ERSY အခန်း ၂၆၃

အခန်း ၂၆၃။ ပင်လယ်စာခူးဆွတ်မှု

ရှန်းရင် ငါးတွေအကုန်နီးပါး သိမ်းဆည်းလုပြီးနေပြီ။ အမွေးလုံး သူ့ကိုပေးတဲ့ သိုလှောင်အိတ်က အတော်လေးကို ကြီးတယ်။ ရှန်းရင်က ငါးရာချီသိမ်းဆည်းပြီးတာတောင် မပြည့်လျှံသေးဘူး။

“အမွေးလုံး၊ တခြားပင်လယ်သတ္တဝါတွေရော ရှိလား”

ပိုင်ဇယ်က လေထဲအချိန်အကြာကြီး စိုက်ကြည့်နေတယ်။ နောက်ဆုံးတော့ သူ သတိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်တယ်။

“အင်း” သူ တိမ်တစ်ခုပေါ်တက်ပြီး ရှန်းရင်ဆီ လက်ကမ်းလိုက်တယ်။

“ကျုပ် မင်းကို အဲခေါ်သွားပေးမယ်”

“ကောင်းပြီလေ” ရှန်းရင်က တိမ်ပေါ်ခုန်တက်တယ်။

“သွားကြစို့”

ပိုင်ဇယ် စိတ်ပျက်စွာနဲ့ လက်ပြန်ရုတ်လိုက်တယ်။ ရှန်းရင်က ခြေတစ်ထောင်ဘက် လှည့်ပြောတယ်။

“ဟေး အဲဒီ… ငါးစာလား၊ ရေဘဝဲလား… နင့်နာမည်ဘယ်လို”

“ခြေတစ်ထောင်” ပိုင်ဇယ်က သူမကိုသတိပေးလိုက်တယ်။

“အိုး ခြေတစ်ထောင်အစ်ကို၊ သွားကြစို့ ငါတို့နေရာပြောင်းတော့မယ် နောက်မှာ မကျန်ခဲ့စေနဲ့”

ခြေတစ်ထောင် ။ ။ “…”

သူမ ခုလေးတင် သူ့ကိုငါးစာလို့ ခေါ်လိုက်တာလား။ သေချာပေါက် အဲလိုခေါ်လိုက်တာမလား။ ရှန်းကျွင်း ဒီကိုလာတာ ရေနတ်ဆိုးသားရဲတွေကို ရှင်းထုတ်ဖို့ တကယ်ဟုတ်ရဲ့လား။ ဘာလို့ အဲဒီနတ်ဆိုးသားရဲအလောင်းတွေကို စုဆောင်းနေတာလဲ။ ဒီနတ်ဆိုးသားရဲတွေက သူတို့ အတွင်းအမြုတေကိုတောင် မလေ့ကျင့်ရသေးတာမို့ အသုံးမဝင်ဘူးလေ။

ခြေတစ်ထောင် သူတို့နောက် လိုက်ခဲ့ပြီး ဇဝေဇဝါဖြစ်နေတယ်။ ဒါပေမဲ့ ဒီလိုမျိုးပဲ ထပ်တလဲလဲ ဖြစ်နေတယ်။ သူက ရှန်းကျွင်း နတ်ဆိုးသားရဲတွေကို နှိမ်နင်းဖို့ ဆက်တိုက် ဆံပင်မွေးဆွဲနုတ်နေရတာ။ နှစ်ယောက်သားက အလောင်းတွေကို ပျော်ပျော်ကြီးကောက်ပြီး သူ့ကိုတောင် ကူခွင့်မပေးဘူး။

ဒီလိုမျိုးထပ်တလဲလဲဖြစ်နေတာ သူတို့ ရေကန်တစ်ပတ်အပြည့် ပတ်ပြီးသွားတယ်။

ခြေတစ်ထောင် ရုတ်တရက် ကြောက်စရာအတွေးတစ်ခုပေါ်လာတယ်။ ရှန်းကျွင်းက ဒီနှစ်တွေမှာ ဒီနတ်ဆိုးသားရဲကန်ကြီးကို မရှင်းလင်းခဲ့တာက ဒီကြီးမြတ်တဲ့နတ်သမီး အလောင်းတွေကို လာကောက်ဖို့များလား။

Σ(°△°|||)

ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း ငါ့ရှန်းကျွင်းက သေချာပေါက် အဲလို ဝါသနာရှိမှာ မဟုတ်ပါဘူး။ ဒါ မှားနေတာပဲ ဖြစ်မယ် အမှားတစ်ခုပဲ။

တစ်နာရီအကြာ။

“ရှန်းကျွင်း…” ခြေတစ်ထောင်က ခပ်တိုးတိုးလှမ်းခေါ်လိုက်တယ်။

“ဒီနေ့ ဒီမှာပဲ ရပ်လိုက်ကြရင်ရော”

ပိုင်ဇယ်နောက်ဆုံးတော့ သူ့ကိုလှည့်ကြည့်လိုက်တယ်။

“ငါတို့ ကန်ထဲက နတ်ဆိုးသားရဲတွေအားလုံး ရှင်းပြီးပြီလား”

“ဟင့် ဟင့် ဟင့်အင်း”

“အို”

“ကျွန်တော်တို့ နတ်ဆိုးသားရဲအားလုံးကို မရှင်းလင်းရသေးပေမဲ့… ကျွန်တော် နုတ်ဖို့ ဆံပင်မွေးကုန်တော့မယ်”

ခြေတစ်ထောင်အတွက် တစ်ကြိမ်ကို ဆံပင်မွေးတစ်မျှင်နှစ်မျှင် နှုတ်ရတာက ကိစ္စကြီးမဟုတ်ဘူး။ ဒါက သူ့ကျင့်ကြံဆင့်ကို မသက်ရောက်သလို ပုံမှန် ဆံပင်အများကြီး ကျွတ်တတ်သူလည်းမဟုတ်။ ဒါပေမဲ့ ဒါက သူစိတ်တိုင်းကျ ဆံပင်မွေး ဆွဲနုတ်နိုင်တယ်လို့မဆိုလိုဘူးလေ ဒီလိုသာဆက်သွားနေရင် သေချာပေါက် ခေါင်းမွေးပြောင်တော့မယ်။

ပိုင်ဇယ် ။ ။ “…”

ရှန်းရင် ခြေတစ်ထောင်ရဲ့ခေါင်းပေါ်က သိသိသာသာ ပြောင်နေတဲ့အကွက်ကို လှမ်းကြည့်လိုက်တယ်။

“ဒါဆိုလည်း အရင်ပြန်ကြရအောင်” စားဖိုမှူးက အခုလောက်ဆို ညစာပြင်နေလောက်ပြီ။

“ကောင်းပြီလေ” ပိုင်ဇယ်က တစ်ဖက်လှည့်ပြီး ခန်းမဆီပြန်ပျံသန်းဖို့လုပ်တယ်။

“ခဏ” ရှန်းရင်က ရုတ်တရက် ထအော်တယ်။ သူမက ကိုင်ထားတဲ့ သိုလှောင်အိတ်၁၀အိတ်ကျော်ကို အညီအမျှ သုံးပုံခွဲပြီး တစ်ပုံကိုခြေတစ်ထောင်ဆီ ကမ်းပေးလိုက်တယ်။

“‌ရော့ ဒီမှာ နင့်အတွက်”

ခြေတစ်ထောင်က သိုလှောင်အိတ်တွေကို ဇဝေဇဝါလှမ်းကြည့်လိုက်တယ်။ ဒါဘာအတွက်လဲ။ သူမက အလောင်းတွေကို ဘာလို့ခွဲနေတာလဲ။ ဒါမှမဟုတ် ဒါခြိမ်းခြောက်မှုလား။

“ခြေတစ်ထောင်က ရေနေမျိုးနွယ်လေ၊ ဒီနတ်ဆိုးသားရဲတွေက အသိဉာဏ်ရော ဝိညာဉ်ရောမရှိသလို သူတို့အတွင်းအမြုတေကို မကျင့်ကြံရသေးဘူး၊ သူတို့က သူ့အတွက် အသုံးမဝင်ဘူး”

ပိုင်ဇယ်က ရှင်းပြလိုက်တယ်။

“ဒါဆို… သူက ပင်လယ်စာမစားဘူးလား” ရှန်းရင်က ခြေတစ်ထောင်ကိုအူကြောင်ကြောင် စိုက်ကြည့်နေမိတယ်။ သူမက တစ်ခဏစဉ်းစားပြီးတော့ ဝတ်ရုံထဲ တစ်ခုခုကိုစရှာတော့တယ်။ တစ်အောင့်ကြာပြီးတဲ့နောက် သူမက ပုလဲတစ်လုံး ထုတ်လာပြီး ခြေတစ်ထောင်ကို ပေးလိုက်တယ်။

“ငါ နင့်ကို ဒါပေးရင်ရော၊ စားဖိုမှူးက ငါ့ကိုဒါပေးထားတာ၊ သူက ဒါကို အသုံးမလိုတော့ဘူးတဲ့လေ၊ နင်ကတော့ သုံးစရာတစ်ခုခု ရှာတွေ့မှာပါ”

“ဒါ… ဒါက… နဂါးပုလဲပဲ” ခြေတစ်ထောင် မျက်လုံးပြူးသွားတယ်။ သူ မြင်ယောင်နေတာ မဟုတ်မှန်း သေချာအောင် မျက်လုံးပါ ပွတ်လိုက်ရတယ်။

နဂါးအစစ်အမှန်အဖြစ် မွေးဖွားလာသူတွေပဲ သူတို့မွေးလာချိန် ဒီလိုနဂါးပုလဲမျိုး သူတို့နဲ့အတူ တွဲပါလာတာ။ သူတို့ရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းတဲ့အချိန် အသုံးဝင်တယ်။

ပုလဲထဲက နတ်ဘုရားစွမ်းအင်က နဂါးတွေ သူတို့အမွေအနှစ်ကို လက်ခံလိုက်တာနဲ့ အသုံးမဝင်ဘူးလို့ ပြောကြပေမဲ့ တခြားရေနေတွေအတွက်တော့ ရတနာတစ်ပါးလို့ စဉ်းစားလို့ရသေးတယ်။ ရေမျိုးနွယ်တွေအားလုံးမှာ နဂါးဖြစ်လာဖို့ လေ့ကျင့်နိုင်တဲ့စွမ်းရည် ရှိပေမဲ့ လူတိုင်း နဂါးဖြစ်လာနိုင်တဲ့ အခွင့်အရေးတော့ ရှိတာမဟုတ်ဘူး။ နဂါးပုလဲရှိသူတွေကတော့ အခွင့်အရေး၂ဆတိုးသွားမှာပေါ့။

“ကြီးမြတ်တဲ့… ကြီးမြတ်တဲ့နတ်သမီး၊ တကယ်… တကယ် ကျွန်တော့်ကိုပေးတာလား”

ခြေတစ်ထောင်က စိတ်လှုပ်ရှားလွန်းလို့ မေ့လဲတော့မယ်။

“နင်မလိုချင်ဘူးလား” စားဖိုမှူးပြောတာတော့ ပုလဲက တောက်ပပြီး အရမ်းအသုံးဝင်တယ်တဲ့။ အဲဒါကြောင့် သူက သူမကို ပုလဲတွေပေးထားတာ။ သူမမှာ အဲဒါတွေအများကြီး ရှိသေးတယ်။

ခြေတစ်ထောင်က ချက်ချင်း ဂါရ၀ပြုတယ်။

“ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့နတ်သမီး”

“ငါနင့်ကို ပေးလိုက်မယ်” ရှန်းရင် ပုလဲကို သူ့လက်ထဲထိုးထည့်ပေးလိုက်တယ်။

ခြေတစ်ထောင် အရမ်းကိုရင်ထဲထိသွားတယ်။ တကယ်ပဲ ရှန်းကျွင်းက စိတ်ထားကောင်းတဲ့ ကောင်းကင်မျိုးနွယ်တွေနဲ့ပဲ အဆက်အဆံရှိတာပေါ့။

“ကြီးမြတ်တဲ့နတ်သမီး ကျွန်တော်-”

“မစိုးရိမ်ပါနဲ့ နင့်ဆံပင်ပြန်ပေါက်လာမှာပါ”

ရှန်းရင်တစ်ခဏစဉ်းစားပြီး ထပ်ပြောလိုက်တယ်။

“အာ…” သူမ သူ့ဆံပင်အကြောင်း မပြောလို့မရဘူးလား။

“နှုတ်ဆက်ပါတယ် ငါးစာအစ်ကိုရေ”

“…”

သူ တကယ် ငါးစာမဟုတ်ပါဘူးဆိုနေ။

ပိုင်ဇယ်က ဆက်တုံ့ဆိုင်းမနေတော့ဘူး။ သူချက်ချင်း ရှန်းရင်ကို တိမ်ပေါ် ကူတင်ပေးလိုက်ပြီး ကန်ကိုဖြတ်သန်းပျံသန်းလာခဲ့ကာ ညာဘက်ထောင့်ဆီ အရှိန်မြင့်မားစွာနဲ့ပျံသန်းခဲ့တယ်။

လမ်းတစ်လျှောက် သူ ရုတ်တရက် တစ်စုံတစ်ရာကို ပြန်သတိရသွားပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်တယ်။

“ကျုပ်မှာ… လည်း ပုလဲတွေရှိတယ်၊ လိုချင်လား”

“အိုး သူတို့က အရောင်တောက်လား”

“ဟင့်-ဟင့်အင်း”

“ဒါဆို ငါမလိုချင်ဘူး”

“…”

ပိုင်ဇယ့်နှလုံးသား သူ့အစာအိမ်အောက် နစ်မြုပ်သွားခဲ့တယ်။

“ဟေး အမွေးလုံး”

“အင်း”

“နင်လမ်းပျောက်နေတာလား”

သူတို့ရေကန်ဆီ သွားချိန် ဒီလောက်အကြာကြီး ပျံသန်းရတယ်လို့မမှတ်မိပါဘူး။

ပိုင်ဇယ်တန့်သွားပြီး မျက်လုံးထဲ ဖျတ်ခနဲသွေးပျက်သွားတယ်။ ခဏနေတော့ သူပြန်ဖြေလိုက်တယ်။

“ဟင့်အင်း… မပျောက်ပါဘူး”

“အိုး” ရှန်းရင်က ဆက်မမေးဘဲ သူမရဲ့ ပင်လယ်စာအိတ်ကြီးတွေကိုသာ ငုံ့ကြည့်ပြီး ဆက်ပြီး အရသာခံစားနေတယ်။

ပိုင်ဇယ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ သူအရှိန်မြှင့်ပြီး အပေါ်ပျံတက်လာရင်း နှလုံးခုန်နှုန်းလည်း မြန်လာတယ်။ တစ်အောင့်နေတော့ သူတို့ တိမ်လွှာတွေကြား ကျောင်းဆောင်ကို မြင်လိုက်ရတယ်။ သူတို့ထွက်လာချိန်တုန်းက ကျောင်းဆောင်ရဲ့ အရှေ့ခန်းမကနေ ထွက်လာခဲ့တာ။ ဒီတစ်ကြိမ်တော့ အနောက်ဆောင်ကို ရောက်လာတယ်။ သူ ရှန်းရင်ကို တိမ်တွေဖုံးနေတဲ့ အနောက်ဆောင်က တစ်နေရာဆီ ခေါ်လာတာပဲ။

ဒါက ကျောက်စိမ်းလို သန့်စင်စွာ ဖြူဖွေးနေတဲ့ ပန်းပင်လယ်ပဲ။ ပန်းပွင့်တစ်ပွင့်စီက ထွင်းထားသလိုမျိုး ပုံပေါ်ပြီး ရှန်းရင် သူတို့ရနံ့ကို ခပ်ဖျော့ဖျော့ရနေတယ်။ ပန်းတွေကို နတ်ဘုရားစွမ်းအင်တွေ အများကြီး ဝိုင်းနေလိုက်တာများ အမှန်တကယ် လက်ဆုပ်လက်ကိုင်ပြလို့ရလုနီးပါး ဖြစ်နေတယ်။ အဝေးကနေကြည့်တော့ ပန်းတွေက အပြာရောင်နတ်ဘုရားစွမ်းအင်လွှာပေါ်မှာ ပေါက်နေသလိုမျိုးပဲ။

“မင်း… သဘောကျလား” ပိုင်ဇယ်က စိတ်လှုပ်ရှားစွာမေးပြီး ရှန်းရင်မျက်ဝန်းတွေကို ကြည့်လိုက်တယ်။

“ဟမ်” ရှန်းရင် သူတို့ ရုတ်တရက် ဘာကြောင့်ပျံသန်းတာရပ်သွားလဲ သိချင်နေတာ။ သူမ ပန်းခင်းကြီးကို လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတော့ ပိုင်ဇယ်က သူမကို ပန်းသဘောကျလားလို့ မေးနေတာမှန်း နားလည်သွားခဲ့တယ်။

“သူတို့အဆင်ပြေပါတယ်”

ဝူတိဂိုဏ်းက သူမကို ဒုဓလီပန်းတွေပေးရတာ သဘောကျတဲ့ မုန်လာဥဖြူကို စိုက်ပြီးတည်းက ပန်းတွေကိုမြင်တိုင်း ထူးဆန်းတဲ့ခံစားချက်ရနေတယ်။ ဘယ်လိုအမျိုးအစားပဲ ဖြစ်ပါစေ ပန်းတွေအားလုံးကို မုန်လာဥဖြူက စိုက်ပျိုးထားပြီး အဝတ်အစားတောင် မရှိသလိုမျိုးနီးပါးပဲ။

“ဒါတွေက မဟူရာဝိညာဉ်ပန်းတွေလေ” သူ့မျက်လုံးတွေက ညကောင်းကင်ယံလိုမျိုး တောက်ပနေတယ်။

“ကျုပ်ပြန်ရောက်ပြီးတည်းက ကျုပ်… အများကြီးစိုက်ထားခဲ့တာ…” မင်းအတွက်လေ။

“အိုး” ဒါက သူတို့ညစာအတွက် ပြန်တာနဲ့ ဘာဆိုင်လို့လဲ။

ပိုင်ဇယ့်မျက်နှာက ခု လုံးဝကို နီရဲနေပြီ။ သူ ရှန်းရင်ဆီကနေ လှည့်ထွက်သွားချင်စိတ်ကို မျိုသိပ်ဖို့ စိတ်ဆန္ဒအားလုံးကို အသုံးချနေရတယ်။

ရုတ်တရက် သူ တစ်စုံတစ်ရာကို စိတ်ပိုင်းဖြတ်လိုက်တယ်။ သူ ကိုယ်ကိုကိုင်းပြီး ကြည့်ကောင်းဆုံးပန်းတွေထဲက တစ်ပွင့်ကို နှုတ်ကာ ရှန်းရင်ဆီ ကမ်းပေးလိုက်တယ်။

“ရှန်း… ရှန်း… ရင်”

“ငါ့အတွက်လား”

“အင်း” သူ အသည်းအသန် ခေါင်းညိတ်ပြီး မျက်လုံးတွေက ပိုပြီးတောင် တောက်ပလာသေးတယ်။ သူက တစ်စုံတရာ လွတ်သွားမှာကို ကြောက်တဲ့ပုံစံမျိုးနဲ့ သူမကို အသည်းအသန် စိုက်ကြည့်နေတယ်။ ပန်းကိုကိုင်ထားတဲ့လက်ကလည်း အဆက်မပြတ် တုန်ရီနေလေရဲ့။

“မင်း… အတွက်”

ရှန်းရင် လက်လှမ်းပြီး ပန်းကို ကိုင်တော့မဲ့ဆဲဆဲ စင်တီမီတာအနည်းငယ်အကွာမှာ ရုတ်တရက် ရပ်လိုက်တယ်။ သူမ ခေါင်းလေးစောင်းလိုက်တယ်။

“အမွေးလုံး”

“အိုး”

“ဒီပန်းက… ချစ်ရေးဆိုတာအတွက် မဟုတ်ဘူးမလား”

“…”

o(*////▽////*)q

ဘွန်း တစ်စုံတရာ ပေါက်ကွဲသွားတဲ့အသံ ခပ်တိုးတိုး ပေါ်လာလေရဲ့။

——————

၈နာရီအကြာ။

‌လက ပိုင်ယွင်တောင်ကျောင်းဆောင်ရဲ့ ကောင်းကင်ယံအလယ်ကို ရောက်နေပြီ။

တစ်စုံတစ်ယောက်ဟာ ဓားကို ဒေါသတကြီးဆွဲထုတ်ထားပြီး ခန္ဓာကိုယ်မှာ သတ်ဖြတ်ချင်တဲ့ဆန္ဒတွေ ပြည့်လျှံနေတယ်။

“ငါ အဲ‌ခွေး*သားလေးကို သတ်ပစ်မယ်” ယိချင်းက အဆောင်အပြင်ဘက် ပြေးထွက်သွားတော့တယ်။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset