YMR- အခန်း ၈၂

အခန်း (၈၂)

တဲအပြင်ဘက်တွင် ဆူညံနေပြီး ခေါင်းဆောင် ဖြစ်သူသည်လည်း ရက်စက် သန်မာလှသော ကျန့်ယာဖေးကို ကြည့်လျက် သူမကို ဖိအားမပေးရဲ ဖြစ်နေသည်။ ထို့ကြောင့် အဖြစ်အပျက်တို့ကိုမေးဟန်ဆောင် လိုက်သဖြင့် ကြိုးတုပ် ခံထားရသော လူနှစ်ယောက်က သူတို့ မတရားခံ ထားသဖြင့် မြည်တမ်း ကြလေသည်။ ကျန်းချီ သည် စားစရာအတွက် ထိုလူ ၄ ယောက်အား မြူဆွယ်ခဲ့သည်ကို ဝန်မခံဘဲနေနေသည်။

ထိုခေါင်းဆောင်၏ ရမ္မက်ကြီးမားပုံမှာ လှပသော မိန်းကလေးကို သံသယမရှိ အကြွင်းမဲ့ ယုံကြည်သည် အထိပင်။ သူမ မျက်နှာပေါ်မှ မကျေနပ် နစ်နာမှုကို တွေ့လိုက်ရသည့်အခါ ခေါင်းဆောင်က သူမခါးကို ဆွဲဖက်လိုက်ပြီး ကျန်းချီ ကလည်း သဘာဝကျစွာ ခေါင်းဆောင်ကို မှီထားလိုက်သည်။ လင်းယင်မှာ ခြေလှမ်းများပင် ရပ်သွားပြီး လက်တို့မှာ တုန်ယင်လျက် ကြောင်အစွာ နာကျင်ခြင်းများနှင့် ရပ်ကြည့် နေလေသည်။ မကြာသေးသည့် အချိန်ကပင် သူသည် ကျန်းချီ၏ ချစ်သူဖြစ်နေပြီး သူမကို ကာကွယ် ပေးရန်ပင် တောင်းဆို နေခဲ့သော်လည်း ခဏလေးအတွင်း ပြောင်းလဲကုန်ပြီ။ သူတို့၏ ၃ နှစ်ကြာ ချစ်ခြင်းက အဝလွန်နေသည့် ခေါင်းဆောင်ထက် ပို၍ နိမ့်ကျနေသည်လား။

ရှင်းဖုန်းမှာ မကူညီပေးလိုခြင်းကြောင့် မဟုတ်ဘဲ ယွင်ချဲ့ အတွက် အချိန်ပို ရစေရန် ကြားဝင်ကာ မဖျန်ဖြေပေးခဲ့ခြင်း ဖြစ်သည့်အပြင် ထိုလူတို့ အငြင်းပွား နေကြသည်ကိုလည်း သူဝမ်းသာမိသည်။ အခြား အဖွဲ့သားများလည်း ရှင်းဖုန်း ကဲ့သို့ တွေးနေပြီး သည်းခံနိုင်စွမ်း ကုန်လုနီးပါးပင် ဖြစ်လာနေသည်။ ထိုအခြေအနေကို ကျန့်ယာဖေး အပါအဝင် မည်သူမှ အဆုံးသတ်ပေးလိုခြင်းမရှိပေ။

“ဆူညံနေတာပဲ … ခေါင်းဆောင်က ဘယ်လို ကိစ္စကြောင့်နဲ့များ ဒီအထိ ရောက်လာတာလဲ .. ဒီပြဿနာက မကြာခင် ဖြေရှင်းပြီးတော့မှာပဲလေ ခေါင်းဆောင် ကိုယ်တိုင် လာစရာမလိုပါဘူး .. ဒါနဲ့ ဒီမှာ နစ်နာသူ ရောက်လာပြီ”

ရွက်ဖျင်တဲ ကန့်လန့်ကာကို ယွင်ချဲ့ မပေးလိုက်သည်နှင့် ကျန့်ထျန်းလုံလည်း ထွက်လာခဲ့သည်။ ‘

“ယောကျ်ား ?”

“ဖေဖေ …”

ကျန့်ထျန်းလုံကို မြင်လိုက်ကြသည့်အခါ ယွင်ချဲ့ အဖွဲ့သားတို့မှလွဲ၍ ကျန်သောသူများ အံ့ဩတကြီးဖြင့် အော်မိလိုက်ပြီး ဝမ်စူးဟွာနှင့် ကျန့်ယာဖေး တို့မှာ စိတ်လှုပ်ရှားစွာ ပြေးကြလေသည်။ ထိုအခါ ကျန့်ထျန်းလုံလည်း လက်ကို ဆန့်ထားလျက် ဇနီးနှင့် သမီးကို ဖက်ထားကာ မျက်ရည်များပင် ကျလာခဲ့လေသည်။ နောက်ဆုံးတော့ သူတို့၏မိသားစု ပြန်လည် ဆုံဆည်းခဲ့ရလေပြီ။

ကျန့်ယာဖေးတို့ ပျော်ရွှင်နေကြစဉ် တစ်ယောက်မှာ ကြောက်ရွံ့ နေလေသည်။ အမှန်ကိုဝန်ခံရန် ငြင်းဆန် နေခဲ့သော ကျန်းချီမှာ ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် ရပ်နေမိပြီး ကြောက်လန့်တကြား တုန်လှုပ် နေလေသည်။ သေလုနီးပါး ဖြစ်နေသော လူတစ်ယောက်က ပြန်လည် ရှင်သန် လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တစ်နာရီ ၂ နာရီသာ ရှိသေးသော်လည်း ထိုလူကြီးက ကျန်းမာသန်စွမ်းနေသော လူတစ်ယောက်ကဲ့သို့ ပြုမူနေသည်။ ထိုအဖြစ်ကိုမြင်လိုက်သော ယွင်ချဲ့က ရှင်းဖုန်းကို မျက်စပစ်ပြလျက် အော်ပြောလေသည်။

“မနောက်ကျခင် အနောက်တောင် စခန်းကို ပြန်ကြရအောင် ယာဖေး မိသားစုတွေပြန်ဆုံတာကို စခန်း ပြန်ရောက်တော့မှပဲ လုပ်တော့ … ဘာတွေဖြစ်ခဲ့လဲဆိုတာ ဉီးလေးပဲပြောပါစေ”

“ဖေဖေ ဘာဖြစ်ခဲ့တာလဲ”

ကျန့်ယာဖေးလည်း သူမအဖေကို လွှတ်ကာ မျက်ရည်များကို သုတ်လျက် မေးလိုက်သည်။ သူမသည် အဖြစ်မှန်ကို သိထားပြီး ဖြစ်သော်လည်း ကျန်းချီက ငြင်းဆိုနေသည်။

“အဲဒါအကုန် သူ့ကြောင့်ပဲ”

ကျန့်ထျန်းလုံလည်း စိတ်လှုပ်ရှား နေရာမှ ပြန်လည် တည်ငြိမ်လာပြီး ကျန်းချီကို မုန်းတီးအမှု အပြည့်နှင့် လက်ညှိုးထိုးကာ ရှင်းပြလေသည်။

“အဲဒီနေ့က လူ ၄ ယောက် သူ့ကို ထိကပါးရိကပါး လုပ်နေတာ တွေ့ခဲ့တော့ သူအနိုင်ကျင့်ခံနေတာဖြစ်မယ်လို့ ထင်လိုက်ပြီး ခဏလေးတောင် မစဉ်းစားတော့ဘဲ သူ့ကိုကယ်ဖို့ အပြေးသွားခဲ့တာ .. သူတို့ကလည်း အဲဒီကောင်မလေးက မြှူဆွယ်ခဲ့တာဆိုပြီး ပြောပေမယ့် ငါမယုံခဲ့ဘူး .. ငါမေ့မြောလုနီးပါး ဖြစ်တဲ့အထိ ထိုးနှက် ခံရပြီးတော့မှ သူ့ကို ရက်နည်းနည်းလောက် ပေးနေဖို့ ခွင့်တောင်းနေတာ ကြားခဲ့တယ် စခန်းထဲမှာလည်း လူတွေက နေ့တိုင်း သေနေတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပဲလို့ ပြောခဲ့သေးတယ် … နောက်တော့ အဲဒီလူ ၄ ယောက်ကို သူနမ်းရှိုက်နေတာ ဝိုးတိုးဝါးတား တွေ့ခဲ့တယ်”

“မဟုတ်…..”

ခံရသူ ကျန့်ထျန်းလုံက အခိုင်အမာ ပြောနေသဖြင့် ငြင်းဆန် နေသရွေ့ မည်သူမှ အပြစ်မတင်နိုင်ဟု ယုံကြည်နေသော ကျန်းချီမှာ ပုံလျက်သား လဲကျလေသည်။

သူမဘေးတွင် ရပ်နေသော ခေါင်းဆောင်သည်လည်း အလွန်ပင် ရှက်ကိုးရှက်ကန်း ဖြစ်လေသည်။ အထူးသဖြင့် လင်းယင်က ပို၍အဝမ်းနည်းဆုံး ဖြစ်နေသည်။ သူနှင့်အတူ ၃ နှစ်တာ ချစ်သူဖြစ်ခဲ့သူက အစားအသောက် အတွက်နှင့် သူ့ကိုသစ္စာဖောက်ခဲ့ပြီး တစ်ချိန်တည်းတွင် လူ ၄ယောက်နှင့် ပရောပရီ လုပ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

“သား”

အမှန်တရားက ခါးသီး လွန်းလှပေသည်။ လင်းယင်မှာ မူးနောက် သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ၏မိဘတို့က စိတ်ပူပန်စွာ ဘေးတစ်ဖက်စီမှ ထိန်းပေး ထားလေသည်။ ထိုဣန္ဒြေသိက္ခာမဲ့သော မိန်းမကြောင့် သူတို့သား ရင်ကွဲရသဖြင့် သူမကို အရေဆုတ်ပစ် ချင်လာသည်။

“အခု အားလုံး ရှင်းလင်းသွားပြီ .. ခေါင်းဆောင် အဲဒီ မိန်းကလေးကို ကာကွယ်ပေးဉီးမှာလား”

ယွင်ချဲ့လည်း အချိန်ကိုက်ပင် စကားဖြတ်ပြောကာ လှောင်သည့် အကြည့်နှင့် ကြည့်လိုက်သည်။ ထိုခေါင်းဆောင်မှာ မိန်းမလှလေးများ အရှေ့သို့ ရောက်သည်နှင့် ကိုယ့်ကိုယ်ကို မထိန်းနိုင်သည်အထိ ဖြစ်သွားသည်ကို အပြင်လူများ သိလျှင် ရယ်မောလှောင်ပြောင်ကြမည်မှာ အမှန်ပင်။

“ခွေးမ !”

ကာမစိတ် ကြီးမားပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေသော ခေါင်းဆောင်မှာ ယွင်ချဲ့ ထံမှ မထီမဲ့မြင်စွာ လှောင်ပြောင် ခံရသဖြင့် တုံ့ပြန်ရန်ပင် အလွန် ရှက်သွားပြီး ကျန်းချီအား စူးရှစွာ ကြည့်လိုက်သည်။

“မဟုတ်…မဟုတ်ပါဘူး ခေါင်းဆောင်ရှင် … ကျွန်မကို အရှက်တကွဲ သိက္ခာကျအောင် သူတို့တွေ ပူးပေါင်း ကြံစည်ကြတာပါ။ သူတို့ပြောတာ အမှန်မဟုတ်ပါဘူး … ကျွန်မ… ကျွန်မ ဒီလိုလုံးဝ မလုပ်ခဲ့ပါဘူးရှင်”

ကျန်းချီလည်း လွန်စွာ ကြောက်ရွံ့လာပြီး ခေါင်းဆောင်ကို ဖက်ကာ ငိုကြွေးလေသည်။

“သွားစမ်း !”

“အား !!” ဩ

ခေါင်းဆောင်သည်လည်း လင်းယင်ကဲ့သို့ ကျန်းချီကို ဂရုမစိုက်တော့ဘဲ အဝေးသို့ တွန်းထုတ်လိုက်ရာ ကျန်းချီမှာ သတိလက်လွတ်နှင့် လဲကျသွားသည်။ အခြားသူတို့လည်း သနားစိတ် မရှိတော့ဘဲ ထေ့ငေါ့ကာ ကြည့်ကြလေသည်။

“စိတ်ရှုပ်စရာ ကောင်းလိုက်တာ! ပါးစပ်ပိတ်ထားလို့ မရဘူးလား … ယာဖေး မင်းသူ့ကို ရှင်းပစ်မှာလား မဟုတ်ရင် မင်းအစား ငါလုပ်ပေးမယ်”

အမဲခြောက်ကို စားသောက်ပြီးသော ချူးဟောင်လင်းက စိတ်မရှည်စွာ အော်လိုက်သည်။ နစ်နာရသူက အမှန်ကို ပြောပြခဲ့သည့်တိုင် ကျန်းချီက သူတစ်ပါးယုံအောင် လိမ်လည် နေသေးသည်။ သူ့ဘဝတွင် ထိုသို့အရှက်မဲ့သော မိန်းကလေးကို တစ်ခါမှပင် မတွေ့ခဲ့ဖူးပေ။ ထို့အပြင် ခေါင်းဆောင်မှာလည်း သူမကို အလွန်ရွံရှာနေပုံပင်။ ချူးဟောင်လင်းမှာ စောစောပြန်ရပါစေဟု မကြာမကြာ ဆုတောင်းနေသည့် အလားပင်။ ယွင်ယောင် လုပ်ပေးလိုက်သော စားသောက်ဖွယ်ရာများ ကုန်သွားပြီ ဖြစ်သောကြောင့် အမြန်ပြန်ကာ သူတို့အတွက် စားကောင်းသောက်ဖွယ်များ များစွာ ပြင်ဆင်ပေးရန် တောင်းဆိုမည်ဟု တွေးထားသည်။

“ဖေဖေ .. မေမေ ခဏလေးနော်”

မိဘတို့ကို ကျန့်ယာဖေး ရိုသေစွာ ပြုံးပြပြီး မြေပြင်တွင် စိုက်နေသော ဓါးကိုဆွဲထုတ်ကာ ကျန်းချီ ထံသို့ ဉီးတည် သွားလေသည်။

“မလုပ်နဲ့ ! မလုပ်… လင်းယင် ကူညီပါ .. ကျွန်မ မသေချင်ဘူး … မလုပ်ပါနဲ့ ….”

ကျန်းချီ အလွန် ကြောက်ရွံ့နေပြီး ကြောက်လန့်တကြား အော်ကာ ခြေလှမ်းများပင် နောက်ဆုတ် သွားသည်။

“ခဏ !”

ကျန့်ယာဖေး ဓါးကိုမြှောက်ကာ ကျန်းချီကို သတ်ရန် ပြင်လိုက်စဉ် လင်းယင် အပြေးရောက်လာကာ သူမကြားထဲ ဝင်ရပ် နေလိုက်သည်။

“ယာဖေး ငါတောင်းပန်ပါတယ် သူ့ကို လွှတ်ပေးလိုက်ပါ … ငါတို့ရဲ့ ပတ်သက်မှုကို ငါပဲ အဆုံးသတ်ပါရစေ”

လင်းယင်မှာ ကျန်းချီကို ၃ နှစ်ကြာအောင် အမှန်တကယ် ချစ်ခဲ့သဖြင့် သူမကို မသေစေလိုပေ။ ဒါ သူမအတွက် သူလုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာပင်။

“ဒါပေမယ့် ယင်အာ .. နင်နောင်တ ရလိမ့်မယ်”

ကျန့်ယာဖေးလည်း လင်းယင်ကို ကြည့်ကာ သူ၏အနောက်တွင် ပုန်းနေသော ကျန်းချီကို အဓိပ္ပါယ်ပါစွာ စူးရှသော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ ကျန်းချီ အသွင်မှာ ဆောက်တည်ရာမရ ဖြစ်နေသော်လည်း သူမသည် အကြံသမား ဖြစ်သည့်အပြင် အလွန် အရေထူသော မိန်းကလေး တစ်ယောက်ဖြစ်သည်။ ထို့အပြင် လင်းယင် အနောက်မှနေ၍ ကျန့်ယာဖေး၏ အဖေကို မကျေနပ်စွာ ကြည့်လျက် သူတို့ကို ရန်ငြိုးထားကာ သူမအခွင့်အရေး ရသည့်တစ်နေ့ လက်စားချေမည်ဟု တေးထားလေသည်။

“ငါ ….”

လင်းယင် တောင်းဆိုမှု များပြားကာ ကိုယ့်ကိုယ်ကို ယောကျ်ား မပီသကြောင်း သိသဖြင့် ကျန့်ယာဖေး၏ အကြည့်တို့ကို ရင်ဆိုင်ရန် အလွန် ရှက်ရွံ့နေသောကြောင့် ကျန့်ယာဖေး သက်ပြင်း ချလိုက်သည်။ ယွင်ချဲ့ ပြောသကဲ့သို့ပင် ကပ်ဘေး ကာလတွင် အသက်ရှင် နေထိုင်ရန် တစ်ဉီးနှင့်တစ်ဉီး သတ်ဖြတ်နေကြသည့် ဘေးဒုက္ခ အစစ်အမှန်ကို လင်းယင် မျက်မြင်မတွေ့ရသေးခြင်းကြောင့် ထိုသို့ အလွန်ကာကွယ် ပေးနေခြင်းပင်။

“သွားလို့ရပြီ”

ကျန့်ယာဖေး ဓါးကိုင်ထားလျက် လှည့်ထွက်သွားပြီး ကြိုးတုပ် ခံထားရသော လူနှစ်ယောက်ထံ သွားကာ ကြိုးကို ဓါးနှင့်ဖြတ်လျက် လွှတ်ပေးလိုက်သည်။

“ကျေး…ကျေးဇူးတင်ပါတယ် မိန်းကလေး … ကျေးဇူးတင်ပါတယ် …”

အသက်ဘေးမှ ကပ်သီလေး လွတ်မြောက်လာသော ထိုလူနှစ်ယောက်မှာ ကျေးဇူးတင်ကြောင်း ပြောလျက် ထပ်ခါထပ်ခါ ဉီးညွှတ်လိုက်ကြသည်။ သူတို့ မထွက်သွားမီ ကျန်းချီကို မုန်းတီးစွာ ကြည့်သွားကြလေသည်။

“သွားရအောင် .. ငါတို့ပြန်သင့်ပြီ”

ထိုသူတို့အား ကျန့်ယာဖေး လွှတ်ပေးလိုက်သည်ကို ယွင်ချဲ့လည်း မကန့်ကွက်ပေ။ ယာဖေးသည် သူ၏အဖွဲ့ဝင် ဖြစ်နေသောကြောင့် အကယ်၍ သူမကျေနပ်လျှင် လူသိမခံဘဲ ထိုလူတို့ကို သူကိုင်တွယ် ဖြေရှင်းလိမ့်မည်။

“မင်းလည်း ပင်ပန်းရောပေါ့ အထဲမှာ ဒုက္ခများခဲ့တယ်မလား”

ရှင်းဖုန်းလည်း ယွင်ချဲ့၏ မျက်နှာကို အသာပွတ်သပ်ကာ တီးတိုး မေးလေသည်။ သူတို့အကြောင်း အခြားသူများ သိသွားလျှင်လည်း ရှင်းဖုန်း ဂရုမစိုက်ပေ။ အမှန်ဆိုရလျှင် သူတို့ ဆက်ဆံရေးကို သိသွားကြပါစေဟုသာ ဆုတောင်းနေမိသည်။

“ထုံးစံအတိုင်းပဲပေါ့ … ကားကို ထုတ်လိုက်တော့ မြန်မြန် သွားရအောင် .. ဒီနေရာကြီးက မအီမသာ ဖြစ်စရာ ကောင်းတယ်”

“အင်း”

ရှင်းဖုန်းလည်း ခေါင်းညိတ်ပြကာ သူ၏နယ်မြေထဲတွင် သိမ်းထားသော ခရူဇာကားကို ယူထုတ် လိုက်သည်။ ကျန့်ယာဖေး၏ မိဘတို့ကိုခေါ်ရန် ချူးဟောင်လင်းလည်း ကားတစ်စီး ထုတ်လိုက်ပြီး အဖွဲ့သားများသည်လည်း ဘာမှ မဖြစ်သွားသကဲ့သို့ ကားပေါ်သို့ တက်သွားကြလေသည်။ ထိုအချိန်တွင် ကျန့်ယာဖေးကို သူ၏မိဘတို့က တားလိုက်ကြသည်။ ကျန်းချီ အမှားလုပ်ထားသည် ဆိုသော်လည်း လင်းမိသားစုမှာ သူတို့၏ သူငယ်ချင်း ဖြစ်နေသဖြင့် ကျန့်ထျန်းလုံနှင့် သူ၏ဇနီးမှာ လင်းမိသားစုမပါဘဲ မထွက်သွားလိုကြပေ။

ကျန့်ယာဖေးလည်း သူမ၏မိဘတို့ကို ကြည့်ပြီး လင်း မိသားစုကိုကြည့်ရာ ဉီးလေးလင်းက အားနာနေပုံရသည်။ ယခုစခန်းမှာ အလွန် ဆိုးဝါးသဖြင့် ထိုနေရာတွင် မနေခဲ့စေလိုသောကြောင့် သူမလည်း ခေါ်ယူချင်သည်။ သို့သော် သူမဆုံးဖြတ်၍ မရသည့်အပြင် ယွင်ချဲ့သည်လည်း သူစိမ်းများကို အကြောင်းရင်းမရှိ မကယ်ဆယ်တတ်ပေ။ သူမ၏မိဘတို့ကို ရှာဖွေရန်အတွက်ပင် အဖွဲ့သားတို့အား များစွာ အခက်ကြုံစေခဲ့သဖြင့် ထပ်မံတောင်းဆိုရန် မဝံ့မရဲဖြစ်နေသည်။

“အစ်ကို ချဲ့ …”

သူမ၏မိဘတို့ကို မသိမ်ငယ်စေလိုသဖြင့် အရဲစွန့်ကာ သူမကိုယ်တိုင် ယွင်ချဲ့ကို အကူအညီတောင်းလိုက်သည်။ မည်သို့လုပ်ရမည်ကို မသိတော့သော်လည်း လင်း မိသားစုက သူတို့နှင့် အနီးစပ်ဆုံး မဟုတ်လား။

“သူတို့ လိုက်လာလို့ ရပါတယ် ဒါပေမယ့် အဲဒီမိန်းမတော့ မရဘူး … အာ ပြီးတော့ စခန်းအထိပဲ ခေါ်သွားမယ် ဟိုရောက်ရင် ကိုယ့်ဘာသာ ရုန်းကန်ရပ်တည်ပေါ့”

ကျန့်ယာဖေး၏ ကူရာမဲ့သော အကြည့်ကြောင့် ကားပေါ်ရောက်နှင့် နေပြီးသော ယွင်ချဲ့က အေးစက်စက်တုံ့ပြန်လေသည်။ ကျန့်ယာဖေး၏ မိဘတို့က စိတ်သဘောထား ကောင်းသည့်အပြင် လင်းကွော်သုန်းနှင့် သူ၏ဇနီးမှာလည်း အလားတူပင်။ သားဖြစ်သူကို အလွန် အလိုလိုက် ထားသည်ကလွဲ၍ ကျန့်ထျန်းလုံ ဘက်မှ ရပ်တည် ပေးခဲ့ကြသည်။

“ကျေးဇူးတင်ပါတယ် အစ်ကို ချဲ့ …”

ကျန့်ယာဖေး ပျော်ရွှင်စွာ ခေါင်းညိတ်ပြလျက် ….

“ဉီးလေး လင်း သမီးတို့နဲ့ အနောက်တောင် စခန်းကို လိုက်ခဲ့နော် .. ဟိုမှာ ဒီထက်ပိုကောင်းတော့ ဉီးလေးတို့ ကျယ်ကျယ်ဝန်းဝန်း နေလို့ရသေးတယ်”

“အာ …”

လင်းကွော်သုန်းနှင့် သူ၏ဇနီးမှာ အရိပ်အကဲ သိသူဖြစ်ပြီး ကျန့်ယာဖေးကို အရှက်ရစေခဲ့သည့်အပြင် သူမ၏ အဖွဲ့သားများကလည်း သူတို့ကို လက်ခံမည် မဟုတ်သောကြောင့် တုံ့ဆိုင်းနေကြလေသည်။ ကျန့်ထျန်းလုံလည်း လမ်းလျှောက်လာပြီး လင်းကွော်သုန်း၏ လက်ကို ဆုပ်ကိုင်ကာ …

“ငါတို့နဲ့လိုက်ခဲ့ပါ မရှက်ပါနဲ့ … ရှောင်ဖေးကို မင်းတို့ရဲ့ သမီးလို သဘောထားတယ်မလား”

“ဟုတ်တယ် ဝမ်အာ .. လိုက်ခဲ့နော်”

ဝမ်စူးဟွာ သည်လည်း ဝမ်ရှန်းဖန်၏ လက်ကို ကိုင်ထားလျက် ခင်ပွန်းနှင့်အတူ သူငယ်ချင်း ဖြစ်သူတို့ကို ချူးဟောင်လင်း ထုတ်ယူထားသော ကားသို့ ခေါ်လာလေသည်။ ထိုအချိန်တွင် သူမ လှည့်ကြည့်လိုက်ပြီး ….

“ယင်အာ ! ဘာတွေ ကြောင်ကြည့်နေတာလဲ .. လာတော့ ကားထဲဝင်”

“အာ !”

လင်းယင်မှာ အလွန် ရှက်ရွံ့နေသဖြင့် မျက်နှာပင် နီရဲနေသည်။ ခြေလှမ်းရန် ပြင်လိုက်စဉ် ကျန်းချီက သူ၏လက်မောင်းကို လှမ်းဆွဲကာ …

“လင်းယင် မသွားပါနဲ့ ! ကျွန်မတောင်းပန်ပါတယ် .. ကျွန်မ အမှားလုပ်မိခဲ့တာ သိပါတယ် .. ကျွန်မကို တစ်ယောက်တည်း မထားခဲ့ပါနော် လင်းယင် ….”

ကျန်းချီက သူမတတ်နိုင်သမျှ အစွမ်းကုန် လှပစွာပင် ငိုကြွေးနေသော်လည်း လင်းယင်က သူမလက်ကို ဖြုတ်ကာ တွန်းထုတ်လိုက်ပြီး …

“ကျန်းချီ ငါမင်းကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့တုန်းက ဉီးလေးကျန့် အပေါ် ငါအပြစ်လုပ်မိသလို ခံစားခဲ့ရတယ် .. မင်းအတွက် ငါလုပ်နိုင်တာ လုပ်ပေးခဲ့ပြီပဲ ငါတို့ကိစ္စ ဒီမှာတင်ပြီးပြီ”

“မဟုတ်ဘူး လင်းယင် .. လင်းယင် … တံခါးဖွင့်ပါဉီး! ကျွန်မကို တစ်ယောက်တည်း မထားခဲ့ပါနဲ့ လင်းယင် …”

သူ၏စကားများ ဆုံးသည်နှင့် လင်းယင်လည်း လှည့်ထွက်ကာ ကားသို့ အမြန်ပြေးသွားပြီး တံခါးနှင့် အနီးဆုံးတွင် ထိုင်နေသော ကျိုးဇယ်ယွီက ကားတံခါးကို ဆွဲပိတ်လိုက်သည်။ ကျန်းချီလည်း ကားတံခါးကို ထုရိုက်ကာ ငိုကြွေးလျက် ငယ်သံပါသည် အထိ အော်ဟစ်နေလေသည်။ သို့သော် ကားထဲရှိသူများ မည်သူမှ မသနားကြသည့် အပြင် သူမကို အလွန်ချစ်ခဲ့သော လင်းယင် မှာလည်း ရင်နာလျက်ပင်။ အချိန်တို အတွင်းပင် ကားနှစ်စီး မောင်းထွက်သွားပြီး ကျန်းချီလည်း အနောက်မှ ပြေးလိုက်ရာ အတွင်းဘက် တံတိုင်းသို့ ရောက်သည်နှင့် ကားနှစ်စီးမှာ အရှိန်ကုန်တင်ကာ ထွက်သွားလေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset