YMR- အခန်း ၈၈

အခန်း (၈၈)

ယွင်ချဲ့သည် လျှို့ဝှက် ဆန်းကြယ်ပြီး စွမ်းအားကြီးမားသည်။ လူအများက သူ့ကို ချောင်ယန်း အဖွဲ့ခေါင်းဆောင် ရှင်းဖုန်း ကဲ့သို့ ထူးခြား ဆန်းပြားသော လူတစ်ယောက်ဟု ထင်မှတ်ထားကြသည်။ သို့သော် ယနေ့ ယွင်ချဲ့၏ ပုံစံက လူအများ ထင်နေသည့် အရာကို ပျက်စီး သွားစေသည်။ သူက လိမ်လည်သူ တစ်ယောက်ပင်။ သရုပ်ဆောင် ကျောက်ပန်ရှန်းထက် ပို၍ပင် ဆိုးဝါးသည်။ ကျောက်ပန်ရှန်းက လူအများထံမှ ငွေများ လိမ်လည် လှည့်စားခဲ့သော်လည်း ယွင်ချဲ့က လူအများ၏ အသက်ဆုံးရှုံးစေရန် လှည့်စားနေခြင်း ဖြစ်သည်။

“မင်းတို့တွေ ရှက်နေကြတာလား .. လာကြလေ ဒါက SSS အဆင့်နော် ရွှေအခွင့်အရေးပဲ ! အခုမလာရင် နောင်ဘယ်တော့မှ မရနိုင်တော့ဘူး .. မြန်မြန်လာပြီး စာရင်းပေးကြ !”

ယွင်ချဲ့သည် သူ၏ပုံရိပ် ပျက်စီး သွားသည်ကို မသိသကဲ့သို့ လူအများက မည်သို့ ထင်မြင်ခဲ့ကြသည် ကိုလည်း သူမသိပေ။ လူအများ အတွန့်တက် နေကြပြီး မည်သူကမှ မပါဝင်လိုကြပေ။ သို့သော် ယွင်ချဲ့က သတ္တိသတိရှိကာ ထက်မြက်သူ တစ်ယောက် နှစ်ယောက် ရှိလိမ့်မည်ဟု ယုံကြည်သဖြင့် ဆက်လက် ဆော်ဩ နေလျက်ပင်။

“SSSအဆင့်က အရမ်း ကြေးကြီးလွန်းလို့ ကျုပ်တို့လို အညတရတွေအတွက် အဆင်မပြေပါဘူး ကျေးဇူးပြုပြီး စာနာထားပါဉီး … လော်စပီကာနဲ့ နားညီးအောင် လုပ်မနေနဲ့ !”

“ဟုတ်တယ် ခေါင်းဆောင် ယွင် … ပြောချင်တာရှိရင် ပြောလိုက် ! ကျုပ်တို့ကို ဒီလိုနှိုးဆွနေမှရမှာလား !”

“နားစူးတယ်ဟ! နားစူးချက်ပဲ ! … ခေါင်းဆောင် ယွင် .. ကျုပ်တို့ကို ခင်ဗျားတို့ နဲ့အတူလိုက်ပြီး စွန့်စားရအောင် ခြောက်လှန့် နေတာလား !”

အတိအကျ မသိရသော နေရာမှ ယွင်ချဲ့အား နောက်ပြောင် ပြောဆိုသံ ထွက်လာပြီးနောက် ဆူညံသံကြောင့် စိတ်အလိုမကျ ဖြစ်နေခဲ့သော အခြား အဖွဲ့ခေါင်းဆောင် များသည်လည်း စနောက် ကြလေသည်။ နစ်နာစေခြင်းကြောင့် မဟုတ်ဘဲ လော်စပီကာနှင့် အော်နေသော ယွင်ချဲ့က သူတို့အား မည်သို့ လှည့်စား နေကြောင်းကို ဟာသလုပ်ကာ ပြောဆိုကြလေသည်။

“မင်းတို့ကိုယ် မင်းတို့လည်း ပြန်ကြည့်ကြဉီး! အဖေအမေ ပေးထားတဲ့ အားအပြည့်နဲ့ ကိုယ်ခန္ဓာတွေကို အလကား ဖြစ်အောင် လုပ်နေကြတာ! SSS အဆင့်လေးကို သေးထွက်အောင်ကြောက်နေကြတာလား .. မင်းတို့ကမှ ငါတို့ကို အားကျကြရမှာ!”

ယွင်ချဲ့မှာ သူ့ကို စနောက် လှောင်ပြောင် သူများအား ပြန်လည် တုံ့ပြန်တတ်သည်။ သူ့အား စတင် စနောက် ပြောဆိုသည့် ဘက်ကို စူးစိုက်ကြည့်လျက် စနောက်သော လေသံဖြင့် ရိုင်းရိုင်းပင် ပြောပစ်လိုက်သည်။

“တောက် …”

ယွင်ချဲ့ လှည့်ထွက်ကာ ရှင်းဖုန်း ပခုံးကို ဆုပ်ကိုင်လိုက်ပြီး …

“ကောင်းပြီလေ ဒီလိုဆိုတော့လည်း ငါတို့ အချင်းချင်းပဲ အားထား ရတော့မှာပေါ့ ! ငကြောက်တွေကိုထားခဲ့လိုက် !သူတို့အစား ရှက်မိတယ်!”

“ခေါင်းဆောင် ယွင် ကိုယ်ရေးကိုယ်တာ မတိုက်ခိုက်နဲ့ … SSSအဆင့်က ဆေးရုံမှာ လုပ်ဆောင်ရမယ့် အကြောက်စရာ အကောင်းဆုံး တာဝန်ပဲ .. SSပဲ ရွေးရင်တောင် ကျုပ်တို့လိုက်ကောင်း လိုက်ကြဉီးမယ်”

“ဟုတ်တယ် ခေါင်းဆောင် ယွင် .. မင်းတို့ အဖွဲ့ထဲမှာ အတော်ဆုံးတွေ စုနေကြတာ မိန်းကလေး အဖွဲ့သားကတောင် ကျုပ်တို့ထက် သန်မာသေးတယ် .. ဒါပေမယ့် ကျုပ်တို့အဖွဲ့တွေက သာမန်လူတွေပဲ များတယ်”

“ငါ့ကိုယုံ ခေါင်းဆောင် ယွင်က တမင် ထိုးဆွနေတာ ဖြစ်မယ် .. အရူးလုပ်မခံကြနဲ့”

ကိုယ်ရေးကိုယ်တာ တိုက်ခိုက်ခြင်းကို မည်သူမှ သည်းမခံနိုင်ကြသဖြင့် စွမ်းအားရှင် ခေါင်းဆောင်များ တစ်ယောက်ကို တစ်ယောက် အတွန့်တက် ပြောဆို နေကြလေသည်။

“ခေါင်းဆောင် ယွင် .. ခေါင်းဆောင် ရှင်း .. တကယ်ပဲ SSS အဆင့်ကို သွားကြမှာလား”

မည်သူမှ လိုက်ကြမည် မဟုတ်ဟု ယူဆကာ အဖွဲ့သားများကို ခေါ်လျက် ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ ထွက်သွာမည့် အချိန်တွင် သန်မာသော လူတစ်ယောက် ချဉ်းကပ်လာသည်။ ထိုသူမှာ ရှင်းဖုန်း ကဲ့သို့ အရပ်မြင့်မား သော်လည်း ခန္ဓာကိုယ်မှာ ရှင်းဖုန်း ထက် ၂ ဆပိုကြီးသည်။ ယွင်ချဲ့ ဘေးတွင် ရပ်နေသော လုဟိုင်ရွှမ်းက ယွင်ချဲ့ အနားကပ်ကာ တီးတိုး ပြောလေသည်။

“ငါတစ်ခါပြောဖူးတဲ့ အရှုံးသမား အဖွဲ့ဆိုတာလေ သူက အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် လေတာ့ရှန် နာမည်ပြောင်ကို ယမ်းအမြောက်လို့လည်း ခေါ်ကြတယ် … သူက အေးဆေးပြီး ဖြောင့်မတ် ပွင့်လင်းတယ် သူ့မှာ ယဲ့လန်လို မီးအစွမ်းရှိပြီး သူ့အဖွဲ့သားတွေကလည်း သန်မာကြတယ်”

ရှင်းဖုန်းနှင့် ယွင်ချဲ့တို့သာ ကြားနိုင်လောက်သည် အထိသာ ပြောသော လုဟိုင်ရွှမ်း စကားကြောင့် ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ယွင်ချဲ့ ပြုံးပြကာ …

“ဟုတ်တယ် ခေါင်းဆောင်လေ .. ခင်ဗျား စိတ်ဝင်စားလား .. ကျုပ်တို့နဲ့ ပူးပေါင်းဖို့ အချိန်ရသေးတယ်နော် !”

အခုချိန်တွင် ရှေ့တက်လာသူက သူရဲဘော မကြောင်သည်ကို ယွင်ချဲ့ ယုံကြည်သည်။ ထို့အပြင် လေတာ့ရှန် ကဲ့သို့ အရပ်မြင့်ပြီး သန်မာသူ တစ်ယောက်က သူ၏အဖွဲ့ကို အရှုံးသမားဟု အမည်မှည့်သည် ဆိုကတည်းက ထိုလူသည် ထူးခြားသော နောက်ခံ ဇာတ်ကြောင်း ရှိပေလိမ့်မည်။ ထိုသို့ အကြောက်အလန့် မဲ့သူများနှင့် ပူးပေါင်း လုပ်ဆောင်ရသည်ကို ယွင်ချဲ့ အလွန် သဘောကျသည်။ အရာရာ ကြောက်လန့်နေလျှင် SSS တာဝန်ကို ပြီးမြှောက်လိမ့်မည် မဟုတ်ပေ။ ယွင်ချဲ့သည် ဒရာမာဆန်ဆန် ပူးပေါင်းရန် ခေါ်ယူသော်လည်း လာသူမှန်သမျှ လက်ခံပေးမည်လည်း မဟုတ်ပေ။

“စိတ်ဝင်စားပါတယ် ဒါပေမယ့် မင်းတို့ရဲ့ အစီအစဉ်ကို မသိရသေးဘူး … အဖွဲ့ဝင် ဘယ်နှယောက် လိုအပ်နိုင်လဲ .. ကျုပ်က နည်းနည်းတော့ ကိုးရိုးကားရား နိုင်တယ် နားလည်ပေးပြီး သေချာ ရှင်းပြပေးပါနော်”

ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ အရှေ့တွင်ရပ်လျက် လေတာ့ရှန် ကွေ့ပတ် ပြောဆိုမနေဘဲ ပွင့်ပွင့်လင်းလင်းသာ မေးလေသည်။ အရှုံးသမား အဖွဲ့တွင် မိသားစုကို ပြန်လည် ထောက်ပံ့ပေးရမည့် အဖွဲ့ဝင်များစွာ ရှိသည်။ နေ့စဉ်နေ့တိုင်း တာဝန်တစ်ခု ပြီးမြောက် နိုင်လျှင်တောင် တစ်မိသားစုလုံး လုံလောက်စွာ စားသောက်နိုင်သည်။ SSS အဆင့်သည် ဆုကြေးများစွာ ရနိုင်သည့်အပြင် လိုအပ်သော ပစ္စည်းများကိုလည်း ရှာဖွေစုဆောင်း နိုင်သည်။ ချောင်ယန်း အဖွဲ့၊ ထိပ်ဉီး အဖွဲ့တို့နှင့်သာ ပူးပေါင်းသွားလျှင် လမ်းခရီးမှာ လုံခြုံပေလိမ့်မည်။ အကယ်၍ ရွေးချယ်ခွင့် ရှိလာလျှင်တောင် လေတာ့ရှန် ထိုအတိုင်းပင် ရွေးချယ်မည် ဖြစ်သည်။

“တခြားနေရာမှာ ပြောလို့ရမလား”

ယွင်ချဲ့လည်း ရှင်းဖုန်းကို ကြည့်လိုက်သည့်အာ ရှင်းဖုန်း ခေါင်းညိတ်ပြသဖြင့် ယွင်ချဲ့လည်း မျက်ခုံးပင့်ကာ လေတာ့ရှန်ကို မေးလိုက်သည်။

“ရပါတယ် .. မင်းတို့နဲ့မလိုက်ခင် အဖွဲ့သားတွေကို ပြောလိုက်ဉီးမယ်”

လေတာ့ရှန် ပြောပြီးသည်နှင့် သူ့ကိုစောင့်နေသော သူများထံ အမြန် သွားလိုက်ပြီး ယွင်ချဲ့ကြည့်ကာ တီးတိုး ပြောဆိုသံဖြင့် …

“ကျွန်တော့် အထင် လေတာ့ရှန်က အလုပ်တွဲလုပ်လို့ ကောင်းမယ့်သူပဲ လိုအပ်ရင် မင်ရွှမ်းကို စိတ်ညှို့ပြီး စစ်ခိုင်းကြည့်ပါလား ရှင်းလင်းတာ သေချာရင် သူနဲ့အလုပ်အတူ ပူးပေါင်းလို့ရပြီ”

လူတစ်ယောက်၏ အသွင်အပြင်ကို ကြည့်ရုံနှင့် စိတ်အနေအထားကို မသိနိုင်သည့်အပြင် လေတာ့ရှန် အပေါ် အကောင်းမြင်သည် ဆိုသော်လည်း အခုမှ ပထမဆုံး တွေ့ရခြင်းပင်။

“အင်း .. ဒါဆိုရင် ငါတို့ပြန်ရအောင် မင်ရွှမ်းကိုလည်း အသင့်ပြင်ထားဖို့ ပြောလိုက်မယ်”

ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ တစ်ယောက်ကိုတစ်ယောက် နားလည်ကာ ရှင်းဖုန်းက ဖုန်းကို ထုတ်လျက် တစ်စုံတစ်ယောက်သို့ ခေါ်လိုက်သည်။ သူတို့ မထွက်သွားမီ SSS အဆင့် တာဝန်အတွက် စာရင်းပေးခဲ့ကာ သူတို့ အမှန်တကယ် လုပ်လိုကြောင်း သက်သေပြု ခဲ့လေသည်။

ထိုတာဝန်ကို ယနေ့ စတင်မည် မဟုတ်ကြောင်း လန်ယဲ့ဟန် သိသဖြင့် ယွင်ချဲ့ တို့နှင့်အတူ ပြန်မလိုက်သွားဘဲ အမြုတေများ စုဆောင်းရန် ထွက်သွားလေသည်။ ကျန်သော အဖွဲ့ဝင်၈ယောက်တို့မှာ အဖွဲ့တစ်ခုဖွဲ့ကာ လွယ်ကူသော တာဝန် ၂ ခုကို ရွေးလိုက်ပြီး စခန်းထဲမှ ထွက်သွားကြသဖြင့် ရှင်းဖုန်း၊ ယွင်ချဲ့နှင့် လေတာ့ရှန် တို့သာ ကျန်ခဲ့သည်။

အိမ်သို့ မမောင်းနှင် လာတော့ဘဲ ဆောက်ပြီးကာစ ဖြစ်သော ၂ ထပ်အိမ်သို့ မောင်းဝင်သွားလေသည်။ အဖွဲ့အစည်း ကိစ္စနှင့် အလုပ်များနေခဲ့သော ယွင်ချဲ့က အိမ်ကို စူးစမ်းကြည့်နေသည်။ အိမ်မှာ တစ်ထပ်တွင် အခန်းသုံးခန်းစီ ပါဝင်သော သာမန်အိမ်လေး တစ်လုံးပင်။ အရှေ့ဘက်တွင် ကားရပ်နား ကွင်းရှိပြီး ချောင်ယန်း အဖွဲ့သားများ အစည်းအဝေး ပြုလုပ်သည့်အခါ လာရောက်တွေ့ဆုံကြသည့် အိမ်ဖြစ်သည်။

“ဆရာ .. ရှောင်ချဲ့ ..”

ခြံဝင်းထဲတွင် စောင့်နေသော ကူးမင်ရွှမ်းက မျက်မှန်ပင့်လျက် လမ်းလျှောက် လာသည်။ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ကို နှုတ်ဆက် ပြီးနောက် လေတာ့ရှန် ထံသို့ လက်ဆန့်ကာ ပြုံးလိုက်ပြီး …

“ဒီက အရှုံးသမား အဖွဲ့ခေါင်းဆောင် လေတာ့ရှန် ဖြစ်မယ် … တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်က ချောင်ယန်း အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် ကူးမင်ရွှမ်း ပါ”

“ဟုတ်ကဲ့ အရှုံးသမား အဖွဲ့ခေါင်းဆောင် လေတာ့ရှန် ပါ”

ကူးမင်ရွှမ်းက ပညာရှင် တစ်ယောက်ပီပီ လေ့လာနေသည့် ပုံစံကြောင့် လေတာ့ရှန် ရှိုးတိုးရှန့်တန့် ဖြစ်ကာ လက်ဆွဲ နှုတ်ဆက်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း သူ၏အတွေး များစွာမှာ ကူးမင်ရွှမ်း ထံသို့ ကူးစက် ဝင်ရောက် သွားလေသည်။

“အထဲကို ဝင်ပါဉီး ခေါင်းဆောင်လေ .. ပြီးရင် ဆွေးနွေးကြတာပေါ့”

ကူးမင်ရွှမ်းလည်း လက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး အိမ်ထဲသို့ ဝင်ရန် လောကွတ် လိုက်သည်။ လေတာ့ရှန်မှာ ရှိုးတိုးရှန့်တန့် ဖြစ်နေသော်လည်း ရှက်ရွံ့ခြင်းမရှိဘဲ ရှင်းဖုန်း တို့နှင့်အတူ အိမ်ထဲ ဝင်သွားလေသည်။ လေတာ့ရှန် သတိမမူမိချိန်တွင် ကူးမင်ရွှမ်းက ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ကို မျက်လုံးမှိတ်ပြပြီး လေတာ့ရှန်မှာ ယုံကြည်ရကြောင်း အခြား ရည်ရွယ်ချက် မရှိကြောင်း အချက်ပြလေသည်။

ကူးမင်ရွှမ်း ထံမှ အချက်ပြသည်ကို တွေ့ရပြီးနောက် ရှင်းဖုန်းနှင့် ယွင်ချဲ့ တို့လည်း မျက်နှာ အရိပ်အကဲ ပြလိုက်သည်။ ထို့နောက် ဘာမှ မဖြစ်သွားသကဲ့သို့ လေတာ့ရှန်အား ရင်းနှီး ဖော်ရွေစွာပင် ပြောဆိုနေကြလေသည်။

“ခေါင်းဆောင် လေ .. ကျွန်တော်တို့ လိုရင်းကိုပဲ ပြောကြတာပေါ့ .. ပြောရရင် အချိန် ကုန်ခါနီးလေးမှာမှ SSS ကို လုပ်ကြဖို့ ဆုံးဖြတ်ခဲ့တာ မဟုတ်ရင် ရှင်းဖုန်းက ကျွန်တော်တို့အဖွဲ့တောင်မလိုဘဲ သူ့အဖွဲ့တွေနဲ့ပဲ တာဝန်တစ်ခု ပြီးအောင် လုပ်လို့ရတယ် ဒါပေမယ့် ဒီလို ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ပြီးမြောက်အောင် လုပ်ရတော့မယ် … ပွင့်ပွင့်လင်းလင်း ပြောရရင် ထုံယန်း မြို့မှာ ဘာတွေနဲ့ ရင်ဆိုင်ရမလဲ ဘယ်သူမှ မပြောတတ်ဘူး တကယ်လို့ ကျုပ်တို့နဲ့ ပူးပေါင်းဖို့ခေါ်ရင်တောင် အသုံးမဝင်ဘူး … ကျွန်တော် ပြောချင်တာက ထုံယန်း မြို့ကို သွားဖို့အတွက် အဖွဲ့ဝင် ၂၀ကျော်ရှိတဲ့အထဲပဲ ရွေးရင် မကောင်းဘူးလား .. ဘယ်လို သဘောရလဲ”

စားပွဲတွင် နေရာတကျ ထိုင်လိုက်ကြပြီး ယွင်ချဲ့က ဉီးစွာ စပြောလေသည်။ အချိန်ကုန် သက်သာစေရန် အတွက် သူ၏နည်းလမ်း အတိုင်းသာ သွားလိုပြီး တစ်ဖက်တွင်လည်း သူ၏လေထုစွမ်းအားကို လေ့ကျင့်နိုင်မည် ဖြစ်သည်။

“ဟမ် .. အယောက် ၂၀? လုံလောက်ပြီလား”

ခဏတာ တုံ့ဆိုင်း နေပြီးနောက် လေတာ့ရှန် တွေဝေစွာ မေးလိုက်သည်။ သူတို့မှာ ထုံယန်းသို့သွားကာ ပစ္စည်းများ စုဆောင်းကြမည် ဖြစ်ပြီး လင်းကျန်းမြို့ကိုပင် သူမသွားရသေးပေ။ တစ်ချိန်က အယောက် ၅၀ ပါသော အဖွဲ့တစ်ဖွဲ့ ဝမ်အန်းမြို့သို့ သွားခဲ့သော်လည်း အားလုံးသေကြေခဲ့ရသည်။ လူအယောက် ၂၀ တည်းနှင့် ထုံယန်းသို့ သွားလိုသည်က ယွင်ချဲ့ စွမ်းအားကြီး လွန်းသလား၊ ကိုယ့်ကိုယ်ကိုပင် အထင်ကြီး လွန်းသလား သူမသိပေ။

“လောက်တာထက်ကို ပိုပါသေးတယ်”

ယွင်ချဲ့လည်း ရှင်းဖုန်းကို ကြည့်ကာ ပြုံးပြလိုက်သည်။ အဖွဲ့ဝင် ၁၀ ယောက် ဆိုပါက သူတို့ယုံကြည်မှု မရှိနိုငိသော်လည်း အယောက် ၂၀ မှာ လုံလောက်သည် ထက်ပင် ပိုနေလေပြီ။

ရှင်းဖုန်းနှင့် ယွင်ချဲ့တို့မှာ ယုံကြည်မှု အပြည့်နှင့်ပင်။ ယွင်ချဲ့ တစ်ယောက်တည်း အနိုင်ရခဲ့သည့် တိုက်ပွဲမှလွဲ၍ ထိပ်ဉီးအဖွဲ့မှာ အောင်မြင်မှု မရရှိသေးသော်လည်း ချောင်ယန်း အဖွဲ့မှာ များစွာသော အောင်မြင်မှုများ ရထားသဖြင့် စစ်တပ်ကပင် အတူပူးပေါင်းရန် ဖိတ်ခေါ်ရသည်။ သူတို့ စွမ်းအားကြီးကြောင့် လေတာ့ရှန် ယုံကြည်သဖြင့် ခဏတာ စဉ်းစားပြီးနောက် …

“ဒါဆိုရင် အဖွဲ့သုံးဖွဲ့ ပေါင်းမှာလား .. တစ်ဖွဲ့ကနေ စွမ်းအားရှင် ၆ ယောက် ၇ယောက်စီလား”

ထိုတာဝန်မှာ အလွန် အန္တရာယ် များသောကြောင့် သူတို့သေချာစဉ်းစား ဆုံးဖြတ်ကြလိမ့်မည်။

“အင်း … ခင်ဗျားအဖွဲ့က ၇ ယောက်ပေါ့ .. ကျွန်တော့် အဖွဲ့မှာတော့ ၆ ယောက်ပဲ တိုက်ခိုက်နိုင်တယ် ဒါပေမယ့် မပူပါနဲ့ သူတို့က ခင်ဗျား အဖွဲ့သားတွေနီးပါး စွမ်းအား ကြီးကြတယ်”

ယွင်ချဲ့ အဖွဲ့မှာ လူနည်းသည့်အပြင် ထိုအကြောင်းကိုလည်း မဖုံးကွယ် ထားလိုပေ။ သို့သော် ယွင်ချဲ့ ယုံကြည်မှု အပြည့်ရှိလှသည်။ သူ၏အဖွဲ့သားများသည် အနောက်တောင် စခန်းထဲရှိ ညီမျှသော စွမ်းအားများနှင့် တိုက်ခိုက်လျှင် ရှုံးနိမ့်မည် မဟုတ်ပေ။

“ခေါင်းဆောင် ယွင်က တယ်လည်း ဟုတ်ပါလား … ကောင်းပြီလေ မင်းတို့နဲ့ လိုက်ခဲ့မယ် ဒီခရီးတော့ ပျော်စရာကောင်းမယ် ထင်ပါရဲ့”

လေတာ့ရှန်လည်း ပွင့်လင်းစွာ ပြန်ဖြေပြီး တုံ့ဆိုင်းခြင်းမရှိ ရှင်းဖုန်းတို့နှင့် ပူးပေါင်းရန် သဘောတူ လိုက်သည်။ စွန့်စားခြင်း မဟုတ်သကဲ့သို့ အရယူခြင်းလည်း မဟုတ်ပေ။ ကပ်ဘေးမတိုင်မီနှင့် ကပ်ဆိုက်သည့်တိုင် သူ၏နိယာမပင် ဖြစ်သည်။ ယွင်ချဲ့သည် စွမ်းအားရှင် အဖွဲ့အစည်းတွင်းရှိ လူများကို စမ်းသပ် စစ်ဆေးပြီး သူရဲဘော ကြောင်သူများက အခြားသူများ ကောင်းမွန် နေသည်ကိုသာ ကြည့်၍ မနာလိုရုံသာ တတ်နိုင်ကြပေသည်။
***းး

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset