YMR- အခန်း ၁၀၄

အခန်း (၁ဝ၄)

“ငါ့မှာအစွမ်းသုံးခု ရှိတာကို ဘာလို့ အံ့သြသွားတာလဲ”

ယွင်ချဲ့ တစ်ခုခု ပြောချင်သော်လည်း ရှင်းဖုန်းက အရေးမကြီး သကဲ့သို့ ရယ်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ ယွင်ချဲ့၏ ဆံပင်မဲ့သော ခေါင်းကို ကိုင်လိုက်သည်။

“စွမ်းအား နှစ်ခုနဲ့တင် လောက်ပါပြီ .. ခင်ဗျားက အဆင့် ၃ စွမ်းအားရှင် ဖြစ်နေတော့ လူတွေကို သိမ်ငယ် စေမိလိမ့်မယ်”

ယွင်ချဲ့ နှုတ်ခမ်းစူကာ ပြောလိုက်ပြီး ရှင်းဖုန်၏ လက်ကို ပုတ်ချလိုက်သည်။ အခုကာလတွင် စွမ်းအား တစ်ခုတည်း ပိုင်ဆိုင်ထားသူများ ရရှိနိုင်သည့် အမြင့်ဆုံး အဆင့်မှာ အဆင့် ၃ အထိသာ ဖြစ်သည်။ ရှင်းဖုန်းက စွမ်းအား ၃ ခုပိုင်ဆိုင်ထားသော အဆင့်သုံး စွမ်းအားရှင်ဖြစ်ပြီး ရှေ့ဆက် အလားအလာများစွာ ရှိနိုင်သေးသည်။

“မင်းကိုလည်း သတိပေးရမယ် ချဲ့ .. မင်းကလည်း စွမ်းအား ၃ ခုရှိတဲ့ အဆင့် ၃ စွမ်းအားရှင်ပဲလေ ငါတို့ခေါင်းဆောင် ထက်တောင် ပိုအလားအလာ ရှိသေးတယ်”

ယွင်ချဲ့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကူးမင်ရွှမ်း ရယ်လျက် ပြောပြသည်ကို ယန်းဟွိုင်အန်းနှင့် ရှင်းဖုန်းလည်း ထောက်ခံသည်။ ယွင်ချဲ့ ကိုယ့်ကိုကိုယ် ထိန်းထားရသည်။ လူတိုင်းက သူ့ကို စွမ်းအား ၃ ခုရှင်အဖြစ် သိထားကြသဖြင့် သူငြင်းဆန်၍ မရတော့ပေ။ လျှို့ဝှက်ချက်ကို ထိန်းထားရသည်က ကြေးတော့ကြီးသည်။

“အဲဒီတော့ ခင်ဗျားက သူတို့ကို တစ်ယောက်ပြီး တစ်ယောက် အိပ်မွေ့ချတာပေါ့”

ထိုအကြောင်း ပြောဆိုခြင်း လုံလောက်ပြီ ဖြစ်သောကြောင့် အခြားအကြောင်းရာကို ယွင်ချဲ့ ပြန်ပြောင်း ပြောလိုက်သည်။ ရှင်းဖုန်း ခေါင်းညိတ် လိုက်ပြီး …

“အဲဒီလိုပဲပေါ့ … သူတို့ကို အရိပ်အမြွက်လေးတော့ ပေးလိုက်တယ် နောက်ပြီး ငါသူတို့ကို သန္ဓေပြောင်း သစ်ပင်အကြောင်းပါ ပြောလိုက်တော့ မကြာခင် စခန်းထဲမှာ အစိမ်းတောတွေ လျော့နည်း လာတော့မယ် ထင်တယ် .. ဟောင်လင်းကို သူတို့ဆီ သုတေသန ပစ္စည်းတွေ သွားပို့ခိုင်းမလို့ သူတို့ တော်တော်လေး ဆုံးရှုံးသွားရတာ ဆိုတော့ သုတေသီ အများစုက သူတို့ အလုပ်တွေကို ဆက်လုပ်လို့မရ ဖြစ်နေတာ”

“ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ လာမပတ်သတ်ရင် ပြီးရောဗျာ အရင်တစ်ခေါက်က ခင်ဗျားကြောင့် လွှတ်ပေးလိုက်တာ နောက်တစ်ခါဆို မရတော့ဘူး”

ယွင်ချဲ့ နှုတ်ခမ်းစူကာ ခုံပေါ် ပြန်မှီလိုက်သည်။ သူ့ပုံစံက ဓာတ်ခွဲခန်း အကြောင်း ဆက်မပြောချင်တော့သည့် အပြင် ထိုအဖွဲ့အစည်းကိုလည်း ဘယ်တုန်းကမှ သဘောမကျခဲ့ပေ။

“မင်းဒီနေ့ ပြောင်းတော့မှာဆို ငါ့ကို လိုက်မပြချင်ဘူးလား”

ယွင်ချဲ့ စကားဆက် မပြောချင်တော့ကြောင်း ခံစားမိသဖြင့် ရှင်းဖုန်း တွန်းအား မပေးတော့ဘဲ ဧည့်ခန်းကို လှည့်ပတ် ကြည့်လိုက်သည်။ ချုံ့ပြောရလျှင် သာမန်ပုံစံ ဆိုသော်လည်း ထိုနေရာက သူတို့နေရာထက် ပို၍ အိမ်ပီသသည်။ မိန်းကလေးများ ပြင်ဆင် ထားခြင်းကြောင့် အခန်းထောင့်များရှိ အပြင်အဆင်လေးက ချစ်စရာ ကောင်းနေသည်။ သို့သော် ရှင်းဖုန်းက ယွင်ချဲ့၏ အခန်းထဲကို သွားလည်လိုကြောင်း သူတို့အားလုံးသိကြသည်။

“ဒါဆိုလည်းလာခဲ့ ခင်ဗျားနဲ့ ဆွေးနွေးစရာရှိတယ် .. အစ်ကို ကူး .. ဟွိုင်အန်း ကျွန်တော့်အစား ချန်ချန်ကို ခဏလောက် ကြည့်ထားပေးပါဦး”

တုံ့ဆိုင်းမှုမရှိဘဲ ရှင်းဖုန်း လက်ကို ကိုင်ကာ ယွင်ချဲ့ မှာထားလိုက်သည်။ ချန်ချန်မှာ ခုံပေါ်တွင် ထိုင်လျက် မြေခွေးပေါက်လေးနှင့် ဆော့ကစားနေသည်။

“ရတယ် အေးဆေးသာလုပ် ချန်ချန် ကို ငါတို့ကြည့်လိုက်မယ်”

ရယ်ချင်နေသော မျက်နှာထားများနှင့် ကူးမင်ရွှမ်းတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စိတ်ထဲတွင် ပျော်ရွှင်နေကြသည်။ နောက်ဆုံးတော့ အချစ်စမ်း နေကြသည်ကို ထိုင်ကြည့်နေစရာ မလိုတော့ပေ။

ထိုသို့ ပြန်ပြောမည်ကို ယွင်ချဲ့ သိသဖြင့် ဘာမှပြန်မပြောဘဲ ရှင်းဖုန်းကို အပေါ်ထပ်သို့ ခေါ်သွားလိုက်သည်။ တတိယအထပ်နှင့် အပေါ်ဆုံး အထပ်ကြားက သံတိုင်နှင့် လုံခြုံရေး တံခါးကို တွေ့လိုက်သောအခါ ရှင်းဖုန်း သိချင်သွားသော်လည်း မမေးလိုက်ဘဲ ယွင်ချဲ့ လက်ကိုသာ တင်းတင်းဆုပ်လျက် အခန်းထဲသို့ လိုက်လာခဲ့သည်။

ယွင်ချဲ့ အခန်းက ပြောင်ရှင်းနေသည်။ ခုတင်၊ ဗီရို၊ ကွန်ပျူတာစားပွဲ၊ ထိုင်ခုံနှင့် အိပ်ရာဘေးတွင် မီးအိမ်တင်သော ခုံအသေး တစ်လုံးသာ ရှိသည်။ ယွင်ချဲ့ အတွက် ခုတင် မှလွဲ၍ ဘာမှမလိုသော်လည်း ကျန်သော ပစ္စည်းများကို ယွင်ယောင် ပြင်ပေးထားခြင်း ဖြစ်သည်။ ယွင်ချဲ့က ညတိုင်း သူ၏နယ်မြေထဲတွင်သာ အိပ်လေ့ရှိသည်။

“ငါ့ကိုသတိရနတောလား”

အခန်းထဲသို့ ဝင်ပြီးသည်နှင့် ရှင်းဖုန်း တံခါးကို လော့ချလိုက်ပြီး ယွင်ချဲ့ အနောက်မှနေ၍ ခါးကိုဖက်ကာ ပခုံးပေါ် မေးတင်လျက် မေးလိုက်ပြီးနောက် ယွင်ချဲ့၏ လည်တိုင်ကို အနမ်းခြွေလိုက်သည်။

“အမှန်တိုင်း ပြောရမလား စကားချိုချိုလေး ပြောရမလား”

ရှင်းဖုန်း ဖက်ထားသည့်ကြားမှ ယွင်ချဲ့ ကိုယ်ကိုလှည့်ပြီး ရှင်းဖုန်း ပခုံးပေါ်သို့ လက်တင်လိုက်ကာ မေးလိုက်သည်။ ရှင်းဖုန်း ခေါင်းငုံ့လိုက်သဖြင့် သူတို့၏နဖူးတို့ ထိကပ်သွားကာ ပြုံးလျက် ပြန်မေးလိုက်သည်။

“အမှန်ကဘာလဲ စကားချိုချိုလေးကရော ဘာလဲ”

ထိုနှစ်ခုလုံးကို ရှင်းဖုန်း ကြားချင်သည်။

“ဟား”

ထိုသို့ ပြန်ပြောမည်ကို သိသဖြင့် ယွင်ချဲ့ ပြုံးလိုက်သည်။

“အမှန်က ကျွန်တော်လည်း အလုပ်ရှုပ်နေသလို ခင်ဗျားလည်း အဲဒီလိုပဲ ဆိုတော့ ခင်ဗျားကို သတိရဖို့ အချိန်ကို မရှိဘူး။ ကျွန်တော့်ကို ပွတ်သီးပွတ်သပ်နိုင်တဲ့ ဆယ်ကျော်သက်မလေးများ ထင်နေလား စကားချိုချိုလေးကတော့….”

ရှင်းဖုန်း အသည်းယား သွားစေရန် ယွင်ချဲ့ တမင်စကားဖြတ် လိုက်ပြီး ခြေဖျားထောက်လျက် ရှင်းဖုန်း၏ နားကိုလျှာနှင့် လျက်ကာ ဖြားယောင်းသော အသံနှင့် …

“အင်း သတိရတယ် .. သတိရလွန်းလို့ ထမင်းတောင် မစားနိုင်ဘူး။ ဒီနေ့ထိ ခင်ဗျား ပြန်မလာရင် မော့စစ်တပ်ထိ လိုက်လာပြီး ရှာမလို့ ဒီလောက်ဆို ချိုပြီလား”

ဝတ္ထုများထဲမှ မိန်းကလေး ဇာတ်ဆောင်ကဲ့သို့ ပြုမူသည့်နေ့ မဟုတ်သေးသရွေ့ သူအတတ်နိုင်ဆုံး လုပ်နိုင်သည့် အချိုမြိန်ဆုံး အရာပင်။

“ဟားဟား မင်းအတွက် တော်တော်ခက်မှာပဲ နောက်တစ်ခါဆိုရင် အမှန်က ဒီထက်ပိုချိုမယ်လို့ မျှော်လင့်တယ်”

ယွင်ချဲ့က ဘယ်လိုလူမျိုး ဖြစ်သည်ကို ရှင်းဖုန်း သိသဖြင့် ယွင်ချဲ့ ခါးကို ကိုင်ထားကာ ရှင်းဖုန်း ရယ်လိုက်သည်။

“အင်း ခက်တယ် ပြောရတာ ကြက်သီးတောင် ထတယ် … အမှန်ပြောရရင် ကျန်းရှန်က ဒီလို နေရာမျိုးမှာ ပိုတော်တာ သူက စကားတော့ သိပ်မပြောပေမယ့် ယဲ့ရှင်းချန် ကိုတော့ ဘယ်လောက် ချစ်ကြောင်းတွေ တစ်နေ့လုံး တစ်ညလုံး ပြောနေမှာ သေချာတယ်။ စာရေးဆရာတွေက အဲဒီလိုပဲ ချိုချိုသာသာ လုပ်တတ်တာလား”

သူ၏စကားကို အဓိပ္ပါယ ်ပိုပေါ်စေရန် ယွင်ချဲ့ မျက်နှာရှုံ့ပြီး ပခုံးတွန့်ပြကာ ပြောသည်။

“အချစ်က အားပြင်းလာရင် ချိုမြိန်လာလိမ့်မယ် မင်းက ငါ့ကို သိပ်မချစ်သေးလို့ နေမှာပေါ့”

ယွင်ချဲ့ တွန့်သွားပြီး ရှင်းဖုန်းကို တွန်းထုတ်လိုက်သည်။

“တော်ပါ .. ခင်ဗျား ဘယ်တုန်းက အရမ်းတွေးခေါ် တတ်သွားတာလဲ”

“အတွေးအခေါ် မဟုတ်ဘူး ဒါငါ့ခံစားချက် အမှန်ပဲ”

ရှင်းဖုန်းလည်း ယွင်ချဲ့ နှင့်အတူ ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ယွင်ချဲ့ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ အမှန်မှာ သူကိုယ်တိုင်လည်း ဒီရက်ပိုင်းတွင် အလွန် အလုပ်ရှုပ် နေခဲ့သဖြင့် ယွင်ချဲ့ကို သတိမရမိပေ။ နေ့တိုင်းပင် နေ့ဘက်တွင် စွမ်းအား သုံးနေရပြီး ညဘက်တွင် အားပြန်ဖြည့်ရသည်။ ရှင်းဖုန်း စိတ်ထဲတွင် ကိစ္စတွေများစွာ နေရာယူ ထားသဖြင့် အခြား အကြောင်းရာများကို တွေးရန် အချိန်မရပေ။ အခုချိန်တွင် ယွင်ချဲ့ကို ဖက်ထား လိုက်သည့်အချိန် သူ၏စိတ်တွင် ယွင်ချဲ့ အတွက် နေရာလွတ် မရှိသော်လည်း သူ၏ကိုယ်မှာ ယွင်ချဲ့ကို အလွန် သတိရနေမိကြောင်း နားလည်လိုက်သည်။ သူတို့ စတွဲခဲ့သည့် အချိန် ကတည်းက ခွဲခွာခဲ့ရသည့် အချိန်တွင် တစ်ခါမှ ဖုန်းဆက်သွယ်ခြင်း မရှိခဲ့ပေ။

“ကျွန်တော် ဘာကြောင့် ဟန်မင်ကျယ်ကို သတ်ခဲ့လဲဆိုတာ ခင်ဗျားသိချင်လား”

ရှင်းဖုန်း ပေါင်ပေါ်ကို ယွင်ချဲ့လဲ အိပ်လိုက်သည်။ သူတို့ ပြန်လာပြီးသည့် အချိန်ကတည်းက ထိုအကြောင်းကို ရှင်းဖုန်းအား ပြောပြ ချင်ခဲ့သော်လည်း အချိန်မရသေးခင်တွင် မော့ဝမ်းယန် အကူအညီ တောင်းသဖြင့် ရှင်းဖုန်း ပြန်ထွက် သွားရသည်။

“တကယ်တော့ အဲဒီနေ့က မင်းဘာလို့ သန္ဓေပြောင်း အပင်ရဲ့ ပင်မနှလုံးကို သိမ်းလိုက်တာ ဆိုတာကို ပိုသိချင်တာ အပင်ရဲ့နှလုံးက ဖုတ်ကောင်တွေရဲ့အမြုတေလိုပဲ မလား”

ရှင်းဖုန်း လက်တစ်ဖက်က ယွင်ချဲ့ လက်ကို ကိုင်ထားပြီး နောက်လက် တစ်ဖက်က ခေါင်းကို ပုတ်ပေးလျက် ယွင်ချဲ့ကို ငုံ့ကြည့်လိုက်သည်။ ဟန်မင်ကျယ်က ယွင်ချဲ့ကို အလွန်စော်ကား ပြောဆိုခဲ့ခြင်း ဖြစ်လိမ့်မည်။ သူ့အပေါ် ဟန်မင်ကျဲ လုပ်ခဲ့သည်က ယွင်ချဲ့အား အလွန် နာကျင်စေခဲ့ပြီး အမာရွတ်ပင် ကျန်သည်အထိ ဖြစ်ခဲ့ပုံရသည်။ အခုချိန်တွင် ဟန်မင်ကျယ်လည်း သေသွားသည့် အပြင် ထိုအမာရွတ်လည်း ပြန်လည် ကောင်းမွန်စ ပြုလာပြီ ဖြစ်သောကြောင့် အနာဟောင်းကို ပြန်မဆွ ချင်တော့ပေ။

“ကျွန်တော် တစ်ချိန်က သူ့ကို ယုံကြည်ခဲ့ပြီး သူ့ကို သဘောကျခဲ့မိတယ် နောက်မှ ပြန်စဉ်းစားကြည့်တော့ သဘောကျတာ မဟုတ်ဘဲ အချိန်အကြာကြီး တစ်ယောက်တည်း ဖြစ်နေခဲ့လို့ အဖော်လိုချင်ခဲ့ရုံလေးပဲ … ဒါပေမယ့် နောက်ဆုံးတော့လည်း တခြားသူနဲ့ ပေါင်းပြီး သူက ကျွန်တော်နဲ့ ချန်ချန်ကို စမ်းသပ် စားပွဲပေါ် တင်ခဲ့တာ”

သို့သော် ယွင်ချဲ့က ရှင်းဖုန်း စိတ်ပူသည်ကို ဂရုမစိုက်ဘဲ ဟန်မင်ကျယ် အကြောင်းကို ပြောလာခဲ့သည်။ ယွင်ချဲ့ ပြောနေသည်တို့က ဘာမှမဆိုင် သော်လည်း ရှင်းဖုန်း ပြန်မမေးပေ။ ယွင်ချဲ့တွင် လျှို့ဝှက်ချက် များစွာ ရှိနေသည်ကို ရှင်းဖုန်း သိသဖြင့် ယွင်ချဲ့ တစ်ခုချင်းပြောလာမည့် အချိန်ကို သူစောင့်နေမည်။ သူတို့တွင် အချိန်များစွာ ရှိနေသေးသည်။

“အာ ခင်ဗျားက စကားပြော ညံ့တာပဲ .. ပြန်မေးဦးလေ ကျွန်တော်နဲ့ ချန်ချန် ဘယ်တုန်းက စမ်းသပ် စားပွဲပေါ် ရောက်သွားတာလဲတို့ … ဘာလို့ တစ်ယောက်တည်း အချိန်အကြာကြီးနေခဲ့ရတာလဲတို့ ခင်ဗျား မသိချင်ဘူးလား”

အတွေးထဲနစ်နေသော ယွင်ချဲ့မှာ ရှင်းဖုန်းက သူ့ကို မေးခွန်းတစ်ခုတောင် မမေးသည်ကို သတိထား မိသွားသည်။ ရှင်းဖုန်း၏ အတွေးကို ရိပ်မိပုံရသဖြင့် ယွင်ချဲ့လည်း ရှင်းဖုန်း၏ မျက်နှာကို ကိုင်လိုက်သည်။ သူ့ဘဝ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို ပြောသင့်မပြောသင့် တွေဝေနေခဲ့သည်။ အစတွင် သူနှင့် ဟန်မင်ကျယ် တို့ကြားက ရန်ငြှိုးအကြောင်း ပြောဆိုရန် လုပ်ခဲ့သော်လည်း ဟန်မင်ကျယ် သေသွားပြီ ဖြစ်သောကြောင့် အမှန် ဟုတ်မဟုတ် မေး၍မရနိုင်တော့ပေ။ သို့သော် အကြောင်းအရာကို အနည်းငယ် ချုံ့ထားသော်လည်း ယွင်ချဲ့ အမှန်တိုင်းပင် ပြောလိုက်သည်။ အတိတ် ဘဝမှစ၍ ယခုချိန်အထိ ရှင်းဖုန်း ကို ယွင်ချဲ့ အပြည့်အဝ ယုံကြည်သည်။

“ငါသိချင်ပါတယ် ဒါပေမယ့် မင်းပိုခံစားရမှာ စိုးလို့ ငါမင်းကို ထပ်မခံစားစေချင်တော့ဘူး … အဲဒါကို အတိတ်မှာ ထားခဲ့လိုက်တော့ လက်ရှိ ငါတို့နဲ့ အနာဂတ်ကိုပဲ အာရုံစိုက် ထားကြရအောင်”

ယွင်ချဲ့၏ မျက်ဝန်းနက်နက်များက တည်ကြည်မှုများဖြင့် ပြည့်နေသည်။ လမ်းပျောက် သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း သူ၏နှလုံးသားက နွေးထွေး သွားလေသည်။

“အင်း အဲဒါက အတိတ်ပဲ .. ဒါပေမယ့် ကျွန်တော့်မှာ လက်စားချေချင်စိတ် ရှိသေးတယ် ဘာမှ မဖြစ်ခဲ့သလိုမျိုး မနေနိုင်ဘူး .. ရတယ်မလား”

“ဒါပေါ့ ငါ့ကို မဖုံးကွယ် ထားချင်လို့ မင်းဒီအကြောင်းတွေ ပြောပြနေရတာမျိုးကို ငါမဖြစ်စေချင်ဘူး .. မင်းလက်စားချေသင့်တာကို ငါလက်ခံတယ်။ ဒါကတော့ တစ်ကြောင်း မင်းတစ်ခုခု လိုအပ်ရင်သာ ငါ့ကိုပြောလိုက် မင်းအတွက် ငါဘာမဆို လုပ်ပေးမယ်ဆိုတာ မင်းသိပါတယ်။ ဝန်တွေအကုန် မင်းတစ်ယောက်တည်း မထမ်းထားနဲ့”

ယွင်ချဲ့ မျက်လုံးများထဲသို့ သေချာ စိုက်ကြည့်လျက် လက်ကိုကိုင်ကာ ရှင်းဖုန်း ပြောလိုက်သည်။ ယွင်ချဲ့က လက်တုံ့ပြန် တတ်သူ ဖြစ်နေသည်ကို ရှင်းဖုန်း သဘောကျသည်။ လူတစ်ယောက်က ကိုယ့်ကိုသတ်ရန် ကြိုးစားခဲ့သူကို ခွင့်လွှတ်နိုင်လျှင် ထိုသူက လူပျော့လူညံ့ပင်။ သည်းခံခြင်းကို သူ၏ချစ်သူ ကောင်လေး လုပ်ရန် မလိုအပ်ပေ။ ယွင်ချဲ့ လုပ်ချင်ရာ လုပ်ပိုင်ခွင့်ရှိပြီး သတ်ချင်သည့် သူကိုလည်း သတ်နိုင်သည်။ ရှင်းဖုန်းက အမြဲထောက်ခံ အားပေးလျက်ပင်။

“ခင်ဗျားကို သတိကြိုပေးထားမယ်။ ကျွန်တော့်ကို အလိုလိုက်ရင် ခင်ဗျား ဘဝကြီးက လွယ်တော့မှာတော့ မဟုတ်ဘူးနော်”

ယွင်ချဲ့ ခိုးခိုးခစ်ခစ် ရယ်ကာ ကိုယ်ကို လှိမ့်လိုက်ပြီး မျက်နှာကို ရှင်းဖုန်း ပေါင်နားအပ်ကာ ရှင်းဖုန်း၏ ခါးကိုဖက်လိုက်သည်။ ရှင်းဖုန်းက သူ့အတွက် သင့်တော်သူဖြစ်ကြောင့် ရှင်းဖုန်းကို သူဘယ်တော့မှ အဆုံးရှုံး မခံနိုင်ပေ။ သူတို့ တစ်ယောက်ကို တစ်ယောက် နှစ်နှစ်ကာကာ ချစ်ကြသည်။

“မင်းသာ အဲဒီလိုဆိုရင်ပေါ့”

ခုံကို မှီထားကာ ရှင်းဖုန်း ဝမ်းသာစွာ ရယ်လိုက်သည်။ ခဏအကြာတွင် ယွင်ချဲ့ ထလိုက်ပြီး ရှင်းဖုန်းနှင့် မျက်နှာချင်းဆိုင်တွင် ခြေချိတ် ထိုင်လိုက်သည်။

“ကျွန်တော့် အမြွာညီ ယွင်ချန် ဘယ်မှာလဲဆိုတာ ခင်ဗျား သိချင်နေမယ် ထင်တယ် … သူက နယ်မြေထဲမှာလို့ ပြောရင် ယုံမလား”

ရှင်းဖုန်းအား အပေါ်ထပ်သို့ ယွင်ချဲ့ ခေါ်လာရသည့် အကြောင်းရင်းပင်။ ရှင်းဖုန်းနှင့် ပို၍ ရင်းနှီးလာသည် နှင့်အမျှ ယွင်ချဲ့လည်း မဖုံးကွယ် ထားလိုတော့သဖြင့် တတ်နိုင်သမျှ အမြန်ဆုံးပြောပြရန် ဆုံးဖြတ်လိုက်သည်။

“သူသေသွားပြီလား”

အသက်မဲ့ သူများကိုသာ ပစ္စည်းတစ်ခုကဲ့သို့ လေဟာနယ်ထဲတွင် သိမ်းထား၍ ရနိုင်သည်ကို ရှင်းဖုန်း သိထားသည်။ သို့သော် သူသိထားသည်က မမှန်သဖြင့် ရှင်းဖုန်း မျက်မှောင်ကြုတ် သွားသည်။ အကယ်၍ ယွင်ချန် သာသေသွားပြီဆိုလျှင် ယွင်ချဲ့က ဘာကြောင့် သူ့အကြောင်းကို အစဖော်မှာလဲ။ သို့မဟုတ် သူအသက် ရှိနေသေးသည်လား။ သို့သော် သူသည်လည်း နယ်မြေစွမ်းအားရှင် ဖြစ်သောကြောင့် နယ်မြေထဲတွင် သက်ရှိများကို ထည့်ထား၍ မရနိုင်ကြောင်း သူသိသည်။

ယွင်ချဲ့ ပြောသမျှစကားကို ရှင်းဖုန်း ယုံကြည်သော်လည်း သူနားမလည်နိုင်သော အရာကို မေးလိုက်သည်။

ယွင်ချဲ့ ခေါင်းခါလျက် …

“ဟင့်အင်း သူမသေဘူး ဒါပေမယ့် အသက်လည်း ရှိမနေဘူး”

“သူဖုတ်ကောင် ဖြစ်နေပြီလို့ ပြောချင်တာလား”

ဉာဏ်ကောင်းပြီး အရိပ်အကဲ သိသော ရှင်းဖုန်းက ချက်ချင်း ရိပ်မိလိုက်သည်။ ထို့နောက် လုံယန်း ခံတပ်တွင် ကျန့်ထျန်းလုံအား ဇွမ်ဘီဗိုင်းရပ်စ် ကူးအောင် လုပ်ခဲ့သည်ကို သတိရသွားလေသည်။ အကယ်၍ ယွင်ချဲ့၏ညီက ဖုတ်ကောင်ဖြစ်ပြီး နယ်မြေထဲတွင် သိမ်းထားသည်ဆိုလျှင် ဇွမ်ဘီဗိုင်းရပ်စ်၏ အရင်းမြစ်ကို သိနိုင်ပြီဖြစ်သည်။ သို့သော် ဖုတ်ကောင် တစ်ကောင်ကို နယ်မြေထဲတွင် ဘယ်လိုများ ထည့်သိမ်းလို့ ရနေတာလဲ။

ရှင်းဖုန်း တွေးနေစဉ် ယွင်ချဲ့က သူ့ကိုတည်ကြည်စွာ ကြည့်လိုက်ပြီး အတည်ပြုသည့် အနေနှင့် ခေါင်းညိတ် ပြလိုက်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset