ERSY အခန်း ၂၆၂

အခန်း ၂၆၂ ။ ပင်လယ်သတ္တဝါဘူဖေး

“အဲဒီချန်းယွဲ့က ဘာလို့ ငါနဲ့တစ်ပုံစံတည်းတူနေတာလဲတော့ ငါလည်းမသိဘူး” တိုက်ဆိုင်တာများလား။ ကူယွဲ့က တစ်ခုခုကို ရုတ်တရက် စဉ်းစားမိသွားသလိုမျိုး မျက်မှောင်ကြုတ်လိုက်တယ်။

“ရှန်းရင်… မင်းမထင်…”

သူ စကားစပြောရုံရှိသေး ပိုင်ဇယ်က ရုတ်တရက် သူတို့ဘေး ပေါ်လာတယ်။ သူက ရှန်းရင်ကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်တယ်။

“ရှန်း… ရင်၊ ကျုပ်နဲ့လိုက်ခဲ့ပါ”

“ဘာကိစ္စလဲ” ရှန်းရင် စားပွဲကနေ လှုပ်ချင်စိတ်မရှိ။

“ဂျပုလေးတစ်ခုခု ဖြစ်နေတာတော့ မဟုတ်ဘူးမလား” ကူယွဲ့ထခုန်လိုက်တယ်။ ဂျပုလေးက ‌ဝိညာဉ်စမ်းချောင်းမှာ အနားယူနေတာ ၃ရက်ရှိနေပြီ။ သတင်းမသိရသေးဘူး။

“ဟင့်အင်း သူ အရမ်းအဆင်ပြေနေတယ်၊ နောက်နေ့လောက်ဆို ထွက်လာလို့ရလောက်ပြီ” သူက ကူယွဲ့ဘက်လှည့်တာနဲ့ စကားကို ရှင်းရှင်းလင်းလင်း ပြောတယ်။

“ရှန်း… ရင်ကို ခေါ်သွားချင်တဲ့ နေရာတစ်ခုရှိရုံပဲ”

“မသွားဘူး” ရှန်းရင်က သူ့ကိုငြင်းလိုက်တယ်။ လှုပ်ရှားရမဲ့ကိစ္စမျိုးတွေ သူမစိတ်မဝင်စားဘူး။

“…” ပိုင်ဇယ်က သူမကို အသည်းအသန်စိုက်ကြည့်တယ်။ သူက တစ်စုံတစ်ရာတွေးမိပြီး သိုလှောင်အိတ်တစ်လုံးထုတ်ကာ သူမကို ကမ်းပေးလိုက်တယ်။

“ပေးတာ”

“ဘာလဲ” ရှန်းရင် ယူလိုက်တယ်။ သူမ ဆွဲဖွင့်လိုက်တော့ တစ်စုံတစ်ရာ လျှောထွက်လာတယ်။ အဲဒါက ရှည်လျား၊ ချောမွေ့ပြီး ပိန်သွယ်တဲ့ခန္ဓာကိုယ်နဲ့။ သူက ဗွမ်းခနဲ ကြမ်းပြင်ပေါ်ကျသွားပြီး တွန့်လိမ်နေဆဲ။

သောက်ကျိုးနည်းဟ။

“ဒါ… ရေဘဝဲ မဟုတ်လား” ကူယွဲ့ ယပ်တောင်နဲ့ စားပွဲပေါ်ကခြေထောက်ကို ထိုးဆွကြည့်လိုက်တယ်။

“ခြေတစ်ထောင်သားရဲလေ” ပိုင်ဇယ်က ရှန်းရင်ကိုကြည့်ပြီး မျက်နှာရဲတွတ်နေတော့တာပဲ။

“ငါစားလို့ရလား”

ပိုင်ဇယ်အသည်းအသန် ခေါင်းညိတ်ပြလိုက်တယ်။

“အများကြီးရှိ…”

“ဖေဖေနျို” ရှန်းရင်မျက်လုံးတွေ တောက်ပသွားတယ်။ သူမမျက်နှာတစ်ခုလုံးပေါ် ရေးထားတာက ငါသွားချင်တယ်၊ ငါသွားချင်တယ်၊ ငါသွားချင်တယ် ပင်လယ်စာ ပင်လယ်စာ ပင်လယ်စာ။

╭(・ᄇ・)و̑̑

“မင်းသွားချင်ရင် သွားလို့ရတယ် – ငါတော့မသွားချင်ဘူး”

ကူယွဲ့က အစားသရဲကို ဒေါသတကြီး ကြည့်လိုက်တယ်။ သူတော့သွားပြီး သူမရဲ့အထုတ်ဆွဲမလုပ်ပါဘူး။

“နင်စောစောက ပြောသင့်တာပေါ့ သွားကြရအောင်”

ရှန်းရင်က ထခုန်လိုက်တယ်။ သူမ ပြန်လှည့်မကြည့်ဘဲ ပိုင်ဇယ့်ကို ဆွဲခေါ်လာတော့တယ်။

သူမ ပင်လယ်စာမစားရတာ တော်တော်ကိုကြာသွားခဲ့ပြီ

“ခဏ” ကူယွဲ့က သူတို့ကိုလှမ်းအော်ပြောလိုက်တယ်။

“ငါ ခုလေးတင် ပြောလိုက်တာကို မမေ့နဲ့နော်၊ အဲဒါ-”

“ငါသိပါတယ်”

ပြန်ဖြေသံ‌ပေါ်လာပေမဲ့ ကူယွဲ့ သူမကို မမြင်ရတော့ဘူး။

သူမျက်မှောင်ကြုတ်ကာ ပြန်ထိုင်ချလိုက်တယ်။

တစ်အောင့်အကြာ…။

စားဖိုမှူးက လက်ထဲ စားစရာပန်းကန်နဲ့အတူ ထွက်လာတယ်။ သူက ခုံအလွတ်ကို ကြည့်ပြီး ဘယ်လိုတုံ့ပြန်ရမလဲမသိတော့ဘူး။ သူ အူကြောင်ကြောင် ကူယွဲ့ကို လှမ်းကြည့်လိုက်တယ်။

“ဆရာရော” သူမ နေ့လယ်စာတောင် စားမပြီးသေးဘူးလေ။ ဒါ ဒီလိုဖြစ်တာ ပထမဆုံးအကြိမ်ပဲ။

ကူယွဲ့ ခေါင်းမော့ပြီး စားဖိုမှူးကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။

“သူက တစ်စုံတစ်ယောက်ရဲ့ ရေဘဝနဲ့ မျှားခေါ်ခံလိုက်ရတယ်”

ယိချင်း အမူအရာမည်းမှောင်သွားတယ်။

“ဘာလို့ဆရာ့ကို မတားတာလဲ”

“ငါက ဘာလို့တားရမှာလဲ”

ကူယွဲ့ ခွန်းတုံ့ပြန်ပြီး စားဖိုမှူးရဲ့ သတ်ဖြတ်လိုတဲ့အမူအရာကို ‌ဇဝေဇဝါကြည့်လိုက်တယ်။ သူက သက်ပြင်းချလိုက်ပြီး မျက်လုံးထဲတော့ တောက်ပနေတယ်။

“အာ မိန်းမတွေက သစ္စာမရှိတာပဲ”

“…”

ယိချင်း အမူအရာက ပိုတောင်မည်းမှောင်လာတယ်။ သူ သားရဲတစ်ကောင်ကို သတ်ချင်သွားပြီ။

——————

ပိုင်ဇယ်က ရှန်းရင်ကို ရေကန်ကြီးတစ်ခုဆီ ခေါ်လာခဲ့တယ်။

ရေက ကြည်လင်လွန်းလို့ ရေကန်အောက်ခြေကိုတောင် တန်းမြင်နိုင်တယ်။ မြေပြင်ပေါ် အပြာရောင်ကျောက်တစ်လုံး တင်နေသလိုမျိုးပဲ။ ရေကန်ကလည်း အတော်လေးကိုကြီးတယ် – ရှန်းရင် ဘယ်ကနေစလဲတောင် မမြင်ရဘူး။

“အမွေးလုံး ငါ သူတို့ကို ဘယ်လိုဖမ်းသင့်လဲ” ရှန်းရင်မျက်လုံးတွေက တောက်ပနေတယ်။ သူမစိတ်ထဲ ပင်လယ်သတ္တဝါတွေရဲ့နာမည်တွေအများကြီး ပြည့်နေတယ်။

“ငါတို့ ရေတွေကို ခပ်ထုတ်ရမလား”

ပိုင်ဇယ်က ရှန်းရင်ရဲ့တောက်ပနေတဲ့မျက်လုံးတွေကို အံ့ဩတကြီး စိုက်ကြည့်နေမိတယ်။ နောက်တော့ သူ့မျက်နှာက ရဲတွတ်သွားတော့တာပဲ။ သူက အမြန် တစ်ဖက်ကို မျက်နှာလွှဲလိုက်တယ်။

“ခဏ… ခဏစောင့်ပါ”

သူက အမြန် ရှေ့ကို နှစ်လှမ်းတိုးလိုက်ပြီး ရေရှေ့ရပ်လိုက်တယ်။ သူက ချိပ်တစ်ခု ဖန်တီးပြီး တောက်ပတဲ့ အလင်းရောင်ကြီး ထွက်လာတယ်။

ရေပူဖောင်းတွေက ရေမျက်နှာပြင်ပေါ် ပေါ်လာတယ်။ ရုတ်တရက် ပုဂ္ဂိုလ်တစ်ဦး ရေကန်ထဲကနေ ပေါ်လာတယ်။ သူက အမည်းရောင်ဝတ်ရုံနဲ့ သက်လတ်ပိုင်းလူတစ်ယောက်။ ဒါပေမဲ့ သူ့ကိုယ်အောက်ပိုင်းတစ်ဝက်ကတော့ ရေဘဝဲခြေတွေဖြစ်ပြီး စုပ်ခွက်တွေပါပါတယ်။

ဒါ ရဘေဝဲလား။

“ခြေတစ်ထောင်မှ ရှန်းကျွင်းကို ဂါရ၀ပြုပါတယ်” အဲလူက ပိုင်ဇယ့်ကို တလေးတစား ဂါရ၀ပြုပြီး မရေမတွက်နိုင်တဲ့ခြေထောက်တွေနဲ့ ကမ်းခြေဆီလျှောက်လာတယ်။

“အင်း” ပိုင်ဇယ်က ခေါင်းညိတ်ပြီး သူ့နဂိုအေးစက်တဲ့အရှိန်အဝါ ပြန်ရောက်လာတယ်။

“ငါ့ကိုပေး”

“ရှန်းကျွင်း ကန်ထဲက နတ်ဆိုးသားရဲတွေကို ရှင်းထုတ်ပစ်ဖို့ နောက်ဆုံးတော့ ဆုံးဖြတ်လိုက်ပြီပေါ့”

ခြေတစ်ထောင်က ပျော်သွားပြီး စိတ်လှုပ်ရှားမှုက မျက်နှာမှာ သိသာနေတယ်။

ချန်းယဲ့ကန်က ပိုင်ယွင်တောင်ရဲ့တောင်ဘက်ခြမ်းမှာ အံကိုက်တည်ရှိနေတာ။ ရေထဲ မရေမတွက်နိုင်တဲ့ နတ်ဆိုးသားရဲတွေ အများကြီးပဲ။ အဲဒီနတ်ဆိုးသားရဲတွေက ဝိညာဉ်အသိစိတ် မရှိတာ ပြောနိုင်ပေမဲ့ အများကြီး ရှိနေတာ။ ပြီးတော့ သူတို့က ရေထဲကထွက်လာပြီး ဘေးက လမ်းလျှောက်နေတဲ့သားရဲတွေကိုလည်း တိုက်ခိုက်တတ်ကြတယ်။

အချိန်ကြာလာတာနဲ့အမျှ ဘယ်သူမှ ရေကန်ဆီ မလာရဲတော့ဘူး။ တချို့က တစ်ခုခု‌လုပ်ပေးဖို့ ရှန်းကျွင်းကို တေင်းပန်ပေမဲ့ ဘာကြောင့်မှန်းမသိ ရှန်းကျွင်းက မရှင်းဖို့ ဆုံးဖြတ်ထားတယ်။ သူလုပ်သမျှက ဒီနေရာကိုတာဝန်ယူဖို့ ခြေတစ်ထောင်ကိုလွှတ်ပြီး သားရဲတွေ တခြားသူတွေကို ထိခိုက်အောင်လုပ်ဖို့ ထွက်မလာမှာသေချာအောင်လုပ်ခိုင်းထားခဲ့တယ်။

အခု ရှန်းကျွင်းက ဒီကိစ္စတွေကိုဝင်ပါဖို့ နောက်ဆုံးတော့ဆုံးဖြတ်လိုက်တယ်။ ခြေတစ်ထောင် အဲလောက်စိတ်မလှုပ်ရှားတာ တော်တော်ကြာပြီ။ သူက အမြန်လက်လှမ်းပြီး သူ့ဆံပင်ဖြူတစ်ချောင်းကို နှုတ်လိုက်တယ်။ ချက်ချင်းပဲ ရေဘဝဲလက်အဖြစ် ပြောင်းသွားလေရဲ့။ သူ ရှန်းကျွင်းကို ကမ်းပေးလိုက်တယ်။

“ရှန်းကျွင်း၊ ကျွန်တော်ပြင်ဆင်ပြီးတာ ကြာပါပြီ”

ပိုင်ဇယ်က ခြေထောက်ကို ယူပြီး ရှန်းရင်ဘက်လှည့်ပေးလိုက်တယ်။

“ကျုပ်တို့ ငါးသွားဖမ်းကြမလား”

“ဘယ်လိုငါးဖမ်းရမလဲ” ရှန်းရင်က တုတ်ခိုင်တဲ့ ရေဘဝဲခြေထောက်ကို လှမ်းကြည့်လိုက်တယ်။ သူမက ဘယ်လိုစားရမလဲပဲ သိတာ။ ဟေး၊ ဒီခြေထောက်က ကင်လို့ကောင်းမှာပဲ။

“ဒီကြီးမြတ်တဲ့နတ်သမီး” ခြေတစ်ထောင်က အရှေ့ကိုမြန်မြန်တက်လာတယ်။

“နတ်ဆိုးသားရဲတွေက ကျွန်တော့်အရှိန်အဝါနဲ့ ရင်းနှီးပါတယ်၊ ဒါကို ပစ်လိုက်သရွေ့ သူတို့ကို ခင်ဗျားဆီ မျှားခေါ်လို့ရလိမ့်မယ်”

ရှန်းရင် ရေဘဝဲခြေထောက်ကို ယူပြီး လှည့်မေးလိုက်တယ်။

“မနာဘူးလား” သူ့မှာ ခြေထောက်အများကြီးရှိရင်တောင် နာမှာပဲလေ။

ခြေတစ်ထောင်က ရယ်တယ်။

“ကြီးမြတ်တဲ့နတ်သမီးက အရမ်းစာနာတတ်တာပဲ၊ ဒါက ကျွန်တော့်ဆံပင်ယူတဲ့အသွင်ပုံစံ သက်သက်ပါပဲ၊ ကျွန်တော့်အရှိန်အဝါပါနေလို့ ဒီလိုပုံစံပေါက်နေတာပါ၊ ကျွန်တော့်ခြေထောက်အစစ် မဟုတ်ပါဘူး”

“အိုး” သူမ မီတာရာချီအဝေးကရေထဲ လှမ်းပစ်လိုက်တယ်။

ခြေထောက်က ရေမျက်နှာပြင်ပေါ် ဆင်းသက်ကာစရှိသေးတယ်။ ငြိမ်သက်တိတ်ဆိတ်နေတဲ့ ရေပြင်က ရုတ်တရက် ဆူပွက်လာပြီး အရိပ်ကြီးဆယ်ခုကျော် ရေထဲနေ ထွက်လာတယ်။ သူတို့ရဲ့ အစိမ်းရောင်ကြေးခွံတွေက နေရောင်ကြောင့် လင်းထိန်နေတယ်။ ရွှေရောင်အလင်းကြီး ပေါ်လာပြီး ညာဘက်အရှေ့က သားရဲက ရေဘဝဲခြေထောက်ကို မျိုကာ ရေအောက်ထဲပြန်သွားဖို့လုပ်တယ်။ ကမ်းခြေမှာ လူတွေရှိတာကို သတိထားမိသွားလို့ထင် သူတို့ဆီ တစ်ရှိန်ထိုး အမြန် ဦးတည်လာတော့တာပဲ။ ရေပေါ်ကလှိုင်းတွေက ဆယ်ပေလောက်ထိ မြင့်တက်လာပြီး ခပ်ရေးရေး မြင်‌ရတာက အဲလှိုင်းတွေထဲကနေ သူတို့ကို စိုက်ကြည့်နေတဲ့ နီရဲရဲမျက်လုံးအစုံရာချီ။

“မကောင်းတော့ဘူး၊ ဒါသဲစိမ်းနတ်ဆိုးငါးအုပ်စုပဲ” ခြေတစ်ထောင်က ရှင်းပြလာတယ်။

“ဒီနတ်ဆိုးငါးတွေက အမြဲအုပ်စုလိုက် သွားလာနေတာ၊ အုပ်စုတစ်စုစီမှာ ငါးအကောင်ရေ၅၀ကနေ ၂၀၀ဝန်းကျင် ရှိတယ်၊ တစ်ကောင်ချင်းစီက ကြောက်ခမန်းလိလိ ရန်လိုခက်ထန်ကြတယ်၊ ရှန်းကျွင်း ကျွန်တော်တို့…”

သူ စကားမဆုံးခင် ပိုင်ဇယ်က လက်ယမ်းလိုက်တယ်။ သူက ချက်ချင်း လေပြင်းဓားသိန်းချီကို ဆင့်ခေါ်လိုက်ပြီး ရေလှိုင်းဆီ ပျံသန်းသွားစေလိုက်တယ်။ ငါးတိုင်း ထိမှန်ကုန်ပြီး တစ်ကောင်တောင် အသက်ရှင်လျက် မကျန်ခဲ့ဘူး။

နောက်အခိုက်အတန့်မှာ ရေလှိုင်းက ပြန်ကျသွားတော့တယ်။ ရေမျက်နှာပြင်မှာတော့ သူတို့ဆီ မျောလွင့်လာတဲ့ ငါးသေအလောင်းတွေ။ ငါးသေအလောင်းပုံကြီးက သူတို့လောက်မြင့်မားတယ်။

ခြေတစ်ထောင် ။ ။ “…” သူကတကယ့်ကို ရှန်းကျွင်းပဲ။

ရှန်းရင်က စိတ်လှုပ်ရှားစွာနဲ့ ငါးတွေကို ပြေးကောက်တော့တယ်။ သူမက လက်တစ်ဖက်စီမှာ ငါးတစ်ကောင်စီ ကိုင်ထားတယ်။ အများကြီးပဲ သူမ စားဖိုမှူးကို ဒါတွေ ပေါင်း၊ ပြုတ်၊ ကင်၊ ကြော်ခိုင်းဖို့ စဉ်းစားမိနေပြီ။ သူ ဒါတွေကို ချက်လို့ရတဲ့နည်းမှန်သမျှနဲ့ ချက်ရမယ်။

“အမွေးလုံး နင့်နည်းလမ်းက အလုပ်အရမ်းဖြစ်တာပဲ”

ပိုင်ဇယ့်မျက်နှာက ချက်ချင်းနီရဲသွားခဲ့တယ်။ သူ အမြန် သူမနောက်လိုက်ပြီး သိုလှောင်အိတ်တစ်ခု ထုတ်ကာ ကမ်းပေးလိုက်တယ်။

ရှန်းရင်မျက်လုံးတွေ လင်းလက်သွားခဲ့တယ်။ သူမ ယူပြီး သူ့ပခုံးကို ပုတ်လိုက်တယ်။ အင်မတန် လေးနက်စွာနဲ့ သူမက ပြောတော့တယ်။

“နင့်လိုမျိုး အမြင်ရှိတဲ့လူတွေကို သဘောကျတယ်”

ပိုင်ဇယ်က တောင့်တင်းသွားတယ်။ သူ့မျက်နှာကနီရဲမှုက ဆံပင်ထိ ပျံ့လာလိုက်တာ ဆံပင်ကို အနီရောင် ဆိုးထားတဲ့အတိုင်းပဲ။ သူ့စိတ်ထဲ တစ်စုံတရာပေါက်ကွဲသွားတာကို ခပ်ရေးရေးခံစားလိုက်ရပြီး ခေါင်းထဲအဲအခိုက်အတန့်မှာ ဗလာကျင်းသွားခဲ့တယ်။ သူမ… သူမ… သဘောကျတယ်လို့ ခုလေးတင်ပြောလိုက်တာလား။

o(*////▽////*)q

အချိန်အတော်ကြာပြီးနောက်…

သူနောက်ဆုံးတော့ ခပ်တိုးတိုးရေရွတ်လိုက်တယ်။

“ကျုပ်… ရောပဲ”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset