အခန်း ၂၈၀ ။ မျက်နှာပြင်ထဲမှ ထူးခြားဖြစ်စဉ်များ
“တကယ်ပဲ” ရှန်းကျင်းက တစ်စုံတစ်ရာကို နောက်ဆုံးတော့ သတိထားမိသွားဟန် သက်ပြင်းချလိုက်တယ်။ သူမက လျှောက်လာတယ်။
“နင် ကူးပြောင်းချိန် တစ်ခုခု ဖြစ်သွားခဲ့ပြီး နင့်ကိုယ်ထဲ ထူးဆန်းတဲ့ပြောင်းလဲမှုတွေ ဖြစ်စေခဲ့တာပဲ၊ နင့်ခန္ဓာကိုယ်နံပါတ်တွေအကုန်လုံးက အကန့်အသတ်ကို ကျော်လွန်နေပြီ”
ရှန်းရင်က တန့်သွားတယ်။ အလိုလို သူမက မေးမိလိုက်တယ်။
“ငါ ခဏခဏ ကျော်လွန်ခဲ့ဖူးတယ်မ ဟုတ်လား”
သူမ ငါးနှစ်သမီးတည်းကလေ။
ရှန်းကျင်းအမူအရာ မာကျောသွားတယ်။
“ကောင်းပါပြီ၊ ထူးဆန်းတဲ့ ပြောင်းလဲမှုတွေပါ၊ ဆက်ပြောလေ” ရှန်းရင် ပါးစပ်ကို အုပ်လိုက်တယ်။
“ဒီတစ်ကြိမ် နံပါတ်တွေက သာမန်တိုးနေတာမဟုတ်ဘူး” ရှန်းကျင်းက အသံခပ်နက်နက်နဲ့ပြောတယ်။
“ဖြစ်နိုင်တာက… အကန့်အသတ်မျဉ်းတစ်ခုခုကို ကျော်သွားတာပဲ”
“ဒါဆို သူ အရမ်းစားနေတာက ဘာလို့လဲဆိုတော့…” ကူယွဲ့ မေးလိုက်တယ်။
“သူမကိုယ်ခန္ဓာရဲ့နံပါတ်တွေက မြင့်တက်သွားတာ၊ သဘာဝအလျောက် စွမ်းအင်ပိုသုံးစွဲရတာပေါ့၊ သူမအမြဲဗိုက်ဆာနေတာက ခန္ဓာကိုယ်ကနေ သူမကို ပြန်ပြီး လောင်စာဖြည့်ဖို့လိုတယ်ဆိုတဲ့ အချက်ပြမှုတွေ ပို့နေလို့ပဲ”
“အိုး” ရှန်းရင် တုံ့ဆိုင်းသွားတယ်။
“မကြီး၊ ငါဘယ်လိုအကန့်အသတ်မျိုးကို ကျော်လွန်သွားခဲ့တာလဲ”
“ငါအဲဒါနဲ့ပတ်သက်ပြီး မသေချာသေးဘူး” ရှန်းကျင်စက မျက်မှောင်ကြုတ်တယ်။ တစ်အောင့်နေတော့ သူမက တစ်စုံတရာကို စဉ်းစားမိသွားတယ်။
“ငါအပြင်သွားပြီး တစ်ခုခုကို အတည်ပြုဖို့လိုတယ်၊ နင်တို့ဒီမှာ ရက်ပိုင်းလောက်နေရမယ်၊ ငါ နင့်အားလပ်ရက်ကို ငါအဖြေတစ်ခုခုနဲ့ ပြန်ရောက်မလာခင်ထိ တိုးပေးမယ်”
အားလပ်ရက်
ရှန်းရင် မျက်လုံးတွေက တလက်လက်တောက်ပသွားတယ်။
“ဟုတ်ကဲ့မကြီး ကိစ္စမရှိပါဘူးမကြီး”
ကူယွဲ့ ။ ။ “…”
ရှန်းကျင်း ။ ။ “…”
သူမကိုယ်ထဲက ထူးဆန်းတဲ့ ပြောင်းလဲမှုတွေက ဉာဏ်ရည်နိမ့်ပါးမှုဖြစ်နိုင်တယ်။
——————
ရှန်းကျင်း အရှေ့တံခါးက ထွက်သွားတာ ရက်တချို့ကြာသွားခဲ့ပြီ။ အစတုန်းက ကူယွဲ့ အရမ်းကို စိုးရိမ်ပြီး စိတ်ပူပန်နေခဲ့တာ။ အချိန်တွေကြာလာတာနဲ့အမျှ သူ ပိုပိုပြီးပျင်းလာတယ်။
“ဖေဖေနျို နင်အလုပ်သွားစရာမလိုဘူးလား”
ရှန်းရင်က ကိတ်မုန့်တစ်စိတ်စားရင်း မေးလိုက်တယ်။
“ငါ မနေ့က ငါ့နာမည်အောက်က ပိုင်ဆိုင်မှုတွေကို ငါ့မိသားစုဆီ လွှဲပြောင်းပြီးပြီ” ကူယွဲ့က ချက်ကျလက်ကျ ပြန်ဖြေတယ်။
“ငါ ဝေးသွားတာ အရမ်းကိုကြာပြီး ကုမ္ပဏီအတွက် ပိုက်ဆံဘယ်လိုရှာရမလဲ အထိအတွေ့ မရှိတော့ဘူး၊ ဒီဟာတွေနဲ့ ပိုပြီး ရင်းနှီးတဲ့လူတစ်ယောက်ယောက်ကို လက်ဆင့်ကမ်းပေးတာက ပိုကောင်းမယ်လို့ တွေးမိတယ်”
“အိုး” ရှန်းရင်က တစ်နေ့ပြီးတစ်နေ့ ပွားများလာတဲ့ ဝူတိဂိုဏ်းဘဏ္ဍာတိုက်ကို ရုတ်တရက် စဉ်းစားမိသွားတယ်။ သူက စီးပွားရေးဘယ်လိုဆက်လုပ်ရမလဲ မေ့သွားပေမဲ့ ဘယ်လိုငွေရှာရမလဲတော့ သေချာပေါက် မမေ့ဘူး။
“နင် အဲလိုပဲ လွှဲပြောင်းပေးလိုက်တာလား”
မိသားစုထဲ ရန်ဖြစ်တာတွေ မရှိဘူးလား။ ပြီးတော့ ညီအစ်ကိုတွေကြားက ပြိုင်ပွဲရော။
“အဲဒါ ဘာအမူအရာတုံး”
ကူယွဲ့က သူမကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။
“ငါ့ကိုမေးစရာရှိရင် ပေါ်တင်မေးလိုက်”
“ဒေဝါလီခံဖို့ စဉ်းစားနေတာလား”
ကူယွဲ့ နှုတ်ခမ်းသပ်ပြီး အိုင်ပတ်ကို ကောက်ယူကာ သူ့ကိုယ်ပိုင်အကောင့်ကိုဖွင့်လိုက်တယ်။ ရှန်းရင် သူမမြင်နေရတဲ့ သုညအရေအတွက်ကြောင့် မျက်လုံးကျိန်းသွားလေရဲ့။
“ငါက ကုမ္ပဏီကို စီမံနေတာ မဟုတ်ပေမဲ့ နှစ်တိုင်းဘောနပ်စ်ရသေးတယ် ဟုတ်ပြီလား”
“အိုး” ရှန်းရင် ခေါင်းညိတ်ပြီး ဒယ်အိုးဇောက်ကို လက်ညှိုးထိုးကာမေးလိုက်တယ်။
“ဒါဆို ဘာလို့အော်ဒါမမှာတာလဲ၊ ဘာလို့ ဟင်းချက်နေတာတုံး”
“…” ဒယ်အိုးကို ကိုင်ထားတဲ့ကူယွဲ့လက် တောင့်ခဲသွားတယ်။ ချီး၊ ဒီကမ္ဘာမှာ အဲလိုအရာရှိတာကို သူမေ့သွားခဲ့တာ။
ခဏနပေါဦး
သူ ရှန်းရင်ဘက် လှည့်ကြည့်လိုက်တယ်။
“မင်း သောက်ကျိုးနည်း ငါ့စားစရာကို မစားချင်ဘူးပေါ့၊ အဲဒါကြောင့် မင်းဒီလို ပြောနေတာမလား”
“မဟုတ်ပါဘူး” သူမက လေးနက်တဲ့အမူအရာ ဆင်မြန်းထားတယ်။
“ချီး” တကယ်လို့ မဟုတ်ဘူးဆိုရင် သောက်ကျိုးနည်း ခေါင်းမညိတ်နဲ့လေ ငါ ဒါတွေအားလုံးကို ဘယ်သူ့အတွက် လုပ်ပေးနေတာတုံး။ ငါ့အစားအသောက်က စိတ်ညစ်စရာဆိုတဲ့ မင်းအမူအရာကို သိသာလွန်းအောင် လုပ်နေတာ ရပ်လိုက်တော့
“ဖေဖေနျို ငါ တကယ့်အစားအသောက်ကောင်းကောင်းချက်တဲ့နေရာကိုသိတယ်လေ”
“ထွက်သွားစမ်း”
၃၀မိနစ်အကြာ။
“ဖေဖေနျို ငါတို့ စားဖိုမှူးကို ဒီလောကထဲ ဆွဲခေါ်နိုင်ဖို့ အခွင့်အရေးရှိမယ်ထင်လား”
“မမျိုချင်ရင်မမျိုနဲ့” ကူယွဲ့ သူမကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုက်ဆာနေသူက ငါမှမဟုတ်တာ။
“…” ရှန်းရင် သက်ပြင်းချပြီး အင်တင်တင်နဲ့ ခေါင်းစိုက်ကာစားလိုက်တယ်။
သူမ ပြန်ရောက်လာပြီးတည်းက စားဖိုမှူးကို မရေမတွက်နိုင်တဲ့အကြိမ်ရေမြောက် လွမ်းမိတာပဲ။
ကူယွဲ့က ပျင်းတိပျင်းရွဲနဲ့ စတော့ဈေးကွက်ကို စစ်ဆေးကြည့်လိုက်တယ်။ စက္ကန့်အနည်းငယ်တည်းမှာတင် ဒေါ်လာမီလီယံချီရနေပြီ။ သူ့တက်ဘလက်ကို ဘေးဖယ်ကာ ချက်ချင်းနီးပါး ပျင်းစပြုလာပြန်တယ်။ စီမံစရာဂိုဏ်း မရှိတဲ့ဘဝ၊ တခြားသူတစ်ယောက်ယောက်ရဲ့ အရှုပ်ထုတ်ကို ရှင်းလင်းစရာမရှိတဲ့ဘဝက အရမ်းကိုလစ်ဟာလွန်းတယ်။
“နင် ကစားချင်လား” ရှန်းရင်က သူမကွန်ပျူတာစခရင်ကို လက်ညှိုးထိုးလာတယ်။
ကူယွဲ့ ဂိမ်းကိုလှမ်းကြည့်ကာ သူမကို ခပ်ညစ်ညစ် ကြည့်လိုက်တယ်။
“ငါ့ကို မင်းနဲ့အတူ သေစေချင်နေတာလား”
“…”
“ငါ့စနစ်ကို နေ့တိုင်းဟက်နေတဲ့ မင်းလိုလူတစ်ယောက်က ဘယ်လိုလုပ် ဂိမ်းမှာ အဲလောက် ညံ့ရတာတုံး”
ရှန်းရင် ခေါင်းငုံ့ကာ တစ်ခဏစဉ်းစားပြီးတဲ့နောက် ပြန်ဖြေလိုက်တယ်။
“ငါက ဒီရှေးခေတ်လည်ပတ်မှုတွေကို ကျင့်သားမရရုံပါ”
“ရှေးခေတ်တဲ့လား”
“အရင်က ငါက ကြယ်ကွန်ရက်မှာပဲ အမြဲကစားခဲ့တာလေ”
“ကြယ်ကွန်ရက်” ကူယွဲ့ရင်ခုန်သွားတယ်။
“မင်းဆိုလိုတာ ဂြိုဟ်သားတွေတောင် အွန်လိုင်းဂိမ်းကစားတယ်ပေါ့”
ရှန်းရင်က သူ့ကိုလှမ်းကြည့်တယ်။
“နင်စမ်းကြည့်ချင်လား”
“စမ်း… စမ်းလို့ရလား” ကူယွဲ့မျက်လုံးတွေ ပြူးသွားတယ်။ ကမ္ဘာမြေသားအနေနဲ့ သေချာပေါက် အပြင်အာကာသက ဂိမ်းတွေကစားချင်တာပေါ့။
ပြီးတော့ သူကစားဝတ်နေရေးအတွက် အွန်လိုင်းဂိမ်းတွေ ဖန်တီးခဲ့တာလေ။ ရှန်းကျင်း စောနက သူတို့ကိုယ်ခန္ဓာ အချက်အလက်တွေကို စစ်ဆေးဖို့ ကူညီခဲ့တည်းက သူမြင်တွေ့ခဲ့ရတဲ့ အဆင့်မြင့်နည်းပညာကြောင့် ထူးထူးကဲကဲခံစားရပြီးပြီ။
“ခဏ နင့်အတွက် ကြယ်ကွန်ရက်အကောင့်တစ်ခု ဟက်ပေးမယ်”
ရှန်းရင်က ကွန်ပျူတာစခရင်ဘက် ပြန်လှည့်ပြီး ကီးဘုတ်ကိုတတောက်တောက်နှိပ်တော့တယ်။
“…” အဲတော့ သူမက လိုင်းသုံးဖို့ အမြဲ ဟက်တာကိုပဲ အားကိုးနေတာလား။
ရှန်းရင် ခဏ တတောက်တောက် ရိုက်နေပြီးမှ ဘယ်ကမှန်းမသိ စခရင်တစ်ခုကို ဆွဲထုတ်လာတယ်။ သူမ တတောက်တောက် ဆက်နှိပ်နေရင်း တခဏအလုပ်လုပ်နေလေရဲ့။ ခဏနေတော့ သူမကရပ်သွားတယ်။
“ပြီးပြီ” သူမက လှည့်လာပြီး အံဆွဲထဲက လက်ပတ်တစ်ခုထုတ်ကာ ကူယွဲ့ဆီ ကမ်းပေးလိုက်တယ်။
“ဒါဘာလဲ”
“လွယ်ကူတဲ့အလင်းဦးနှောက်”
အလင်းဦးနှောက် အဲဒါဘာလဲ။
ကူယွဲ့ ဘာမှထပ်မစဉ်းစားနိုင်ခင် လက်ပတ်ကိုယူလိုက်တယ်။
ချက်ချင်းပဲ သူ့အမြင်အာရုံဝေဝါးသွားတယ်။ သူ နောက်တစ်ကြိမ်သိလိုက်ချိန်မှာတော့ အဖြူရောင်နယ်မြေကြီးထဲ ရောက်နေတယ်။ ပတ်ပတ်လည်မှာဘာမှမရှိဘဲ အဖြူရောင် နေရာကျယ်ကြီးပဲ။ သူ့ခြေထောက်အောက်က မြေကြီးကိုတောင် ခံစားလို့မရဘူး။
သူက ဂိမ်းထဲမှာလား။ နာမည်ရွေးဖို့၊ ဇာတ်ကောင်ဖန်တီးဖို့တောင် မလိုဘူးလား။
သူ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ အခန်းထဲ တခြားဘယ်သူမှရှိမနေ။ အဝေးကြီးကနေတော့ အနားကို ကပ်လာပုံရတဲ့ အမည်းစက်လေးတစ်ခုရှိနေတယ်။
“ရှန်းရင်” ကူယွဲ့ အလိုလို အဲအမည်းစက်လေးဆီ ပြေးသွားမိတာပေါ့။
“ဘယ်လိုဂိမ်း-”
သူစကားမဆုံးခင် တစ်ဖက်ခြမ်းကနေ ကျယ်လောင်တဲ့အသံကြီး ကြားလိုက်ရတယ်။ တစ်ခန်းလုံး တုန်ယင်လာစပြတယ်။ ကူယွဲ့ နောက်ဆုံးတော့ အဲအမည်းစက်က တကယ်တော့ဘာလဲဆိုတာ မြင်လိုက်ရပြီ – သားရဲပဲ။ ခြေထောက်ရှည်ကြီး၈ချောင်းနဲ့ အမွှေးမရှိ။ ပါးစပ်က ခန္ဓာကိုယ်တစ်ဝက်နီးပါး။ ရံဖန်ရံခါ သူ့ပါးစပ်ကနေ ရွံစရာအရည်တွေကျဆင်းနေတယ်။ သရဲကားတွေထဲက တန်းထွက်လာတဲ့သားရဲနဲ့တူပြီး ကူယွဲ့မြင်ဖူးသမျှ နတ်ဆိုးသားရဲတွေထက် ပိုကြောက်ဖို့ကောင်း၊ ပိုရွံဖို့ကောင်းတယ်။
ဟိုလီရှစ်ရှစ်ရှစ်ရှစ်ရှစ်ရှစ်
ဒါဘာကြီးလဲ။
ကူယွဲ့ ရင်ထိတ်သွားတယ်။ သူ့စိတ်ထဲကနေ ရှန်းရင်ကို အခါခါဆဲပြီးနေပြီ။ တစ်ဖက်လှည့်ပြေးဖို့ လုပ်ပေမဲ့ နောက်ကျလွန်းသွားပြီဆိုတာ သိလိုက်ရတယ်။ သားရဲက ရောက်လာတာ အရမ်းကိုမြန်လွန်ပြီး ခုဆို သူနဲ့၁၀မီတာပဲကွာတော့တယ်။ ခြေထောက်၂ချောင်းက သားရဲရဲ့ခြေထောက်၈ချောင်းလောက် မြန်အောင်မပြေးနိုင်တာ အသိသာကြီး။
သူဘာမှမစဉ်းစားနိုင်တော့ဘူး။ ငါသေပြီ၊ ငါသေပြီ၊ ငါသေပြီ။ သောက်ဂိမ်းက ဘယ်လိုအလုပ်လုပ်တာတုံး။
သူချက်ချင်းသေဖို့ကို ငြင်းတယ်
သားရဲရဲ့ ချွန်မြတဲ့ခြေထောက်တွေက သူ့ကိုထိုးဖို့လုပ်တော့တယ်။ ကူယွဲ့ မတတ်နိုင်ဘဲ လှိမ့်ပြီးရှောင်ရတော့တာပေါ့။ သူ့ကိုယ်သူ သားရဲအောက်ရောက်သွားတာ မြင်လိုက်ရတယ်။ နားကွဲမတတ်အော်သံကြီး ပေါ်လာပြီး သားရဲက သူ့ပါးစပ်ကျယ်ကြီးကို ဟကာ ချွန်ထက်နေတဲ့သွားတန်းတွေက ပေါ်လာတယ်။ သူက ကူယွဲ့ကို ကိုက်ချဖို့လုပ်လေရဲ့။
ကူယွဲ့ နှလုံးသား တင်းကြပ်သွားတယ်။ သူ့ကိုယ်ထဲ ရင်းနှီးနေတဲ့ နွေးထွေးမှုက တစ်ရှိန်ထိုး စီးဆင်းလာသလိုပဲ။ သူ အကာအကွယ်ချိပ်တစ်ခု ဖန်တီးပြီး ငရဲမီးနဂါးတစ်ကောင်က သားရဲဆီဦးတည်ကာ ပါးစပ်ထဲတည့်တည့်တိုက်ခိုက်လေတယ်။
ကူယွဲ့ နာနာကျင်ကျင်အော်သံကြီး ကြားလိုက်ရတယ်။ တောင်တစ်ခုစာ ကြီးမားတဲ့သားရဲက ပြာမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။
…