ERSY အခန်း ၂၅၇

အခန်း ၂၅၇ ။ ဝိညာဉ်ခွဲအင်းကွက်

ဒါက အတော်လေးကို သေးတဲ့ ဆန်းကြယ်ဘုံ – ပြောရရင်တော့ ဆန်းကြယ်အခန်းနဲ့ ပိုပြီး‌တူတယ်။ အခန်းထဲ စင်မြင့်ကျယ်ကြီးတစ်ခုပဲရှိနေပြီး စင်မြင့်ပေါ်မှာတော့ ထူးဆန်းတဲ့ရှေးဟောင်အင်းကွက်။ နဂါးမျိုးဆက် ယိချင်းတောင် မမြင်ဖူးဘူး။

သူတို့ ရောက်ရောက်ချင်း အလင်းတန်းနီကြီးပေါ်လာတယ်။ တိတ်ဆိတ်တဲ့စင်မြင့်က အရွယ်အစားမျိုးစုံ အင်းကွက်တွေနဲ့ လင်းထိန်သွားတယ်။ ကူယွဲ့ ရင်ထိတ်သွားပြီး သူ့မူလဝိညာဉ်အတွင်းပိုင်းအထိ မသက်မသာခံစားလိုက်ရတယ်။ တစ်ခုခုက သူ့ကိုယ်ထဲကနေ ဖောက်ထွက်ဖို့ကြိုးစားနေသလိုပဲ။

“ဖေဖေနျို” ရှန်းရင် မြေကြီးပေါ်ကနေ သူ့ကိုဆွဲထူလိုက်တယ်။ ယိချင်းလည်း ထူးဆန်းတာတစ်ခုခု ခံစားလိုက်ရတယ်။ သူမြေကြီးကို ထိထိချင်းပဲ လေထဲ ပြန်ပျံသန်းလိုက်တယ်။

“ဘယ်လိုခံစားနေရတာလဲ”

ကူယွဲ့ အသက်ပြင်းပြင်းရှူပြီး သူ့မသေမျိုးချီကို လည်ပတ်စေဖို့ကြိုးစားလိုက်တယ်။ နောက်ဆုံးတော့ အတော်လေး အားထုတ်အပြီးမှာ သူ့ကိုယ်ထဲကနေ မူလဝိညာဥ် ခုန်ထွက်မဲ့ခံစားချက်ကို ထိန်းချုပ်နိုင်ခဲ့တယ်။

“အဲအင်းကွက်က ဝိညာဉ်တွေကို ဖမ်း‌ဆီးနိုင်တာပဲ” အမတဝိညာဉ်တွေတောင် ခြွင်းချက်မရှိ။

သူတို့အားလုံး မှင်တက်ကုန်ပြီး အနောက်ကို နည်းနည်းပြန်ဆုတ်လိုက်ကြတယ်။ စင်မြင့်ပေါ်က အင်းကွက်က အခုလုံးဝအသက်ဝင်သွားပြီ။ စင်တစ်ခုလုံး နီရဲလာတယ်။ ဘယ်နေရာကမှန်းမသိ နားကွဲမတတ်ငိုကြွေးသံတွေ ကြားလိုက်ရတယ်။ အင်းကွက်ထဲမှာတော့ တစ္ဆေလိုလိုပုံရိပ်တွေအများကြီး ရုတ်တရက်ပေါ်လာတယ်။ သူတို့ကြည့်ရတာ အင်မတန်နာကျင်နေတဲ့ပုံ။ သူတို့တွေက အင်မတန်နာကျင်တဲ့ဝေဒနာကို ခံစားနေရပုံပဲ။ သူတို့တွေက အင်းကွက်‌ထဲက ရုန်းကန် အော်ဟစ်နေကာ သူတို့ကို ပိတ်လှောင်ထားတဲ့ အလင်းနီကြီးကို တိုက်ခိုက်ဖို့ အကောင်းဆုံးကြိုးစားနေတယ်။ သူတို့ကြိုးစားတိုင်း သူတို့ဝိညာဉ်တွေက ပိုဖြူဖျော့လာတယ်။ ဒါပေမဲ့ သူတို့ကတော့ သတိထားမိပုံမပေါ်။ ဆက်ပြီးရုန်းနေကြလေရဲ့။

“ဒါ… ‌ဒါတွေအားလုံးက ဘာတွေလဲ” အုပ်စုက တိတ်ဆိတ်သွားရတဲ့အထိ သိသိသာသာ ထိတ်လန့်ကုန်ကြတယ်။ သူတို့ အင်းကွက်ထဲကအရာတွေက လေလွင့်ဝိညာဉ်တွေဆိုတာ ပြောနိုင်ပေမဲ့ အဲဒီဝိညာဉ်တွေက သာမန်လေလွင့်ဝိညာဉ်တွေထက်တောင် ပိုအားနည်းတာ သိသာတယ်။ သူတို့အရိပ်တွေကတောင် ‌ဖျော့တော့နေပြီ။

“အမတဝိညာဉ်… ငါ့အမတဝိညာဉ်” ကြောင်တောင်တောင် စိုက်ကြည့်နေတဲ့ ဖုန်းညာန်က ရုတ်တရက် ထအော်တယ်။ သူမက ကယောင်ကတမ်း ဖြစ်လာပြီး အရူးလို ပြုမူပြန်တော့တယ်။ သူမက တစ်ဖက်လှည့်ပြီး အင်းကွက်ဆီ ပျံသန်းသွားတယ်။

“ဖုန်းညာန်” ကျူမင်က အထိတ်တလန့်ရေရွတ်ပြီး သူမကို ယင်ချီနဲ့တားမြစ်လိုက်တယ်။

ဒါပေမဲ့ သူမက အဲကို အတော်လေးကို ဆိုးဆိုးရွားရွား သွားချင်နေတာ။ သူမက ကျူမင်ကို စတင်တိုက်ခိုက်တော့တယ်။

“ငါ့အမတဝိညာဉ်… ငါ့ကိုပြန်ပေး ငါ့ကိုပြန်ပေး”

“ဘာဖြစ်တာလဲ” ကူယွဲ့ အင်းကွက်နဲ့ ရူးနှမ်းနေတဲ့ ဖုန်းညာန်ကို ငုံ့ကြည့်လိုက်တယ်။ ကျူမင်က သူမရဲ့ကောင်းကင်စိတ်အာရုံနဲ့ အသိငါးပါးကို ပိတ်လှောင်ထားပြီးတာ အသိသာကြီး။ ဘာကြောင့် သူမက ဒီလိုမျိုး ပြုမူနေသေးတာလဲ။ အင်းကွက်ကြောင့် ဖြစ်နိုင်လား။

“နင်ခံစားရလား…” ရှန်းရင်က ရုတ်တရက် စကားပြောလာပြီး အင်းကွက်ထဲက တစ္ဆေလိုလိုပုံရိပ်တွေကို လက်ညှိုးထိုးပြတယ်။

“အဲက တစ္ဆေလိုလိုဝိညာဥ်တွေအားလုံးက တစ်ပုံစံတည်းလို့လေ”

“မင်း ဘာဆိုလိုတာလဲ၊ တစ်ပုံစံတည်းဆိုတာ” ကူယွဲ့ အင်းကွက်ကို သေချာကြည့်ပြီး အဓိကအနေနဲ့ အထဲက ပုံသဏ္ဌာန်တွေကို သေသေချာချာကြည့်လိုက်တယ်။ ရုတ်တရက် သူ့မျက်လုံးတွေ ပြူးကုန်တယ်။

“သောက်ချီး” သူတို့တွေက တကယ့်ကို အတိအကျတစ်ပုံစံတည်းပဲ – ခန္ဓာကိုယ်တွေရော မျက်နှာတွေရော။ ဒီအင်းကွက်က ဘယ်လိုလုပ် တစ်ပုံစံတည်းတူတဲ့ လူနှစ်‌ယောက်သုံးယောက်ကို ရှာနိုင်တာလဲ။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ” ယိချင်းက သိသိသာသာ ဇဝေဇဝါဖြစ်သွားတယ်။

“လူတချို့က တကယ့်ကိုဆင်ကြပေမဲ့ တစ်ပုံစံတည်းတူတဲ့ လူနှစ်ယောက်တော့မရှိဘူးလေ၊ မဟုတ်မှလွဲ…” သူက ပြောနေရင်းရပ်သွားပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။

နှစ်ယောက်သား အကြည့်ချင်းဖလှယ်ပြီး တစ်ပြိုင်နက်တည်း ရေရွတ်လိုက်တယ်။

“ဝိညာဉ်ခွဲအင်းကွက်”

ဒါက လူတစ်ယောက်ရဲ့ဝိညာဉ်ကို ကွဲထွက်စေနိုင်တဲ့အင်းကွက်ပဲ။

တစ်ပုံစံတည်းတူတဲ့ အဲလူတွေအားလုံးက ဝိညာဉ်တစ်ခုတည်းရဲ့ အစိတ်အပိုင်းတွေပဲဖြစ်ရမယ်။

“ဆ…” ယိချင်းက ရှန်းရင်ကို လှမ်းခေါ်ဖို့ရှိသေး သူမက ခုန်ဆင်းသွားပြီ။ သူမက စင်မြင့်ရဲ့ဘေးဘက်ပေါ် အရှိန်ပြင်းပြင်း တက်နင်းလိုက်တယ်။ ဆူညံသံကျယ်ကြီး ပေါ်လာပြီး စင်မြင့်ရဲ့ထောင့်က ကွေးဝင်သွားခဲ့တယ်။

ဝိညာဉ်ခြမ်းအင်းကွက်က ချက်ချင်းနီးပါး ပိုဖြူဖျော့သွားတယ်။ အထဲက တစ္ဆေရာနဲ့ချီ အပြင်ဘက် လွင့်မျောလာကြတယ်။ ကွဲထွက်နေတဲ့ဝိညာဉ်တွေက စုပေါင်းစပြုလာလို့ ဝိညာဉ်အရေအတွက်က ထက်ဝက်လျော့သွားတယ်။ အော်ဟစ်ငိုယိုနေတာမျိုး မရှိတော့ဘူး။ ဖြစ်နိုင်တာက အကြီးအကျယ် ဒဏ်ရာရခဲ့ကြလို့ထင် တချို့ဝိညာဉ်တွေက ဘာအသိစိတ်မှ ကျန်တော့တဲ့ပုံမပေါ်။ အဲအစား သူတို့က ဦးတည်ရာမဲ့ လွင့်မျောနေကြရှာတယ်။

လေထဲပျံနေတဲ့ လူတွေ နောက်ဆုံးတော့ မြေကြီးပေါ် နောက်တစ်ကြိမ် ဆင်းသက်လာရပြီ။

“ဒီဝိညာဉ်တွေက ပျောက်ဆုံးနေတဲ့ တချို့အစိတ်အပိုင်းတွေ၊ ပြန်လည်ဝင်စားမှုစွမ်းအင်ကပဲ သူတို့ဝိညာဉ်တွေကို ပြန်ပြည့်စုံစေမှာ” ကျူမင်က သူ့နားက ဝိညာဉ်တွေကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။

“သူတို့တွေ ဘဝတချို့တော့ ဉာဏ်ရည်ချို့တဲ့သူတွေပဲ ဖြစ်နေမှာ စိုးရိမ်မိတယ်”

“ဂျပုလေးက ဒီဝိညာဉ်တွေထဲမှာ မဟုတ်ဘူး” ယိချင်း ဝိညာဉ်တွေအားလုံးကို စစ်ဆေးပြီးတဲ့နောက် စိတ်အေးတဲ့အရိပ်အယောင်နဲ့ သက်ပြင်းချလိုက်တယ်။

“ကြည့်ရတာ ဂျပုလေးကိုဖမ်းသွားသူက တခြားတစ်နေရာရာမှာ ခန္ဓာကိုယ်ကနေ ဆွဲထုတ်ပြီးမှ သူမဝိညာဉ်ကို ခွဲထုတ်ဖို့ ဂျပုလေးဝိညာဉ်ကို ဒီနေရာဆီ ခေါ်လာဖို့ စီစဉ်ထားပုံပဲ”

တစ်ခုတည်းသောကိစ္စက အဲလူ ဘာကြောင့် မူလဝိညာဉ်တွေကို စုဆောင်းချင်ရလဲဆိုတာကို အတိအကျ အဖြေမထုတ်နိုင်တာ။

ကူယွဲ့ မျက်မှောင်ကြုတ်ပြီး ကျူမင်ထိန်းချုပ်တာ ခံထားရပေမဲ့ ရူးနှမ်းနေဆဲ ဖုန်းညာန်ကို လှမ်းကြည့်လိုက်တယ်။

ဒီအင်းကွက်ရှိနေတာ အချိန်အတော်ကြာပြီမှန်း သိသာတယ်။ ကြည့်ရတာတော့ ဖုန်းညာန်ရဲ့ မူလဝိညာဉ်ကို ဒီအင်းကွက်ကနေပဲ ဆွဲယူသွားခဲ့တာ။ အဲဒါက သူမ ဒါကိုမြင်ပြီး ကယောင်ကတမ်း ဖြစ်လာရတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်။

ဒါပေမဲ့ ဘာကြောင့် အင်းကွက်ရှိနေတဲ့ ဒီဆန်းကြယ်ဘုံကို သူမဘုံဗိမာန်ထဲမှာ ဖုံးဝှက်ထားတာလဲ။ ပြီးတော့ ဘာကြောင့် သူမမှာ အဲဒါကိုဖွင့်တဲ့ တံဆိပ်ပြားရှိနေရတာလဲ။

သူတို့ ဆန်းကြယ်ဘုံထဲ ဝင်လာချိန် ကောင်းကင်မျိုးနွယ်ယိချင်းကလွဲ ကျူမင်နဲ့ကူယွဲ့ရဲ့ မူလဝိညာဉ်တွေ အင်းကွက်ထဲ ဖမ်းခံရလုနီးပါးဖြစ်သွားခဲ့တာ။ အဲဒါက တစ္တေအမတတွေတောင် အင်းကွက်ကို မထိန်းချုပ်နိုင်ဘူးဆိုတာ သက်သေပြနေတယ်။ ဒီအင်းကွက်ကို ဖုန်းညာန် စီရင်ထားတာမဟုတ်ဘူး။

“အဲဒါဘာလဲ” ရှန်းရင် အင်းကွက်အလယ်ကို လက်ညှိုးထိုးကာ မေးလိုက်တယ်။

သူတို့တန့်သွားပြီး လှည့်ကြည့်လိုက်တယ်။ အင်းကွက်အလယ်မှာ အကြည်ရောင်အလုံးလေးတစ်ခု ရပ်နေတာပဲ။ ကြည့်ရတာ တစ်စုံတစ်ရာကို အထဲမှာ ပိတ်လှောင်ထားတဲ့ပုံ။

“ကြည့်ရတာ အကြွင်းအကျန်ဝိညာဥ်တွေရဲ့ အစအနပဲ” ကျူမင် သေချာမြင်ရဖို့ အနားတိုးလိုက်တယ်။ နောက်တော့ ချိပ်တစ်ခုဖန်တီးပြီး ဘောလုံးထဲက အကြွင်းအကျန်ဝိညာဉ်တွေကို အပြင်ဘက်ဆီ မျောလွင့်လာစေလိုက်တယ်။ သူတို့တွေက ပုံသဏ္ဌာန်လေးတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းသွားတယ်။ ပုံသဏ္ဌာန်လေးက ထိုင်ချပြီး ချက်ချင်း ဒူးပွေ့ထားတယ်။ သူမကြည့်ရတာ အသက်၂နှစ်ထက်‌ ကျော်ဦးမှာ မဟုတ်သလို နည်းနည်းရင်းနှီးနေသလိုပဲ။

“ဂျပုလေး” ရှန်းရင် ရုတ်တရက် ခေါ်လိုက်တယ်။

ကူယွဲ့နဲ့ယိချင်းတို့ရင်ဘတ်တွေ တင်းကြပ်သွားခဲ့တယ်။

“ဒါ ဂျပုလေးရဲ့အကြွင်းအကျန်ဝိညာဉ်လား၊ မင်းသေချာရဲ့လား”

“အင်း” ရှန်းရင် ခေါင်းညိတ်လိုက်တယ်။ ဒါ သူမ အရင်တစ်ခေါက် အိပ်မက်ယောင်တုန်းက မြင်ခဲ့ရတဲ့ တစ္ဆေလေးပဲ။

“အဲဒါမဟုတ်သေးဘူး” ကူယွဲ့ မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်တယ်။

“ဂျပုလေးဝိညာဉ် ခွဲထုတ်ခံထားရင်တောင် လူငယ်ပုံစံဖြစ်နေသင့်တာလေ၊ ဒီအကြွင်းအကျန်ဝိညာဉ်က ကလေးပဲ ရှိသေးတာ အသိသာကြီး၊ မဟုတ်သရွေ့…”

သူ့အသံက ပျောက်သွားပြီး ယိချင်းနဲ့ အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်မိတယ်။ သူတို့နှစ်ယောက်လုံး တစ်ချိန်တည်းမှာ တစ်ပုံစံတည်းထပ်တူညီတဲ့အတွေးနဲ့။

“ဒီအကြွင်းအကျန်ဝိညာဉ်က သူမ ပြန်မဝင်စားခင်တည်းက သူမကိုယ်ထဲကနေ ထွက်ခွာခဲ့ပြီးသား”

ယိချင်းအမူအရာက ပျက်ယွင်းသွားပြီး တစ်စုံတစ်ရာကို အမှတ်ရသွားခဲ့တယ်။ သူ ချက်ချင်း ဟိုကြည့်ဒီကြည့်လုပ်ပြီး တစ်ခဏနေတော့ သူ့ဘေးက အင်းကွက်ကိုလက်ညှိုးထိုးလိုက်တယ်။

“ဆရာ၊ မြန်မြန်ကြည့်ပါဦး ဒီမှာလောကဆွဲဆောင်အင်းကွက်တစ်ခု ရှိနေတယ်၊ ဂျပုလေးက ဒီအကြွင်းအကျန်ဝိညာဉ်နဲ့ ဒီကိုမျှားခေါ်ခံရတာပဲ ဖြစ်မယ်၊ အဲဒါကြောင့် ဝူတိကောင်းကင်နန်းတော်ကနေ ကောင်းကင်မြေအောက်ဘုံထိ ဆွဲခေါ်ခံရတာပဲ”

ဒါပေမဲ့ လောကဆွဲဆောင်အင်းကွက်နဲ့ ဖွင့်တဲ့ ဘုံတံခါးတွေက မတည်ငြိမ်ဘူး။ အဲဒါကြောင့် ဂျပုလေးကို ဒီဆန်းကြယ်ဘုံဆီ တိုက်ရိုက် မပို့ဆောင်နိုင်ခဲ့တာဖြစ်နိုင်တယ်။

“ငါတို့ သူ့ကိုမြန်မြန်ရှာတွေ့ဖို့လိုတယ်” ကူယွဲ့ စိုးရိမ်တကြီး ရေရွတ်ပြီး အမူအရာမည်းမှောင်နေတယ်။ ကြည့်ရတာ ဂျပုလေးကို ပြန်ပေးဆွဲတဲ့လူက ကြုံရာဝိညာဉ်ကိုပဲ လိုချင်တာမျိုး ဟုတ်ပုံမရဘူး။ သူက ဂျပုလေးဝိညာဉ်ကိုရဖို့ပဲ တကူးတက ကြံစည်ခဲ့တာ သိသာတယ်။

“မိတ်ဆွေတို့…” ကျူမင်က ရုတ်တရက်ပြောလာတယ်။

“မင်းတို့တွေရှာနေတဲ့လူရဲ့ အကြွင်းအကျန်ဝိညာဉ်ကို တွေ့ပြီလေ၊ ဒီဝိညာဉ်အပိုင်းက တခြားဟာတွေနဲ့ ဆက်စပ်နေတာ၊ ဒီဆက်နွယ်မှုကိုအသုံးချပြီး သူမရဲ့တည်နေရာကိုစစ်ဆေးဖို့ ဂမ္ဘီရပထဝီ အသုံးချရင်ရော”

သူတို့ အူကြောင်ကြောင် သူ့ကို ပြန်စိုက်ကြည့်နေမိတယ်။ ဟုတ်သားပဲ သူတို့အဲသိုင်းကိုသုံးလို့ရတာ မေ့တော့မလို့။

အကြွင်းအကျန်ဝိညာဉ်ဆိုတာ လူတစ်ယောက်ဝိညာဉ်ရဲ့ အစိတ်အပိုင်းကြီး အတိအကျတော့မဟုတ်ဘဲ အချိန်နဲ့ ပျောက်ကွယ်သွားပေမဲ့ လူတစ်ယောက်ရဲ့ ဝိညာဉ်ကျန်အစိတ်အပိုင်းတွေနဲ့ ဆက်စပ်နေဆဲ။ အကြွင်းအကျန်ဝိညာဥက် တခြားဝိညာဉ်ပိုင်း ဘာကြုံတွေ့နေရလဲဆိုတာ အာရုံခံနိုင်တယ်။ သူတို့ ဂမ္ဘီရပထဝီကိုအသုံးချရင် ဂျပုလေးကို ရှာနိုင်မှာပဲ။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset