YMR- အခန်း ၁၅၁

အခန်း ၁၅၁

နေရာပြောင်းလဲခြင်း ပျော်ရွှင်ဖွယ် ရိတ်သိမ်းမှု

“အစ်ကိုကု အလုပ်ကိစ္စအကြောင်း စိတ်ပူနေသေးတာလား။ ရှင်းချန်းက ဒီရက်အတွင်း အိမ်မှာနေပြီး ကူညီပေးလိမ့်မယ် အစ်ကိုကုက မနက်ဖြန်ကျ သူ့ကို အလုပ်သမားတွေနဲ့ မိတ်ဆက်ပေးလိုက်ရုံပဲ”

ကျန်သည့်သူများကို ကြည့်ပြီးနောက် ရှင်းဖုန်းသည် သူတို့ဆီလျှောက်လာကာ ထိုင်လိုက်၏။ ကုမင်ရွှမ်းက ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။ ဖြစ်ချင်တော့ သူလည်း ဤရက်ပိုင်းအတွင်း အမှန်တကယ် အလုပ်မျာနေပြီး သူကိုယ်တိုင် ကြည့်ကြပ်ရန် အချိန်မရှိပေ။

“ဘော့စ် ကွမ်းယွဲ့နဲ့ တခြားသူတွေက ရောက်လာနေပြီး သူတို့‌တွေက ပညာရှင်ဝမ်နဲ့ တခြားသူတွေကိုလည်း ခေါ်လာတယ်လို့ ပြောတယ်။ တတိယအဆင့် တည်ဆောက်တော့မှာ။ ဆောက်လုပ်ရေးက လွန်ခဲ့တဲ့ နှစ်ရက်လောက်က စနေပြီးပြီ”

ဤရက်ပိုင်းအတွင်း အိမ်တွင် ကိစ္စရပ်များစွာ ဖြစ်ပွားခဲ့၏။ ကွမ်းယွဲ့သည် သူတို့ ယခင်လက်အောက်ဝန်ထမ်းဖြစ်ပြီး သူတို့အလုပ်ပြောင်းသည့်အချိန်၌ ချောင်ယန်းလုံခြုံရေး ကုမ္ပဏီထဲသို့ အသွင်ပြောင်း ဝင်ရောက်ခဲ့၏။ ယခုအခေါက်တွင် သူသည် မြို့တော်မှလူများကို ခေါ်လာခဲ့၏။ ပညာရှင်ဝမ်သည် သူတို့ကုမ္ပဏီ၏ ဇီဝနည်းပညာဌာန၏ဒါရိုက်တာ ဖြစ်သည်။ ဘော့စ်က သုတေသနအခန်း တည်ဆောက်လိုသည့် အကြောင်း ပြောချိန်၌ သူက ကွမ်းယွဲ့ကို သူတို့အား ရှာပြီး ခေါ်လာခိုင်းလိုက်တာပဲ ဖြစ်သည်။

“ကွမ်းယွဲ့က လူဘယ်လောက်များများ ဒီကိုခေါ်လာလဲ”

“ပေကျင်းမှာ ကျန်တဲ့သူတွေကို ဆက်သွယ်ဖို့အတွက် တစ်ဖွဲ့ပဲ ကျန်တယ်လို့ပြောတယ် လူတိုင်းက ဒီလာနေတာ သူတို့မိသားစုတွေလည်းပါလာတယ် သူတို့အတွက် နေဖို့ ဓာတ်လှေကားပါတဲ့ ခုနစ်ထပ်အဆောက်အဦးကို စီဉ်ပေးလိုက်မယ်”

“အင် ကွမ်းယွဲ့ကို စွမ်းအားရှင်တွေအားလုံး ဒီနေရာကို ခေါ်လာခိုင်းလိုက်.. တခြားသူတွေအတွက် သူတို့လုပ်ချင်တာ လုပ်လို့ရအောင် စီမံပေးလိုက်ဦး တတ်နိုင်သမျှမြန်မြန် အဖွဲ့ထဲလည်း ဝင်နိုင်အောင်လို့ ကူညီပေးလိုက်”

ရှင်းဖုန်းက ခေါင်းညိတ်လျက် ခနတာစဉ်းစားပြီ ပြောလိုက်သည်။

“ပညာရှင်ဝမ်.. အဲဒီအကြောင်း မနက်ဖြန်မှ ပြောကြတာပေါ့ ဖုတ်ကောင်တွေအကြောင်း အသေးစိတ် အချက်အလက်ကိုလည်း စုဆောင်းထားသင့်တယ် ပြီးရင် သူတို့နဲ့အရင်ဆုံး မိတ်ဆက်ကြတာပေါ့ သုတေသနအခန်း ပြီးသွားတာနဲ့ သူတို့ သုတေသနစလုပ်လို့ရပြီ။ သုတေသနအခန်းအတွက် အောက်မှာ ပြင်ဆင်ထားလိုက်မယ် ဒါဆို ဒီလတ်တလော ငါ နည်းနည်း အလုပ်များလောက်တယ်”

“သုတေသန သင်တန်းကျောင်းကို ဖယ်ရှားမလို့လား”

ကုမင်ရွှမ်းသည် ဖုန်းကိုင်လျက် မျက်ခုံးအနည်းငယ်ပင့်ကာ နံပါတ်ကို နှိပ်လိုက်၏။ သို့သော်ငြား ရှင်းဖုန်း မတုံ့ပြန်ရသေးခင် ဖုန်း၏တစ်ဖက်က ကိုင်နေပြီဖြစ်သည်။ ကုမင်ရွှမ်းက သူတို့ကို စောင့်ခိုင်းထားပြီးနောက် လှမ်းပြောလိုက်တော့သည်။ ယင်းကိုမြင်သောအခါ ယွင်ချဲ့က ထရပ်လိုက်၏။

“ခင်ဗျားတို့တွေ အလုပ်ကိစ္စပြောလိုက်ဦး။ ကျွန်တော် အနားယူဖို့အတွက် ခင်ဗျားအခန်း အရင်သွားလိုက်ဦးမယ် ပြီးတော့မှ ကန်တင်းကိုသွားဖို့ လာခေါ်လိုက်မယ်”

သူတို့သည် သံသယဖြစ်မှုကို ရှောင်ရှားခြင်း မရှိသော်ငြား သူသည် ချောင်ယန်းထဲ၌ ဖြစ်ပျက်နေသည့် အရာများကို စိတ်ဝင်စားခြင်း သိပ်မရှိပေ။ ယခုအခေါက်၌ သူသည် ပစ္စည်းအချို့ကို စွမ်းအားနယ်မြေထဲ ထည့်ထားလေ၏။ ထို့ကြောင့် နေရာက အတော်လေး ပြောင်လဲ‌သွားလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် အထဲသို့ တစ်ချက်ဝင်ပြီး ကြည့်ရမည်။

“ဟုတ်ပြီလေ စောစောဆင်းလာခဲ့”

တစ်ချက်ကြည့်ရုံဖြင့် ရှင်းဖုန်းက သူ့အတွေးကို မြင်နိုင်သည်။ ထို့ကြောင့် မတိုက်တွန်းတော့ပေ။ လူများစွာက သူ၏ စွမ်းအားနယ်မြေအကြောင်း သံသယဝင်နေမည်မှန်း သူယုံကြည်၏။ ဆိုရလျှင် ယွင်ချဲ့သည် သူတို့ကို တစ်ခါမှ မရှောင်ရှားခဲ့ပေ။ သို့သော်ငြား သူသာလျှင် ထူးခြားသည့် အခြေအနေကို အမှန်တကယ် သိသည့်သူက သူတစ်ယောက်တည်းပဲဖြစ်သည်။ ထို့ကြောင့် အားလုံးကို တရားဝင် မရှင်းပြခင် အနည်းငယ် ရှောင်ရှားတာက ပိုကောင်းပေ၏။

“အင်း”

ယွင်ချဲ့သည် ခါးကိုင်းလျက် သူ၏နှုတ်ခမ်းကို ခပ်ဖွဖွနမ်းကာ အပေါ်ထပ်သို့ တက်သွားတော့၏။ ဖုန်းချလိုက်သည့် ကုမင်ရွှမ်းက သူ့ကို ဘာမှထပ်မမေးတော့ဘဲ ရှင်းဖုန်းကို သုတေသနအခြေစိုက်သင်တန်းကို ဖြိုလဲမည့်အကြောင်း ပြောလိုက်၏။

စွမ်းအားနယ်မြေထဲတွင် ယွင်ချဲ့ တွေးထင်ထားသည့်အတိုင်း ပြောင်းလဲမှုကြီးများစွာ ဖြစ်ပေါ်နေလေ၏။ တောင်တန်းများ၊ တောင်ကုန်းမျာ၊ မြေပြန့်များ၊ လွင်ပြင်များ၊ မြစ်မဖား၊ ကမ်းများ အားလုံး‌ပေါ်လာတော့သည်။ အစိမ်းရောင် မြက်ခင်းပြင်ကြီးက မိုင်တစ်သောင်းခန့် ဆန့်တန်းနေပြီး တစ်ချက်ကြည့်ရုံဖြင့် အဆုံးထိ မမြင်နိုင်ပေ။ တောရိုင်းတိရစ္ဆာန်မျိုးစုံက နေရာအနှံ့ရှိနေ၏။ တောအုပ်ထဲရှိ သစ်ပင်များက မြင့်မားလွန်းနေသည်။ ယွင်ချဲ့ စိုက်ပျိုးထားသည့် အပင်များနှင့် ပစ္စည်းများ သိုလှောင်ထားသည့်နေရာက သေးငယ်လွန်းသောကြောင့် လျစ်လျူရှုထားနိုင်၏။

“ဒါက တကယ်ကြီး ကမ္ဘာမြေလောက် ကြီးလာတော့မှာလား”

စွမ်းအားနယ်မြေထဲ ဝင်လာသည့် ယွင်ချဲ့သည် ထိုပြောင်းလဲမှုများကို မြင်သောအခါ အလိုလိုရေရွတ် ပြောလိုက်မိ၏။ သူ့အတွေးများ၏ လွှမ်းမိုးမှုအောက်တွင် သူ၏သေးသွယ်သော ပုံရိပ်က စွမ်းအားနယ်မြေထဲ လျင်မြန်စွာ ကူးပြောင်းလာ၏။ သူသည် ဤနေရာ၌ နတ်ဘုရားတစ်ပါး ဖြစ်လာ၏။ တစ်ဦးတည်းသော နတ်ဘုရားတစ်ပါး ဖြစ်ပြီး သဘာဝနည်းဥပဒေများက သူ့အတွက် အသုံးမဝင်ပေ။ သူသည် ကိုယ်ပိုင်အတွေးဖြင့် စွမ်းအားနယ်မြေ တစ်ခုလုံးကို ချက်ချင်း နေရာရွှေ့ပြောင်းနိုင်ကာ စိတ်စွမ်းအားဖြင့် ဆန္ဒရှိသလို စွမ်းအားနယ်မြေထဲ အရာအားလုံးကိုလည်း ပြောင်းလဲနိုင်၏။

“ဘန်း”

“သောက်ဂွပဲ ငါ့ရှေ့မှာ ပေါ်လာရဲသေးတယ်ပေါ့”

ယွင်ချဲ့သည် သူ၏ဆန်စပါးများ စိုက်ပျိုးထားသည့် ဧရိယာကို စစ်ဆေးရန် သွားတော့မည့်အချိန်တွင် အနက်ရောက်အရိပ်က ကောင်းကင်ပေါ်ကနေ ရုတ်တရက် ပြုတ်ကျလာ၏။ အနည်းဆုံးတော့ သူ့ရှေ့တည့်တည့်ပြုတ်ကျလာတာဖြစ်ပြီး ကီလိုဂရမ်ရာချီလေး၏။ မြေကြီးပေါ်၌ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားကာ ဟေးယွီ၏ ဒေါသတကြီး ကျိန်းဆဲသံကလည်း ပေါ်လာတော့သည်။ သူ့ရှေ့တွင် မည်သည့်အရာ ပြုတ်ကျလာသည်ဆိုတာ ယွင်ချဲ့က စစ်ဆေးရန် အချိန်မရလိုက်ပေ။ သို့သော် သူမြင်လိုက်ရသည်က ဟေးယွီသည် တောင်ထိပ်ကနေ ခုန်ချလာတာပဲဖြစ်၏။

“ဟေး စိတ်လိုက်မာန်ပါမလုပ်နဲ့ မင်း ဒီအတိုင်းဆက်လုပ်နေရင် သေသွားလိမ့်မယ်”

“ဘန်း”

သူပြောတာမပြီးသေးခင် ဟေးယွီကြောင့် သူက ပစ်လဲခံလိုက်ရပြီဖြစ်သည်။ သူ၏ခွန်အားကို တစ်ဝက်၌ ထိန်းချုပ်ထားသောကြောင့် ဖြစ်ဟန်တူ၏။ ယွင်ချဲ့သည် နာကျင်မှုကို မခံစားရပေ။ သို့သော် သူ၏လက်နှင့်ခြေများက ဟေးယွီ ဖိချထားတာ ခံနေရပြီး သူသည် စွမ်းအားနယ်မြေထဲသို့ ပထမဆုံး ဝင်ရောက်စဉ်က ဟေးယွီသည် သူ့ကို ပျော်ရွှင်စွာ လာရပ်သည့်အခြေအနေနှင့် မတူညီတော့ပေ။ ယခုအခေါက်တွင်မူ သူ့ကို အသက်ရှူမရ ဖြစ်စေသည်။

“ဒါဆို မင်းငါ့ကို လွှတ်ပေးပြီ စကားပြောခွင့်ပေးမလား”

ဤအနေအထားက ကြည့်မလှပေ။ လူတစ်ယောက်အတွက် အဆင်မပြေချေ။

“ပေါက်တတ်ကရ မင်းက ငါ့ကို လှည့်စားဖို့ပဲသိနေတာ ငါးဖမ်းဖို့အတွက် မင်းကို ကူညီပေးခဲ့တာကို ဒါတောင်မှ ငါ့ရဲ့ စိတ်သဘောဆန္ဒမပါဘဲ ပစ်ထည့်လိုက်တာလေ။ လူတွေကိုလိမ် သားရဲတွေကိုလိမ်တဲ့ မင်းလိုသခင်က ရှိနေတယ်လား”

ပါးစပ်ကြီးကို ဟလိုက်ကာ မကျေမချမ်းဖြင့် ပြောဆိုတော့၏။ သူသည် ယနေ့မှားယွင်းခံစားရတာ လုံလောက်နေပြီဖြစ်၏။ သို့သော် လိမ်ညာတတ်သည့်သခင်က သူ့ကို ထပ်လိမ်လိမ့်မည်ဟု မထင်ထားပေ။ သူ၏နှလုံးသားလေး စုတ်ပြတ်သွားသည်ဟု ခံစားလိုက်ရသည်။

“ဟုတ်ပြီ ဟုတ်ပြီ မင်းစိတ်အခြေအနေ မကောင်းတာမြင်လို့ မင်းကို အထဲဝင်ပြီး အနားယူခိုင်းတာ မဟုတ်ဘူးလား”

သူ အမှန်တကယ် ဒေါသထွက်နေတာကို မြင်သောအခါ ယွင်ချဲ့သည် ရွေးချယ်စရာ မရှိတော့ဘဲ လေသံလေးဖျော့ပြီး သူ့ကို နှစ်သိမ့်ရ‌တော့၏။ ဟေးယွီကလည်း အနည်းငယ် စိတ်လျော့သွားပုံပေါ်ကာ ခေါင်းငုံ့လျက် အလိုလို မေးလိုက်‌တော့သည်။

“တကယ်လား”

“တကယ်ပေါ့ မင်းကို ငါ ဘယ်တုန်းက လိမ်လို့လဲ”

သူပြောခဲ့သည့်အရာကို အတည်ပြုရန်အတွက် ယွင်ချဲ့သည် မျက်တောင်အနည်းငယ် ခတ်လိုက်လေ၏။ ဟေးယွီက သူ့ကို လွှတ်ပေးပြီးနောက် ပြောလိုက်တော့၏။

“ငါ့ကို လိမ်တာ ဘယ်အချိန်ကျမှ ရပ်မှာလဲ ဟမ့် မင်းကို ဒီတစ်ခေါက် ခွင့်လွှတ်ပေးလိုက်မယ် နောင်ကျ ငါ့ကိုထပ်ပြီး အနိုင်ကျင့်ရဲရင် သေတဲ့အထိ တိုက်ခိုက်မယ်”

သူ့သခင်၏ရှေ့၌ သူလုပ်နိုင်သည်က မောက်မာရုံသာရှိ၏။

“ဟားဟာ ငါ နားလည်ပါပြီကွာ နောက်တစ်ခေါက်ဆိုတာ မရှိစေရဘူး ဘယ်လိုလဲ”

ယွင်ချဲ့သည် နောက်ဆုံး၌ လွတ်လပ်သွားပြီဖြစ်ကာ သူက ထရပ်လိုက်ပြီး မလှမ်းမကမ်းရှိ အရာဝတ္ထုကို ကြည့်လိုက်၏။ သူ၏အခြေခံ အသိတရားက မှန်ကန်မည်ဆိုလျှင် ယင်းသည် တောရိုင်းဝက်ဝံ မဟုတ်ပါလော။ အတော်လေး ဆူဖြိုးနေပေ၏။

“မင်း ဆော့ချင်တာဆော့.. အဲဒီနားက ရေဇလုံထဲမှာ ငါးတစ်ဒါဇင်လောက်ရှိတယ်။ အားလုံးက အရှင်တွေချည်းပဲ”

အများကြီး ဖမ်းထားတယ်တဲ့လား ပြီးတော့ ဝက်ဝံရိုင်းတစ်ကောင်လည်း ရှိသေးတယ်။ သူက အနည်းဆုံး တောင်မူစာလေးလောက်ရှိပြီး ကတ်တီရာချီရှိတာလေ။ ကံကောင်းချင်တော့ သူတို့အားလုံးက ဒီညချောင်ယန်းကန်တင်းမှာ အတူစားကြမှာ မဟုတ်ရင် သူတို့‌တွေ အယောက်နှစ်ဆယ်လောက်နဲ့ အားလုံးကို ရက်အနည်းငယ်အတွင်း ကုန်အောင်စားနိုင်မှာ မဟုတ်ဘူး။

“ဟုတ်တယ် အားလုံးက အကောင်ကြီးကြီးတွေချည်းပဲ ခင်ဗျားအတွက် ဖမ်းပေးဖို့ ပင်လယ်ထဲ သွားချင်ခဲ့တာလေ။ ဒါပေမဲ့ ခင်ဗျား သူတို့ကို မဖွင့်ရသေးဘူးမလား။ အခုတော့ စားခွင့်မပေးနိုင်ဘူး။ ဟုတ်သား ဒီတော့ ဝက်ဝံရိုင်းအပါအဝင် စုစုပေါင်း ငါးကောင်ရှိတယ်”

“သေစမ်း”

ထိုသို့ပြောလိုက်ပြီးသည်နှင့် ယွင်ချဲ့ကတော့ ထအော်တော့၏။ သို့‌သော်ငြား ဟေးယွီက ကောက်ကျစ်စွာ ရယ်မော၏။ သူ့ကို အနိုင်ကျင့်ရန် မည်သူက ပြောသနည်း။ သူ တမင်တကာ လုပ်ခဲ့တာပဲဖြစ်သည်။

“မင်းကို လူလိမ်လို့ ခေါ်လို့ရလား”

ခဏကြာတွင် သူ တမင်တကာ လုပ်တာ ဖြစ်ရမည်မှန်း ခန့်မှန်းပြီးဖြစ်ကာ ယွင်ချဲ့က အသက်အနည်းငယ်ရှူလိုက်ပြီး သူ၏ အမှန်တကယ် စွမ်းအားကင်းမဲ့မှုကို ကလေးဆန်သည့် အမူအကျင့်ဆီသို့ ပြောင်းလဲလိုက်၏။

“မင် ဘယ်လောက်ပဲ လိမ်လိမ်ညာညာ ငါမင်းကို လှည့်စားမှာမဟုတ်ဘူး။ ဒဏ်ရာရထားတယ် မဟုတ်ဘူးလား။ အဲ့အတွက် စောင့်နေလိုက် သမုဒ္ဒရာပွင့်သွားတဲ့အချိန် ပင်လယ်စာတချို့ ယူလာပေးမယ်”

ပြောနေစဉ် ဟေးယွီက သူ့လက်ကို ခိုးကြည့်၏။ လက်စားချေခြင်းက လက်စားချေခြင်းသာဖြစ်ပြီး သူ့သခင်၏ ဒဏ်ရာကို ဂရုစိုက်နေသေး၏။

“သမုဒ္ဒရာပွင့်ဖို့ ဘယ်လောက်ကြာမလဲ”

ယွင်ချဲ့က တုံးအသူ မဟုတ်ပေ။ ဟေးယွီ၏ရင်ထဲ စိုးရိမ်ပူပန်မှုကိုလည်း ခံစားမိ၏။ ထို့ကြောင့် သူ့တင်ပါးကို ဖုတ်ဖတ်ခါပြီးနောက် အကြောင်းအရာ ပြောင်းပြောရန် ထရပ်လိုက်သည်။ စွမ်းအားနယ်မြေထဲ၌ တောင်တန်းများ၊ မြစ်များ၊ မြေပြန့်များ အားလုံးနီးပါးရှိနေပြီး သမုဒ္ဒရာမရှိတာပဲဖြစ်သည်။

“စောသေးတယ် သမုဒ္ဒရာ ပွင့်ပြီးသွားရင် အပြင်လောကက သတ္တဝါလေးတွေကိုလည်း ခေါ်လာလို့ရမယ် သတ္တဝါတွေက စွမ်းအားနယ်မြေရဲ့ ကြီးပြင်းမှုနဲ့အတူ အရှိန်တက်လာလိမ့်မယ် ဒါကြောင့် သမုဒ္ဒရာပွင့်သွားတဲ့အချိန် လူသား‌တွေ ဝင်လာလို့ရမယ် ဒါဆိုရင် လူသားမျိုးနွယ်ကို စွမ်းအားနယ်မြေထဲ ခေါ်လို့ရပြီ”

“ငါက ရူးနေလို့လား”

ယွင်ချဲ့က သူ့ကို ဒေါသတကြီး ကြည့်လိုက်၏။ သူ၏အတွေးကို သုံးလျက် ဝက်ဝံရိုင်းကို မောင်းထုတ်လိုက်ကာ အပင်စိုက်သည့် ဧရိယာဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွား၏။ သူသည် ယခုအချိန်၌ သတ္တဝါလေးများကို မည်သည့်နေရာတွင် ရှာသင့်သနည်း။ အခြားသော နေ့ရက်တွေဆိုလျှင် ဝံပုလွေဘုရင်ကို ထည့်၍ရနိုင်သည်။ သို့သော်ငြား…

“ဟေးယွီ မင်းကို မေးချင်တဲ့ ကိစ္စတစ်ခုရှိသေးတယ် မင်းပြောပုံအရ စွမ်းအားနယ်မြေထဲက အရှိန်အဝါက များပြားလွန်းတယ် စွမ်းအားနယ်မြေထဲက သတ္တဝါတွေအားလုံးက မင်းလို ကျင့်ကြံနိုင်မယ်လို့ထင်လား သန့်စင်နိုင်မှာလား”

အံ့ဖွယ်သားရဲများ ဖြစ်သောကြောင့် မွန်းစတားများရှိသည် မဟုတ်ပါလော။ စာအုပ်ထဲတွင် ရေးထားခြင်းက ထိုအတိုင်းပင် မဟုတ်လော။

အံ့ဖွယ်သားရဲရှိလျှင် နတ်ဆိုးသားရဲများ ရှိလောက်မည် မဟုတ်ပါလော။ ယင်းက စာအုပ်ထဲတွင် ရေးသားခြင်း မဟုတ်ပါလော။

“ရှိတာပေါ့ ဒါပေမဲ့ စိတ်ကူးထဲ မတွေးကြည့်နဲ့ဦး ခင်ဗျားက သူတို့သခင်လို့ သတ်မှတ်လို့ရတယ်ဆိုပေမဲ့ သူတို့က အရိုင်းဆန်ပြီး အကျိုးအကြောင်းမသင့်ဘူး သူတို့က လွတ်လပ်မှုကို မြတ်နိုးတယ် ယဲ့ရှင်းချန်က သူတို့ကို မထိန်းနိုင်ဘူး သူတို့ စွမ်းအားနယ်မြေထဲကနေ ထွက်သွားရင်တောင် ကျုပ်လိုပဲ တိုက်ခိုက်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ ခွန်အားကိုပဲ အားကိုးနိုင်မှာ တခြားစွမ်းရည်တွေ မသုံးနိုင်ဘူး”

သူသည် ယဲ့ရှင်းချန်ကို စွမ်းအားနယ်မြေထဲက သတ္တဝါရအောင် ကူညီပေးရန် တွေးနေချိန်တွင် ဟေးယွီက သူ့ကို ဦးစွာ ဟန့်တားလာ၏။

“ငါက မေးရုံပါပဲ”

အစက သူသည် သူ့မိသားစုထဲရှိ ရှင်းဖုန်းအတွက် သိန်းငှက်ဘုရင်ထက် ပိုသန်မာသည့် သားရဲတစ်ကောင် ရှာချင်ခဲ့သည်။ သို့သော် သူပြောတာ ကြားပြီးနောက် ယွင်ချဲ့သည် လက်လျော့ရန် ဆုံးဖြတ်လိုက်တော့သည်။ သားရဲတိုင်းက သူတို့ ခန္ဓာကိုယ်ထဲတွင် ဟေးယွီကဲ့သို့ သွေးမျိုးဆက်ရှိနေတာ မဟုတ်ပေ။ အပြင်သို့ ထွက်လာပြီးနောက် သူတို့စွမ်းရည်ကို မထုတ်ဖော်နိုင်လျှင် သူတို့ ပင်ပန်းနွမ်းနယ်သွားပြိး ဟေးယွီကဲ့သို့ အားပြန်ဖြည့်ရန် စွမ်းအားနယ်မြေထဲ ပြန်သွားရမည်ဆိုပါက သူတို့ကိုသူတို့ ညှင်းပန်းရာ ရောက်မည် မဟုတ်ပါလော။

“တကယ်လား”

ဟေးယွီက သံသယဝင်နေသည်။ ၎င်းကိုမြင်ပြီး‌နောက် ယွင်ချဲ့က မသက်မသာ ခံစားရကာ မော့ကြည့်လိုက်ပြီး ရင့်မှည့်နေပြီဖြစ်သော စိုက်ပျိုးထားသည့် ဆန်စေ့များနှင့် ဂျုံးပင်များကို ကြည့်လိုက်၏။ စပါးတွဲများနဲ့ ဂျုံပင်များသည် မတ်မတ်တောင် မရပ်နိုင်တော့သည်အထိ ငိုက်ညွှတ်ကျနေ၏။ သူက မျက်လုံးမှိတ်ထားလျက် ဆန်များနဖျင့် ဂျုံးများ၏ တစ်မူထူးကဲသော သင်းရနံ့ကို ရနေသည့်ပမာ အသက်ပြင်းပြင်း ရှူလိုက်တော့သည်။

“ဟေးယွီ အကောင်သိမ်းလိုက်ဦး ငါတို့တွေ ဆန်နဲ့ဂျုံတွေ ရိတ်သိမ်းရမယ်”

သူ၏ စွမ်းအားနယ်မြေထဲတွင် သိမ်းဆည်းထားတာ အတော်ကြာနေပြီဖြစ်သည်။ ကောက်ရိတ်စက်ကို ထုတ်လိုက်လေ၏။ ယွင်ချဲ့က ဟေးယွီကို စိတ်လှုပ်ရှားစွာ ခေါ်လိုက်၏။ ထိုအကြောင်းကို တွေးမိရုံဖြင့် စားကောင်းသောက်ဖွယ်များကို အပြင်တွင် စုဆောင်းလိုက်၏။

“ဘုန်း”

မကြာမီ၌ စွမ်းအားနယ်မြေထဲ၌ မော်ဒန်ခေတ် စက်ပစ္စည်းကိရိယာ၏ အသံက ပေါ်ထွက်လာသည်။ ယွင်ချဲ့သည် ကောက်ရိတ်စက်ကို အရှေ့အနောက် မောင်းနှင်လျက် ဂျုံနှင့် ဆန်များကို ရိတ်သိမ်း‌နေ၏။ သူ့အတွေးတစ်ချက်ဖြင့် ဆန်များ ဂျုံများကို ကျီထဲသို့ သိမ်းဆည်းပြီးနောက် သခင်နှင့်အစေခံနှစ်ယောက်လုံး အလုပ်များနေတော့သည်။ တစ်နာရီအတွင်း လယ်ကွင်းများ၊ ဂျုံကွင်းများအားလုံး ရိတ်သိမ်းပြီးဖြစ်ကာ ဆန်နှင့်ဂျုံအားလုံး စပါးချွေပြီးဖြစ်သည်။

“ဒါ ဘာပစ္စည်းလဲ”

ယွင်ချဲ့သည် နောက်ထပ် ထူးထူးဆန်းဆန်း စက်ပစ္စည်းတစ်မျိုး ထုတ်လာတာကို မြင်သောအခါ ဟေးယွီက လေ့လာကာ စပ်စုချင်စိတ်ဖြင့် အနားသို့ ချည်းကပ်လာ၏။ သူက ထိုပစ္စည်းများကို အတော်လေး စိတ်ဝင်စားနေသည်။

“ဒါက စပါးနဲ့ဂျုံတွေကို လှည့်ဖို့စက်လေ ဒါကို အသုံးမပြုရသေးဘူး အရင်ဆုံး လေ့လာရအောင် စပါးနဲ့ ဂျုံတွေကို အခွံချွတ်အောင်လို့ အရင်ဆုံး အခြောက်ခံထားရမယ် မုန့်ဖုတ်စက်ကို လေ့လာပြိးတော့မှ မနက်ဖြန်ကျမှ ငါတို့ဘာသာ ချက်စားလို့ရလောက်မယ် အခုတော့ မင်းငါ့ကို မြေ‌တွေ သပ်သပ်ရပ်ရပ်ဖြစ်အောင် ကူညီပေးဦး ပြီးမှ ပျိုးပင်‌တွေ ထပ်စိုက်ရမယ်”

အညွှန်းကို ကိုင်ထားသည့် ယွင်ချဲ့သည် ဆိုဖာဆီသို့ လျှောက်သွား၏။ ယွင်ချဲ့က ၎င်းကို ယခင်က အသုံးမပြုခဲ့ဖူးပေ။ ကောက်ရိတ်ခြင်း၏ ပျော်ရွှင်မှုက သူ၏မောပန်းနွယ်နယ်မှုကို မေ့သွားစေပြီး သူသည် စက်ပစ္စည်းများ၏ အသုံးပြုမှုကို မြန်မြန်လေး သုတေသနပြုခြင်းက သူ၏ကိုယ်ပိုင်ဆန်နှင့် ဂျုံကို စားချင်၏။

“သန့်ရှင်းဖို့လား အခု အဆင်ပြေနေပြိ မဟုတ်ဘူးလား”

ယွင်ချဲ့သည် ကောက်ရိုးများအားလုံးကို အတန်ူလိုက်ညအရိူများ အားလုံးကို စုသိမ်းလိုက်သည်။ ပြီးနောက် သူတို့ကို အတန်းများ ခွဲထားလိုက်သည်။ ပြီးနောက် စာအုပ်ထဲတွင် ပြောထားသည့်အတိုင်း အစိမ်းရောင်မျိုးစေ့များကို စိုက်ပျိုးလိုက်၏။ မြင်ကွင်းက အတော်လေး ထူးဆန်း‌နေပြီး မိနစ်ပိုင်းအတွင်း၌ မျိုးစေ့များအားလုံး စိုက်ပျိုးပြီး အသင့်ဖြစ်နေပြီဖြစ်သည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset