EYYJ အပိုင်း ၃၈

အပိုင်း (၃၈) ထိန်းချုပ်ထားလို့မရတဲ့အသက်

“ နင်ဘာပြောလိုက်တယ်”

ဖျားနာမှုကြောင့် အိပ်ချင်မူးတူးဖြစ်နေသည့် အဘွားချန် သူမကိုယ်တိုင် ထထိုင်လိုက်တော့သည်။ သံသယတစ်ဝက် ကြောက်ရွံ့မှုတစ်ဝက်ဖြင့် သူမ ပြောလိုက်လေသည်။

“ သူက တကယ်ပဲ အဲလိုပြောခဲ့သလား”

အမျိုးသမီးချန်သည် ခုတင်စွန်းတွင် ထိုင်နေ၏။ သူမသည် စိတ်လှုပ်ရှားနေလေသည်။ အဘွားချန်၏ မေးခွန်းကို ခေါင်းညိတ်ပြလိုက်၏။

“ အင်း ကျွန်မ ဝမ်ညန်ဆီက ကြားခဲ့တာ ပြီးတော့ ဒါက အရေးကြီးတယ်ထင်လို့ အမေ့ကို မြန်မြန်လာပြောပြတာ”

အမှန်တွင်တော့ သူမသည် ထိုအကြောင်းကို တစ်နည်းနည်းဖြင့် သံသယဖြစ်နေသည်။ သို့သော် သားနှစ်ယောက်မှာ အရည်အချင်းရှိပြီး ဉာဏ်ကောင်းလှသော်လည်း ဝင်ခွင့်စားမေးပွဲကို ဘယ်တော့မှ မအောင်နိုင် ဖြစ်နေသည့် အကြောင်းကို စဥ်းစားလိုက်မိရာ ထိုကိစ္စတွင် အကြောင်းအရင်းတစ်ခု ရှိရပေမည်။

ရွတ်တွနေသည့် လက်တစ်ဖက်က ခုတင်ကို ရိုက်လိုက်ပြီး

“ ဟုတ်နေပါပြီ၊ ငါ့အသက်ကို ဒီမိသားစုအတွက် ပေးဆက်ထားတဲ့ ငါက ဒီအသက်အရွယ်ကျမှ ဆန်ကုန်မြေလေးတွေရဲ့ ကျိန်စာ မိနေတာပေါ့လေ”

အစပိုင်းတွင် အဘွားချန်မှာ အံ့ဩသွားသော်လည်း အခုတော့ ၉၀%လောက် ယုံသွားတော့သည်။ သူမသည် ဒုတိယမိသားစုမှ ဆန်ကုန်မြေလေးများ၏အန္တရာယ်ပြုခံနေရသည်ဟု ခံစားလိုက်ရပြီး တွင်းတစ်ခုတူကာ သူတို့ကို မြှုပ်ချင်နေတော့သည်။

“ ဘာတွေ ဆူညံဆူညံလုပ်နေတာကြတာလဲ”

အပြင်မှ ပြန်လာသည့်ယွဲ့တာ့ဖူက သမီးယောက္ခမနှစ်ယောက် တီးတိုးပြောနေသည်ကို မြင်လိုက်ရ၏။ အဘွားချန်ပြောလိုက်သည့် စကားတစ်ဝက်ကိုသာ သူကြားလိုက်ရသည်။

“ ဘာကျိန်စာတိုက်တာ မတိုက်တာလဲ၊ နေ့တိုင်း ဆူဆူညံညံ လုပ်ဖို့ပဲ သိတယ်”

အဘွားချန်သည် ဝမ်းနည်းသည့်မျက်နှာထားဖြင့်

“ ကျွန်မလေ အဲဒီဆန်ကုန်မြေလေးတွေ သ-တ်တာခံရတော့မလို့ဟာကို ရှင်ကတော့ ဒီမှာ ကျွန်မကို လှောင်ပြောင်နိုင်သေးတယ်နော်၊ ကြည့်ရတာ ရှင်က ကျွန်မ သေမှာကို မစောင့်နိုင်တော့တဲ့ပုံပဲ ဒါမှ နောက်မိန်းမငယ်ငယ်လေးကို လက်ထပ်လို့ရမှာမလား”

သူမသည် စကားကို ဘယ်တော့မှ ပြေပြေလည်လည် မပြောတတ်ခဲ့ဘဲ ဘာမဆိုပြောထွက်သူပင်။ ယွဲ့တာ့ဖူမှာ ထိုအကျင့််နှင့်ပတ်သက်ပြီး ဘာမှမတတ်နိုင်ခဲ့ချေ။

သူသည် အဘွားချန်ကို လုံးဝမနိုင်သော်လည်း လူငယ်များကိုတော့ ခြိမ်းခြောက်နိုင်သေးသည်။ သူသည် ခုတင်စွန်းတွင် ထိုင်နေသည့် မလုံမလဲဖြစ်နေသည့် အမျိုးသမီးချန်ကို တစ်ချက်ကြည့်လိုက်ပြီး

“ နင် နင့်အမေကို အခုလေးတင် ဘာပြောလိုက်တာလဲ”

ယွဲ့တာ့ဖူက ပျင်းရိပြီး ပါးစပ်ဖွာသည့် သည်ချွေးမကို လုံးဝသဘောမကျပေ။ ငိုယိုသောင်းကျန်းခဲ့သည့် အဘွားချန်ကြောင့်သာ မဟုတ်လျှင် သူသည် သူမကို အိမ်တံခါးထဲသို့ ဝင်ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

အမျိုးသမီးချန်မှာ သူမ၏ယောက္ခထီးကို အမြဲရောက်ရလေသည်။ သူက မေးခွန်းမေးလာသည့်ကို တွေ့လိုက်ရသဖြင့် ရို့ရို့လေး မတ်တပ်ရက်ကာ ပြတ်တောင်း ပြတ်တောင်းဖြင့် ပြန်ဖြေလိုက်လေသည်။

“ ကျွန် အများကြီးမပြောရပါဘူး….”

အဘွားချန်က သူမ၏စကားကို အဘယ်မှာဂရုမစိုက်ဘဲ ရှိပါမည်နည်း။ သူမက တန်းပြောလိုက်တော့သည်။

“ ကျွန်မက ဒုတိယမိသားစုက ဆန်ကုန်မြေလေးတွေရဲ့ ကျိန်စာမိတော့မလို့လို့ ပြောလိုက်တာ”

ထို့နောက် ဝမ်ညန်ပြောသမျှအားလုံးကို အိပ်ဖာမောက် ပြောချလိုက်လေသည်။

“ ကျွန်မကို ပြောစမ်းပါ၊ ကျွန်မက အဲဒီဆန်ကုန်မြေလေးတွေ ကျိန်စာတိုက်တာခံရမဲ့လူလား၊ မျိုးနွယ်စုအကြီးသာ ကျွန်မကို မတားရင် သူတို့ကို အရင်ကတည်းက သတ်ခိုင်းလိုက်ပြီးပြီ”

ယွဲ့တာ့ဖူသည် စိတ်ထဲတွင် မတင်မကျဖြစ်သွားတော့သည်။ ဝမ်ညန်က အခုမှ မိသားစုထဲ ဝင်လာတာလေ၊ နောက်ဆုံး သူမမှာလည်း သူမကိုယ်ပိုင်စိတ်ကူး ရှိခဲ့ပြီးသား။ ဒါပေမဲ့ သူမ ပြောတာ မှန်နေရင်ကော ဘယ်လိုလုပ်မလဲ။

ဘာလုပ်ရမည်ကို စဥ်းစားနေရင်း အဘိုးချန်က အာကျယ်အာကျယ်နှင့် ဆဲရေးတော့သည်။ ကျိန်စာတိုက်ခံရသည်က အရေးမပါသည့်နှယ်။ သူ့လက်ကို ဝေ့ယမ်းကာ ပြောလိုက်၏။

“ အခုတော့ ခဏနေကြအုံး၊ ငါ မနက်ဖြန် ပိုင်ယွင်ဘုရားကျောင်းကို သွားမေးပြီးတဲ့အထိ စောင့်ကြ”

ပိုင်ယွင်ဘုရားကျောင်းသည် အနီးနားက ရွာများမှ လူများက လာရောက်ကာ အမွေးတိုင်ပူဇော်ကြပြီး ဘုရားတွင် လာဆုတောင်းကြသည့် ဘုရားကျောင်းတစ်ခု ဖြစ်သည်။ အမွေးတိုင်နံ့များမှာ အလွန်မွှန်ထူနေသည်။ နောက်တစ်နေ့ မနက်စောစောတွင် ယွဲ့တာ့ဖူသည့် ယွဲ့ချန်လုကိုခေါ်ကာ ဒုတိယမိသားစုမှ ကလေးများ၏ မွေးရက်ကို ယူပြီး နွားလှည်းဖြင့် ပိုင်ယွင် ဘုရားကျောင်းသို့ မောင်းလာကြလေသည်။

အဘွားချန်နှင့် ကျန်လူများက တစ်နေ့လုံး အိမ်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြ၏။ နောက်ဆုံး ဣန္ဒြေရရမျက်နှာထားဖြင့် ယွဲ့တာ့ဖူတို့ သားအဖ ပြန်ရောက်လာကြသည်။

“ ဘာတဲ့လဲ”

သူပြန်လာသည်ကို တွေ့လိုက်ရသဖြင့် အိပ်ရာထဲတွင် လှဲလျောင်းနေသေးသည့် အဘွားချန်က အမျိုးသမီးချန်၏ အကူအညီဖြင့် မြန်မြန်ထထိုင်လိုက်ပြီး ယွဲ့တာ့ဖူကို အားတက်သရာ ကြည့်လိုက်လေသည်။ သူမသည် ထိုဆန်ကုန်မြေလေးများက သူ့အား အန္တရာယ်ပြုမည် စိုးသဖြင့် သည်နေ့ သူတို့ကို မီးဖိုခန်းထဲသို့ပင် မဝင်ခိုင်းရဲချေ။

ယွဲ့တာ့ဖူ၏မျက်နှာသည့် ဣန္ဒြေရနေလေသည်။ သူသည် ခုတင်စွန်းတွင် ထိုင်လိုက်ပြီး ရေတစ်ခွက်ကို မော့ချလိုက်ကာ လေးပင်စွာ သက်ပြင်းချလိုက်တော့သည်။

“ ပိုင်ယွင်ဘုရားကျောင်းက ဗေဒင်ဟောပေးတဲ့ ဘုန်းကြီးက ပြောလိုက်တယ်၊ ငါတို့ယွဲ့မိသားစုက အဲဒီကလေးတွေရဲ့ဘဝကို ဖိနှိပ်ထားနိုင်မှာ မဟုတ်ဘူးတဲ့၊ ခြုံပြီးပြောရရင် ငါတို့တွေ အတူတူ နေလို့မရဘူးတဲ့”

သည်နေ့ ဗေဒင်ဟောတတ်သည့် ဘုန်းကြီး ပြောလိုက်သည့်စကားကို ပြန်အမှတ်ရရင် နဂိုက အလွယ်တကူ မယုံကြည်တတ်သည့် ယွဲ့တာ့ဖူသည် အခုတော့ ပိုယုံသွားတော့သည်။

“ ဗေဒင်ဟောတတ်တဲ့ ဘုန်းကြီးက ပြောတယ်၊ ယိုကျင့်၊ ယိုကျူး နဲ့ အခုမှ မွေးထားတဲ့ ကလေးနှစ်ယောက်က ငါတို့မိသားစုရဲ့တက်လမ်းကို ပိတ်ထားတယ်တဲ့”

အာခံတတ်ဆုံး ယိုကျင့်နှင့် ယိုကျူး ဖြစ်နေသည်ကို ကြားလိုက်ရချိန်၌ အဘွားချန်သည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများ ခေါင်းသို့ ထိုးတက်သွားသလို ခံစားလိုက်ရတော့သည်။ သူမ၏မျက်လုံးများက အနည်းငယ် မည်းမှောင်လာပြီး

“ ကျွန်မ စောစောကသိခဲ့ရင် သူတို့ထဲက တစ်ယောက်ကိုမှ ပြန်ခေါ်မလာခဲ့ပါဘူး”

ခဏကြာသည်အထိ အတွေးနစ်နေပြီးနောက်အဘွားချန် ကမန်းကတမ်း ပြောလိုက်တော့သည်။

“ ဒီလိုတော့ မဖြစ်သေးဘူး၊ ဒီဆန်ကုန်မြေလေးတွေကို ကျွန်မတို့ မိသားစုရဲ့ကံကောင်းမှုတွေကို ဖျက်ဆီးခွင့် မပြုနိုင်ဘူး၊ အကြီးနှစ်ယောက်ကို တတ်နိုင်သမျှမြန်မြန် လက်ထပ်ပေးရမယ်၊ အငယ်တွေကိုတော့ ဒီအတိုင်း ရေပုံးထဲ နှစ်ထားလိုက်ပေါ့”

အသက်နှစ်ချောင်းဆိုသော်ငြား အဘွားချန်၏မျက်လုံးထဲတွင်တော့ အမျိုးသမီးစု၏ ဆန်ကုန်မြေလေးများကို ရေနစ်သ-တ်ပြီး သူမ၏ယွဲ့မိသားစု ချမ်းသာကြွယ်ဝမှုနှင့် လဲလှယ်သည်က တန်လေသည်။

သို့သော် ယွဲ့ချန်လုမှာ တွေဝေနေပြီး

“ အမေ အဲဒါက အသက်နှစ်ချောင်းနော်”

သူ့ကိုယ်ပိုင်ကလေးများက မိသားစုတစ်ခုလုံး၏ ကံကောင်းမှုကို နှောင့်ယှက်နေသည်ဟု သူ မယုံသော်လည်း ဟိုတုန်းကလို သူ့ကလေးများကို ရေနှစ်မသတ်နိုင်တော့ပေ။ အခုတော့ သူ့ကိုယ်သူ ဖိအားမပေးနိုင်တော့ပေ။

“ အသုံးမကျတဲ့ကောင်၊ ဧကန္တ နင့်ရဲ့ကျန်တဲ့ဘဝကို မြေကြီးထဲက စားစရာ တူးစားချင်လို့လား”

အဘွားချန်သည် သူမ၏သားကို ဒေါသထွက်ကာ လက်ညှိုးငေါက်ငေါက်ထိုးတော့သည်။ ဒါကြောင့်ပင် သူမ၏သားလတ်ကို အထင်အသေးဆုံး ဖြစ်လေသည်။ သားကြီးနှင့် သားငယ် လောက်ပင် ဉာဏ်မကောင်းချေ။ သူ့အမူအကျင့်ကလည်း သတ္တိနည်းသေးသည်။

တစ်ဖက်တွင်တော့ ယွဲ့ချန်ဖူသည် ရက်စက်သူတစ်ယောက်ဖြစ်၏။

“ တကယ်လို့ ရက်နည်းနည်းလေးလောက် အသက်မရှည်နိုင်တော့တဲ့ကလေးနှစ်ယောက်အတွက် ငါတို့ ယွဲ့မိသားစုရဲ့ မျိုးဆက်ချမ်းသာမှုတွေကို လက်လွှတ်မယ်ဆိုရင်တော့ ညီလေး မင်း တကယ်ပဲ ငါတို့ ယွဲ့မိသားစုရဲ့ အကုသိုလ်ကောင် ဖြစ်သွားပြီ”

ယွဲ့ချန်ဖူသည် သူ့ဘဝကောင်းစားရေးသာ ဂရုစိုက်သူဖြစ်လေသည်။ တခြားလူများ၏ သေရေး ရှင်ရေးကို ဘယ်တော့မှ ဂရုမစိုက်ချေ။ သူသည် ထိုစကားများကို အလိုလိုပင် ဘာဖိစီးမှုမရှိဘဲ ပြောလိုက်လေသည်။

“ အဖေ ဝမ်ထောင်တို့ ညီအစ်ကိုကို စဥ်းစားပေးပါအုံး၊ အဖေ ကြိုးစားစားလုပ်ပြီး ပြုစုပျိုးထောင်လာတဲ့ ဒီကလေးနှစ်ယောက် ထူးထူးချွန်ချွန် ဖြစ်မှာကို မမြင်ချင်ဘူးလာ”

အမျိုးသမီးချန်သည် အဘွားချန်က မျက်စပစ်ပြလိုက်သည်ကို တွေ့လိုက်ရပြီး ယွဲ့တာ့ဇူ၏ ဝှက်ဖဲကို ချက်ချင်း ဆွဲထုတ်လိုက်တော့သည်။

“ ကျွန်မရဲ့ ကျန်တဲ့သက်တမ်းတစ်ဝက် ဒုက္ခခံရလည်း ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ ကျန်တဲ့ကလေးတွေက ဘယ်လိုလုပ်မှာလဲ အဖေရဲ့”

အမျိုးသမီးချန်၏စကားက ယဲ့တာ့ဖူ၏စိတ်ကို ထိသွားသည်ဟု ဆိုရမည်။ တစ်နေ့ထဲတွင် ပြင်းထန်သည့် ကံကြမ္မာအပြောင်းအလဲကို ကြုံလိုက်ရသည့် ယွဲ့တာ့ဖူက သက်ပြင်းချလိုက်၏။ သူသည် ယွဲ့ချန်လုကို စိတ်ရင်းနှင့်ကြည့်ကာ ပြောလိုက်တော့သည်။

“လောင်အာ့ အင်း… အခု ဝမ်ညန်လည်း မင်းအတွက် သားတစ်ယောက် မွေးပေးထားတာပဲ၊ ဟိုကလေးနှစ်ယောက် အသက်ရှင်နိုင်မလားဆိုတာက အကြောင်းအရာတစ်ခု ဖြစ်သွားပြီ၊ ငါတို့တွေ ဒီအတိုင်းထားလိုက်ရင်ကော ဘယ်လိုလဲ”

ယွဲ့ချန်လု၏ နဂိုစိတ်က အနည်းငယ် ယိမ်းယိုင်နေပြီးဖြစ်သည်။ ယွဲ့တာ့ဖူ စကားကို ကြားလိုက်ပြီးနောက် ဝမ်ညန်က ကျန်းမာသည့် သားတစ်ယောက် မွေးခဲ့သည်ကို စဥ်းစားလိုက်ပြီး သည်ကိစ္စမှာ အရေးမကြီးတော့ဟု ခံစားလိုက်ရတော့သည်။ သူက အသာအယာခေါင်းညိတ်ပြလိုက်ပြီး

“ ကျွန်တော် အဖေ့စကားကို နားထောင်ပါမယ်”

အဘွားချန် ကျေနပ်သွားကာ လက်ခုပ်တီးလိုက်ပြီး

“ အဘိုးကြီး ညတာရှည်ရင် အိပ်မက်များတယ်၊ ဒီညပဲ ဒီဂြိုဟ်ဆိုးကြယ်နှစ်ခုကို နှစ်သတ်လိုက်ရမယ်လေ”

သူမသည် နေမကောင်းကာဖြင့် အိပ်ရာထဲလှဲနေရပြီး မကြာခင် ထုန်ရှန့်စာမေးပွဲ ဖြေတော့မည့် အဖိုးတန် မြေးနှစ်ယောက်ကို စဥ်းစားလိုက်ပြီး အဘွားချန်က စောစောလုပ်လေ ပိုကောင်းလေဟု ခံစားမိလိုက်တော့သည်။

***

ပင်မဆောင်တွင် အစီအစဥ်ဆွဲနေကြချိန် ယိုကျင့်ဘက်တွင်တော့ အဘွားချန်နှင့် တခြားသူများ၏ ရက်စက်သည့် စိတ်ဓာတ်အကြောင်း သိသွားတော့သည်။

ထိုအကြောင်းကို ပြန်ပြောရလျှင် ယိုကျင့်တို့ညီအစ်မများသည် အဘွားချန်နှင့် တခြားသူများ၏ ထူးဆန်းသည့် အပြုအမူများကို သတိထားမိခဲ့ကြ၏။ အထူးသဖြင့် ယွဲ့တာ့ဖူနှင့် ယွဲ့ချန်လုတို့ ပြန်ရောက်ရောက်ချင်း ပင်မဆောင်သို့ ဝင်သွားကာ တံခါးကို ပိတ်လိုက်ကြသည်။ ယိုကျင့်သည် တစ်ခုခု ဖြစ်တော့မည်ဟု ခံစားမိလိုက်တော့သည်။ မည်သူမှ အာရုံမစိုက်မိသည်ကို အသုံးချကာ အထဲက လှုပ်ရှားမှုကို ခိုးနားထောင်ရန် ပြတင်းပေါက်ဘောင်အောက်တွင် တိတ်တိတ်လေး ပုန်းနေလိုက်လေသည်။

အထဲကလူများအားလုံး နှုတ်ဆိတ်နေကြစဥ် ယိုကျင့်သည် အနောက်ဆောင်သို့ တိတ်တိတ်လေး ခိုးပြန်လာခဲ့၏။ သူမသည် ထိုအကြောင်းအရာကို အမျိုးသမီးစုအား ဖုံးကွယ်မထားဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူမ ကြားခဲ့သမျှအားလုံးကို အမျိုးသမီးစုအား ပြောပြလိုက်တော့သည်။

“ အမေတကယ်ပဲ ရှောင်ရှီ(ယိုတွမ့်) နဲ့ ခမ်းအာတို့ကို ယုတ်မာတဲ့အဘွားကြီး ရေနစ်သတ်မှာ မြင်ချင်လား ပြီးတော့ သမီးနဲ့ ယိုကျူးကို ရောင်းစားကြမှာကိုလေ”

အမျိုးသမီးစုသည် ကလေးချီထားသည့် သူမ၏လက်များ တုန်ယင်နေသည်ကို ခံစားလိုက်တော့သည်။ သူမ၏သနားစရာကလေးများက ဆယ်ရက်သားသာ ရှိသေးသည်။ ဆယ်လလုံးလုံး ခက်ခက်ခဲခဲ ပြုစုလာရသည့် သူမ၏ကလေးများကို သူတို့ နှစ်သတ်ကြတော့မည်ကို အမှန်ပင် ရပ်ကြည့်နေရတော့မည်လား။

အမျိုးသမီးသည် မျက်ရည်များ စီးကျလာပြီး ခေါင်းတွင်တွင်ခါလိုက်ကာ

“ မဟုတ်ပါဘူး၊ ယိုကျင့် အမေ့ရဲ့ ကံတရားကိုက ဆိုးရွားလွန်းပါတယ် အမေခံစားခဲ့ရတဲ့ ဒုက္ခတွေအားလုံးကို လက်ခံနိုင်တယ်၊ ဒါပေမဲ့ အမေ သမီးတို့ကိုတော့ ထိခိုက်အောင်မလုပ်နိုင်ဘူး”

“ ဒါပေမဲ့ သမီးတစ်ယောက်ထဲပဲ ရှိတာလေ၊ အရေအတွက်က လုံးဝမမျှဘူး၊ သူတို့တွေ တကယ်ပဲ ကလေးနှစ်ယောက်ကို ယူသွားချင်တာဆိုရင် သမီး ဘယ်လိုလုပ်မလဲ”

ယိုကျင့်သည် အမျိုးသမီးစုအား သူမကိုယ်ပိုင်ဘဝ၏ အရှင်သခင် ဖြစ်လာရန် ဖိအားပေးနေလိုက်သည်။ အမျိုးသမီးကို ပြန်လည်မွေးဖွားလာအောင်လုပ်ရန် သည်ထက်ကောင်းသည့် အခွင့်အရေး မရှိချေ။ ထို့ကြောင့် သူမ ဒါကို ကောင်းကောင်းဆုပ်ကိုင်ထားရမည်။

အမျိုးသမီးစု၏ စိတ်နှလုံးမှာ ထုံထိုင်းသွားပြီး ကသောင်းကနင်းဖြစ်နေတော့သည်။ ခဏကြာအောင် စဥ်းစားလိုက်ပြီးနောက် ဟိုတုန်းက ဖြစ်ရပ်ကို သတိရသွားကာ ယိုကျင့်၏အင်္ကျီလက်ကို တင်းနေအောင် လှမ်းဆွဲလိုက်ပြီး

“ မြန်မြန် မျိုးနွယ်စု အကြီးအကဲကို သွားတောင်းဆိုလိုက်၊ မျိုးနွယ်စုအကြီးက လာဖို့ ဆန္ဒရှိသ၍ အမေတို့တွေ အဆင်ပြေလိမ့်မယ်”

မှန်ပါသည်။ ဟိုတုန်းက ယိုကျူးနှင့် ယိုပေါင်တို့ကို မွေးပြီးနောက် အဘွားချန်က သမီးနှစ်ယောက်ကို သဘောမကျဖြစ်ပြီး သူတို့ကို ရေနစ်သတ်ရန်လုပ်ခဲ့သေးသည်။ ယိုကျင့်က တွေ့သွားပြီး မျိုးနွယ်စုအကြီးအကဲက ညီမအစ်မနှစ်ယောက်၏ အသက်ကို မကယ်ခဲ့လျှင် ယိုကျူးနှင့် ယိုပေါင်တို့သည် အခုလောက်ဆိုလျှင် မိသားစုတစ်ခုတွင် ပြန်ဝင်စားပြီး ဖြစ်နေလောက်သည်။

ယိုကျင့်က ခေါင်းညိတ်ပြလိုက်၏။ မျိုးနွယ်စု အကြီးအကဲကို သွားပင့်ခြင်းက အကောင်းဆုံးနည်းလမ်း အမှန်ပင် ဖြစ်သည်။ မွေးခါက ကလေးနှစ်ယောက်ကို ကယ်နိုင်မည့်အပြင် ကိစ္စကို ပိုကြီးသွားအောင်လည်း လုပ်နိုင်သည်။ သူတို့သည် ယွဲ့မိသားစုမှ ထွက်သွားရန် အခွင့်အရေးရနိုင်သည်။ ဒါသည် ကောင်းကင်ဘုံမှပေးသည့် ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခုပင်။ ထို့နောက် သူမက အမျိုးသမီးစုကို ပြောလိုက်၏။

“ သမီး မျိုးနွယ်စုအကြီးအကဲဆီသွား သွားတောင်းဆိုနိုင်တယ်၊ ဒါပေမဲ့ အမေက ထပ်ပြီး တွေဝေမနေဘဲ ပြတ်ပြတ်သားသား ဖြစ်ရမယ်နော်၊ အခု သူတို့က ငါတို့ယွဲ့မိသားစုရဲ့ကံကောင်းခြင်းကို နှောင့်ယှက်နေတယ်လို့ ပြောနေကြတယ်၊ သမီးတို့တွေ ယွဲ့အိမ်မှာ နေနေသ၍ နေ့တိုင်း အကြောက်တရားနဲ့ နေနေရလိမ့်မယ်၊ မျိုးနွယ်စုအကြီးအကဲက သမီးတို့ကို ခဏတော့ ကာကွယ်ပေးနိုင်ပေမဲ့ သမီးတို့ကျန်တဲ့ဘဝကိုတော့ သူ ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး”

အမျိုးသမီးစုသည် ပင့်သက်ရှိုက်လိုက်၏။ လက်ကိုမြောက်ကာ မျက်နှာပေါ်က မျက်ရည်များကို ဖြည်းညင်းစွာ ပြတ်ပြတ်သားသား သုတ်လိုက်ပြီး

“ မစိုးရိမ်ပါနဲ့ကွယ် အမေ သမီးကို စိတ်ပျက်အောင် မလုပ်ပါဘူး”

တကယ်တော့ ယိုကျင့် အရင်က ပြောခဲ့တဲ့စကားတွေကို သူမ နားမလည်ဘဲ ဘယ်နေမှာလဲ။ သူမက ဒီအခြေအနေအထိ ဖိအားပေးမခံရလို့သာလေ။ သူမလည်း အမြဲတမ်း သည်းမခံနိုင်ပါဘူး။ ဒါပေမဲ့ သူမရဲ့မိသားစု ဖျက်ဆီးခံရတော့မည့် အရေးအကြီးဆုံးအချိန်မှာ သူမက ဘယ်လိုများ နောက်ဆုတ်နေနိုင်ပါ့မလဲ။

***

ယိုကျင့်သည် မိန်ကလေးများကို ချော့လိုက်ပြီးနောက် ယိုရင်၊ ယိုကျူး၊ ယိုပေါင်တို့ကို ရှင်းပြလိုက်လေသည်။

“ တစ်ယောက်ယောက် လာပြီး နင်တို့ရဲ့ မောင်လေးနဲ့ ညီမလေးကို လာခေါ်သွားမယ်ဆိုရင် ခြံထဲပြေးသွားပြီး ဘယ်သူပဲ ဖြစ်ဖြစ် အော်ငိုနေလိုက်၊ အဖေဖြစ်နေရင်တောင်မှ၊ နားလည်လား”

ညီအစ်မသုံးယောက်သည် ဘာဖြစ်နေမှန်း မသိဘဲ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ကိစ္စကြီးကြီးမားမား ဖြစ်တော့မည်ကို အာရုံခံမိနေသည်။ သူတို့သည် လိမ်လိမ်မာမာဖြင့် ခေါင်းညိတ် သဘောတူလိုက်လေသည်။

“ စန်းကျဲ မစိုးရိမ်နဲ့နော် ညီမလေးတို့ နားလည်တယ်”

အနောက်ဆောင်တံခါးတွင် ရပ်လိုက်ပြီး သူမသည် ပင့်သက်ရှိုက်လိုက်တော့သည်။ သူမသည် ယွဲ့မိသားစု မီးပုံထဲ ခုန်ထွက်တော့မည်ကို တစ်နည်းနည်းဖြင့် မယုံကြည်နိုင်ဖြစ်နေတော့သည်။ ဆယ်တစ်နှစ်တာ ဒုက္ခခံလာပြီးနောက် အဆုံးသတ်တော့မည်။ ထင်ယောင်ထင်မှား ဖြစ်နေသလို ခံစားလိုက်ရလေသည်။

ရုတ်တရက်ဆိုသလို ပင်မဆောင်၏တံခါးမှာ ကျွီခနဲမြည်သံနှင့်အတူ ပွင့်လာလေသည်။ ယွဲ့ချန်လုက ဦးဆောင်၍ ထွက်လာ၏။ ယိုကျင့်က အနောက်ဆောင်တံခါးတွင် ရပ်ကာ သူ့ကို တည့်တည့်ကြည့်သည်ကို တွေ့လိုက်ရလေသည်။ အကြောင်းကြောင်းကြောင့် ယွဲ့ချန်လုသည် ရုတ်တရက် လိပ်ပြာမသန့်သလို ဖြစ်သွားတော့သည်။ သူလုပ်ခဲ့သည့်အရာများကို ဒီအရွယ်နှင့် မလိုက်အောင် ထက်မြက်လွန်းသည့်သမီးက ထိုးဖောက်မြင်နေသည့်နှယ်။

သူ၏အပြစ်ရှိသယောင် လိပ်ပြာမလုံ ဖြစ်နေသည်ကို အကဲခတ်လိုက်ပြီး သည်အခိုက်တန့်တွင် သူတို့သည် ကလေးများကို ရေနစ်သတ်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ထင်ရလေသည်။ ယိုကျင့်က မျက်နှာမဲ့ကာ သူ့ကို လျစ်လျူရှုထားလိုက်၏။ သူမသည် ခြံဝင်းတံခါးကို ဖွင့်ကာ အပြင်သို့ လျှောက်လာခဲ့လိုက်သည်။ အချိန်မှာ မှောင်နေပြီဖြစ်၏။ သက်ဝင်လှုပ်ရှားနေသည့် ရွာကလည်း တိတ်ဆိတ်ငြိမ်သက်လျက်ပင်။ မကောင်းမှုတစ်ခုခုကိုလုပ်ရန် အမှန်ပင် အချိန်ကောင်းတစ်ခု ဖြစ်လေသည်။

ယွဲ့ချန်လု၏စိတ်တို့သည် ရှုပ်ထွေးနေ၏။ ယိုကျင့်အား ညပိုင်းတွင် ဘယ်သွားနေသနည်းဟု မေးရန်ပင် ဂရုမစိုက်အားချေ။ ထို့အပြင် ဒီကိစ္စတွင် ပါဝင်နေသည့် ယွဲ့မိသားစုက လူမျးာကလည်း ယိုကျင့်က သူတို့အစီအစဥ်ကို သိပြီးဖြစ်နေမှန်း မသိကြချေ။ ထို့ကြောင့် ယိုကျင့် ယွဲ့မိသားစုတံခါးအပြင်ဘက်သို့ ပေါ်ပေါ်ထင်ထင် ထွက်လာကာ မျိုးနွယ်စုအကြီးအကဲအား အကူအညီတောင်းရန် သွားလိုက်လေတော့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset