RENH အပိုင်း ၅၈

အခန်း (၅၈) မြို့နယ် ၁ အထက်တန်းကျောင်းသို့ တချက်ကြည့်ရန် သွားရောက်လည်ပတ်ခြင်း

ကုနန်ချန်၏ အသံက နားထောင်ရကောင်းသည်။
သူမက နင်မုန့်ကို ကာကွယ်ရန်ဟု ရည်ရွယ်ခဲ့သည့်တိုင်အောင် နင်မုန့်ကမူ နှစ်သိမ့်သည်ဟု မခံစားရဘဲ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟုသာ ခံစားရသည်။
ဖြစ်နိုင်တာက ဒါက ရှောင်ပိုင်ဟွားတွေ စကားပြောတတ်တဲ့ ပုံစံမျိုးဖြစ်လောက်တယ်။
ကုနန်ချန်က အနောက်မှ ခြေတစ်လှမ်းထွက်လာပြီးနောက် ကောင်လေးကို ပြောသည်။
“ဘာကိစ္စမှမရှိပါဘူး၊ မန်နင်က ငါ့ကိုလည်း ဘာမှလုပ်မှာမဟုတ်ဘူး၊ မန်နင်က ငါ့ကို ကောင်းကောင်း ဆက်ဆံပါတယ်၊ နင် မြန်မြန် ပြန်သင့်ပြီ”
နင်မုန့်က ပြောသည်။
“ငါ အခု တကယ်ကို တစ်ခုခုစားချင်နေတာပါ၊ နင် ငါ့ကို တကယ် အကောင်းမြင်တယ်ဆိုရင် ကျေးဇူးပြုပြီး လမ်းဖယ်ပေးနိုင်မလား၊ ငါ တကယ် ဗိုက်ဆာနေပြီ”
သူမက အချိန်အတန်ကြာအောင် ဘီစကစ်သာလျှင် စားရသေးသည်။ မဟုတ်လျှင် ဆာလောင်၍ သေတော့မည်ဟု ထင်သည်။
မျက်လုံးထဲတွင် မျက်ရည်အပြည့်ဖြင့် ကုနန်ချန်က ရုတ်တရက် တခစ်ခစ် ရယ်ပြီးနောက် လေသံတိုးတိုးဖြင့် ပြောသည်။
“မန်နင် နင် ဘာမှမစားရသေးဘူးလား၊ ဒါဆိုရင် နင် ဗိုက်ဆာနေမှာပဲ၊ ငါ နင့်ကို အဖော်ပြုပေးမယ်လေ”
“သူမနဲ့ မစားနဲ့”
အနားရှိကောင်လေးက သူမကို ပြန်ဆွဲထားသည်။
“သူမက မင်းကို တစ်ခုခု လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ၊ သူမ ဘာတွေးနေလဲ ဘယ်လိုသိနိုင်မှာလဲ၊ မင်းလည်း သူမကို နိုင်မှာမှမဟုတ်ဘဲ”
နင်မုန့်ကမူ ကြောင်တောင်တောင် ဖြစ်သော အမူအရာပင် ဖြစ်သွားသည်။
သူမက ယခုမှ ထိုရှောင်ပိုင်ဟွား၏ ရုပ်သွင်အစစ်ကို မြင်လိုက်ဖူးခြင်းဖြစ်သည်။ သူမ ယခင်က ဝတ္ထုကို ဖတ်ခဲ့ဖူးသော်လည်း များများစားစား မခံစားခဲ့ရချေ။ ယခုမှသာ သူမကိုယ်တိုင် မြင်လိုက်ရသဖြင့် အလွန်ပင် ဒေါသထွက်ချင်စရာ ကောင်းကြောင်း သိလိုက်ရသည်။
သူမက ဒေါသကို ထိန်းထားရသဖြင့် ပေါက်ကွဲသော ငါးတစ်ကောင်အဖြစ်ပင် ပြောင်းလဲသွားတော့မည်ဟု ခံစားရပေသည်။
သူမက ကုနန်ချန်ကို ဒေါသထွက်သည်နှင့် ခေါင်းက နာလာပြန်သည်။ မန်နင်၏ နောင်တများအားလုံး ပျောက်ကွယ်သွားမည့်အချိန်အထိ စောင့်ရမည့်ပုံရသည်။
နင်မုန့်က ရုတ်တရက် ထိုသူ၏ ယခင်စကားကို သတိရလိုက်သည်။
သူမကို တစ်ခုခုလုပ်မယ်ဟုတ်လား။
အစပိုင်းတွင် ဌာနမှ လူတိုင်း၏ စွန့်ပစ်ခံရသော မန်နင်နှင့် ဒီကိစ္စက တစ်ခုခုဆက်စပ်နေလောက်ကြောင်း သိလိုက်သည်။
ဒီနေ့ခေတ် လူမှုအသိုင်းအဝိုင်းတွင် လိင်တူချစ်ကြိုက်ခြင်းက ထူးခြားသောကိစ္စ မဟုတ်ချေ။ လိင်တူချစ်ကြိုက်ခြင်းကို ရွံမုန်းသော သူများ ရှိနေသည့်တိုင်အောင် လူအနည်းစုသာလျှင် ရှိနေခြင်း ဖြစ်သည်။ ထို့ပြင် ယခုကဲ့သို့ ကျောင်းတွင်းအနေအထားမျိုးတွင် ထည့်ပြောရန်ပင် မလိုအပ်ချေ။
စီတက္ကသိုလ်က မြို့တွင် တည်ထောင်ထားခြင်းဖြစ်ပြီး လူနေမှုအသိုင်းအဝိုင်းကလည်း အဆင့်အတန်း မြင့်မားသည်။ ပို၍ ဆိုးသည်မှာ တစ်တိုင်းပြည်လုံးရှိ ပညာရေးအမှတ်အကောင်းဆုံး ကျောင်းသူကျောင်းသားများကသာ ရှိနေခြင်း ဖြစ်လေရာ လူတိုင်းကလည်း ဉာဏ်ရည်မြင့်မားကြသည်။
လိင်တူချစ်ကြိုက်သည်ကို နားမလည်ပေးနိုင်သည့် ကျောင်းသူ ကျောင်းသားများ ရှိနိုင်သည့်တိုင်အောင် လူအနည်းစုသာ ဖြစ်သင့်ပေသည်။
မန်နင်က မည်သူ့ကိုမှ တစ်ခုခုလုပ်ရန် တွန်းအားမပေးခဲ့သော လိင်တူချစ်ကြိုက်သူ တစ်ယောက်လည်း ဖြစ်သည်။ သို့သော် သူမက ဌာနတစ်ခုလုံး၏ စွန့်ပစ်ခံခဲ့ရသည်။ သံသယဝင်ရန် မလိုလောက်အောင် အညှီနံ့ရသော ပြဇာတ်တစ်ခုရှိနေလောက်သည်။
နင်မုန့်ကလည်း မန်နင်၏ မှတ်ဉာဏ်များမှတဆင့် မန်နင်က လူကောင်းတစ်ယောက် ဖြစ်ကြောင်း မှတ်မိနေသေးသည်။ သူမက အနည်းငယ် သီးသန့်ဆန်စွာ နေတတ်သော်လည်း အခြားသူများကို ကူညီချင်စိတ်ရှိပြီး အချိန်ပိုင်းအလုပ်တွင်လည်း ကောင်းကောင်းကြိုးစားကာ လုပ်သည့် မိတ်ဆွေအနည်းငယ်သာလျှင် ရှိသည့် ကျောင်းသူကောင်းတစ်ယောက်ဖြစ်သည်။
သို့သော် လိင်တူချစ်ကြိုက်သောကိစ္စက မီးမောင်းထိုးခံရသလို ပေါ်လာသည့်အချိန်တွင် သူမ၏ သူငယ်ချင်းများကပင် သူမကို ရွံရှာသောအကြည့်ဖြင့် ကြည့်ကြပြီး ညတွင်းချင်း ခပ်ဝေးဝေးနေကြသည်။
ဘေးလူတစ်ယောက်အနေဖြင့် နင်မုန့်ကလည်း တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ကြောင်း ခံစားမိလေသည်။
အကြီးဆုံးဖြစ်နိုင်သည့်အရာမှာ ကုနန်ချန်က ကောင်းကောင်းဖျော်ဖြေခဲ့ခြင်း ဖြစ်လောက်သည်။ ဒီနည်းအားဖြင့် ဌာနအတွင်းတွင် ရှိသည့် မန်နင်အပေါ် လွှမ်းမိုးခဲ့ခြင်း ဖြစ်လောက်သည်။
သူမက ချက်ချင်းလိုလို ကုနန်ချန်ကို ကြည့်လိုက်သည်။
ကုနန်ချန်က အားနည်းသည်ဟု ထင်ရသော်လည်း သန်မာသည်။
သူမ၏ ပုံပန်းသွင်ပြင်က ရှောင်ပိုင်ဟွားနှင့် ကိုက်ညီသည်။
မူလက ကုနန်ချန်ကို ထွက်သွားရန် တွန်းအားပေးနေသောကောင်လေးက ခေါင်းမော့လိုက်သောအခါ မန်နင်၏ ကုနန်ချန်၏ ခန္ဓာကိုယ်ပေါ် ရောက်နေသော အကြည့်ကို မြင်လိုက်ရပြီး ကောလဟလများကို ပြန်တွေးမိသွားသည်။
သံသယဝင်စရာမလိုအောင် အားလုံးကအမှန်ပဲ။
သူက ကုနန်ချန်ကို အနောက်ပို့လိုက်ပြီး သူမ၏ တစ်ကိုယ်လုံးကို ပိတ်ထားလိုက်ကာ ပြောသည်။
“မန်နင် မင်းရဲ့ ရွံစရာမျက်လုံးကို ဖယ်လိုက်စမ်း၊ ဘယ်သူကမှ မင်းလိုလူကို သနားမှာမဟုတ်ဘူး”
နင်မုန့်က သူ့ကို ပြန်ကြည့်လိုက်သည်။
ထိုလူက ကျောမတ်သွားပြီး ဖြောင့်မတ်မှန်ကန်သယောင်ဖြင့် ခပ်မတ်မတ် ရပ်သည်။ သူ ထိုသို့ ရပ်တည်ပြလိုက်ခြင်းက ကုနန်ချန် သူ့အပေါ် အကောင်းမြင်သွားစေရန် မျှော်လင့်သည်။ သို့ရာတွင် သူ့ရှေ့ရှိ ကောင်မလေးက စရယ်မည်ဟု မထင်ထားမိချေ။
နင်မုန့်က သဘောမကျသော မျက်နှာထားမျိုးဖြင့် အနောက်မှလူကို လက်ညှိုးထိုးပြပြီး ပြောသည်။
“နင် ဘာလို့သူ့ကို ဒီလိုမျိုးတွန်းထုတ်လိုက်တာလဲ၊ ကုနန်ချန်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်အားပျော့သလဲ၊ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ၊ နင် တာဝန်ယူမှာမလို့လား”
သူမ၏ ရှည်လျားသော စကားက ထိုကောင်လေးကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ သူက ခပ်မြန်မြန် ခေါင်းလှည့်ကြည့်လိုက်သောအခါ သေချာစွာပင် ကုနန်ချန်က မြေပြင်တွင် ထိုင်လျက် ဒူးခေါင်းများကို ပွတ်နေသည်။
ကုနန်ချန်က ခုလေးတင် ခပ်ကြမ်းကြမ်း အတွန်းခံခဲ့ရပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားခဲ့သည်။ သူမ၏ သေးငယ်သော အော်သံက ထိုကောင်လေး၏ ကျယ်လောင်သော အော်သံကြားမြုပ်သွားလေရာ သဘာဝအလျောက်ပင် သူက သတိမပြုမိခဲ့ပေ။
‌ကောင်လေးက ခပ်မြန်မြန် အလန့်တကြား ‌ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပြောသည်။
“နန်ချန် ငါ တမင် ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး၊ နင် အဆင်ပြေရဲ့လား၊ ငါ နင့်ကို ကျောင်းတွင်းဆရာဝန်ဆီပို့ပေးမယ်၊ နာနေသေးလား…”
နင်မုန့်က ခါးထောက်လျက် သေချာပွဲကြည့်နေလိုက်သည်။
ဘယ်လောက်တောင် သဘောကျစရာကောင်းတဲ့ပြပွဲလဲ။ ပထမဦးဆုံး သူက သူမကို ငိုအောင်လုပ်တယ်။ အခု နာကျင်အောင်လုပ်ပြန်ပြီ။
တခဏကြာ ပြပွဲကောင်းတစ်ခုကို စိုက်ကြည့်နေပြီးနောက် သူမက အမူအရာကို ပြန်ပြောင်းလိုက်ကာ သူတို့၏ တစ်ဖက်သို့ တစ်ပတ်ပတ်လျက် သွားလိုက်သည်။
ကောင်းကင်နှင့် မြေပြင်က ကြီးမားလွန်းသည်။ သို့သော် စားသောက်ခြင်းက ပို၍အရေးကြီးသည်။ သူမက ထိုလူများနှင့် ငြင်းခုန်ရန် အားအင်မရှိတော့ချေ။
ထမင်းစားခန်းမတွင်လည်း ညနေခင်းနှစ်နာရီဖြစ်သဖြင့် လူများများစားစား ရှိမနေခဲ့ချေ။ သီးသန့်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသော စုံတွဲတစ်တွဲသာလျှင် ရှိသည်။
နင်မုန့်က ခေါက်ဆွဲတစ်ပွဲလိုချင်သည်။ ထို့ကြောင့် ပိုက်ဆံပေးပြီးနောက် အချိန်ပိုင်းအလုပ်လုပ်သော ကောင်မလေးကလည်း သူမ သိသော ကောင်မလေးဖြစ်နေကြောင်း သိလိုက်ရသည်။ တိတိကျကျပြောရလျှင် သူမက မန်နင်၏ ယခင်အတန်းဖော်ဖြစ်သည်။
သူတို့နှစ်ယောက်၏ မိသားစုချင်းကလည်း ထူးထူးခြားခြား ကွာခြားခြင်းမရှိဘဲ ထို့အတွက်ကြောင့် သူတို့က အချိန်ပိုင်းအလုပ်ကို ပုံမှန်အားဖြင့် အတူလုပ်တတ်သည်။
သူမ၏ လိင်တူချစ်ကြိုက်သော ကိစ္စက ပျံ့နှံ့သွားချိန်တွင် သူမက ဒီနေရာတွင် မကြာခဏဆိုလို ဌာနမှလူများနှင့် ပက်ပင်းတိုးလေ့ရှိပြီး သူတို့အကြည့်များကြောင့် ကြောက်လန့်မိသဖြင့် မန်နင်က အချိန်ပိုင်းအလုပ်မှထွက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူမက အခြားရေတိုအလုပ်များကို လိုက်ရှာခဲ့သည်။
ထိုမိန်းကလေးအတွက်ကမူ မန်နင်က သူမကို နောက်ပိုင်းတွင် ဆက်သွယ်သောအခါ blacklist ထဲသို့ပင် ထည့်ခဲ့ပြီး သူမကို မည်သည့်စကားမှ ဆက်မပြောခဲ့ချေ။
နှစ်ယောက်က မျက်လုံးချင်းဆုံသွားပြီးနောက် မိန်းကလေးက ချက်ချင်းလိုလို ခေါင်းငုံ့သွားသည်။
နင်မုန့်ကလည်း သူမ၏ မျက်ဝန်းထဲမှ ထူးခြားသည့်အကြည့်ကို မြင်လိုက်သည့်တိုင်အောင် ထူးထူးခြားခြား မတွေးတော့ချေ။ မည်သူမဆို သူမ၏ ကိစ္စများကို ကြားလျှင် ထိုသို့ တုန့်ပြန်သည်မှာ ပုံမှန်သာလျှင်ဖြစ်သည်။
တခြားတစ်ဖက်တွင် သူမ၏ဘေးနားတွင် ရပ်နေသည့် ကောင်မလေးကမူ ရွံရှာသောမျက်နှာထားဖြင့် အကြည့်ဖြင့်ပင် ထွက်သွားစေလိုကြောင်း ပြောလုနီးပါးဖြစ်နေခဲ့သည်။
နင်မုန့်က သူမကို မမှတ်မိချေ။ သို့သော် တစ်ဖက်လူက ဘေးအတန်းမှဖြစ်ကြောင်း သိလိုက်သည်။
ဌာနတွင်း၏ အတန်းတိုင်းတွင် ကိုယ်ပိုင်စာသင်ခန်းရှိသည်။ သူတို့၏ အတန်းအချိန်ဇယားကလည်း အတူတူသာလျှင် ဖြစ်လျက် မကြာခဏ လျှောက်လမ်းတွင် ပက်ပင်း တိုးလေ့ရှိသည်။
နင်မုန့်က မည်သည့်စကားမှ မဆိုချေ။ သူမက ဘေ‌လ်ချေပြီးနောက် ဘေးဘက်ရှိ အနီးဆုံးနေရာတစ်ခုကို ရှာဖွေပြီး ထိုင်ချကာ စားလိုက်သည်။
လမ်းတစ်လျှောက်လုံး သူမ၏ ဖုန်းက မရပ်မနား ဆက်တိုက်တုန်ခါနေသည်။ သူမက အတွေးများကို စုစည်းလိုက်ပြီး ကုနန်ချန်ဖြစ်မည်ဟု ထင်လိုက်မိကာ မကြည့်ခဲ့ချေ။ သူမက မန်နင်၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသော်လည်း ကောင်းကောင်း လှုပ်ရှားခြင်းက အကောင်းဆုံးဖြစ်နေသေးသည်။
သူမက WeChat ထဲကို ဝင်လိုက်ပြီးနောက် ကလစ်လယ်သမားအဖွဲ့ဂရုကို တွေ့လိုက်ရသည်။ ထိုသို့ဖြင့် စာများက ဆက်တိုက် တတောင်တောင် တက်နေပြီး အဖွဲ့ထဲတွင် လူအလွန်များဟန်လည်း ရသည်။ သို့သော် မန်နင်က အဖွဲ့ထဲမှ ခပ်မြန်မြန် ထွက်လိုက်သည်။
ထိုကဲ့သို့သော အဖွဲ့မျိုးက အခြားသူများကို အလုပ်လုပ်ရန် အယုံသွင်းနေခြင်းဖြစ်ပြီး လူအများစုကို အလျင်မြန်ဆုံးနည်းဖြင့် ပိုက်ဆံရစေသည်ဟုဆိုကာ အခြားသူများကို လှည့်စားခိုင်းခြင်းဖြင့် လူများများရအောင် ကြိုးစားခိုင်းနေခြင်း ဖြစ်သည်။ ကြားရုံဖြင့်ပင် နားထောင်ကောင်းသည်ဟုသာ ထင်ရလောက်သည်။
နောက်တစ်ခုကမူ အလားတူ ဘက်စုံမားကတ်တင်း ဂရုဖြစ်သည်။ လူတစ်ယောက်ကို ဆွဲသွင်းပြီး ထိုလူက ဂရုထဲသို့ ဝင်ရန် ဝင်ကြေးယွမ်တစ်ရာပေးရမည်ဖြစ်ပြီး နောက်ထပ်တစ်ယောက်ကို ထည့်သွင်းပေးရဦးမည်ဖြစ်သည်။ ထိုသို့ဖြင့် ကိစ္စများက တစ်ပတ်လည်နေသည်။
ထိုဂရုမှ မည်သူက အကျိုးအမြတ်ရမည်နည်းဟုဆိုလျှင် ထိပ်ဆုံးမှလူသာလျှင် ဖြစ်ပေလိမ့်မည်။
သူမက မန်နင်ကိုလည်း ယွမ်တစ်ရာပြန်ရရန် မမျှော်လင့်ချေ။ ထို့ကြောင့် ဒီအတိုင်းပင် ရိုးရိုးရှင်းရှင်းပင် ထွက်လိုက်သည်။ ဤနည်းအားဖြင့် သူမ ဒုက္ခမများနိုင်တော့ချေ။ ထို့နောက် သူမက စတင်ပြီး အခြားအချိန်ပိုင်းအလုပ်ကို ရှာဖွေလိုက်သည်။
အောက်ထိဆွဲချပြီးနောက် အခြားမယုံကြည်ရသော ဂရုများကို တွေ့ရပြန်သည်။ နင်မုန့်က အားလုံးမှ ထွက်လိုက်သည်။
သူမက ထိုသို့လုပ်ပြီးနောက် ကလစ်လယ်သမားဂရုမှ လူတစ်ယောက်က သူမကို ဆက်သွယ်လာကြောင်း တွေ့လိုက်ရသည်။
“မင်း ဘာလို့အဖွဲ့ထဲက ထွက်သွားတာလဲ၊ မင်းပိုက်ဆံမရှာချင်ဘူးလား၊ ဒီနေ့သွားရမယ့်စာရင်းတွေ အများကြီးရှိနေတယ်၊ ငါ မင်းကို ဖိုင်ပို့လိုက်တယ်”
ထိုစာနှင့်အတူ ပစ္စည်းဝယ်ချင်ဟန်တူသော အွန်လိုင်းရှော့ဆိုင်ရှင်များနှင့် ပတ်သက်သော ဖိုင်များအပြင် လိုအပ်သော ဖုန်းနံပါတ်နှင့် screenshot တို့ကိုလည်း ပို့လာပေးသည်။
ထိုလူက ပို့ပြီးနောက် ထပ်ပို့သည်။
“မင်း ဘာလို့ စာမပြန်တာလဲ၊ မင်း ခဏနေမှ စာမပြန်ရင် ငါ ဒီစာရင်းကို အခြားသူကို ပေးလိုက်တော့မယ်၊ အဲ့ဒီလိုဆိုမှ မင်းလူတစ်ယောက်ကိုတောင် ဆွဲသွင်းရသေးရသေးရဲ့လား၊ ရက်ပေါင်းများစွာ ကြာနေပြီ၊ မင်းတစ်ယောက်ကိုမှ ဆွဲမသွင်းရသေးဘူး၊ ဒီလိုလုပ်နိုင်စွမ်းရည်က လက်သင့်မခံနိုင်စရာပဲ အဖွဲ့ထဲက လူတွေကို ကြည့်စမ်းပါဦး၊ နေ့တိုင်းလိုလို လူတွေဝင်နေတာ ရာကျော်တယ်၊ အားလုံးဘဝကောင်းကောင်း ပိုင်ဆိုင်နေကြပြီ”
နင်မုန့်က နှာခေါင်းရှုံ့ပြီး သူ၏ဖုန်းနံပါတ်ကို ဖျက်ပစ်လိုက်ကာ စာအုပ်ထဲမှ ရှင်းလင်းလိုက်သည်။
ကံကောင်းစွာဖြင့် နင်မုန့်က လုံခြုံရေးအမြင်အာရုံ ရှိနေသေး‌လေရာ သူမ အခြားသူများကို ပေးထားသော နောက်ခံက အမှားဖြစ်နေသည်။ သူမကို ပတ်ဝန်းကျင်မှ ကြည့်နေသော သူများအတွက်မူ သူမက ရိုးရိုးရှင်းရှင်းပင် လျစ်လျူထားလိုက်သည်။
မည်သို့ပင်ဆိုစေ သူမ၏ မှတ်ဉာဏ်များအရ နင်မုန့်က အမှားလုပ်ထားသည်ဟုလည်း မထင်ချေ။ လူအများကခေါ်သော ဖြောင့်မတ်ပြီး နိုင်ငံကောင်းတစ်ခုဖြစ်လေရာ သူမက ဘာကိုမှကြောက်စရာမရှိချေ။ ညလယ်ခေါင်တွင် သရဲများက အိမ်တံခါးလာခေါက်မည်ဆိုလျှင်ပင် သူမက ကြောက်စရာမရှိချေ။
အဲ့ဒီလိုဆိုမှ ဒီကျောင်းထဲမှာ သရဲတွေ အများကြီးရှိလောက်တာပဲ။
နင်မုန့်က ထိုသို့ တွေးလိုက်မိသည်။ လက်ရှိအချိန်တွင် သူမအတွက် အရေးကြီးဆုံးအချက်က စားသောက်ရန် ဖြစ်သည်။ သူမ အရှေ့ရှိ ပူပူနွေးနွေးခေါက်ဆွဲပြုတ်က သူမ၏ အာရုံကို လျင်မြန်စွာ ဆွဲဆောင်သွားသည်။
သူမက ခေါက်ဆွဲကုန်ခါနီးအချိန်တွင် ကုနန်ချန်က ရုတ်တရက် ပေါ်လာပြန်သည်။
သူမက မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီးနောက် သူမ အသားကုန် စားသောက်နေခြင်းကို ကြည့်ကာ စိတ်ဓာတ်ကျသောဟန်ဖြင့် ပြောလာသည်။
“မန်နင် နင် တကယ်ကို ဗိုက်ဆာနေတာပဲ၊ ဒီတစ်ကြိမ်မှာ ဖြစ်သွားတဲ့ ကိစ္စတွေအတွက် ငါ တကယ်စိတ်မကောင်းပါဘူး”
နင်မုန့်က သူမကို အာရုံမစိုက်တော့ဘဲ ဆက်စားနေလိုက်သည်။
သူမက ထိုသို့ ဖြစ်နေကြောင်း မြင်သောအခါ ကုနန်ချန်က နှုတ်ခမ်းကို ကိုက်ပြီး သူမ၏ မျက်လုံးကြီးများက ဝမ်းနည်းသွားဟန် ဖြစ်သွားခဲ့သည်။
“မန်နင် ငါ နင့်အတွက် အချိန်ပိုင်းအလုပ်တစ်ခု ရှာတွေ့ထားတယ်၊ ဒါပေမယ့် ညနောက်ပိုင်း ပြန်လည်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှ စမှာ၊ နင် လုပ်ချင်ရဲ့လား”
အဲ့ဒီအချိန်မှစမယ်ဟုတ်လား။
နင်မုန့်က သူမကို သံသယအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူမ၏ အတွေးများက မှန်ကန်ကြောင်း သိလိုက်ရသည်။
အင်္ဂလိပ်ဌာနရှိ ပထမနှစ်ကျောင်းသူ ကျောင်းသားများက ညနက်ပိုင်း ပြန်လှန်လေ့ကျင့်ခန်းလုပ်သည့်အချိန်ကို တက်ရောက်ရမည်ဟူသော လိုအပ်ချက် ရှိသည်။ အတန်းခေါင်းဆောင်က ကြုံရာနာမည်ခေါ်မည့်အပြင် ဆရာများကလည်း မကြာခဏလာကာ စစ်ဆေးလေ့ရှိသည်။ ထို့ကြောင့် အလွန်တင်းကြပ်သည်။
သူမက ထိုအချိန်ကို မကြာခဏပျက်ပြီး ထိုအတွက်ကြောင့် မကြာခဏမိသွားလျှင် သူမက ပြန်လည်သုံးသပ်စာရေးရန် အပြစ်ပေးခံရပေလိမ့်မည်။ ဆရာများမိသော အကြိမ်ရေကသာ များသွားမည်ဆိုလျှင် သူမက သတိပေးခံရပေလိမ့်မည်။ ဒါက သူမ၏ နောက်ပိုင်းကိစ္စများအတွက် ကြီးမားသော သက်ရောက်မှုရှိသွားနိုင်သည်။
မန်နင်၏ အဆင့်များက အတန်းထဲတွင် အလွန်ကောင်းသည်။ သူမက ပထမမရလျှင်ပင် ဒုတိယရပေလိမ့်မည်။ ထိုအတွက်ကြောင့် သူမက မကြာခဏ ထူးချွန်သော အပြုအမူကို ထိန်းသိမ်းထားကာ စကောလားရှစ်ရအောင် ကြိုးစားလေ့ရှိသည်။ ထို့အတွက်ကြောင့် သူမက ယခင်စာသင်နှစ်အထိ ရရှိနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ပို၍ ဆိုးသည်မှာ ကျောင်းက ကျောင်းသူများ၏ လိင်စိတ်တိမ်းညွတ်မှုပိုင်းသို့ ဝင်ရောက်နှောင့်ယှက်ခြင်း မရှိပေ။ မန်နင်နှင့် အပြုအမူနှင့် အမှတ်များကသာ အဓိကအချက်ဖြစ်သည်။ သူမ၏ အတန်းဖော်များက သူမကို သီးသန့်ခွဲထားလျှင်ပင် အသုံးမဝင်ချေ။
ဒီကောင်မလေးက တကယ်ပဲ မန်နင်အတွက် လုပ်ပေးနေတာလား။
သူမက မသေချာတော့ချေ။
ကျောင်းပတ်ပတ်လည်တွင် အချိန်ပိုင်းအလုပ်ပေါင်းများစွာ ရှိသည်။ သို့ရာတွင် ထိုအချိန်နှင့် ကွက်တိကျသော အလုပ်ကို ရှာပေးလာသည်။
နင်မုန့်က ဟင်းရည်များကို အလုတ်ကြီးကြီး မော့သောက်လိုက်သည်။
တစ်ဖက်သူက သူမ၏ စကားကို မတုန့်ပြန်လာကြောင်း မြင်သောအခါ ကုနန်ချန်၏ အမူအရာက မသက်မသာ ဖြစ်သွားသည်။ သူမ၏ မျက်လုံးက ချက်ချင်း နီရဲသွားပြန်ပြီး တစ်စုံတစ်ရာ ပြောချင်ခဲ့သော်လည်း ပြောမလာခဲ့ပြန်ချေ။
ဘေးအတန်းမှ ကောင်မလေးက ကြည့်နေရင်း ရုတ်တရက် ပြောလိုက်သည်။
“ကုနန်ချန် ဘာလို့ သူ့ကို ထပ်ပြီး အာရုံစိုက်နေပြန်တာလဲ၊ ‌မြေခွေးလို နှလုံးသားနဲ့ ခွေးအဆုတ်ကို ပိုင်ဆိုင်ထားတဲ့လူ၊ သူမက နင့်ကို မလှုပ်ရှားခင် နင်ကောင်းကောင်း ကြည့်နေတာ ကောင်းတယ်”
နင်မုန့်၏ ဇွန်းကို ကိုင်သောလက်က ရပ်သွားသည်။
တူညီသောစကားကို ပြန်ကြားရခြင်းဖြစ်သည်။ သို့သော် အခြားတစ်ယောက်၏ စကားမှထွက်လာသည်။
ကုနန်ချန်က ခေါင်းကို ခပ်မြန်မြန်ခါပြီးနောက် လက်ကို ယမ်းပြသည်။ သူမက ခေါင်းငုံံသွားသော မန်နင့်ကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“မန်နင် မန်နင်က အဲ့လိုမလုပ်ပါဘူး၊ နင်မှားနေတာဖြစ်မယ်”
ကောင်မလေးက ချက်ချင်း ပြန်ငြင်းသည်။
“ဘာကို မှားရမှာလဲ၊ အစပိုင်းမှာ သူကပဲ …”
မန်နင်၏ နားက စွင့်သွားသည်။ သူမ နောက်ဆုံးတွင် အမှန်တရားကို ကြားရတော့မည် ထင်ထားသည်။ သို့သော် ထိုမိန်းကလေး၏ စကားက မဆုံးလိုက်ဘဲ ခေါက်ဆွဲပို့ရန် အခြားတစ်ယောက်က လှမ်းခေါ်လိုက်ခြင်းဖြင့် အဆုံးသတ်သွားပြန်သည်။
သူမ ထွက်သွားပြီးကတည်းက နင်မုန့်က ကျန်သောစကားများကို မကြားနိုင်တော့ချေ။
ကုနန်ချန်က တစ်ရှူးထုတ်ကို ကမ်းပေးလိုက်ပြီး ဂရုတစိုက်ပင် တစ်ခု ဆွဲထုတ်ပေးလေသည်။
“မန်နင် သူမရဲ့ စကားတွေကို စိတ်ထဲမထားပါနဲ့၊ ဒီအတိုင်း တစ်ခုခုကို နားလည်မှုလွဲနေတာ ဖြစ်မှာပါ၊ နင်က အဲ့ဒီလိုလူမျိုးမဟုတ်မှန်း ငါသိတယ်”
နင်မုန့်က ခေါက်ဆွဲပန်းကန်ကို ချသည်။
“ငါက အဲ့ဒီလိုလူပဲ”
ကုနန်ချန်က ကြောင်သွားသည်။
နင်မုန့်က ပြုံးလိုက်သည်။
“နေ့တိုင်း လိုလို ငါ နင်နဲ့ ဘယ်လိုတွေ့ရမလဲ၊ နင့်ကို ဘယ်လိုနမ်းရမလဲ၊ နင့်ကို ဘယ်လို … “
သူမ၏ စကားကို သက်သေပြရန် အလို့ငှာက သူမက ကုနန်ချန်ဆီမှ တစ်ရှူးကို ယူသောအခါ လက်ကို သိသိသာသာပင် ပွတ်လိုက်ပြီး ပြောလိုက်လေသည်။
“အင်း အသားအရည်က မဆိုးဘူး”
ကုနန်ချန်က ချက်ချင်းလိုလို ကိုယ့်လက်ကိုယ် ပြန်ရုတ်ပြီးနောက် မျက်နှာက ဖြူဖျော့သွားသည်။ သူမက ပြောသည်။
“မပြောပါနဲ့တော့”
သူမ၏ အသံက ကျယ်သွားပြီး လူတိုင်းက ကြည့်လာကြသည်။
သူမ၏ မျက်လုံးက ငွေ့ရည်ဖွဲ့လာပြီးနောက် နှုတ်ခမ်းကို ကိုက်ကာ ပြောသည်။
“မန်နင် နင်က အဲ့ဒီလိုလူမျိုးမဟုတ်ပါဘူး၊ တစ်ယောက်ယောက်က နင့်ကို ရန်စခဲ့လို့လား”
နင်မုန့်ကို နှုတ်ခမ်းကို သုတ်ပြီးနောက် ပခုံးကို တွန့်ပြသည်။ သူတို့က နောက်ဆုံးတွင် ကုနန်ချန်၏ အပြုအမူများကို နားလည်လိုက်သည်။ သူတို့က ရှင်းရှင်းလင်းလင်းပင် သူမတို့က မိတ်ဆွေ သူငယ်ချင်းအရင်းတွေ ဖြစ်သေးကြောင်းကို ပြောပြီး အဆင်ပြေကြောင်း ထပ်ခါတလဲလဲ ပြောနေခဲ့သော်လည်း စိတ်ထဲတွင်မူ သူမကို ထိလိုက်မိသည့်အတွက် သေချာပေါက် မုန်းနေလောက်သည်။ မဟုတ်လျှင် ယခုလို တုန့်ပြန်လိမ့်မည်မဟုတ်ချေ။
အနည်းဆုံး သူမက စမ်းသပ်စစ်ဆေးနိုင်ခဲ့သည်။ သူမ ကုနန်ချန်ကို ပြောသောစကားများက ချီးကျူးသော စကားများ ဖြစ်နေသမျှ ကာလပတ်လုံံး … မန်နင်၏ နောင်တများက သူမအပေါ် သက်ရောက်မှုရှိလိမ့်မည်မဟုတ်ချေ။ ထိုကိစ္စများကို ကြည့်ရုံဖြင့် သက်သေပြနိုင်စွမ်း ရှိနေခဲ့သည်။
အခုကစပြီး သူမက ကုနန်ချန်ကို ချီးကျူးပြီး ဖျားယောင်းဟန် လုပ်ပြရမည်ဖြစ်သည်။ ဒီနည်းအားဖြင့် သူမက ကုနန်ချန်ကို လိုက်နေသလိုမျိုး သက်သေပြနိုင်မည်ဖြစ်ပြီး တစ်ဖက်လူကလည်း သူမကို မချဉ်းကပ်ရဲတော့ဘဲ ခပ်ဝေးဝေး နေပေးလိမ့်မည်။
အကြံကောင်းပဲ။
ပတ်ဝန်းကျင်ရှိလူများက ကြည့်လာသောအခါ မန်နင်က ကုနန်ချန်ကို စိုက်ကြည့်နေကြောင်းကို တွေ့လိုက်ရသည်။ ကုနန်ချန်က နောက်ဆုံးတွင် လက်သင့်မခံနိုင်တော့ဘဲ နောက်ဆုံးတွင် မျက်လုံးက မျက်ရည်ဖွဲ့လာသည်။
“မန်နင် ငါ အရင် ပြန်တော့မယ်၊ နင် အချိန်ပိုင်းအလုပ်လုပ်ချင်ရင် နင် င့ါကို ဆက်သွယ်လိုက်ပါ”
သူမက ထိုသို့ပြောပြီးနောက် ချက်ချင်းလိုလို နောက်လှည့်ကာ ထမင်းစားခန်းမထဲမှ ထွက်သွားသည်။
အခုလေးတင် စကားပြောသွားသော ကောင်မလေးက နှာခေါင်းရှုံ့သည်။
“အချို့လူတွေများ စိတ်ထားယုတ်ညံ့လိုက်တာ၊ သူတို့ဘယ်လောက် ရွံစရာကောင်းနေလဲတောင် မသိဘူး”
သူမ၏ စကားများက နင်မုန့်၏ သိချင်စိတ်ကို နှိုးဆွပြန်သည်။ နင်မုန့်နှင့် ကုနန်ချန်တို့၏ စကားပြောဆိုမှုများက သာမန်သာလျှင် ဖြစ်သည်။ ပြောရလျှင် အရင်းနှီးဆုံး သူငယ်ချင်းများကြားမှ ရင်းနှီးသော ပုံစံမျိုးကိုပင် နှိုင်းယှဉ်၍ မရသေးချေ။ သို့သော် သူမ၏ အပြုအမူက နားလည်မှုလွဲမှား နေစေပြန်သည်။
ထိုသို့ နားလည်မှုလွဲမှားစေသော အရာအားလုံး၏ တရားခံက ကုနန်ချန်ဖြစ်တာ သေချာသည်။
နင်မုန့်က မျက်မှောင်ကြုတ်သည်။ တခဏခန့် တွေးပြီးနောက် ထမင်းစားခန်းမထဲမှ ထွက်ခွာလိုက်သည်။ သူမက ပြည်နယ် နံပါတ်တစ်သို့ သွားပြီး တစ်ချက်ကြည့်ရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒီနေရာတွင် ဆက်နေခြင်းက အသုံးမဝင်နိုင်ချေ။

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset