YMR- အခန်း ၇၄

အခန်း (၇၄)

တရုတ်ပြည်၏ မည်သည့်နယ်မြို့တွင် မဆို လူဉီးရေ ၁၀ သန်းကျော်ပင် ရှိနေတတ်ပြီး ထိုနယ်ဘက်ဒေသများ အနက်မှတစ်ခုသို့ ယွင်ချဲ့တို့အဖွဲ့ ဉီးတည် သွားနေခြင်းဖြစ်သည်။ လူဉီးရေများသည် နှင့်အမျှ ဖုတ်ကောင်များလည်း များစွာ ရှိပေလိမ့်မည်။ မြို့ပတ်လမ်းများမှာ အသုံးပြု၍ မရသည့်အပြင် ကားလမ်း များမှာလည်း ဖုတ်ကောင်များ ပြည့်နှက် နေသဖြင့် လန်ခရူဇာကားမှာ ခက်ခဲစွာ မောင်းနှင် လာရသည်။ ထိုအချိန်တွင် ကားမှာ ပဉ္စမပတ်လမ်းသို့ ဝင်ရောက် လာခဲ့သည်။

“ငါတို့တွေ လျှပ်စစ်ဘီးကို စီးလို့ရပေမယ့် ပြဿနာက တစ်ယောက်ချင်းစီကို လေထုနဲ့ အုပ်ထားရမယ် ဆိုရင် တစ်မိနစ်ပဲရမှာ ပြီးတော့ အစွမ်းလည်း အများကြီး ကုန်လိမ့်မယ် … ဒီတော့ လမ်းလျှောက်မှရမယ် လမ်းလျှောက်ရင်တော့ လမ်းမှာ ဖုတ်ကောင်တွေနဲ့ဆုံရင် တိုက်ခိုက်ရဉီးမှာပဲ .. ညမှောင် သွားရင်တောင် တတိယ ပတ်လမ်းအထိ ရောက်မယ်မထင်ဘူး”

လေထုနှင့် ရစ်ပတ်ထားသော လန်ခရူဇာကားမှာ မြို့ထဲသို့ ဝင်ရန် ပဉ္စမပတ်လမ်းသို့ ရောက်နေပြီဖြစ်သည်။ သူတို့ကားအရှေ့တွင် ကားများဖြင့် လမ်းပိတ်နေပြီး ဖုတ်ကောင်များလည်း ဟိုဟိုဒီဒီ သွားနေကြသည်။ ယနေ့တွင် အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ။ မနေ့က ရင်ဆိုင်ခဲ့ရသည့် စက်ရုံမှာ မြို့ဆင်ခြေဖုံးတွင် ရှိသဖြင့် အကယ်၍ ယွင်ချဲ့ အစွမ်းများ ကုန်သွားခဲ့လျှင်တောင် တစ်နေရာတွင် ခဏတာ အနားယူ၍ ရနိုင်သေးသည်။ သို့သော် နယ်မြို့တွင် အနားယူရန်နေရာရှာတွေ့ နိုင်မည်မှာ အလွန် ခက်လှသည်။ အကယ်၍ သူ၏စွမ်းအားကို အားကုန် အသုံးပြုလိုက်လျှင် အဖွဲ့သားများ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မည် စိုးသောကြောင့် သူမစွန့်စားလိုပေ။

ကားထဲရှိသူများလည်း တိတ်ဆိတ် နေကြလျက်။ မည်မျှပင် စွမ်းအားရှိကာ သန်မာနေကြပါစေ ထိုကဲ့သို့ များပြားသော ဖုတ်ကောင်များကို တွေ့ပြီးနောက် ထိတ်လန့် နေကြလေသည်။ တတိယ ပတ်လမ်းအထိ လမ်းလျှောက် သွားကြမည်လား။ ထိုအတွေးနှင့်ပင် သူတို့၏ကြောက်စိတ်များ ပို၍ များပြားလာသည်။

“ငါတို့လမ်းလျှောက် သွားရမယ် ဒါပေမယ့် အားလုံးအတူတူ တိုက်ခိုက်လို့တော့ မရဘူး မဟုတ်ရင် တတိယပတ်လမ်းကို မရောက်ခင် ငါတို့ အားကုန် သွားလိမ့်မယ်”

ရှင်းဖုန်း ထိုသို့ ပြောပြီးနောက် အတော်ကြာမှသာ …

“ဒီလိုဆိုရင်ရော ငါတို့ရဲ့ ရွှေသတ္တုအစွမ်းနဲ့ လမ်းကြောင်းပုံစံ တစ်ခုလုပ်ရင်ရာ အရမ်းကောင်းဖို့လည်း မလိုသလို ကျယ်ဖို့လည်း မလိုဘူး။ ငါတို့တွေ လမ်းလျှောက်နိုင်ရုံ အတွက်ဆိုရပြီ ယွင်ချဲ့က လေထုနဲ့ငါတို့ အုပ်ပေးထားရင် ကားမောင်း လာခဲ့တာနဲ့ သိပ်မကွာတော့ဘူး … ဒါပေမယ့် လမ်းတစ်ဖြောင့်အတိုင်း သွားဖို့ မလိုအပ်တော့ ငါတို့သွားချင်တဲ့ နေရာရောက်တဲ့အထိ အဆင်ပြေတဲ့ လမ်းကြောင်းကနေ သွားလို့ရတယ်”

ရှင်းဖုန်း ထိုသို့ယူဆ လိုက်သည်က အဖွဲ့ဝင် ၃ ယောက်မှာ ရွှေသတ္တုအစွမ်း ရှိနေခြင်းကြောင့်ပင်။ သူတို့က ထိုအချိတ်အဆက်ကို လုပ်နေကြသည့် အချိန် အခြားသူများမှာ အစွမ်းမည်မျှပင် သုံးခဲ့ပါစေ လွယ်ကူစွာ အနားယူနိုင်လိမ့်မည်။ သို့သော် ယွင်ချဲ့ တစ်ယောက်တည်းသာ လေထုစွမ်းအား ရှိသဖြင့် သူ့နေရာကို မည်သူမှ အစားထိုး မယူနိုင်။ မည်သို့ပင်ဖြစ်ဖြစ် အခြားသော အစီအစဉ်များနှင့် ယှဉ်လျှင် ယခုစီစဉ်မှုက ပို၍ အထိအခိုက် နည်းသည့်အပြင် ခရီးကို လျင်မြန်စွာ သွားနိုင်မည် ဖြစ်သည်။

“အင်း… အဲဒီအချိတ်အဆက် လမ်းကို အရမ်းရှည်လို့ မဖြစ်ဘူး .. ပထမတစ်ချက် ငါတို့ကို အလစ် ဝင်တိုက်ရင် ငါတို့စုဆောင်းခဲ့တဲ့ သံတွေ ဆုံးရှုံးရလိမ့်မယ်.. နောက်တစ်ချက် ဖုတ်ကောင်မှာ ရွှေသတ္တုအစွမ်း မရှိဘူးလို့ မပြောနိုင်ဘူးလေ။ တကယ်လို့ လမ်းကြောင်းကို သူတို့ ဖျက်ဆီးလိုက်ရင် ငါတို့တွေ ဖုတ်ကောင် အသိုက်ထဲမှာပဲ ပိတ်မိနေပြီး ထွက်ဖို့မလွယ်တော့ဘူး … လမ်းကြောင်းရှည်လေ အထိအခိုက်များလေပဲ ဒါကိုတော့ ငါတို့ လေထုထဲ မရောက်တော့တဲ့အခါ ပြန်စဉ်းစားတာပေါ့။ အခု လမ်းကြောင်းလုပ်ပြီး ငါတို့ နီးကပ်နိုင်သလောက် ကပ်လျှောက်ရအောင် … မင်းတို့ ၃ ယောက်က သတ္တုအစွမ်းရှိတော့ တစ်ယောက်က အရှေ့ကရပ်ပြီး လမ်းကြောင်း ဆန့်သွားရင် အနောက်က လိုက်တဲ့တစ်ယောက်က အသုံးသိပ်မလိုတဲ့ အပိုင်းကို ပိတ်ပြီး လိုက်လာရမယ် ဒါကိုတစ်လှည့်စီ တာဝန်ယူပြီး သွားလို့ရတယ်”

ရှင်းဖုန်း၏ အကြံပြုချက်ကို ယွင်ချဲ့ သေချာ စဉ်းစားပြီးနောက် ထပ်ပြောလေသည်။ ထိုနည်းလမ်းမှာ အထိအခိုက် နည်းစေမည့်အပြင် မှားယွင်းလိမ့်မည် မဟုတ်ပေ။

“လက်ခံတယ် ဒီနည်းနဲ့ဆိုရင် ချဲ့လည်း အားကုန် သက်သာလိမ့်မယ်”

ရှင်းဖုန်းနှင့် ယွင်ချဲ့တို့၏ အစီအစဉ်မှာ ပြီးပြည့်စုံသည့် အပြင် ယခုအချိန်တွင် အသင့်တော်ဆုံး ဖြစ်သောကြောင့် ကျိုးဇယ်ယွီက အရင်ဉီးစွာ ထောက်ခံလေသည်။

“ငါတို့ရော လက်ခံတယ်”

ကျန်သော အဖွဲ့ဝင်များလည်း တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ထိုအစီအစဉ်ကို လက်ခံကြသဖြင့် ရှင်းဖုန်းလည်း ခေါင်းညိတ်ကာ …

“ငါအရှေ့ကသွားမယ် .. ရှန်းရွေ အနောက်ကလိုက်ခဲ့ ဟောင်လင်းက ရှန်းရွေ နဲ့အတူလိုက်ပြီး အသုံးမလိုတဲ့နေရာတွေကို စောင့်ကြည့်နေ .. ဟိုင်ရွှမ်းက သေချာဂရုတစိုက် ကြည့်ပြီး ငါနဲ့နေရာပြန်လဲမယ်”

အဖွဲ့သားများကို ဆွံ့အသွားစေခဲ့သည်က လုဟိုင်ရွှမ်းမှာ ဒဏ်ရာ ရခဲ့ပြီးနောက် စွမ်းအားမှာ အဆင့် ၂ သို့ တိုးလာခဲ့ခြင်းပင်။ ထိုအကြောင်းကို ယနေ့မနက်မှ သိလိုက်ကြရပြီး စနောက်နေကြသေးသည်။ ထိုအစွမ်းကို မနှစ်သက်သောကြောင့် လုဟိုင်ရွှမ်း ငိုချင်လာသော်လည်း ရထားပြီးဖြစ်သောကြောင့် ဘာများ တတ်နိုင်တော့မှာလဲ။

လုဟိုင်ရွှမ်း အစွမ်းမှာ အဆင့်မြင့်ပြီး ဖြစ်သော်လည်း အခြေအနေများမှာ မတည်ငြိမ်သေးပေ။ လမ်းကြောင်း၏ နောက်ဆုံးပိုင်းမှာ ထိန်းရန် အလွန် ခက်ခဲသဖြင့် ရှန်းရွေ သို့မဟုတ် ရှင်းဖုန်း သာလျှင် ကောင်းမွန်စွာ ကိုင်တွယ် နိုင်သည့်အပြင် ရှန်းရွေနှင့် လုဟိုင်ရွှမ်း တို့တွင် လေအစွမ်း မရှိသဖြင့် ရှင်းဖုန်းက သူကိုယ်တိုင် လမ်းကြောင်း ထိန်းချုပ်ရန် တာဝန်ယူ လိုက်သည်။ တစ်ဖက်တွင် ရှန်းရွေ နှင့် လုဟိုင်ရွှမ်းက လမ်းကြောင်းကိုချဲ့ရန် တစ်လှည့်စီ တာဝန် ယူကြလေသည်။

“ခင်ဗျား အားပိုကုန်လိမ့်မယ် .. ဘယ်အချိန်ဖြစ်ဖြစ် ခင်ဗျားရဲ့နယ်မြေကို ဖွင့်ရမှာကိုလည်းမမေ့နဲ့ဉီး”

ယွင်ချဲ့လည်း မျက်မှောင်ကြုတ် လိုက်ပြီး အခြားသူများကလည်း ရှင်းဖုန်း အကြံကို သဘောမတူကြပေ။ အစီအစဉ်က ပြောင်းလဲ နေသဖြင့် သူတို့သွားနေသော လမ်းတွင် မည်သို့ ဖြစ်ပျက် လာမည်ကို မည်သူမ မသိကြပေ။ အခြားနည်းလမ်း မရှိတော့သကဲ့သို့ သူတို့၏ အဖွဲ့သားများကို မဆုံးရှုံးလိုကြပေ။ အထူးသဖြင့် အလွန် အစွမ်းကြီးသော ရွှေသတ္တု စွမ်းအားရှင် ရှင်းဖုန်းက ပို၍ အရေးကြီးသည်။

“ငါသူနဲ့ နေရာလဲ ယူပေးမယ်”

ရှန်းရွေ ကြားဖြတ် ပြောလေသည်။ သူ၏အားနည်းချက်ကို သိသောကြောင့် လုဟိုင်ရွှမ်း တာဝန်မယူရဲပေ။ အကယ်၍ တော်ကြောင်းတတ်ကြောင်း လုပ်ပြလိုက်လျှင် သူ၏အဖွဲ့သားများကို ဆုံးရှုံး သွားရလိမ့်မည်။ သို့သော် ရွှေသတ္တုအစွမ်း တစ်မျိုးတည်းသာ ရှိသော ရှန်းရွေက ရှင်းဖုန်း နီးပါး ဖြေရှင်းနိုင်သဖြင့် သူကိုယ်တိုင်ပင် တာဝန်လိုက်သည်။

“ကောင်းပြီလေ .. ဒါဆိုလည်း ငါတို့သွားကြတာပေါ့”

ရှင်းဖုန်းလည်း ခေါင်းမမာတော့ဘဲ လက်ခံလိုက်သဖြင့် အဖွဲ့သားများလည်း စိတ်သက်သာရာ ရကုန်သည်။ ကားတံခါး ဖွင့်ပြီးနောက် ရှင်းဖုန်း အရင်ဆင်းကာ ကားဘေးတွင် လမ်းတစ်ခု ဖန်တီးလိုက်ပြီး ထိုသံမဏိ လမ်းကြောင်းမှာ အမိုးအကာ ပါသော စင်္ကြံလမ်းနှင့် တူနေလေသည်။ ယွင်ချဲ့လည်း လျင်မြန်စွာ ဆင်းလာကာ လေထုအလွှာ တစ်ခု ဖန်တီးကာ လမ်းကြောကို ဝန်းရံထားလိုက်သည်။ ကားပေါ်မှ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာပြီးနောက် ချူးဟောင်လင်းက လန်ခရူဇာကားကို သူ၏နယ်မြေထဲသို့ သိမ်းလိုက်လေသည်။ ထိုအချိန်တွင်ပင် ရှန်းရွေမှာ လမ်းအဆုံးတွင် လှစ်ဟာနေသော နေရာကို အမြန်စည်းပိတ် လိုက်သည်။

ထင်ထားသကဲ့သို့ ရှင်းဖုန်း လုပ်ထားသော လမ်းကြောင်းမှာ ငြိမ်သက်စွာပင် တစ်စတစ်စ ဆန့်လာကာ ရှေ့သို့ ဆက်လှမ်းနိုင်ရန် အတွက် ယွင်ချဲ့ ကလည်း သူ၏ လေအလွှာကို ထိန်းချုပ်ပေးနေသည်။ အရှေ့သို့ တဖြည်းဖြည်း ချဲ့လာသော လမ်းကြောကြောင့် ဖုတ်ကောင်များ ဘေးသို့ရှောင်ထွက် သွားကြကုန်သည်။ ထိုလမ်းကြောင်းမှာ အလုံပိတ် မဟုတ်သဖြင့် သူတို့သွားနေသည့်အခါ ဖုတ်ကောင်များနှင့် အလွန် နီးကပ်နေသည်။ လေထုအလွှာကြောင့် ဖုတ်ကောင်များက သူတို့ကို မကြားနိုင်ကြောင်း သိကြသော်လည်း အသက်ကိုပင် ထိန်းကာ ရှူရှိုက်နေကြသည်။

“ဟိုင်ရွှမ်း .. မင်းအလှည့်ရောက်ပြီ”

မိနစ် ၂၀ ကြာပြီးနောက် ပဉ္စမပတ်လမ်းသို့ ရောက်လာကြရာ ယွင်ချဲ့က ရှင်းဖုန်းကို လုဟိုင်ရွှမ်းနှင့် နေရာလဲ စေလိုက်သည်။

“လာပြီ”

ရွှေသတ္တုအစွမ်းရှိသော လုဟိုင်ရွှမ်းက ရှင်းဖုန်း နေရာတွင် အလှည့်ယူကာ လမ်းကြောင်းကို ချဲ့ပြီး ဆက်သွားကြလေသည်။

“ရှန်းရွေ .. အဲဒီမှာ ၁၀ မိနစ်လောက် ခဏဆက် ထိန်းထားဉီး”

ရှင်းဖုန်း သက်ပြင်းရှည်စွာ ဆွဲ့လိုက်သဖြင့် ယွင်ချဲ့က ရေဘူးကမ်းပေး လေရာ ရှင်းဖုန်း ယူသောက်လိုက်စဉ် ကိုယ့်ကိုယ်ကိုယ် အထူးပုဂ္ဂိုလ် တစ်ယောက်အဖြစ် ခံစားမိသွားသည်။

“ဒါက …”

“ပါးစပ်ပိတ်ပြီး သောက်မှာသာ သောက်စမ်းပါ ဘာတွေ ဒီလောက် သိချင်နေရတာ … ခဏနားလိုက်ဉီး အမြုတေ တချို့ယူပြီး အားဖြည့်ထား”

ရှင်းဖုန်းကို ဘာမှ မေးခွင့်မပေးဘဲ ယွင်ချဲ့ စိုက်ကြည့်ကာ ပြောလိုက်ပြီးနောက် ရေဘူးကို ယူသောက်လေသည်။ ယွင်ချဲ့၏ အစွမ်းများ များစွာ ကုန်ဆုံးသွားခြင်း မဟုတ်သော်လည်း အနားယူခြင်းနှင့် ပြန်လည် ဖြည့်တင်းခြင်း မလုပ်လျှင် အစွမ်းကိုကြာရှည်စွာ သုံးနိုင်မည် မဟုတ်ပေ။

သောက်ရေမှာ လျှို့ဝှက်ချက် တစ်ခုဖြစ်နေပြီး မေးရန်အချိန် မသင့်သောကြောင့် ရှင်းဖုန်းလည်း ဆက်မမေးတော့ဘဲ ရေတစ်ဝက်ကို သောက်လိုက်ပြီး ထိုရေဘူးကို သူ၏နယ်မြေထဲသို့ ထည့်ထားလျက် အမြုတေ၂ ခုကိုယူထုတ်ကာ အစွမ်းဖြင့် စုပ်ယူလိုက်သည်။ ၁၀ မိနစ်ကြာပြီးနောက် မူလအတိုင်းအား ပြန်ပြည့်လာပြီး ရှန်းရွေ နေရာတွင် အလှည့်ယူလိုက်သည်။ ချူးဟောင်လင်းလည်း အရှေ့တွင် သွားနေသော လုဟိုင်ရွှမ်းကို ကူညီပေးနေသဖြင့် ရှင်းဖုန်းနှင့် ယွင်ချဲ့ တို့လည်း အဖွဲ့၏နောက်ဆုံး နေရာသို့ သွားကြလေသည်။

အသုံးပြုရသည့် စွမ်းအားနည်းလေ အားပြည့်ရန်မြန်လေပင်။ ထို့ကြောင့် ရှန်းရွေနှင့် လုဟိုင်ရွှမ်းတို့မှာ မိနစ် ၂၀ တစ်ခါ လူချိန်းလျက်ရှိပြီး အနားယူရသူက သူ၏အစွမ်းကို ပြန်လည် ဖြည့်တင်းရန် ကြိုးပမ်းရသည်။ ၂ ကျော့ ၃ ကျော့ လဲပြီးနောက် ရှန်းရွေက ရှင်းဖုန်းနှင့် ၁၀ မိနစ်ကြာ အလှည့်ကျ ပြန်လဲရသည်။ အဖွဲ့သား အချင်းချင်း လူညီစွာ အမှားမရှိစေရန် ကြိုးစားကြကာ တတ်နိုင်သမျှ မြန်စွာ သွားနေကြလေသည်။ နှစ်နာရီ ကြာပြီးနောက် စတုတ္ထပတ်လမ်းသို့ရောက်လာကြကာ ပန်းတိုင်နှင့် နီးသထက်နီး လာလေသည်။

“စိတ်မပူပါနဲ့ မင်းမိဘတွေကို မတွေ့တွေ့အောင် ရှာကြမယ်”

စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသော ကျန့်ယာဖေး၏ ဘေးမှ လျှောက်လာသော ယန်းဟွိုင်အန်းက သူမပခုံးကို ဖက်ကာ နှစ်သိမ့် ပေးလေသည်။

“ဟုတ်ကဲ့”

ကျန့်ယာဖေး ခေါင်းညိတ်ကာ ယန်းဟွိုင်အန်းကို မတွန်းထုတ်ဘဲ အနားသို့ ပို၍ တိုးကပ်သွားလေသည်။ မွေးရပ်မြေနှင့် နီးကပ်လာလေ စိတ်လှုပ်ရှားလေ ဆိုသောစကားမှာ ကျန့်ယာဖေး ခံစားရပုံကို ဖော်ကျူးနေသည့် အလားပင်။ မြို့နားသို့ နီးကပ်လာသည်နှင့် သူမလည်း ကြောက်ရွံ့လာသဖြင့် သူမနေနှင့် နွေးထွေးစွာ နှစ်သိမ့်အားပေးမှုကို အမှန်ပင် လိုအပ်နေသည်။

“သေစမ်း … အဆင့် ၃ ဖုတ်ကောင်တွေ အရှေ့မှာအများကြီးပဲ။ ရှန်း လမ်းကြောင်းချိန်းတော့ ဘယ်ဘက်ကိုသွား ငါတို့ ကွေ့ပတ်သွားမှရမယ် … အရှေ့မှာ အဆင့် ၃ ဖုတ်ကောင် နှစ်ကောင်ရှိတယ် .. တစ်ကောင်က လူဖုတ်ကောင်ပဲ နောက်တစ်ကောင်က ဘာလဲမသိဘူး တိရစ္ဆာန် တစ်ကောင် ဖြစ်မယ်ထင်တာပဲ”

တစ်နာရီနီးပါး ကြာပြီးနောက် စတုတ္ထပတ်လမ်း၏ အလယ်ကို ရောက်လာ ကြချိန်တွင် ရုတ်တရက် ယွင်ချဲ့ တီးတိုးကျိန်ဆဲ လိုက်သည်။ လာခဲ့သည့် လမ်းတစ်လျှောက်တွင် ယွင်ချဲ့က စောင့်ကြည့် မြေပုံကို ကြည့်လာခဲ့ပြီး အခုချိန်မှသာ အဆင့် ၃ သတ္တဝါများကို ကိုယ်စားပြုသော အစက်အပြောက်များ သူတို့အနားတွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ယခု အခြေအနေတွင် ထိုဖုတ်ကောင်များကို တိုက်ခိုက်ရန် မဖြစ်နိုင်သဖြင့် ရှောင်လွှဲကာ အခြားလမ်းမှ သွားသည့် နည်းလမ်းမှအပ အခြားရွေးချယ်စရာ မရှိပေ။ ကံကောင်းသည်က ယွင်ချဲ့တွင် မြေပုံရှိနေသဖြင့် အဆင့် ၃ ဖုတ်ကောင်များ မရှိသော လမ်းကြောင်းကို လွယ်ကူစွာ ရှာနိုင်ပေလိမ့်မည်။

ရှန်းရွေလည်း တုံ့ဆိုင်းခြင်းမရှိ လမ်းကြောင်းကို ပြန်ထိန်းကာ ထိုဖုတ်ကောင်များနှင့်ဝေးရာသို့ ရှောင်တိမ်း သွားလေသည်။ အခြားလမ်းသို့ ရောက်သွားတော့မှသာ သူတို့ ကိုယ်ပေါ်တွင် ချွေးများ ရွှဲနေသည်ကို သတိပြုမိကြသည်။ မည်သူမဆို ဒုက္ခကြုံရသည့်အခါ ကြောက်လန့် တတ်ကြစမြဲပင်။ ကွာခြားသည်က ရင်ဆိုင်ရမည့် ဘေးဒုက္ခတို့ မတူညီကြခြင်းပင်။

“ဝါး .. ဒီကပ်ကြီးသာ ပြီးသွားရင်တော့ ငါမြို့ပေါ်မှာ မနေတော့ဘူး နယ်ဘက်တွေက အကောင်းဆုံးပဲ”

လွတ်ရာသို့ ရောက်သွားသည်နှင့် ယွင်ချဲ့လည်း စိတ်သက်သာရာ ရကာ စိတ်လွတ်ကိုယ်လွတ် ပြောချလိုက်သည်။

“ငါ့ကိုခေါ်ဖို့လည်း မမေ့နဲ့နော် .. ငါ့တစ်ဘဝလုံး မင်းအနောက်ကပဲ အမြဲလိုက်နေမှာ”

ဖုတ်ကောင်များကို မတွေ့ရတော့သော်လည်း အဖွဲ့သားများ တုန်လှုပ် နေကြသေးသဖြင့် ကျိုးဇယ်ယွီက ယွင်ချဲ့ကို စနောက် လိုက်သည်။ ကျိုးဇယ်ယွီ ခံစားချက် မပါဘဲ ပြောသောစကားမှာ အလွန်ကြည်နူးဖွယ် ကောင်းသော်လည်း ရှင်းဖုန်း၏ ငယ်သားများက သူ့ကို မျက်စောင်းနှင့် စိုက်ကြည့်ကြလေသည်။ ဒီလူ ဘာကြောင့်များ ရှင်းဖုန်းရဲ့ အချစ်သည်းလေးကို ထိပါးရဲရတာလဲ။ သူတို့ ပြန်ရောက်သည့် အချိန် ပညာပြပေးရမည်။

“အမ် .. ဘာဖြစ်လို့လဲ”

ဘာဖြစ်နေသည်ကို နားမလည်သော ကျိုးဇယ်ယွီက သူဘာအမှား လုပ်မိပြန်သည်ကို စဉ်းစားနေသဖြင့် ယွင်ချဲ့နှင့် လန်ယဲ့ဟန်လည်း ပြောစရာ စကားမဲ့စွာ မျက်လုံး လှန်ကြည့် လိုက်ကြသည်။ ရိုးအသူ တစ်ယောက် အနေနှင့် တစ်နေ့တွင် သူ၏ရူးမိုက်မှုကြောင့် ဒုက္ခရောက်ပေဉီးမည်။

“အဟမ်း .. အားလုံးငြိမ်ကြတော့ .. သေစမ်း … သေစမ်း …. ငါအဆင့် ၃ ဖုတ်ကောင်တွေ ထပ်တွေ့နေပြပြီ၊ ငါတို့က သူတို့ပုန်းတဲ့နေရာထဲ ရောက်နေတာလား”

ယွင်ချဲ့ ထပ်မံ ကျိန်ဆဲမိပြန်သည်။

“ငါတို့တွေ လမ်းကြောင်း ပြောင်းရဉီးမလား”

အမှန်မှာ သူတို့ကို လွှမ်းခြုံထားသော လေထု အလွှာကြောင့် ဖုတ်ကောင်များက သူတို့ကို ရှာတွေ့မည် မဟုတ်ပေ။ သို့သော် ဖုတ်ကောင်များ သူတို့ အနားကပ်လာလျှင် သူတို့ မကြောက်ရွံ့ကြဟု ဘယ်သူကများ အသေအချာ ပြောရဲလို့လဲ။ အမှားတစ်ခု ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ ထိုအမှားက သူတို့ ရှိနေကြောင်း ထုတ်ဖော်မိလိမ့်မည်။ ပို၍ ဆိုးဝါးသည်က အဆင့် ၃ ဖုတ်ကောင်များသည် သူတို့ ရှင်းလင်းသော အဆင့်နိမ့်သည့် ဖုတ်ကောင်များကဲ့သို့ လွယ်ကူရိုးရှင်း လိမ့်မည်မဟုတ်ပေ။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset