RENH အပိုင်း ၅၆

အခန်း (၅၆) ငါတို့ထပ်တွေ့ကြပြန်ပြီ

ရှီချီက သူ၏ ရင်ခွင်ထဲမှ လူက အသက်ထွက်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူက မျက်တောင်ပင်မခတ်ဘဲ ရှေ့တည့်တည့်သို့သာ ကြည့်နေလိုက်သည်။ သူ၏အကြည့်က ရှေးဟောင်းတွင်းလို လှုပ်ခါသွားခြင်း မရှိချေ။ သူ၏ အစိမ်းရောင်မျက်ဆံပတ်ဝန်းကျင်တွင် ရှိသော ထိုအနက်ရောင် အမှောင်ထုက တဖြည်းဖြည်း ကြီးစိုးလာသည်။
နောက်ဆုံးတွင် ခန္ဓာကိုယ်သာ ကျန်ရစ်တော့ကြောင်း သိလိုက်ရသည်ကား ထိုလူက ဆက်ရှိနေဦးမည်ဖြစ်ကြောင်း သိလိုက်သည်။ နင်မုန့်၏ စိတ်ဝိညာဉ်က နင်နင်၏ ခန္ဓာကိုယ်ထဲမှ ထွက်သွားပြီဖြစ်သည်။
သူမက မတုန့်ပြန်နိုင်ခင်မှာတင် စနစ်က သူမကို တချိန်တည်းလိုလို စကားပြောပြီး အမှောင်ထုထဲသို့ ဆွဲသွင်းသွားသည်။
“ဒီနေရာက ယင်လေထုက တအားသိပ်သည်းတယ်၊ မင်း ဒီနေရာမှာ ဆက်နေလို့မရဘူး”
ရှီချီက စပြောသည်။
“မင်း …”
သူက စကားမဆုံးခင်မှာတင် အလောင်းထဲမှ ပုံရိပ်တစ်ခုက ထွက်သွားပြီးနောက် သူ၏ မျက်စိရှေ့တွင်ပင် ရင်းနှီးကျွမ်းဝင်သောပုံစံအဖြစ် ပြောင်းလျက် ပျောက်ကွယ်သွားကြောင်းကို မြင်လိုက်ရသည်။
သူက လက်ဆန့်ပြီး သူမကို ဖမ်းဆုပ်ရန် ကြိုးစားသည်။ သူ၏ အသက်ရှူခြင်းကပင် ရပ်တန့်သွားသည်။ သို့ရာတွင် သူက သူ၏ အရှေ့ရှိ ပုံရိပ်က ပျောက်ကွယ်သွားခြင်းကို မြင်လိုက်ရသလို လေထုကိုသာ ဖမ်းဆုပ်မိလိုက်သည်။ ဘယ်တုန်းကမှ မပေါ်ခဲ့ဖူးသလိုမျိုး သူမ၏ ရင်းနှီးကျွမ်းဝင်သည့် ရုပ်သွင်က ဖျော့တော့ ပျောက်ကွယ်သွားသည်။
ဒီအတိုင်း သူမ သူ့ကို ထားသွားပြန်ပြီ။
ရှီချီက နှုတ်ခမ်းကို မဲ့သည်။ သူ၏ မျက်နှာတွင် မည်းမှောင်သော စိုးရိမ်သောကများက ကြီးစိုးလာသည်။
သိပ်မကြာခင်အချိန်တွင် သူ၏ မျက်နှာအမူအရာက ပြန်ကောင်းသွားသည်။ သူ၏ လှပသော မျက်ဝန်းအဆုံးသတ်ထောင့်များက ကော့တက်သွားသည်။
“ငါ မင်းကို ပြန်ရှာမယ်”
သူက ပေါ့ပါးစွာ ပြောလိုက်သည်။
ရှီချီက ဖုန်းကို ထုတ်ပြီး တစ်ခဏခန့်ကြာပြီးနောက် ရှီမိသားစုမှ လူများက အခန်းအပြင်တွင် ပေါ်လာကြသည်။ ချုံခယ့်ခယ့်လည်း ပါသည်။
နင်နင်ကို လက်မောင်းထဲတွင် ပွေ့လာသည်ကို မြင်သောအခါ သူမက အံ့ဩသွားသည်။
ချုံခယ့်ခယ့်က အရှေ့သို့ လျှောက်မလာချေ။ သူမ၏ မသိစိတ်အရ အနားသို့ မသွားခြင်းက အကောင်းဆုံးဖြစ်ကြောင်း ပြောနေသည်။ အထူးသဖြင့် ယခုအချိန်ဖြစ်သည်။ နင်နင်က မျက်လုံးပိတ်လျက် ရှိနေသေးသည်။
တခဏခန့်ကြာပြီးနောက် နင်နင်၏ လက်ကောက်ဝတ်မှ ဒဏ်ရာကို မြင်သောအခါ ညင်သာစွာပြောလျက် သတိပေးလိုက်သည်။
“ရှီချီ နင် နင်နင့်ကို ဆေးရုံကို မြန်မြန် ပို့လိုက်သင့်တယ်”
ရှီချီက ပြောသည်။
“မလိုတော့ဘူး”
သူ၏ အသံက တည်ငြိမ်သည်။ ထူးဆန်းသော လှုပ်ရှားမှုပင် မရှိချေ။ ဒါက သူမကို ကျောချမ်းသွားစေသည်။
ချုံခယ့်ခယ့်က ဆက်မေးရန် ကြံစည်သော်လည်း ရုတ်တရက် သူမ၏စိတ်ထဲသို့ အတွေးတစ်ခုက ဝင်လာခဲ့ပြီး မျက်နှာက ဖြူဖျော့သွားသည်။ အထူးသဖြင့် နောက်ပိုင်း ရှီချီလုပ်လိုက်သောကိစ္စကို မြင်လိုက်ရသည်နှင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက လဲပြိုကျလုနီးပါး ဖြစ်သွားသည်။
နင်နင်က သေသွားပြီလား။
လူတစ်‌ယောက်က ရှေ့တက်လာပြီး ရှီချီကို ဓားမြှောင်တစ်ချောင်း ကမ်းပေးသည်။
ရှီချီက ယူပြီး‌နောက် အပေါ်ယံတွင် သွေးများ ရှိနေသေးကြောင်း မြင်လိုက်ရလေရာ ရှီချီက လက်ကိုင်ပဝါဖြင့် သုတ်ပြီးနောက် နဂိုပုံသဏ္ဍာန်ကို ပြန်ပြောင်းသွားစေသည်။
ထိုနေရာ၏ အဆုံးတစ်နေရာတွင် လူတစ်ယောက်ကို ဖမ်းထားသည်။
ရှီချီက သူ၏ဘေးတွင် ရပ်လျက် တစ်စုံတစ်ရာကို ရေရွတ်ကာ ပြောနေဟန်ရသည်။ သူ၏ ပါးစပ်မှ တစ်စုံတစ်ရာကို ရေရွတ်သံထွက်လာချိန်၌ တစ်ဖက်လူက လှီးခုတ်ခံနေရသလိုမျိုး ခံစားနေရသည်။
သိပ်မကြာခင်အချိန်တွင် ချုံခယ့်ခယ့်က တစ်ဖက်လူ၏ ပေါ်နေသောအရေပြားများ အားလုံးက ဒဏ်ရာအပြည့်ဖြစ်လာပြီး သွေးများ စိုရွှဲလာကြောင်း မြင်လိုက်ရသည်။
နင်နင်ကို သူ၏ ဘေးနားတွင် ထားသည်။ သို့သော် အောက်ဘက်တွင် အဝတ်ကို အထပ်ထပ်ထားကာ ကူရှင်သဘောမျိုး ထားထားခြင်းဖြစ်သည်။ သူမက အနားသို့ လျှောက်သွားပြီး ကြည့်လိုက်သောအခါ အသက်မရှူတော့ကြောင်း မြင်လိုက်ရသည်။ သူမက သတိမမေ့သွားခင် အချိန်က အကောင်းအတိုင်းရှိခဲ့သည်။ သူမက နှာခေါင်းရှုံ့လိုက်သော်လည်း အော်မငိုရဲချေ။
သိပ်မဝေးသောနေရာမှ လှုပ်ရှားမှုများက ချုံခယ့်ခယ့်ကို ထိုလူ၏ ဆက်မပြောသော စကားများကို နားလည်သွားစေသည်။
ထိုလူက သတ်လတ်ပိုင်းအရွယ်ဖြစ်သည်။ သို့သော် ပုံပန်းသွင်ပြင်ကြောင့် အသက်ကြီးသူတစ်ယောက်နှင့် တူသည်။ သူ၏ ရုပ်သွင်ကလည်း နှိုင်းယှဉ်စရာပင် မရှိလောက်အောင် ကြည့်ရဆိုးသည်။
သို့သော် သူ၏သမီးကမူ ဆယ့်ရှစ်နှစ်သာလျှင် ရှိနေသေးပြီး ငယ်ရွယ်မှုအထွတ်အထိပ်အခြေအနေတွင် ဖြစ်သည်။ တစ်ညက ကျောင်းမှ နောက်ကျမှ ပြန်လာခဲ့ပြီး လူရမ်းကားတစ်စု၏ ဖျက်ဆီးခံခဲ့ရသည်။ အဆုံးတွင် သူမက အ‌ဆောက်အဦးပေါ်မှ ခုန်ချရန် ရွေးချယ်ခဲ့ပြီး သေသွားခဲ့သည်။
ထို့ကြောင့် သူလုပ်သမျှက သူ၏ သေသွားသော သမီးဖြစ်သူကို ပြန်လည်အသက်သွင်းရန် ဖြစ်သည်။
အဆုံးတွင် ထိုသို့ အသက်သွင်းခြင်းက မဖြစ်နိုင်ကြောင်း သူက သိလိုက်သည့်အတွက် အလောင်းများကို သန့်စင်တော့သည်။ ထိုသို့ဖြင့် ဤနေရာကို ယင်လေထုများ သိပ်သည်းလာစေပြီး မြို့မှ အမျိုးမျိုးသော ယင်စွမ်းအင်ပြည့်ဝသည့် မိန်းကလေးများကို ရှာဖွေခဲ့သည်။
ထိုသို့ဖြင့် ဖွံ့ဖြိုးစအရွယ်က ယင်သဘာဝအများဆုံးဖြစ်ပြီး သူတို့က လွပ်လွပ်လပ်လပ် ပေါ့ပေါ့ပါးပါးဖြင့် စိုးရိမ်ပူပန်သောကများ ကင်းဝေးလျက် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် သူ၏အကြည့်က ငယ်ရွယ်သော စီနီယာအထက်တန်းကျောင်းမှ မိန်းကလေးများထံ မျက်စိကျခဲ့သည်။
ချုံခယ့်ခယ့်ကလည်း သူမနှင့် နင်နင်၊ လုရှီတို့အားလုံးက ယင်ခန္ဓာကိုယ် တည်ဆောက်ပုံကို ပိုင်ဆိုင်ထားကြောင်း သိထားသည်။ သို့ရာတွင် နင်နင်၏ တည်ဆောက်ပုံက ယင်စွမ်းအင် အများဆုံးဖြစ်နေသည်။ ထိုအတွက်ကြောင့် သူက ကားထဲမှ လူများကို ရှာတွေ့သောအခါ နင်နင့်ကိုသာ ခေါ်သွားပြီး ခြောက်ကပ်သည်အထိ သွေးများကို စီးကျလာစေခြင်း ဖြစ်သည်။ ဒီနည်းအားဖြင့် သူအလိုရှိသော ပုံသဏ္ဍာန်ဖြင့် သူမ၏ ခန္ဓာကိုယ်ကို အသုံးပြုရန် ကြံစည်ထားသည်။ သူ၏ အကြံအစည်က အောင်မြင်ရန် ခြေလှမ်းအနည်းငယ်သာ ဝေးကွာခဲ့သည်။ သို့သော် အရာအားလုံးက ပျက်စီးသွားခဲ့ရသည်။
ဟားဟား သူတို့က ကိုယ့်ကိုယ်ကို ဂုဏ်ယူသင့်တာမဟုတ်လား။ ငါ့ရဲ့ ကျောင်းကျောင်းအတွက်ကြောင့် သေသွားပေးရတယ်။ အဟွတ်။
ထိုလူက ရယ်သည်။
“ဟားဟားဟား ဒီမိန်းကလေးက တကယ်ကို …”
ရှီချီက သူ့ကို ဘာမှမလုပ်ချေ။ ထို့အစား လေသံတိုးတိုးဖြင့် စကားအနည်းငယ်သာ ပြောသည်။
သိပ်မကြာမီအချိန်တွင် ရှီမိသားစုမှ လူများက တစ်နေရာမှ အမျိုးသမီးအလောင်းတစ်လောင်းကို တူးထုတ်ကြသည်။ ထိုအမျိုးသမီးအလောင်းက အလွန်သန့်ရှင်း သပ်ရပ်နေပြီး အခေါင်းကလည်း အလွန်လှသည်။ ခန္ဓာကိုယ်ကလည်း စျေးကြီးသော လှပသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာသို့ ကပ်နေသော အဆောင်လက်ဖွဲ့တစ်ခုလည်း ရှိသည်။
ချက်ချင်းလိုလို ထိုလူ၏ အသက်ရှူသံက ရပ်တန့်သွားပြီး အကြည့်က ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်။
ရှီချီက အနားတွင် ဆောင့်ကြောင့်ထိုင်ပြီး သူ၏ မျက်နှာကို ဆွဲလိမ်သည်။
“တစ်ချက် ကြည့်ကြည့်စမ်းပါ “
ထိုလူက အသက်ရှူသံကိုပင် အောင့်ထားမိသည်။ သွေးများက သူ၏ အဆုတ်ထဲသို့ တိုးဝင်လာပြီး ပါးစပ်ဖျားတွင် သံမဏိအရသာက ပြည့်နှက်လာသည်။ သူ၏ ခေါင်းကပင် မူးဝေလာလျက် ဘေးသို့ ခေါင်းလှည့်လိုက်သည်။
သမီးဖြစ်သူ၏ အလောင်းကို မြင်ရသောအခါ သူက အနားသို့ သွားရန် ကြိုးစားသည်။ သို့ရာတွင် သူက လမ်းတစ်ဝက်သာ ရောက်သေးသောအချိန်တွင် ထိုအ‌လောင်းကို မထိနိုင်ခင်မှာတင် ရုတ်တရက် အလောင်းက စက္ကန့်အနည်းငယ်ထဲနှင့်ပင် မီးစွဲလောင်ပြီး ပြာအဖြစ် ပြောင်းလဲသွားကြောင်းကို မြင်လိုက်ရသည်။
ထိုလူက ကြောင်တောင်တောင်ဖြစ်သွားပြီးနောက် သူ၏ အရှေ့ရှိ လူငယ်ကို မုန်းတီးစွာ ကြည့်လျက် ပြောသည်။
“မင်းပဲ မင်း ဒီလိုလုပ်ခဲ့တာ … “
ရှီချီက ဟားဟားဟားဟု ရယ်လိုက်သည်။
“ဟုတ်တယ်၊ ငါပဲ “
ထိုလူက လူငယ့်ထံ တွားသွားလျက်လာပြီး ခြေထောက်ကို ဆွဲလျက် ပြင်းပြင်းထန်ထန် ကိုက်ဆွဲရန် ကြံစည်လိုသော်လည်း ချက်ချင်းလိုလို အကန်ခံလိုက်ရပြီး အော်ဟစ်လိုက်ရသည်။
ချုံခယ့်ခယ့်က သိပ်မဝေးသောနေရာတွင် ရပ်နေပြီး လူနှစ်ယောက်က ကာကွယ်ပေးထားသည်။ သူမက ရှီချီက တစ်ဖက်လူ၏ အရေပြားကို ထပ်ဖန်တလဲလဲ ဓားမြှောင်ဖြင့် ခုတ်နေခြင်းကို မြင်လိုက်ရသည်။ ဒီနည်းအားဖြင့် သူ၏ ခြေလက်များမှာ ပြတ်ရှရာများ ပြင်းထန်လာပြီး တောအုပ်ထဲတွင် အော်ဟစ်သံကသာ ပြည့်နှက်နေတော့သည်။
သူမက အကြည့်လွှဲလိုက်ပြီး အသက်ကို အမောတကော ရှူသည်။ ခံစားချက်က ဆိုးရွားလွန်းသည်။
ရှီချီက ထိုလူကို ရက်ရက်စက်စက် ဆက်ဆံနေသည်ဟု ထင်ရသလို သူမ၏ နှလုံးသားထဲတွင် ထိုလူက ဒီလိုဆက်ဆံခံရခြင်းနှင့် ထိုက်တန်သည်ဟု ထင်သည်။ ဒီအတိုင်း မြင်ရခြင်းကသာ ကြောက်လန့်စေခြင်း ဖြစ်သည်။
နေရာအနှံ့ သွေးရနံ့များက ပျံ့လွင့်လာသည်။ သို့သော် ခပ်မြန်မြန် ပျောက်ကွယ်သွားသည်။
အချိန်တစ်ခုကြာပြီးနောက် ချုံခယ့်ခယ့်၏ နှလုံးခုန်နှုန်းက ဗုံတီးသံလို မြန်ဆန်လာသည့် အချိန်တွင်ပင် ရှီချီ၏ အသံကို ကြားလိုက်ရသည်။
“ပြီးသွားပြီ”
သူမက ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ ထိုလူက မြေပြင်တွင် လဲနေပြီး အနက်ရောင်အဝတ်အစားက သွေးများစိုရွှဲလျက် ခန္ဓာကိုယ်က အသက်ရှူနေရာမှ သိပ်မကြာခင်အချိန်တွင် ရပ်တန့်သွားကြောင်း မြင်လိုက်ရသည်။
ချုံခယ့်ခယ့်က ပါးစပ်ကို အုပ်လိုက်သလို အသံမထွက်ရဲချေ။ သူမအနေဖြင့် ရှီချီက ထိုမျှကြောက်စရာကောင်းသည်ဟု တွေးမိသည်မှာ ပထမဦးဆုံးအချိန်ဖြစ်သည်။
ချုံခယ့်ခယ့်က ကျောင်းသို့ ပြန်သွားသည်နှင့် ပါဝင်ပတ်သက်သော မိန်းကလေးကို ရှာဖွေမည်ဟုလည်း မထင်ခဲ့ချေ။
သို့သော် ဆံပင်များ စုတ်ပြတ်သတ်နေပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသော လူတစ်ယောက်ကို မြင်သောအခါ သူမက အချိန်အတန်ကြာမှသာ ထိုသူက မည်သူ ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
“နင်က ရွှီရန်ပဲ”
တစ်ဖက်လူက ရွှီရန်ဖြစ်ကြောင်း သူမက မှတ်မိနေသေးသည်။ သူတို့က မြို့နံပါတ်တစ်သို့ ဝင်ရောက်ကာစ အချိန်တွင် အားလုံးက အတူတကွ ပထမနှစ်နှစ်ဝက်ကို တက်ရောက်နေကြခြင်း ဖြစ်ပြီး အနုပညာနှင့် သိပ္ပံပိုင်းတွင်သာ အတန်းမတူကြခြင်း ဖြစ်သည်။ သူတို့က ကိုယ့်အတန်းအသီးသီးသို့ မခွဲခင် အတန်းတူခဲ့လေသည်။ ရှီချီကလည်း ထိုအတန်းတွင် ပါသည်။
မြို့နံပါတ်တစ် အလယ်တန်းကျောင်းက ထူးချွန်သော ကျောင်းသားကျောင်းသူပေါင်းများစွာရှိလေရာ ထိုစာသင်နှစ်အတောအတွင်းတွင် အထူးချွန်ဆုံးလူများကို ‌ရွေးချယ်ကာ ပညာသင်ထောက်ပံ့ကြေးငွေ ပေးသည်။
သို့ရာတွင် ထိုပညာသင်‌ထောက်ပံ့ကြေးက အလွန်အမင်း ဆင်းရဲပြီး မတတ်နိုင်သော ကျောင်းသားကျောင်းသူများကိုသာ ပေးခြင်းဖြစ်သည့်အတွက် စုံစမ်းစစ်ဆေးအကဲဖြတ်ရသည့် ဒိုင်များက အတန်းထဲသို့ ဝင်ပြီး သူတို့၏ ဝတ်ဆင်နေထိုင်ပုံ သို့မဟုတ် သူတို့ အသုံးပြုလေ့ရှိသော ပစ္စည်းများ၏ တန်ကြေးများကို ကြည့်ကာ ဆုံးဖြတ်လေ့ရှိသည်။ မည်သို့ပင်ဆိုစေ သူတို့က အတန်းတစ်တန်းစီတွင် ပေးနိုင်သော ပညာသင်ထောက်ပံ့ကြေးငွေအရေအတွက်က အကန့်အသတ်ရှိသည်။
အလိမ်မခံရစေရန် ကျောင်းက တစ်တန်းစီမှ လူအချို့ကိုပင် မေးသေးကာ ထိုပညာသင်‌ထောက်ပံ့ကြေးငွေပေးပြီး ထိုလူအကြောင်းနှင့် မိသားစုအကြောင်းကို မေးမြန်းလေ့ရှိသည်။ သူမနှင့် လုလုကလည်း မတော်တဆ ရွေးချယ်ခံရသော လူပေါင်းများစွာထဲမှ တစ်ယောက်စီဖြစ်ခဲ့သည်။
ရွှီရန်က အသုံးပြုသော ပစ္စည်းများကလည်း အားလုံး၏ သတ်မှတ်ချက် စာရင်းဝင်သည်။ ထို့ကြောင့် ကော်မတီအဖွဲ့ကလည်း အသိမှတ်ပြုခဲ့သည်။ သို့သော် သူ့အိမ်ကို သွားလည်သောအခါ ထူးဆန်းမှုကို ရှာတွေ့ခဲ့သည်။
သူတို့ အံ့အားသင့်ရသေးလေသည်။ သူတို့က ရွှီရန်နေသော ရွာကို မှတ်တမ်းများမှ ရှာဖွေပြီးနောက် သွားလိုက်သောအခါ ရွာတွင် သူမ၏ အိမ်အခြေအနေက အကောင်းဆုံး ဖြစ်ကြောင်း သိလိုက်ရသည်။
သူတို့၏ အတန်းထဲတွင် သူမထက်အခြေအနေဆိုးသော ကျောင်းသူတစ်ယောက်ရှိပြီး ထိုကျောင်းသူ၏ အမှတ်များကလည်း သူမထက်ပို၍ကောင်းသည်။ သဘာဝအလျောက်ပင် အဆုံးတွင် ထိုတစ်ယောက်ကိုသာ ‌ရွေးချယ်လိုက်တော့သည်။
ချုံခယ့်ခယ့်က အေးစက်စွာ နှာခေါင်းရှုံ့သည်။
“ပညာသင်ထောက်ပံ့ကြေးကြောင့် နင် ဒီလိုအငြိုးအတေး ထားထားတာ မဟုတ်လား”
ပညာသင်ထောက်ပံ့ကြေးအတွက်ကြောင့်နှင့် ထိုမျှမုန်းတီးစရာကောင်းပြီး ဆိုးရွားသောအရာများကို လုပ်မည်ဟု မထင်ထားမိချေ။
ရွှီရန်၏ မျက်နှာတွင် အထိတ်တလန့်ဖြစ်သော အမူအရာများက တောက်ပလာပြီး သူမက ချက်ချင်း ငြင်းဆန်သည်။
“ငါ မဟုတ်ဘူး၊ ငါ မဟုတ်ဘူး၊ ငါလုပ်တာမဟုတ်ဘူး”
သူမ၏ တုန့်ပြန်မှုက အရာအားလုံး၏ သက်သေဖြစ်သည်။
ချုံခယ့်ခယ့်က သူမ၏နှလုံးသားကို ဆွဲဖြဲကာ ထုတ်လိုက်ချင်သော်လည်း ရှီချီက တားသည်။ နောက်တစ်ရက် သူမကျောင်းသို့ သွားသောအခါ ရွှီရန်က ပျောက်ကွယ်သွားကြောင်းကို မြင်လိုက်ရသည်။
သူမနှင့် ရှီချီက နင်နင်၏ အိမ်သို့ သွားသည့်အချိန်တွင် လျန်ဖုန်းမိန်က ထိုမျှကြောက်စရာကောင်းသော သတင်းမျိုးကို ရရှိမည်ဟု မထင်ထားမိသဖြင့် ချက်ချင်းလိုလို ငိုကြွေးရင်း သတိမေ့သွားတော့သည်။ နောက်တစ်ရက်မှပင် နိုးလာတော့သည်။ မည်သို့ပင်ဆိုစေ ချုံခယ့်ခယ့်နှင့် နင်နင်က အလိမ်အညာကို ပြောခဲ့ကြသည်။ သူမ၏ အိမ်တွင် အိပ်သည်ဟု ပြောပြီး ယခုမူ ဒီလိုသတင်းမျိုးကို ရလိုက်လေရာ ချုံခယ့်ခယ့်က အပြစ်မကင်းသလို ခံစားရပြီး ပို၍ ဆိုးသည်မှာ ဒီကိစ္စက သူမကြောင့် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
သူမကသာ ပန်းချီကားချပ်ကို မရခဲ့လျှင် နင်နင်ကလည်း ဝင်ပါခဲ့မည်မဟုတ်သလို သေမည်လည်း မဟုတ်ချေ။
ဆေးရုံက ထွက်လာပြီးနောက် ချုံခယ့်ခယ့်က ရှီချီကို ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ သူ၏ အမူအရာက အေးစက်နေပြီး ယခင်နှင့် အနည်းငယ်မှပင် မတူတော့ကြောင်း မြင်လိုက်ရသည်။
သူမက မေးလိုက်သည်။
“နင်နင့်အကြောင်းက …”
ရှီချီက ခေါင်းလှည့်လာသည်။
“ဘာမှမဟုတ်ဘူး “
ချုံခယ့်ခယ့်ကလည်း သူ၏တုန့်ပြန်မှုက အတန်ငယ်ထူးဆန်းသည်ဟု ခံစားရသော်လည်း ဘာကြောင့်ရယ် မသိချေ။ အဆုံးတွင် သူမက ဘာစကားမှမပြောဖြစ်လိုက်တော့ချေ။
နောက်လတွင် ရွှီရန်က ကျောင်းသို့ မလာခဲ့ချေ။ သို့သော် မည်သူကမှ သံသယမဝင်ကြချေ။ ရဲများက သူ့ကို လာမရှာခဲ့ကြသလို ချုံခယ့်ခယ့်ကလည်း ကိစ္စများ၏ နောက်ကွယ်မှ အခြေအနေကို သိလိုက်ရသည်။
အတန်းထဲမှ လူများကလည်း နင်နင်ကို မေ့သွားသလိုမျိုး ထင်ရသည်။
သို့သော်လည်း ထိုင်ခုံက လူရှင်းနေသည်။ နင်နင် လာခဲ့ပြီး ထိုနေရာတွင် စာသင်နှစ်တစ်ခုစာ ထိုင်သွားခဲ့သည်။ သို့သော် ယခုမူ ရှင်းသွားသည်။
ချုံခယ့်ခယ့်က နေ့တိုင်းလိုလို နောက်သို့ ခေါင်းလှည့်ကြည့်လေ့ရှိသည်။ ထိုအချိန်၌ သူမ၏လည်ပင်းက တစ်ဆို့လာသလို ခံစားရသည်။
တစ်ခါတစ်ရံ သူမက ရှီချီ၏အနားသို့ သွားပြီး ကိစ္စများကို မေးလိုက်ချင်သည်။ သို့‌သော် သူမက သူ၏အကြည့်နှင့် ဆုံပြီးနောက် သူမဘာသာ ထိတ်လန့်သွားခဲ့ရသည်။ အကြောင်းမူကား နင်နင်ကို သယ်ဆောင်သွားသည့်အချိန်တွင် သူမကမူ သတိမေ့လျက်ကျန်ခဲ့သည်။
ဒါက တကယ်ကို ဆိုးရွားတာပဲ။
ချုံခယ့်ခယ့်ကလည်း ထိုအချိန်က အဖြစ်မျိုးအားလုံးကို ထပ်ခါတလဲလဲ ပြန်တွေးကြည့်မိသည်။ သို့သော် သူမလည်း ဘာမှမလုပ်နိုင်လောက်ဟု ခံစားရသည်။ သူမက ထိုသို့ သတိမေ့အောင် အရိုက်မခံရလျှင်ပင် ဖြစ်ပျက်လာသော အခြေအနေများကို တားဆီးနိုင်မည် မဟုတ်ချေ။
နှလုံးသားထဲမှ ထိုကဲ့သို့ ထိုင်းမှိုင်းသော ခံစားချက်များနှင့်အတူ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ထိတ်လန့်တကြီး ဖြေဆိုရန် ကြိုးစားရတော့သည်။ ချုံခယ့်ခယ့်က သူမ၏အချိန်တိုင်းကို စာလေ့လာရန်သာ ကြိုးစားခဲ့ပြီး မျှော်လင့်ထားစွာပင် တိုးတက်မှုများစွာ ရရှိခဲ့သည်။
အချိန်က ဆက်လက်ကုန်ဆုံးနေသည်။ ရှီချီက အတန်းသို့ အလာနည်းသည်ထက် နည်းလာသော်လည်း သူ၏ အမှတ်များက ကောင်းသည်ထက် ကောင်းလာသည်။ ထို့ကြောင့် မည်သူကမှ တစ်မျိုးမထင်ကြတော့ချေ။
ချုံခယ့်ခယ့်ကလည်း နင်နင်၏ အိမ်သို့ မကြာခဏသွားပြီး လျန်ဖုန်းမိန်ကို ကူညီပေးသည်။ အချိန်ကြာသောအခါ သူမကလည်း တည်ငြိမ်လာသည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲမတိုင်ခင် ကျောင်းသူများအားလုံးက သူတို့၏ နှစ်စဉ်စာအုပ်များတွင် လက်မှတ်ထိုးရသည်။ ချုံခယ့်ခယ့်က စာရွက်ဗလာတစ်ခုကို ချန်ထားခဲ့ပြီး နင်နင်၏ နာမည်ကို ရိုးသားစွာ ရေးသည်။ ထို့နောက် ကျန်သော မျည်းကြောင်းများကို ချန်ထားခဲ့လိုက်သည်။ အဆုံးတွင် သူမ၏ စာအုပ်စင်၌ ချန်ထားပေးခဲ့လိုက်သည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲနေ့တွင် ချုံခယ့်ခယ့်က နောက်ဆုံးတွင် ရှီချီက ကျောင်းသို့ ပြန်လာကြောင်းကို တွေ့လိုက်ရသည်။ သူမက ဖြေဆိုရမည့်နေရာနှင့်လည်း တူသည်။
ရှီချီက သူမကို မြင်သည်။ သို့သော် တစ်ချက်သာ ခေါင်းညိတ်ပြသည်။ သူ့ကို ဂရုစိုက်ကြည့်သောအခါ သူ၏ ပုံရိပ်က လူအုပ်ထဲတွင် ပျောက်ကွယ်သွားပြီဖြစ်သည်။
ချုံခယ့်ခယ့်က သက်ပြင်းချလိုက်သည်။

စာမေးပွဲခန်းမမှ ထွက်လာပြီးနောက် ရှီချီက အိမ်သို့ တိုက်ရိုက်ပြန်သည်။
စံအိမ်တွင် ကျန်ရစ်နေသော လူနှစ်ယောက်ရှိသလို သူ၏ အခန်းကလည်း အမြဲတစေ တိတ်ဆိတ်နေသည်။ ဘယ်သူကမှ အပေါ်ထပ်တွင် ဆူဆူညံညံဖြစ်အောင် မလုပ်ရဲကြချေ။ ထိုအခိုက် အစီအစဉ်တကျ စီစဉ်ကပ်ထားသော စက္ကူရုပ်လေးနှစ်ရုပ်ကို မြင်ရသည်။
အောက်ဘက်တွင် မြွေပါလေးက ရှေ့သွားလိုက် နောက်သွားလိုက် လုပ်နေပြီး ထိုစက္ကူရုပ်များကို ကိုက်ချင်သော်လည်း မကိုက်ရဲချေ။ သူက ခုန်ပင် မအုပ်ရဲချေ။
ရှီချီက အိမ်ပြန်လာကြောင်း မြင်သောအခါ မြွေပါလေးက ရပ်တန့်သွားပြီးနောက် ချက်ချင်းလိုလို အမြီးကို တနန့်နန့် ယမ်းခါကာ သူ၏ အသိုက်ထဲ ပြန်ပြေးသွားပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်လိုက်သည်။
စက္ကူရုပ်နှစ်ရုပ်က နောက်ဆုံးတွင် လှုပ်ရှားနိုင်သွားပြီဖြစ်ပြီး ပတ်ပြေးတော့သည်။
ရှီချီက အရှေ့တွင် ထိုင်ပြီး စာအုပ်ပါးလေးတစ်အုပ်ကို ထုတ်လိုက်ပြီးနောက် ညင်သာစွာဖြင့် ဖွင့်လိုက်ကာ အဝါရောင်စာရွက်များကို ပေါ်လာစေလိုက်သည်။
အပေါ်ရှိလက်ရေးကမူ ရှင်းလင်းကာ ကြည်လင်ပြတ်သားသည်။

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset