YMR- အခန်း ၂၂

အခန်း (၂၂)

“ငါ ပါမောက္ခ ဝမ် ပြောတာကို သဘောတူတယ် ဒါငါတို့ထဲက အများစု အန္တရာယ် ကင်းဖို့ပဲ”

“ငါလည်း သဘောတူတယ် ငါတို့အားလုံး တစ်ယောက်နဲ့ တစ်ယောက် စစ်ဆေးကြည့်လိုက်ရင် လူတိုင်းပိုပြီး စိတ်အေးရလိမ့်မယ်”

“ဒီလိုမလုပ်ရင် ဘယ်သူမဆို တကယ့် မကောင်းဆိုးဝါး ဖြစ်လာပြီးတော့ ငါတို့အားလုံး သေရလိမ့်မယ် ငါသဘောတူတယ်”

“ငါလည်း သဘောတူတယ်”

လူများသည် ထိုပြဿနာကြောင့် အားကစားရုံထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်နေလေသည်။ လူတစ်ယောက်က မတ်တပ်ရပ်ပြီး ထိုသို့ တုံ့ပြန်လိုက်သည့်အခါ အခြားသူများလည်း မတ်တပ် ရပ်လာကြသည်။ ပါမောက္ခ ဝမ် ဆိုသော သူက လက်တစ်ဖက်ကို မြှောက်ကာ ဆူညံသံတွေကို ထပ်မံ ရပ်တန့် လိုက်ပြန်လေသည်။

“လူအများစု သဘောတူတဲ့ အတွက် မြန်မြန်လေးပဲ လှုပ်ရှားလိုက်ရအောင် .. နှစ်ယောက် တစ်ဖွဲ့ဖွဲ့ပြီး အပြန်အလှန် စစ်ဆေးကြပါ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကို သပ်သပ်စီ ခွဲထားပါမယ် .. အားလုံး သိထားကြရမှာက အခုအချိန်မှာ ပေါ့ဆမှုလေး တစ်ခု ဖြစ်လိုက်တာနဲ့ ကျွန်တော်တို့အားလုံး သေသွားနိုင်တယ် ဆိုတာပဲ”

ပါမောက္ခ ဝမ်က ယွင်ချန် ဘက်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး ဦးဆောင်သူကဲ့သို့ ပြောဆိုနေလေသည်။ လန်ယဲ့ဟန် ခန့်မှန်းထား သကဲ့သို့ လူများကို သူ့ဘက် ပါအောင်လုပ် နေလေပြီ။

ဒဏ်ရာ မရသေးသူများက ပုံမှန်အတိုင်းပင် မည်သည့် ငြင်းပယ်မှုမျှ မရှိပေ။ မကြာခင်ပင် နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့ ဖွဲ့လိုက်ကြသော်လည်း ဒဏ်ရာ ရထားသူများက အတူပူးပေါင်းရန် ငြင်းဆန်ကြသည်။ သူတို့က ပါမောက္ခ ဝမ်ကို မကျေမချမ်းဖြင့် စိုက်ကြည့်နေကြပြီး အချို့က လှည့်ထွက်ပြေး ကြလေသည်။ ဖုတ်ကောင် မဖြစ်သေးပါဘဲနှင့် မည်သူကမျှ ကိုယ့်ဘဝကို အရှုံးမပေးချင်ပေ။

“သူတို့ကိုဖမ်း”

ပါမောက္ခ ဝမ်က အမိန့်ပေး လိုက်လေရာ အားလုံးလည်း ထိတ်လန့်သွားပြီး ထွက်ပြေး သူများကို ဖမ်းဆီးရန် ကြိုးစားလေတော့သည်။

“ငါမသေချင်ဘူး ငါမကောင်းဆိုးဝါး မဖြစ်ချင်ဘူး မလုပ်ပါနဲ့”

“ငါတို့က အခုထိ လူသားစစ်စစ်တွေပါ မင်းမှာ ငါတို့ဘဝကို အဆုံးအဖြတ် ပေးရလောက်အောင် အရည်အချင်း မရှိဘူး”

“……အား……..ငါမသေချင်ဘူး……”

ဒါဇင်ချီသော ဒဏ်ရာရပြီး သူများ ပြေးလွှားရင်းဖြင့် အော်ဟစ်ငိုကြွေး နေသော်လည်း အားကစားခန်းမ တံခါးက ပိတ်သွားခဲ့သဖြင့် သူတို့အားလုံး မလွတ်မြောက် နိုင်ကြတော့ဘဲ ဦးတည်ရာ မဲ့စွာသာ ထွက်ပြေး နေကြသည်။

သူတို့ အားလုံးတွေးမိသည့် အချက်မှာ ထိုလူများအားလုံး သူတို့ကို ဖမ်းမိသည်နှင့် ချက်ချင်း သူတို့ကို သတ်ပစ် လိုက်ကြလိမ့်မည်။

“မြန်မြန်လုပ်ကြ သူတို့ကိုဖမ်းကြ သူတို့မကောင်းဆိုးဝါး ဖြစ်လာရင် ငါတို့သေရလိမ့်မယ်”

လူတစ်ယောက်က စူးစူးဝါးဝါး အော်ဟစ် လိုက်ပြီးနောက်တွင် အနောက်မှ လိုက်ဖမ်းနေကြသူ အားလုံးလည်း ပို၍ပင် ခွန်အား အပြည့်ဖြင့် မရမက လိုက်ဖမ်းလေသည်။ သူတို့အားလုံး အရှိန်တင်ပြီး ဖမ်းဆီးဖို့သာ ကြိုးစားနေကြသော်လည်း ဒဏ်ရာရပြီး သူများသည် အခုအထိ ဖုတ်ကောင်များ မဖြစ်ကြသေးဘဲ လူသားများသာ ဖြစ်နေသေးသည် ဆိုသည့် အချက်ကို မည်သူမှ မစဉ်းစားမိကြပေ။ ထိုသူများအားလုံး ဖုတ်ကောင် ဖြစ်သွားပြီးသည့် နောက်တွင်မှ သတ်လျှင်လည်း နောက်မကျသေးပါ။

မကောင်းဆိုးဝါးများက ကြောက်စရာ ကောင်းပါသည်။ သို့သော် လူသားများက ပို၍ကြောက်စရာ ကောင်းသည်။

ဟွိုင်တက္ကသိုလ်တွင် ရှိသော စတိုးဆိုင်ကြီး တစ်ခုတွင်

“ရှောင်ချန်…”

စတိုးဆိုင်ကြီး အတွင်းတွင် ရှိသော ဖုတ်ကောင်များကို စောင့်ကြည့်နေရင်း ယွင်ယောင် ထိတ်လန့် ငိုကြွေးနေသကဲ့သို့ ယွင်ချဲ့လည်း ထိုနည်းတူစွာပင်။ ဒီနေရာမှာ ယွင်ချန် သူတို့ထံသို့ ပို့ပေးခဲ့သော လိပ်စာဖြစ်သည်။ သို့သော် အခုချိန်တွင် ကုန်စုံဆိုင်ကြီး တစ်ခုလုံး ဖုတ်ကောင်များဖြင့် ပြည့်နှက်နေလေပြီ။

“မျှော်လင့်ချက်တွေ မစွန့်လိုက်ကြနဲ့ .. ယွင်ချန်က အခြားတစ်နေရာကို ပြောင်းသွားပြီး ပုန်းနေတာလည်း ဖြစ်နိုင်တယ်”

မည်သူကမျှ ကိုယ်ချစ်မြတ်နိုး ရသူအား ဆုံးရှုံးလိုက်ရသည့် နာကျင်မှုကို သူ့ထက်ပို၍ မသိနိုင်။ စိုးရိမ် ဝမ်းနည်းလျက် ထိတ်လန့်နေကြသူ နှစ်ယောက်ကို ကြည့်ကာ ကျိုးဇယ်ယွီ အော်ပြောလိုက်သည်။

“မင်းတိုးတိုးပြောလို့ မရဘူးလား”

သူအော်လိုက်သောကြောင့် ဖုတ်ကောင်များ သူတို့ကို သတိထားမိသွားပြီး ကုန်စုံဆိုင် အပြင်သို့ ဦးတည်ကာ အစုလိုက် အဖွဲ့လိုက် ပြေးလာကြသဖြင့် ယွင်ချဲ့လည်း သူ၏အစ်မအား ဆွဲ၍ပြေးလေသည်။

ကျိုးဇယ်ယွီ ရှက်ရွံ့စွာဖြင့် သူတို့အနောက်မှ ပြေးလိုက်လာပြီး …

“ငါအဲ့လို မရည်ရွယ်ပါဘူး ယွင်ချန် ဘယ်မှာ ပုန်းနေလဲ စဉ်းစားကြည့်ဉီး”

သူတို့မှာလည်း ပြေးလွှားရင်းဖြင့် တဖြည်းဖြည်း ချဉ်းကပ်လာသော ဖုတ်ကောင်များကို ရှင်းလင်း ပစ်နေကြသည်။ ဟွိုင် တက္ကသိုလ်တွင် ရှိနေသော ဖုတ်ကောင်မှာ အလွန် များပြားနေသဖြင့် သူတို့ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ရန် မတတ်နိုင်ပေ။

“ယွင်ချန်က ရိုးသားတဲ့သူ တစ်ယောက်ပါ ဒီနေရာမှာ သေ‌ရေးရှင်ရေး မဖြစ်ခဲ့ဘဲနဲ့ သူထွက်သွားမှာ မဟုတ်ဘူး ပြီးတော့ ငါတို့အားလုံး သာမန် အတွေးအခေါ်နဲ့တော့ သူပုန်းနေမယ့် နေရာကို ရှာနိုင်မှာ မဟုတ်ဘူး”

နောက်ထပ် ဖြစ်နိုင်သည်က သူ ဧကန္တ……

ထိုစကားကို ယွင်ချဲ့ ထုတ်မပြောနိုင်ပေ။ သူကြောက်နေသည်ကို သူဝန်ခံပါသည်။ ရှက်ရွံ့မှုအစား ဖြစ်ပေါ်လာသော အကြောက်တရားသည် ယခုအချိန်ထိ သူအသက်ရှင် နေသေးသည့် သက်သေပင် ဖြစ်သည်။ သို့သော် အစ်မဖြစ်သူ ထိခိုက်မည်ကို ပို၍ ကြောက်မိလေသည်။ သူတို့ ယွင်ချန်ကို ရှာဖွေရန်အတွက် စောနိုင်သမျှ စောစော မသွားခဲ့လျှင် အရာအားလုံး သူစီစဉ်ခဲ့သည့် လမ်းကြောင်းမှ လွဲချော်သွားလိမ့်မည်။

“ငါတို့လုပ်နိုင်တာ ဦးနှောက်မရှိတဲ့ ကောင်တွေလို ပတ်ပြေးနေဖို့ပဲ”

ခုတ်ဖြတ်လိုက်ခံရသော ဖုတ်ကောင် တစ်ကောင်၏ ဦးခေါင်းက ဘေးတိုက် ဖြတ်သွားသဖြင့် ကျိုးဇယ်ယွီ တစ်ယောက် မျက်မှောင်ကြုတ်၍ ကြည့်နေသည်။ ဟွိုင်တက္ကသိုလ်သည် အနည်းဆုံး မီတာ တစ်သောင်းလောက် ကျယ်ဝန်းသဖြင့် အခြားသူများကို သူတို့ ဘယ်လို ရှာဖွေတွေ့နိုင်မှာလဲ။ သူတို့ရှာနေသူများသည် သေဆုံးပြီး နေသူများလည်း ဖြစ်နိုင်ပေသည်။

“မဟုတ်ဘူး သိပ်မဝေးတဲ့ နေရာတစ်ခုကနေ ငါအော်သံတစ်ခု ကြားတယ် လူတွေ စုဝေးနေမယ့် နေရာကို သွားကြစို့”

စမ်းချောင်းရေကြောင့် ယွင်ချဲ့၏ အာရုံငါးပါးသည် အခြားသာမန် သူများထက် ပိုမိုမှန်ကန် တိကျလာကာ ဖျော့တော့သည့် အလင်းရောင်၏ အောက်တွင် လူသားများ၏ အော်ဟစ်သံကို ကြားရပုံပေါ်သည်။ သူ၏ နက်မှောင်သော မျက်ဝန်းများသည် အရှေ့သို့ မျက်တောင်ပင် မခတ်ဘဲ စိုက်၍ ကြည့်နေလေသည်။

“သွားပြီ ငါတော့……”

ကျိုးဇယ်ယွီ၏ ညာဘက် လက်မောင်းသည် သူသတိမထားမိ လိုက်ချိန်မှာပင် ဖုတ်ကောင် တစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ သူသည် ဓားကိုင်ထားသည့် လက်ကို ပြောင်းလိုက်ပြီး ဓားဖြင့် ထိုဖုတ်ကောင်ကို ခုတ်သတ် လိုက်လေသည်။

“ဒါကိုသောက်လိုက်”

ယွင်ချဲ့သည် စမ်းရေပုလင်းကို ဆွဲထုတ်လိုက်ပြီး သူ့ထံသို့ လှမ်း၍ ပေးလိုက်သည်။ ယွင်ယောင် သည်လည်း သူမ၏ နာကျင်မှု ဝေဒနာကို ခေတ္တမေ့သွားပြီး သူတို့အား ကာကွယ်ရန် လျှောက်လာသည်။ ကျိုးဇယ်ယွီလည်း ငြင်းဆန် မနေတော့ဘဲ ရေဘူးကိုဖွင့်ကာ အငမ်းမရ သောက်လေသည်။ ယွင်ချဲ့သည် သူ့အား မည့်သည့် အခါတွင်မျှ ထိခိုက်စေလိမ့်မည် မဟုတ်ဟု တစ်ထစ်ချ ယုံကြည်သည်။

“ဒီကနေ ဘယ်ဘက် မီတာ ၅ဝဝ လောက်မှာ လူတချို့ ရှိမယ့်ပုံပဲ .. ကျိုးဇယ်ယွီ လုပ်စမ်းပါ ငါမင်းကို အထင်သေးရအောင် မလုပ်နဲ့”

“မင်းက ဘယ်တုန်းကများ ငါ့ကိုအထင်ကြီး သွားတာလဲ .. မင်း မပြေးဘူးလား”

လက်မောင်းပေါ်က ဒဏ်ရာသည် သိပ်မနက်သဖြင့် ကျိုးဇယ်ယွီ၏ တိုက်ခိုက်မှု စွမ်းရည်ကို မထိခိုက်နိုင်ပေ။ နှစ်ဦးသား၏ ငြင်းခုန်မှုများ နှင့်အတူ ထိုသုံးယောက်သည် သူတို့၏ ဦးတည်ရာ ပန်းတိုင်ဆီသို့ လျင်မြန်စွာ ဆက်လက် ရွေ့လျား လာကြလေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset