YMR- အခန်း ၃၉

အခန်း (၃၉)
“သားမဝပါဘူးဆို”
လူကြီး ရယ်မောနေသည့် အကြောင်းကို ချန်ချန် နားမလည်သော်လည်း ကျိုးဇယ်ယွီကို လက်ပိုက်ကာ မိုက်ကြည့် ကြည့်နေလေသည်။ ကျိုးဇယ်ယွီလည်း ချက်ချင်း ပြန်ပြင်ကာ …
“ဟုတ်ပါပြီ ဟုတ်ပါပြီ … ဖက်တီးလေးက မဝပါဘူး ကလေးအဆီတွေပဲ ပြည့်နေတာ ဟား..ဟား..”
ကျိုးဇယ်ယွီလည်း အရယ်မရပ်နိုင် ဖြစ်နေလေသည်။ အခြားသူများ မြင်လျှင် ချန်ချန်မှာ ဝနေခြင်း မဟုတ်ဘဲ အသားပြည့်ကာ လုံးကစ်နေခြင်း ဖြစ်သည်။
“ဉီးဉီး ….”
ကျိုးဇယ်ယွီ သတိလက်လွတ် ဖြစ်နေသည်ကို ချန်ချန် သဘောပေါက် လိုက်သဖြင့် ယွင်ချဲ့ကို အားကိုးတကြီးနှင့် လှမ်းခေါ်လိုက်သည်။ ယွင်ချဲ့လည်း သူ၏ ဆံပင်လေးများကို ချစ်စဖွယ်သပ်ပေးလိုက်ပြီး …
“သူက ချန်ချန် ပြည့်ဖြိုးနေတာကို မနာလိုဖြစ်နေတာ … ချန်ချန် လူစွမ်းကောင်းကြီး ဆိုတာကို သိလား”
“လူစွမ်းကောင်းကြီး ? သူက အားသန်လား”
ကျိုးဇယ်ယွီကို ချန်ချန် အာရုံမရတော့ဘဲ စူးစမ်းလိုစိတ်များ ပြည့်နေသော မျက်လုံး ရွဲကြီးများနှင့် ယွင်ချဲ့ကို ကြည့်လိုက်သည်။
“သန်မာတာပေါ့ သူက လူစွမ်းကောင်းတွေထဲမှာ အားအကြီးဆုံးပဲ … ဘယ်လောက် အားကြီးလဲဆိုတာ မြင်ချင်လား”
ယွင်ချဲ့ ပြန်ဖြေလိုက်ပြီး ပို၍ ကျယ်လောင်စွာ ရယ်မောနေသော ကျိုးဇယ်ယွီကို စူးစိုက်ကြည့် လိုက်သည်။
“ဟုတ် ကြည့်မယ်”
လူကြီးများ ကြားက အသံတိတ် ရန်ပွဲကို ချန်ချန် နားမလည်သော်လည်း လူစွမ်းကောင်းကြီး၏ အစွမ်းကိုသာ မြင်လိုသောကြောင့် စိတ်လှုပ်ရှားစွာ လက်ခုပ်တီး နေလေသည်။ ယွင်ချဲ့ လက်ကိုမြှောက်လိုက်ကာ ကျိုးဇယ်ယွီကို ချိန်ရွယ် ထားပြီးနောက် သူ၏လက်ပေါ်တွင် ငွေရောင်လျှပ်စီး အလင်းတန်းများ ထွက်ပေါ်လာသည်။
“တကယ်ကြီးလား .. အ”
ကျိုးဇယ်ယွီ အမြန်ပြေး သွားသော်လည်း လျှပ်စီးတန်းက အမြန်လိုက်ကာ ကျိုးဇယ်ယွီကို တစ်ချက် ဓါတ်လိုက် စေသွားသည်။ အခြားသူများသည်လည်း ယွင်ချဲ့ အပြစ်ပေးမည်ကို စိုးရိမ်သောကြောင့် ကျိုးဇယ်ယွီ အနားမှ ပြေးသွား ကြလေသည်။
“ငါ့နှယ် မင်းလုပ်တာ ငါလန့်လို့ သေတော့မယ်”
ယွင်ချဲ့ကို ကျိုးဇယ်ယွီ စိတ်တိုစွာ စိုက်ကြည့် လိုက်သည်။ ဘာကြောင့်များ သူ့ကို လျှပ်စီးဖြင့် စိတ်ကူး ပေါက်သလို လှမ်းပစ်နိုင် ရတာလဲ။ သူ၏ဘောင်းဘီထဲ အပေါ့စွန့်မိ သွားလျှင် ဘယ်လိုလုပ်မလဲ။
“ကြည့်ရတာ မင်းအားမရသေးဘူး .. ကောင်းပြီလေ ငါထပ် လုပ်ပေးရတာပေါ့”
ယွင်ချဲ့ မျက်ခုံးပင့်ကာ ပြုံးပြလိုက်သော မျက်နှာထားတွင် အန္တရာယ်ရှိသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
“မ…မ….မ…မလုပ်ပါနဲ့တော့ .. ငါအရှုံးပေးပါပြီ”
ကျိုးဇယ်ယွီ ကြောက်ကြောက် လန့်လန့်နှင့် အရှုံးပေး လိုက်တော့သည်။
“ဉီးဉီးကျိုးက အရမ်းရယ်ရတာပဲ”
ချန်ချန်လည်း သဘောကျစွာ ရယ်မောမိလေသည်။ ယွင်ချဲ့ လမ်းလျှောက် သွားလိုက်ပြီး ချန်ချန်ကို ပွေ့ချီ လိုက်လေသည်။ ကျိုးဇယ်ယွီ ဘေးမှဖြတ်လျှောက် သွားသည့်အခါ ယွင်ချဲ့ အထင်သေးဟန်ဖြင့် ကြည့်ကာ ရန်စလိုက်ပြီး ကိုယ့်ကိုယ်ကို လူစွမ်းကောင်း တစ်ယောက်ဟု ကိုယ်စားပြု လိုက်ခြင်း ဖြစ်သည်။
မနေ့ညက ကျဆင်းခဲ့သော နှင်းများမှာ ခဏသာ ကြာမြင့်ခဲ့သည်။ မနက် ရောက်သောအခါ နေလုံးကြီးမှာလည်း နိုးထလာပြီး လိမ္မော်ရောင်စဉ်တန်းဖြင့် ကောင်းကင်ကို လင်းလက် သွားစေသည်။ တည်းခိုခန်းတွင် ရှိနေသော သက်ရှိလူသားများကြောင့် အပြင်ဘက်တွင် ဖုတ်ကောင်များ ဝိုင်းရံကာအော်ဟစ်နေကြပြီး အချို့မှာ ဟေးယွီ ရှင်းလင်းထားသဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ နေရာအနှံ့ ပြန့်ကျဲနေသည်။
“မင်းရဲ့ခွေးက တကယ် အံ့ဩစရာပဲ”
ယွင်ချဲ့နှင့် ချန်ချန်တို့ အောက်ထပ် ဆင်းလာသောအခါ ရှင်းဖုန်းနှင့် တွေ့လေသည်။
“ဒါပဲလား”
ရှင်းဖုန်းကို ယွင်ချဲ့ သံသယအပြည့်နှင့် ကြည့်လေသည်။ သူနှင့်ငြင်းခုံရန် ရရာ အခွင့်အရေးကို ရှင်းဖုန်း အမိအရ ဆုပ်ကိုင်တတ်သည့် အကြောင်းကို ယွင်ချဲ့ သေချာသိသည်။
“အမ်.. သူကစားတဲ့ လှည့်ကွက်တွေလည်း တကယ် အံ့ဩစရာပဲ”
ရှင်းဖုန်း လက်မထောင်ပြကာ ပြန်ပြောလိုက်သဖြင့် ကြည့်ရပုံမှာ ဟေးယွီ၏ပစ်မှတ်ပြောင်းသွားပုံပင်။ ဟေးယွီ၏ ဒုက္ခကို ခံရမည်မှာ သူတစ်ယောက်တည်း မဟုတ်တော့သဖြင့် ယွင်ချဲ့ လည်း နှစ်ခြိုက်စွာ ပြုံးလိုက်လေသည်။
“သခင် .. Sugar Daddyက အရမ်း သဘောကောင်းတာပဲ ကျွန်တော့်ကို မုန့်တွေ အများကြီးကျွေးတယ်”
ဟေးယွီ လှည့်ပတ်ပြေးလျက် သူတို့ထံဉီး တည်လာလေသည်။
“Sugar Daddy?”
ထိုနာမည်မှာ အနည်းငယ် ထူးဆန်းနေသည်။ ယွင်ချဲ့ကို ရှင်းဖုန်း အဓိပ္ပါယ်ပါပါနှင့် ကြည့်လိုက်သဖြင့် ယွင်ချဲ့ ရှက်ကိုးရှက်ကန်း ဖြစ်ကာ ဟေးယွီကို လှည့်ကြည့်ကာ …
“မင်းလို အစားကြီးတဲ့ ကောင်ကို နည်းနည်းလေး ဝယ်ပေးရင် လုံလောက်လို့လား”
“ဘယ်လောက်မှာလဲ … သခင် စိတ်ချပါ သခင်က ကျွန်တော့် နှလုံးသားထဲမှာ အရေးကြီးဆုံးပါပဲ .. ဒီလူက တောင်လိုပုံတဲ့ ချော့ကလက်ချောင်းတွေ မကျွေးသေးခင်ထိပေါ့”
ယွင်ချဲ့ ခါးကို ဟေးယွီ လက်တင်ကာ သစ္စာစောင့်သိဟန် လုပ်ပြလေသဖြင့် ယွင်ချဲ့ နှုတ်ခမ်း တွန့်လိုက်ပြီး ….
“သွားစမ်း”
ဘယ်သူကများ သူ့နှလုံးသားထဲက အရေးကြီး ပုဂ္ဂိုလ် ဖြစ်ချင်လို့လဲ။
“သခင် စိတ်လျှော့ပါ စိတ်လျှော့ … သူ့မှာ ချော့ကလက်ချောင်းတွေ ရှိတော့ သခင်က ကျွန်တော့်ရဲ့ အရေးကြီးတဲ့ သူပဲ”
ယွင်ချဲ့ ထွက်သွားခိုင်းသည်ကို ဟေးယွီ မကြားဟန်ဆောင်ကာ ကပ်တွယ်လျက် နေနေသည်။
“ချန်ချန် ဗိုက်ဆာနေလား … မနက်စာ သွားစားရအောင်”
ဟေးယွီကို ယွင်ချဲ့ လျစ်လျူရှု လိုက်ပြီး ချန်ချန် လက်ကိုဆွဲကာ စားပွဲနားသို့ လမ်းလျှောက်သွားလေသည်။ ထိုအချိန် လန်ယဲ့ဟန် ဝင်လာပြီး ခက်ထန်သော မျက်နှာထားဖြင့် ….
“ဖုတ်ကောင်တွေ အင်အားကြီး လာတယ် .. ဒီမှာကြည့် အရောင်တွေ ပြောင်းသွားကြပြီ”
အမြုတေများကို စားပွဲပေါ် တင်လိုက်လေရာ ပဲစေ့အရွယ် အမြုတေများမှာ အရောင်စုံလင်စွာ တောက်ပ နေလေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset