YMR- အခန်း ၁၅၂

အခန်း ၁၅၂

ဟေးယွီ၏ မူမမှန်မှု

“အင်း ဒါဆိုရင် မင် မြေကွက်တွေ နည်းနည်းလောက် ထပ်ပြုပြင်ထားလိုက် ပိုစိုက်ပျိုးလို့ရတာပေါ့ နောင်ကျ စားစရာတွေလည်း ပိုစိုက်ပျိုးလို့ရလာမယ် စွမ်းအားနယ်မြေထဲမှာ ပေါက်ရောက်တဲ့ အရာတွေက ပိုအရသာရှိတယ်လို့ ငါအမြဲတမ်း ခံစားမိနေတာ”

နယ်မြေကို ထိန်းချုပ်မှုနှင့် ပတ်သက်လျှင် သူက ဟေးယွီလောက် မတော်ပေ။ သူသည် နောင်ကျ နယ်မြေသို့လာပြီး မကြာခဏ စူးစမ်းရမည့်ပုံပေါ်၏။

“ဒါပေါ့ အရသာရှိတာပေါ့ ဒီသီးနှံတွေကို ဝိညာဉ်စွမ်းအားတွေက အားဖြည့်ပေးနေတာလေ နေ့စဉ်နေ့တိုင်း ကြည်လင်တဲ့ ဝိညာဉ်စွမ်းရည်နဲ့ ရေလောင်းပေးနေတာ သခင့်ရဲ့အစ်မနဲ့ ယာဖေးက ပိုပိုလှလာပြီ ယာဖေးရဲ့ မိဘတွေလည်း ပိုနုပျိုပြီး ငယ်ရွယ်လာတာကို သတိမပြုမိဘူးလား ပြီးတော့ သခင်တာဝန်ထမ်းဆောင်ဖို့သွားတိုင်း သခင့်ရဲ့စွမ်းအားတွေက တခြားသူ‌တွေထက် ပိုကြွယ်ဝနေတာလေ ဟုတ်ပြီလား”

ဟေးယွီသာ မျက်‌စောင်းထိုးနိုင်မည်ဆိုလျှင် ယခုလောက်ဆို မျက်‌စောင်းထိုးနေလောက်ပြီဖြစ်သည်။ စွမ်းအားနယ်မြေက ထုတ်လုပ်သည့် ပစ္စည်းများသည် အပြင်လောကနှင့် မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။

“ဒီလို အားသာချက်တစ်ခု တကယ်ရှိတယ်လား”

သူက ခန့်မှန်းမိပြီဖြစ်သော်ငြား ၎င်းကို ကြားလိုက်ရချိန်၌ ယွင်ချဲ့က အံ့ဩမိနေသေးသည်။ ဆိုလိုသည်က နောင်ကျ သူသည် အချိန်ပိုရပြီး နယ်မြေစွမ်အားကို ပိုအားစိုက်ထုတ်ခဲ့မည်ဆိုလျှင် ယင်းက ရတနာအိုးကြီးပမာ ဖြစ်နေလိမ့်မည်။ ၎င်းကို ကောင်းကောင်းအသုံးမလချပါက နှမြောစရာ ကောင်းလိမ့်မည်။

“သခင်က ဉာဏ်ရည်နိမ့်တယ်ဆိုတာ ဝန်မခံသေးဘူးပဲ သခင်နဲ့ပြောရတာ ဒီအံ့ဖွယ်သားရဲရဲ့ ဉာဏ်ရည်တွေကို တကယ် နိမ့်စေတာပဲ”

ဟေးယွီက သူ့ကို မနှစ်မြို့သလို ကြည့်ပြီးနောက် ကန်ကြောက်ကာ မျက်တောင်တစ်ခတ်အတွင်း သူက မီတာတစ်ရာသို့ ရောက်သွား၏။ အစောတုန်းက ယွင်ချဲ့ပြောခဲ့သလို သူသည် မြေရိုင်းများကို အမြန်လေး ပြုပြင်လိုက်တော့သည်။ မျိုးစေ့များ ပြင်ဆင်ပြီးနောက် ဟေးယွီသည် သူတို့ စိုက်ပြီးမပြီး စိုးရိမ်ပူပန်မနေဘဲ မြေကြီးကို မျိုးစေ့များ ကြဲလိုက်တော့၏။

“ဒါက မင်း ဉာဏ်ရည်မြင့်တာတဲ့လား”

ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီးနောက် ယွင်ချဲ့သည် လမ်းညွှန်စာကို ထပ်မံဖတ်ရှုလိုက်၏။ သူက စပါးနှင့် ဂျုံများကို အခြောက်ခံပြီးနောက် ဟေးယွီသည် မြေရိုင်းများစွာကို ပြုပြင်ပြီးဖြစ်ကာ သူ၏ပုံရိပ်ကြီးကို အနက်ရောင်အစက်လေးတစ်စက်အဖြစ်သာ မြင်ရတော့၏။ ယွင်ချဲ့က ချက်ချင်းပင် ချွေးများပြန်လာ၏။ သူက ကောက်ရိတ်စက်ကို ချထားခဲ့ပြီးနောက် ထိုအနက်ရောင် အစက်လေးဆီ သွားလိုက်တော့သည်။

“လုံလောက်ပြီဟေးယွီ လုံလောက်သွားပြီ”

ယွင်ချဲ့က ထိုအကြောင်းကို တွေးလိုက်၏။ အချိန်တိုအတွင်း၌ သူသည် အနည်းဆုံး တစ်ရာနှစ်ရာခန့်ကို စိုက်ပျိုးပြီးဖြစ်၏။ ယခင်နှစ်လအတွင်း ရိတ်သိမ်းမှုအရ နောင်ကျ စားစရာများ ပိုကြွယ်ဝလာနိုင်သည်။

“လုံလောက်ပြီလား ကျုပ်က အံ့ဖွယ်သားရဲနော် လျော့မတွက်နဲ့ ဟင်းသီဟင်းရွက်တွေနဲ့ အသီးအနှံတချို့ ဘာကြောင့်မစိုက်တာလဲ”

မည်သည့်အကြောင့်ကြောင့်ရယ်မသိ ဟေးယွီက စိတ်ဓာတ်ကျနေသောကြောင့် သူသည် မတားချင်ပေ။ ယွင်ချဲ့က ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ရုံသာ တတ်နိုင်၏။

“ဟုတ်ပြီလေ ဟင်းသီးဟင်းရွက်တချို့နဲ့ သီးပင်စားပင်‌တွေ စိုက်ပျိုးကြတာပေါ့ အရင်တုန်းက တောင်ခြေမှာ သီးပင် တော်တော်များများ စိုက်ပျိုးထားတယ် သူ့ရဲ့အကိုင်းအခက်တွေကို မင်းဖြတ်တောက်လို့ရတယ် ဒါမှမဟုတ် မျိုးစေ့ကြဲလိုက်ရုံပဲ မြေနေရာ ရှင်းသွားပြီဆိုရင် မင်း ဆက်စိုက်ပျိုးချင်တဲ့အခါ ဆက်စိုက်ပေါ့”

သူ့ကို အခမဲ့ အလုပ်သမားအနေဖြင့် သတ်မှတ်၍ရ၏။ စွမ်းအင် ကုန်ဆုံးပုံလည်းမရပေ။

“သခင့်ကိုယ်သခင် အရှက်မဲ့တယ်လို့ ဘာကြောင့် မပြောတာလဲ ဒါကို နှပ်လိုက်လို့ရတယ် သိပ်ကောင်းတယ် သခင်ကပိုပြီး ဉာဏ်ကောင်းလာတာပဲ”

ယွင်ချဲ့ပြောတာကို ကြားပြီးနောက် ဟေးယွီက ရူးသွပ်စွာ ရယ်မောလိုက်၏။ ယွင်ချဲ့လည်း ရှင်းပြရမှာ ပျင်းရိလွန်းနေသောကြောင့် တစ်ဖက်သို့ လှည့်ထွက်သွားသည်။

“ငါ အပြင်သွားတော့မယ် မင်းကရော”

“အဓိပ္ပာယ်မရှိတာ ကျုပ်လည်း အပြင်သွားမှာပေါ့။ ဖက်တီးလေးချန်းကို မတွေ့တာကြာပြီ သူ့ကို ပြီးမှ သွားခေါ်ဦးမယ်”

“ဖက်တီးဆိုတဲ့ စကားလုံးကို ဖယ်လိုက် ချန်ချန်က ကလေးအဆီတွေ ရှိနေတာ”

တူအရီးနှစ်ယောက်က တကယ်တူ၏။ ဖက်တီးလေးချန်းသည် သူ့တွင် အဆီရှိကြောင်း ဝန်ခံရန် ငြင်းပယ်နေခဲ့၏။ ယွင်ချဲ့က‌လည်း ရှောင်ဖန်းချန်ကို ဖက်တီးလေးဟု ကျန်သည့်သူများပြောတာ မလိုချင်ပေ။ သူ၏အမြင်တွင် ရှောင်ဖန်းချန်က ဖြူဖွေးပြီး နူးညံ့၏။ ချစ်စဖွယ်ကောင်းပုံကဖြင့် ပြောရန် မလိုအပ်တော့ချေ။ ဖက်တီးဟူသည့်စကားလုံးနှင့် မည်သို့ သက်ဆိုင်မည်နည်း။

“ဟုတ်ပြီ ဟုတ်ပြီ ကလေးအဆီ သခင်က ကလေးအဆီလို့ပြောတော့ ကလေးကြီးပေါ့ နားလည်ပါပြီ”

ဤကဏ္ဍ၌ သူ၏ခေါင်းမာမှုကို ရင်ဆိုင်ရသောအခါ ဟေးယွီသည် အရှုံးကို ဝန်ခံရုံသာ တတ်နိုင်လေ၏။ သို့သော်ငြား ယွင်ချဲ့၏ ဆုလာဘ်များကို ရိတ်သိမ်းပြီးနောက် ထပ်ခါတလဲလဲပြောနေ၏။ ယွင်ချဲ့က စူးရှစွာ ကြည့်လိုက်ရာ ဟေးယွီ၏ ခန္ဓာကိုယ်ကြီးက ကျုံ့သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြစ်သွား၏။

“ကျုပ်.. ကျုပ် လယ်သွားစိုက်တော့မယ်”

ဤနည်းဖြင့် သူ၏ခန္ဓာကိုယ်ကြီးသည် ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွား‌ေတာ့သည်။

“အရင်ဘဝတုန်းကလို ပိန်ညှောင်ပြီး ချောက်ကပ်နေတာထက်တော့ ပိုကောင်းတယ် မဟုတ်ဘူးလား”

အချိန်အတော်ကြာသည်အထိ ယွင်ချဲ့သည် စွမ်းအားနယ်မြေထဲ၌ တီးတိုးရေရွတ်ပြောလိုက်၏။

“အဲ့တာဘာလဲ”

ညနေလေးနာရီ၌ ယွင်ချဲ့သည် ဆန်များ၊ ဂျုံများကို သယ်ပြီး လက်တစ်ဖက်က ဟေးယွီကို ပွေ့ကာ ထွက်လာလေ၏။ အခန်းထဲတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေသော ရှင်းဖုန်းသည် သူ၏ ဖတ်လက်စစာအုပ်ကို ချလိုက်လေ၏။ သူက ထရပ်ကာ ယွင်ချဲ့၏လက်ထဲရှိ အိတ်နှစ်အိတ်ကို ယူပြီး စားပွဲပေါ် တင်လိုက်တော့သည်။

“စွမ်းအားနယ်မြေထဲမှာ စိုက်ပျိုးထားတဲ့ စပါးနဲ့ ဂျုံတွေကို ယူလာတာလေ မနက်ဖြန်ကျ အစ်မကို ထမင်းချက်ခိုင်းရမယ် သာမန်ဆန်ထက် ပိုကောင်းမှာပဲ”

ယွင်ချဲ့က ပြောပြီးနောက် နဖူးပေါ်ရှိ ချွေးများကို သုတ်လိုက်တော့၏။

ဟေးယွီက ကြမ်းတမ်းစွာ ခုန်ပေါက်လျက် ပြောလိုက်တော့သည်။

“ရှင်းတ သခင်ကြောင့် မင်းရဲ့ဘဝ ပျက်စီးတော့မယ်ဆိုတာ သိရဲ့လား ဒီသားရဲပြောတာနားထောင် မြန်မြန်လေး ဇက်ကျိုးကို ထိန်းထားလိုက် မဟုတ်ရင် မျှော်လင့်ချက် မရှိတော့ဘူး”

“သူက ဒီလောက်အားနည်းတာ မင်းက သူ့ရဲ့စာချုပ်သားရဲ ဘယ်လိုလုပ် ဖြစ်ချင်သွားတာလဲ”

အတော်ကြာပြီးနောက် ရှင်းဖုန်းက ခေါင်းမော့လျက် သူ့ကို စိုက်ကြည့်လိုက်၏။ ဟေးယွီက ထိတ်လန့်သွားသော်ငြား သူက သဘာဝကျကျ ခေါင်းခါလိုက်သည်။

“ဒီအံ့ဖွယ်သားရဲက သူအရူးလုပ်တာ ခံလိုက်ရတာ မဟုတ်လောက်ဘူးလား”

“မင်းက သူ့ထက် ဉာဏ်ရည်မြင့်တယ်လို့ အမြဲတမ်းပြောနေတာ ဘယ်လိုလုပ် သူ့ကြောင့် အလွယ်တကူ အရူးလုပ်ခံရမှာလဲ ငါတို့အတူရှိနေတာကို မင်း ဘာကြောင့် တားချင်ရတာလဲ”

ရှင်းဖုန်းက တုံးအသူ မဟုတ်ပေ။ သူက အလွန် ဉာဏ်ထက်မြက်သည်ဟု ဆိုနိုင်သည်။ ယွင်ချဲ့တောင် သူ့ကို ဘာမှ မကွယ်ဝှက်ထားနိုင်ချေ။ အခြားတစ်ယောက်ဆိုလျှင် ပြောနေရန် မလိုတော့ချေ။ ဟေးယွီက အမြဲတမ်း ကျိုးကြောင်းဆီလျှော်စွာ မတွေးတတ်သည်ဟုသာ သူအမြဲတွေးခဲ့၏။ သို့သော်ငြား ဤကဲ့သို့ ကိစ္စမျိုးကို သူဘယ်တော့မှ စနောက်မှာ မဟုတ်ပေ။ တစ်ခုတည်းသော ဖြေရှင်းနည်းက သူတို့ခွဲနေလျှင် ပိုကောင်းမည်ဟု သူတွေးမိသောကြောင့်သာ ဖြစ်မည်။ ယင်းက တားမြစ်ချက်မဟုတ် သူတို့ကို ဟန့်တားနိုင်မှာမဟုတ်‌ပေ။ သူတို့ ခွဲနေနိုင်ခြင်း ရှိမရှိ စမ်းသပ်ခြင်းဖြစ်မည်လော။

“ဒီအံ့ဖွယ်သားရဲက မင်းတို့အတူရှိတာကို ဘာကြောင့် တားရမှာလဲ။ ဒီတော့ မင်းက ဆိုးဆိုးဝါးဝါး သင်ယူခဲ့တာပဲ မင်းရဲ့စိတ်နှလုံးက သခင့်လိုပဲ ညစ်ညမ်းနေတာ မင်း..”

“ဟေးယွီ ငါသူ့ကို ချစ်တယ်”

ရှင်းဖုန်းသည် သူပြောပြီးတာ မစောင့်တော့ဘဲ သူ့အမူအရာက ရုတ်တရက် တည်ကြည်သွားလေ၏။ ဟေးယွီက ဖြည်းဖြည်းချင်း လှည့်ကြည့်လာပြီး သူ့ကို အချိန်အတော်ကြာ မော့ကြည့်ပြီးနောက် လဲချလိုက်လေ၏။

“မင်းက သူနဲ့မတူဘူး သူက မသေမျိုးတစ်ယောက်ဆိုတာ မင်းကို သူမပြောပြဘူး မင်းတို့နှစ်ယောက် ပိုချစ်လေလေ မင်းဆုံးသွားတဲ့ အချိန် သူခံစားရတာ ပိုဆိုးရွားလေပဲ”

သူက သူတို့ကို ဟန့်တားချင်တာ မဟုတ်ပေ။ တစ်နေ့ကျ သူ၏သခင် ဝမ်းနည်းမှာကို မမြင်ချင်ရုံသာဖြစ်သည်။ သူသည် မတူညီသော နယ်မြေစွမ်းအားတစ်ခု၏ အစောင့်အရှောက်သားရဲဖြစ်စဉ်က သခင်နှင့် ရှင်းဖုန်းကဲ့သို့ လူများစွာကို တွေ့ခဲ့ဖူး၏။ ချစ်ခင်သည့်စိတ်၌ တစ်စုံတစ်ယောက်သည် ရှောင်လွှဲ၍မရသော အကြောင်းအရင်းများကြောင့် ထွက်ခွာသွားသည့်အခါ အဆုံးမရှိ နာကျင်မှုများထဲ သူတို့ နစ်မြုပ်သွားလိမ့်မည်။ အချို့က နာကျင်မှုကို ခံနိုင်ရည်မရှိတော့ဘဲ သူတို့ချစ်ခြင်းကို ဖာဝရ ဖြတ်တောက်ရန်အတွက် မော့လျော့ခြင်းသစ်သီးကို စားသုံးလိုက်ကြ၏။ ရှင်းဖုန်းက တိတ်ဆိတ်သွားတော့ပြီး သူက ပြန်မပြောချင်သောကြောင့်မဟုတ်ဘဲ ဟေးယွီစကား၏ အမှန်တရားအကြောင်း တွေးနေတာပဲဖြစ်သည်။ သူသည် သရဲတစ္ဆေများနှင့် နတ်ဘုရားများကို တစ်ခါမှ မယုံဖူးပေ။ ကမ္ဘာကြီး၏ အဆုံးသတ်ကို မြင်ရသေးသည့်တိုင် မယုံသေးပေ။ သို့သော် ဟေးယွီ၏ တည်ရှိမှုက သဘာဝလွန်ဖြစ်နေ၏။ ယွင်ချဲ့နှင့် ဆက်ဆံရေးအရ ထိုကဲ့သို့အရာမျိုးကို သူ့ကို မလိမ်ညာလောက်ပေ။ ရှောင်ချဲ့သည် အမှန်တကယ် မသေမျိုးဖြစ်နေသည်လော။

“အဲ့လိုနေ့ ရှိလာမှာမဟုတ်ဘူး”

ရှင်းဖုန်းနှင့် ယွင်ချဲ့၏အသံက တစ်ပြိုင်နက်တည်းနီးပါးဆိုသလို ထွက်ပေါ်လာ၏။ နှစ်ယောက်လုံးက တစ်ထပ်ထဲ တူညီသည့်စကားများကိုတောင် ပြောခဲ့သည်။ လူတစ်ယောက်နှင့် သားရဲတစ်ကောင်က တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်၏။ ယွင်ချဲ့က ရေချိုးပြီး သူတို့ဆီ လျှောက်လာပြီဖြစ်သည်။ သူက ထူးခြားနေပုံ မပေါ်သော်ငြား ရှင်းဖုန်းနှင့် ဟေးယွီက သိနေ၏။ ယွင်ချဲ့မှာ ဆန္ဒမရှိသရွေ့ သူ၏အမူအရာကနေ ယွင်ချဲ့၏ စိတ်ထဲရှိ အတွေးအမှန်များကို မဖတ်နိုင်ပေ။

“ဟေးယွီ ငါ စာချုပ်ဖျက်နိုင်တယ်လို့ ပြောခဲ့တာ မမေ့သေးဘူးမလား မင်းနဲ့စာချုပ်မရှိရင် ငါက စွမ်းအားရှိတဲ့ သာမန်လူတစ်‌ယောက် ဖြစ်နေရုံပဲ သဘာဝလွန်စွမ်းအားကြောင့် ငါ့ရဲ့သက်တမ်းက ရှည်နေရုံပဲ ငါက မသေမျိုးတစ်ယောက် မဟုတ်ဘူး”

သူတို့အလယ်တွင် တည်ငြိမ်စွာ ထိုင်ချပြီးနောက် ယွင်ချဲ့က ရှင်းဖုန်း၏လက်ကို ကိုင်ထားပြီး ဟေးယွီကို ကြည့်လိုက်၏။ သူက မသေမျိုးတစ်ယောက် မဖြစ်ချင်ပေ။

“ငါမင်းကို လိမ်ခဲ့တာ စာချုပ်က ပယ်ဖျက်လို့မရဘူး”

မျက်လုံးချင်းဆုံအောင်ကြည့်ပြီး ဟေးယွီက လေးနက်စွာ ပြောလိုက်၏။ အမှန်တကယ်တွင် စာချုပ်ကို ပယ်ဖျက်နိုင်ပေးလျှင် သူက မသေမျိုးဖြစ်နေသေး၏။ စွမ်းအားနယ်မြေနှင့် ထိတွေ့မိချိန်မှစပြီး သူ၏ကံကြမ္မာက သတ်မှတ်ပြီးသားဖြစ်သည်။

“ဒါဆိုရင် သူ့ကို ငါနဲ့တူအောင်လုပ်လိုက်မယ်”

သို့သော် ယွင်ချဲ့၏အဖြေက ပိုခိုင်မြဲလှ၏။ ရှင်းဖုန်း၏လက်ကို ချက်ချင်းပင် တင်းကြပ်စွာ ကိုင်ထားလိုက်သည်။

ရှင်းဖုန်းသာ ရင်ထဲထိတ်သွားတာ မဟုတ် ဟေးယွီတောင် အနည်းငယ် မှင်သက်သွားလေ၏။ သူတို့၏ဆက်ဆံရေးက သေခြင်း‌ရှင်ခြင်းအဆင့်ထိ ရောက်နေပြီဟု သူ မထင်ထားပေ။ ယခုဖို့ နောက်ကျသွားလွန်းပုံ ပေါ်၏။ သူ၏ စာချုပ်သားရဲအနေဖြင့် တစ်စုံတစ်ခု ပြုလုပ်ပေးသင့်သည် မဟုတ်ပါလော။

“သခင် ဒီလောက်ထိ အတည်ကြီးဖြစ်နေတော့ ငါ လန့်သေတော့မလိုပဲ နောက်နေတာ ရပ်လိုက်တော့ နောက်နေတာ ရပ်လိုက် ဖက်တီးလေးချန်နဲ့ပဲ သွားဆော့တော့မယ်”

ဟေးယွီသည် ဆိုဖာပေါ်ကနေ ရုတ်တရက် ခုန်ချပြီးနောက် ပြတင်းပေါက်ကို ခုန်တက်တော့မည့်အချိန်တွင် သူက ခနတာ ခဏရပ်တန့်ပြီးနောက် ပြောလိုက်လေ၏။

“သခင် ဆုံးဖြတ်ချက်ချပြီးပြီဆိုတာ့ ဒီအံ့ဖွယ်သားရဲက သခင့်ကို ကူညီပါ့မယ် သိုလှောင်နယ်မြေအားလုံး ပွင့်သွားတဲ့အချိန် ရှင်းတကို သခင့်လိုမျိုးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြမယ်”

ပြောပြီးနောက် သူသည် ခုန်ချကာ သူတို့နှစ်ယောက်၏ အမြင်အာရုံရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားလေ၏။

“သူပြောတာ အမှန်ပဲ‌လား”

အချိန်မည်မျှ ကြာသွားသည်မသိ ရှင်းဖုန်းက နက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်သည်။

“အဟုတ်ပဲ”

တစ်ဖက်သို့လှည့်ပြီးနောက် ယွင်ချဲ့သည် အခြေအနေကို အ‌ခွင့်ကောင်းယူကာ သူ့ပေါင်ကို ခေါင်းအုံးအုံးလိုက်၏။ ပြီးနောက် သူနှင့် ဟေးယွီ ထိုစဉ်က ပြုလုပ်ခဲ့သည့် စာချုပ်အကြောင်း ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။ ဟေးယွီသည် ထိုအကြောင်းကို ရှင်းဖုန်းအား ရုတ်တရက် ပြောပြလိမ့်မည်ဟု သူတစ်ခါမှ မတွေးမိခဲ့ပေ။ ရိုးရိုးသားသားပြောရလျှင် သူမေ့နေတာဖြစ်သည်။

“ဟားဟား ပြီးခဲ့တဲ့ အခေါက်တုန်းက ငါမင်းထက် အသက်ရှည်ရှည် နေချင်ရင် ကြိုးစားရမယ်ဆိုတဲ့အကြောင်း ပြောတုန်းက မင်းထူထူးဆန်းဆန်းရယ်နေတာ အံ့ဩစရာ မရှိတော့ဘူးပဲ နောင်ကျ ဒီလိုကိစ္စမျိုးကို မင်းစောစော ပြောသင့်တယ်တခြားသူဆီကနေ မကြားရစေနဲ့လေ ခွေးသွေး ဇာတ်လမ်းတွဲတွေက ဇာတ်လိုက်တွေလိုမျိုး ငါလည်း အဲဒီခွေးက မင်းကို ကာကွယ်ဖို့ မင်းလက်ကျန်ဘဝ ဝေဒနာမခံားရအောင် ကာကွယ်ဖို့အတွက် မင်းရယချစ်ရသူရဲ့ ဓားကို ဘာကြောင့် မလွှဲရမ်းလိုက်လဲ”

အတော်ကြာ ထိတ်လန့်နေပြီးနောက် မည်သူမှ သတိ မပြုလိုက်ခင် ရှင်းဖုန်းက အံ့ဩဆန်းကြယ်စွာပင် တည်ငြိမ်သွားလေ၏။ သူက စနောက်ချင်စိတ် ရှိသေးသည်။

“ခင်ဗျားက ဝေဒနာမရှိဘဲ ငြီးငြူနေတဲ့သူမျိူးမှ မဟုတ်တာ”

ယွင်ချဲ့သည် ရှင်းဖုန်း၏မျက်နှာကိုထိရန် လက်မြောက်လိုက်ပြီး ခိုင်မာစွာ ပြောလိုက်၏။ သူအခက်အခဲ ကြုံတွေ့ချိန်တိုင်း သူ့အမည်ကိုသာ ဂရုစိုက်ပြီး ရှောင်တိမ်းနေမည့်သူမျိုးသာဆိုလျှင် ထိုလူမျိုးက ရှင်းဖုန်းမဟုတ်။ အနည်းဆုံးတော့ ရှင်းဖုန်းသည် ထိုကဲ့သို့လူမျိုးမဟုတ်တာ သူသေချာပေါက် သိနေလေ၏။

“ဟားဟား”

ရှင်းဖုန်းက မဖြေပေ။ သို့သော် သူ အလွန်သိမ်မွေ့စွာ ပြုံးနေတာ မြင်သောအခါ မျက်လွှာချလိုက်၏။ သူသည် ယွင်ချဲ့ကိုသိပြီး ယွင်ချဲ့က သူ့ကိုသိသည်။ ဖြေရှင်းနည်းတစ်ခု အမှန်တကယ်မရှိလျှင်တောင် သူတို့ တစ်ယောက်လက်ကိုတစ်‌ယောက် ဘယ်တော့မှ လွှတ်မှာ မဟုတ်ပေ။ ကံကြမ္မာဟူသည် လူတိုင်း၏ ကြိုးစားအားထုတ်မှုအပေါ် မူတည်နေ၏။ ဖြေရှင်း၍မရသည့် အရာမရှိပေ။ ဟေးယွိက နည်းလမ်းတစ်ခုရှိသည်ဟု ဆိုသွားခဲ့သည် မဟုတ်ပါလော။

“ခင်ဗျား ကျုပ်ကို ချစ်တယ်လို့ ပြောတာကို ကြားရတာ ပထမဆုံးအကြိမ်ပဲ ဒါတောက်မှ တခြားတစ်ယောက်ကို ပြောလိုက်တယ် မစ္စတာရှင်း ဒီကဏ္ဍမှာ ခင်ဗျား ကျန်းရှန်ဆီကနေ သင်ယူသင့်တယ်နော် ကြည့်လေ သူကြယ်ပွင့်လေးကို ဘယ်လောက်တောင် စိတ်ပြင်းပြလိုက်သလဲလို့”

“ငါဒါကို တကယ်မသင်ယူနိုင်ဘူး”

ကျန်းရှန်သည် သူ၏စီနီယာကို ချစ်ကြောင်းကြိုက်ကြောင်း တစ်ချိန်လုံး ပြောနေပုံကို တွေးမိပြီး ရှင်းဖုန်းက မရယ်ဘဲ မနေနိုင်တော့ချေ။ ယွင်ချဲ့ကလည်း တုန်ရင်သွားမိ၏။ သူလည်း အသားမကျဘဲ မဟုတ်ပါလော။ ထို့ကြောင့် လူတိုင်း၏ချစ်ခြင်းက ကွဲပြားခြားနားပေ၏။ ကျန်းရှန်နှင့် ယဲ့ရှင်းချန်၏ ချစ်ခြင်းတရားသည် လှပပြီး ခြယျစ်ကြည်နူးဖွယ်ကောင်းသော အချစ်ဇာတ်လမ်းဖြစ်ပြီး သူနှင့် ရှင်းဖုန်းကမူ လှပပြီး ချစ်ကြည်နူးဖွယ်ဟူသော စကားလုံးက ဤဘဝ၌ မသက်ဆိုင်ပေ။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset