယွင်ချန်းကို ပိုအာရုံစိုက်ရန်နှင့် သူ့ကို လုံခြုံအောင်ထားရန် သတိပေးလိုက်၏။
“အင်းအင်း”
လန်ယဲ့ဟန်က ခေါင်းညိတ်လိုက်ပြီးနောက် ယွင်ချဲ့ကို သူ၏ ချွေးစေးများထွက်နေသော လက်ဖြင့် ပိုပြင်းပြင်း ချုပ်ကိုင်ထားလေ၏။ အရှေ့ဘက်ဂိတ်ကနေ ဖြတ်ကျော်သွားရမည့်အစား ဟေးယွီသည် ခြံစည်းရိုးကို ဟိန်းသံတစ်ချက်ဖြင့် ခုန်ကျော်သွား၏။
အပြင်ဘက်ရှိ ဖုတ်ကောင်များက ချက်ချင်းပင် ရောက်ချလာ‌တော့သည်။
“ငါတို့နဲ့ ဝေးဝေးနေ နံဆော်ကောင်တွေ”
ဝံပုလွေဘုရင်က မြေပြင်ပေါ် ဆင်းသက်လာချိန်၌ အနံ့ကို မခံစား‌နိုင်တော့သည့် ယွင်ချန်းက ဒေါသတကြီး အော်ဟစ်တော့သည်။ သူတို့အားလုံးက သူ့စကားကို နားလည်သည့်ပမာ သူတို့ကို အော်ဟစ်နေသည့် ဖုတ်ကောင်များသည် တစ်စက္ကန့်တာ တောင့်ခဲသွား၏။ ပြီးနောက် သူတို့က တွန့်ဆုတ်သွားကာ အနောက်သို့ အမြန်ဆုတ်သွားကြ၏။ အချို့ကဆို လှုပ်ရှားတာ နှေးလွန်းသောကြောင့် မြေကြီးပေါ် တွန်းချခံရသည်။ စက္ကန့်ပိုင်းအတွင်း ဖုတ်ကောင်များအားလုံးက သူတို့နှင့် မီတာအနည်းငယ်အကွာသို့ နောက်ဆုတ်သွားလေ၏။
ယင်းက ယွင်ချဲ့နှင့် သူ၏မိတ်ဆွေများကို ထိတ်လန့်သွားစေရုံသာမက ဒုတိယမြို့ရိုးအတွင်းဘက်ကနေ သူတို့ကို လှမ်းကြည့်နေသော သူများကိုလည်း ထိတ်လန့်သွား‌စေ၏။ ထိုလူများသည် အစောတုန်းက ဖြစ်ပျက်ခဲ့တာက အခဲကြေညက်အောင် ကြိုးစားနေတာပဲဖြစ်၏။ ခေါင်းဆောင်ရှင်းနှင့် ခေါင်းဆောင်ယွင်က ကြောက်မက်ဖွယ် ကောင်းလွန်း၏။ သူတို့ကိုမြင်ပြီး ဖုတ်ကောင်များတောင် နောက်ဆုတ်သွားသည်။
“နည်းနည်း နောက်ဆုတ်ဦး မင်းတို့ကောင်တွေက ငါးညှီနံ့ နံစော်ပြီး ညစ်ပတ်နေတာ ရေချိုးသင့်တယ်”
ယွင်ချန်းသည် သူဘာပြောနေမှန်းမသိပေ။ သူက စိတ်လိုက်မာန်ပါဖြင့် လက်ဝှေ့ရမ်းလိုက်၏။ သို့သော် ယခုအခေါက်တွင် ဖုတ်ကောင်များက သူပြောသည့်အတိုင်း နောက်မဆုတ်ပေ။ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်မိလျှင် ဖုတ်ကောင်များက သူတို့ကို အော်ဟစ်နေသေးဆဲဖြစ်ကြောင်း တွေးလိမ့်မည်။ သူတို့က အနားမကပ်ရဲရုံသာရှိ၏။
“မိုက်လိုက်တာ ချန်း မင်းက အံ့ဩဖို့ကောင်းလိုက်တာ ဒါဘယ်လိုလုပ်လိုက်တာလဲ အဲ့ဒီဖုတ်ကောင်တွေက အခု ငတုံးတွေ ဖြစ်ကုန်ပုံပဲ”
ဟေးယွီက ယွင်ချန်းကို ကြည့်ပြီး မျက်လုံးများ လတ်သွားလေ၏။ ယင်းသာ ဖုတ်ကောင်အာစလုံးအတွက် အလုပ်ဖြစ်မည်ဆိုလျှင် သူတို့နောင်ကျ အပြင်ထွက်ချိန်တိုင်း ယွင်ချန်းကို သူခေါ်သွားနိုင်၏။ ထိုသို့ဆိုလျှင် သူ၏သခင်က လေစွမ်းအားများစွာ သုံးစွဲမိမည့်အကြောင်းကို စိုးရိမ်ပူပန်စရာ လိုတော့မှာမဟုတ်ပေ။ ထိုအကြောင်းကို တွေးလေလေ သူက ပိုစိတ်လှုပ်ရှားလာလေဖြစ်၏။
“ဟမ်”
ယွင်ချန်းသည် ဟေးယွီဘာပြောနေမှန်း မသိပေ။ သူက ဇဝေဇဝါဖြင့် မျက်တောင်ခတ်လိုက်၏။ မတုံ့ပြန်နိုင်သည့် အခြေအနေကနေ ရုန်းထွက်လာပြီး ယွင်ချဲ့က ရှင်းဖုန်းကို ပြုံးလျက် တီးတိုးပြောလိုက်သည်။
“တကယ်ပဲ ငါတို့နဲ့အတူ စူပါဖုတ်ကောင်တစ်ကောင် ရှိနေတာက တူညီတာပဲ”
ထိုဖုတ်ကောင်များသည် ယွင်ချန်းအော်တာ ခံလိုက်ရပြီးနောက် နောက်ဆုတ်သွားခြင်းမှာ သူတို့သည် သူ၏စကားကို နားလည်သောကြောင့်အဟုတ်ပေ။ သို့သော် သူ၏ကြီးမြတ်လှသော အငွေ့အသက်ကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။ ယွင်ချန်းသည် အနည်းဆုံးတော့ အဆင့်ခြောက်တွင်ရှိ၏။ အဆင့်သုံးအောက်နိမ့်သည့် ဖုတ်ကောင်များအလယ်တွင် ရပ်နေစဉ် သူက သေမျိုးများကြားရှိ စူပါမန်းနှင့် တူနေလိမ့်မည်။ ထို့ကြောင့် ထိုအဆင့်နိမ့် ဖုတ်ကောင်များက သူ့ကို ကြောက်ရွံ့တာ အံ့ဩစရာမဟုတ်ပေ။
“ချဲ့ မင်းဘာပြောလိုက်တာလဲ စူပါဖုတ်ကောင်လား”
ယွင်ချန်းက ဇဝေဇဝါ ဖြစ်နေသေးကာ နံဆော်သည့်ပတ်ဝန်းကျင်ကို မျက်မှောင်ကြုတ်ကြည့်နေ၏။ လန်ယဲ့ဟာ ယွင်ချဲ့ကို စကားမမှားစေရန် တစ်ချက်လှမ်းကြည့်လိုက်၏။ သူတို့သည် ချန်းကို အသူရာဖုတ်ကောင်တစ်ကောင် ဖြစ်တာကို ဘယ်တော့မှ ပြောမှာမဟုတ်။ ချန်းသည် သူစားသောက်နေရသည့်အရာက လူတိုင်းမးနှင့် မတူညီရသည့် အကြောင်းအရင်းကိုပင် ဘယ်တော့မှမမေ့ပေ။ သူက လူသားတစ်ယောက်ဖြစ်ကြောင်း တွေးနေသေး၏။ သူက နေ့စဉ်နေ့တိုင်း ပျော်နေပုံရသည်။ လန်ယဲ့ဟန်က သူ့ကို ဤနည်းအတိုင်းသာ နေစေချင်၏။
“အင်း မင်းကြောက်ဖို့ကောင်းလောက်အောင် တော်တယ်လို့ ငါတို့ပြောနေတာလေ၊ တွေ့လား သူတို့အားလုံး မင်းကို ကြောက်နေတယ် ဒါပေမဲ့ သူတို့နဲ့မကစားနဲ့”
လန်ယဲ့ဟန်က သူ့ကို သတိမပေးပင်လျှင် ယွင်ချဲ့က ဘာမှလွဲမှာ မဟုတ်ပေ။ သူက သူ၏အစ်ကိုကို လူတိုင်းထက်ပိုပြီး သက်ရှိလူသားတစ်ယောက်အဖြစ်သာ မြင်စေချင်တာဖြစ်၏။
“ငါ သူတို့နဲ့ ဘယ်တော့မှ မကစားဘူး သူတို့က နံဆော်ပြီး ညစ်ပတ်နေတာ ရွံစရာကြီး”
ယွင်ချန်းက နှုတ်ခမ်းစူနေတော့သည်။ တာဝန်ထမ်းဆောင်ရာကနေ ထိပ်ဦးအဖွဲ့သားများ ပြန်လာချိန်၌ သူတို့သည် အိမ်ထဲမဝင်ခင် ကုန်တင်ကားထဲ၌ သူတို့ကိုယ်သူတို့ အမြဲတမ်း သန့်ရှင်းနေကျဖြစ်၏။ ရံဖန်ရံခါ၌ ညစ်ပေသည့် ချန်ချန်မှလွှဲလျှင် ယွင်ချန်းတွေ့သမျှ လူအားလုံးက သန့်ရှင်းပြီး လန်းဆန်းနေ၏။ အိမ်အတွက်မူ ယွင်ယောင်နှင့် ဝမ်စူးဟွားက သန့်ရှင်းအောင်လုပ်ပြီး နေ့စဉ်နေ့တိုင်း သန့်ရှင်းရေးလုပ်နေ၏။ ယွင်ချန်းအဖို့ ညစ်ပတ်သောဖုတ်ကောင်များကို မြင်တွေ့တာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏အသန့်ကြိုက်လွန်းမှုကလည်း သူ့ကို ညှဉ်းပန်းနေလေ၏။
“ဟားဟား ဟုတ်တယ် အဲ့ဒီ ညစ်ပတ်တဲ့ သတ္တဝါတွေကို မင်းအနား ဘယ်တော့မှ ကပ်ခွင့်မပေးနဲ့”
သူအသန့်ကြိုက်လွန်းတာကို တွေးမိပြီး ယွင်ချဲ့က မရယ်ဘဲ မနေနိုင်‌တော့ချေ။ အစက ယွင်ချဲ့သည် သူလက်သည်းညှပ်ပေးပြီး ခန္ဓာကိုယ်ကို ညတိုင်း သန့်ရှင်းရေးလုပ်ပေးသည်က သူ့ကို အသန့်ကြိုက်လွန်းသည့် ဖုတ်ကောင်တစ်ကောင်ဖြစ်သွားစေလိမ့်မည်ဟု ယွင်ချဲ့ မထင်ခဲ့မိပေ။ ကျန်သည့်သူများသာ ထိုအကြောင်းကို ရှာတွေ့သွားပါက သူတို့ရယ်မောမိလိမ့်မည်။ ကမ္ဘာပျက်ကပ်နေ့၌ အသန့်ကြိုက်လွန်းခြင်းက လူတိုင်းအတွက်
ထူးဆန်းနေလေရာ ဖုတ်ကောင်တစ်ကောင်လည်း ဖြစ်နေသေး၏။
“ချဲ့ အခုငါတို့ ဒီနေရာက ထွက်လို့ရပြီလား ဒီနေရာကိုမုန်းတယ်”
ယွင်ချန်းသည် ဤနေရာ၌ နောက်ထပ်တစ်မိနစ်တောင်ထပ် မနေနိုင်‌တော့သည့်ပုံဖြင့် သူ၏ အစ်ကိုကို ကလေးဆန်သည့်လေစံဖြင့် တိုက်တွန်းလိုက်‌တော့သည်။
“ပြဿနာမရှိဘူး သွားကြမယ်”
ယွင်ချဲ့က ဟေးယွီကိုပုတ်လိုက်ပြီး သူ့ကို ရှေ့ဆက်သွားရန် ညွှန်ကြားလိုက်သည်။ နှေးစေးနနေဘဲ ဟေးယွီက မလှမ်းမကမ်းရှိ တောင်တန်းများဆီသို့ ပြေးသွား၏။ လမ်း၌ ယွင်ချန်းသည် ဖုတ်ကောင်များကို သူတို့လမ်းကြောင်းများကို ဆက်တိုက် ဖယ်ခွာသွားစေရာ အဖွဲ့က အချိန်ကုန်သက်သာသည်။ ကာကွယ်ရေးပိုက်ကွန်နောက်တွင် ရပ်နေသည့်သူများက ဖုတ်ကောင်များသည် သူတို့နားတောင်ညမကပ်ရသေးခင် သူတို့အတွက် လမ်း‌ဖယ်ပေးလိုက်တာကို မြင်ပြီး ထိုလူများက ကြက်သေသေနေလေကြောင်း ပြောရန်မလို ယွင်ချဲ့နှင့် ရှင်းဖုန်းတို့အကြောင်း ကောလဟာလများက ပြန့်နေ၏။ အခြေစိုက်စခန်းထဲရှိ ဒဏ္ဌာရီသည် မကြာမီ၌ တစ်ဖန်ပြန်လည် ထွက်ပေါ်လာလိမ့်မည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset