အခန်း (၈၁) ကောက်ရိတ်သိမ်းပွဲ
အမျိုးသားနေ့မတိုင်ခင် ကျောင်းလှုပ်ရှားမှုတစ်ခု ရှိသည်။ ယင်းလှုပ်ရှားမှုက ကျောင်း၏ရိုးရာပင် ဖြစ်သည်။ ကျောင်းသားများအားလုံးက စိုက်ခင်းများကို သွားကာ ကောက်ရိတ်ရသည်။ ယင်းက ကျောင်းသားများကို ပင်ပန်းဆင်းရဲသည့် လယ်သမား၏ဘဝကို တွေ့ကြုံရစေရန်နှင့် အစားအသောက်များကို မဖြုန်းတီးရန် အသိပေးစေလိုခြင်းဖြစ်သည်။
စာသင်ခန်းတိုင်းတွင် နံရံပေါ်၌ လယ်ယာလုပ်ငန်းလုပ်ကိုင်ရသည်မှာ ပင်ပန်းဆင်းရဲကြောင်း ရေးထား သည့် ကဗျာနှစ်ပုဒ်ရှိပေသည်။
“နေ့ခင်းနေပူပူ လယ်သမားများ စိုက်ခင်းတွင် အလုပ်လုပ်နေကြသည်။ သူတို့၏ချွေးပေါက်များက မြေပေါ်သို့ကျနေသည်။ ဆန်စေ့တစ်စေ့ချင်းစီတိုင်းက မည်မျှပင်ပန်းဆင်းရဲမှန်း မည်သူသိမည်နည်း။”
“နွေဦးတွင် တစ်စေ့စိုက်ပြီး ဆောင်းဦးတွင် အစေ့တစ်သောင်း စုဆောင်းပါ။ မစိုက်ပျိုးပဲ စိုက်ခင်းများရှိလာမည် မဟုတ်။”
ထိုကဗျာကား ထန်မင်းဆက်၏ နာမည်ကျော်ကဗျာဆရာလီရှန်း၏ ကဗျာတစ်ပုဒ်ဖြစ်သည်။ သို့သော် သမိုင်းကျမ်းကို နှစ်သက်သည့် ဖုန်းယွီအဖို့ ယင်းကဗျာအား လီရှန်းရေးရခြင်းသည် ဧကရာဇ်မင်း၏ အာရုံစိုက်မှုကို ရရှိရန်နှင့် ရာထူးတိုးမြှင့်ပေးရန်ဖြစ်ကြောင်း သိသည်။ လီရှန်း ရာထူးတိုးမြှင့်ခံရပြီးနောက် သူက သူ့ဘဝတွင် ပျော်ရွှင်ပြီး လယ်သမားများ၏ ပင်ပန်းဆင်းရဲမှုအကြောင်းကို ဘယ်တော့မှ စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။
ဖုန်းယွီသည် လီရှန်းကို မကြိုက်သော်ငြား ထိုပုံပြင်နှစ်ပုဒ်ကို တကယ်ပင် ရေးထားပေသည်။
ကျောင်းသားများက ဘတ်စ်ကားကို နှစ်နာရီစီးပြီးနောက် ဘင်းမြို့တော်မြောက်ဖက်ရှိ စိုက်ခင်းကို နောက်ဆုံးတွင် ရောက်သွားသည်။ ယင်းစိုက်ခင်းက ဖုန်းယွီမိသားစု စိုက်ခင်းနှင့် တစ်နာရီခန့်သာဝေးပေသည်။
ထိုစိုက်ခင်းက ပြောင်းစိုက်ခင်းဖြစ်ကာ ကျောင်းသားများက ရိုးတံများကိုခုတ်၊ အခွံကိုနွှာရပေမည်။ ပြောင်းများကို အတူတကွ စုပုံစည်းပြီးနောက် တင်ပို့ရန် ထွန်စက်ပေါ်သို့ တင်ပေးရမည်ဖြစ်သည်။
ယခုအခါ လုံကျန်းပြည်နယ်တွင် အဓိက စိုက်ပျိုးသီးနှံမှာ ဂျုံဖြစ်ပြီး သူ့နောက်တွင် ပဲပိစပ်ဖြစ်သည်။ ပတ်ဝန်းကျင်တွင် ပြောင်းစိုက်ခင်းအချို့လည်း ရှိပေသည်။ ထို့အတွက် သူတို့က ဝေးဝေးသွားရခြင်းဖြစ်သည်။ ယင်းပြောင်းစိုက်ခင်းက အနီးဆုံးဖြစ်ကာ ကျောင်းနှင့်လည်း စာချုပ်ချုပ်ဆိုထားသည်။
ကျောင်းတွင် ကျောင်းသားငါးရာခန့်ရှိကာ သူတို့ကို အတန်းအလိုက်ခွဲထားသည်။ အတန်းတိုင်း အတွက် ကျောင်းမှ နေရာများ ဖြန့်ထား၊ ခွဲထားပေးသည်။
အတန်းထဲတွင် ကျောင်းသားလေးဆယ်ခန့်ရှိပြီး သူတို့သည် ထိုသေးငယ်သည့် ဧရိယာကို ကြီးကြပ် ရမည်ဖြစ်သည်။ ယင်းက တကယ့်စိုက်ခင်းဖြစ်ကာ ထိုအကွက်ကို တစ်နေ့ထဲပြီးရန်အတွက် လူငါးယောက် ကောက်ရိတ်သိမ်းရမည်ဖြစ်ပေသည်။ ကျောင်းသားများအကုန်လုံးက လယ်သမားဖြစ်ရခြင်း၏ အတွေ့အကြုံ ကို လွန်စွာမှ ထိတွေ့ချင်နေသည်။
သို့သော် ယင်းကျောင်းသားများထဲတွင် ငြီးတွားသူများလည်း ရှိသည်။ သူတို့တွေက စိုက်ပျိုးသည့် မိသားစုမှလာကာ သူတို့သည် ပြောင်းရိတ်သိမ်းရမည့်အစား သူတို့မိသားစုပိုင် သူတို့၏စိုက်ခင်းများတွင် ကူညီ ချင်ကြပေသည်။
ဖုန်းယွီ၊ ဝမ်တုန့်ကျွင်းနှင့် အခြားသောကျောင်းသားအချို့သည် လယ်သမားမိသားစုမှလာတာဖြစ်ကာ မြို့ရှိကျောင်းသားများနှင့် ယှဉ်ပါက စိုက်ပျိုးသည့်အလုပ်က ပိုရင်းနှီးပေသည်။ သူတို့သည် တံစဉ်ဖြင့် ရိုးတံများကို ဖြတ်တောက်ရမည့် တာဝန်ရသည်။ ပြီးနောက် ကျန်သည့်သူများက သူတို့နောက်မှလိုက်ကာ ပြောင်းဖူးအခွံချွတ်ပြီး ပြောင်းဖူးကို အပုံလိုက် ပုံထားရမည်ဖြစ်ပေသည်။
ဝမ်တုန့်ကျွင်းက ကျွဲရိုင်းတစ်ကောင်နှင့်တူကာ အလွန်လျှင်မြန်သည့်အရှိန်ဖြင့် ပြောင်းခင်းတစ်ခုလုံးကို ခွဲဖြတ်သွားသည်။ ပြီးနောက် မကြာမီတွင် သူသည် ရှေ့မှဦးဆောင်သွား၏။
“ငါ့ကိုကြည့်လိုက်စမ်း။ ငါက မင်းတို့နဲ့ မတူအောင်ကို မြန်ဆန်တယ်။ မင်းတို့တွေ အကုန်လုံးက လိပ်တွေချည်းပဲ။”
ဝမ်တုန့်ကျွင်းက သူ့တံစဉ်ကို ပုခုံးတွင်ထားကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
ဖုန်းယွီက ခေါင်းယမ်းကာ တွေးတောလိုက်၏။
“ဒီအရူးတော့”
“တုန့်ကျွင်း ပြောင်းဖူးရိုးတံတွေကို ဖြတ်ဖို့အတွက် ကြီးကြပ်ရသူတွေထဲမှာ မင်းက အမြန်ဆုံး ဖြစ်နေတာကို သတိမပြုမိဘူးလား။ မင်းက တတိယနှစ်ကျောင်းသားတွေထက်တောင် ပိုမြန်နေသေးတယ်။ အဲ့တာက ထူးဆန်းတယ်လို့ မင်း မတွေးမိဘူးလား။”
ဝမ်တုန့်ကျွင်းက သူ့ခေါင်းကို ကုတ်ကာ မေးလိုက်သည်။
“ဘာကြောင့်လဲ။”
“ဘာကြောင့်လဲဆိုတော့ ဒီပြောင်းဖူးခင်းက ဒီလောက်ပဲကြီးတာ။ မင်းအခု ပြောင်းရိုးတံတွေအကုန် ဖြတ်လိုက်ရင် မင်းနေ့လည်ကျရင် ဘာလုပ်မှာလဲ။ တခြားကျောင်းသားတွေ ပြောင်းခွံခွာတာကို ကြည့်နေမှာလား။ အဲ့ဒီ အဓိပ္ပါယ်က မင်းမြန်လေလေ မင်းအလုပ်ပိုပြီးလေပဲ။ ဆရာ၊ ဆရာမတွေက မင်းကို ချီးကျူးမယ်လို့ ထင်မှာပေါ့။ ဒါမှမဟုတ်ရင် တခြားကျောင်းသားတွေက မင်းကို စိတ်တိုကြလိမ့်မယ်။”
ဝမ်တုန့်ကျွင်းက ပြောစရာစကား မဲ့သွားသည်။ ထိုအရာက ကျန်သည့်ကျောင်းသားများ နှေးကွေးနေသည်မဟုတ်မှန်း သူနားလည်သွားသည်။ သို့သော် သူတို့တွေက သူတို့၏ ချိုမြသည့်အချိန်ကို ယူနေခြင်းဖြစ်သည်။ သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် ကျောင်းသားများအားလုံးက သူတို့အလုပ်လုပ်နေစဉ် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ အဆုံးတွင် သူတစ်ယောက်တည်း အလုပ်ကို အရူးအမူးကြိုးစားနေသည့် အရူးတစ်ယောက်သာ ဖြစ်သွားသည်။
“ငါတို့ဆီကနေ သင်ယူလိုက်။ ခဏလုပ် ခဏနား။ ဒါမှမဟုတ်ဖူးဆိုရင် ဒီရိုးတံတွေအပေါ်မှာ ထိုင်ပြီး အနားယူလိုက်။ မင်း အလုပ်မြန်မြန်လုပ်ရင် တခြားသူတွေက မင်းကို ကျေနပ်မှာ မဟုတ်ဖူး။ မင်းအဲ့တာကို တကယ်လိုချင်တာလား။”
ဖုန်းယွီက ဝမ်တုန့်ကျွင်းကို အလုပ်ရှောင်ဖယ်သည့် အနုပညာအချို့ သင်ပေးလိုက်သည်။ ထိုဝမ်တုန့်ကျွင်းသည် ရှောင်ဖယ်သည့်နေရာတွင် တော်သော်လည်း သူ၏ ဉာဏ်ကောင်းမှုတို့က အဘယ်ကို ရောက်သွားသနည်း။
စကားတစ်ခွန်းမှမပြောပဲ ဝမ်တုန့်ကျွင်းက ပြောင်းတံပေါ်သို့ထိုင်ကာ အနားယူလိုက်သည်။ သို့သော် တစ်ခဏ ကြာပြီးနောက် သူပျင်းလာတော့သည်။ သူဘာမှလုပ်စရာမရှိ။ အခြားသူများကလည်း သူ့ကို စကားလာမပြောကြပေ။
သူပြောင်းရိုးတံကို မြင်သည့်အခါ အကြံဉာဏ်တစ်ခု ရသွားသည်။
ဖုန်းယွီသည် ပြောင်းရိုးတံနှစ်ခု စိမ်းနေသည်ကို မြင်တွေ့သွားသည်။ ထို့နောက် သူသည် ယင်းရိုးတံကို ပိုင်းဖြတ်ပြီး သူက ပင်စည်၏အပြင်ပိုင်းအလွှာကို ခွဲလိုက်ကာ အထဲတွင် နူးညံ့ပြီး အရည်ရွှမ်းသည့်အပိုင်း ပေါ်လာသည်။ တစ်ချက်ကိုက်လိုက်သည်နှင့် ချိုမြသည့်အရည်က ထွက်လာသည်ကို ခံစားနိုင်ပေသည်။
တောင်ဘက်နှင့် မြောက်ဘက်တွင် ကြံပင်များရှိပေသည်။ ထိုအရာများက ပြောင်းနှင့် ပြောင်းမျိုးနှံစားပင်တစ်ခုနှင့် တူပြီး ထိုအရာကို ချိုမြိန်သည့် ပြောင်းမျိုးနှံစားပင်ဟု ခေါ်သည်။ ထိုအရာက လက်ချောင်းတစ်ချောင်း၏ အထူသာရှိပြီး ကြံကဲ့သို့ ချိုမြိန်လှသည်။ ယင်းစိုက်ခင်းတွင် မိုးအနည်းငယ်နှင့် နေလုံးဝမပူပေ။ ပြောင်းရိုးတံ၏ အောက်ပိုင်းသည်လည်း ယခုကဲ့သို့ အလွန်ချိုမြိန်သည့် အပိုင်းများ ရှိပေသည်။
ဖုန်းယွီက သူ၏ တံစဉ်ကို အသုံးပြုကာ မလိုသည့် အစိတ်အပိုင်းများနှင့် ပြောင်းတံ၏ အပြင်ပိုင်းအလွှာကို ဖယ်ထုတ်ကာ သူသည် လီနဆီသို့ ပြောင်းရိုးတံနှင့် သွားလိုက်သည်။
“မင်းရေဆာနေလား။ ချိုမြိန်တဲ့ ပြောင်းရိုးတံကို မြည်းကြည့်ပါဦး။”
ဖုန်းယွီသည် သူမြည်းစမ်းခဲ့သည့် အစိတ်အပိုင်းကို လီနဆီသို့ ပေးလိုက်ကာ ဖတ်တီးကလေးက အဝေးကို ဆွဲယူသွားသည်။ သူတို့တွေက ပြောင်းဖူးအပုံ၏ ဘေးနားတွင်သာ ထိုင်နေကြသည်။ ယခုတွင် ကျန်သည့်ကျောင်းသားများက လီနနှင့် မကစားရတော့ပေ။ ထိုအရာများအားလုံးက ဖတ်တီးကလေး၏ အမှားပင်ဖြစ်သည်။ သူက ဖုန်းယွီမိသားစုသည် မြေအောက်ဂိုဏ်းနှင့် ပက်သက်သည်ဟု ကောလဟာလ လွှင့်ကာ လီနကို ထိုအခြေအနေသို့ရောက်အောင် ဆွဲချခဲ့ခြင်းပင် ဖြစ်သည်။
လီနက တွန့်ဆုတ်နေသော်ငြား ဖုန်းယွီ၏ နှစ်လေးဆယ်ကျော် အတွေ့အကြုံကို သူဉာဏ်ရှိရှိဖြင့် တွဲနိုင်ခဲ့သနည်း။ ဖုန်းယွီ စကားအနည်းငယ်သာပြောရသေးကာ သူတို့သည် အရင်အတိုင်း ပြန်ဖြစ်သွား ပေသည်။
လီနက ယူလိုက်ပြီး အနည်းငယ်ကိုက်ကာ ဖြေးဖြေးချင်းဝါးလေသည်။ သူမက လှပသည့်အပြုံး တစ်ပွင့် ပေါ်လာသည်။ ပြီးနောက် သူမ၏ ကျဉ်းမြောင်းသည့် မျက်လုံးများက လခြမ်းသဏ္ဍာန် ဖြစ်သွား ပေသည်။
“အဲ့တာက ချိုတာပဲ။”
“ဘာ ဘာ ဘာ ဘာ….. ဘာချိုတဲ့ပြောင်းရိုးတံလဲ။ အဲ့တာက ရေဆိုးပိုက်ကလာတဲ့ အနံ့နဲ့တူပြီး အရသာကလည်း ပြင်းနေတာပဲ။”
ဖတ်တီးလေးက အရည်ကို စုပ်လိုက်ကာ မကျေနပ်သည့်အကြောင်း ပြောဆိုလိုက်သည်။
ဖုန်းယွီက တည်ငြိမ်စွာဖြင့် ရှင်းပြသည်။
“နင်က ကံမကောင်းလို့နေမှာပေါ့။ ထပ်ပြောရရင် ဒီဟာတွေက ပြောင်းရိုးတံတွေ နှံစားပြောင်းချိုမှ မဟုတ်တာ။ တချို့က ချိုတယ်။ တချို့က မချိုဘူးဆိုတာ ပုံမှန်ပဲလေ။”
လီနက သူမ၏ ပြောင်းရိုးတံကို နှစ်ပိုင်းပိုင်းလိုက်ကာ တစ်ဝက်ကို ဖက်တီးမလေးဆီ ပေးလိုက်သည်။ ဖက်တီးမလေးက သတိရှိရှိဖြင့် တစ်ချက်ကိုက်လိုက်သည်။ ထိုအရာက အတည်ချိုသည်ပင်။
“နင်ဒီအပိုင်းကို နှစ်ပိုင်း ထပ်ချိုးလိုက်။ ငါတို့တွေ အတူတူမျှစားကြမယ်။”
လီနက ကျန်နေသည့်တစ်ပိုင်းကို ဖုန်းယွီကို ပေးသည်။ သူမက ဖုန်းယွီ၏ နှုတ်ခမ်းသားများ ခြောက်နေသည်ကို တွေ့ရ၏။
“ငါအဲ့တာကို မချိုးနိုင်ဘူး။ နင်ပဲစားလိုက်တော့။ ရှေ့မှာဖြတ်ထားတဲ့ ပြောင်းရိုးတံတွေ ရှိသေးတယ်။ ငါ ထပ်ရှာလို့ရသေးတယ်။”
လီနက ဖုန်းယွီကို အနည်းဆုံး တစ်ကိုက်ကိုက်အောင် တောင်းဆိုလိုက်သည်။ ဖုန်းယွီက ယင်းပြောင်းတံကို တစ်ချက်ကြည့်ပြီးနောက် လီနစားထားသည့်ဘက်ကို တစ်ကိုက်ကိုက်ရန် ပြင်လိုက်သည်။
“ဘယ်သူလဲ။ ဘယ်သူငါ့ကို ထိခိုက်အောင်လုပ်တာလဲ။”
ဖုန်းယွီက ပတ်ဝန်းကျင်ကို ကြည့်ကာ စိတ်တိုသွားတော့သည်။ သူ ပြောင်းရိုးတံကို တစ်ကိုက်သာ ကိုက်ရသေးခင် သူ၏ခေါင်းကို တစ်ခုခုက ထိမှန်သလို ခံစားလိုက်ရသည်။
“ဟား ဟား ဟား ဟား ဘယ်လိုနေလဲ။ ငါလုပ်ထားတဲ့ ပြောင်းရိုး လေးတံက မဆိုးဘူးပဲ။ အဝေးကနေတောင် မင်းရဲ့ခေါင်းကို မှန်အောင်ပစ်နိုင်တယ်။”
မီတာအနည်းငယ် အကွာတွင် ဝမ်တုန့်ကျွင်းက ပြောင်းရိုးနှင့် ပြုလုပ်ထားသည့် လေးတစ်စင်းကို ကိုင်ထားကာ ဖုန်းယွီကို ဂုဏ်ယူသည့်အကြည့်ဖြင့် ကြည့်နေသည်။ ဖုန်းယွီကို ပစ်လိုက်သည်မှာ ပြောင်းရိုးတံ အစိတ်အပိုင်းလေးဖြစ်သည်။
“ချီးပဲ။ ဒီအရူးက ငါ့ကိုနှောက်ယှက်ပြန်ပြီ။”
“ပြောင်းရိုးတံလေးလား။ ငါမင်းကို ပြောင်းရိုးတံလေးထက် ပြောင်းရိုးတံဘေ့စ်ဘောက ဘယ်လောက် ထိ တိကျလဲဆိုတာ မင်းကိုပြမယ်။”
ဖုန်းယွီသည် ယခင် ဖက်တီးကလေးပစ်ထားသည့် ပြောင်းရိုးတံကို ကောက်ကိုင်လိုက်ကာ ထိုပြောင်းတံကို နှစ်ပိုင်းပိုင်းလိုက်ပြီး အရူးဆီကို ပစ်လိုက်သည်။ သူသည် ဒီအရူးကို ယနေ့ သင်ခန်းစာ ပေးကိုပေးရမည်ပင်။
ဖုန်းယွီ ပြောင်းရိုးတံကို နှစ်ပိုင်းပိုင်းလိုက်သည်ကို မြင်သောအခါ လီနက ရှက်သွားသည်။ ဖုန်းယွီက သူမကို ယခင်က ပြောင်းရိုးတံကို နှစ်ပိုင်းမပိုင်းနိုင်ကြောင်း သူမအားပြောသည်ကို အမှတ်ရသွားသည်။ သူက သူမစားထားသည့်အပိုင်းကို တစ်ကိုက် ကိုက်ချင်တာ ဖြစ်ပေသည်။