YMR- အခန်း ၁၃၀

အခန်း (၁၃ဝ)

“သန္ဓေပြောင်းသားရဲ ? တိရစ္ဆာန်တွေက သန္ဓေပြောင်းနိုင်တာလား”

စကားလုံးအသစ်က စွမ်းအားရှင်များ၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သန္ဓေပြောင်း အပင်များအကြောင်း သိထားကြသကဲ့သို့ စစ်တပ်ကလည်း သန္ဓေပြောင်း အပင်များ တည်ရှိကြောင်းနှင့် ချေမှုန်းနိုင်မည့် နည်းကိုလည်း ကြေညာထားသည်။ သန္ဓေပြောင်း တိရစ္ဆာန်များ တည်ရှိသည့် သက်သေ အထောက်အထား မရှိသောကြောင့် မည်သို့သော သတ္တဝါများသည်ကို သူတို့မသိကြပေ။

“အပင်တွေတောင် သန္ဓေပြောင်းနိုင်မှတော့ တိရစ္ဆာန်တွေလည်း ဒီလိုပဲပေါ့”

ယွင်ချဲ့မှာ သာမန် ပုံစံနှင့်သာ ပြောဆိုခဲ့သည်။ ဟေးယွီ၏ အကြောင်းမှာ အလွန် ထူးခြားဆန်းပြား နေသဖြင့် သူ့ကို စကားမပြောစေရန် ထိန်းခြင်းက မဖြစ်နိုင်ကြောင်း ယွင်ချဲ့ သိသဖြင့် ဟေးယွီ အကြောင်းကို မမေးစေရန် လူအုပ်ကို လှည့်စား လိုက်မည်ဟု ယွင်ချဲ့ တွေးလိုက်သည်။

“အာ …”

လူအုပ်မှာ သူတို့အတွက် သတင်းကောင်း မရှိသဖြင့် ပြောစရာစကားပင် မရှိတော့ပေ။ သူတို့တွင် ဖုတ်ကောင်၊ တိရစ္ဆာန် ဖုတ်ကောင်နှင့် သန္ဓေပြောင်း အပင်များ အပြင် အခြား ရန်သူတစ်ကောင် ရနေပြန်လေသည်။ သန္ဓေပြောင်း သားရဲ ထွက်ပေါ် လာခြင်းက သူတို့၏ စားနပ်ရိက္ခာ အတွက် အခက် ကြုံရပေတော့မည်။ လူသားများမှာ အသက်ရှင်နေနိုင်ရန် အတွက် ထိုပြိုင်ဘက်များနှင့် တိုက်ခိုက် ကြရပေတော့မည်။

“သခင် ကျွန်တော်ပြန်လာပြီ .. ပျော်စရာကြီး ထပ်လုပ်ရအောင်”

“အဲဒီခွေးကို ဖမ်းကြ”

စွမ်းအားရှင်များကို မေးခွင့် မပေးတော့ဘဲ ယွင်ချဲ့ ပခုံးပေါ်သို့ ဟေးယွီ ခုန်တက်သွားသော်လည်း စစ်သားများက ဝိုင်းဖမ်း ကြလေသည်။ လှမ်းကြည့် လိုက်လျှင် စီတန်းနေကြသော စစ်သားများမှာ ရုတ်ရုတ်သဲသဲ ဖြစ်လာပြီး သူတို့ထံသို့ ဉီးတည် လာကြသည်။ ဟေးယွီ တစ်ခုခု လုပ်ခဲ့သည်မှာ ပြောစရာပင် မလိုပေ။ ပြဿနာ ရှာလွန်းသူကြောင့် ယွင်ချဲ့ လည်း အလွန်ပင် စိတ်တိုခဲ့ရပြန်သည်။

“ဖယ်ကြ ဖယ်ကြ အဲဒီခွေးကို လွဲပြောင်းပေးပါ”

စစ်သား ၃ယောက်က လူအုပ်ထဲမှ တိုးလာကာ ယွင်ချဲ့ အရှေ့တွင် ရပ်ကာ ပခုံးပေါ်တွင် ရပ်နေသော ဟေးယွီကို လက်ညှိုး ထိုးလိုက်သည်။

“ပါးစပ်ပိတ်ထား ငါ့သခင်ကိုများ ငကြောက် မှတ်နေလား … ဒီမှာ ငါပြောလိုက်မယ် ငါ့သခင်က ရဲရင့်သတ္တိရှိတဲ့ သူကွ မင်းတို့ကို အနိုင်ပိုင်းပြီး ငိုအောင် လုပ်ပစ်လိမ့်မယ် … သခင် သူတို့ကို စာနာစိတ် မထားဘဲ ပညာပြလိုက်ပါဉီး”

စစ်သားများမှာ သူတို့အနား မရောက်ချိန် ကတည်းက မကျေနပ်သော မျက်နှာထားနှင့် ကြည့်နေကြပြီး ဟေးယွီ ပြောသည်က ပို၍ ဆိုးဝါး သွားစေကာ စစ်သားများမှာ ဒေါသကြောင့် ပို၍ တုန်ယင် လာသည်။

“လွှဲပြောင်းပေးပါ”

စစ်သား တစ်ယောက်က ဟေးယွီကို ဒေါသတကြီး ကြည့်ကာ ကြိမ်းဝါးပြောဆို လိုက်သည်။ ယွင်ချဲ့မှာ မျက်နှာမဲ့နေပြီး နောက်ဆုံးတွင် ဟေးယွီကို ထိန်းကာ စစ်သားများကို ပြုံးပြလျက် …

“ရဲဘော်တို့ သူ့ကို ယူသွားနိုင်ပါတယ် ဒါပေမယ့် ခင်ဗျားတို့ရဲ့ ကျန်းမာရေးနဲ့ အရာရာအတွက် ဒီလို မလုပ်ကြဖို့ အကြံပေးချင်ပါတယ်”

ဟေးယွီက သူတို့အား ငရဲသို့ ပို့လိမ့်မည်ဟု ယွင်ချဲ့ တပ်အပ် ပြောနိုင်သည်။

“လွှဲ ပေး လိုက်”

ယွင်ချဲ့က ကောင်းမွန် ပေးရန် ကြိုးစားသော်လည်း စစ်သားများက လက်မခံသည့် အပြင် ပို၍ ဆိုးဝါးလာသည်။ ယွင်ချဲ့လည်း သက်ပြင်း ချလိုက်ပြီး ဟေးယွီ၏ ခြေတစ်ဖက်ကို ကိုင်ကာ စစ်သားများထံသို့ ကမ်းပေး လိုက်သည်။

“ကျုပ် သတိပေးခဲ့တယ်နော် .. တစ်ခုခုဖြစ်လာမှ ကျုပ် အဆိုးမဆိုနဲ့”

“သေပါပြီ ငါ့သခင်က ငါ့ကို သစ္စာဖောက် လိုက်တာ မယုံနိုင်စရာပဲ ကျွန်တော့်ကို စိတ်ပျက်အောင် လုပ်တယ် သခင် ကျွန်တော့်ကို မချစ်တော့ဘူး အား

သခင်၏ သစ္စာဖောက် ခံလိုက်ရသော ဟေးယွီက အင်တိုက်အားတိုက် ရုန်းကန်နေသည်။ သူ၏ အော်ငိုသံက အစုအဖွဲ့ အားလုံးကို တိတ်ဆိတ် သွားစေပြီး သူတို့စိတ်ထဲတွင် စစ်သားများ ဟေးယွီကို မြန်မြန် ခေါ်သွားရန်သာ မျှော်လင့် နေကြသည်။

ဝုန်း

ဟေးယွီကို စစ်သားများ မခေါ်သွားချိန် ဖမ်းချုပ် ခံထားရသော ဟေးယွီ လွတ်မြောက် သွားပြီး စွမ်းအားရှင်များပေါ်မှ ခုန်ကျော်ကာ လူအုပ်နှင့် အနီးအနား ကောင်းကင် တစ်နေရာတွင် ရပ်နေသည်။ ထို့နောက် သေးငယ်သော အရွယ်အစားမှ မျက်စိတစ်မှိတ် အတွင်း ကြီးမားလာရာ စွမ်းအားရှင်များက အံ့ဩတကြီးနှင့် ကြည့်နေကြလေသည်။

ဝေါင်း

ပြောင်းလဲသွားရုံ သာမက ဟေးယွီကို ကောင်းကင်ပေါ်သို့ ဟိန်းဟောက် လိုက်ရာ ကမ္ဘာမြေကြီးပင် တုန်လှုပ် သွားလေသည်။

“ငါ့ကို ဖမ်းချင်တယ်ပေါ့လေ .. ငါ့ရဲ့ သားရဲလောကမှာ မင်းတို့က မြူတစ်မှုန်စာတောင် မရှိဘူး”

စစ်သားများမှာလည်း အံ့ဩခြင်းနှင့် ကြောက်ရွံ့ခြင်း မှတစ်ဆင့် စက်ဆုပ် မုန်းတီးခြင်း အဖြစ်သို့ ပြောင်းလဲ လာသည်။ ယွင်ချဲ့မှာ ကိုယ်တိုင် ကြုံတွေ့ထားသဖြင့် သက်ပြင်းချရုံသာ တတ်နိုင်သည်။ ထိုသတ္တဝါကို ယဉ်ပါးလာအောင် မည်သူမှမလုပ်နိုင်ပေ။

“မိုက်..မိုက်လိုက်တာ”

အလွန် စကားနည်းသော ကျန်းရှန်ပင် မျက်လုံးများ တောက်ပလျက် စစ်သားများကို မခံရပ်နိုင်ဖြစ်စေရန် ချီးကျူးလိုက်သည်။ ယဲ့ရှင်းချန်က သူ၏လက်ကိုဆွဲကာ …

“သူ့ကို လေးစားမနေနဲ့ဉီး စစ်သားတွေ ဒေါသဖြစ်နေတာ မတွေ့ဘူးလား,”

“ဟမ် ဒီအိမ်စောင့် သားရဲကြီးက လက်ထောက်အစောင့် ရှိသေးတာလား”

ရုတ်ရုတ်သဲသဲ ဖြစ်သွားခြင်းကြောင့် စစ်သားများက အာရုံစိုက် လာကြသည်။ မော့ဝမ်းယန် ကားထဲမှ ထွက်လာပြီး ဟေးယွီကို ကြည့်ကာ ညည်းညူ ရေရွတ်လိုက်သော်လည်း အခြားသူများက ဟေးယွီကိုသာ ကြည့်နေကြသဖြင့် မော့ဝမ်းယန် ပြောသည်ကို မကြားလိုက်ကြပေ။

“ဖမ်းကြ”

စစ်သားများမှာ သွေးဆူနေကြပြီး စုဝေးရောက်လာကြသော စစ်သားများမှာ ပို၍ပင် ဘဝင်မြင့် လာကြသည်။ အလွန် ဒေါထွက်နေသော စစ်သား၃ယောက်က ဟေးယွီထံ ဉီးတည်ပြေးလာကြသည်။ တစ်ယောက်က အမြန်နှုန်းမြင့် စွမ်းအားကို သုံးကာ ဟေးယွီ အနားသို့ လေအလျင်နှင့် ရောက်လာခဲ့ပြီး သူ၏ဓါးမှာလည်း ဟေးယွီနှင့် စင်တီမီတာ အနည်းငယ်ပင် ကွာဝေးတော့သည်။

“ပလုတ်တုတ် ဘာလဲဟ .. စနေပြီဆိုရင် ကြိုပြောရမယ်ဆိုတဲ့ အခြေခံ စည်းကမ်းလေးတောင် မသိဘူးလား … ငါ့ကို လန့်အောင်လုပ်တယ် တော်သေးလို့ အရှောင်မြန်သွားတာ”

ဟေးယွီ လှောင်ပြောင်လိုက်ပြီး ….

“ဟော် မီးနဲ့ သစ်လား .. ကြောက်စရာ ကောင်းလိုက်တာ ဖမ်းနိုင်ရင် လိုက်ဖမ်းလေ .. ဟားဟား”

သို့သော် ဟေးယွီက ပို၍မြန်ဆန်သဖြင့် အားလုံး အံ့ဩကုန်သည်။ အနက်ရောင် အရာဝတ္ထုတစ်ခု ကောင်းကင်ပေါ်မှ အမြန်ဖြတ် သွားသကဲ့သို့ ဟေးယွီ အခြားတစ်နေရာတွင် ရပ်နေလေသည်။ ကျန်သော စစ်သား နှစ်ယောက်လည်း တစ်ဖက်စီတွင် ရပ်ကာ ဟေးယွီထံသို့ မီးဘောလုံးနှင့် သစ်သားချွန်များကို ပစ်လွှတ်ကြသည်။ မြန်နှုန်းမြင့် စစ်သားက လျင်မြန်စွာ ပြန်လှည့်၍ ထပ်မံ တိုက်ခိုက်ပြန်သည်။ သို့သော် သူတို့၏ တိုက်ခိုက်မှုက ဟေးယွီ၏ ဆံမွေးတစ်မျှင်ကိုပင် မထိပေ။ ဟေးယွီ တန်ပြန် တိုက်ခိုက်ခြင်း မရှိဘဲ ထိုစစ်သားများနှင့် ဆော့ကစားနေသည့်အလား တစ်နေရာမှ တစ်နေရာကို ခုန်ပြေးနေသည်။

“အမေးဇင်းပဲ”

ထိုစစ်သား ၃ ယောက်က ဟေးယွီနှင့် ယှဉ်ပြိုင် တိုက်ခိုက်ရန် မသင့်ကြောင်း ကြည့်နေသူများပင် ခန့်မှန်း မိကုန်သည်။ တစ်စုံတစ်ယောက်က မနေနိုင်ဘဲ အံ့ဩနဘန်း ချီးကျူးမိရာ အခြားသူများလည်း ခေါင်းညိတ် ကြလေသည်။ အမှန်ပင် အံ့ဩဖွယ် ကောင်းပါသည်။ ဟေးယွီ မှာ ထို ၃ ယောက်၏ တိုက်ခိုက်ချက်များကိုသာ ရှောင်တိမ်းနေပြီး သူတို့ကို ဆော့ကစားနေခြင်းဖြစ်သည်။

“တကယ်လို့ သူပြန်တိုက်ခိုက်ရင် …”

ထိုအချက်ကို စွမ်းအားရှင်များ အလွန် သိချင်သွားကြသည်။ ဟေးယွီ၏ တိုက်ခိုက်ချက်များက အလွန် အားကြီးကာ သူတို့ကို ခြိမ်းခြောက် နိုင်လိမ့်မည်က အသေအချာပင်။

“ဒါဆို သူက တကယ် အစွမ်းကြီးတယ်ပေါ့ .. ငါက သူ့ကို အရှက်မရှိတဲ့ စကားပြောတဲ့ခွေးတစ်ကောင်လို့ပဲ ထင်ခဲ့တာ”

“ဟုတ်တယ်”

ဟေးယွီ သူ၏အစွမ်းကို ပြလိုက်ချိန်တွင် ယဲ့ရှင်းချန် အနေနှင့် သူ၏အထင်ကြီး လေးစားမှုကို ပထမဆုံးအကြိမ် ပြောလိုက်ပြီး ကျန်းရှန် ကလည်း မျက်လုံး တလက်လက်နှင့် ခေါင်းညိတ် ပြလျက်ပင်။ ကပ်ဘေးမတိုင်မီ ကျန်းရှန်သည် သူ၏အလုပ်များ အနက်တစ်ခုမှာ စာရေးဆရာ ဖြစ်ခဲ့သည်။ စာရေးသူ တစ်ယောက်ဖြစ်ရန် အရေးအသား ပြေပြစ် ကောင်းမွန်ရမည့် အပြင် ပြင်းထန်သော စိတ်ကူးယဉ်မှုနှင့် ဖန်တီးနိုင်စွမ်းတို့ကို လိုအပ်သည်။ လူသားတို့၏ အသိဉာဏ်ကိုကျော်လွန်ကာ စ်တ်ကူးယဉ်ဆန်သော မြင်ကွင်းက ကျန်းရှန်ကို စွဲဆောင်လိုက်သည်။

“မင်းသူ့ကိုမတားတော့ဘူးလား”

ယွင်ချဲ့မှာ ဟေးယွီ၏သခင် ဖြစ်နေသောကြောင့် ရှင်းဖုန်းလည်း လှည့်ကြည့်ကာ မေးလိုက်သည်။ ဟေးယွီက တစ်ခါတရံ ယွင်ချဲ့ကို ရစ်လေ့ ရှိသော်လည်း အရေးကြီးသော အချိန်များတွင် ယွင်ချဲ့ စကားကို နားထောင်တတ်သည်။

“ဘာလို့ တားရမှာလဲ … ခင်ဗျားမျက်နှာ ကြည့်ရုံနဲ့ သူတို့က မော့စစ်သားတွေ မဟုတ်ဘူးဆိုတာ တန်းသိတယ်”

သူတို့ကို ယွင်ချဲ့ အတန်တန် သတိပေးခဲ့သော်လည်း ဟေးယွီကို သူတို့ ရန်စခဲ့သဖြင့် အကျိုးဆက်ကို ခံစားသင့်ပေသည်။

“ဟား”

ယွင်ချဲ့၏ လက်ကို ဆုပ်ကိုင်ကာ ရှင်းဖုန်း အလွန်ပင် ကျေနပ် နေမိသည်။ စစ်တပ်မှာ အလွန် ကံဆိုးမိုးမှောင် ကျရောက်ခြင်းပင်။ ယွင်ချဲ့ ပြောသကဲ့သို့ ထို ၃ ယောက်မှာ မော့ စစ်သားများ မဟုတ်ပေ။ မော့ဝမ်းယန်က ယွင်ချဲ့နှင့် မျက်နှာချင်းဆိုင်ရန် အလွန်ပင် ကြောက်ရွံ့သောကြောင့် ယွင်ချဲ့၏ ကိုယ်ရံသားရဲကြီးကို ရန်စရန် သူ၏လူများကို စေလွှတ်မည် မဟုတ်ပေ။ သို့သော် အခြားဗိုလ်ချုပ် ၂ ယောက်နှင့် သူတို့၏လူများက ဂုဏ်သိက္ခာကို ချိုးနှိမ်ခံရသကဲ့သို့ ခံစားခဲ့ကြရသည်။

“သူတို့ကို ကူညီကြ သွား”

“ဟုတ်”

ဝမ်စစ်တပ်နှင့် ဝေ့စစ်တပ်တို့မှ စစ်သား အယောက် ၃ဝ ကို ဟေးယွီထံသို့ ထပ်၍ လွှတ်လိုက်ပြန်သည်။

“ဘုရားကယ်ပါ မင်းတို့တွေ စစ်မြေပြင်ရဲ့အခြေခံ စည်းကမ်းတောင် မလိုက်နာနိုင်ကြဘူးလား … ၃ ယောက် ၁ ယောက်ကနေ အခု ၁ ယောက်တည်းကို အယောက် ၃ဝ နဲ့ တိုက်ကြမလို့လား။ မတရားဘူးလေကွာ။ ဪ ရေခဲမြားလား ငါ့ကိုအပူလျော့ပေးဉီး … သေစမ်း အားကုန်သုံးတယ်ပေါ့လေ။ ငါ့ကို ကလိထိုးနေတာလား ဒီထက်ပိုကြမ်းဉီး မင်းတို့တွေ .. သွေးပူအောင် လုပ်လိုက်ကြဉီး”

ဆယ်ဂဏန်း ပမာဏ အရေအတွက်နှင့် တိုက်ခိုက်ခံရသော ဟေးယွီက မကျေနပ်စွာ ပြောဆိုသဖြင့် စစ်သားများက ပို၍ ဒေါသထွက် လာကြကာ စွမ်းအားပေါင်းစုံဖြင့် ဟေးယွီကို တိုက်ခိုက် ကြသော်လည်း ဟေးယွီ ပန်းနှင့် အပစ်ခံရသကဲ့သို့ပင်။ ဟေးယွီကို အနည်းငယ်ပင် ထိခိုက်ဒဏ်ရာ ရအောင် မလုပ်နိုင်သဖြင့် ဟေးယွီ စွမ်းအားမှာ မည်မျှ ကြီးမားကြောင်း သိသာပေသည်။

“ဆရာ”

ကျန်နေသော ဝမ်တပ်သားနှင့် ဝေ့တပ်သားများမှာ သူတို့ ညီအစ်ကိုများ သားရဲတိရစ္ဆာန်၏ဆော့ကစား ခံနေရသည်ကို မကြည့်နိုင်ကြတော့ပေ။

“လူတွေထပ်လွှတ်လိုက်”

“တော်တော့ ယဉ်ယဉ်ကျေးကျေး နေကြဉီး ပြန်ဆုတ်လိုက် … ငါ့စစ်တပ်ကို အရှက်ရအောင် လုပ်နေတာလား”

ဗိုလ်ချုပ် ၂ ယောက်က တိုက်ခိုက်ရန် အမိန့်ပေး ကြသော်လည်း မော့ဝမ်းယန် အရှေ့ထွက် ရပ်ကာ တားလိုက်သည်။ သူတို့တွင် အရေးကြီးသည့် စစ်ဆင်ရေးကို လုပ်ဆောင် ရဉီးမည်ဖြစ်သည်။

စစ်တပ် ၂ ခုက ထိုသားရဲကို ဖမ်းဆီးရာတွင် ရှုံးနိမ့်သွားလျှင် သူတို့အတွက် အရှက်ရစရာသာ ဖြစ်ပေလိမ့်မည်။ သူတို့ကို စကားပြန်ပြောခွင့် မပေးဘဲ မော့ဝမ်းယန် အရှေ့သို့ ထွက်သွားကာ ယွင်ချဲ့ နှင့် ရှင်းဖုန်းတို့ အရှေ့တွင် ရပ်လိုက်သည်။ ကျန်သော ဗိုလ်ချုပ် ၂ ယောက်မှာ လက်သီးဆုပ်လျက် အံကြိတ်ကာ ကြည့်နေကြပြီး မော့ဝမ်းယန်ကို ပြန်မပြောကြသကဲ့သို့ သူတို့၏ စစ်သားများကိုလည်း ဆုတ်ခွာရန် မပြောပေ။

“အိမ်စောင့် … အဟမ်း .. ခေါင်းဆောင် ယွင် မင်းရဲ့သားရဲကို ပြန်ခေါ်လို့ ရမလား ဒီလို တိုက်ခိုက်နေတာ မပြီးနိုင်ဘူးဆိုရင် ဘယ်လိုတားမလဲ”

မော့ဝမ်းယန်လည်း ယွင်ချဲ့ အရှေ့ ၂ မီတာအကွာတွင် ရပ်လိုက်ပြီး တောင်းဆိုလိုက်သည်။ ယွင်ချဲ့၏ နာမည်ပြောင်ကို ခေါ်လုနီးနီး ဖြစ်သွားချိန် ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်သည်။ ယွင်ချဲ့ကို ပုံမှန်ကဲ့သို့ ပြောနေသော်လည်း သူ၏မျက်လုံးများက ရှင်းဖုန်းကို အကူအညီတောင်းခံသည့် အကြည့်နှင့် ကြည့်နေလေသည်။

“ကျွန်တော့် အပြစ်မဟုတ်ဘူးလေ သတိပေးခဲ့တာ အားလုံးကြားတာပဲ။ ဒါတောင် ဟေးယွီ ကို စိန်ခေါ်ခဲ့ကြတာ … သူ့ရဲ့သခင် တစ်ယောက်အနေနဲ့ ဒီလိုမှ မဖြစ်စေချင်ခဲ့တာ”

အများ သေချာကြားစေရန် ယွင်ချဲ့ အသံကိုမြင့်ကာ ပြောလိုက်သည်။ စစ်သားများကသာ စတင်ခဲ့သဖြင့် ယွင်ချဲ့ အနေနှင့် မည်သို့မှ မလုပ်ပေးနိုင်ပေ။

‘ဒါပေမယ့် မင်းရဲ့ခွေးက ဘယ်လောက် စွမ်းအားကြီးတဲ့ အကြောင်း မပြောခဲ့ဘူးလေ !’

လူအများက စိတ်ထဲမှ ပြန်လည် ငြင်းဆိုခဲ့သော်လည်း အပြင်ဘက်တွင် အသံပင် မပြုရဲပေ။ ထိုသားရဲကို မရင်ဆိုင်လိုသည့်အပြင် သနားစဖွယ် စစ်သားများကဲ့သို့ မဖြစ်ချင်ကြပေ။

“အဟမ်း … ငါတို့အပြစ်ပါ ဒါပေမယ့် စစ်ဆင်ရေးက မကြာခင် စရတော့မယ်လေ .. အဲဒီအတွက် သူ့ကို ပြန်ဆုတ်ခိုင်းဖို့ တောင်းဆိုပါတယ်”

မော့ဝမ်းယန်မှာ ပေါက်ကွဲတော့မည့် သူ၏ မကျေနပ်ချက်များကို ချောင်းဟန်လျက်သာ ဖြေဖျောက်နေလေသည်။

“ကောင်းပြီလေ .. ခင်ဗျားက ဒီလောက် ပြောနေမှတော့ ကျွန်တော်လည်း သူ့ကိုပြန်ခေါ်လိုက်မယ်”

ယွင်ချဲ့လည်း တွန့်တိုစွာ လက်ခံလိုက်ပြီး သူ၏လက်ကို ပါးစပ်အနားသို့ ကပ်လိုက်သည်။

ရွှီ

“ဝုတ် ကျွန်တော်လာပြီ သခင်”

ယွင်ချဲ့ လေချွန် လိုက်သည့်အခါ ဟေးယွီမှာ အတားအဆီးများကို မည်သို့ဖြတ်ကျော် လာခဲ့သည်ကို မည်သူမှ မတွေ့လိုက်ရဘဲ သူတို့သတိပြုမိချိန်တွင် အနက်ရောင် အရာတစ်ခုက သူတို့ခေါင်းပေါ်မှ ဖြတ်၍ ပျံသန်း သွားသည်ကိုသာ တွေ့လိုက်ရသည်။ ယွင်ချဲ့ ပခုံးပေါ်သို့ရောက်သွားချိန်တွင် ဟေးယွီမှာ သူ၏ခွေးပေါက် အသွင်သို့ ပြန်လည် ပြောင်းလဲ ထားလိုက်သည့်အခါ ကြည့်နေသူများမှာလည်း ထူးဆန်းမှု အမျိုးမျိုးနှင့် ကြည့်နေကြလေသည်။ ထိုမတိုင်ခင်က သူတို့ အတော်ကြာသည့်အထိ ကြောင်အအနှင့် ရပ်ကြည့်နေခဲ့ကြသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset