YMR- အခန်း ၁၃၃

အခန်း (၁၃၃)

ဟေးယွီက လမ်းရှင်းပေး၍ အဆင့်သုံး တာဝေးပစ် စွမ်းအားရှင်များက ဖုတ်ကောင်များကို တားဆီးကာ လင်းကျန်းမှ မြို့ကြီးဆီသို့ ဦးတည်သည့် အဝေးပြေး လမ်းမကြီးမှာ ရှင်းလင်း သွားခဲ့သည်။ ညမမှောင်ခင် ၇ နာရီအချိန်တွင် သူတို့၏ကားများ မြို့ပတ်လမ်းသို့ ရောက်လာခဲ့သည်။ အနားယူရန်အတွက် လူမနေသည့် ရွာသို့ လူတစ်စုကို စေလွှတ်၍ ရှင်းလင်းစေခဲ့သည်။ သူတို့၏ စွမ်းအားများကို သုံးခဲ့ရသဖြင့် အဆင့်သုံး စွမ်းအားရှင်များ ခြေကုန်လက်ပန်းကျ နေကြသောကြောင့် စားသောက် ပြီးသည်နှင့် အိပ်မောကျ ကုန်ကြသည်။ အဆင့်နှစ် စွမ်းအားရှင်များက အလုပ် မလုပ်ခဲ့ရသဖြင့် ကင်းစောင့်သည့် တာဝန်ယူကြသည်။

“ဘာ !”

စွမ်းအားရှင်များသည် သာမန်သူများထက် အားအင်ပြည့်မြန်သော ခန္ဓာကိုယ်ရှိသဖြင့် ပုံမှန် ၂ နာရီ ၃ နာရီ အိပ်လျှင်ပင် လုံလောက်ပြီ ဖြစ်သည်။ အကယ်၍ လိုအပ်လျှင် ရက်များစွာ ကြာအောင် မအိပ်ဘဲနှင့်လည်း နေနိုင်ကြသည်။

ဟေးယွီ ကိုပိုက်ကာ အခန်းထဲမှ ထွက်လာသော ယွင်ချဲ့ကို ရှင်းဖုန်း မြင်လိုက်သည့်အခါ ယွီဝမ်းချင်နှင့် စကားဖြတ်ပြီး အနောက်မှ လိုက်သွားသည်။ ယွင်ချဲ့၏ မျက်နှာအမူအရာမှာ ရှင်းဖုန်း အတွက် အလွန် ထူးခြားနေသည်။

“ဒီရွာက ထူးဆန်းတယ် ဇယားကွက်ထဲမှာ အပြာရောင် အစက်လေးတွေ မြင်နေရတယ်”

ရွာအလယ်၌ ရပ်ကာ လရောင်အောက်ရှိ အနက်ရောင်အတိ ဖြစ်နေသည့် ရွာလေးကို ကြည့်ရင်း ယွင်ချဲ့ ပြောလိုက်သည်။ ဇယားကွက်များ၏ အရောင်အရ အနီရောင်မှာ ဖုတ်ကောင်များကို ဆိုလိုပြီး လိမ္မော်ရောင်သည် တိရစ္ဆာန်ဖုတ်ကောင်၊ အစိမ်းသည် စွမ်းအားရှင်နှင့် အညိုမှာ သန္ဓေပြောင်း အပင်များဖြစ်၍ ခရမ်းရောင်သည် လူသားများကို ရည်ညွှန်းထားသည်။ သို့သော် အပြာက မည်သို့သော အရာကို ရည်ညွှန်းကြောင်း မသိရပေ။ သန္ဓေပြောင်း သားကောင်တွေ များလား။

“တကယ်လို့ သူတို့က…”

ထိုအပြာရောင် အစက်များကို ယွင်ချဲ့ နောက်တစ်ကြိမ် ကြည့်လိုက်သည်။

‘ဘာလို့ ငါတို့ကို မတိုက်ခိုက်သေးတာလဲ’

“အရမ်းများလား”

တစ်ခုနှစ်ခုသာ ဆိုပါက ယွင်ချဲ့ မျက်နှာမှာ ထိတ်လန့် တုန်လှုပ်နေမည် မဟုတ်သဖြင့် ရှင်းဖုန်းလည်း စိတ်ပူသွားရသည်။ ရွာသည် တောင်ခြေတွင် ရှိနေသဖြင့် ထိုအစက်များသာ သန္ဓေပြောင်း သားရဲများဆိုလျှင် အလွန် ကြီးမားသည့် တိရစ္ဆာန်များ ဖြစ်နိုင်သည်။ သန္ဓေ မပြောင်းခင်ကပင် ကြီးမားသည့် တိရစ္ဆာန်များသည် လူသားများထက် ကြမ်းကြုတ်လှသည်။ သူတို့သည် အဆင့်မြင့်မား နေသည်ဆိုပါက သူတို့အဖွဲ့အတွက် ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်စေလိမ့်မည်။

“အင်း အနည်းဆုံး နှစ်ဒါဇင်ပဲ ဒါက ကျွန်တော့်အထင် တွက်ကြည့်တာ ဒီထက်လည်း ပိုပြီး များနိုင်တယ်”

ယွင်ချဲ့ သည် ၃ဝဝ မီတာအတွင်းရှိ သက်ရှိများကိုသာ ခြေရာခံနိုင်ပြီး တစ်ရွာလုံးကို သေချာမမြင်ရပေ။ ထိုအကွာအဝေးမှာ တိရစ္ဆာန်ရိုင်းများ နေထိုင် ကျက်စားသည့် တောင်အတွင်းရှိ အရေအတွက်ထက် အလွန် နည်းနေသေးသည်။

“သူတို့လှုပ်နေကြလား”

အရေအတွက် အလွန်များလျှင် မော့ဝမ်းယန်အား အကြောင်းကြားရန် လိုအပ်သည်။

“ဟင့်အင်း သူတို့ငြိမ်နေတယ် ရှေ့ကိုရော နောက်ကိုရော မရွေ့ကြဘူး”

ထိုအချက်က ယွင်ချဲ့ကို ခေါင်းရှုပ်စေသည်။ သန္ဓေပြောင်း သားရဲများသည် ဖုတ်ကောင်များနှင့် မတူဘဲ သေချာ တွေးကြည့်လျှင် သူတို့သည်လည်း စွမ်းအားရှင်များ ဖြစ်ကြသည်။ ဥပမာ မျောက်ကဲ့သို့ ဉာဏ်ထက်သည့် တိရစ္ဆာန်များသည် သန္ဓေပြောင်းလျှင် ပို၍ ထက်မြက် လာကြမည်ဖြစ်သည်။ သို့သော် ရွာထဲ၌ လူသားများ ရှိနေသည်ကို သိလျက်နှင့် ဘာကြောင့် ငြိမ်နေကြတာလဲ။

“အာ ဒီမှာ ကျွန်တော်ရှိနေလို့ မလှုပ်ရဲကြတာ နေမှာပေါ့”

အိပ်ငိုက်နေသည့် ဟေးယွီ ဝင်ပြောလိုက်သည် စကားမှာ ဖြစ်နိုင်ချေရှိသော်လည်း ….

“မင်းက ဒီကမ္ဘာက သက်ရှိ မဟုတ်ဘူးလေ သူတို့က မင်းကို ဘယ်လိုလုပ်ပြီးကြောက်ကြမှာလဲ”

အကယ်၍ ထိုကဲ့သို့ဆိုလျှင် သူတို့ စိတ်ပူစရာ မလိုပေ။

“ဒါကတော့ ကျွန်တော်က ဒီကမ္ဘာက သက်ရှိ ဟုတ်မဟုတ်နဲ့ မဆိုင်ဘူး။ ကျွန်တော်က သားရဲနတ်ဘုရားလေ … ကျွန်တော့်ကို ကြောက်တဲ့ သွေးတွေက သူတို့ကိုယ်ထဲရှိမှာပဲ နယ်မြေထဲက တိရစ္ဆာန်တွေ သခင် စိုက်ထားတဲ့ စိုက်ခင်းတွေကို မစားတာ သခင်သိမ်းထားတဲ့ ရိက္ခာတွေကို မခိုးတာ ဘာကြောင့်လဲသိလား … သခင်ရဲ့ နေရာတွေမှာ ကျွန်တော့်ရဲ့ အနံ့တွေကို ဖြန့်ထားလို့လေ သူတို့ အဲဒီအနံ့ကို ရတာနဲ့ ဝေးဝေးက ရှောင်ကြမှာ”

ဟေးယွီ ပြောသည်မှာ အမှန်ပင်။ သန္ဓေပြောင်း သားရဲအားလုံးသည် တိရစ္ဆာန်များ ဖြစ်သည်။ ဟေးယွီသည် နယ်မြေထဲမှ ပထမဆုံး သားရဲ မဟုတ်သော်လည်း နောက်ဆုံးတွင် နယ်မြေ၏ ဆရာသခင် ဖြစ်လာခဲ့သည်။

“ဒါဆို မင်းဒီမှာ ရှိနေသရွေ့ သူတို့ ငါတို့ကို မတိုက်ခိုက်ဘူးပေါ့”

ဟေးယွီ သူ၏အနံ့များအား မည်သို့ ချန်ခဲ့သည်ကို ယွင်ချဲ့မသိချင်ပေ။ သူသည် ဟေးယွီ ဖြစ်သောကြောင့် မနှစ်မြို့ဖွယ် ကောင်းသော နည်းများကိုသုံးမှာ သေချာသည်။ ထို့ကြောင့် ယခု သူတို့ကြုံနေရသည့် တကယ့် ပြဿနာ အပေါ်တွင်သာ ယွင်ချဲ့ အာရုံစိုက် ထားလိုက်သည်။

“ဘင်းဂို ! ဒါဆို ကျွန်တော် အားပြန်ပြည့် နိုင်အောင် နယ်မြေထဲ ပြန်ခေါ်သွားပေး … ဒီနေရာမှာ မှော်စွမ်းအားတွေ မရှိတော့ နောက်နေ့မနက်ထိ ကျွန်တော် ပင်ပန်းနေဦးမှာပဲ အဲဒီတော့ အဲ့ကောင်တွေကို ကိုယ့်ဘာသာ ရှင်းတော့”

ဟေးယွီ မျက်စောင်းသာ ထိုးတတ်လျှင် ထိုးလိုက်မည်ဖြစ်သည်။ သူ၏သခင်သည် သူ့အား အမြတ်သာ ထုတ်တတ်သည်။ နေ့လယ်က သူလုပ်ခဲ့သည့် ကိစ္စပြီးသည်တောင် သူ့အား လူဆန်မှု စာနာမှုများ မပြခဲ့ပေ။

“ဟေး မင်းနေ့လယ်ဘက် အိပ်မယ်ဆိုရင်ရော ဘယ်လိုလဲ”

သူတို့ မနက်ဖြန် မနက်တွင် မြို့ထဲသို့ ဝင်မည်ဖြစ်သည်။ ထို့ကြောင့် နေ့ခင်း၌ ဟေးယွီ မရှိလျှင်လည်း သူတို့ အဆင်ပြေမည် ဖြစ်သော်လည်း သို့သော်လည်း ယခုညတွင် သူ့ကိုလိုအပ်သည်။ မဟုတ်လျှင် ဒဏ်ရာ ရသူများနိုင်သည်။

“သခင်က တကယ် မယုံနိုင်စရာပဲ သခင့်လို သခင်မျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး … မရဘူး ! ကျွန်တော် နယ်မြေထဲ ပြန်သွားတော့မယ်”

မယုံနိုင်စရာ ကောင်းတဲ့သူက တခြားသူကို မယုံနိုင်စရာ ကောင်းသည်တဲ့လား၊ ရယ်ရသည်။ သို့သော် ယွင်ချဲ့လည်း ဘာမှ မတတ်နိုင်ပေ။ ထို့ကြောင့် အရှေ့သို့ ခြေလှမ်းလိုက်ကာ ဟေးယွီကို နယ်မြေထဲသို့ ပို့ပေးရန် ပြင်လိုက်သည်။

“ဘယ်လောက် ကြာအောင် နေချင်လဲ”

“၂ နာရီလောက် ဆိုရပါတယ် ကျွန်တော် အဆင်သင့်ဖြစ်ရင် ပြန်ထုတ်ပေးဖို့ မမေ့နဲ့ဦး”

“အင်းပါ”

အမှောင်ယံထောင့်၌ သားရဲနှင့်လူ စကားပြောနေသည်ကို ကြည့်ကာ ရှင်းဖုန်း ခေါင်းခါလိုက်သည်။ ယွင်ချဲ့ ပြန်လာသည့် အချိန် သူတို့ အခန်းဆီသို့ ပြန်သွားကာ ယဲ့ရှင်းချန်နှင့် ကျန်းရှန်ကို နှိုးလိုက်ပြီး ဗိုလ်ချုပ်သုံးဦး နေသည့်အိမ်သို့ သွားကြလေသည်။

“ဘာ !”

ရွာထဲတွင် သန္ဓေပြောင်း သားရဲများ ရှိနိုင်သည်ဆိုသည့် စကားအား ကြားသည့်အခါ မော့ဝမ်းယန်နှင့် ကျန်သော ၂ ယောက်တို့ မျက်လုံးပြူး သွားကြသည်။ သူတို့၏ အစီအစဉ် ထိုညတွင် သေချာနား၍ အားအင်အပြည့်ဖြင့် မနက်ဖြန် မြို့ထဲသို့ ဝင်ရန်ဖြစ်သည်။ သန္ဓေပြောင်း သားရဲများနှင့် ကြုံရသည်ဆိုသည့် အချက် သူတို့၏ အစီအစဉ်ကို ပျက်စီး သွားစေသည်။

“အရေတွက်က မသေးဘူး အနည်းဆုံး နှစ်ဒါဇင်လောက် ရှိနိုင်တယ် လူတွေနဲ့ ရောရောထွေးထွေး နေတတ်တဲ့ တိရစ္ဆာန်တွေ ဖြစ်လောက်တယ်”

သူတို့၏ အံ့အားသင့်သွားသည့် မျက်နှာတို့ကို လျစ်လျူရှု၍ ယွင်ချဲ့သည် ထိုင်ခုံပေါ်၌ အေးဆေး ထိုင်နေလျက် ဆေးလိပ်ကို မီးညှိလိုက်သည်။ ရှင်းဖုန်းသည်လည်း ယွင်ချဲ့ စားပွဲပေါ်သို့ ပစ်တင်လိုက်သည့် ဆေးလိပ်ကိုယူကာ မီးညှိလိုက်သည်။ ယဲ့ရှင်းချန်သည် သရုပ်ဆောင်ဖြစ်ခဲ့သဖြင့် သာယာသော အသံကို ထိန်းသိမ်းရန်အတွက် ဆေးလိပ် မသောက်တတ်ပေ။ ကျန်းရှန်မှာ တိုက်ပွဲများတွင် ကြမ်းကြုတ်သော်လည်း ရည်မွန်သည့်သူ ဖြစ်သောကြောင့် ဆေးလိပ်မသောက်။

“သေလိုက်ပါတော့ !”

မော့ဝမ်းယန် ကျိန်ဆဲလိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်တည်ကာ တည်ငြိမ်သော အသံဖြင့် …

“စွမ်းအားရှင် အယောက်တစ်ရာလောက် စုထားလိုက် ရွာထဲအဆုံးထိ ဝင်ကြမယ်”

အပြင်ဘက်တွင် သန္ဓေပြောင်း သားရဲများရှိသဖြင့် အခုချိန်တွင် စတင် မလှုပ်ရှား သေးသော်လည်း ငြိမ်နေ၍ မရပေ။ အကယ်၍ ထိုသားရဲများ နေရာဖြန့်ကြက်ကာ ရွာထဲသို့ ဝင်ရောက်လာလျှင် တစ်ဦးချင်း တိုက်ခိုက်ရန် ခက်ခဲ သွားလိမ့်မည်။

“ခဏ”

မော့ဝမ်းယန်၏ အဖွဲ့ အခန်းထဲမှ မထွက်သွားခင် ဝမ်နှင့် ဝေ့စစ်တပ်မှ ဗိုလ်ချုပ်များက သူတို့ကို တားလိုက်သဖြင့် သူတို့ထံသို့ အာရုံ ရောက်သွားကြသည်။ ဝမ်စစ်တပ်မှ ဗိုလ်ချုပ် ချန်က ယွင်ချဲ့ကို စူးရှစွာ ကြည့်လိုက်ပြီး

“မင်းရဲ့အိမ်မွေးကောင်က သားရဲတွေနဲ့ တိုက်ခိုက်နိုင်တယ်မလား”

“ဗိုလ်ချုပ်ရှန်မလား”

ဗိုလ်ချုပ် ရှန်၏ မျက်နှာကို ဆေးလိမ်ငွေ့ဖြင့် မှုတ်လိုက်ပြီးနောက် ယွင်ချဲ့၏ တည်ကြည်သော မျက်နှာ ပုံပျက်သွားလေသည်။

“ကျုပ်ရဲ့အိမ်မွေး ကောင်လေးကို စက်ရုပ်လို့ ထင်နေတာလား။ ဒီနေ့လယ် သူတစ်ယောက်တည်း အဲ့အဝေးပြေးလမ်းကို ရှင်းပေးခဲ့ရတာ … သူက စက်ရုပ်ဆိုရင်တောင် အနားယူဖို့ လောင်စာ ထပ်ဖြည့်ပြီး ပလပ်ဖြုတ်ရဦးမယ်မလား … စစ်တပ်က ဗိုလ်ချုပ်ဆီက အဓိပ္ပါယ်မရှိတဲ့စကား ကြားလိုက်ရတယ် ဆိုတာတောင် မယုံနိုင်ဘူး။ ဒီလိုလုပ်လေ မနက်ဖြန် မနက်ကျ မြို့ပတ်လမ်းကိုရှင်းဖို့ ခင်ဗျားလူတွေကိုပဲ ခိုင်းလိုက်ပါလား သူတို့ မပင်ပန်းလောက်ဘူး ထင်တာပဲ”

‘ဒီကောင်တော့ ငါ့ကို ဆရာလာလုပ် နေတာလား’

ယွင်ချဲ့သည် သူ့အမိန့်ကို နာခံမည်ဟု သူထင်နေသည်လား။ ယွင်ချဲ့ သာ စိတ်တိုလာမည်ဆိုလျှင် ထိုလူကို နေရာတွင်ပင် ပိတ်ထားခဲ့ပြီး ယွင်ချဲ့ ထံတွင် သူ၏အလုပ်အကိုင်ကို ရပ်တန့်နိုင်သည့် နည်းလမ်းပေါင်း ရာချီရှိသည်။

ယွင်ချဲ့ ဒေါသပေါက်ကွဲ လာမည်ကို မမျှော်လင့်ခဲ့ကြပေ။ တစ်ဖက်၌ အဟောက် ခံလိုက်ရသည့် ဗိုလ်ချုပ် ချန် ဒေါသထွက် သွားသည်။ ယခုသူသည် ဒေါသထွက် နေသော်ငြား ယွင်ချဲ့အား ခွန်းတုံ့ပြန်ရန် စကားမရှိပေ။ သူနှင့် အတူတူပင်ဖြစ်သည့် ဝေ့စစ်တပ်မှ ဗိုလ်ချုပ်သည်လည်း ကျုံ့ဝင်သွားရသည်။ မော့ဝမ်းယန် သူတို့အား အထင်သေးသည့် မျက်နှာပေးဖြင့် ကြည့်လိုက်သည်။

“ချန် .. ကျန်း .. ငါတို့ ကျေးဇူးတင်သင့်တယ် … ဟေးယွီ က ဘယ်လောက်ပဲ အားကြီးတဲ့ပုံ ပေါက်ပေါက် သူက သန္ဓေပြောင်းသားရဲပဲ ကြည့်လေ တကယ်လို့ သူသာမရှိရင် ငါတို့ လင်းကျန်း အဝေးပြေး လမ်းမမှာပဲ ရုန်းကန်နေရဦးမှာ”

‘သူတို့ တခြားသူတွေကို အရူးများ ထင်နေတာလား သူတို့ကို ဖောက်ထွင်း မမြင်နိုင်ဘူးလို့များ ထင်နေကြတာလား’

သူတို့၏ အတွေးသည် သားရဲများ ယွင်ချဲ့၏ အားကြီးသည့် အကောင်ကို သတ်စေချင်ခြင်း ဖြစ်သည်။ အကြောင်းမှာ ဟေးယွီသည် သူတို့၏ အဖွဲ့အား နှေးစေချင်သည့် အစီအစဉ်အား နှောင့်ယှက် နေသောကြောင့် ဖြစ်ပေသည်။

“ဒီည ဟေးယွီ မရှိရင် ဒဏ်ရာရတဲ့သူ မရှိတော့ဘူးများ ထင်နေကြတာလား စစ်သားတွေနဲ့ စွမ်းအားရှင်တွေရဲ့ အသက်က တန်ဖိုး မရှိတော့ဘူးလား”

ယွင်ချဲ့၏ မခံချိမခံသာဖြစ်စွာ ဗြောင်ပြောလိုက်သော စကားကြောင့် အားလုံး အံ့သြသွားကြရသည်။ ဗိုလ်ချုပ် ချန် သည်လည်း သည်းခံရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။

“ဆောရီး ငါ မဆင်မခြင် ပြောလိုက်မိတယ်”

“မဆင်မခြင် ဟုတ်လား ခင်ဗျားက ကိုယ့်ကိုယ်ကို တော်လှပြီ ထင်နေတာလား။ ဒါမှမဟုတ် ကျွန်တော့်ကို ငတုံးလို့ မှတ်နေလား … အပြင်ထွက်ပြီး ကြည့်လိုက် ဒီနေ့ခင်း တိုက်ခိုက်ခဲ့တဲ့ အဆင့်သုံး စွမ်းအားရှင်တွေထဲမှာ မပင်ပန်းတဲ့သူ ဘယ်သူရှိလဲလို့ … ပြီးတော့ ဟေးယွီ ဘာတွေလုပ်ခဲ့လဲ တွေးကြည့်လိုက် စစ်သားတွေတောင် နောက်တိုက်ပွဲအတွက် အားပြန်ဖြည့်ရမယ် ဆိုတာသိတယ် … ဗိုလ်ချုပ်ဖြစ်တဲ့ ခင်ဗျားက ဒီလို အခြေခံကျတဲ့ အချက်ကို မျက်ကွယ်ပြုတာ အဆင်အခြင်မဲ့တယ်လို့ ထင်တယ်ပေါ့ … ကျုပ်အထင် ခင်ဗျား အလုပ်ထွက်လိုက်ပြီး တခြားသူကို မင်းနေရာ အလုပ်လုပ်ခိုင်းသင့်တယ်”

ယွင်ချဲ့လည်း ဆေးလိပ်ကို မီးငြိမ်းလိုက်ပြီး ဗိုလ်ချုပ် ချန် ထံသို့ လျှောက်သွားကာ သူ၏မျက်နှာကို စေ့စေ့ကြည့်၍ မခံသာအောင် ပြောလိုက်သည်။ သဟဇာတ မဖြစ်တော့သောကြောင့် ယွင်ချဲ့လည်း ပြောဆိုရန် ဝန်မလေးတော့ပေ။

“မင်း … ခေါင်းဆောင် ယွင် အဲ့လို ပြောမိတာ မသင့်တော်မှန်း ငါဝန်ခံပါတယ် ဒါပေမဲ့ မင်းငါ့ကို နည်းနည်းလောက် အနားလေး ပေးပါလား”

ထိုဗိုလ်ချုပ်က လက်သီးဆုပ်ကာ ယွင်ချဲ့ကို မျက်နှာ သုန်မှုန်စွာ ကြည့်လျက် တွေးလိုက်သည်။

‘ငါ့ရည်ရွယ်ချက်ကို ငါထုတ်မပြောဘူး အဲ့တော့ ဘာတတ်နိုင်လဲ ဟမ် မင်းကစွမ်းအားရှင်အဖွဲ့ရဲ့ ခေါင်းဆောင် အဆင့်ပဲရှိတယ်’

“အများအားဖြင့်တော့ ကျွန်တော်က လူကောင်းဆိုပေမယ့် တစ်ယောက်ယောက်က ရန်စတာပဲဖြစ်ဖြစ် ကျုပ်လူတွေ.. ကျုပ်ပိုင်ဆိုင်တဲ့ အရာတွေကို မဟုတ်တာကြံဖို့ပဲ ဖြစ်ဖြစ်ဆိုရင် ကျုပ်က ရန်ငြိုးထားတတ်တယ် ပြီးတော့ လာဖျောင်းဖျလည်း အကျိုးမရှိဘူး … အဆင်အခြင်မဲ့တယ်လို့ ပြောတယ်ပေါ့ ဟမ် .. ကောင်းပြီလေ ခင်ဗျားစကားကို မှတ်ထားလိုက်မယ် ဗိုလ်ချုပ် ချန် ဒါပေမဲ့ နောက်အဲ့လိုမဖြစ်ဖို့ မျှော်လင့်ပါတယ်၊ မဟုတ်ရင် ကျုပ်လည်း အဆင်အခြင် မဲ့သွားမှာမလို့ အဲဒီအခါ ကျုပ်လုပ်တာတွေကို ခင်ဗျား ရှင်းနိုင်ပါ့မလားပဲ”

ဗိုလ်ချုပ် ချန်၏ ကော်လံကို သပ်ပေးကာ ယွင်ချဲ့ ကြင်နာသည့် အသံဖြင့် ပြောလိုက်ပြီး သူ၏အသံမှာ တည်ငြိမ်၍ အန္တရာယ် မရှိပုံပေါ်သော်လည်း ခြိမ်းခြောက် နေသည်မှာ ခန့်မှန်းရန်ပင် မလိုပေ။ အခန်းထဲရှိ သူများသည်လည်း ယွင်ချဲ့ အသံအနေအထားကို နားထောင်ရုံဖြင့် တန်းသိနိုင်သည်။

“မင်းငါ့ကို ခြိမ်းခြောက်နေတာလား”

သူ့ထက် အရပ် ၅ လက်မပုသော ယွင်ချဲ့ကို ဗိုလ်ချုပ်ချန် ကြောက်ဖွယ် ကောင်းစွာ မျက်လုံးကို မှေးကြည့်လိုက်သည်။

“ကျွန်တော်ကလား … ခင်ဗျားက အရမ်း ခံစားလွယ်တာပဲ ဗိုလ်ချုပ်ချန်”

ယွင်ချဲ့ ပခုံးတွန့်ကာ အနောက်သို့ ပြန်လှည့်၍ ရှင်းဖုန်းထံသို့ လျှောက်သွားသည်။ ယွင်ချဲ့ကို ကြည့်နေသော သူ၏စူးရှသည့် မျက်ဝန်းများက ရှင်းဖုန်းနှင့် အကြည့်ဆုံ သွားသည့်အခါ ဗိုလ်ချုပ်ချန် ကြောက်ရွံ့ကာ အကြည့်လွှဲလိုက်သည်။ ယွင်ချဲ့လည်း ဘာမှမဖြစ်သကဲ့သို့ ရှင်းဖုန်း ကို မှီကာ လဲအိပ်လိုက်သဖြင့် အနောက်တွင် ထိုင်နေသော ယဲ့ရှင်းချန်က ခေါင်းငုံ့ကာ ရယ်လေသည်။ ဗိုလ်ချုပ် ချန်သည် ကံဆိုးမိုးမှောင် ကျတော့မည်ကို သတိမထားမိ။ ထိုလူက ယွင်ချဲ့ကို မည်သို့ ပညာပြရန် ကြံစည်နေနိုင်သေးသည်။

“ငါမင်းတို့ကို အမိန့်မပေးခဲ့ဘူးလား .. မင်းတို့က သားရဲတွေရဲ့ အစာဖြစ်ချင်လို့လား”

မော့ဝမ်းယန် အချိန်ကိုက်ပင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီးနောက် သူ၏အဖွဲ့များအပြင် အခြား ဗိုလ်ချုပ်နှစ်ဦးနှင့် အဖွဲ့များလည်း အကုန် ထွက်သွားကြသည်။ ဗိုလ်ချုပ် ရှန်မှာ အခန်းထဲမှ မထွက်သွားမီ ယွင်ချဲ့ကို မလေးစားဟန်နှင့် ကြည့်လိုက်ရာ ယွင်ချဲ့က မျက်ခုံး တွန့်ပြလိုက်ပြီး ပူပန်မှုများကို ဖြေလျော့ကာ ပြုံးလိုက်သည်။ ထို့နောက် မတ်တပ်ရပ်ကာ အကြောဆန့် လိုက်ပြီး သူ၏လူများကို လေထုအလွှာဖြင့် ကာလိုက်သည်။

“ကျွန်တော်တော့ လက်စားချေခြင်းက အေးရင် အကောင်းဆုံး ဟင်းပွဲပဲဆိုတဲ့ စကားကိုမယုံဘူး ပူတဲ့အခါမှ အရသာရှိတာလို့ မထင်ဘူးလား ဗိုလ်ချုပ် မော့”

“မင်းက တကယ် အိမ်စောင့်သားရဲကြီးဆိုတဲ့ နာမည်နဲ့ လိုက်ပါပေတယ်”

မော့ဝမ်းယန် ခဏတာ တိတ်ဆိတ် သွားပြီးနောက် တီးတိုးပြောလေသည်။ ထို့နောက် အသံမြှင့်ကာ –

“အင်းပါ ငါဘာလုပ်ရမလဲ သိတယ် ခဏနေ ငါတို့အတူတူ သန္ဓေပြောင်း သားရဲတွေကို သွားကြည့်ကြမယ်”

ကပ်ဘေးကြီးတွင် လူတစ်ယောက်ကို တိတ်တဆိတ် သတ်ရန်မှာ ထိုသူသည် အရေးကြီးသည့် စစ်တပ်ဗိုလ်ချုပ် ဖြစ်နေလျှင်တောင်မှ လွယ်ကူလှသည်။
“ဟီး ကျေးဇူးပဲ”

အဖွဲ့ကို ဉီးဆောင်သူဖြစ်သည့် မော့ဝမ်းယန်သည် ထိုနေရာတွင် ရှိနေသဖြင့် ဗိုလ်ချုပ် ချန် သည်လည်း ရှိနေရမည်မှာ အသေအချာပင်။ ထိုနေရာသို့ ပထမဆုံး တစ်ခါ ရောက်လာပြီးသည်နှင့် နောက်တစ်ကြိမ် မလာနိုင်အောင် လုပ်လိုက်သည်။ ယွင်ချဲ့ ကိုယ်တိုင် ဖြေရှင်းနိုင်မည်ကို ရှင်းဖုန်း သိနေသဖြင့် ဘာမှဝင်မပြောပေ။ ထို့အပြင် သူ၏ကောင်လေးက တခြားသူအား ဆော့ကစားနေသည်ကို ကြည့်ရခြင်းအပေါ် သူအလွန် နှစ်သက်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset