YMR- အခန်း ၁၅၉

အခန်း ၁၅၉

ဝိတ်ပိုတက်လာတာလား။ လုနှင့်ချူးကြားရှိ စကားပြောဆိုမှု။

မြေကြီးနှင့် ရွှေစွမ်းအားရှင်များ၏ အကူအညီဖြင့် ပြန်လည်ပြုပြင်မှုသည် တစ်ရက်အတွင်း အထင်ကြီးဖွယ်ကောင်းလောက်အောင် ခရီးပေါက်ခဲ့သည်။ အိမ်များကြားရှိနံရံကို ဖြိုချခဲ့ပြီး ယွင်ချဲ့၏အိမ်ရှေ့ရှိ ဖန်လုံအိမ်ကိုလည်း အိမ်နှစ်အိမ်ကြားရှိ လမ်းကျဉ်းလေးသို့ ကွေ့ပြောင်းလိုက်ကာ အိမ်လေးအိမ်တစ်ဝိုက် နံရံများကိုလည်း အဆင့်မြှင့်တင်ပြီး ထပ်မြှင့်ခဲ့သည်။ အလယ်ရှိ အိမ်နှစ်အိမ်အထပ်တွင်ရှိသော ဆူးကြိုးဝါယာများက အိမ်အားလုံးနှင့် ခြံဝန်းအားလုံးကို ဖြန့်ကျက်လိုက်ပြီး စတီးပြားများကိုလည်း မြေအောက်၌ ပူးထားလေ၏။ အိမ်၏အနောက်ဘက်ရှိ ခြံဝန်းများကိုလည်း တစ်ပေါင်းတည်း ပေါင်းစည်းလိုက်ပြီး ဖန်လုံအိမ်ကိုမူ မတည်ဆောက်ရသေးပေ။ အကြောင်းမှာ ဖန်လုံအိမ်တည်ဆောက်ရန် အချိန်ယူရဦးမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ အရှေ့ဘက်ခြံဝန်းရှိ တိရစ္ဆာန်ရုံလေးများအတွက်မူ။အုတ်မြစ်ချပြီးဖြစ်ကာ နံရံကား မနက်ဖြန်ဆို အုတ်များ ချတော့မှာပဲဖြစ်သည်။ အလုပ်က နှစ်ရက် သုံးရက်အတွင်း ပြီးမြောက်လောက်ပြီ လူအင်အား လုံလုံလောက်လောက် ထောက်ပံ့ထား၏။

အရှေ့ဘက်နံရံရှိ သံမဏိဂိတ်ကြီးအတွက် အပေါက်တစ်ခုသာ ဖွင့်ထားသည်။ ဂိတ်၏ ထွက်ပေါက်နှင့် ဘေးတွင်လည်း မလွယ်ပေါက်တစ်ခု ထားထားလေ၏။ အကြံကတော့ သူတို့သည် အိမ်တွင်းအိမ်ပြင်ကို ပုံမှန်ဝင်ထွက်သွားလာချိန်၌ မလွယ်ပေါက်ကနေသွားပြီး ယာဉ်များ သွားလာသည့်အချိန်တွင် သံမဏိဂိတ်ကနေ သွားခိုင်းမည်။

“ချဲ့က ယွင်ယောင်ကို ဆန်အသစ် ချက်ခိုင်းချင်တာ အံ့ဩစရာ မရှိဘူးပဲ သူ့ရဲ့အရသာက ကောင်းတာကို ဂျုံအသစ်ကနေ လုပ်ထားတဲ့ ပေါက်စီကလည်း ဂျုံနံ့မွှေးနေတာပဲ”

ညနေခြောက်နာရီ၌ အိမ်နှစ်လုံးက ညစာအအတူစား၏။ အခန်းထဲတွင် ချူးဟောင်လင်ကတော့ နေနေသေး၏။ ဆန်အသစ်၏ ဆန်စေ့တိုင်းက လုံးဝန်းပြီး အနံ့‌ပြင်းကာ ဆန်ရနံ့သည် လူတစ်‌ေယာာက်ခံတွင်းထဲ၌ ချက်ချင်း ပေါင်းစည်းသွားလေ၏။ ဂျုံအသစ်ဖြင့် ပြုလုပ်ထားသော ပေါက်စီသည် ယခင်ကထက်ပိုကောင်းကာ ဂျုံ၏လတ်ဆတ်သောရနံ့က အတော်လေး စားချင်စိတ်ဖြစ်စေ၏။

“ဟုတ်တယ်ချဲ့ ဒါကို စားနေမယ်ဆိုရင် ငါ ဝလာလိမ့်မယ်”

သူမက ထိုသို့ပြောသောငြား ကျန်းယာဖေးသည် ပေါက်စီနောက်တစ်လုံးကို ယူလိုက်လေ၏။ သူမက စားစရာများကိုတောင် မခံနိုင်ပေ။

“နည်းနည်းလောက် ဝိတ်ပိုတက်သင့်တယ် ဘယ်လောက်ပိန်လဲကြည့်ဦး အမျိုးသမီးတွေက နေ့စဉ်နေ့တိုင်း ချက်ပြုတ်နေတာပဲလေ”

ကျန်းထျန်းလုံသည် ထိုစကားကို ကြားသောအခါ ပြောသွားလေ၏။ သူ၏သမီး ပိန်လွန်းသည်ဟု အမြဲတမ်း ခံစားနေခဲ့တာဖြစ်သည်။ ကမ္ဘာပျက်ကပ်၌ နေထိုင်ရသည့်ဘဝက ခက်ခဲလွန်း၏။ သို့သော်ငြား အကောင်းဘက်တွင်မူ လူအများသည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးအဆီဖုံးခြင်း စသည့်‌ေရာဂါများ ခံစားရတော့မှာမဟုတ်ပေ။ လူအများက ဗိုက်ပြည့်ရုံဖြင့် ပျော်ရွှင်နေလိမ့်မည်။

“အဖေ”

ဖခင်တစ်ယောက်၏ ချစ်ခြင်းတရားသည် သမီးတစ်ယောက်ကို အမှန်တကယ် အနေခက်သွားစေ၏။ မိန်းကလေးများအားလုံးက လှချင်သည်။ သူမသည် အဝတ်အစားသစ်များ၊ အလှကုန်ပစ္စည်းများ ရှာရန် အချိန်မရှိ ရှာမှာလည်းမဟုတ် သို့သော် ဝတုတ်သည့်မိန်းကလေးတစ်ဦး မည်သူက ဖြစ်ချင်မည်နည်း။

“ချန်ချန်ရဲ့အရွယ်အစားလောက် ဖြစ်သင့်တယ်လို့ပြောတာ ဒါမှ မစ္စချန်းယောင်နဲ့ ငါက မင်းကိုကျွေးဖို့ ငါတို့ဦးနှောက်တွေကို ရိုက်ထုပ်ဖို့မလိုမှာ”

ဝမ်စူးဟွာက ပိုတောင်ပွင့်လင်း၏။ ချန်ချန်သည် လူတိုင်း၏ အာရုံစိုက်စရာဖြစ်လာ၏။ သူက ပေါက်စီများကို အားရပါးရ စားသောက်နေသည်။ သူ၏ ပါးဖောင်းဖောင်းလေးကို မြင်သောအခါ လူကြီးများက ပခုံးတွန့်လိုက်၏။ သူ၏ပါးဖောင်းဖောင်း၊ လက်ဖောင်းဖောင်းလေးများနှင့် လုံးဝန်းသောခန္ဓာကိုယ်ကို တွေ့သည့်အချိန်၌ လူကြီးများက ပခုံးတွန့်လိုက်တော့သည်။ သူတို့က ချက်ချင်းပင် စားချင်စိတ် မရှိတော့ပေ။ သူတို့သာ ချန်ချန်၏ အရွယ်အစားဖြစ်မည်ဆိုလျှင် သူတို့ကိုယ်သူတို့ အသားလုံးအဖွဲ့ဟူ၍ အမည်ပေးရလောက်သည်။

“မာမီ သိပ်အရသာရှိတာပဲ ကောင်းလိုက်တာ”

သို့သော်ငြား ချန်ချန်ကမူ လူတိုင်း၏တုံ့ပြန်မှုက မည်သို့ပင် ဖြစ်စေကာမူ စိတ်ကောင်းနှင့်နေသေးသည်။ သူက ခဏတာနားပြီးနောက် သူ၏မိခင်ကို လက်မထောင်ပြလိုက်၏။ ယွင်ယောင်က တခစ်ခစ်ရယ်မောလျက် လက်သုတ်ပုဝါဖြင့် သူ၏ပါးစပ်ကို သုတ်ပေးလိုက်၏။

“ဒါဆိုပိုစား သားရဲ့ဦးဦးက အခုကစားပြီး အမေတို့ ဒီပေါက်စီတွေ စားလို့ရမယ်လို့ပြောတယ်”

“ဟုတ်ဟုတ် ဦးဦးက အတော်ဆုံးပဲ”

ချန်ချန်သည် ပျော်ရွှင်စွာ ခေါင်းညိတ်နေပြီး ပေါက်စီကို နောက်တစ်ကိုက်ကိုက်လိုက်လေ၏။ သူက လူတိုင်း၏ စားချင်စိတ်ကို အောင်မြင်စွာ ပြန်ဆောင်ယူလာ၏။ ကျန်းရှန်သည် ယဲ့ထင်ရှန်း၏ ပန်းကန်ပြားထဲသို့ ပေါက်စီနှစ်လုံးကို ထည့်ပေးလိုက်ရာ ကျိုးဇယ်ယွီနှင့် ကျန်သည့်တစ်ကိုယ်တော် ယောင်္ကျားသားများအတွက် အမှန်တရားကို ငိုကြွေးခေါ်‌ဆိုမိစေတော့၏။

“အရသာကောင်းလိုက်တာ မနက်ဖြန်ကစပြီး ဒါတွေစားကြမယ် ကျန်တဲ့ ဆန်နဲ့ဂျုံတွေကို ပေးမယ် ဒါဆိုရင် မင်းတို့ကန်တင်းက အဲဒါတွေကို သုံးလို့ရပြီ”

ယွင်ချဲ့က ရှင်းဖုန်းကို ပြောလိုက်၏။ လူတိုင်းသည် ဟင်းလျာအစား ဆန်နှင့် ပေါက်စီများအကြောင်း ယနေ့ပိုရူးသွပ်နေကြတာပဲ ဖြစ်သည်။ မနေ့ညတုန်းက ဝံပုလွေသားက ဒုက္ခများလွန်းခဲ့သောကြောင့် ဖြစ်ဟန်တူသည်။ စားပွဲပေါ်တွင် မည်သူကမှ အသားများ မထိတော့ပေ။ ဟင်းသီးဟင်းရွက်များက ပိုပြီး လူကြိုက်များနေလေ၏။

“အင်း နှစ်တစ်ရာကြက်ဥသုပ်ကလည်း ကောင်းတာ‌ပဲ စားပါဦး”

ရှင်းဖုန်းသည် သူ၏ပန်းကန်ထဲသို့ ငရုပ်မှုန့်ဖြူးထားသော ရာစုနှစ်ကြက်ဥကို ထည့်ပေးလိုက်၏။ သူက ပူ‌နွေးသော စားစရာများကို နှစ်ခြိုက်ပြီး ယွင်ယောင်ချက်ပေးသည့် ဟင်းလျာပူပူတိုင်းက အရသာရှိပေ၏။

“ချူးအတွက် တစ်ခု ထည့်သွားလိုက်ဦးမယ်”

လုဟိုင်ရွှမ်းသည် ခဏတာ စားသောက်ပြီးနောက် ထရပ်လိုက်၏။ လူတိုင်းက ရပ်တန့်သွားကြကာ တိတ်တဆိတ် သက်ပြင်းချလိုက်ကြတော့သည်။ ကိစ္စက အမှန်တကယ် စီးကပ်လာတော့သည်။

“ဟောင်လင်အတွက် ချန်ထားပြီးသား ဒီမှာစောင့်ဦး မီးဖိုချောင်ထဲမှာ ထည့်ပေးလိုက်မယ်”

လု၏မိခင်သည် တူကို ချပြီးနောက် မီးဖိုချောင်ထဲသို့ လျှောက်သွားလိုက်၏။ သူမသည် သူမ၏သားနဲ့ ချူးဟောင်လင်ကြား ဖြစ်ပျက်ခဲ့သည့်အကြောင်း သိရှိပြီးသားဖြစ်သည်။ ကမ္ဘာပျက်ကပ်သာ မဖြစ်ခဲ့လျှင် သူမ ခွင့်ပြုမှာမဟုတ်ပေ။ သူမ ခွင့်ပြုခဲ့လျှင်တောင် လုဟိုင်ရွှမ်း၏ဖခင်က ခွင့်ပြုမှာမဟုတ်ပေ။ မည်သည့်မိဘကများ မြေးမလိုချင်ဘဲ နေမည်နည်း။ အမျိုးသားနှစ်ယောက်က ကလေးတစ်ယောက် မည်ကဲ့သို့ ပြုလုပ်နိုင်မည်နည်း။ သို့သော် လုဟိုင်ရွှမ်းက သူ ချူးဟောင်လင်နှင့်အိပ်ခဲ့ကြောင်း သူ့မိခင်ကို ပြောပြချိန်၌ သူမသည် အံ့ဩဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေပြီး ခေါင်းတစ်ချက်ညိတ်လျက်သာ ၎င်းကို လက်ခံခဲ့၏။ ကမ္ဘာပျက်ကပ်နေ့ရက်များ၌ သူတို့မည်မျှ အသက်ရှင်မည်ဆိုတာ မည်သူက သိမည်နည်း။ မိသားစုမျိုးဆက်ဟူသည့် လူသားများ၏ အနည်းဆုံးသော စိုးရိမ်ပူပန်စရာဖြစ်လာ၏။ သူမ၏သားကို ယုတ္တိမရှိသည့် တစ်စုံတစ်ခုကြောင့် လွတ်ထွက်သွားမည့်အစား သူတို့ကို အတူရှိခွင့်ပေးလိုက်မည်။ ယွင်ချဲ့ပြောတာ မှန်ပေ၏။ တစ်စုံတစ်ယောက်နှင့် အတူရှိနိုင်ခြင်းက လုံလောက်အောက် ကောင်းနေပြီဖြစ်ရာ ကျန်သည့်ကိစ္စများ အရေးမပါတော့ပေ။

“ဟိုင်ရွှမ်း ဟောင်လင်က ကလေးဆန်တယ် သူနဲ့ စကားမများနဲ့ သူ့ကို သည်းခံဖို့ကြိုးစား ဟုတ်ပြီလား”

လုမားမားသည် လက်ထဲ၌ ထမင်းဘူးနှစ်ဘူးဖြင့် ပြန်ရောက်လာ၏။ သူမသည် သူမထွက်သွားခင် သူမသားကို ညွှန်ကြားပေးခဲ့သည်။ တစ်စုံတစ်ယောက်သည် ဆက်ဆံရေးတစ်ခု၌ သည်းခံပေးရန် လိုအပ်၏။ နှစ်ဖက်လုံးက စိတ်တိုလွယ်ပါက ကြာရှည်ခံမှာမဟုတ်ပေ။

“ဟုတ်”

သူ၏မိခင်က သူတို့တစ်ယောက်နှင့်တစ်ယောက် ခံစားချက်ရှိနေပြီဟု ထင်နေမှန်း သိသော်ငြား လုဟိုင်ရွှမ်းက မရှင်းပြခဲ့ပေ။ သူက ယွင်ချဲ့ကို ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် ထမင်းဘူးနှစ်ဘူးကိုင်ကာ ထွက်သွားတော့၏။ လူတိုင်းက သူထွက်သွားတာကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ လုဟိုင်ရွှမ်း၏မိခင်နှင့်အဖိုး ဤနေရာတွင် ရှိနေသောကြောင့် သူတို့က စကားမပြောခဲ့ပေ။ သို့သော် သူတို့အတူရှိနိုင်မည်ဟု မျှော်လင့်နေကြသည်။

ညစာစားပြီးနောက် လန်ယဲ့ဟန်သည် တာဝန်ထမ်းဆောင်ရာ၌ ယနေ့ ဒဏ်ရာရသည့်သူ မရှိကြောင်း အတည်ပြုပြီးနောက် လမ်းလျှောက်ထွက်ရန် ယွင်ချန်းကို ခေါ်သွား၏။ ဟေးယွီက ချန်ချန်နှင့်ရှောင်ပိုင်ကို ကျောပေါ်တွင်တင်လျက် လိုက်ပါသွား၏။ ယွင်ချဲ့က လန်ယဲ့ဟန် စိတ်တိုနေမည်ဟု ထင်ခဲ့သည်။ သူသည် ချန်းနှင့် ရှားရှားပါးပါး အပြင်ထွက်ရတာဖြစ်၏။ ထိုလူများက စိတ်အခြေအနေကို ဖျက်စီးခဲ့လျှင် စိတ်ပျက်စရာ ကောင်းပေလိမ့်မည်။

လုဟိုင်ရွှမ်းသည် ရှင်းဖုန်း၏အိမ်ရှိ တတိယအလွှာတွင်ရှိသော အခန်းတံခါးကို ထပ်တလဲလဲ ခေါက်ခဲ့၏။

“ချူး တံခါးဖွင့်ပေးဦး မဟုတ်ရင် ငါကိုယ်တိုင် ဝင်လာမယ်”

တံခါးတစ်ချပ်သည် ရွှေစွမ်းအားရှင်တစ်ယောက်ကို ဝင်မလာအောင် မဟန့်တားနိုင်ပေ။

“ရှူး.. ငါအိပ်နေတာ”

ချူးဟောင်လင်က အခန်းထဲ၌ ညည်းတွားပြောဆိုလိုက်သည်။ သို့သော်ငြား လုဟိုင်ရွှမ်းသည် အကြောင်းပြန်ကြားမှုသည် သူထင်ထားသည်ထက် စွမ်းအား ပြည့်နေတာကို ကြားလိုက်ရသည့်အခါ သက်သာရာရသွားတော့၏။ သူက ခဏတာ တိတ်တိတ်‌နေပြီးနောက် ထပ်ပြောလိုက်သည်။

“မင်း တစ်ခုခု မစားဘူးလား ချဲ့က သူရဲ့ စွမ်းအား‌နယ်မြေထဲကနေ ဆန်အသစ်နဲ့ ဂျုံအသစ်တွေရလာတာနော် ဒီနေ့ချက်ထားတဲ့ထမင်းနဲ့ ပေါက်စီက ပြီးပြည့်စုံတယ် မင်း ကြိုက်မယ်ဆိုတာ သေချာတယ် ငါ့အမေက မင်းအတွက် ချန်‌ပေးထားတယ်”

“ဒုန်း”

သူ‌ပြောတာတောင် မပြီးသေးခင် တံခါးက ပွင့်လာတာ့၏။ ကောင်းစွာဝတ်စားထားသော လူတစ်ယောက်သည် လုဟိုင်ရွှမ်း၏ လက်ထဲမှ ထမင်းဘူးများကို လုယူသွား၏။ ချူးဟောင်လင်က တံခါးကို ဆောင့်မပိတ်ခင် လုဟိုင်ရွှမ်းသည် အခန်းထဲ ခြေတစ်ဖက်ထည့်လိုက်၏။

“ချူး ငါ့ကို ဝင်ခွင့်ပေး”

ယွင်ချဲ့နှင့် ကျိုးဇယ်ယွီတို့၏ မိတ်ဆွေဖြစ်ခဲ့တာ အတော်ကြာပြီဖြစ်သာကြောင့် လူပါးဝမှုကလည်း သူတို့နှင့် အဆင့်တူတွင်ရှိပေ၏။

“ငါ့အခန်းထဲ ဘာလုပ်နေတာလဲ ထွက်သွား ငါ့ရဲ့စားချင်စိတ်ကို မဖျက်စီးနဲ့”

အခန်းထဲတွင် လုဟိုင်ရွှမ်းရှိနေချိန် သူ မည်သည်ကို စားနိုင်ည်နည်း။

ချူးဟောင်လင်က မျက်နှာပေါ်၌ မကျေမနပ် သုန်မှုန်နေသော အကြည့်ရှိနေ၏။ သူက တစ်နေကုန် အာလူးကြော်များသာ စားရပြီး ဆန်အသစ်နှင့် ဂျုံအသစ်ကြောင်း မကြားမိသေးပေ။ သူက တံခါး မဖွင့်ခဲ့ပေ။ သူက ဖြစ်ပျက်ခဲ့ပုံကို အခန်းထဲ၌ ထပ်ခါတလဲလဲ စဉ်းစားခဲ့ပြီးနောက် ရှင်းလင်းသွားပြီဖြစ်သည်။ သူအပြင်မထွက်ရသည့်အကြောင်းအရင်းက တစ်စုံတစ်ခု ရှက်နေသောကြောင့် မဟုတ်ပေ။ ချူးဟောင်လင်သည် ရှက်ရွံ့မှုကို တစ်ခါမှ မခံစားရပေ။ သူက အနေခက်ရုံသာဖြစ်၏။ သူ့ထက်ပိုငယ်ရွယ်သည့်သူက သူ၏အပေါက်ထဲကို ထိုးသွင်းလိုက်မည်ဆိုတာ သူမယုံနိုင်ခဲ့ပေ။

“ချူး စကားပြောကြရအောင်”

လုဟိုင်ရွှမ်းသည် တည်ကြည်သော မျက်နှာထားဖြင့် လက်နှစ်ဖက်ကို ဖြန့်လျက် ပြောလိုက်သည်။ ချူးဟောင်လင်က သူ့ကိုကြည့်ပြီး ပြောလိုက်တော့သည်။

“သိက္ခာရှိရှိပြုမူ”

ပြီးနောက် သူက လက်ထဲ၌ မုန့်ဘူးများ သယ်လျက် လှည့်ထွက်သွားသည်။ ချူးဟောင်လင်၌ နူးညံ့သည့် စိတ်နေသဘောထားရှိပြီး လုဟိုင်ရွှမ်းက ပြုံးလိုက်၏။ သူသည် အထဲဝင်ပြီးနောက် တံခါးပိတ်လိုက်သည်။

“ယွင်ချဲ့က ဆန်ကို ဘယ်ကရလဲ ပြီးပြည့်စုံလိုက်တာ ပြီးတော့ ပေါက်စီပူပူကြီးတွေ အနံ့က မွှေးနေ‌တာပဲနော် နေ့လည်စာအတွက် အောက်ဆင်းသင့်တယ် ထင်တယ်”

ချူးဟောင်လင်က ခုံတန်းပေါ်၌ စားသောက်ပွဲတည်နေလေ၏။ သူ၏ မကောင်းသည့် စိတ်ခံစားချက်များ မရှိတော့ဘဲ အဆုံးတွင်မူ စားစရာကသာ သူ့ကို ကုသပေးနိုင်တာဖြစ်ပြီး လုဟိုင်ရွှမ်း၏ တည်ရှိမှုကိုတောင် သည်းခံနိုင်သွားလေ၏။

“အစ်မယွင်ယောင်က နေ့လည်တုန်းက ချက်ပြုတ်ဖို့မေ့သွားလို့ ညစာအတွက်ချက်ထားတာ ဖြည်းဖြည်းစား မနင်စေနဲ့ ရေ‌သောက်လိုက်ဦး ယွင်ချဲ့က အခုကစပြီး ဒါတွေစားရမယ်လို့ ပြောတယ်”

လုဟိုင်ရွှမ်းက ချူးဟောင်လင် စားစရာနင်နေတာကို မြင်သည့်အချိန်၌ ရေတစ်ခွက် ထည့်ပေးလိုက်၏။ မနေ့ညက ဖြစ်ပျက်ခဲ့တာကြောင့် ချူးဟောင်လင်သည် သူ့အတွက် ချစ်ဖို့ကောင်းနေတာ ဖြစ်ဟန်တူသည်။

“အဟွတ် ရှစ် မင်းပါးစပ် ပိတ်ထားနိုင်မလား”

ချူးဟောင်လင်က နင်နေသည်။ သူက လုဟိုင်ရွှမ်းကို စိုက်ကြည့်ပြီးနောက် ရေတစ်ခွက် ခပ်သောက်လိုက်တော့၏။ လုဟိုင်ရွှမ်းက ကောင်းသော်ငြား ချူးဟောင်လင်သည် သူပြောခဲ့တာ မှန်လာသောကြောင့် အပြစ်တင်နေတာပဲဖြစ်သည်။ ထို့ကြောင့် သူ့အတွက် တိတ်တိတ်ဆိတ်ဆိတ်နေပေးကာ ရေထပ်ထည့်ပေးဖို့သာ ရွေးချယ်လိုက်၏။

“ဒီတော့ ဘာပြောချင်တာလဲ ငါတို့အကြောင်းဆိုရင် ဘာမှပြောစရာမရှိဘူး ငါတို့က လူကြီးတွေပဲ မနေ့တုန်းက ဖြစ်သွားတာ မတော်တဆ ဒါမှမဟုတ် မင်း သဘောကျရင် တစ်ညတာဆက်ဆံရေးလို့ သက်မှတ်လိုက် ငါ ဆိုလိုတာက နှစ်‌ယောက်လုံးမှာ အချိန်ကောင်းရှိခဲ့တာပဲမလား”

အစားအသောက်ဘူးများကို ရှင်းလင်းပြီးနောက် ချူးဟောင်လင်သည် ဗိုက်ပေါ် လက်တစ်ဖက် တင်ထားလိုက်၏။ ညစာက စိတ်ကျေနပ်ဖွယ်ကောင်း၏။ သူက အတော်လေး ချစ်စဖွယ်ကောင်းနေကာ ကြောင်လေးတစ်ကောင်နှင့်တူ၏။ သို့သော် သူပြောခဲ့သည်ကတော့ ချစ်စရာကောင်းမနေပေ။ အနည်းဆုံးတော့ ယင်းက လုဟိုင်ရွှမ်း ခံစားရတာပဲဖြစ်သည်။

“ချူးဟောင်လင် ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိတာကြာပြီ တစ်ယောက်ရဲ့အကျင့်စရိုက် တစ်ယောက်သိသားနဲ့ ကောင်းပြီ မင်းနဲ့ ငါနဲ့ နှစ်ယောက်လုံးက တစ်ညတာဆက်ဆံရေး မဟုတ်ဘူးဆိုတာ သတိပြုမိမှာပဲ”

ချူးဟောင်လင်၏ မျက်နှာချင်းဆိုင်တွင်ထိုင်လျက် လုဟိုင်ရွှမ်းသည် ချူးဟောင်လင်ကို အကြည့်ချင်း ဆုံကြည့်လိုက်၏။ သူ၏လေသံက တည်ကြည်နေလေ၏။ လုဟိုင်ရွှမ်းသည် ကျိုးဇယ်ယွီကဲ့သို့ မထိလေးစား ပြုမူတတ်သူမဟုတ်။ လန်ယဲ့ဟန်ကဲ့သို့ တည်ကြည်သူလည်းမဟုတ်ပေ။ သို့သော်ငြား သူက ပေါ့တန်တန် နေတတ်သူမဟုတ် သူသည် ချူး‌ဟောင်လင်ကို တစ်ညတာဆက်ဆံရေးအနေဖြင့် မတွေးပေ။ သူသည် ဆက်ဆံပြီးနောက် အမျိုးသားများကြား၌ ချစ်ခြင်းတရားစတင် ပေါက်ဖွားလာတာလား လုဟိုင်ရွှမ်း သေချာမသိသော်ငြား သူ ချူးဟောင်လင်ကို လက်မလွှတ်နိုင်တာ သေချာ၏။

“ဒီတော့ ငါတို့အတူရှိပြီး တစ်နေ့ကျ လက်ထပ်မယ်လို့ အကြံပေးနေတာလား”

ချူးဟောင်လင်က လုဟိုင်ရွှမ်းကို မျက်ဝန်းများ မှေးကျဉ်းကြည့်လိုက်၏။ သူက လုဟိုင်ရွှမ်းပြောတာကို ငြင်းလည်းမငြင်း လက်လည်းမခံပေ။ လုဟိုင်ရွှမ်းက အရသာရှိသော အစာပြေမုန့်ဆိုလျှင် သူက တွေဝေမနေဘဲ စားလိုက်မှာဖြစ်၏။ သို့သော် သက်ရှိထင်ရှား အရွယ်ရောက်ပြီး လူတစ်ယောက်ဖြစ်၏။ ချူးဟောင်လင်သည် သူ့ဘဝ၏ အနှစ်နှစ်ဆယ်အတွင်း ချစ်သူရည်းစားတစ်ယောက် ရှိလာလိမ့်မည်ဟု တစ်ခါမှမတွေ့ခဲ့ပေ။ တိတိကျကျဆိုရလျှင် ချစ်သူထားဖို့ တစ်ခါမှ မစီစဉ်ဖူး၏။ သူက ထားဖို့မရှိဘူး တွေးတောင် မတွေးဖူးပေ။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset