EYYJ အပိုင်း ၄၂

အပိုင်း (၄၂) အမျိုးသမီးဟန်ကို နှုတ်ဆက်ခြင်း

“ယိုကျင့်မလား၊ သမီးဘာလို့ မြို့ကို တက်လာတာလဲ”

အနည်းငယ် သင်္ကာမကင်းဖြစ်နေသည့် အမျိုးသမီးဟန်သည် ကောင်လေးတစ်ယောက်လို ဝတ်စားထားသည့် ယိုကျင့်ကို ကြည့်လိုက်၏။

“ ဒေါ်လေးက သမီးကို အဝေးကတည်းက မြင်နေတာ၊ အမြင်မှားတယ်လို့ထင်လိုက်တာ၊ သမီး ဘာလို့ မြို့ကို လာခဲ့တာလဲ”

ဟန်မိသားစု၏ ကုန်စုံဆိုင်သည် မနေ့ညက ယိုကျင့်တို့ တည်းခိုခဲ့သည့် လှည်းဆိုင်နှင့် တစ်လမ်းထဲတွင် ရှိနေသည်။ မနက်စာဝယ်ရန် ထွက်လာသည့် အမျိုးသမီးဟန်က မမျှော်လင့်ဘဲ ယိုကျင့်နှင့် သွားဆုံတော့သည်။

ယိုကျင့်သည် အမျိုးသမီးဟန်ကို ရှက်ရွံကာ ကြည့်လိုက်၏။ သူမသည် ဘယ်ကစပြောရမည်မသိ ဖြစ်နေလေသည်။ ထို့ကြောင့် အပေါ်ယံသာ ရှင်းပြလိုက်တော့သည်။

“ မြို့မှာ အရေးကြီး ကိစ္စလေး လုပ်စရာရှိလို့ပါ”

အမျိုးသမီးစုနှင့် ယွဲ့ချန်လုတို့ ကွာရှင်းသည့်ကိစ္စကို အမျိုးသမီးချန် မြန်မြန် ဆန်ဆန် သိသွားစရာအကြောင်း မရှိပေ။ ယိုကျင့်ကိုယ်တိုင်ကလည်း ရှင်းပြရန် ပျင်းနေတော့သည်။ ထို့ကြောင့် သူမသည် ထိုအကြောင်းကို မရေမရာ ခပ်ရေးရေးသာ ပြောချင်လေသည်။

“ သမီးလို ကောင်မလေးက မြို့မှ ဘာလုပ်နိုင်မှာလဲ၊ ဒေါ်လေးအိမ်မှာ လာထိုင်အုံး၊ တစ်ခုခုဆိုရင်လည်း သမီးရဲ့ဦးလေးကို ပြောလို့ရတယ်လေ၊ သူက မြို့မှာ အရာရောက်တဲ့သူတစ်ယောက်ပဲ”

အမျိုးသမီးဟန်သည် အနည်းငယ်ထူးဆန်းသည်ဟု ထင်လိုက်မိသည်။ သူမ၏မသိစိတ်က ယိုကျင့်ကို မလွှတ်လိုက်ချင်ပေ။ သူမသည် ယိုကျင့်၏ အင်္ကျီလက်ကို တင်းနေအောင် လှမ်းဆွဲထားလိုက်တော့သည်။

ယိုကျင့်သည် အမျိုးသမီးဟန်လက်ထဲက မလွှတ်နိုင်တော့ဘဲ ကြိတ်ကာ သက်ပြင်းချလိုက်ပြီး အမှန်အတိုင်း ပြောလိုက်တော့သည်။

“ ဒေါ်လေး သမီးအမေနဲ့ ယွဲ့ချန်လုတို့ ကွာရှင်းလိုက်ကြပြီ၊ သမီးတို့အားလုံး အမေ့နောက်လိုက်ခဲ့ကြပြီး ယွဲ့အိမ်က ထွက်လာခဲ့ကြတာ၊ သမီး အိမ်ထောင်စုစာရင်း လာသွင်းတာ”

“ ဘယ်လို ကွားရှင်းကြတယ်”

ခဏတာ အံ့ဩတကြီးဖြင့် အမျိုးသမီးဟန်၏အသံသည် မသိလိုက်ဘဲ အနည်းငယ် ကျယ်သွားတော့သည်။ သူတို့နှစ်ယောက်နားက ဆိုင်ထဲမှ အကြည့်တချို့ကို ဆွဲဆောင်လိုက်တော့သည်။

“ ဒေါ်လေးတို့ အိမ်ကထွက်လာတာ တစ်လတောင် မပြည့်သေးဘူးလေ၊ ရုတ်တရက်ကြီး ဘယ်လို ကွာရှင်းဖြစ်ကြတာလဲ”

ယိုကျင့်သည် သက်ပြင်းချလိုက်ပြီး

“ဒေါ်လေး၊ ဒါက ရုတ်တရက်ကြီးတဲ့လား၊ သမီး ထပ်မပြောချင်တော့ဘူး၊ သမီး အိမ်ထောင်စုစာရင်းသွင်းဖို့ ရုံးတော်ကို သွားရအုံးမယ်”

ထိုနောက်တွင် သူမသည် အမျိုးသမီးဟန်၏ ဖမ်းဆုပ်ထားသည့်လက်ကို လွှတ်လိုက်ချလေသည်။

အမျိုးသမီးဟန်က သူမကို မြန်မြန်ပြန်ဆွဲထားလိုက်ပြီး

“ သမီးက မိန်းမငယ်လေးတစ်ယောက်ပဲ၊ ရုံးတော်ထဲကို ဝင်ဖို့မလွယ်ဘူး၊ အဒေါ်မိသားစုရဲ့ ညီမလေးတစ်ယာက်ရဲ့ ယောက်ျားက ပွဲစားလုပ်နေတာလေ၊ အဒေါ် သမီးကို အကူအညီပေးလို့ရအောင် သူ့ဆီခေါ်သွားပေးမယ်”

အမျိုးသမီးဟန်သည် ဘာဖြစ်ခဲ့မှန်း မသိသော်လည်း ယိုကျင့်ကို ကူညီရန် မသိစိတ်က အလိုလိုပါးစပ် ဖွင့်ပြီးသား ဖြစ်သွားလေသည်။

သူမ ပြောလိုက်သည့်စကားကို ကြားလိုက်ချိန်တွင် ယိုကျင့်လည်း ဒါက အဓိပ္ပာယ်ရှိသည်ဟု ခံစားမိလေသည်။ ထို့ကြောင့် သူမက သဘောတူလိုက်၏။ သူမ ထွက်မသွားသည်ကို မြင်လိုက်သဖြင့် အမျိုးသမီးချန်သည် ဆိုင်သို့ မြန်မြန်ပြန်လာပြီး လက်တိုလက်တောင်းခိုင်းသည့်ကောင်လေးကို မှာစရာရှိတာ မှာလိုက်လေသည်။ ထို့နောက်မှ သူမသည် ထွက်လာကာ ယိုကျင့်ကို ပွဲစားထံ ခေါ်သွားလိုက်တော့သည်။

ဟယ်မျိုးရိုးအမည်ရှိသည် ပွဲစားသည် အမျိုးသမီးဟန်က ဆွေမျိုးတစ်ယောက်အား ခေါ်လာသည်ကို တွေ့လိုက်ရသဖြင့် ငွေများများ မတောင်းချေ။ ငွေလျန်း ၅စသာ တောင်းလေသည်။ တစ်နာရီအတွင်း တံဆိပ်ခေါင်းအနီ ထုထားသည့် ကွာရှင်းစာချုပ်နှင့် စုယိုကျင့်နာမည်နှင့် လျှောက်ထားသည့် အိမ်ထောင်စုဇယားကို ယူပြန်လာခဲ့လေသည်။

“ ကလေးမ နင်လိုချင်တာ ငါလုပ်ပေးခဲ့ပြီ၊ အားလုံးလည်း ရှင်းလင်းပြီးသား၊ ကိုင်း ဒါတွေကို သေသေချာချာ သိမ်းနော်”

ယိုကျင့်သည် စာရွက်ကို သေသေချာချာ ကြည့်လိုက်ပြီးနောက် သိမ်းထားလိုက်တော့သည်။

“ သမီးကိုယ်စား လုပ်ပေးခဲ့တဲ့အတွက် ဦးလေးဟယ်ကို ကျေးဇူးတင်ပါတယ်ရှင်”

ထို့နောက် သူမသည် နောက်သို့ပြန်လှည့်ကာ သူမကို စောင့်နေသည့် အမျိုးသမီးဟန်အား လေးလေးနက်နက် ဦးညွှတ်လိုက်၏။

“ ကျေးဇူးတင်ပါတယ် ဒေါ်လေး”

အမျိုးသမီးဟန်သည် ပြုံးကာ လက်ခါပြလိုက်ပြီး

“ ဒီလုပ်ကို သမီးလို ကလေးမလေးတစ်ယောက်အတွက် မလွယ်ကူဘူးလေ၊ ဒါကြောင့် ဒေါ်လေးက ကူညီပေးတာပါ၊ အခု ကိစ္စလည်း ပြီးသွားပြီဆိုတော့ သမီးရဲ့ ဒေါ်လေးကို သမီးရဲ့အမေဆီ ခေါ်သွားပေးပါလား”

နောက်ဆုံးတွင် ၁၅နှစ်လုံးလုံး ပြန်မတုံ့ပြန်တတ်သည့် အမျိုးသမီးစုကို သည်တစ်ကြိမ်တွင် အလွန်ခက်ခက်ခဲခဲ ပြန်တိုက်နိုင်အောင် လုပ်ခဲ့သည့်အရာကို အမျိုးသမီးဟန် သိချင်နေသေးသည်။

ယိုကျင့်သည် စဥ်းစားလိုက်ပြီးမှာ ခေါင်းညိတ်သဘောတူလိုက်တော့သည်။ ပွဲစား၏ဆိုင်မှ ထွက်လာပြီးနောက် သူမသည် အမျိုးသမီးဟန်ကို မြည်းလှည်းဆိုင်သို့ ခေါ်ပြန်လာခဲ့လေသည်။

***

ကွာရှင်းရလောက်သည့် အကြောင်းအရာကို အမျိုးသမီးစုက အလိုက်အထိုက် ရှင်းပြနေသည်ကို နားထောင်လိုက်ပြီးနောက် အမျိုးသမီးဟန်သည် မကြားဖူးသည်ကို ကြားလိုက်ရသဖြင့် အနည်းငယ်တုန်ယင်သွားတော့သည်။

“ ဒါက ဒုတိယအစ်ကိုကြီးရ့ သားသမီးအရင်းတွေလေ၊ တကယ်ပဲ ရေနှစ်သတ်ချင်တာတဲ့လား၊ အိမ်မှာ အဲလောက်တောင် ခက်ခဲနေကြပြီလား”

ယွဲ့မိသားစုက လူအားလုံး၏ ရက်စက်မှုကို တွန်းလှန်နိုင်နေခဲ့သဖြင့် သူမသည် အမျိုးသမီးစုက မီးပုံထဲမှ ခုန်ထွက်လာသည်ကို စိတ်အေးသွားတော့သည်။

“ ဒါပေမဲ့ အခုတော့ အားလုံးကောင်းသွားပါပြီ၊ ရှင် ကလေးတွေနဲ့ ယွဲ့မိသားစုက ထွက်လာခဲ့ပြီ၊ အနည်းဆုံးတော့ ဒီကလေးနှစ်ယောက်အတွက် ကောင်းတဲ့ကိစ္စပါပဲ မဟုတ်ဘူးလား၊ ဒါဆို အနာဂတ်အတွက် ရှင်ဘယ်လို စဥ်းစားထားလဲ”

အမျိုးသမီးစုသည် ခဏလောက် စဥ်းစားလိုက်ပြီးမှ ပြောလိုက်လေသည်။

“ကျွန်မတို့တွေ နောက်တစ်ရက် နှစ်ရက်လောက်နေရင် တင်းယွမ်စီရင်စုကို သွားပြီး နောက်တစ်နေရာကို ပြောင်းနေမလို့၊ အရာအားလုံးကို အတိတ်မှာပဲ မြှုပ်ထားခဲ့တယ်လို့ မှတ်ရမှာပေါ့၊ ရှင် ဒီနေ့လည်း ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့ပါပြီ ဒါပေမဲ့ ကျွန်မတို့နဲ့ တွေ့ခဲ့တဲ့အကြောင်းကို လောင်စန်းကို ကျေးဇူးပြုပြီး မပြောလိုက်ပါနဲ့နော်၊ ကျွန်မတို့ ကိစ္စတွေကြောင့် ရှင့်ဘဝကို ထိခိုက်မှာ မလိုလားဘူး”

အမျိုးသမီးဟန်သည် သက်ပြင်းချလိုက်လေသည်။ မကြာခင်ကမှ သန်မာလာကြသည့် ပုခက်ထဲက ကလေးနှစ်ယောက်ကို ကြည့်လိုက်ပြီး သူမသည် အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။

“ကျွန်မ သိပါတယ်၊ ရှင်တို့တွေ ဒီလောက်မြန်မြန်ကြီး ထွက်မသွားကြဘူးဆိုတော့ ကျွန်မ နောက်နှစ်ရက်နေရင် ထပ်လာခဲ့အုံးမယ်၊ တစ်ခုခုဖြစ်ရင် ကျွန်မကို ကျွန်မမိသားစုရဲ့ ဆိုင်မှာ ယိုကျင့်နဲ့ လာခေါ်ခိုင်းလိုက်နော်”

သမီးယောက်မနှစ်ယောက်သည် အတန်ကြာအောင် စကားပြောလိုက်ကြပြီးနောက် အမျိုးသမီးဟန်သည် စိတ်နှင့်ကိုယ်မကပ်စွာ မြည်းလှည်းဆိုင်မှ ထွက်လာခဲ့တော့သည်။

နောက်နှစ်ရက် ကုန်သွား၏။ ယိုကျင့်သည် စီရင်စုအတွင်း လှည့်ပတ်သွားလာခဲ့ပြီး မြည်းလှည်းဆိုင်ရှင်နှင့် လာရောက်တည်းခိုကြသည့် ကုန်သည်များဆီမှလည်း သတင်းအများအပြား စုဆောင်းခဲ့လေသည်။ နောက်ဆုံးတွင် သူမသည် မိသားစုနှင့်အတူ တောင်ပိုင်းတင်းယွမ် စီရင်စုမြို့မှတစ်ဆင့် ၅ရက် ၊ ၆ရက်တာဝေးကွာသည့် လော့ဟယ်ပြည်နယ်သို့ သွားရန် ဆုံးဖြတ်လိုက်တော့သည်။ ကုန်ခြောက်များကို ပြင်ဆင်ထားလိုက်ပြီး သန်ဘက်ခါတွင် တောင်ပိုင်းသို့ သွားမည့် ကုန်သည်အဖွဲ့ကို ကြိုအကြောင်းထားလိုက်လေသည်။ သူမသည် အပြန်အလှန် စောင့်ရှောက်ခြင်းဟု သတ်မှတ်နိုင်သည့် သူတို့၏ ကုန်သည်ယာဥ်တန်းနောက်မှ လိုက်ပါနိုင်ရန် ငွေတချို့ကို ပေးထားလိုက်လေသည်။

သူတို့ မထွက်ခွာခင် တစ်ညတွင် အမျိးသမီးဟန်သည် အထုပ်ကြီးတစ်ထုပ်ကို သယ်ကာ ညမှောင်မှောင်တွင် မြည်းလှည်းဆိုင်ကြီးသို့ ရောက်လာခဲ့လေသည်။

အထုပ်ကြီးကို ခုတင်ပေါ်တွင် တင်လိုက်ပြီးနောက် သူမ၏ရင်ဘတ်ထဲက အိတ်လေးတစ်ခုကို ထုတ်ကာ ယိုကျင့်လက်ထဲ အတင်းထည့်ပေးလိုက်လေသည်။

“သမီးတို့ အခုအချိန်မှာ ငွေတွေလိုနေမှာပဲ၊ ဒီငွေနည်းနည်းလေးက အများကြီး အကူအညီ ဖြစ်မှာမဟုတ်ပေမဲ့ အထုပ်ထဲမှာ ယိုဟယ်နဲ့ ဒေါ်လေးရဲ့ အဝတ်အစားတချို့ပါတယ်၊ နည်းနည်းတော့ ဟောင်းနေပြီဆိုပေမဲ့ ဝတ်လို့ရပါသေးတယ်၊ ဒေါ်လေးရဲ့ စေတနာလေးပါ”

ယိုကျင့်သည် လက်ထဲက လေးလံသည့်အိတ်လေးကို ကိုင်ထားလေသည်။ သူမ၏မျက်လုံးများသည် အနည်းငယ် နီလာလေသည်။ အမျိုးသမီးဟန်သည် သူတို့မိသားစု၏ ဖြောင့်မတ်မှန်ကန်သည့် ကျေးဇူးရှင်ဟု အမှန်ပင် ဆိုနိုင်လေသည်။

“ ဒေါ်လေး ဒေါ်လေးရဲ့ ကြီးမားတဲ့စေတနာတွေကို သမီး အနာဂတ်မှာ အခွင့်အရေးရခဲ့ရင် သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်”

“ဒီကလေးကတော့ ဒေါ်လေးတို့က မိသားစုတစ်ခုထဲ ဖြစ်ခဲ့ဖူးတာပဲ မဟုတ်ဘူးလား၊ ကျေးဇူးပြန်ဆပ်မယ် မဆပ်ဘူးတွေက မလိုပါဘူး”

အမျိုးသမီးဟန်သည် စကားနည်းနည်းပါးပါး ပြောပြီးနောက် ပြုံးကာ နှုတ်ဆက်ပြီး ပြန်သွားလေသည်။

“ ကောင်းပါပြီ၊ နောက်ကျနေပြီ၊ သမီးတို့ နားကြတော့ ၊ လော့ဟယ်ပြည်နယ်မှာ အခြေကျသွားရင် ဒေါ်လေးကို စာပို့ဖို့ မမေ့နဲ့နော်”

အမျိုးသမီးဟန်ပေးသည့် အိတ်ထဲတွင် ငွေလျန်း ၁၃လျန်း ပါလေသည်။ ဒါသည် သူမ နှစ်ပေါင်းများစွာ သီးသန့်စုဆောင်းလာခဲ့သည့် ငွေများဖြစ်ရမည်။ ငွေ ၁၃လျန်း မှာ တောရွာက မိသားစုတစ်ခုအတွက် နည်းသည့်ငွေပမာဏမဟုတ်မှန်း သိလေသည်။ အမျိုးသမီးဟန်သည့် သည်ငွေများ ပြန်မရမည်ကို သိထားသည့်တိုင် သည်လောက်များသည့်ငွေများကို ပေးလိုက်သေးသည်။ သူတို့သည် စိတ်ထဲတွင် မခံစားရဘူးဟုပြောလျှင် လိမ်ညာနေခြင်းပင်။

အမျိုးသမီးဟန် လက်ဆောင်ပေးခဲ့သည့် ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီးနောက် စုမိသားစုဝင် ၁၀ယောက်သည် မီးများကို မှိတ်လိုက်ပြီး စောစောအိပ်လိုက်ကြတော့သည်။ နောက်ဆုံး သူတို့သည် မနက်ဖြန်ကစပြီး ၅ရက် ၆ရက်တာခရီး ထွက်ရတော့မည်။ သူတို့၏အားများကို ပြည့်အောင်လုပ်ရပေမည်။

***

အမျိုးသမီးစု၏ခန္ဓာကိုယ်သည့် အားနည်းပြီးဖြစ်သည်။ ထို့အပြင် သူမသည် မီးတွင်းထဲက မထွက်ရသေးချေ။ မရပ်မနား ခရီးသွားခြင်း၏ နှိပ်စက်မှုကြောင့် ယိုကျင့်တို့ မိသားစုဆယ်ယောက် လော့ဟယ်ပြည်နယ် မရောက်ခင်မှာပင် အမျိုးသမီးစုသည် နေမကောင်း ဖြစ်တော့သည်။ အားနည်းဆုံးဖြစ်သည့် ခမ်းအာလည်း စဖျားလာတော့သည်။ တဒုတ်ဒုတ်ခုန်သည့် မြည်းလှည်းထဲတွင် ထိုင်ရင်း ဝန်စည်များကို မှီထားကာ ဖြူဖျော့နေသည့် အမျိုးသမီးစု၏မျက်နှာပေါ်တွင် အပြစ်ရှိသည့် အပြုံးတစ်ခုဖြင့်

“ ဒါတွေအားလုံး အမေ့အမှားတွေပါ၊ သမီးတို့ကို အမြဲတမ်း ဒုက္ခပဲပေးမိနေတယ်”

အငယ်လေးများသည် အလွန်ဝမ်းနည်းသွားပြီး ဘာလုပ်ရမည်မသိတော့ဘဲ မျက်ရည်ဝဲလာတော့သည်။ ယိုကျင့်လည်း အလွန်စိုးရိမ်နေမိ၏။ လက်ရှိတွင် သူတို့သည် ဘယ်မှသွားလာလို့ မရချေ။ သူမတို့ ဆန္ဒရှိလျှင်တောင် သမားတော်ကို ရှာလို့မရချေ။ သူမသည် အမျိုးသမီးစုနှင့် ကလေးများကို နှစ်သိမ့်ပေးခြင်းသာ လုပ်နိုင်တော့သည်။ အမျိုးသမီးစုသည် နောက်နှစ်ရက်လောက်အထိ သည်းခံထားရန် သူမကိုယ်သူမ အားတင်းထားခဲ့လေသည်။ ထို့နောက်တွင်တော့ ဝန်စည်လှည်းများသည် လော့ဟယ်ပြည်နယ်သို့ ဝင်ရောက်လာခဲ့လေသည်။

လော့ဟယ်ပြည်နယ်သို့ ဝင်လိုက်ပြီးနောက် ယိုကျင့်သည် လှည်းသမားကို ဆေးခန်းပို့ပေးရန် ချက်ချင်း တောင်းဆိုလိုက်လေသည်။ အမျိုးသမီးစု၏ခန္ဓာကိုယ်သည် အားနည်းသော်လည်း ကံအားလျော်စွာ နာတာရှည်ထိခိုက်မှု မရှိချေ။ ဆေးခန်းက ဆေးညွှန်းပေးလိုက်၏။ ဆေးခန်းက ဆေးကို သောက်လိုက်ပြီးနောက် သူတို့သည် လှည်းဆိုင်ကြီးတစ်ခုကို ရှာလိုက်ပြီး အခန်းကြီးတစ်ခန်းကို ငှားရမ်းလိုက်ကြလေသည်။ စုမိသားစုဝင်အားလုံးသည် လော့ဟယ်ပြည်နယ်တွင် ယာယီခြေချကာ အနားယူနိုင်ပြီဖြစ်သည်။

တင်းယွမ်စီရင်စုတွင် တွေ့ကြုံခဲ့ပြီးနောက် ယိုကျင့်သည် အတွေ့အကြုံများကို သင်ယူခဲ့ရသည်။ သူမသည် လှည်းဆိုင်ပိုင်ရှင်ထံတွင် အနီးအနားက ပွဲစားများကို စုံစမ်းလိုက်လေသည်။ သူမသည် လော့ဟယ်တွင် အခြေချလိုလျှင် အရင်ဆုံး အိမ်ထောင်စုစာရင်း သွင်းရမည်။ ထို့နောက်တွင်မှ အိမ်ထောင်တစ်ခု တည်ဆောက်နိုင်မည်။

လော့ဟယ်ပြည်နယ်သည် အဓိကမြို့ကြီးတစ်ခု ဖြစ်၏။ ကျေးလက်ဒေသ၊ လူဦးရည်၊ ကျွယ်ဝမှုကလည်း တင်းယွမ်မြို့ထက် အဆပေါင်းများစွာ သာလေသည်။ ကုန်ကျစားရိတ်က တင်းယွမ်မြို့ထက် ပိုများသည်က သဘာဝပင်။ အိမ်ထောင်စုစာရင်းသွင်းခြင်းက ငွေ၂စ ကုန်ကျလေသည်။ သို့သော် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရှာဖွေလျှင်တောင် ယိုကျင့်မှာ အိမ်တစ်လုံး ဝယ်ဖို့တော့ မတတ်နိုင်ချေ။

သူမ၏ တွေဝေနေသည့်မျက်နှာကို ကြည့်ရင်း ပွဲစားက ပြောလိုက်လေသည်။

“ ကလေးမ ငါ့စျေးက အရမ်းကိုတန်ပါတယ်၊ ခြံဝင်းသေးသေးလေးနဲ့ အိပ်ခန်းတစ်ခန်းပဲပါတဲ့ လော့ဟယ်က အသေးဆုံးအိမ်တောင် ငွေလျန်း ၄၀ လောက်ကျတယ်”

ယိုကျင့်သည် ခေါင်းခါလိုက်ပြီး

“ ဦးလေးချန် ဒီစျေးက အရမ်းများတယ်၊ ကျွန်မ မြို့ထဲကအိမ်တွေကို ဝယ်မှာမဟုတ်ဘူး၊ မြို့ပြင်က အိမ်ကိုဝယ်ရလည်း အဆင်ပြေတယ်၊ တစ်ခုပဲ လော့ဟယ်မြို့နဲ့တော့ အရမ်းဝေးလို့မရဘူး”

“ လော့ဟယ်မြို့နဲ့ အရမ်း မဝေးဘူးဆိုရင် တစ်နေရာတော့ သိတယ်၊ မြို့အနောက်ဖက်ဂိတ်ကနေဆို ၅မိုင်လောက်ပဲ ဝေးမယ်၊ စျေးလည်းမကြီးဘူး၊ အပြင်မှာ မြေလွှတ်တစ်ဧကနဲ့ အခန်းသုံးခန်းပါတဲ့ ခြံကြီးတစ်ခုပဲ၊ စုစုပေါင်း ငွေ ၁၀စပဲ၊ ဘယ်လိုလဲ”

ပွဲစားချန်သည် ထိုအိမ်မျိုးကို အမှန်ပင် တွေးတတ်လေသည်။

“ ဘာလို့ အဲလောက်တောင်စျေးသက်သာတာလဲ”

ချွေ့ဖုန်းရွာမှာတောင် ငွေ ၁၀စနဲ့ ခြံဝင်းတစ်ခုပါတဲ့ ၃ခန်းတွဲအိမ်တစ်လုံး မရနိုင်ဘူးလေ။ မြေလွှတ်တစ်ဧကပါဆိုရင် ပြောစရာတောင်မလိုဘူး။ ယိုကျင့်သည် အပေါ်ယံခန့်မှန်းလိုက်လေသည်။

“ အိမ်မှာ တစ်ခုခု ဖြစ်ထားလို့လား”

ကလေးမလေးတစ်ယောက်ဖြစ်သဖြင့် ပွဲစားသည့် စျေးပေါသဖြင့် ချက်ချင်းဖမ်းဆွဲထားလိမ့်မည်ဟု ပွဲစားက ထင်ထားလေသည်။ သူမသည် ထိုမျှပါးနပ်လိမ့်မည်ဟုတော့ လုံးဝထင်မထားခဲ့ချေ။ ထို့ကြောင့် သူက မဖြေချင် ဖြေချင်ဖြင့် ပြောလိုက်တော့သည်။

“ ပြဿနာအကြီးကြီးတော့ မဟုတ်ပါဘူး၊ ဒီလိုပါ၊ မူလနေထိုင်တဲ့မိသားစုမှာ သမီးတစ်ယောက် ရှိတယ်လေ၊ သမက်တစ်ယောက်ရှာပြီး လက်ထပ်ပေးချင်ခဲ့တာ၊ အဲဒီသမက်က အပြင်မှာ ပွေရှုပ်လို့ဆိုပြီး အဲဒီအိမ်က မိန်းကလေးရဲ့ ဓားနဲ့ ထိုးသ-တ်တာခံလိုက်ရတယ်။ အဲဒီမိန်းကလေးကလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လေ….”

ဝူလီချောင်က အိမ်သည် နှစ်အနည်းငယ်လောက် လွှတ်နေ၏။ ထိုအချိန်က ကိစ္စကြီးတစ်ခုပင်။ စုံစမ်းချင်သူတိုင်း သိနိုင်လေသည်။ ပွဲစားချန်က ဖုံးကွယ်မထားချေ။

“ ဒါပေမဲ့ ကလေးမ ငါ မင်းကိုပြောပြမယ်၊ အဲအိမ်က အုတ်အပြာ ၊ ကြွေပြားတွေနဲ့ ဆောက်ထားတဲ့အိမ်နော်၊ နှစ်တော်တော်ကြာတဲ့အထိ လွတ်နေပေမဲ့ အိမ်ကတော့ အပျံစားပဲ၊ သန့်ရှင်းရေး လုပ်ပြီးသွားရင် နေလို့ရသွားပြီ၊ နင် ဒါကို ကြိုက်သေးဘူးဆိုရင် စျေးကို ထပ်ညှိလို့ရပါသေးတယ် ဟုတ်ပြီနော်….”

“ ဒါဆိုရင် တစ်ချက်လောက် သွားကြည့်ရအောင်လေ”

ယိုကျင့်သည် သရဲတို့ နတ်တို့ကို အရင်က အယုံအကြည် မရှိခဲ့ချေ။ သို့သော် သူမ ကူပြောင်းလာပြီးနောက် သည်ကိစ္စများမှာ မဖြစ်နိုင်သည့်ကိစ္စတော့ မဟုတ်ချေ။ အဲဒီမိန်းကလေးက အကြင်နာမဲ့တဲ့ ယောက်ျားတစ်ယောက်ကို သတ်နိုင်တယ်ဆိုတော့ သူမက ကြောက်စရာကောင်းတဲ့သူတစ်ယောက်ပဲ ဖြစ်ရမယ်။ သူမက သူတို့လို လူကြီးနဲ့ ကလေးတွေကိုတော့ အခက်တွေ့အောင် မလုပ်လောက်ပါဘူးလေ။

ပွဲစားချန်သည် သူ့လျှာကို သုံးကား ယိုကျင့်ကို ဆက်နားချချင်နေသေး၏။ မျှော်လင့်မထားဘဲ သူမက သွားကြည့်ရန် ခေါင်းညိတ်သဘောတူလိုက်လေသည်။ ချက်ချင်းလိုပင် သူသည် သွားဖြီးကာ ပြောလိုက်တော့သည်။

“ အိုး ကောင်းပါပြီ သွားစို့၊ အခုသွားကြည့်ကြမယ်”

ထိုအိမ်သည် ဝူလီချောင်ဟု ခေါ်သည့် ရွာစွန်တွင်ရှိသည်။ မြစ်တစ်ခုနှင့် ခြားထားလေသည်။ မြစ်အရှေ့ဖက်ခြမ်းတွင် ဝူလီချောင်ရွာသားအများစုက အတူတူနေထိုင်ကြလေသည်။ မြစ်၏ အနောက်ဖက်တွင်တော့ ဝူလီချောင်ရွာမှ မီတာ သုံး လေးရာအကွာတွင် သည်အိမ်ကြီးက သီးခြား ရှိနေလေသည်။ လူသေထားသည့် အိမ်တစ်လုံးဖြစ်သော်လည်း ပွဲစားချန်က သူမကို နှပ်မချပေ။ အရွယ်အစားက ယွဲ့မိသားစုအိမ်လောက်ရှိသည်။ အိမ်သည် နှစ်နှစ် သုံးနှစ်လောက် လွှတ်နေပြီး ခြံထဲတွင် ပေါင်းမြက်များ ထူနေသော်လည်း အိမ်၏ပင်ထောက်တိုင်က အကောင်းအတိုင်းရှိသေးကာ ကြံ့ခိုင်လေသည်။

ပွဲစားချန်နောက်မှ တစ်ပတ် နှစ်ပတ်လောက် လိုက်ပတ်ကြည့်လိုက်ပြီးနောက် ယိုကျင့်သည် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်တော့သည်။ လူသေမှု ဖြစ်ထားသော်လည်း အိမ်က မဆိုးချေ။ တောင်များနှင့် မြစ်တို့က ဝန်းရံထားသည်။ အိမ်သည်လည်း အတန်အသင့်ကြီးမားပြီး မြေလည်း ပိုင်သေးသည်။ စျေးပေါပေါနှင့် ရလိုက်သည်က သေချာပေါက် အကောင်းဆုံးရွေးချယ်မှုပင်။

သူမ တော်တော် ကျေနပ်နေသည်ကို မြင်လိုက်ရသဖြင့် ပွဲစားချန်က ဝမ်းသာအားရ မေးလိုက်လေသည်။

“ မိန်းကလေးစု ငါ နင့်ကို မနှပ်ချဘူးနော် ဟုတ်တယ်မလား၊ ဒီအိမ်က တကယ်ကောင်းတာ”

သူသည် ဟိုတုန်းက သည်အိမ်ကို မှားဝယ်ခဲ့ခြင်းပင်။ နှစ်အနည်းငယ်ကြာပြီးနောက် မည်သူမှ သည်အိမ်အကြောင်း မမေးတော့ချေ။ အခုတော့ အိမ်တံခါးကို လာခေါက်သည့် အရူးတစ်ယောက် ရှိလာချေပြီ။ သူ့ငွေကို မဆုံးသ၍ သူသည် သည်အိမ်ကို လက်လွှတ်နိုင်လေသည်။

“ ဦးလေးချန် ဒီအိမ်က မနေတာ နှစ်နည်းနည်းကြာနေပြီ၊ အိမ်သန့်ရှင်းရေးလုပ်ဖို့ ကျွန်မ ငွေတွေ အများကြီးသုံးရအုံးမှာ၊ ပြီးတော့ ဒီအိမ်က သိပ်တော့ ကံမကောင်းဘူး….”

ယိုကျင့်သည် အိမ်ကို ပတ်ကြည့်လိုက်ပြီးနောက် တွေဝေနေသည့်ဟန် ထုတ်ပြလိုက်လေသည်။

သူမက တွေဝေနေသည်ကို မြင်လိုက်ရသဖြင့် ပွဲစားချန်က မြန်မြန်ပြောလိုက်လေသည်။

“ မိန်းကလေးစု ဒီလိုဆိုရင်ကော၊ နင် တကယ်လိုချင်တယ်ဆိုရင် ငွေ၈စနဲ့ ပေးမယ်၊ ဒီထက်တော့ လျှော့လို့ မရတော့ဘူး၊ ငါ့မှာ ရုံးတော်ကို အိမ်ဂရံလည်း သွားယူပေးရအုံးမယ်၊ အိမ်အခွန်နဲ့တင် ငွေ ၁စ ၂စလောက် ကျနေပြီ”

“ ငွေ ၇စ ၊ ဦးလေး အဆင်ပြေတယ်ဆိုရင် ကျွန်မ ဒီအိမ်ကို ဝယ်မယ်”

ငွေတစ်ပြားလည်း တစ်ပြား ချွေတာရမည့်အသိဖြင့် ယိုကျင့်သည် စျေးကို နောက်ထပ် ငွေတစ်စ ချလိုက်လေသည်။

ပွဲစားချန်သည် သူမက အိမ်ကို အမှန်တကယ် လိုချင်နေမှန်း သိလေသည်။ သည်သရဲခြောက်သည့်အိမ်ကို မည်သူမှ မဝယ်မှာလည်းစိုးသည်။ သူသည် သည်အခွင့်အရေးနှင့် လွဲသွားပြီး ပွဲပျက်သွားမည်ကိုလည်း စိုးသည်။ ထို့ကြောင့် သူသည် ဆတ်ခနဲ ခေါင်းညိတ်လိုက်တော့သည်။ နှစ်ယောက်သားသည့် မြို့ဆီသို့ ပြန်လာခဲ့ကြ၏။ သူတို့သည် နေ့လယ်ခင်းတွင် အိမ်ဂရံကို လဲလှယ်ခဲ့ကြသည်။ တစ်နေ့ထဲတွင် ယိုကျင့်သည် စုမိသားစုဝင် ဆယ်ယောက်၏ နေရာထိုင်ခင်းအတွက် စီစဥ်ပြီးသွားခဲ့လေသည်။

….

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset