YMR- အခန်း ၁၃၁

အခန်း (၁၃၁)

ဟေးယွီကြောင့် ပျက်စီးမှုများ ဖြစ်သွားရသဖြင့် တစ်နာရီ နောက်ကျမှ ထွက်ခွာခဲ့ရသည်။ ခရီးစဉ်တွင် စစ်သားအယောက် ၃ဝဝ နှင့် စွမ်းအားရှင်အယောက် ၁ဝဝ ပါဝင်ပြီး လက်နက် သယ်ဆောင်သည့်ကား အစီး ၂ဝ စေလွှတ်လိုက်၍ ကားတစ်စီးတွင် လူအယောက် ၂ဝ ဆံ့သည်။ လက်နက် တင်ကားကို အရှေ့ဆုံးတွင် ထားပြီး ၉ နာရီခွဲ၌ စတင်ထွက်ခွာခဲ့သည်။ ဝေ့စစ်တပ်နှင့် မော့စစ်တပ်မှ စစ်သားများသည် ရှေ့တန်း လက်နက်တင် ကားဆယ်စီးကို ထိန်းထားပြီး အလယ်တန်းမှ ကားငါးစီးတွင် စွမ်းအားရှင်များ အားလုံး နေရာယူထားကာ နောက်ဆုံး ငါးစီးတွင် ဝမ်စစ်တပ် အဖွဲ့လိုက်ပါခဲ့သည်။ စစ်တပ်မှာ ပေါ့ပျက်ပျက် မရှိဘဲ ယခု စစ်ဆင်ရေးတွင် အဓိကနေရာမှ တာဝန်ယူထားကြပုံ ပေါ်သည်။

“ကားကလည်း ခုန်လိုက်တာ … သခင် ဘာလို့ ကျွန်တော်တို့ရဲ့ကား အသေးနဲ့ မသွားတာလဲ ခုတော့ ကျွန်တော့်အူတွေ ကြေမွတော့မှာပဲ”

ကြီးမားသည့် အင်အားနှင့် ချီတက်ခြင်းကို ယွင်ချဲ့ သူ၏အဖွဲ့နှင့် စစ်ဆင်ရေးလုပ်သည့် အချိန်များကဲ့သို့ ဖြစ်၍မရပေ။ ထို့အပြင် လမ်း၏ အခြေအနေ သာမက လမ်းတစ်လျှောက်ရှိ ဖုတ်ကောင်များကြောင့်လည်း သူတို့ တဖြည်းဖြည်း မောင်းနေရပြီး တစ်ခါတစ်ရံ ကားရပ်ကာ လမ်းရှိ ဖုတ်ကောင်များကိုလည်း နှိမ်နှင်းရပြီး တစ်ခါတစ်ရံ အချို့သော ကိစ္စများက သူတို့၏ ခရီးလမ်းကို နှောင့်နှေးစေသည်။ ထို့ကြောင့်ပင် နေ့လယ်သို့ ရောက်တော့မည် ဖြစ်သော်လည်း ယခုအချိန်ထိ လင်းကျန်းမြို့မှ မထွက်ခွာရသေးပေ။ ယွင်ချဲ့၏ ပခုံးပေါ်၌ ထိုင်လျက် လိုက်လာသော ဟေးယွီက အခြားနည်းလမ်းနှင့် သွားရန် တစ်ကြိမ်ထက်မက ပြောဆိုနေလေသည်။

စွမ်းအားရှင် အဖွဲ့များ၏ ခေါင်းဆောင် အသီးသီးမှာ ဟေးယွီ၏ လုပ်ရပ်ကို အခုထိ မှတ်မိနေသေးသော်လည်း ထိုစစ်သားများ ဖြစ်သွားသကဲ့သို့ မဖြစ်ချင်သောကြောင့် ဘာမှ မပြောရဲကြပေ။ ယွင်ချဲ့နှင့်ရင်းနှီးသည့် လေတာ့ရှန်ပင် သူ၏ပါးစပ်ကို ပိတ်ထားရသည်။ ဟေးယွီ ပါးစပ်အား ဟလိုက်သည့် အချိန်တိုင်း သူတို့အားလုံး စိတ်လှုပ်ရှားလာကာ ကျောပြင်ပင် မတ်သွားကြသည်။ ဟေးယွီမှာ ပြဿနာရှာခြင်း မဟုတ်ဘဲ ညည်းတွားနေခြင်း ဖြစ်ကြောင်း သေချာတော့မှသာ စိတ်အေး သွားကြသည်။ ခေါင်းဆောင်များမှာ ထိုကဲ့သို့ စိတ်ပင်ပန်းရသည့် အခြေအနေကို တစ်ခါမှ မကြုံခဲ့ဖူးသည့်အပြင် ဖုတ်ကောင်များကို နှိမ်နင်းခြင်းပင် ထိုလောက် မပင်ပန်းရပေ။

“မင်းရဲ့ အားဖြည့် အချောင်းသာ စားပြီး ပါးစပ်ပိတ်နေလိုက်”

ယွင်ချဲ့လည်း ဟေးယွီ၏ ပါးစပ်ထဲသို့ ချော့ကလက် တစ်ချောင်း ထည့်ပေးလိုက်ပြီး သူ့ကိုချီကာ ဟေးယွီအား စိတ်ဝင်တစား ရှိနေသော ကျန်းရှန် ထံသို့ ပစ်ပေးလိုက်သည်။

“ကြိုက်သလိုသာဆော့”

ကျန်းရှန်မှာ အလွန် ထူးဆန်းသူပင်။ ဟေးယွီကို စိတ်ဝင်စားသွားသူက ကျန်းရှန်မှာ ပထမဆုံးပင်။ ပုံမှန်ဆိုလျှင် ယဲ့ရှင်းချန်ကသာ သူ၏စိတ်ဝင်စားမှကို အပြည့်အဝ ရရှိထားသူဖြစ်သော်လည်း ယနေ့တွင် သူ၏အကြည့်များ ဟေးယွီ အပေါ်တွင်သာ စူးစိုက်နေသည်။

“အိုကေ”

ကျန်းရှန်လည်း ဟေးယွီကို ပျော်ရွှင်စွာ ကိုင်ယူလိုက်သည်။ ပြန်ပြောပြီးနောက် ယဲ့ရှင်းချန်က စကားများများ ပြောရန် မှာထားသည်ကို သတိရသွားပြီး ကျေးဇူးတင်ကြောင်း ထပ်ပြောလေသည်။ တစ်ဖက်တွင် ချော့ကလက်ချောင်း ရသွားသော ဟေးယွီလည်း ပါးစပ်ပိတ်သွားပြီး ကျန်းရှန်၏ ပေါင်ပေါ် ထိုက်လျက် သူ၏ရှေ့လက် နှစ်ဖက်ဖြင့် ချော့ကလက်ချောင်းကို ကိုင်ကာ ကိုက်နေစားလေသည်။

ကားပေါ်တွင် ရှိနေသော အခြားသူများကို ယွင်ချဲကြည့်လိုက်ပြီး …

“ဟဲဟဲ ခေါင်းဆောင်လေ .. ဘာလို့ အဲ့လောက် စိတ်လှုပ်ရှား နေကြတာလဲ ဟေးယွီက အဲ့လောက်ကြောက်ဖို့ မကောင်းပါဘူး … ကြည့်ပါဦး အခုချစ်စရာ မကောင်းဘူးလား”

‘ချစ်စရာ ကောင်းတယ် ?’

ယွင်ချဲ့ကို အံ့သြတကြီးနှင့် ဝိုင်းကြည့်ကြလေသည်။ ဟေးယွီက ချစ်စရာ ကောင်းသည်ဆိုသောစကားအား ယွင်ချဲ့ ပြောလိုက်သည်ကို သူတို့ မယုံကြည်နိုင်ကြပေ။

“မင်းအသိစိတ်ရော ရှိသေးရဲ့လား”

“အာ စောနက သူလုပ်ခဲ့တာတွေကို မေ့လိုက်ကြပါနော်”

ပြောင်စပ်စပ် နိုင်သည့် ယွင်ချဲ့ပင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ အရှက်မဲ့သော သတ္တဝါ၏ သခင်ဖြစ်နေရသည်မှာ အမှန်ပင် မလွယ်ပေ။ ဟေးယွီ ဗိုက်ဝကာ ကျန်းရှန်၏ လက်ပေါ်တွင် အိပ်ပျော် သွားသည်အထိ တိတ်ဆိတ်စွာ နေခဲ့ကြသည်။ ထိုအချိန် ယွင်ချဲ့၏ သူငယ်ချင်းဖြစ်သူ လေတာ့ရှန်က သတ္တိမွေးကာ တွန့်ဆုတ်လျက်ပင် ယွင်ချဲ့ကို မေးမြန်း လိုက်သည်။

“ခေါင်းဆောင် ယွင် ဘယ်လိုကြောင့် မင်းရဲ့အိမ်မွေး သတ္တဝါကို ခေါ်လာခဲ့တာလဲ”

အမှန်မှာ ထိုသတ္တဝါကို ခေါ်လာနိုင်သော်ငြား ဘာကြောင့် ကြိုမပြောခဲ့ဆိုသော မေးခွန်းကို မေးချင်ခဲ့သည်။ ပါးနပ်သူ တစ်ယောက်ပီပီ ယွင်ချဲ့လည်း ထိုမေးခွန်းကို ချက်ချင်း နားလည်လိုက်သည်။

“ငါအခွင့်အရေး ရခဲ့မယ်ဆိုရင် သူ့ကိုခေါ်လာမှာ မဟုတ်ဘူး တကယ်ပြောတာ”

အကြောင်းရင်းမှာ ဟေးယွီက အကွက်ဆင်ခဲ့ခြင်း ဖြစ်သော်လည်း ရှက်ဖွယ် ကောင်းသဖြင့် ထိုအကြောင်းကို ယွင်ချဲ့ ထုတ်မပြောချင်ပေ။

“အင်းပါ”

လေတာ့ရှန်လည်း သိလိုသည်ကို မေးခြင်းဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သဖြင့် အခြားခေါင်းဆောင်များလည်း တစ်ဦးနှင့်တစ်ဦး စကားပြောဆို လာကြပြီး ကားအတွင်းမှ စိုးရိမ်ပူပန်မှုများမှာ ပြန်လည်၍ ပြေလျော့သွားသည်။ ထို့နောက် ခေါင်းဆောင်များ အနက်မှ တစ်ယောက်မှာ လွန်ခဲ့သော ရက်များတွင် ပျောက်သွားခဲ့သည့် အကြောင်းရင်းကို မေးလာသဖြင့် ယွင်ချဲ့ ပြုံးလျက် …

“ကျွန်တော် စာရွက်စာတမ်းတွေ စီနေလို့ပါ .. ကျွန်တော့်ကို တစ်ကိုယ်ကောင်း ဆန်တဲ့သူလို့ မထင်ကြပါနဲ့ … ဒီမှာကြည့် ဒါတွေက ဖုတ်ကောင်တွေ သန္ဓေပြောင်း သစ်ပင်တွေ မင်းတို့ရဲ့ စွမ်းအားအဆင့်ကို ဘယ်လိုတက်အောင် လုပ်ရမလဲဆိုတဲ့ အကြောင်းရာတွေကို စုထားတာ … ပြီးတော့ ကျွန်တော် စုထားတဲ့အထဲမှာ ဒီရက်တွေအတွင်း ရေစွမ်းအား တိုက်ခိုက်ရေးကို ဘယ်လို အသုံးချရမလဲ ဆိုတာတွေလည်း ပါတယ်”

ယွင်ချဲ့ စကားပြောရင်းလျက် စာရွက်များကို ဝေပေးလိုက်သည်။ အခြားသော စွမ်းအားရှင်များလည်း ထိုအကြောင်းအရာများကို အနှေးနှင့်အမြန် ရှာဖွေနိုင်မည် ဖြစ်သောကြောင့် သူတို့၏ ယုံကြည်မှုကို ရယူရန် ယွင်ချဲ့က သူ၏အချက်အလက်များကို မျှဝေပေးခဲ့ခြင်း ဖြစ်သည်။ ရေစွမ်းအားနှင့် ပတ်သက်သည့် အကြောင်းကို ယခုကဲ့သို့ အချက်အလက်မျှ ဝေပေးခြင်းနှင့် အမှန်တကယ် သင်ပြပေးခြင်းက ကွာခြားလှသည်။

“တကယ်လား”

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ယွင် ကျွန်တော်တို့ အဖွဲ့မှာ ရေစွမ်းအား ပိုင်ထားတဲ့ စွမ်းအားရှင်တွေ ရှိတယ်”

“ကျွန်တော်တို့မှာ ရောပဲ … ရေစွမ်းအားရှင်တွေသာ တိုက်ခိုက်နိုင်ရင် ကျွန်တော်တို့တွေ ပိုအင်အား ကြီးလာမှာ”

“ဒီအချက်အလက်တွေက အတော်နှံ့စပ်တာပဲ ကျေးဇူးပါ ခေါင်းဆောင်ယွင်”

စာရွက်လေး တစ်ရွက်ကြောင့် ခေါင်းဆောင်များ ပျော်ရွှင်သွားပြီး သူတို့ကို ခေါင်းရှုပ်စေသည့် ကိစ္စများကိုလည်း ရှင်းလင်း သွားကြသဖြင့် ယွင်ချဲ့လည်း သူ၏ ကြိုးစားအားထုတ်မှုကြောင့် ခေါင်းဆောင်များ၏ ယုံကြည်မှုကို ရရှိသွားလေပြီ။

“ဇယ်ယွီ ဒီစာရွက်တွေကို တစ်ဖွဲ့ချင်းစီ တစ်ယောက်ချင်း စီတိုင်းကို ဝေပေးလိုက် … ငါတို့ ပိုပြီး အင်အားကြီးလာလေ ဒီကပ်ကြီးထဲမှာ ကြာကြာ အသက်ဆက် နိုင်လေပဲ”

အားလုံး အညီအမျှရနိုင်ရန် အတွက် ယွင်ချဲ့ စာရွက်သုံးဆယ် ပြင်ဆင်ထားခဲ့သည်။ ထိုကားပေါ်တွင် သူတို့အဖွဲ့အပြင် အခြားအဖွဲ့ ခေါင်းဆောင် ၉ ဉီးပါဝင်ပြီး ကျန်သော သူများမှာ သူတို့ အနောက်မှ ကားပေါ်တွင် လိုက်ပါလာကြသည်။

“စိတ်ချ”

ကျိုးဇယ်ယွီလည်း ယွင်ချဲ့ထံမှ စာရွက်များကို ယူကာ ဝေပေးလိုက်သည်။ သူတို့၏ ခေါင်းဆောင်နှင့် ရှင်းဖုန်းတို့က အခြားသော အဖွဲ့များ၏ ယုံကြည်မှုကိုရရန် ထိုသို့လုပ်ခြင်းဖြစ်ကြောင်း သူတို့ သဘောပေါက်ကြသည်။

“ခေါင်းဆောင် ယွင် မင်းနဲ့ ခေါင်းဆောင် ရှင်းက…”

တွဲထားသော သူတို့၏ လက်များကို လက်ညှိုး ထိုးကာကာ လေတာ့ရှန် မေးလိုက်သည်။ ထိုသို့မေးခြင်းက မနှစ်မြို့ခြင်း မဟုတ်ဘဲ သာမန်ကာလျှံကာ မေးလိုက်ခြင်းသာ ဖြစ်သည်။ ကပ်ဘေးမှာ နှစ်လကြာသွားပြီ ဖြစ်သည့်အပြင် အမျိုးသမီး အရေအတွက်မှာလည်း ထိုးကျသွားရသည်။ ကျန်ရှိနေခဲ့သည့် အမျိုးသမီများမှာ စွမ်းအင်အား ပိုင်ဆိုင် ထားသော်လည်း အပြင်သို့ထွက်ကာ ဖုတ်ကောင်များကို မသတ်ရဲကြပေ။ ထို့ကြောင့် လက်တွဲဖော် လိုလာကြသည့် အမျိုးသားများမှာ ကပ်ဘေးကြီးတွင် မည်သည့်အချိန် သေမည်ကို မသိသောကြောင့် အမျိုးသားချင်း တွဲလာကြသည်။ ထို့ကြောင့် စခန်းများတွင် လိင်တူ ချစ်ကြိုက်ခြင်းသည် လိင်ကွဲ ချစ်ကြိုက်ခြင်းထက်ပင် ပို၍ ပုံမှန်ဖြစ်နေလေသည်။ လေတာ့ရှန်၏ မေးခွန်းကြောင့် အခြားသူများလည်း စာရွက်ကို ဖတ်နေကြရာမှ ခေါင်းထောင်လာပြီး ယွင်ချဲ့ တို့ကို ကြည့်လိုက်ကြသည်။

ယွင်ချဲ့လည်း တွဲထားသည့် သူတို့၏ လက်များကို မြှောက်ပြလိုက်ပြီး ပြုံးပျော်စွာ

“ဒါလား .. အင်း မင်းတို့ ထင်နေသလိုပဲလေ”

သူတို့၏အကြောင်းကို အစ်မဖြစ်သူမှ လွဲ၍ အခြားသူများကို ဖုံးကွယ်ထားရန် ဆန္ဒမရှိခဲ့ပေ။ သို့သော် သူ၏အစ်မ သိသွားပြီ ဖြစ်သောကြောင့် တစ်ကမ္ဘာလုံး သိသွားလျှင်တောင် သူဂရုစိုက်တော့မည် မဟုတ်ပေ။

“ဂုဏ်ယူပါတယ် အခုမှ သိသလို ထင်ရပေမယ့် တကယ်တော့ ငါတို့ရဲ့ပထမဆုံး မစ်ရှင်ကတည်းက မင်းနဲ့ ခေါင်းဆောင် ရှင်း ကြား တစ်ခုခုရှိနေတယ်လို့ ထင်နေခဲ့တာ။ ငါ့အထင်မှန်နေတာပဲ … ချောင်ယန်းနဲ့ ထိပ်ဉီးကနော့ မိသားစုဖြစ်သွားပြီ ဆိုတော့ မင်းထက်သာနိုင်ဖို့ အခွင့်အရေးက နည်းသွားပြီပေါ့ကွာ”

လေတာ့ရှန်က သူတို့နှင့် ရင်းနှီးသဖြင့် ပွင့်လင်းစွာ ပြောဆိုသော်လည်း အခြားသူများမှာ ဂုဏ်ယူပေးရုံသာ တတ်နိုင်ကြသည်။ ယွင်ချဲ့နှင့် ရှင်းဖုန်း ပြုံးကာ သူတို့အား ကျေးဇူးတင်စကား ပြောကြသည်။ စခန်းတစ်ခုလုံး သူတို့အကြောင်းအား သိသွားရန် အချိန်ပင် သိပ်မကြာလိုက်ပေ။
စစ်တပ်သည် စွမ်းအားရှင်များကို ကောင်းစွာ အသုံးချရန် ရည်ရွယ်ထားသည်မှာ သိသာလှသည်။ စစ်ဆင်ရေးက တစ်ခု အပါအဝင် ဖြစ်သကဲ့သို့ သူတို့အား လင်းကျန်းမြို့မှ တခြားသော နယ်မြို့များသို့သွားရာ လမ်းတစ်လျှောက်ရှိ ဖုတ်ကောင်များကိုလည်း သတ်စေချင်သောကြောင့် စေလွှတ်ခြင်း ဖြစ်သည်။ စစ်တပ်၏ ရည်ရွယ်ချက်ကို သူတို့အားလုံး သိသော်လည်း နာခံရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။

“နေ့လယ်စာ အရင်စားကြရအောင် အဲဒါပြီးရင် တိုးဂိတ်ကို ပိတ်ထားတဲ့ လမ်းကို ရှင်းဖို့လိုတယ်”

၁၂နာရီ ရှိပြီဖြစ်ပြီး အဝေးပြေး လမ်းမပေါ်ရှိ လမ်းခကောက်သည့် ရုံးမှ ငါးရာမီတာ အကွာတွင် ရှိသည့် ဝပ်ရှော့ဆီသို့ သူတို့၏ကားများအား မောင်းသွားကြသည်။ ရှေ့တန်းမှ စစ်သားများမှာ လမ်းရှင်း ပေးလိုက်သဖြင့် နောက်ဆုံးသောကား ရုံးထဲသို့ ဝင်လာသည်နှင့် စစ်သားများ ဂိတ်ပေါက်အား ပိတ်လိုက်ကြသည်။ အပြင်ဘက်တွင် ဖုတ်ကောင်များ ရှိနေသေးသော်လည်း ရုံးမှာ မြို့ဆင်ခြေဖုံးတွင် ရှိနေသဖြင့် အခြားသောမြို့ပြင်မှ လမ်းခကောက်သည့် ရုံးများကဲ့သို့ ဖုတ်ကောင်များ အတုံးအရုံး ဝင်မလာနိုင်ခြင်း ဖြစ်သည်။

“ငါ့အထင် ငါတို့ ဒီနေ့လင်ကျန်းမြို့က ထွက်နိုင်မယ် မထင်ဘူး”

“အဲဒါပြောတာ စစ်တပ်က ဖွတ်ကျားတွေပဲတကယ်”

“အပြင်မှာ ကားပျက်တွေရော ပုံနေတာပဲ … လမ်းလျှောက် သွားတာကတောင်မြန်ဦးမယ်”

“ငါတို့ ရောက်လာပြီးပြီပဲ ပြောမနေနဲ့တော့”

“ချီးပဲ”

သူတို့အတွက် အလုပ်များ ပိုလာရသဖြင့် စွမ်းအားရှင်များ စစ်တပ်ကို မကျေမနပ် ဖြစ်လာကြသည်။ အဝေးပြေး လမ်းမကြီးကို ရှင်းလင်းရန်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ ထိုသို့သာဆိုလျှင် တစ်လခွဲ ကြာလျှငပင် ပြန်ရောက်နိုင်မည် မဟုတ်။ နယ်မြေကြမ်းသည့် နေရာတွင်နေလျှင် ပို၍ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည်။ ကိုယ့်သေတွင်း ကိုယ်တူးသည့် စစ်ဆင်ရေးကို မည်သူမှ မလုပ်ချင်ကြပေ။

“ငါတို့ကို ဒီနေရာမှာ ပိတ်ထားဖို့ သူတို့တော်တော် ကြံစည်ခဲ့ရတဲ့ပုံပဲ”

သူတို့ကို မော့ဝမ်းယန် ထိုအကြောင်း မပြောပြပုံ ပေါက်လျှင် သူလည်း အမိန့်ရထားသည်မှာ မကြာလောက်သေးပေ။

“ဟုတ်တယ်”

ရှင်းဖုန်း၏ မျက်နှာမှာ မှုန်သုန်နေပြီး သူ၏ဒေါသများ ပေါက်ကွဲလုနီးနီး ဖြစ်နေသည်။ ထို့ကြောင့် ယွင်ချဲ့လည်း ရှင်းဖုန်း လက်ကိုကိုင်ကာ နှစ်သိမ့်လိုက်သည်။

“အဆင်ပြေမှာပါ နေ့လယ်စာ အရင်စားရအောင် ပြီးမှ မော့ဝမ်းယန်နဲ့ စကားပြောကြမယ်”

“မင်းလုပ်ချင်တာက …”

ယွင်ချဲ့ ဆိုလိုရင်းကို သဘောသဖြင့် ရှင်းဖုန်း မျက်မှောင်ကြုတ် လိုက်သည်။ ယွင်ချဲ့ ခေါင်းညိတ်လိုက်ပြီး …

“ကျွန်တော်တို့ကို ဒီမှာ ကြာကြာထားလေ တာဝန်ကို မြန်မြန်ပြီးအောင် လုပ်လေပဲ … ကျွန်တော် အလုပ်ကို သေချာလုပ်မှာမို့ စားမှာသာစား”

ယွင်ချဲ့လည်း စားပွဲနှင့် ယွင်ယောင်တို့ ပြင်ဆင် ပေးလိုက်သော အစားအသောက်များကို ထုတ်လိုက်ပြီး အခြားသော အဖွဲ့များမှာ မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်၍ အရသာမရှိသည့် အစားအစာများကိုသာ စားသောက်နေရသဖြင့် ယွင်ချဲ့တို့၏ စားပွဲဝိုင်းမှာ ထည်ဝါနေလေသည်။

“မင်းတို့မှာ အစားသောက်ကောင်း ရှိမှန်း ငါသိသားပဲ ထမင်းကိုမှ ဝက်သားဟင်းနဲ့ ကြက်ပေါင်တဲ့လား … ခေါင်းဆောင်ယွင် ကျွန်တော် ခင်များအဖွဲ့ထဲ ဝင်လို့ရမလား ဒါက အရမ်းမိုက်တာပဲ”

စခန်း၏ တတိယအဆင့်တွင် ရှိသော ဂျွိုင်းအဖွဲ့မှ ခေါင်းဆောင်က ယွင်ချဲ့ကို ပြောလေသည်။ သူသည်စားပွဲပေါ်မှ အစားသောက်များအား ကြည့်ကာ သွားရည် ကျနေသည်။ ထိပ်ဉီးအဖွဲ့၏ ဝက်သား ကြက်ပေါင်ကင်၊ ဂေါ်ဖီကြော်၊ ရေညှိ ကြက်ဥ စွပ်ပြုတ်ကဲ့သို့သော ဟင်းပွဲများမှာ ယခုကဲ့သို့သော ကပ်ဆိုးကြီးတွင် အကောင်းဆုံး အစားအသောက်များပင်။ ထိုအရာများကို ထိပ်ဉီးအဖွဲ့က နေ့တိုင်း စားသုံးသည့် ဟင်းပွဲများ ဖြစ်သည် ဆိုသည်မှာ ယုံကြည်ရန်ပင် ခက်ခဲလှပေသည်။

“ဒါပေါ့ ငါတို့ အဖွဲ့ထဲဝင်ရင် ဒီလိုဟင်းပွဲတွေ နေ့တိုင်းစားရမှာ”

အသက် ၂၈ နှစ်အရွယ် အလွန်ခံ့ညားသူ တစ်ယောက် ဖြစ်သည့်အပြင် ဂျွိုင်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ချန်းဟွာသည် ကပ်ကြီး မတိုင်ခင်က လူမိုက်တစ်ယောက် ဖြစ်ခဲ့သည်ဟု ပြောကြသည်။ သူသည် သူ၏ရန်သူများ အပေါ် ရက်စက်သော်လည်း သူ့လူများ အပေါ်တွင် ကောင်းမွန်စွာ ဆက်ဆံသည်။ ယွင်ချဲ့လည်း သူနှင့်အတူ အလုပ် ၂ ခါ တွဲလုပ်ခဲ့ဖူးသဖြင့် ကောင်းမွန်သူ တစ်ယောက်ဖြစ်ကြောင်း ယွင်ချဲ့ သိသောကြောင့် သူနှင့် ရွှတ်ရွှတ်နောက်နောက် ပြောရသည်ကို သူသဘောကျသည်။

“ဝိုး စိတ်ဝင်စားစရာပဲ”

“ခေါင်းဆောင်”

ချန်းဟွာမှာ စိတ်ဝင်စားနေသည့် ပုံပေါက်နေသောကြောင့် သူ၏အဖွဲ့သားများက တားဆီးကြသည်။ သူတို့အဖွဲ့၏ တည်ရှိမှုသည် အရမ်းကြီး အရေးမပါသော်လည်း သူတို့၏ ခေါင်းဆောင်သာ အစားအတွက်နှင့် ထိပ်ဉီး အဖွဲ့ထဲသို့ ဝင်သွားလျှင် လူတိုင်း လှောင်ပြောင်ခြင်းကို ခံရပေတော့မည်။

“ဟားဟား ကျွန်တော်တို့ အဖွဲ့ထဲဝင်လိုက် ခေါင်းဆောင်ချန်း အဆင့်ဇယားမှာ ကျွန်တော်တို့အတွက် နေရာချန်ပေးပေါ့ အဲ့ကျ ကျွန်တော်တို့လည်း အဆင့်တက်နိုင်မှာ”

“ဟုတ်တယ် ခေါင်းဆောင် ချန်း မင်းရဲ့ ခေါင်းဆောင်မှုကို အရသာရှိတဲ့ အစားစာတွေနဲ့ လဲဖို့တန်ပါတယ်”

“ဟေ့ မင်းတို့နှစ်ယောက် ဘာလို့ သူ့ကို တားနေတာလဲ ပိတ်ထဲဝင်ဖို့က မကောင်းဘူးလို့ ထင်နေတာလား”

“ဟားဟားဟား”

အခြားသော ခေါင်းဆောင်များက ချန်းဟွာကို စနောက်ကြသဖြင့် ဂျွိုင်းအဖွဲ့မှ အဖွဲ့ဝင်နှစ်ဦး ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။ သူတို့၏ ခေါင်းဆောင်မှ အတော်ပင် အသုံးမကျပေ။ သို့သော် ချန်းဟွာမှာ စနောက်သည်ကို အတည်မယူဘဲ အနောက်သို့ လှည့်ကာ ပြန်၍ အော်ပြောလေသည်။

“မင်းတို့က ထိပ်ဉီးအဖွဲ့က နေ့တိုင်း စားနေတဲ့ အစားအစာတွေကို အားမကျတဲ့ အတိုင်းပဲနော်”

သေချာပေါက် သူတို့၏ အစားသောက်များအား လူတိုင်းအား ကျပေသည်။ သူတို့၏ အစားသောက်သည် ကပ်ကြီးမတိုင်ခင်က ပုံမှန်အစားစာ ဖြစ်နိုင်သော်လည်း ယခုအချိန် လူတိုင်း၏ အိပ်မက်ထဲတွင်သာ ရနိုင်မည့် တန်ဖိုးကြီးသော အစားအသောက်ပင် ဖြစ်ပေသည်။

***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset