FY အပိုင်း ၈၂

အခန်း (၈၂)
ငွေချေးရခြင်း၏ ဒုက္ခသုက္ခများ

အမျိုးသားနေ့နှင့် အားလပ်ရက်ကြောင့် ပိတ်ရက်နှစ်ရက်ရှိပေသည်။ ထိုခေတ်အခါက ရွှေရောင်ရက်သတ္တပတ်လည်း မရှိပေ။ ပြီးနောက် တစ်ပတ်တွင် ငါးရက် အလုပ်လုပ်ရသည်လည်း မရှိပေ။

ကျောင်းသားများက သူတို့၏လုပ်ငန်းတာဝန်များကို နေ့လည်ခင်းတွင် ပြီးဆုံးသွားပြီး လယ်သမားများက ပြောင်းဆန်များကို ထွန်စက်တွင် စုဆောင်းနေကြသည်။ ယင်းလှုပ်ရှားမှုက ပြောင်းများ တင်ပြီးသွားသည်နှင့် ပြီးဆုံးသွားသည်။

လယ်တောအနီးနှင့် ကျေးလက်များတွင် နေသည့်သူများက ကျောင်းပိတ်ရက်တွင် အိမ်ပြန်သွားကြသည်။ သူတို့က တနင်္ဂနွေနေ့ညတွင် ကျောင်းကို ပြန်လာရန် လိုအပ်သည်။ ဖုန်းယွီသည်လည်း သူ့အဖေကို အကြောင်းကြားထားပြီး ဖုန်းရှင်းထိုက်၏ ဂျစ်ကားက ပြောင်းခင်းအပြင်ဘက်တွင် ရပ်ထားသည်။

ဖုန်းယွီ၊ ဝမ်တုန်းကျွမ်း၊ လျိုကွမ်းနှင့် လီနတို့သည် ဂျစ်ကားပေါ်တွင်လိုက်ရင်း သူတို့၏လယ်တောဆီသို့ ပြန်သွားကြသည်။ ယောက်ျားလေးသုံးယောက်က အနောက်ခုံတွင် ထိုင်ပြီး လီနသည် ရှေ့ခုံတွင် ထိုင်သည်။ သူမ၏မျက်နှာက နီနေပြီး ခေါင်းကို အောက်သို့ ငုံ့ထားသည်။ သူမက ဖုန်းရှင်းထိုက်ကို မကြည့်ရဲပေ။ သို့သော် ဖုန်းရှင်းထိုက်က သူမကို စကားပြောနေသည်။

ဝမ်တုန်းကျွမ်းနှင့် လျိုခွင်က တိတ်တဆိတ် ရယ်နေသည်။ အခြားတစ်ဖက်တွင် ဖုန်းယွီက အကြောင်းအရာကို ပြောင်းလဲရန် ကြိုးစားနေသည်။ ဖုန်းရှင်းထိုက်သာ ဖုန်းယွီနှင့် လီနတို့ ချိန်းတွေ့သည်ကို သိလျှင် ဖုန်းယွီက သူ့အဖေ၏လက်စွဲတော် ကြက်တောင်မွှေးနှင့် အရိုက်ခံရမည်ပင် ဖြစ်သည်။ သူက မြို့တော်တွင် အကောင်းဆုံးအထက်တန်းကျောင်းကို ဝင်ခဲ့သည်။ ပြီးနောက် သူက စာမကြိုးစားဘဲ ယခုရက်တွင် ချိန်းတွေ့နေသည်လော။

ဖုန်းရှင်းထိုက်က လီနနှင့် လျိုခွင်ကို ရွာထဲသို့ ပို့ပြီးနောက် သူတို့၏လယ်တောကို ဖြတ်လမ်းမှ ပြန်သွားသည်။

သူတို့တံခါးပေါက်၏ အပြင်ဘက်တွင် စက်ဘီးများ ရပ်ထားသည်ကို တွေ့လိုက်ရသည်။ သူ၏ခံစားချက်က စိမ်းနေသည်။ သူတို့၏အိမ်တွင် ဧည့်သည်များ ရောက်နေသည်လား။ ဖုန်းရှင်းထိုက်က စက်ဘီးများကို မြင်သောအခါ သူ့မျက်နှာက ပြောင်းလဲသွားသည်။ သို့သော် သူက မရပ်ပေ။ ထိုအစား သူက ဖုန်းယွီကို ဝမ်တုန်းကျွမ်းအိမ်သို့ ပို့ထားခဲ့သည်။

“မင်း တုန်းကျွမ်းအိမ်မှာ အရင်ဆုံးကစားပြီး နေခဲ့၊ တစ်နာရီခွဲလောက်နေမှ အိမ်ပြန်လာခဲ့ ”

ဖုန်းယွီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အဖေ ဘာမှားလို့လဲ ”

“အဲ့တာက မင်းကိစ္စ မဟုတ်ပါဘူး၊ တစ်နာရီခွဲလောက်နေမှ လာခဲ့ ”

ဖုန်းယွီဝင်သွားသည့်အခါ ဝမ်တုန်းကျွမ်းက အံ့ဩသွားသည်။ ဖုန်းယွီ ဘာလို့အိမ်မပြန်တာလဲ။ လယ်တောထဲမှာ တစ်နေ့လုံးအလုပ်လုပ်ခဲ့တာတောင် သူက မပင်ပန်းဘူးလား။

“ဖုန်းယွီ မင်းရဲ့မိဘတွေက လယ်တောထဲကို ပြန်သွားကြတာလား၊ မြေပဲစားဦး၊ ပြီးတော့ မင်းဘာသာမင်း ရေယူသောက်လိုက်တော့နော် ”

“ကျွန်တော်တို့ မိသားစုပိုင် စိုက်ခင်းတွေက လွန်ခဲ့တဲ့အပတ်ထဲက ရိတ်သိမ်းပြီးပြီ၊ ကျွန်တော်လည်း ဘာဖြစ်နေလဲဆိုတာ မသိဘူး၊ ဒါပေမယ့် အိမ်ကို မပြန်ခင် ဒီမှာ တစ်နာရီခွဲလောက် နေရမယ်လို့ ပြောခဲ့တယ် ”

ဝမ်တုန်းကျွမ်း၏အမေက ရုတ်တရက် မေးလိုက်သည်။

“တစ်ယောက်ယောက်က ပိုက်ဆံ ထပ်လာချေးတာပဲ ဖြစ်ရမယ်၊ နေ့တိုင်းလိုလိုပဲ မင်းအဖေအိမ်ကို လူအချို့က ပိုက်ဆံလာချေးကြတယ်၊ မင်းအဖေက ရွာကို အုပ်ချုပ်တဲ့ တုန်းကျွမ်းအဖေထက်တောင် အလုပ်ရှုပ်နေသေးတယ် ”

“ပိုက်ဆံချေးတာလား၊ ဘယ်က ချေးတာလဲ ”

ဝမ်တုန်းကျွမ်းက မေးလိုက်သည်။ ဖုန်းယွီ၏မိသားစုသည် ရွာတွင် ဆွေမျိုးမရှိပေ။ မည်သူက သူတို့ဆီက ပိုက်ဆံချေးသနည်း။

ဖုန်းယွီက နားလည်သွားသည်။ ထိုအရာက လယ်တောတွင်နေသည့် အကြောင်းအရင်းမှ စိတ်ပျက်စရာကိစ္စတစ်ခု ဖြစ်သည်။ ထိုအရာက သေးငယ်လေလေ သတင်းက အလွန်ပျံ့လွယ်လေလေ ဖြစ်သည်။ တစ်ယောက်ယောက်၏ မိသားစုတွင် တစ်ခုခုဖြစ်ပွားခဲ့လျှင် နောက်တစ်နေ့တွင် လူတိုင်းက ထိုအကြောင်းကို သိသွားသည်။

ရွာထဲရှိ လူအားလုံးပြောသည်က ဖုန်းမိသားစုသည် ကြွယ်ဝချမ်းသာလာသည်။ သမီးကညာက မြို့တော်တွင် ချမ်းသာသည့်ယောက်ျားကို တွေ့ခဲ့သည်။ ဖုန်းရှင်းထိုက်က ဂျစ်ကားတောင် ဝယ်စီးနိုင်သည်။ ရွာခေါင်းဆောင်မှာ သေးငယ်သည့်ကျားလင် မော်တော်ဆိုင်ကယ်ကိုသာ စီးနိုင်သည်။

ဖုန်းရှင်းထိုက်နှင့် ရင်းနှီးသူတစ်ယောက်က ယွမ်သုံးထောင်ချေးချင်သည်။ ဖုန်းရှင်းထိုက်သည် ထိုသူကို မျက်တောင်မခတ်ဘဲ ပိုက်ဆံပေးလိုက်သည်။ ယင်းအချက်က ဖုန်းမိသားစုသည် အလွန်ချမ်းသာကြောင်း ယုံကြည်သွားစေသည်။

လူများစွာကလည်း ဖုန်းရှင်းထိုက်၏အိမ်ကို ပိုက်ဆံချေးရန် ရောက်လာကြသည်။ အကြောင်းပြချက်များက သူတို့အနေဖြင့် ထွန်စက်ဝယ်ရန်အတွက် ယွမ်တစ်ထောင်၊နှစ်ထောင်လောက် လိုအပ်သည် ဟူ၍ ဖြစ်သည်။ ကောင်းကောင်းမထွန်ယက်နိုင်ပါက သူတို့၏မိန်းမနှင့် ကလေးများကို ကျွေးထားရန် ပိုက်ဆံရှိမည်မဟုတ်ပေ။ အချို့သောသူများက ယွမ်တစ်သောင်းကျော် ချေးချင်ကြပြီး နောင်နှစ်အနည်းငယ်မှ ပြန်ပေးမည်ပင် ဖြစ်သည်။

ပထမက ဖုန်းရှင်းထိုက်က ထောင်ပေါင်းများစွာ ချေးခဲ့သည်။ အကြောင်းမှာ သူ့အိမ်တွင် ယွမ်ငါးသောင်းကျော်ရှိသည့်အတွက်ပင်။ သို့သော် နောက်ပိုင်းတွင် သူ့ဆီသို့ ပိုက်ဆံချေးရန် လူများ ပိုပိုပြီး ရောက်လာကြသည်။ ထိုအရှက်မရှိသည့် သူများက အတိုးတောင် မပေးချင်ကြပေ။ ပြီးနောက် သူတို့သည် ယင်းချေးငွေများကို နောက်ထပ်သုံးနှစ်မှ ငါးနှစ်ကျော်ကြာမှ ပေးနိုင်မည် ဖြစ်သည်။ ယင်းပိုက်ဆံများကို သူတို့က နှစ်ပေါင်းများစွာထိ ဖြည်းဖြည်းချင်းပြန်ဆပ်မည်ပင် ဖြစ်သည်။ ဖုန်းရှင်းထိုက်ကို အရင်က သိပ်မသိသည့်သူများကတောင် အကူအညီပေးရန် လာတောင်းဆိုကြသည်။ ယခု သူက ချမ်းသာပြီ ဖြစ်သည့်အတွက် သူတို့ကို ယွမ်ထောင်ပေါင်းအနည်းငယ်ပေးရန် လိုအပ်ကြောင်း ပြောသည်။ သူတို့တွေက သူ့ဆီကို တိုက်ရိုက်ပိုက်ဆံ တောင်းသည်က လုံးဝအရှက်မရှိခြင်းပင် ဖြစ်သည်။

ဖုန်းရှင်းထိုက်က စိတ်တိုနေသည်။ သူ့သားက ထိုပိုက်ဆံများကို ရှာထားရပြီး ထိုပိုက်ဆံများက မိုးပေါ်မှ ကျလာတာ မဟုတ်ပေ။ အဘယ့်ကြောင့် ထိုပိုက်ဆံကို သူတို့လိုတိုင်းချေးပေးရမည်နည်း။ အချို့သောသူများက နောက်နှစ်တွင် ဘဏ်များ၏အတိုးနှုန်းအတိုင်းပေးကာ ပြန်ဆပ်မည်ဖြစ်သည်။ သို့သော် အချို့သောသူများက ထိုစကားများထွက်လာရန်တောင် ရှက်ရွံ့ကြပေသည်။ ဖုန်းမိသားစုသည် ငွေစက္ကူများကို ရိုက်နှိပ်သည့်ဘဏ် မဟုတ်ပေ။

သို့သော် သူတို့အားလုံးက တစ်ရွာထဲတွင် အတူနေကြတာ ဖြစ်သည်။ ဖုန်းရှင်းထိုက်က သူတို့ကို မောင်းမထုတ်ချင်ပေ။ သို့သော် သူက ပိုက်ဆံအားလုံး ချေးလိုက်ပြီဖြစ်ကြောင်းပြောကာ သူတို့ကို နှင်ထုတ်လေသည်။ သို့သော် ထိုလူများက သူ့ကို မယုံကြည်ပေ။ မေးခွန်းတောင် မေးလိုက်သေးသည်။

“မင်း xxx ကို ပိုက်ဆံချေးပြီးပြီ၊ ဘာကြောင့် ငါ့ကိုမှ ပိုက်ဆံမချေးပေးရတာလဲ ”

ဖုန်းရှင်းထိုက်က ပြောစရာ စကားမဲ့သွားကာ တွေးတောလိုက်သည်။

“အဲ့ဒီပိုက်ဆံတွေက ငါ့ပိုက်ဆံတွေလေ၊ ငါချေးချင်တဲ့သူကို ငါ ကြိုက်သလို ချေးလို့ရတယ်၊ ဒီလိုမျိုးလေသံနဲ့ ငါ့ဆီက ပိုက်ဆံလာမချေးနဲ့၊ ပြီးတော့ လေသံက ငါက မင်းကို အကြွေးပေးရမှာ ကျနေတာပဲ ”

ဖုန်းရှင်းထိုက်က အလွန်ဒေါသထွက်နေသည်။ သူက ပိုက်ဆံချေးရန် လာသည့်လူတိုင်းကို ငြင်းလွှတ်လိုက်တော့သည်။

တစ်နာရီခွဲခန့်ကြာပြီးနောက် ဖုန်းယွီက အိမ်သို့ပြန်လာသည်။ ထိုစက်ဘီးများသည် မရှိတော့ပေ။ ပြီးနောက် ဖုန်းယွီ၏အတွေးတွင် ထိုလူများက ပြန်သွားသည်ပင်။ သို့သော် သူအိမ်ထဲသို့ ဝင်လာသည့်အခါ လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့က ညစာစားရန် စောင့်နေဟန် တူသည်။

“အိုး ရှောင်ယွီ ပြန်လာပြီလား၊ မြို့တော်မှာ ရှိတဲ့ကျောင်းအသစ်မှာ နေသားကျနေပြီလား၊ အိုး ဟုတ်သားပဲ၊ နင့်အစ်မက ချမ်းသာတဲ့ ရည်းစားရထားတာပဲ၊ ပြီးတော့ မင်းကိုလည်း ကောင်းကောင်းဆက်ဆံတယ် မဟုတ်လား ”

“ဟုတ်တယ်၊ ညီအစ်ကိုဖုန်းက အရမ်းကံကောင်းတာပဲ၊ သူ့အစ်မက ချမ်းသာတဲ့ကောင်လေးနဲ့ တွေ့တယ်၊ ပြီးတော့ သူ့သားကလည်း ကောင်းကောင်းစာသင်ကြားနိုင်ပြီ၊ သူနောင်ကျ တက္ကသိုလ်ကို သေချာပေါက်သွားနိုင်ပြီး လယ်တောကို ခေါင်းဆောင်အဖြစ်နဲ့ ပြန်လာမှာပဲ ”

ဖုန်းယွီက ရုတ်တရက် စူးစမ်းစွာဖြင့် မေးလိုက်သည်။

“ဦးလေးစုန့်၊ ဦးလေးကျန်း ဘာကြောင့် ကျွန်တော့်အိမ်ကို ရောက်နေတာလဲ၊ ဦးလေးတို့အိမ်မှာ အခုညစာစားနေရမှာ မဟုတ်ဘူးလား ”

သူတို့၏မျက်နှာထက်ရှိအပြုံးက အေးစက်သွားသည်။ ထိုကလေးက သူတို့ကို မောင်းထုတ်ခြင်း ဖြစ်ပေသည်။

ကံကောင်းသည်မှာ သူတို့အတွက် ဖုန်းရှင်းထိုက်က ပြောလိုက်သည်။

“ရှောင်ယွီ မင်းဘာတွေ ပြောနေတာလဲ ”

မျက်နှာနှစ်ခုအထက်တွင် အပြုံးများ ပြန်ပေါ်လာသည်။ ထိုအရာက ဖုန်းရှင်းထိုက်က မျက်နှာလိုချင်ဟန် ဖြစ်ပုံပေါ်ပြီး သူတို့ကို ညစာအတွက် နေခိုင်းခြင်း ဖြစ်သည်။ သူတို့က ဟင်းပွဲအနည်းငယ်နှင့် အရက်သောက်ပြီးနောက် ဖုန်းယွီရှေ့တွင် ချေးငွေအကြောင်း မေးကြသည်။ ဖုန်းရှင်းထိုက်က သူတို့ကို မငြင်းဆိုပေ။

ဖုန်းရှင်းထိုက်က ပြောသည်။

“မင်းရဲ့ဦးလေစုန့်နဲ့ ဦးလေးကျန်းက ညစာစားချိန်မှာ ဘာကြောင့်မပြန်ဘူးလဲဆိုတာ မင်းတွေးနေတာမလား၊ သူတို့ကို အဲ့ဒီအချက်ကို သတိပေးဖို့ မင်းကို မလိုဘူး ”
သူတို့မျက်နှာထက်ရှိ အပြုံးများက ထပ်အေးစက်သွားသည်။ သူတို့ကို ဖုန်းရှင်းထိုက်က မကြိုဆိုပါက သူတို့က ညစာစားရန် အတွက် ပြောနိုင်မှာ မဟုတ်ပေ။

“ဟုတ်တယ်၊ ကျွန်တော်တို့တွေ ပြန်တော့မယ်၊ ညီအစ်ကိုဖုန်း မနက်ဖန်ကျမှ ကျန်တဲ့အကြောင်းတွေ ဆွေးနွေးဖို့ လာခဲ့မယ် ”

“ကျွန်တော်လည်း သွားပြီဗျို့ အစ်ကိုဖုန်းရေ၊ ကျွန်တော့်ကို ရှာဖို့ ခင်ဗျားကို မလိုအပ်တော့ဘူး ”

သူတို့နှစ်ယောက်ထွက်သွားပြီးနောက် ဖုန်းရှင်းထိုက်က သက်ပြင်းချလိုက်သည်။ ကျန်းမူဟွသည်လည်း အပြင်မှ ပြန်လာသည်။ သူက ဖုန်းယွီကို မြင်သည့်အခါ သူမမျက်နှာထက်ရှိ စိုးရိမ်မှုများက ပျောက်ကွယ်သွားသည်။

“သား မင်းဗိုက်ဆာနေပြီလား၊ ညစာကို ဘာစားချင်လဲ ”

“အာလူးကြော်နဲ့ ဘဲဥအငန် ”

သူ့အမေ ချက်ပြုတ်နေတာကို စောင့်နေစဉ် ဖုန်းယွီက သူ့အဖေကို မေးလိုက်သည်။

“အဖေ ကျွန်တော်တို့ဆီကနေ လူတွေ ပိုက်ဆံဘယ်လောက်များများ ချေးယူပြီးပြီလဲ ”

“ငါ လူဆယ်ယောက်ကျော်ကို ယွမ်လေးသောင်းကျော် ချေးပြီးပြီ၊ သူတို့တွေက လက်မှတ်လည်း ထိုးသွားတယ်၊ တစ်ချို့လူတွေက လာမယ့်နှစ်အတွင်း၊ တစ်ချို့သူတွေကတော့ နှစ်နှစ်ကြာမှ ပြန်လာပေးကြမှာ၊ ဟင်း… ပိုက်ဆံများများရှိတာကလည်း ကောင်းတဲ့အရာ မဟုတ်ပါလား ”

ဖုန်းရှင်းထိုက်က စီးကရက်ကို မီးညှိလိုက်ပြီး ပြောလိုက်သည်။

“အဖေ ကျွန်တော်တို့တွေ မြို့ကို ပြောင်းရအောင်၊ ဒီနှစ်အတွင်းမှာ ပြီးမယ့် အဆောက်အဦးတစ်ခုရှိတယ်၊ ကျွန်တော်တို့တွေ တိုက်ခန်းတစ်ခန်း ဝယ်နိုင်တာပဲ၊ ပြီးတော့ အဲ့ဒီမှာ အရှက်မရှိတဲ့ သူတွေလည်း ရှိမှာ မဟုတ်ဘူး ”

“မဟုတ်ဘူး၊ ငါတို့တွေ တိုက်ခန်းဝယ်ပြီး ကတည်းက သူတို့က ငါတို့ကို အရမ်းချမ်းသာလာတယ်ထင်ပြီး အဖေတို့ဆီက ပိုက်ဆံများများ ချေးဖို့ အကြောင်းရှာကြတယ်၊ အနည်းဆုံးတော့ အဖေတို့တွေ ဒီနှစ်တွင်းတော့ မပြောင်းနိုင်ဘူး ”

“အဖေ အဲ့ဒီပိုက်ဆံတွေကို ချေးပြီးကတည်းက အဲ့ဒီအကြောင်းတွေကို မေ့ထားလိုက်တော့၊ ကျွန်တော်တို့တွေ အရမ်းချမ်းသာနေပြီ၊ အဲ့တာက ယွမ်လေးသောင်းထဲပဲ၊ ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ ယွမ်လေးသန်းရနိုင်တယ်၊ ဒါပေမဲ့ ပိုက်ဆံချေးတာကိုတော့ ကျွန်တော်တို့ ဆက်မလုပ်နိုင်တော့ဘူး၊ အထူးသဖြင့် ဦးလေးစုန့်နဲ့ ဦးလေးကျန်းတို့လို လူမျိုးပေါ့၊ သူတို့က ဘာအလုပ်မှ မလုပ်ကြဘူး၊ ဒါပေမဲ့ နေ့တိုင်း မာကျောက်ကစားကြတယ်၊ အဖေ သူတို့ကို ပိုက်ဆံချေးလိုက်ရင် သူတို့တွေက ကျွန်တော်တို့ကို ပိုက်ဆံ ပြန်ပေးမှာ မဟုတ်ကြဘူး၊ ဘာကြောင့် ကျွန်တော်က ဒီရွာမှာ ရှိတဲ့လူတိုင်းကို ပိုက်ဆံရှာဖို့ မတွေးမိတာပါလိမ့် ”

ဖုန်းယွီသည် ထိုစိတ်ပျက်စရာကောင်းသည့်လူများလက်မှ လွတ်အောင် အကြံတစ်ခုကြံတော့သည်။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset