YMR- အခန်း ၄၄

အခန်း (၄၄)

“ရှောင်ချဲ့ !”

“သခင် ….”

“အစ်ကို ချဲ့ !”

ကျန်သောသူများ အထူးသဖြင့် ယွင်ယောင်မှာ အလွန် ထိတ်လန့်သွားပြီး သတိလစ်လု နီးပါးပင် ဖြစ်သွားရလေသည်။ ဟေးယွီလည်း ချက်ချင်း ပြေးသွားပြီး ကိုယ်ကိုကြီးအောင် လုပ်ကာ ယွင်ချဲ့ကို ပါးစပ်ဖြင့် ငုံဖမ်းလိုက်သည်။ ထို့နောက် ခေါင်းကိုလှည့်ကာ သူ၏ကျောပေါ်သို့ ယွင်ချဲ့ကို တင်လိုက်သည်။

“ယွင်ချဲ့”

ယွင်ချဲ့လည်း ရုတ်တရက် တောင့်တင်း သွားသကဲ့သို့ ခံစားလိုက်ရပြီး ယွင်ချဲ့ အရှေ့သို့ အရှိန်ဖြင့် ခုန်လိုက်ကာ ဖုတ်ကောင်ထံမှ မီးဘောလုံးများ မကျရောက်စေရန် ကာကွယ်ပေးလေသည်။

ယွင်ချဲ့ကို ဟေးယွီ ကယ်လိုက်သည်ကို တွေ့လိုက်တော့မှသာ ရှင်းဖုန်း အသက်ရှူသံတို့ ပုံမှန် ပြန်ဖြစ်သွားလေသည်။ ရှင်းဖုန်း ရင်ထဲတွင် လက်စားချေလိုစိတ်များ ဖြစ်လာသဖြင့် ထပ်မံကျရောက်လာသော မီးလုံးများကို သူတို့ထံ မရောက်စေရန် ရှင်းဖုန်း ကာပေးလိုက်သည်။ ထို့နောက် သူ၏လက်ထဲတွင် သေနတ်များ ပေါ်ပေါက်လာပြီး ဖုတ်ကောင်ထံသို့ မနားတမ်း ပစ်ခတ်နေလေသည်။

“ဉီးဉီး … ဉီးဉီး …”

ချန်ချန်မှာ ယွင်ချဲ့ထံသို့ တွားသွားကာ ယွင်ချဲ့ နှုတ်ခမ်းပေါ်တွင် ပေနေသော သွေးစက်များကို သူ၏ပြည့်ဖောင်းဖောင်း လက်ကလေးဖြင့် သုတ်ပေးလိုက်သည်။

“အဟွတ် … စိတ်မပူနဲ့နော် … ဉီးဉီးဘာမှမဖြစ်ဘူး”

ယွင်ချဲ့ သူ၏တံတောင်ကို အားပြုကာ ထထိုင်ပြီးနောက် ခဏတာ ချောင်းဆိုးသွားလေသည်။ ထို့နောက် ပါးစပ်အနား တစ်ဝိုက်တွင် ပေကျံနေသော သွေးများကို သုတ်ပစ်လိုက်ပြီး ချန်ချန် အားနည်းစွာ ပြုံးပြလိုက်လေသည်။

“ဉီးဉီး … ဉီးဉီးနာနေတယ်”

ချန်ချန် ငိုကြွေးကာ ယွင်ချဲ့ လက်မောင်းထဲသို့ တိုးဝင်သွားပြီး ယွင်ချဲ့ လက်ကို ဖက်ထားလေသည်။ ထိုအချိန်တွင် ယွင်ယောင်မှာ အထိတ်တလန့်နှင့် ယိုင်နဲ့စွာ အပြေးလာကာ ယွင်ချဲ့ကို ကြည့်ရှုလေသည်။ သူမ ပြေးလာရာ လမ်းတွင်လည်း လန်ယဲ့ဟန်နှင့် ကျန့်ယာဖေးတို့ သူမကို ကာကွယ်စောင့်ကြပ် ပေးခဲ့ကြသည်။

“ရှောင်ချဲ့ ! ရှောင်ချဲ့ ! အဆင်ပြေရဲ့လား … မမကြည့်ဉီးမယ်…”

ယွင်ယောင်လည်း ယွင်ချဲ့ အနားတွင် ထိုင်ကာ သူမ၏မောင်ကို ကြည့်ရင်း မျက်ရည်ဝဲနေလေသည်။ ကမ္ဘာကပ်ကို ရင်ဆိုင်ကာ သန်မာရန် ကြိုးစားနေထိုင် သော်လည်း သူမ၏သားနှင့် မောင်လေးတို့ ထိခိုက် ဒဏ်ရာ ရသည်ကိုတော့ သူမခံနိုင်ရည် မရှိပေ။

“ကျွန်တော် ဘာမှမဖြစ်ပါဘူး .. ဒဏ်ရာသေးသေးလေး ရရုံပါ”

ယွင်ချဲ့မှာ ရင်ကို ထိုးစိုက် ခံထားရသကဲ့သို့ စူးနစ်နာကျင် နေသော်လည်း အားတင်းကာ ပြုံးပြလေသည်။

“ဘာမှမဖြစ်ဘူး ? အခုသွေးတောင် ထွက်နေပြီလေ !”

ထိုသို့ အော်လိုက်သူမှာ ယွင်ယောင် မဟုတ်ဘဲ ဟေးယွီ ဖြစ်နေပြီး သူ၏အသံမှာလည်း ဒေါသများ ရောယှက်နေသည်။ ဟေးယွီ ခေါင်းကို ယွင်ချဲ့ တစ်ချက် ပုတ်လိုက်ပြီး …

“တော်တော့ ပြဿမရှာနဲ့ … ဒဏ်ရာ နည်းနည်းလေး ရတာကို မသိရင် ငါသေလို့ အော်ငိုတာ ကျနေတာပဲ”

“ပြဿနာရှာတယ် ? ကျွန်တော်က ? သူတို့အားကြီးမှန်း သိရဲ့သားနဲ့ ဘာကြောင့်မပြေးတာလဲ … သခင်သေသွားရင် ဘယ်လိုလုပ်မလဲ .. သခင်မရှိတော့ရင် ကျွန်တော်လည်း သခင်မဲ့ သွားလိမ့်မယ် .. ဒီမှာ ယွင်ချဲ့ ! ခင်ဗျား သေရဲရင်သေကြည့် ခင်ဗျားရဲ့ ကိုယ်ကို နေ့ရောညရော ရိုက်ပြီး နောင်တရအောင် လုပ်ပစ်မယ် !”

“ဟားဟား …”

ဟေးယွီ စကားကြောင့် ကျန့်ယာဖေး အသာ ရယ်မိလေသည်။ ယွင်ယောင် မှာလည်း သဘောကျခြင်းနှင့် ဝမ်းနည်းခြင်းတို့ ရောပြွမ်းနေပြီး သူမ မျက်ဝန်းများတွင် မျက်ရည်စများ တွဲခိုနေသည်။ လန်ယဲ့ဟန် တစ်ဖက်ကို လှည့်ကာ ဖုတ်ကောင် ထိန်းချုပ်သူကို တိုက်ခိုက်လျက် ရှင်းဖုန်းကို ကူညီပေးလေသည်။

“ကျွန်တော် အဆင်ပြေတယ် သူတို့ကို ကူညီပေးဉီးမယ် !”

ချန်ချန်ကို အောက်ချလိုက်ပြီး ယွင်ချဲ့ တိုက်ပွဲထဲသို့ ပြန်ပြေးသွားလေသည်။

“ဉီးဉီး !”

“ရှောင်ချဲ့ !”

ယွင်ယောင်နှင့် ချန်ချန်က စိုးရိမ်တကြီး အော်လိုက်သော်လည်း ယွင်ချဲ့ သူတို့အသံကို မကြားတာ့ပေ။

“အဆင်ပြေရဲ့လား”

ရှင်းဖုန်း၏ အစွမ်းမှာ အဆင့် ၂ သို့ ရောက်နှင့်ပြီ ဖြစ်သော်လည်း အဆင့် ၃ ရှိသော ဖုတ်ကောင်ကို တိုက်ခိုက်နိုင်သည်အထိ အားမကြီးသေးပေ။ ထို့အပြင် ဖုတ်ကောင် ၂ ကောင်နှင့် တစ်ပြိုင်တည်း တိုက်ခိုက်ထားသည့် အတွက် သူ၏အစွမ်းကို ထုတ်သုံးလျှင်တောင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မည် မဟုတ်ပေ။

“ပြေတယ် .. ဒီဖုတ်ကောင်က အစွမ်းပိုင်ရှင်ရဲ့ သန္ဓေပြောင်း ကောင်ဖြစ်ရမယ် .. တကယ်လို့ သာမန် အဆင့် ၃ ဖုတ်ကောင်ဆိုရင် အစွမ်းကို ဒီလို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်မှာ မဟုတ်ဘူး .. သူ့ကို အမြန်ရှင်းမှ မဟုတ်ရင် အခြေအနေတွေ ပိုဆိုးလာလိမ့်မယ်”

“ဟုတ်တယ်”

ထို့ကြောင့်ပင် ရှင်းဖုန်းလည်း အမြန် ဆုံးဖြတ်လိုက်သည်။

“သူ့မှာ ကျွန်တော်တို့ထက် အစွမ်း ပိုများနေတယ် .. ဒီတိုက်ပွဲက ကြာရှည်မယ် ဆိုပေမယ့် မြန်မြန် အဆုံးသတ်ပစ်ရမယ် .. ယန်းဟွိုင်အန်းကို သွားကူပေးလိုက်ပါ ဒါကို ကျွန်တော် ရှင်းလိုက်မယ်”

“မင်း သေချာရဲ့လား”

ယွင်ချဲ့ တစ်ယောက်တည်း မဟုတ်ဘဲ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ အတူတိုက်လျှင် ပိုအဆင်ပြေပေလိမ့်မည်။ ယွင်ချဲ့ကို ရှင်းဖုန်း အမြဲယုံကြည်ခဲ့သော်လည်း ယခုတွင်မူ ယွင်ချဲ့ ဒဏ်ရာ ရထားသည်မှာ မကြာသေးပေ။

“အမည်မသိ သူရဲကောင်း ဖြစ်မှာကိုတော့ စိတ်မဝင်စားပါဘူး”

ထိုစကားကိုပြောသော ယွင်ချဲ့မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေပုံပင်။

“သတိထားပါ !”

ယွင်ချဲ့ မျက်ဝန်းများကို စူးစိုက်ကြည့်ကာ ပြောလိုက်ပြီးနောက် ရှင်းဖုန်း ထွက်လာခဲ့လေသည်။ လန်ယဲ့ဟန်နှင့် အခြားသူများမှာလည်း ဖုတ်ကောင် စုစည်းသူကို တိုက်ခိုက်နေကြပြီး ထိုဖုတ်ကောင်မှာ အားနည်းသော်လည်း အနောက်တွင် လိုက်လာသော ဖုတ်ကောင်များ အလွန် များပြားလှသဖြင့် လန်ယဲ့ဟန် ပင်လျှင် မောပန်းကာ အားကုန်လု နီးပါးဖြစ်လာသည်။

ရှင်းဖုန်း ရောက်လာ သောအခါ တိုက်ခိုက်ရသည်မှာ ပို၍ လွယ်ကူသွားလေသည်။ သူ၏ရွှေအစွမ်းမှ ဓါးချက်များမှာ ယွင်ချဲ့၏ လျှပ်စီးနှင့် သာတူညီမျှ ရှိနေသည်။

“ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ”

လန်ယဲ့ဟန် မျက်နှာမှာ အရင်ကဲ့သို့ ခံစားချက် မမဲ့တော့ဘဲ ယွင်ချဲ့ကို စိတ်ပူလျက် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။ ယွင်ချန် ပြန်လည် ကောင်းမွန် လာသည်အထိ ယွင်ချန်၏ မိသားစုကို သူတာဝန်ယူ ဂရုစိုက်ပေးမည်ဟု ယူဆထားသည်။

“ငါဟိုမှာပဲ ရှိနေရင် ယွင်ချဲ့ အတွက် အနှောင့်အယှက် ဖြစ်လိမ့်မယ်”

ယွင်ချဲ့ကို ရှင်းဖုန်း ကောင်းမွန်စွာ သိသည်။ သူမောပန်း နေသော်လည်း သူ၏အစွမ်းမှာ အဆင့်တက် လာတော့မည် ဖြစ်သောကြောင့် သူ့ကို ထွက်သွားခိုင်းခြင်း ဖြစ်သည်။

ဒိုင်း

အနားတစ်ဝိုက်တွင် ရှိသော ဖုတ်ကောင်များ ရှင်းလင်းခံရသည်နှင့် ဖုတ်ကောင် စုသူကလည်း ကျယ်လောင်စွာ ဟိန်းလိုက်ပြီး ကျန်သော ဖုတ်ကောင်များကိုလည်း သူ့အနားသို့ စုလာစေသည်။ ရှင်းဖုန်း အစွမ်းမှာလည်း အားလျော့လုနီးပါး ဖြစ်လာသောကြောင့် ရှင်းဖုန်း သူ၏လေဟာနယ်ထဲမှ တာဝေးပစ် ဒုံးပျံတစ်ခုကို ယူကာ ဖုတ်ကောင်များထံသို့ ပစ်လိုက်သည့်အခါ ဖုတ်ကောင်များ အပိုင်းပိုင်းအစစ ဖြစ်ကုန်လေသည်။

“သေစမ်း ! ဒီကောင်တွေကို ရှင်းပစ်ရအောင် !”

ယန်းဟွိုင်အန်း အော်လိုက်ပြီး သူ၏ နောက်ဆုံး ကျန်သော လက်ပစ်ဗုံးကို ပစ်လိုက်ကာ ကျန်သော သူများကို နိုးဆွပေးလိုက်သည်။ သူတို့လည်း လက်ကျန် အင်အားများကို စုကာ တိုက်ခိုက်ရန် ပြင်လိုက်ကြပြီး ဖုတ်ကောင် စုစည်းသူ ထွက်ပြေးသွားသည်ကို သတိမထား မိလိုက်ကြပေ။

တစ်ဖက်တွင်လည်း ရှင်းဖုန်း ထွက်သွားပြီးနောက် ယွင်ချဲ့ သတ္တိများကို စုစည်းလိုက်ပြီး သူ၏ငွေပြာရောင် လျှပ်စီးများမှာလည်း မြွေလိမ်မြွေကောက် သွားကာ မီးဘောလုံးများကို တန်ပြန် တိုက်ခိုက် နေလေသည်။

လူသားနှင့် ဖုတ်ကောင်တို့ တိုက်ခိုက် နေကြသည်မှာ အလွန် လျင်မြန်လှသဖြင့် မည်သူမှ သဲကွဲစွာ မမြင်ရဘဲ တိုက်ခိုက် ကြသည့်အခါ ထွက်ပေါ်လာသော မီးပွားမီးစများကို မြင်နေရသည်။ ယွင်ချဲ့ကို ကြည့်နေသော ယွင်ယောင်မှာ စိတ်လှုပ်ရှားလာပြီး ဟေးယွီ၏ အမွေးများကိုသာ တင်းကျပ်စွာ ဆုပ်ကိုင် ထားလေသည်။

ဝုန်း

ရုတ်တရက်ပင် အရိပ်အယောင် တစ်ခုက တစ်နေရာမှ ပျံသန်းလာပြီး ဖုတ်ကောင်များသေကျေသည် အထိ လုံးဝမနားခဲ့ပေ။ မည်သူမည်ဝါ ဖြစ်သည်ဟု တွေးတောနေကြချိန် ငွေရောင် အလင်းတန်း တစ်ခု ကျရောက် လာလေသည်။

“မလုပ်နဲ့ ! ယန်ယန် !”

ဝုန်း

ထိုအချိန်တွင် တစ်စုံတစ်ခုက လဲကျနေသော အဆင့် ၃ ဖုတ်ကောင်ထံသို့ ဉီးတည်လာကာ အလင်းတန်းတစ်ခု မကျရောက်ခင် တစ်ဖက်သို့ လှိမ့်သွားလေသည်။ ထို့နောက် မိုးခြိမ်းသံ တစ်ခု ကြားလိုက်ကြရပြီး လျှပ်စီးလက် သွားသည်ကိုလည်း မြင်လိုက်ရပြီး နောက်တွင် ရုတ်တရက် ပေါက်ကွဲ သွားလေသည်။ ထိုအခါ များစွာသော ဖုတ်ကောင်များလည်း သေကြေ ပျက်စီးကုန်လေသည်။

“မဖြစ်ဘူး ! ယန်ယန် .. သတိထားဉီး .. ယန်ယန် …”

ငိုကြွေးနေသူမှာ ဖုတ်ကောင် စုဆောင်းသူဖြစ်ပြီး အဆင့် ၃ ဖုတ်ကောင်ကို ယွင်ချဲ့၏ တိုက်ခိုက်မှုမှ ကယ်တင်ထားခြင်း ဖြစ်သည်။ ယခုတွင်မူ ဖုတ်ကောင်၏ ခြေထောက်နားတွင် အော်ဟစ်ကာ ယူကျုံးမရ ဖြစ်နေသည်။

“တောက် ! ရှင်းဖုန်း ခင်ဗျားပြောတော့ သူ့ကို ကိုင်တွယ် နိုင်ပါတယ်ဆို !”

ယခုတိုက်ခိုက်ရာတွင် ယွင်ချဲ့ သူ၏အစွမ်း အားလုံးကို အသုံးပြုထားရပြီး ရှုံးနိမ့်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယွင်ချဲ့ အားကုန်နေသဖြင့် ဒူးတစ်ဖက် ထောက်ကာ လက်တစ်ဖက်က ရင်ဘတ်ကို ဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်က ဓါးကိုအားပြုကာ ထောက်ထားသဖြင့် ဓါးသွားတစ်ဝက် နီးပါးပင် မြေထဲသို့ စိုက်ဝင်နေသည်။

“မင်းကများ ရာရာစစ ယန်ယန်ကို ထိရဲရတယ်လို့ ! ငါမင်းတို့ကို သတ်ပစ်မယ် !”

ထိုလူလည်း ယွင်ချဲ့ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ဓါးကို ယူထုတ်လိုက်သည်။

“သေစမ်း ဒီလူရူးနေပြီပဲ”

ထိုသူမှာ သူ၏လက်ကို ဓါးနှင့်ခြစ်လိုက်ပြီး ဖုတ်ကောင်များ ကြိုက်နှစ်သက်သောသွေးနံ့မှာလည်း ပျံ့နှံ့သွားလေသည်။ ယွင်ချဲ့ ကြီးမားစွာ အနာတရ ဖြစ်ထားသော ဖုတ်ကောင်မှာ အစာရလိုက်သဖြင့် အားအင် ပြည့်တင်းလာကာ ပြန်လည် လှုပ်ရှားလာသည်။

“ငါ့ကိုစားလိုက်ပါ .. အားပြန်ပြည့်အောင် လုပ်ပြီး သူတို့တွေကို သတ်ပစ်လိုက်”

ထိုသူမှာ ဖုတ်ကောင်ကို သူ၏လက်ထဲတွင် ပွေ့ထားပြီး သူ၏သွေးကို တိုက်နေလေသည်။

သွေးသောက်ရုံနှင့် မလုံလောက်သဖြင့် ဖုတ်ကောင်မှာ ထိုလူ၏ လည်ပင်းကို ကိုက်ကာ အသားကို ဖဲ့စားလေသည်။ သွေးလွှတ်ကြော ပွင့်ထွက်ကာ သွေးများစွာ စီးကျလာသော်လည်း ထိုသူက အပြုံးမပျက်ပင်။ ကိုယ့်ကိုယ်ကို ဖုတ်ကောင် အစာအဖြစ် ခံရအောင် ထိုလူ ရူးနေခြင်း ဖြစ်လိမ့်မည်။

အခြား ဖုတ်ကောင်များမှာ အားပြည့်လာကာ ယွင်ချဲ့နှင့် သူ၏ အပေါင်းအပါများထံသို့ ဝန်းရံလာလေသည်။

စွမ်းအားပိုင်ရှင်များ၏ ခန္ဓာကိုယ်မှာ ဖုတ်ကောင်များ အတွက် အလွန်အာဟာရ ဖြစ်စေသဖြင့် အဆင့် ၃ ရှိသော ဖုတ်ကောင်မှာလည်း အမြန် ကောင်းမွန်လာပြီး ပခုံးသား ပေါက်ပြဲနေပြီး ဖြစ်သော ဖုတ်ကောင် စုစည်းသူကို လွှင့်ပစ်လိုက်ပြီး ချွန်ထက်နေသော လက်သည်းကြီးများဖြင့် ယွင်ချဲ့ ထံသို့ ဉီးတည် ပြေးလာခဲ့သည်။

“ယွင်ချဲ့ !”

“ရှောင်ချဲ့ !”

ယွင်ချဲ့လည်း အစွမ်းအားနည်းကာ မလှုပ်ရှားနိုင် ဖြစ်နေလေသည်။ သူ၏အဖွဲ့သားများက စိုးရိမ်တကြီး အော်ဟစ် လိုက်သော်လည်း သူတို့မှာ ဖုတ်ကောင်များ ဝိုင်းထားသဖြင့် မကူညီနိုင်ဖြစ်နေကြလေသည်။

“ရှောင်ချဲ့ !”

ချွမ်

ထိုအချိန်တွင် ကြီးမားသော ရေတန်းကြီး တစ်ခုက ဖုတ်ကောင်ကို ကြားဖြတ် တားဆီးလိုက်သည်။ ယွင်ယောင် ဖန်တီး လိုက်ခြင်းဖြစ်ပြီး ယွင်ချဲ့ကို သူမလက်ထဲ ထွေးပွေ့ ထားလိုက်သည်။ အဆင့် ၃ ရှိသော ဖုတ်ကောင်က ထိုရေတန်းကို ဖျက်ပစ်ပြီး ဆက်လက် တိုက်ခိုက်လေရာ ဓါးကဲ့သို့ ချွန်ထက်လှသော လက်သည်းများက ယွင်ယောင်၏ ကျောကို ကုတ်ခြစ်လိုက်လေသည်။

“မမ ? မမ….”

ယွင်ချဲ့ မျက်နှာတွင် အစ်မဖြစ်သူ၏ သွေးများ ပေကျံ သွားလေသည်။ သူ၏မျက်ဝန်း သူငယ်အိမ်မှာလည်း အနည်းငယ် ကျယ်သွားကာ သွေးစွန်းနေသော မျက်နှာပေါ်တွင် ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းများ ပြည့်နှက် သွားလေသည်။ သစ်ရွက်ကြွေ သကဲ့သို့ အားလျော့ကာ လဲကျလာသော ယွင်ယောင်ကို ယွင်ချဲ့ အမြန်ပွေ့ဖက် လိုက်သည်။

“မမ ထပါဉီး ! .. မမ ….”

ညီငယ်ဖြစ်သူမှာ ဖုတ်ကောင်အသွင် ပြောင်းခဲ့ပြီးပြီ။ အခုတစ်ကြိမ်တွင် အစ်မဖြစ်သူက …. သူမ သေရတော့မှာလား။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset