အခန်း (၁ဝ၅)
“ကျွန်တော်တို့ ဟွိုင်မြို့မှာ တွေ့ခဲ့တာ မှတ်မိသေးလား အဲဒီတုန်းက သူ့ကိုခေါ်ဖို့သွားခဲ့တာ .. ဒါပေမယ့် ကျွန်တော်ရောက်တော့ သူဖုတ်ကောင်ဖြစ်ကာစ ပြုနေပြီ။ ခင်ဗျားနဲ့ ရင်းနှီးတဲ့သူ တစ်ယောက် ဖုတ်ကောင်ဖြစ်နေတာကို မြင်ရတဲ့အခါ ဘယ်လို ခံစားရလဲဆိုတာ ခင်ဗျားတွေးနိုင်မှာ မဟုတ်ဘူး … ကျွန်တော့် ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲတော့မလိုပဲ သူ့ကို စမ်းရေနဲ့ ကုပေးလိုက်တယ်။ ခင်ဗျားကို တိုက်ခဲ့ဖူးတဲ့ရေပဲ၊ ရေက ခဏတာလောက်တော့ သူ့စွမ်းအားနဲ့ အင်အားတွေကို ပြန်ဖြည့်ပေးနိုင်တယ်။ အဆိပ်ဖြေဆေးလိုမျိုးပေါ့ … ရေက သူ့ကိုယ်ထဲက ဇွမ်ဘီပိုးကို ထိန်းထားပေးနိုင်မယ် ထင်ခဲ့တာ။ ဒါပေမယ့် အဲဒါက သူပြောင်းလဲတာကို ပိုမြန်အောင်လုပ်လိုက်ပြီး အချိန်တိုလေး အတွင်းမှာပဲ အဆင်မြင့် ဖုတ်ကောင်ကို ပြောင်းသွားတယ် အားအင်တွေလည်း ပြတ်သွားပြီး နောက်ဆုံး ငူငူငိုင်ငိုင်ကြီး ဖြစ်သွားတယ် … သူအတွင်းနဲ့အပြင် ညီအောင် ထိန်းထားနိုင်ဖို့ဆိုရင် အသားစိမ်း ဒါမှမဟုတ် အမြုတေကို စားဖို့လိုတယ် … ရှောင်ချန်က အရမ်းတော်တဲ့ ကျောင်းသားလို့ ကျွန်တော် ပြောခဲ့ဖူးတယ်လေ။ သူပြောင်းလဲသွားပေမယ့် သူ့ကို မစွန့်လွှတ် မသတ်ပစ်နိုင်ဘူး။ အဲဒါကြောင့် သူဘယ်လိုပုံစံပဲ ပြောင်းသွားပါစေ သူ့ကို ဆက်ထိန်းထားဖို့ပဲ ဆုံးဖြတ်လိုက်တာ”
ထိုနေ့က အကြောင်းများကို ပြန်ပြောပြနေရင်းဖြင့် ယွင်ချဲ့ ရင်နာလာရသည်။ သူ၏စိတ်သောကများ ပြေပျောက်သွားရန် အတွက် ဆေးလိပ်တစ်လိပ် ယူထုတ်ကာ သောက်လိုက်သည်။
“အဲဒါကြောင့် မင်းသလင်းကျောက်တွေ လိုက်စုနေတာလား”
ထိုအမေးမှာ အဓိပ္ပါယ်မရှိပေ။ စောနကပင် ယွင်ချန်က အင်အားဖြည့်ရန် လိုအက်သဖြင့် အမြုတေများအသားစိမ်းများ စားရန်လိုအပ်သည်ဟု ယွင်ချဲ့ ပြောခဲ့သည်။ သေချာပေါက်ပင် ယွင်ချဲ့က လူသတ်သမား မဖြစ်ချင်သဖြင့် သူ့တွင် ရွေးချယ်စရာ တစ်ခုသာ ကျန်တော့သည်။ ထို့ကြောင့် လန်ယဲ့ဟန် တို့က ဖုတ်ကောင်များကို လိုက်လံ သတ်ဖြတ်နေခြင်း ဖြစ်သည်။ ရှင်းဖုန်း သေချာ မမြင်နိုင်သော်လည်း အမြုတေများကို ယွင်ချဲ့ မည်မျှ လိုအပ်နေကြောင်း တွေးကြည့်၍ပင် ရနိုင်သည်။
“‘ဟုတ်တယ် သူ့ကိုဆက်ခေါ်ထားဖို့ တွေးလိုက်တော့ သူ့ကိုဘယ်မှာ ထားရမလဲ ဆိုတာက ပြဿနာ ဖြစ်လာရော … ကျွန်တော်တို့တွေ ဖုတ်ကောင်တစ်ကောင်ကို ခေါ်ထားတာ လူတွေသိသွားရင် ငါတို့ကို ရေမြေဆုံး လိုက်သတ်ကြမှာ … ရှောင်ချန်ကို ဓာတ်ခွဲခန်းကို ခေါ်သွားမှာပဲ စိုးရိမ်တာ ကျွန်တော်အဲဒါကို မခံစားနိုင်ဘူး။ အဲဒါကြောင့်ပဲ သူ့ကို နယ်မြေထဲမှာ ထားဖို့ ငါဆုံးဖြတ်လိုက်တယ်”
ယွင်ချဲ့ ဆေးလိပ်တစ်ချက် ဖွာလိုက်ပြီး …
“ကျွန်တော့် နယ်မြေက ခင်ဗျားလို မဟုတ်ဘူး … စွမ်းအား တစ်ခုလိုမျိုးပဲ ပြောရရင် အပြိုင်ကမ္ဘာလိုပေါ့။ ကမ္ဘာကြီး စဖြစ်ကတည်းက သူလည်း တည်ရှိနေတာ သက်ရှိတွေတော့ မနေနိုင်ပေမဲ့ အပင်တွေ အရင်တုန်းက ပုံစံလိုနဲ့ တောင်တွေ မြစ်တွေရှိတယ် … စမ်းရေရော ဟေးယွီ ရော အဲဒီကပဲ သူကနယ်မြေကို စောင့်ရှောက်တဲ့သားရဲ … ကျွန်တော်က သတိမထားမိဘဲ ဖွင့်မိသွားတော့ သူ့သခင်ဖြစ်လာတာ … ခင်ဗျား မေးချင်တာတွေအတွက် အဖြေရသွားလောက်ပြီ မလား”
ယွင်ချဲ့လည်း သူ၏နယ်မြေ အကြောင်းကို ရှင်းဖုန်း၊ ယွင်ယောင်နှင့် လန်ယဲ့ဟန် တို့ကို မဖုံးကွယ်ထားချင်ပေ။ အချိန်တန်လျှင် သူယုံကြည်သော သူများကို ပြောပြမည်ဖြစ်သည်။
“….”
“ဟင်…”
ရှင်းဖုန်းလည်း မည်သို့ တုံ့ပြန်ပြောဆိုရမည်ကို မသိတော့ပေ။ ကပ်ဘေးကာလတွင် အရာရာ ရှားပါးနေပြီး အစားအသောက် ရှားပါးခြင်းက အဆိုးဝါးဆုံးပင်။ ယွင်ချဲ့၏ နယ်မြေထဲတွင် အပင်စိုက်နိုင်သည့် အပြင် မြစ်ထဲတွင် ငါးများစွာ ရှိနေပြီး တောတောင်တွင်လည်း တောတိရစ္ဆာန်များ နေထိုင် ကျက်စားကြသဖြင့် သူ၏နယ်မြေများမှာ လူသားများအတွက် အစားအစာ သိုလှောင်ရုံကြီး ဖြစ်နေလေသည်။
ရှင်းဖုန်း တွေးမိသော်လည်း ယွင်ချဲ့က သူ့ကို ယုံကြည်၍ ပြောပြခြင်း ဖြစ်သည်ကို သိသောကြောင့် အခြားသူများ ယွင်ချဲ့အား အန္တရာယ် ပေးလာမည်ကို ခွင့်မပြုပေ။
“အဲဒီခွေး အာ ဟေးယွီ … အဲဒါကြောင့် သူ့ကိုယ်သူ ကြီးမြတ်တဲ့တောကောင် လို့ခေါ်နေတာကိုး .. သူက သန္ဓေပြောင်း ဖြစ်နေလို့ ကိုယ့်ကိုယ်ကို အထင်ကြီးနေတယ် ထင်ခဲ့တာ .. သူက တကယ့်ခွေးတော့ မဟုတ်ဘူးမလား”
ရှင်းဖုန်း စဉ်းစားရန် အချိန်အတော် ယူလိုက်ရပြီး ယွင်ချဲ့ လက်ကို ကိုင်ကာ အလွန် ခွန်အားကြီးမားသော ဟေးယွီ၏ အသွင်အပြင်ကို ပြန်လည် တွေးနေသော်လည်း သူ၏မှတ်ဉာဏ်များက မှုန်ဝါးနေသည်။ ထိုအစွမ်းသည် ကမ္ဘာပေါ်မှ သတ္တဝါတစ်ကောင် ပိုင်ဆိုင်နိုင်သည့် စွမ်းအားမျိုး မဟုတ်ပေ။ ရှင်းဖုန်းက ဘာသာမဲ့ ဆိုသော်လည်း အမှန်တရားနှင့် ယွင်ချဲ့က နတ်ဘုရားများ တကယ် ရှိသည်ကို သူ့အား ယုံကြည် လာစေမိသည်။
“အင်း သူကိုယ်တိုင်တောင် သူက ဘာသားရဲတောကောင်ဆိုတာ မသိဘူး … သူက ခွေးနဲ့တူတော့ ငါတို့လည်း ခွေးလို့ပဲ သတ်မှတ် လိုက်တာပေါ့”
ထိုသို့ ပြောလိုက်သော်လည်း ဟေးယွီက သူ့ကိုယ်သူ ဘာလဲဆိုသည့် အကြောင်း သိနေသည်ဟု ယွင်ချဲ့ အမြဲခံစားနေရပြီး ဖုံးကွယ် ထားသည်များလည်း ရှိနေနိုင်သည်။ သို့သော် ဟေးယွီက သူ့ကို အန္တရာယ် မပေးကြောင်း ယွင်ချဲ့ သိသည်။ အချိန်မကျသေးသဖြင့် သူ့ကိုမပြောပြခြင်း ဖြစ်သည်ဟုတွေးကာ ယွင်ချဲ့လည်း အတင်း မမေးတော့ပေ။ ကမ္ဘာကြီးကို ဝန်းရံထားသော အစီအရင်များ အကြောင်း ပြောပြ လာသကဲ့သို့ အချိန်တန်လျှင် အကြောင်းရာ အလုံးစုံကို ပြောပြလာနိုင်သည်။
“မင်း၏ နယ်မြေက တော်တော် စုံလင်တာပဲ”
ရှင်းဖုန်း အနည်းငယ် အားတက်သွားပြီး ယွင်ချဲ့ကို ပြုံးပြလိုက်သည်။ ဟေးယွီက သူ့အား ကူညီပေးခဲ့သည်ကို လုံးဝ မေ့မည်မဟုတ်ပေ။ စမ်းရေမှာ သူစသောက်ခဲ့စဉ်က အင်အားများ ပြန်လည် ပြည့်လာသည်ကို သူခံစားခဲ့ရသည်။ ထိုအချိန်က ယွင်ချဲ့ ဘာမှ မေးခွင့်မပြုသဖြင့် ရှင်းဖုန်း လည်းမမေးခဲ့ပေ။ စမ်းနှင့် ဟေးယွီတို့မှာ အလွန် အံ့သြဖွယ် ကောင်းလှသည်။ သို့သော် ထိုနှစ်ခုအတွက် အံ့ဩစရာ ကောင်းသည် ဆိုသော အချက်က မတူညီပေ။
“အဲဒီကောင်က အံ့သြဖို့ ကောင်းလောက်အောင်ကို အရှက်မရှိဘူး .. အခုထိ သူနဲ့နေသားတောင်မကျသေးဘဲ ကျွန်တော့်ကို ခေါင်းကိုက်အောင် အမြဲအကြံအဖန်တွေ လုပ်နေတာ”
ဟေးယွီ အကြောင်းတွေးရင်း ယွင်ချဲ့ ခေါင်းခါလိုက်သည်။ ထိုအကောင်ဟု သာပြောနေသော်လည်း သူ၏မျက်နှာမှာ ပြုံးရွှင်နေသည်။ ဟေးယွီက သူ့အတွက် အရေးပါလှပြီး သူ့ကိုပျော်ရွှင်စေသည်မှာ သိသာလှသည်။ ရှင်းဖုန်း စိတ်မထိန်းနိုင်ဘဲ ယွင်ချဲ့ မျက်နှာကို ထိလိုက်သည်။
“မင်းရဲ့ပြုံးနေတဲ့ မျက်နှာလေးကို ငါသဘောကျတယ် မျက်နှာညှိုးနေတာက မင်းနဲ့မလိုက်ဘူး”
“ဘယ်သူကရော အမြဲတမ်း မပြုံးဘဲ နေချင်လို့လဲ … ဘဝမှာ အခက်ခဲတွေ ဆိုတာ ရှိတာပဲလေ အဲဒီကိစ္စတွေကြောင့် ကျွန်တော်တို့ မျက်မှောင်ကြုတ်ကြတယ် .. ခံစားကြရတယ် ငိုကြရတာပဲ … ဒါပေမယ့် အဲဒါကပဲ ကျွန်တော်တို့ အသက်ရှင် နေသေးတယ်လို့ ခံစားစေရတာပဲလေ”
ရယ်ရမည့်အခါ လွတ်လပ်စွာ ရယ်ပြီး ငိုရမည့် အခါလည်း စိတ်လွတ်ကိုယ်လွတ် ငိုလိုက်ပါ။ ထိုအချက်မှာ သဘာဝ၏ နိယာမပင်။ အကယ်၍ လူတစ်ယောက်က တစ်ခါမှ မငိုဖူးလျှင် သူ၏ဘဝက ပြည့်စုံခြင်းမရှိပေ။
“မင်းပြောသလိုပဲ .. ဒီလို တွေးခေါ်တတ်တာကလည်း မင်းနဲ့မတူဘူး”
ယွင်ချဲ့၏ နဖူးကို အသာပုတ်ကာ ရှင်းဖုန် ခေါင်းခါသည်။ ယွင်ချဲ့ အလွန် ခံစားတတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဟီးဟီး”
ယွင်ချဲ့ ရယ်လိုက်ပြီးနောက် …
“အခု ရှောင်ချန် အကြောင်း ပြောပြတာက မနက်ဖြန် သူ့ကို အပြင်ထုတ်တော့မလို့ သူအခုငြိမ်နေပြီ အမြုတေ လုံလုံလောက်လောက်ရှိရင် တစ်နေ့လုံး အဲဒါတွေပဲ တိတ်တိတ်လေး ထိုင်စားနေတာ … တခြားဖုတ်ကောင်တွေလို မသောင်းကျန်းမှန်း သိပေမယ့် သတိထားတဲ့ အနေနဲ့ ၃ ထပ်နဲ့ ၄ ထပ်ကြားမှာ သံတိုင်တွေ လုံခြုံရေး တံခါးတွေ တပ်ထားတာ … သူ့ကိုချစ်တာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။ မမရော ယဲ့ဟန် ရော ရှိသေးတယ်။ သူ့ကို အဲဒီထဲမှာပဲ တစ်သက်လုံး ပိတ်လို့မရဘူး .. ပိုအရေးကြီးတာက သူ့ကို လူတွေနဲ့ ပိုထိတွေ့စေချင်တယ် တစ်နေ့ သူပြန်မကောင်းမလာဘူးလို့ မပြောနိုင်ဘူးလေ … သူက ဖုတ်ကောင် ဖြစ်နေရင်တောင်မှ ကလေး တစ်ယောက်လိုမျိုး သဘောထားပြီး သေချာသင်ပေးရင် ထူးခြားတဲ့ ဖုတ်ကောင် ဖြစ်လာမှာ .. ကျွန်တော်တို့ အခုလို ရင်းနှီးလာတော့ ဒါတွေကို ခင်ဗျား မသိအောင် မဖုံးကွယ်ထားချင်ဘူး .. ဖြစ်လာမယ့် ပြဿနာတွေကို ကာကွယ်ဖို့အတွက် ခင်ဗျားကို အသိပေးထားမှဖြစ်မှာ … အဲဒီတော့ ခင်ဗျား ဘယ်လိုလုပ်မလဲ အခုတွဲမိတာ မှားပြီလို့ ခံစားနေရလား”
ယွင်ချဲ့ ရုတ်တရက် ထကာ ဒူးထောက်လိုက်ပြီး ရှင်းဖုန်း လည်ပင်းကို ဖက်လိုက်သည်။ ရွှတ်နောက်နောက် အမူအရာ ဖြစ်နေသော်လည်း အလွန် စိတ်လှုပ်ရှားနေသည်။
“ငါအဲဒီလို ခံစားရရင် မင်းက ငါနဲ့လမ်းခွဲမှာလား”
ယွင်ချဲ့ ခါးကိုကိုင်ကာ ရှင်းဖုန်း သူ့အနား ဆွဲကပ် လိုက်လိုက်ပြီး သူ၏နှုတ်ခမ်းတစ်စုံက ယွင်ချဲ့ နှုတ်ခမ်းပေါ်တွင် ဝေ့ဝဲနေပြီး …
“ဟင်း… လုံးဝပဲ”
“အဲဒါဆို ရူးကြောင်ကြောင်မေးခွန်းတွေ မေးစရာမလိုဘူးလေ .. မင်းရဲ့ညီရော နယ်မြေရော မင်းနဲ့အတူ ရှိချင်တဲ့စိတ်ကို ဘယ်အရာမှ မတားနိုင်ဘူး”
ယွင်ချဲ့ နှာခေါင်းကို ကြင်နာစွာ ပွတ်သပ်ပြီး ရှင်းဖုန်း ကတိပေးသည်။ အခြားသူများ တစ်ယောက်ကို တစ်ယောက် မည်သို့ ချစ်ကြသည်ကို သူမသိသော်လည်း သူ၏အချစ်မှာ သူ့ကောင်လေး၏ အရာရာကို လက်ခံပေးပြီး ကာကွယ် ပေးသွားမည်ဖြစ်သည်။
“အင်းပါ”
ရှင်းဖုန်း ပခုံးပေါ်တွင်မှီလျက် ယွင်ချဲ့ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထိုတာဝန် အားလုံးကို သူတစ်ယောက်တည်း သယ်ပိုး ထားရသည်မှာ အလွန် ပင်ပန်းလှသည်။ သူအနားယူလိုက်လျှင် သူ၏အနီးအနားမှ လူများ အခက်ကြုံကြမည်ကို သိနေသဖြင့် ယွင်ချဲ့ ကိုယ့်ကိုယ်ကို အနားပင် မပေးခဲ့ပေ။ ဘုရားသခင်က သူ့ကို ဒုတိယအကြိမ် အခွင့်အရေး ပေးခဲ့ပြီးပြီ ဖြစ်သောကြောင့် မည်သည်ကိုမှ ထပ်မဆုံးရှုံးချင်တော့ပေ။ အခုချိန်မှစ၍ ရှင်းဖုန်းသည် သူ့အနားတွင် တစ်သက်လုံး ရှိနေမည် ဖြစ်သောကြောင့် သူဘယ်သောအခါမှ တစ်ယောက်တည်း ဖြစ်တော့မည် မဟုတ်ပေ။ ရှင်းဖုန်း ဘာမှ မလုပ်ပေးလျှင်တောင် အနားတွင် ရှိနေပေးသည်က သူ့ကို စိတ်သက်သာရာ ရစေပြီး ရှေ့ဆက်တိုးရန် အင်အားများပင် ပေးစွမ်းနိုင်သည်။ ထိုအရာက အချစ်စစ်ဟု ထင်မိပါရဲ့။
“ငါမင်းနဲ့လာနေလို့ရမလား”
ယွင်ချဲ့၏ နားကို အသာ ကိုက်ကာ ရှင်းဖုန်း ပြောချင်နေသည်ကို မေးလိုက်သည်။
“ခင်ဗျားက ဒါမေးချင်နေခဲ့တာ မလား ဘယ်အချိန်ကတည်းက ကြံစည်နေခဲ့တာလဲ”
ရှင်းဖုန်းကိုကြည့်ရန် ခေါင်းလှည့်လိုက်ပြီး ယွင်ချဲ့ မေးလေရာ ရှင်းဖုန်းလည်း မဖုံးကွယ်ထားတော့ဘဲ …
“ကြာလှပြီ… ”
“အွန်း …”
ထို့နောက် သူ၏နှုတ်ခမ်းနှင့် ယွင်ချဲ့ နှုတ်ခမ်းကို ဖိကပ်လိုက်ပြီး ယွင်ချဲ့၏ နှုတ်ခမ်းများကို လျှာနှင့် လျက်လိုက်သည်။ ရှင်းဖုန်း၏ လည်ပင်းကို ဖက်တွယ်ကာ ယွင်ချဲ့ အနောက်ကို မှီလိုက်သည်။ ရှင်းဖုန်းလည်း အရှေ့တိုးလာပြီး ပိုမိုကြမ်းလာကာ ယွင်ချဲ့ နှုတ်ခမ်းမှ ချိုမြိန်မှုများကို သုံးဆောင်ရန် နှုတ်ခမ်းများကို ခပ်ပြင်းပြင်း စုပ်ယူလိုက်သည်။
အင်း…..
ယွင်ချဲ့ တစ်ကိုယ်လုံး ပူထလာသည်ကို ခံစားလိုက်ရပြီး ညည်းမိသွားရာ ထိုညည်းသံက ရှင်းဖုန်း အတွက် အကောင်းဆုံး ပီယဆေး တစ်ခုကဲ့သို့ ရှင်းဖုန်း၏ အနမ်းများမှာ ပိုမိုရမ္မက်ပြင်းလာပြီး ယွင်ချဲ့၏ အာခံတွင်းထဲသို့ နည်းမျိုးစုံနှင့် ဝင်ရောက်နေသည်။ ယွင်ချဲ့၏ အာခေါင်နား ထိတိုင် ရှင်းဖုန်း၏ လျှာဖျားက ကလူနေပြီး အသွင်းအထုတ် လှုပ်ရှားမှုများက ယွင်ချဲ့ ကို စိတ်ကြွလာစေရန် ဖန်တီးနေသည်။
အွန်း……
ရှင်းဖုန်း အနမ်းများက ရမ္မက်အပြည့်နှင့် အလွန် အားပြင်းသောကြောင့် ယွင်ချဲ့လည်း တဖြည်းဖြည်း ပူထူလာခဲ့သည်။ ရှင်းဖုန်း၏ လည်ပင်းကို ဖက်တွယ်ထားသော လက်တို့မှာလည်း တဖြည်းဖြည်းနှင့် အောက်သို့ဆင်းကာ အင်္ကျီကြယ်သီးများကို ဖြုတ်ပစ်လိုက်သည်။ ယွင်ချဲ့၏ ပခုံးသားများသို့ ရှင်းဖုန်း ကပ်သွားပြီး အနမ်းများ ခြွေလျက် သူ၏လက်တို့မှာလာည်း ယွင်ချဲ့ အင်္ကျီထဲသို့ တိုးဝင်ကာ ယွင်ချဲ့၏ ကျောရိုး တစ်လျှောက်ကို ပွတ်သပ်လိုက်သည်။ ရှင်းဖုန်း၏ အထိအတွေ့များကြောင့် ယွင်ချဲ့၏ နူးညံ့သော ခန္ဓာကိုယ်က တရွရွ ခံစားနေရသည်။ ထိုအထိအတွေ့ကို ပထမဆုံး ခံစားရခြင်း ဖြစ်သောကြောင့် ယွင်ချဲ့ တစ်ကိုယ်လုံး လျှပ်စီးလှိုင်းများပြေးနေသကဲ့သို့ ခံစားနေရပြီး အခန်းထဲတွင်လည်း ဆွဲဆောင်မှုရှိသော ညည်းသံများ ပြည့်နှက်နေသည်။
ဒေါက် ဒေါက် ဒေါက်
သူတို့ ရမ္မက်ပြင်းစွာ နမ်းရှုံ့နေကြစဉ် အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ပြီးနောက် ချူးဟောင်လင်း အသံလည်း ထွက်ပေါ်လာသည်။
“ခေါင်းဆောင် .. အစ်ကိုချဲ့ အထဲမှာလား .. မမယောင်က နံနံပင် လိုချင်လို့တဲ့ အစ်ကိုတို့မှာ ရှိလား”
လျှာချင်း နှုတ်ခမ်းချင်း ထိနေသော သူတို့၏ခန္ဓာကိုယ်များ ရပ်သွားကြပြီး နှစ်ယောက် ခွာလိုက်ကြချိန်တွင် တပ်မက်မှု၏ ရလဒ်အဖြစ် သွားရည်အမျှင်က နှုတ်ခမ်းနှစ်စုံကို ဆက်သွယ် ထားလျက်ပင်။
“အဟမ်း”
မှုန်ကုပ်သွားသော ရှင်းဖုန်း မျက်နှာကိုကြည့်ကာ ခက်ခဲစွာ အသက်ရှူ ခက်နေသော ယွင်ချဲ့က ချောင်းဟန့်လိုက်ပြီး ….
“သိပြီ ငါယူပြီး ဆင်းလာခဲ့မယ်”
ချူးဟောင်လင်း ထပ်မမေးခင် ယွင်ချဲ့ ကျယ်လောင်စွာ ပြောလိုက်သည်။
“အလုပ်ရှုပ်ပါတယ် ကျွန်တော့်ကိုသာ ပေးလိုက် ယူသွားလိုက်မယ် .. ဘာလုပ်နေတာလဲ အစ်ကိုချဲ့ တံခါးဖွင့်ဦး”
ဘာဖြစ်နေသည်ကို မရိပ်မိသော ချူးဟောင်လင်းမှာ တံခါးကို အဆက်မပြတ် ခေါက်နေသည်။ ယွင်ချဲ့ ရယ်မိ သွားသကဲ့သို့ စိတ်လည်း ရှုပ်သွားလေသည်။ တကယ် အရူးပင်၊ သူတို့၏ ဆက်ဆံရေးကို သိထားပြီး ဖြစ်သည့်တိုင် အခန်းထဲတွင် သူတို့ ဘာလုပ်မည် ဆိုသည်ကိုတော့ မသိပေ။
“ချူးဟောင်လင်း”
“ခင်ဗျာ”
ရှင်းဖုန်း စိတ်ရှုပ်လာသဖြင့် ခက်ထန် ပြတ်သားသော အသံနှင့် ခေါ်လိုက်ရာ ချူးဟောင်လင်း ထိတ်လန့်ကာ အသံလည်း တုန်သွားလေသည်။ သူ၏နာမည် အပြည့်အစုံကို ခေါင်းဆောင်ခေါ်လိုက်သည့် အခါတိုင်း သူမကြာခဏ ဒုက္ခဖြစ်လေ့ ရှိသည်။ ယခု တစ်ကြိမ်တွင်လည်း …
“ထွက်သွား”
“ဟုတ်ကဲ့”
နောက်တစ်ကြိမ် ထပ်အော်လိုက်ရာ ချူးဟောင်လင်း အလန့်တကြားနှင့် ချက်ချင်းပင် ထွက်ပြေးသွားသည်ကို ယွင်ချဲ့တို့ ကြားလိုက်ရသည်။
“ဟား ဟား ဟား”
ယွင်ချဲ့ ရယ်မောကာ ထိုင်ခုံပေါ် လဲချလိုက်သည်။ ထိုအရူးကို အဖွဲ့ထဲ ခေါ်ထားရသည်က ရှင်းဖုန်း အတွက် အလွန် ခက်ခဲလိမ့်မည်။
“ဟေ့ ရယ်တာရပ်တော့”
ယွင်ချဲ့ လက်ကို ရှင်းဖုန်း ကိုင်လိုက်ပြီး သူ၏ဘောင်းဘီခွပေါ် တင်လိုက်သည်။ သူ၏ညီလေးက မာတောင့်လာပြီး မကြာခင် ရမ္မက်စိတ်များ ပြင်းထန် လာတော့မည်။
ယွင်ချဲ့လည်း လက်များကို ပြန်ရုပ်ကာ ရှင်းဖုန်းကို ခြေထောက်များနှင့် တွယ်ဖက်လျက် မျက်နှာပေါ်တွင် အနမ်းများ ခြွေချလိုက်သည်။
“ချူးဟောင်လင်း လာမရှုပ်လည်း ကျွန်တော်တို့တွေ ခရီးဆုံးထိ ရောက်မှာမှ မဟုတ်ဘဲ … ညစာ အဆင်သင့် ဖြစ်တော့မယ် .. ပြီးတော့ no ပါ”
“ဘာကို no လဲ”
ရှင်းဖုန်း မှိုင်တွေသွားပြီး ခေါင်းကလည်း ချက်ချင်း အလုပ်မလုပ်တော့ပေ။ ယွင်ချဲ့လည်း ထကာ ပြုံးပြလိုက်ပြီး …
“ခင်ဗျား ကျွန်တော်နဲ့ လာနေလို့ မရဘူး မမက ကျွန်တော်တို့ အကြောင်း မသိသေးဘူးလေ”
သေစမ်း !
ရှင်းဖုန်း စိတ်ပျက် သွားရသည်။ ပထမဆုံး အချိန်ကြာကြာ ခွဲရပြီးနောက် ယွင်ချဲ့နှင့် နမ်းနေသည်ကို ကြားဖြတ် ဝင်ရှုပ်သော ထိုအရူးကောင်လေးကို စိတ်တိုမိပြီး လတ်တလောတွင် သူ၏ချစ်သူ နှင့်အတူ မနေရသည်ကိုလည်း စိတ်ဓါတ် ကျသွားသည်။ ထုံယန်းမြို့မှ ယူလာသည့် ပစ္စည်းများကို သူဘယ်အချိန်မှ ထုတ်သုံး ရတော့မှာလဲ။
***