ERSY အခန်း ၂၈၁

အခန်း ၂၈၁ ။ တိုက်ရိုက်အွန်လိုင်းဂိမ်းများ

ကူယွဲ့က မောဟိုက်နေတယ်။ ဒီဂိမ်းက အရမ်းကို လက်တွေ့ဆန်လွန်းချက်ပဲ။ အဲတစ်ခဏမှာ သူသေတော့မယ်လို့ တကယ်ထင်နေခဲ့တာ။ သူ သူ့လက်တွေကို ဇဝေဇဝါကြည့်လိုက်တယ်။ အဲဒါက… သူ့ဂိမ်းစွမ်းရည်တွေလား။

“ဖေဖေနျို” ရုတ်တရက် သူ့နားထဲ ရှန်းရင်အသံကို ကြားလိုက်ရတယ်။

သူ ဟိုဟိုဒီဒီကြည့်လိုက်ပေမဲ့ ဘယ်သူ့ကိုမှ အနားမှာ ရှာမတွေ့။ တစ်အောင့်အကြာမှာ သူ့အမြင်အာရုံရဲ့ ညာဘက်အောက်မှာ စာအိတ်အဝါတံဆိပ်လေးကို သတိထားမိသွားခဲ့တယ်။ သူ အလိုလို နှိပ်ကြည့်မိလိုက်တယ်။

လွှဲသံပေါ်လာပြီး စာအိတ်ထဲကနေ စခရင်တစ်ခု ခုန်ထွက်လာတယ်။ ရှန်းရင်က စခရင်ပေါ်မှာ။

“မင်း သောက်ကျိုးနည်း ဘယ်ရောက်နေတာလဲ” ကူယွဲ့ ဒေါသနဲ့အော်လိုက်တယ်။

“ဒါ ဘယ်လိုစုတ်ပြတ်တဲ့နေရာကြီးလဲ၊ ပြီးတော့ စောနက အဲဒီသားရဲကောင်ကြီးကရော ဘာတုံး”

“နင်က လူသစ်စမ်းသပ်မှုဧရိယာထဲမှာဟ၊ နင် စာမေးပွဲမအောင်ခင် ငါနင့်ကိုဆက်သွယ်လို့မရဘူး”

လူသစ်ဧရိယာလား။ သူ အခု ပြာမှုန့်တွေအဖြစ် ပြောင်းလဲသွားပြီဖြစ်တဲ့ သားရဲကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်တယ်။ သူ့အရုပ်ဆိုးဆိုးပုံစံကလွဲရင် သားရဲက အဆင့်နိမ့်သားရဲလို့ သတ်မှတ်လို့ ရတဲ့အထိ အားနည်းတယ်။ ဒီသုံးဖက်မြင်ပုံရိပ်ဂိမ်းက တကယ်ကို အစစ်အတိုင်းပဲ။

“ငါအောင်သွားပြီလား၊ ဘယ်လိုထွက်ရမလဲ”

“ဘယ်ဘက်ထောင့်အောက်မှာ လှုပ်ရှားမှု သင်္ကေတ ရှိတယ်”

ကူယွဲ့ ငုံ့ကြည့်လိုက်တော့ တကယ်ပဲ သူ့ရဲ့ ဘယ်ဘက်အောက်မှာ အစိမ်းရောင်လူပုံစံလေးတစ်ခုရှိနေတာ မြင်သွားခဲ့တယ်။ သူ ချက်ချင်းလှမ်းနှိပ်လိုက်တော့ မျက်စိတစ်မှိတ်အတွင်း သူ့ကိုယ်သူ တောတန်းစိမ်းနဲ့ ရေတွေကြား ရောက်နေတာ မြင်လိုက်ရတယ်။ သူ့ရှေ့မှာတော့ သစ်သီးအမျိုးမျိုးခင်းကျင်းထားတဲ့ စားပွဲတွေနဲ့ ကုလားထိုင်တချို့ရှိနေတယ်။ ရှန်းရင်က ကုလားထိုင်တစ်လုံးမှာ ဝင်ထိုင်နေပြီး တဂျွတ်ဂျွတ် ဝါးနေတော့တာပဲ။

“ငါစမ်းသပ်ခံရမယ်ဆိုတာ ဘာလို့မပြောတာလဲ” ကူယွဲ့ သူ့ဒေါသကို ပြန်ထိန်းဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်။

“နင်မှ ငါပြောတာကို မစောင့်တာ” ရှန်းရင်က ခေါင်းစောင်းလိုက်တယ်။ သူက ဂိမ်းထဲဝင်သွားတာ အရမ်းမြန်တာကိုး။

“ဒါပေမဲ့ အဲဒါကလူသစ်တွေအတွက် စမ်းသပ်မှုလေ၊ ဘယ်သူမှ ကျရှုံးမှာ မဟုတ်ပါဘူး”

ကူယွဲ့ မျက်ဆန်လှန်လိုက်ပြီး အသီးကိုကောက်ယူကာ ကိုက်ချလိုက်တယ်။ ချိုမြပြီး အရည်ရွှမ်းချက်ပဲ။ သူ့အရသာခံဖုလေးတွေ လွှမ်းမိုးခံလိုက်ရတယ်။ ထိတ်လန့်သွားကာ သူ့လက်ထဲက အသီးကို ငုံ့ကြည့်လိုက်တယ်။

“ဒီအသီးက အစစ်ဆန်လွန်းတယ်” ဒီဂိမ်းက တကယ်ကို ကြယ်ကွန်ရက်ရဲ့ဂိမ်းအနေနဲ့ အဆင့်အတန်းညီတာပဲ။ သုံးဖက်မြင်တွေက အရမ်းကို လက်တွေ့ဆန်လွန်းနေတယ်။

“အစစ်ဆန်တာလား” ရှန်းရင် တုံ့ဆိုင်းသွားတယ်။

“အင်း” ကူယွဲ့ ဝါးရင်း ဖြေလိုက်တယ်။

“ပြီးတော့ အဲဒီသားရဲ – သူ့အနံ့နဲ့အသံကတောင် အစစ်နဲ့တူတယ်”

“ဖေဖေနျို…” ရှန်းရင်က ရုတ်တရက် ထရပ်ပြီး သူ့လက်ခဲက အသီးကိုဆွဲလုတယ်။

“ဒါတွေအားလုံးကို အတုလို့ နင်ထင်နေတာတော့ မဟုတ်ဘူးမလား”

ကူယွဲ့က သူမကို စိတ်ဝင်တစားကြည့်လာတယ်။

“ဒါက သုံးဖက်မြင်ပုံရိပ် အွန်လိုင်းဂိမ်း မဟုတ်ဘူးလား”

“ဒါက အွန်လိုင်းဂိမ်းဆိုပေမဲ့… သုံးဖက်မြင်ပုံရိပ် မဟုတ်ဘူးဟ”

“သုံးဖက်မြင်ပုံရိပ် မဟုတ်ဘူးလား၊ မင်းဆိုလိုတာ အစစ်ပေါ့…” သူ ပြောနေရင်း တန့်သွားပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်မိတယ်။

“ဟိုလီရှစ်”

——————

“ငါတို့က ကမ္ဘာပေါ်မှာ မဟုတ်ဘူးလား”

“အင်း”

“ဒီနေရာက ဘယ်နေရာလဲ”

“နယ်ပယ် C ၊ ဂြိုဟ် A8726”

“မင်း အလင်းဦးနှောက်က…”

“နေရာရွှေ့ပြောင်းရေးကိရိယာပဲ”

“ဒီမှာရှိသမျှက အစစ်လား”

“အင်း”

“ငါ-ိုး၊ ဒါဂိမ်းလို့ မင်းမပြောခဲ့ဘူးလား”

“ဒါက ဂိမ်းဂြိုဟ်လေ”

သူ စောနက မြင်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်စဉ်းစားကြည့်လိုက်တယ်။

“တကယ်လို့ ဒါကဂိမ်းဖြစ်ပြီး ငါဒီမှာသေသွားရင် ငါအသက်ပြန်-”

“ကြယ်မဟာမိတ်က သေစာရင်း ထုတ်ပေးလိမ့်မယ်”

“…” စားပွဲမှောက် ဒါဘယ်လိုဂိမ်းမျိုးလဲ ငါ့ခြေထောက်ကို ဂိမ်း တကယ့်မကောင်းဆိုးဝါးတွေကို တိုက်ခိုက်ရမှာဆို ဂိမ်းလို့ခေါ်နိုင်သေးရဲ့လား၊ ပြီးတော့ သေခါနီးဆဲဆဲ သူ့ကို အသက်ပြန်မသွင်းနိုင်ရင် ဘယ်လိုလုပ်မလဲ။

ပြီးတော့…။

“ငါတို့ ဒီဂြိုဟ်ဆီ နေရာရွှေ့ပြောင်းခံလိုက်ရတာ မင်းအစ်မသိလား”

ရှန်းရင်က ကြက်သီးထ တုန်ယင်သွားတယ်။ တစ်ခဏနေတော့ သူမက ပြန်ဖြေလာတယ်။

“ဒီအသေးစိတ်လေးတွေကို သိပ်ပြီးအာရုံမထားကြရအောင်”

“…” ငါ့ဖင်ကို အသေးစိတ် မင်းဒီမှာ သေသွားနိုင်တယ်ဆိုတာ သိရဲ့လား။

သူမက လက်ပတ်ကို ဝှေ့ယမ်းပြတယ်။

“ပို့ဆောင်ရေး ကိရိယာ ရှိတယ်လေ၊ ငါတို့ စက္ကန့်ပိုင်းအတွင်း ပြန်သွားနိုင်တယ်”

“…” သူ သံသယဖြစ်တဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။

ခဏနပေါဦး

ကူယွဲ့ ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားတယ်။

“လူသစ်စစ်ဆေးမှုကို ဘယ်သူမှမကျရှုံးဘူးလို့ မင်းမပြောခဲ့ဘူးလား၊ ဘာလို့ ငါ ဒီလိုသားရဲကြီးနဲ့ ကြုံရတာလဲ” ဘယ်သာမန်လူမှ အဲသားရဲကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးမလား။

“ဒါက နင့်စံနှုန်းနဲ့ ဆက်စပ်နိုင်တယ်၊ လူသစ်စစ်ဆေးမှုက လူတစ်ယောက်ချင်းစီရဲ့စံနှုန်းအရ ကိုယ်ပိုင် ပြုလုပ်ထားတာမို့ လူတိုင်းအတွက် ကွဲပြားတယ်”

ရှန်းရင် ကူယွဲ့ရဲ့ ဒေတာအားလုံးကို ပြသထားတဲ့ စခရင်ကိုဖွင့်ပြလိုက်တယ်။ နောက်ဆုံးရလဒ်မှာတော့ ကူယွဲ့စံနှုန်းက SSS။

“ဘယ်လိုစံနှုန်းက S ၃လုံးလဲ”

ကူယွဲ့ စခရင်ကို စိုက်ကြည့်ကာ ဇဝေဇဝါဖြစ်နေတယ်။ ရှန်းကျင်း စောနက သူ့ကို စစ်ဆေးပေးခဲ့ချိန်က စခရင်ပေါ်မှာ တူညီတဲ့စံနှုန်း ပြသထားတာကို မြင်ခဲ့ရတယ်။

“ကမ္ဘာပေါ်ကလူတိုင်း ဒီစံနှုန်းလား”

“မဟုတ်ဘူး” ရှန်းရင် ခေါင်းယမ်းပြလိုက်တယ်။ သူမက နောက်ထပ်ဒေတာအတွဲလိုက်ကို ဆွဲထုတ်လာတယ်။

“ဒါ ကမ္ဘာပေါ်က သာမန်လူတစ်ယောက်ရဲ့ ဒေတာပဲ”

ကူယွဲ့က နောက်ဆုံးစာမျက်နှာကိုကြည့်လိုက်တော့ မြင်လိုက်ရတာက ။ ။ F…

“…” အဲဒီနံပါတ်အတွဲလိုက်က ဘာအဓိပ္ပာယ်လဲ။ ဒါဟာသလား။ ဘာလို့ ကမ္ဘာပေါ်က တခြားလူတိုင်းရဲ့နံပါတ်တွေက နိမ့်လွန်းနေပေမဲ့ သူ့ဟာကျတော့ အဲလောက်မြင့်နေရတာလဲ။

“မင်း ငါ့အတွက် ကလိမ်ကျထားတာတော့ မဟုတ်ဘူးမလား”

ရှန်းရင်က ခေါင်းယမ်းလိုက်တယ်။

“ဒါနင့်ဒေတာပါ”

“ဘာလို့ အဲလိုဖြစ်ရတာလဲ” ကူယွဲ့တန့်သွားတယ်။

“ငါ့ရဲ့ လောလောဆယ်စွမ်းရည်တွေက အဲသားရဲကို တိုက်ခိုက်ဖို့ ခွင့်မပြုထားဘူးလေ၊ ပြီးတော့ ဂိမ်းရဲ့ အလိုအလျောက် မီးအစွမ်းတွေကြောင့်သာ မဟုတ်ရင် ငါသေနေလောက်ပြီ”

“ဂိမ်းထဲ အလိုအလျောက် တုံ့ပြန်မှုတွေမရှိဘူး”

“အဓိပ္ပာယ်မရှိတာ – ငါ စောနက ဒါကို သုံးခဲ့တယ်လေ၊ တကယ်လို့ အလိုအလျောက်စွမ်းရည်တွေ မဟုတ်ဘူးဆိုရင် ငါ့ကိုယ်ပိုင်…” ကူယွဲ့က ထိတ်လန့်တကြား မျက်လုံးပြူးသွားခဲ့တယ်။

“ငါ့ကျင့်ကြံဆင့်တွေကိုပါ ဒီလောကဆီ ယူလာတယ်လို့ ပြောနေတာ မဟုတ်ဘူးမလား”

ရှန်းရင်က သူ့ကို ငတုံးကိုကြည့်သလိုမျိုး ကြည့်လာတယ်။

“နင် ပြန်ရောက်တည်းက မှော်အတတ်ကို သုံးဖို့ မကြိုးစားကြည့်ဘူးလား”

“အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ပထမဆုံးနေ့ ငါပြန်ရောက်လာတုန်းက ဒီကမ္ဘာမှာ ဝိညာဉ်ချီရော မသေမျိုးချီရော မခံစားခဲ့ရဘူးလေ”

“ဘာမှမှမရှိတာ”

“အေးလေ ဒါဆို ဘာလို့…”

ခဏနေပါဦး ပတ်ဝန်းကျင်မှာ မသေမျိုးချီရှိမရှိက သူ့ကျင့်ကြံဆင့်အပေါ် သက်ရောက်မှုမှ မရှိတာ။ ကျင့်ကြံသူတွေက သူတို့ခန္ဓာကိုယ်ထဲက အရှိန်အဝါနဲ့ အစွမ်းတွေကို အသက်သွင်းဖို့ ကိုယ်ပိုင် မှော်အတတ်တွေကို သုံးကြတာပဲ။ တခြားနည်းနဲ့ပြောရရင် သူ့ကျင့်ကြံဆင့်အပေါ် လုံးဝသက်ရောက်မှုမရှိဘူး။ တစ်ခုတည်းသော အားနည်းချက်က သူ့ကျင့်ကြံဆင့်ကို တိုးမြှင့်လို့မရတော့တာပဲ။

သူ့ရင်ထဲ ရုတ်တရက်စိတ်လှုပ်ရှားမှုတွေ ပြည့်တက်လာတယ်။ သူ ဓားသိုင်းတစ်ခု ထုတ်သုံးလိုက်တော့ မိုးလိုမျိုး ဓားတွေအများကြီး လေထဲပေါ်လာခဲ့တယ်။

ကူယွဲ့ ။ ။ “…”

သူ ရတနာတစ်ခု ရှာတွေ့သွားသလိုပဲ။

“ရှန်းရင်…”

“အင်း”

“ငါ လူသစ်စစ်ဆေးမှုဧရိယာဆီ ပြန်သွားပြီး အဲသားရဲလေးကို နောက်တစ်ကြိမ် ထပ်သတ်လို့ရလား”

သေစမ်း၊ သူသာ ကျင့်ကြံဆင့် ရှိသေးမှန်း စောစောသိခဲ့ရင် အဲသယးရဲတွေကို အဲလောက် ကြောက်ခဲ့မိမှာ မဟုတ်ဘူး။

“…” အကျိုးနည်းငတုံးတွေပဲ

ကူယွဲ့ ဂိမ်းဂြိုဟ်အကြောင်း ထပ်မေးဖို့လုပ်ပေမဲ့ ရှန်းရင်က ရုတ်တရက် အချက်အလက် တစ်ပုံတစ်ခေါင်းကြီးကို သူ့ဆီ လွှဲပေးလာတယ်။ အားလုံးက ဂိမ်းစဆော့တဲ့လူတွေအတွက် နည်းဗျူဟာတွေကြီးပဲ။ အချက်အလက်ကို သေသေချာချာ ဖတ်ရှုပြီးနောက်မှာတော့ ကူယွဲ့ နားလည်စပြုလာခဲ့တယ်။

ရှန်းရင် ပြောသလိုမျိုးပဲ ဒါက ဂိမ်းဂြိုဟ်တစ်ခု။ ဒါပေမဲ့ တကယ့်ဘဝမှာ တည်ရှိတဲ့ပုံစံမျိုးပဲ။ အသက်ပြန်ရှင်တာ၊ ဆေးလုံးပြာ ဆေးလုံးနီ၊ ကောင်းကင်ကနေ သားရဲကျလာတာမျိုးတွေ မရှိဘူး။ ဒါပေမဲ့ အဆင့်ရမှတ်တွေနဲ့ သားရဲတွေအတွက် အချက်အလက်တွေရှိတယ်။

ဂြိုဟ်ပေါ်မှာ မတူညီတဲ့မျိုးနွယ်တချို့ရော မတူညီတဲ့ဂြိုဟ်သားရဲတွေပါရှိတယ်။ ဂြိုဟ်တစ်ခုလုံးကို F ကနေ A အထိ စီရင်စု၆ခုခွဲထားပြီး အင်မတန်အန္တရာယ်များတဲ့ စီရင်စု S ပါရှိနေတယ်။ စီရင်စု F သားရဲတွေက အင်အားအပျော့ဆုံးဆိုရင် စီရင်စု S သားရဲတွေကတော့ အင်အားအကြီးဆုံးပဲ။ သူတို့က အခု စီရင်စု S မှာပဲ။

လူသစ်စစ်ဆေးမှုမှာ ကူယွဲ့တွေ့ခဲ့တဲ့ သားရဲက ဂိမ်းဂြိုဟ်မှာ ထူးခြားတဲ့လက္ခဏာနဲ့ S အဆင့် ရေခဲကျောက်သားရဲပဲ။ သားရဲတစ်ကောင် သေသရွေ့ ဒါက သတ်လိုက်တဲ့ ကစားသမား အလိုအလျောက် ပိုင်သွားပြီ။ ကစားသမားတွေက သားရဲကို ဂိမ်းကုမ္ပဏီဆီ ရောင်းမလား၊ ဒါမှမဟုတ် သူကိုယ်တိုင် ဖြေရှင်းမလား ရွေးလို့ရတယ်။

ကစားသမားတွေ သားရဲတွေကိုသတ်ဖို့ အသုံးချနိုင် တဲ့အစွမ်းတွေအားလုံးက ကစားသမား တစ်ယောက်ချင်းစီရဲ့ မျိုးနွယ်ပေါ်ပဲမူတည်တယ်။ တစ်နည်းပြောရရင် တိုက်ပွဲအဆင့် SSS ရှိတဲ့ ကူယွဲ့က အစတည်းက ထိပ်သီးကစားသမားပဲ။

“ဖေဖေနျို၊ သားရဲတွေကို သွားသုတ်သင်ကြရအောင်” ရှန်းရင် အကြံပြုလိုက်တယ်။

“သုတ်သင်တာလား” ဂိမ်းဘယ်လို အလုပ်လုပ်လဲ ကြေညက်အောင် လုပ်နေတဲ့ ကူယွဲ့ သူ့လက်ပတ်ကို ထိလိုက်တယ်။ နောက်အခိုက်အတန့်မှာ စာရင်းလေးငါးခု သူ့စခရင်ပေါ် ပေါ်လာပြီး တစ်ခုချင်းစီက မတူညီတဲ့ကစားသမားတွေရဲ့ အဆင့်တွေပါဝင်နေတယ်။

“မင်း ဒီအကြောင်း ပြောနေတာလား”

“ဟုတ်တယ်” ရှန်းရင်က အသည်းအသန် ခေါင်းညိတ်ပြတယ်။

“သားရဲတွေကိုသတ်တာက အမှတ်တွေ စုဆောင်းဖို့ ကူညီပေးပြီးတော့ နောက်ကျရင် ကြယ်ပိုက်ဆံအတွက် သူတို့ကိုလဲလို့ရတယ်” ဒါဆို သူတို့ စားစရာတွေ ပိုဝယ်နိုင်ပြီ။

“…” ဘာကြောင့်မှန်းမသိ လိမ်လည်မှုတစ်ခုခု ရှိနေတယ်လို့ သူ ခံစားလိုက်ရတော့တယ်။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset