YMR- အခန်း ၃၂

အခန်း (၃၂)

ရုတ်တရက် ဖြစ်ပေါ်လာသော ကမ္ဘာပျက် ကပ်ဘေးကြောင့် လူအများ အံ့ဩ အထိတ်တလန့် ဖြစ်ကုန်ကြသည်။ အချို့မှာ အကြောင်းကိစ္စများကိုပင် မသိလိုက်ရဘဲ ဖုတ်ကောင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ထွက်ပြေး လွတ်မြောက်ခဲ့သူများ အဖို့လည်း ဆက်လက် နေထိုင်ရှင်သန်ရန် အလွန်ပင် ခက်ခဲခဲ့သည်။ ထို့အပြင် အစာရေစာ ပြတ်လပ်ခြင်းကြောင့် အသင့်စားခေါက်ဆွဲထုပ်များကိုသာ နေ့စဉ် စားသုံး၍ ဗိုက်ဖြည့်ခဲ့ရပြီး လတ်ဆတ်သော ဟင်းခွက်များနှင့် အသားများမှာ အိပ်မက် မက်ရန်ပင် မဖြစ်နိုင်ခဲ့ပေ။

ရှင်းဖုန်းသည်လည်း စွမ်းအင် ပိုင်ဆိုင် ထားရသဖြင့် ယွင်ချဲ့ စကားပလ္လင် မခံတော့ပေ။ ထို့နောက် ဝက်သားများအပြင် အစားအစာများနှင့် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ယူထုတ်ခိုင်းလေသည်။

ယွင်ယောင်မှာ ဝက်သားအိုး အပြည့် ချက်လိုက်ပြီး အာလူးချောင်းကြော်များ အပြင် ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ်နှင့် တို့ဟူးအစပ်တို့ကြောင့် တစ်ခန်းလုံး မြိန်ရေယှက်ဖွယ်ရှိသော ရနံ့များ ပျံ့နှံ့သွားလေသည်။ ထိုသို့သော စားဖွယ်သောက်ဖွယ်မျိုးသည် ကမ္ဘာပျက် ကာလတွင် အကြီးမားဆုံးသော စားပွဲကြီးပင်။

အခန်းထောင့် တစ်နေရာရှိ လူတစ်စုမှာလည်း သူတို့ကို ကြည့်ကာ တံတွေးများ မျိုချနေမိသည်။ အထူးသဖြင့် ကြောက်ရွံ့ကာ ကိုယ်ကို ကျုံ့ထားသော အမျိုးသမီး နှစ်ယောက်မှာလည်း သူမတို့၏ မျက်ဝန်းများထဲတွင် အသနားခံမှု၊ ရုန်းကန်လိုမှုများ ပြည့်နှက်ပြီး အစားအစာအတွက် အသနားခံတောင်းဆို နေကြလေသည်။

“တောက်”

ထိုလူတစ်စုထံမှာ ရိုင်းပျစွာ ဆဲဆိုသံ ပေါ်လာပြီး ထိုသူက ဒေါသတကြီးနှင့် လက်ထဲမှ အသင့်စားခေါက်ဆွဲတစ်ဝက် ကျန်နေသောဘူးကို လွှင့်ပစ်လိုက်သည်။ ထိုသူက ပျော်ရွှင်စွာ စားသောက် နေကြသော ယွင်ချဲ့တို့ကို စိုက်ကြည့်ကာ ထောင့်တွင်ရှိနေသော အမျိုးသမီး နှစ်ယောက်ထဲမှ တစ်ယောက်၏လက်ကို အကြမ်းပတမ်း ဆုပ်ကိုင်လိုက်သည်။

“အ… မလုပ်..မလုပ်ပါနဲ့….”

ခွေးသေတစ်ကောင်ကို တရွတ်တိုက် ဆွဲသကဲ့သို့ ထိုသူသည် အမျိုးသမီးကို လက်မှ ဆုပ်ကိုင်၍ အိမ်အနောက်ဘက်သို့ ဆွဲခေါ်သွားလေရာ ထိုအမျိုးသမီးမှာ ငိုကြွေး ငြင်းဆန်လျက် အသံမှာလည်း တုန်ယင်နေသည်။ ယွင်ချဲ့နှင့် သူ၏ အပေါင်းအပါများကို သနားစဖွယ် ကြည့်လိုက်သော်လည်း သူမ အကူအညီ မတောင်းရဲပေ။

“သေစမ်း ကောင်မ …”

“အ …”

ခဏအကြာတွင် အိမ်အနောက်ဘက်မှ ယောကျ်ား၏ အော်သံနှင့် အမျိုးသမီး၏ သွေးပျက်ဖွယ် ညည်းတွား အော်ဟစ်သံတို့ကို ကြားလိုက်ရသဖြင့် ကျိုးဇယ်ယွီနှင့် အခြားသူများလည်း စားသောက်နေသည်ကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ် သွားကြလေသည်။

ကုန်လွန်ခဲ့သော ၁၀ ရက် အတွင်းတွင် ရက်စက်မှုများစွာ ကြုံတွေ့ခဲ့ရပြီးနောက် သူတို့၏ သနားညှာတာ ကြင်နာစိတ်များကို စွန့်လွှတ် ပစ်ခဲ့ကြသည်။ သို့သော်လည်း ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် အဓမ္မပြုခြင်းတို့ကို မိမိတို့ရှေ့ တွေ့ကြုံနေရသဖြင့် သူတို့၏ သနားစိတ်နှင့် မဟုတ်မခံ စိတ်တို့ ပြန်လည်နိုးကြား လာကြသည်။ အထူးသဖြင့် မိန်းမသားများ ဖြစ်ကြသော ယွင်ယောင်နှင့် ကျန်ယာဖေး တို့၏ စိတ်က ပို၍ပြင်းထန် နေလေသည်။

“ဘာလို့မစားကြတော့တာလဲ”

ယွင်ချဲ့မှာ ဂရုမစိုက်သည့် အပြင် စားမြဲစားနေလေသည်။ ရှင်းဖုန်းနှင့် သူ၏အပေါင်းအပါများလည်း သွေးအေးအေးဖြင့်သာ ငြိမ်လျက် နေကြလေသည်။

“အစ်ကို ချဲ့ ….”

ကျိုးဇယ်ယွီနှင့် ကျန်သော သူများ၏ အကြည့်တို့တွင် တောင်းဆိုနေသော အရိပ်အယောင်များ ထင်ရှားနေသဖြင့် ယွင်ချဲ့လည်း စားသောက်နေသည်ကို ရပ်ကာ တူတစ်စုံကိုလည်း ချထားလိုက်သည်။ ထို့နောက် အိတ်ကပ်ထဲမှ ဆေးလိပ် ယူထုတ်ကာ မီးညှိလိုက်ပြီး ….

“သူတို့ကို စတွေ့ကတည်းက ကူညီပေးဖို့ ပြောခဲ့ကြသေးလား”

မီးခိုးငွေ့များကြောင့် သူ၏မျက်လုံးထဲမှ ခံစားချက်တို့ကို မမြင်ရသော်လည်း အသံမှာ လွန်စွာ ပြတ်သား ကြည်လင်လျက်ပင်။ ကျိုးဇယ်ယွီနှင့် အခြားသူများမှာလည်း မချင့်မရဲ ဖြစ်သွားကြလေသည်။ ယွင်ချဲ့ စကားအမှန်ပင်၊ သူမတို့မှာ အတော်ကြာသည်တိုင် ကူညီကယ်ဆယ်ပေးရန် မပြောကြပုံမှာ ထိုလူတစ်စုကို ယွင်ချဲ့ အနိုင်မယူ နိုင်လောက်ဟု တွေးခဲ့ကြခြင်း ဖြစ်လိမ့်မည်။

သို့သော်လည်း ယွင်ချဲ့မှာ ထိုလူတစ်စုကို အနိုင်ယူ နိုင်ခဲ့သည့်အပြင် ရှင်းဖုန်းနှင့် နောက်လိုက်များ ရောက်လာသည့် အချိန်တွင်လည်း သူမတို့ တိတ်ဆိတ်နေလျက် ရှိသည်။ ဘာကြောင့်လဲ။ သူမတို့က မုဒိမ်းကောင်များနှင့် ပူးပေါင်း သရုပ်ဆောင်ကာ သူမတို့ကို ယွင်ချဲ့ ကယ်ဆယ်ပြီးလျှင် တစ်ဖန် ပြဿနာ ရှာမည်လား၊ ဒါမှမဟုတ် သူမတို့က ဒုက္ခရောက်နေသူများအဖြစ် ဟန်ဆောင်ကာ သူမတို့ကို ကယ်ဆယ်သူများအား တရားခံဖြစ်အောင် လုပ်နေကြသည်လား။

မည်သည့် အကြောင်းပြချက်ကြောင့်ပင် ဖြစ်ပါစေ အရေးမကြီးပါ။ သူမတို့အပေါ် သနားကြင်နာစိတ် ဖြစ်မိသည်က အလွန်ရူးမိုက်ရာ ကျလွန်းသည်။

“စားသောက်ပြီးရင် စောစောအိပ်ကြတော့ … ဒီညသန်းခေါင်ထိ ငါကင်းစောင့်ပေးမယ်”

ယွင်ချဲ့ ပါးစပ်တွင် ဆေးလိပ် ကိုက်ထားလျက် ထလိုက်ပြီး တစ်ဖက်ရှိ လူတစ်စုကိုလည်း အာရုံပင် တစ်ချက်မထားပေ။

“တကယ်လို့ သူတို့ အကူအညီ တောင်းလာရင်တောင် ကိုယ့်မှာ အစွမ်းမရှိဘဲ ကယ်လိုက်ရင် ကိုယ့်ဒုက္ခကိုယ် ရှာတာပဲ အဖတ်တင်မယ် … ပြီးတော့ သူတို့ တကယ် အကူအညီ လိုအပ်လား မလိုအပ်ဘူးလား ဆိုတာ သေချာ သတိထားကြည့်ကြ”

ယွင်ချဲ့၏ ပန်းကန်လုံးကို ရှင်းဖုန်း လှမ်းကြည့်လေရာ အနည်းငယ်သာ စားထားသဖြင့် ယွင်ချဲ့ကို လှည့်ကြည့် လိုက်သည်။ ယခု အခြေအနေတွင် သနားညှာတာခြင်းက အကြီးမားဆုံး အန္တရာယ် ဖြစ်သည်ကို မသိကြသေးသော လူတစ်စု၏ ကျောရိုးဖြစ်လိမ့်မည်ဟု ရှင်းဖုန်း ကောက်ချက်ချကာ မတ်တပ် ရပ်လိုက်သည်။

“ဒီက ညီအစ်ကိုတို့ .. ပွင့်လင်းလွန်းတဲ့ ကျွန်တော်တို့ ဆရာကို အပြစ်မမြင်ပါနဲ့ .. မင်းတို့ကလည်း ရိုးသားလွန်းတဲ့အပြင် အရာရာကို သနားတတ်တာကလည်း နေရာတိုင်း လိုလိုမှာ ရှိနေတတ်တယ်၊ ဒီလိုအချိန်မျိုးမှာပေါ့။ နောက်ပြီး အဲဒီစိတ်ကို ထိန်းနိုင်ဖို့လည်း မလွယ်လှဘူး .. အမှန်တိုင်း တစ်ခုပြောပြမယ်။ လုံခြုံရေး စခန်းမှာလည်း အဲဒီတစ်ခုကို ရှောင်ရှားလို့ မရဘူး .. အမျိုးသမီးတွေက ကိုယ့်စိတ်ကို ထိန်းပြီး မသန်မာလာနိုင်ဘူး ဆိုရင် အဲဒီအမျိုးသမီးက အသက်ဆက်ဖို့အတွက် ကိုယ့်ကိုယ်ကို ရောင်းစားကြရတယ်။ ဒီအမျိုးသမီး နှစ်ယောက်လည်း ဒုက္ခခံနေရတယ် ဆိုပေမယ့် သူတို့အသက်ရှင် နေကြပါသေးတယ် .. သူတို့ အသက်ရှင် နေကြတာကလည်း အပေးအယူတွေ ရှိကြလို့ပဲ။ သူတို့ အကူအညီ မတောင်းရဲတာက မင်းတို့နဲ့ အတူရှိနေဖို့က သင့်မသင့်တွေးနေကြလို့ဖြစ်မယ် … ပြီးတော့ မင်းတို့ဆီမှာလည်း မိန်းကလေး နှစ်ယောက်ရှိနေပြီး ဟိုအမျိုးသမီးတွေထက် ပိုချော ပိုလှကြတယ်။ ကျွန်တော်တို့ကလည်း ယောကျ်ားလေးတွေများတော့ သူတို့မပြောရဲကြတာလည်း ဖြစ်နိုင်တယ်”

ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ ထွက်သွားကြပြီးနောက် ရှင်းဖုန်း၏ ညာလက်ရုံးဖြစ်သူ ယန်းဟွိုင်အန်း သက်ပြင်း ချလိုက်လေသည်။ သူသည်လည်း ယွင်ချဲ့ကို များစွာ မျှော်လင့်ထားပြီး ရှင်းဖုန်း ကလည်း ယွင်ချဲ့အား သူတို့နှင့် ပူးပေါင်း စေချင်သည်ကို သူသိနှင့်ပြီး ဖြစ်သောကြောင့် ယန်းဟွိုင်အန်း စိတ်ရှည်လက်ရှည် ရှင်းပြနေခြင်း ဖြစ်သည်။

အရာရာ ပြောင်းလဲလာသဖြင့် ကမ္ဘာပျက်ကပ် မတိုင်ခင်က အနေအထားများသည် ယခုအခါ အသုံးမ၀င်တော့ပေ။ ၁၀ ရက်တာ အတွင်းမှာပင် အခြားသူများ အသက်ဆုံးရှုံး နေကြရသည်ကို သူတို့တွေ့ခဲ့ရပြီး ဖြစ်သည်။ ဆက်လက် အသက်ရှင်သန်ရန် အတွက် လူသားမျိုးနွယ်မှာ သူတို့ ထင်ထားသည်ထက် ပို၍ကြောက်မက်ဖွယ် ကောင်းလာတော့မည်။

ထိုစကားများကြောင့် ကျိုးဇယ်ယွီနှင့် ကျန်သော သူများ ရှက်ရွံ့စိတ်များ ဖြစ်ကာ ခေါင်းပင် မမော့နိုင်ကြတော့ပေ။ မလှုပ်မယှက် ရှိနေသူက လန်ယဲ့ဟန် တစ်ယောက်တည်းပင်။ ယွင်ချန်နှင့် ပတ်သက်သည့် အကြောင်း သို့မဟုတ် လူများက လွဲ၍ သူ့ကို တုန်လှုပ်အောင် မည်သူမှ မလုပ်နိုင်ပေ။ လူသား မဆန်ခြင်းနှင့် သွေးအေးနေခြင်းကြောင့် သူ့ကို အပြစ်ပုံချ နိုင်သော်လည်း ကမ္ဘာပျက်ကပ် အတွင်း ယွင်ချန် အသက်ရှင် လာနိုင်သည်ဟု ထိုသူဝန်ခံရပေလိမ့်မည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset