RENH အပိုင်း ၅၅

အပိုင်း(55.1) နောက်ဆုံးသောခွဲခွာမှု(၁)

ချုံခယ့်ခယ့်က နင်မုန့်ကိုတံတောင်ဖြင့်တို့လာပြီး ခပ်တိုးတိုးပြောလိုက်သည်။

“နင်စမေးကတည်းက ကောင်းတဲ့အရာမဟုတ်မှန်း ငါ ခန့်မှန်းမိပြီးသား။ ဒါပေမဲ့ နင်က ဆက်ပြီးတောင်မေးလိုက်တယ် မဟုတ်ဘူးလား”

နင်မုန့်က ပါးစပ်ကို ပိတ်သွားပြီး စကားဆက်မပြောတော့ချေ။

အခုကစပြီး ငါ့ရဲ့သိချင်စိတ်ကို ဘယ်တော့မှ အလွယ်တကူ မလွှတ်ပေးတော့ဘူး။

ရှီချီက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာပဲ။ နောက်ထပ်မေးခွန်းတစ်ခု ပြန်မေးပြီး သိချင်စိတ်ကို နှိုးဆွလိုက်တယ်။ ရိုးရိုးရှင်းရှင်း ဖြေလိုက်ရင်လည်း ရတာပဲ။

သူက ငါ့ကို တမင်ခြောက်ချင်တာပဲ ဖြစ်မယ်။

နင်မုန့်က ခပ်မတ်မတ် ထိုင်ပြီးနောက် ချုံခယ့်ခယ့်ကို တစ်ချက်ကြည့်ပြီးမှသာ ခိုင်မာစွာ ကြေညာလိုက်သည်။

“ဟဟ ငါမကြောက်ပါဘူး။ ခယ့်ခယ့် နင်သာကြောက်ရင် ငါ့ကိုကိုင်ထားဖို့ မမေ့နဲ့”

ချုံခယ့်ခယ့်က သူမကို သံသယစိတ်ဖြင့် ကြည့်လာသည်။

“တကယ်လား”

နင်မုန့်၏ အပြုံးကကွဲအက်သွားသည်။

“ဒါပေါ့ တကယ်ပေါ့”

ဘာပဲဖြစ်ဖြစ် ပန်းချီကားကို ထိတာက ရှီချီလေ။ ငါမှမဟုတ်တာ။ ဘာလို့ကြောက်ရမှာလဲ။

ချုံခယ့်ခယ့်အား သူမကိုတွယ်ကပ်သော မိန်းကလေးပရိတ်သတ်တစ်ယောက်ကဲ့သို့ပင် ခံစားလိုက်ရသည်။

ခေါင်းကို ငုံ့ထားသော ရှီချီက သူတို့၏စကားကို နားထောင်နေပြီးမှ ရုတ်တရက်လှုပ်ရှားလာသည်။

ပန်းချီကားက တစ်ခါအလှီးခံရပြီးကတည်းက တောအုပ်အရှေ့ရှိ လုရှီ၏ပုံရိပ်က ရပ်တန့်သွားလေသည်။ အရာအားလုံးက ရပ်တန့်သွားသလိုမျိုး သူမ၏နဂိုမူလ မျက်နှာထားကပင် ရပ်တန့်ခံလိုက်ရသလိုမျိုး၊ အချိန်က အေးခဲသွားသလိုမျိုး ဖြစ်သွားသည်။ ရှီချီက ဓါးမြောင်ကို ချသည်။

“ငါတို့မှာ အချိန်နည်းနည်းပဲရှိတော့တယ်”

ပိတ်ကားပေါ်မှသွေးက ဘယ်တော့မှ ခြောက်တော့မည်ဟု မထင်ရချေ။ ဆက်တိုက်ပင်ကျနေပြီး စားပွဲတစ်ခုလုံးကို နီရဲစိုရွှဲသွားစေသည်။

ချုံခယ့်ခယ့်က အဝတ်တစ်ခုသွားယူပြီးနောက် ထိုသွေးများကို သုတ်သော်လည်း အိုင်ငယ်တစ်ခုဖြစ်လာသည့်အခါ သူမ၏လုပ်ဆောင်မှုက အသုံးမဝင်တော့ချေ။ သူမ၏မျက်နှာက ထိုမြင်ကွင်းကြောင့် ရှုံ့မဲ့သွားသည်။

“ငါဘာလုပ်ရမလဲ.. သွေးတွေက ဆက်ထွက်နေတုန်းပဲ”

ဒါက ကြောက်စရာကောင်းပြီး ညစ်ပတ်လွန်းတယ်။ ဒါကိုမထိချင်ပါဘူး။

ရှီချီက မျက်မှောင်ကျုံ့သည်။

“ငါ လူတစ်ယောက်ကို တစ်ခုခု ယူလာခိုင်းလိုက်မယ်။ ဒီနေရာမှာ အချိန်တစ်ခုကြာအောင် မနေနဲ့တော့”

အချိန်က လျင်မြန်စွာဖြင့် ကုန်လွန်သွားခဲ့သည်။ သိပ်မကြာခင်မှာတင် တံခါးဘဲလ်က မြည်လာသည်။ ချုံခယ့်ခယ့်က TVမှတဆင့် ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူတစ်ယောက်က ရပ်နေကြောင်း မြင်လိုက်ရသည်။ သူက အရပ်ရှည်ပြီး သန်မာသဖြင့် သူမကို အနည်းငယ်ပင် လန့်သွားစေသည်။

နင်မုန့်က အနားသို့လာကြည့်ပြီးနောက် အတည်ပြုပေးလိုက်သည်။

“ဒါက ရှီမိသားစုက အနက်ရောင်ဝတ်စုံနဲ့ လူတွေထဲက တစ်ယောက်ပဲ”

သူမက အနက်ရောင်ဝတ်စုံနဲ့ လူတွေထဲက တစ်ယောက်ဟု ရည်ညွှန်းလိုက်သော်လည်း အမှန်တကယ်ဆိုလျှင် သူက အနက်ရောင် ဝတ်ထားသောကြောင့် မဟုတ်ဘဲ ပုံမှန်ဝတ်စုံပြည့်ကိုသာ ဝတ်ဆင်ထားခြင်း ဖြစ်သည်။ ထို့ပြင် ခေတ်မီလွန်းသေးသည်။ သူက အိတ်တစ်အိတ်ကို ကိုင်၍ အထဲသို့ဝင်လာသည်။

ရှီချီက အိတ်ကို ယူပြီးနောက်တွင် အထဲရှိ ဆန်စေးဖြူကို ထုတ်လိုက်ပြီးနောက် သွေးများ ထွက်သော အစွန်းထောင့်တစ်နေရာသို့ ကပ်လိုက်သည်။ ထိုဆန်စေးဖြူက ချက်ချင်းလိုလို နီရဲသွားသည်။ သိပ်မကြာခင်မှာတင် သွေးက မထွက်တော့ချေ။

ချုံခယ့်ခယ့်က ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးသွားသည်။ နင်မုန့်က မအံ့ဩကြောင်း မြင်သောအခါ သူမကမေးလိုက်သည်။

“ဒီလိုမြင်ရခဲတဲ့ မြင်ကွင်းက အံ့ဩစရာကောင်းတယ်လို့ နင်မထင်ဘူးလား”

နင်မုန့်က ခေါင်းခါသည်။

“မထင်ပါဘူး”

သူမက ယခင်က သရဲကိုပင် မြင်ဖူးသည်။

ဒါကို ဒီလောက်နဲ့ ဘာလို့ကြောက်ရမှာလဲ။

ချုံခယ့်ခယ့်ကသာ ဒီခန္ဓာကိုယ်ကို ဝင်ပူးထားသော ဝိညာဉ်တစ်ခုဖြစ်ကြောင်း သိသွားလျှင် သို့မဟုတ် သူမက ဒီလိုအခြေအနေမျိုးကို ပထမဦးဆုံးအကြိမ် ကြုံရခြင်း မဟုတ်ကြောင်းသိသွားလျှင် မျက်လုံးက မျက်အိမ်များမှ ပြုတ်ထွက်သွားလောက်သည်။

ထိုသို့တွေးမိသောအခါ နင်မုန့်က တခစ်ခစ်ရယ်နေသည်။

ချုံခယ့်ခယ့်က ခပ်တိုးတိုးပြောလာသည်။

“ငါတို့ လုရှီ ကို ဘယ်လိုကယ်ကြမလဲ?”

ရှီချီက ပန်းချီကားကို ချပြီးနောက် မထူးခြားနားသလို ပြောလာသည်။

“အလောင်းတစ်ခုကို သန့်စင်ဖို့ တစ်ယောက်ယောက်က သက်ရှိစိတ်ဝိညာဉ်ကို အသုံးပြုနေတာပဲ။ ငါတို့အမြန်လုပ်ရမယ်”

သက်ရှိစိတ်ဝိညာဉ်နဲ့ အလောင်းကိုသန့်စင်တယ်၊ ဟုတ်လား။

သူတို့နှစ်ယောက်အနေနှင့် ပထမဦးဆုံးအကြိမ် ထိုကဲ့သို့သော အခြေအနေမျိုးကို ကြုံရခြင်းဖြစ်သည်။ နင်မုန့်က အလောင်းသန့်စင်ခြင်းဆိုသော ကိစ္စမျိုးက ရှန်းရှီနယ်ပယ်တွင် သာမန်အကျဆုံးကိစ္စမှန်း သိထားသည်။ ပြောရလျှင် အလောင်းထဲသို့ စိတ်ဝိညာဉ်ကို ပြန်ခေါ်ထည့်သည်ဆိုသော ကိစ္စကလည်း ထိုနယ်ပယ်တစ်ဝိုက်တွင် ကျော်ကြားခဲ့ပြီး ထိုအရာများကို သက်ရှိအလောင်းကောင်အဖြစ်‌ ပြောင်းလဲရန် ရည်ရွယ်ချက်ဖြင့် လှုပ်ရှားကြသည်။ သို့သော် ရှန်းရှီက အနောက်ပိုင်းတွင်သာ တည်ရှိပြီး ယခုကမြောက်ပိုင်းဖြစ်နေသည်။

ဒါကို အလောင်းသန့်စင်တဲ့ကိစ္စက ဘယ်လိုဖြစ်ပြီး ဒီနေရာအထိရောက်လာတာလဲ။

သူမက စနစ်ကို မေးသည်။

“သက်ရှိစိတ်ဝိညာဉ်က ဘာလဲ အသုံးဝင်လား”

စနစ်ကလည်း စက်တစ်ခုလိုမျိုး တုံ့ပြန်လာသည်။

“သူတို့က အရမ်းအသုံးဝင်တယ်။ သက်ရှိစိတ်ဝိညာဉ်လို့ဆိုကတည်းက ခန္ဓာကိုယ်က သေဆုံးသွားပြီလို့ ဆိုလိုတယ်။ အမဲအဖြူမမြဲခြင်း စွမ်းအင်ကပင် သက်ရှိစိတ်ဝိညာဉ်ရဲ့ တည်နေရာကို ယင်လေထုကိုကျော်ဖြတ်ပြီး ဆုံးဖြတ်ပေးနိုင်လို့ အလောင်းတွေကို သန့်စင်တဲ့အခါမှာ အကောင်းဆုံးပစ္စည်းလို့ သတ်မှတ်လို့ရတယ်”

နင်မုန့်က ရှင်းပြချက်ကို နားထောင်ပြီး မျက်မှောင်ကျုံ့သည်။ သူမက အလောင်းသန့်စင်သည့် ဖြစ်စဉ်ကိုလည်း မေးလိုက်သည်။

စနစ်က သူမကို ပြန်ဖြေလာပေးသည်။

“အလောင်းသန့်စင်တာက လူတစ်ယောက်ရဲ့အလောင်းကို သူတို့ရဲ့အမိန့်ကို နာခံတဲ့ ဖုတ်ကောင်တစ်ခုအဖြစ် ပြောင်းလဲဖို့ အသုံးပြုတာပဲ။ ရွေးချယ်ခံလိုက်ရတဲ့ အလောင်း၊ အချိန်နဲ့ တည်နေရာက အရေးအကြီးဆုံးပဲ။ အဲ့ဒီလိုပဲ သိုလှောင်တဲ့နေရာကလည်း ယင်လေထုအပြည့်ရှိနေဖို့ လိုအပ်သေးတယ်။ သိပ်သည်းတဲ့ ယင်လေထုက အလောင်းထဲကို ထိုးဖောက်ဝင်ရောက်သွားတာမျိုးကို အလောင်းသန့်စင်တယ်လို့လည်း ရည်ညွှန်းလို့ရတယ်။ ကြားထဲမှာ ဖြည့်လို့ရတဲ့ အခြားအဆင့်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ယင်လေထုကတော့ အရေးအကြီးဆုံးပဲ”

စနစ်က ဆက်လက်ပြီး ရှင်းပြပေးသည်။ ထို့နောက် ဆက်ပြောသည်။

“အရင်ဆုံး အလောင်းရွေးတဲ့ကိစ္စကို ဥပမာအနေနဲ့ ပြောရရင် ယင်သဘာဝအလျောက် ဖြစ်သင့်တာမျိုးဆိုတော့ မိန်းကလေးတွေက အကောင်းဆုံး ရွေးချယ်မှုပဲ။ ပိုဆိုးတာက ညဘက်မှာသေတာက ပိုကောင်းတဲ့အချိန်လို့ ပြောလို့ရတယ်။ ယင်စွမ်းအင်ရှိတယ်ဆိုတာနဲ့ အလောင်းထားတဲ့နေရာက သိပ်ပြီး အရေးမကြီးတော့ဘူး။ အလောင်းကို သိုလှောင်ဖို့အတွက်ကတော့ အလင်းမထိတွေ့တဲ့နေရာဆိုရင် အကောင်းဆုံးပဲ။ ဒီလိုနေရာမျိုးက ဖုန်းရွှေက အလိုအလျောက် သက်ရှိလေထုကို ရှောင်ရှားပြီးသားပဲ။ ဒီတော့ ယင်လေထုက အရမ်းသိပ်သည်းနေနိုင်သလို ရန်ငြှိုးစွမ်းအင်တွေက အပြည့်တည်ရှိနေနိုင်တယ်။ အလောင်းသန့်စင်တဲ့ကိစ္စက အခြားလိုအပ်ချက်တွေလည်း ရှိတယ်။ ဒါပေမဲ့ သူက အောင်မြင်သွားပြီဆိုတာနဲ့ သူရဲ့သွေးစက်ကို အလောင်းထဲကိုထည့်ပြီး အဲ့ဒီအလောင်းကောင်ကို ထိန်းချုပ်လို့ရပြီ။ ဒီအလောင်းကောင်ကိုတော့ အခုခေတ်မှာတော့ ဖုတ်ကောင်လို့ သတ်မှတ်ကြတာပေါ့”

နင်မုန့်က ကြက်သီးထလာသဖြင့် လက်မောင်းကို တစ်ချက်ပွတ်သပ်လိုက်သည်။

“နင်ရှင်းပြတဲ့အတိုင်းဆိုရင် တကယ်ကို ကြောက်စရာကောင်းတာပဲ။ ဒီလိုကိစ္စမျိုးကိုလုပ်ဖို့ တွေးနေတယ်ဆိုတော့ ဒီလူမှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိရမယ်”

အလောင်းသန့်စင်လိုသော လူဆိုကတည်းက လူကောင်းမဟုတ်နိုင်တော့ချေ။

ဒီလူက သူရဲ့အကြံအစည်ထဲမှာတောင် ကျောင်းသူတစ်ယောက်ကို ဆွဲထည့်လိုက်သေးတယ်။ ဒီလိုဆိုရင် ဒီလူက ပိုပြီးဆိုးတဲ့လူဖြစ်သွားပြီ။ သူ့ရဲ့ပန်းတိုင်က ဘာလဲမသိပေမဲ့ လူသတ်ဖို့တော့ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ပြန်ကယ်ချင်လို့များလား။

သူမက နှုတ်ခမ်းမဲ့ပြီး မေးသည်။

“ငါတို့ ဒီပန်းချီကားထဲက တောအုပ်ကို သွားမှာလား?”

ရှီချီက ခေါင်းညိမ့်သည်။

“ငါတို့သူမကို… ရှာဖို့လိုတယ်”

ဘေးဖက်မှ ချုံခယ့်ခယ့်က ခုန်ချလာပြီးမေးသည်။

“ဟုတ်လား.. ငါတို့နောက်ထပ်.. တစ်ခုအဆင်မပြေရင် တစ်ခုထပ်သုံးလို့ရမဲ့ အကြံအစည်မျိုးထားဖို့ မလိုဘူးလား ဒါမှမဟုတ် ရဲကိုအကြောင်းကြားသင့်လား”

နင်မုန့်က လှည့်ကြည့်ပြီးပြောသည်။

“ရဲကို အကူအညီတောင်းတာ အသုံးမဝင်ဘူး။ သူတို့က ဘာလို့ဒီလိုဖြစ်နိုင်ချေမရှိတဲ့ အခြေအနေမျိုးကို ယုံကြည်နေမှာလဲ။ ပြောရရင် ငါတို့ကို အရူးတွေဆိုပြီး ဖမ်းသွားလိမ့်မယ်”

သူမ၏စကားကို တွေးတောသုံးသပ်ကြည့်ပြီးနောက်တွင်လည်း ချုံခယ့်ခယ့်က သဘောတူလိုက်သည်။

သူမ၏မျက်လုံးဖြင့်သာ ထိုကိစ္စကိုမြင်ရခြင်းမဟုတ်လျှင် သူမကိုယ်တိုင်ကလည်း မယုံကြည်လောက်ချေ။

ဒါဆိုရင် ရဲတွေက ဘာလို့ယုံမှာလဲ။ သူတို့ပြောလာတဲ့ အကြောင်းအရာကို ယုံရင်တောင် သံသယဝင်ရမှာ။

သို့ရာတွင် အိမ်မှထွက်မသွားခင် ကြိုတင်ပြင်ဆင်မှုများ လုပ်သွားရပေလိမ့်မည်။ ကံကောင်းစွာဖြင့် လုရှီက အပြင်ဘက်တွင် မကြာခဏထွက်၍ ဆော့ကစားလေ့ရှိသဖြင့် ချုံခယ့်ခယ့်က သူမ၏မိဘများကို လုရှီက သူမ၏အိမ်တွင် အိပ်ပျော်သွားပြီး ဒီညပြန်မလာနိုင်တော့ကြောင်းသာ ဖုန်းဆက်၍ ပြောလိုက်ရသည်။

ကောင်မလေးနှစ်ယောက်က ဆက်ဆံရေးကောင်းသဖြင့် ပါးပါးလုနှင့် မားမားလုကလည်း သူမကို မကြာခဏမြင်ဖူးလေရာ သံသယမဝင်ချေ။ ပို၍ဆိုးသည်မှာ အပြင်က မှောင်မည်းနေကတည်းက ဒီအချိန်ရောက်မှ ပြန်မလာတော့ကြောင်း သိထားပြီးသားလည်းဖြစ်သည်။

ချုံခယ့်ခယ့်က အနည်းငယ်စိုးရိမ်နေသည်။ သူမအနေဖြင့် ပထမဦးဆုံးအကြိမ် တစ်ဘဝလုံးတွင်ပင် ထိုမျှကြီးလေးသော အလိမ်အညာစကားကို ပြောရခြင်းဖြစ်သည်။ ထည့်ပြောရန်ပင် မလိုအောင် ထိုလူက ပျောက်သွားပြီဖြစ်သည်။

ကံကောင်းစွာဖြင့် ပန်းချီကားထဲမှပုံရိပ်က ရပ်တန့်သွားသည်။

နင်မုန့်နှင့် ချုံခယ့်ခယ့်တို့က သူတို့၏မိဘများကိုလည်း အသီးသီးဖုန်းခေါ်ကာ တစ်ဖက်သူ၏အိမ်တွင် နေမည်ဖြစ်ကြောင်း အသီးသီး လိမ်ပြောလိုက်ကြသည်။ ထို့ကြောင့် လူကြီးများက သံသယမဝင်ကြတော့ချေ။ ရှီချီ အတွက်ကမူ အိမ်မပြန်သည်က ပုံမှန်ဖြစ်နေသည်။

ချုံခယ့်ခယ့်က ဖုန်းထုတ်ကာ ပန်းချီကားချပ်ကို ဓါတ်ပုံတချက်ရိုက်ပြီးနောက်တွင် အလားတူသောပုံမျိုးရှိမရှိ အင်တာနက်ပေါ်တွင် ရှာလိုက်သည်။ ထိုသို့ရှာဖွေခြင်းက သူမကို ပုံစံတူသော ဆီဆေးရုပ်ပန်းချီများကို တွေ့သွားစေသည်။ သို့သော် သူမက ပန်းချီကားထဲမှ ကွာခြားမှုကို ရှာဖွေကာ စစ်ဆေးကြည့်လေလေ အရာများက ရှုပ်ထွေးလွန်းသောကြောင့် စိတ်ရှုပ်သွားရလေလေဖြစ်သည်။

နင်မုန့်က အတူကြည့်ပြီးပြောသည်။

“နေဦး နေဦး နေဦး။ ဒီနေရာမှာရပ်။ ဒီပုံပဲ”

ထောင့်မှဓါတ်ပုံကလည်း လူတစ်ယောက် ဓါတ်ပုံရိုက်ထားသည်နှင့်တူသော ဓါတ်ပုံတစ်ပုံဖြစ်နေပြီး ပန်းချီကားချပ်ပါ ပုံရိပ်များကလည်း အနည်းငယ်သာ ကွာခြားပြီး ကျန်တာက တူညီနေသည်။

လူနှစ်ယောက်က ရှုံးနိမ့်သလို ဖြစ်သွားကြသည်။

မိနစ်နှင့် စက္ကန့်က ကုန်လွန်နေခဲ့ပြီး အထဲထဲရှိနာရီကလည်း မနက်ရောက်တော့မည်ဖြစ်ကြောင်း ညွှန်ပြနေသည်။ နှစ်ယောက်သား အင်တာနက်ပေါ်တွင် ဓါတ်ပုံကို ရှာဖွေနေကြသေးပြီး ထိုနေရာကိုသိရန် ကြိုးစားနေကြသည့်အချိန်တွင် ရှီမိသားစုမှ အနက်ရောင်ဝတ်စုံနှင့်လူများက တစ်သုတ်ပြီးတစ်သုတ် ရောက်လာကြပြီဖြစ်သည်။

ရှီချီ၏ ပုံရိပ်ကလည်း နင်မုန့်၏ အရှေ့တွင် လှုပ်ရှားနေပြီဖြစ်သည်။

“ငါတို့ အခုသွားလို့ရပြီ”

နင်မုန့်က မျက်လုံးကိုပွတ်သည်။

“ဘာ နင်က နေရာရှာတွေ့ပြီလား?”

ချုံခယ့်ခယ့်ကလည်း သမ်းသည်။ သူမကလည်း အိပ်ချင်နေလေပြီ။ ကွန်ပြူတာကို တစ်ညလုံးစိုက်ကြည့်ပြီးနောက် မောပန်းနွမ်းနယ်လွယ်ပြီး အိပ်ချင်စိတ်ဖြစ်ခြင်းကလည်း ပုံမှန်သာလျှင်ဖြစ်သည်။

ရှီချီက ဟုတ်ကြောင်း ‘အင်း’ ဖြင့်ပြန်ဖြေသည်။

နင်မုန့်က နောက်ဆုံးတွင် ပန်းချီကားချပ်အပြင် စားပွဲပေါ်တွင်တင်ထားသော အခြားပန်းချီများရှိကြောင်းကို သိလိုက်ရသည်။ ထို့ကြောင့် အားလုံးက အရှုပ်အထွေးဖြစ်နေပြီး တစ်ခုချင်းစီတိုင်းက ကွာခြားသည်။ သို့ရာတွင် ကြမ်းပြင်တွင်မူ ချထားသော သွေးပုလင်းကိုမြင်ရသည်။

သူမက မေးလိုက်သည်။

“ဒါကဘာသွေးတုန်း”

ရှီချီက သူမကိုကြည့်ပြီးမှ ပြန်ဖြေလာသည်။

“လူသွေး”

အပိုင်း(၅၅.၂)

စိတ်ထဲတွင် အလွန်ကြောက်လန့်သွားသော နင်မု့န်က အော်ဟစ်လိုက်မိပြီး အကြည့်ကိုလွဲလိုက်ကာ အနာဂတ်တွင် ရှီချီကို ဘာမှမမေးရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ သိပ်မကြာခင်ကမှ ရထားသောကတိက ကျိုးပဲ့သွားပြီဖြစ်သည်။

သူမ၏အနားတွင် ရှိနေသော ချုံခယ့်ခယ့်ကမူ ထူးဆန်းသော အမူအရာ ဖြစ်နေသည်။

သူမက နင်မုန့်ကို ဆွဲပြီး ခပ်တိုးတိုးပြောသည်။

“သူ့စကားကို နားမထောင်နဲ့ ဒါက ဒီအတိုင်း ခွေးသွေးတွေပဲ သူ အခြားလူတွေကို ယူလာဖို့ ညွှန်ကြားနေတာကို ငါ ကြားလိုက်တယ်”

ထိုစကားကို ကြားမှ နင်မုန့်က ရှီးချီကို ခပ်စူးစူး စိုက်ကြည့်လိုက်သည်။

ရှီချီက သူမ၏အကြည့်ကို သတိထားမိဟန်ဖြင့် အမှားကိုလည်း ဝန်မခံသလို ပြုံးပြလာပြီး ငြင်းလည်းမငြင်းဘဲ..

“ဒါက အမှန်လို့လည်း ငါ မပြောခဲ့ပါဘူး”

နင်မုန့်က ခေါင်းကို လှည့်လိုက်ပြီး သူ့ကို မကြည့်တော့ချေ။

ပြောရလျှင် ခွေးသွေးက ဖုတ်ကောင်များကို ရင်ဆိုင်ရာတွင် အသုံးဝင်သည်။ ပြောရလျှင် ထိုဖုတ်ကောင်က သာမန်ဖုတ်ကောင် ဖြစ်နေရန်သာလျှင် လိုအပ်သည်။ ထိုဖုတ်ကောင်ကသာ ထူးခြားသော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားလျှင် အနည်းငယ်လောက်သာ သက်ရောက်မှု ရှိတော့ပေမည်။ ထို့အတွက်ကြောင့် ကားထဲတွင် ယူလာသော အခြားပစ္စည်းများစွာ ရှိနေခြင်း ဖြစ်သည်။

ထိုကဲ့သို့သော ဆိုးယုတ်သော ဝိညာဉ်များနှင့် အရာများကို ကိုင်တွယ်သောအခါ လက်နက်များလိုအပ်မည်ဟု လူအများက အမြဲတစေ တွေးကြသည်။ ရှီချီက အင်အားကြီးမားသော်လည်း သူကလည်း အလားတူ တွေးတောသည်။

နင်မုန့်က ရှီချီဟာ ရှီမိသားစုကို အပြည့်အဝ အုပ်ချုပ်ခဲ့ချိန်တွင် အသက်၂၂နှစ်သာလျှင် ရှိသေးကြောင်းကို သတိရလိုက်သည်။ သူက တစ္ဆေစစ်တပ်ကို အမိန့်ပေးနိုင်သည့် အချိန်မှသာ သူ၏ပုံရိပ်အစစ်အမှန်က စတင်သည်ဟု ဆို၍ရသည်။

အခု ကြည့်ပါအုံး အဲဒီအချိန်နဲ့ အဝေးကြီး လိုသေးတယ်။

ရှီချီက သူမကို ထိုနေရာက မည်သည့်နေရာဖြစ်ကြောင်း ပြောပြပြီး ကားထဲသို့ ဝင်ခိုင်းသည်။

မိန်းကလေးနှစ်ယောက်က ကားအတွင်းသို့ ဝင်ပြီး သိပ်မကြာခင်မှာပင် တစ်ယောက်ကိုတစ်ယောက် မှီပြီး အိပ်မောကျသွားသည်။ ကံကောင်းစွာဖြင့် ဒရိုင်ဘာက လမ်းတွင် ကားကို ငြိမ်အောင် မောင်းနိုင်ခဲ့သည့်အတွက် နှစ်ယောက်သား ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နားကြသည်။ နေရာသို့ ရောက်သွားပြီးနောက် နောက်တစ်နေ့ နေ့လည်ခင်းပင် ဖြစ်နေပေပြီ။

ဒီခရီး၏အလယ်တွင် ရှီချီက အနားယူသည်။ ထို့နောက် စားသောက်ပြီးသည်နှင့် ပန်းချီကားချပ်က စတင်ကာ မပြောင်းလဲသွားကြောင်းကို မြင်လိုက်ရပြန်သည်။ သို့ရာတွင် ပန်းချီကားထဲရှိ လုရှီ၏ပုံရိပ်ကမူ ပျောက်ကွယ်သွားသည်။

အဲဒီကားက အစွန်းများကပ်ထားသည့် မည်သည့်ခြစ်ရာမျှကိုပင် ရှာမတွေ့နိုင်သလို သွေးစွန်းရာများလည်း မရှိဘဲ သာမန်အတိုင်း ပြန်ဖြစ်သွားသည်။ ထိုအခြေအနေကပင် တစ်မူထူးခြားနေခြင်း ဖြစ်သည်။

အဆုံးတွင် ညအချိန်က ကျရောက်လာသောအခါ အားလုံးက မြို့ငယ်လေးသို့ ရောက်သွားကြသည်။

ဒရိုင်ဘာက ဝင်ပေါက်တွင် ကားကို ရပ်ပြီး ပြတင်းပေါက်ကို ချကာ ဦးတည်ရာနေရာ မေးသည်။ မူလက သူတို့ထိုနေရာသို့ ရောက်သောအချိန် ကောင်းကင်က မှောင်မဲစပြုနေပြီဖြစ်သည်။ သို့သော် အိမ်အသီးသီး၏ အပြင်ဘက်တွင် ရှိနေကြပြီး လမ်းလျှောက်နေကြသော လူများနေသောကြောင့် ထိုသို့မေးမြန်းရန် အခွင့်အရေးကောင်း ဖြစ်သွားသည်။

သူတို့က တောအုပ်သို့ သွားလိုကြောင်းကို ထိုလူများက ကြားသောအခါ သူတို့၏အမူအရာများက မကောင်းကြချေ။ ပြောရလျှင် သူတို့က ဒရိုင်ဘာ၏မေးခွန်းကို မဖြေချင်ကြချေ။ သိပ်မကြာခင် အချိန်တွင် လူအုပ်က ချဲသွားပြီး ကိုယ့်အိမ်ကိုယ် ပြန်သွားကြသည်။ နင်မုန့်က မေးသည်။

“ဘာလို့ ငါတို့ ကိုယ်ဖာသာကိုယ် မရှာရမှာလဲ”

ချုံခယ့်ခယ့်ကလည်း ဖြေသည်။

“ဒီနေရာက သေချာပေါက် တစ်ခုခု မှားနေတာ ဖြစ်ရမယ် သူတို့အားလုံးက အဲဒီနေရာကို သွားရင် သူတို့ သေတော့မယ်လို့တောင် ခံစားရတဲ့ အကြည့်မျိုးနဲ့ ကြည့်နေကြတယ်။ အထဲမှာ ဘာတွေရှိလဲ ဘယ်သူ သိနိုင်မှာလဲ”

နင်မုန့်က တစ်စုံတစ်ရာကို ပြောတော့မည့်အချိန်တွင် သူတို့ထံ ချဉ်းကပ်လာသော သက်လတ်ပိုင်း လူတစ်ယောက်က ကြောက်လန့်တကြားဖြင့် လေးလံသော ဒေသိယအသံမျိုးဖြင့် မေးလာသည်။ သူက အသံကို တိုးချပြီး မေးခြင်းဖြစ်သည်။

“မင်းတို့က အဲဒီကို သွားပြီး ဘာလုပ်ကြမလို့လဲ။ အဲဒီနေရာက မလုံခြုံဘူး သစ်ပင်တွေအားလုံးက သေတော့မှာ။ မင်းတို့ အဲဒီအချိန် ညနက်ပိုင်းသွားရင် ကလေးငယ်တစ်ယောက်ရဲ့ ငိုသံကိုတောင် ကြားရလိမ့်မယ်”

ဒီမြို့တွင် စခန်းချရခြင်းကို နှစ်သက်သော လူများရှိနေသဖြင့် ညအချိန်တွင် မိုဘိုင်းဖုန်းလိုင်းနှင့် ပတ်သက်သော အခြေအနေများကိုလည်း အတွေ့အကြုံ ရှိကြသည်။ လူတစ်ယောက်က အကူအညီတောင်းရန် တစ်စုံတစ်ယောက်ကို သွားရှာသောအခါ အထဲမှာ ကလေးအော်ငိုသံကို ကြားလိုက်ရသည်။ ထို့ကြောင့် သူတို့အားလုံး ထိတ်လန့်ခဲ့ကြရသည်။ ဒရိုင်ဘာက သူ၏မေးခွန်းကို ပြန်ဖြေသော်လည်း တောအုပ်၏နေရာကို သေချာမှတ်သားထားလိုက်သည်။ ကားက ထွက်တော့မည့် အချိန်တွင် သက်လတ်ပိုင်းလူက သူတို့ကို ဆွဲဆောင်ချင်နေသေးသည်။ ရှီချီက ပြောသည်။

“သွားကြစို့..”

ဒရိုင်ဘာက တခြားတစ်ဖက်သို့ ကွေ့ပြီးပြောသည်။

“သခင်ကလည်း လမ်းမှာပါ”

ရှီရှန်းကျင်းက ဒီကိစ္စအကြောင်းကို ကြားပြီးနောက် လာရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ဖုတ်ကောင်များ မွေးမြူခြင်းကဲ့သို့သော လေးနက်သည့်ကိစ္စမျိုးက ရှီချီကဲ့သို့ ယခုမှ သူ၏လက်အောက်မှ လူတစ်ယောက် ကိုင်တွယ်နိုင်သော အခြေအနေမျိး မဟုတ်ချေ။ အထူးတလည် အခြေအနေမျိုးတွင် သူက ကူညီပေးရန် လိုအပ်သည်။ သို့ရာတွင် သူတို့နှင့် အလွန်ဝေးကွာနေသောကြောင့် အချိန်တစ်ခုတော့ လိုအပ်ပေလိမ့်မည်။

ရှီချီက တစ်နေရာသို့ ကြည့်လိုက်သည်။

“ကျွန်တော် နားလည်ပြီ။ အဲဒီနေရာကိုပဲ အရင်သွားကြရအောင်”

ဒရိုင်ဘာက ဆက်မပြောတော့ဘဲ သက်လတ်ပိုင်းလူက ညွှန်ပေးလိုက်သော နေရာသို့ ခပ်မြန်မြန် ဦးတည်သည်။ ထိုနည်းအားဖြင့် လူနေထူထပ်သော နေရာမှ ကွဲထွက်လာသည်။ သို့ရာတွင် နာရီဝက်ခန့်နှင့်တင် တောအုပ်က သူတို့ရှေ့တွင် ပေါ်လာသည်။

ချုံခယ့်ခယ့်က ဖုန်းထဲမှ ဓာတ်ပုံကို ဖွင့်လိုက်ပြီးနောက် ပြတင်းပေါက်ကို ချကာ အပြင်ဘက် ရှုခင်းကို ကြည့်သည်။ ထို့နောက် ကျေနပ်အားရသော လေသံဖြင့် အတည်ပြုပေးလိုက်သည်။

“တကယ့်ကို ဒီနေရာပဲ တစ်ထေရာတည်း တူတယ်”

နင်မုန့်က အနားကပ်ပြီး တစ်ချက် ကြည့်လိုက်ပြီးနောက် ကွာခြားမှုမရှိကြောင်း သိလိုက်ရသည်။

ထိုနေရာကို ဆီဆေးရေးပန်းချီအဖြစ် ဆွဲထားသည့်အတိုင်း ထင်ရသည်။ အသေးငယ်ဆုံး အသေးစိတ်အချက်များကပင် အနုပညာလက်ရာမြောက်သော ပုံမျိုးအဖြစ် ပါလာသည်။ ဒီပန်းချီကားချပ်ကိုသာ ကြွားမည်ဆိုလျှင် သံသယမဝင်စရာ မလိုလောက်အောင် ဒီပန်းချီ၏ရေးဆွဲသူက ဈေးကွက်ထဲမှ ပန်းချီဆရာများစွာထက် ကျွမ်းကျင်ကြောင်းကို သိသွားကြမည် ဖြစ်သည်။

ရှီချီကလည်း ခေါင်းကို နောက်ဆုံးတွင် မော့လိုက်ပြီး အသိအမှတ်ပြုကြောင်း ‘အင်း’အသံပြုသည်။ ကားက တောအုပ်၏အပြင်ဘက်နားတွင် ရပ်လိုက်သည်။ ထိုအချိန်တွင် အနက်ရောင်ဝတ်စုံဖြင့် လူအများက စုရုံးရောက်ရှိလာပြီး လူတစ်ယောက်ကို ရှာရန် အမိန့်ပေးခံရသည်။ နင်မုန့်နှင့် ချုံခယ့်ခယ့်တို့က မူလက ကားမှ ဆင်းချင်သော်လည်း သူတို့ကို အနောက်သို့ ပြန်ဆုတ်ခိုင်းကြသည်။

ရှီမိသားစုတွင် လူအင်အား များစွာ ရှိသည့်အတွက် အချိန်တစ်ခု ကြာပြီးသည်နှင့် သူတို့က လျင်မြန်စွာဖြင့် လုရှီကို ရှာတွေ့သွားကြသည်။ လုရှီက သတိမေ့နေသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုန်မှုန့်အညစ်အကြေးများက ဖုံးလွှမ်းနေပြီး ကြောက်စရာကောင်းသော သွေးအစင်းရာများကိုလည်း မြင်ရသည်။ သူမ၏လည်ပင်းတွင်လည်း အညိုအမဲ ဆွဲနေသော ခရမ်းရောင်အစင်းရာများကို မြင်ရသည်။

ချုံခယ့်ခယ့်နှင့် နင်မုန့်တို့က အပြေးလာကြပြီး သူမကို စစ်ဆေးကြည့်လိုက်ပြီးနောက် အသက်ရှုနေသေးကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားကြသည်။

ကားပေါ်တွင် မိနစ်အနည်းငယ် စောင့်ဆိုင်းပြီးနောက် လုရှီက စတင်ကာ သတိရလာသည်။ မျက်ခွံများကို မတင်ပြီးနောက် လုရှီက စတင်အော်တော့သည်။ ချုံခယ့်ခယ့်က ပါးစပ်ကို ပိတ်လိုက်ပြီးနောက် တားသည်။

“ငါပါ ခယ့်ခယ့်.. လုရှီ နင်အဆင်ပြေရဲ့လား”

လုရှီက မျက်လုံးဖွင့်ပြီးနောက် ပုံရိပ်တွေကို ထိတ်လန့်တကြား ကြည့်သည်။ သို့ရာတွင် သူမက ကြောက်လန့်မှုကို မလျော့ချရဲသေးချေ။ သို့သော် သူမနှင့် သိသောသူတစ်ယောက်ကို မြင်လိုက်ရသည့်အတွက် အတန်ငယ် စိတ်အေးသွားသည်။ သူမ၏အသံကလည်း အားနည်းစွာဖြင့် ထွက်လာသည်။

“ခယ့်ခယ်..”

သူမ၏အသံက နောက်ဆုံးတွင် ကောင်းကောင်း ထွက်လာပြီးနောက် လုရှီက အဖြစ်အပျက်အားလုံးကို ဇာတ်ကြောင်းပြန် ပြောပြရင်း သူမ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုက အထင်းသားဖြစ်နေသည်။

“လုလုနဲ့ငါ ကားထဲက ထွက်ပြီးတော့ သူမနဲ့ငါ တစ်ခါတလေ စကားပြောတာကလွဲလို့ ငါ ဖုန်းကိုပဲ အာရုံစိုက်နေခဲ့တာ ဒီလိုနဲ့ ငါ နောက်ကောက်ကျကျန်ခဲ့တာပဲ။ အဲဒီနောက်မှာ ရုတ်တရက် မူးဝေစေအောင် တစ်စုံတစ်ယောက်က လုပ်လိုက်သလိုမျိုး ဖြစ်လာလို့ တစ်ယောက်ယောက်က ငါ့ကို ဆေးခတ်မှာကို ငါ ကြောက်ခဲ့ရတယ်။ ဒါပေမဲ့ အဲဒီလိုတော့ ငါမထင်ဘူး”

ပြင်းထန်သည့်အားအင်တစ်ရပ်က သူမကို အိပ်ပျော်သွားအောင် လုပ်လိုက်သလိုမျိုး ဖြစ်သွားပြီး နိုးထလာသည့်အချိန်တွင် သူမဟာ လမ်းပေါ်တွင် မရှိတော့ဘဲ မရင်းနှီးသော တောထဲ ရောက်နေကြောင်း သိလိုက်ရသည်။ သူမ၏အနောက်မှ တောက သားရဲတစ်ကောင်လိုမျိုး သူမအပေါ် ခုန်အုပ်တော့မလို သူမကို ကြည့်နေပြီး ပါးစပ်အဟသား ဖွင့်ထားသလိုမျိုး ထင်ရသည်။

ကြောက်လန့်မှုက ထိုမျှနှင့်မရပ်ချေ။ ရုတ်တရက် သူမအနားတွင် လူတစ်ယောက်က ပေါ်လာပြီး လည်ပင်းကို ညစ်ကာ တောအုပ်ထဲသို့ တရွတ်တိုက် ဆွဲခေါ်သွားခြင်း ဖြစ်သည်။ ထိုအချိန်က သူမ အလွန်ထိတ်လန့်ပြီး ကြောက်လန့်ခဲ့ရသည်။ အဆုံးတွင် အခြေအနေက မည်သို့ဖြစ်ပျက်သွားကြောင်း သူမသည်လည်း မရှင်းလင်းတော့ချေ။ သူမသည်လည်း ပျောက်ကွယ်သွားပြီး သူမက တောအုပ်ထဲသို့ ဆက်လက်ဝင်သွားနေရသည်။ သို့ရာတွင် သူ့ဘက်က လမ်းလျှောက်နေသည်ဟု မထင်ချေ။ သို့သော် လမ်းမှားသွားပြီး သူမက မြေပြန့်တစ်နေရာပေါ်သို့ လဲကျသွားကာ သတိမေ့သွားခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပြီး သိပ်မကြာခင်အချိန်မှာပင် ရှီမိသားစုမှ လူများက သူမကို ရှာတွေ့သွားခြင်း ဖြစ်လောက်သည်။

အကြောင်းအရာများအားလုံးကို နားထောင်ပြီးနောက် ချုံခယ့်ခယ့်၏ဒေါသက ပြင်းထန်စွာ ထွက်လာသည်။

“သေချာပေါက် ဒီကိစ္စအားလုံးရဲ့ နောက်ကွယ်မှာ လူတစ်ယောက်က ကြိုးကိုင်နေတာ ဖြစ်ရမယ်။ သူက လုရှီကို ဖမ်းခေါ်သွားပြီး အလောင်းကောင်အဖြစ် သန့်စင်ချင်တာ ဖြစ်လောက်တယ်”

မဟုတ်လျှင် ယခုလို ပြန်ပေးဆွဲခြင်းအတွက် အခြားအကြောင်းပြချက်လည်း မရှိတော့ချေ။ လုရှီက ရေသောက်ပြီးနောက် ဘီစကွတ် အနည်းငယ်စားပြီးမှသာ ကားနောက်ခုံတွင် ပြန်၍ အိပ်မောကျသွားသည်။ အရပ်ရှည်ရှည် လူတစ်ယောက်ကလည်း ကားတံခါးကို လာခေါက်သည်။ ထို့နောက် အလွန်တိုးသောအသံဖြင့် ပြောလာသည်။

“သခင်လေးချီ.. တောအုပ်ရဲ့အနက်ပိုင်းက ဆက်လက်ပြီး ရှာဖွေဖို့ သိပ်အန္တရာယ်များပါတယ်”

ရှီချီက ခေါင်းညိတ်လိုက်သည်။ သူက အပိုစကားဆက်မပြောတော့ချေ။ သို့သော် အချိန်တစ်ခု ကြာပြီးနောက် သူက အထဲမှ ထွက်လာသည်။ နင်မုန့်ကလည်း တောအုပ်သို့ သွားချင်နေကြောင်း သိလိုက်သဖြင့် ထိုနေရာတွင် အလောင်းသန့်စင်သော နေရာရှိမရှိ ဆုံးဖြတ်ရန် လိုအပ်နေကြောင်း သိလိုက်သည်။ သူက သူ့ကိုယ်သူ အန္တရာယ်ထဲသို့ တိုးဝင်ချင်နေသည်။ သူမက လိုက်သွားနိုင်သည့်တိုင် အကူအညီဖြစ်မည် မဟုတ်ပေ။ စနစ်က သူမကို သတိပေးစကားပြောသည်။

“မင်းရဲ့အခြေအနေနဲ့ မင်းဝင်သွားလို့ မရနိုင်ဘူး။ အဲဒီနေရာက အရမ်းကို ယင်စွမ်းအင်သိပ်သည်းတယ်။ အဲဒီယင်စွမ်းအင်တွေကသာ မင်းရဲ့ခန္ဓာကိုယ်ထဲ ထပ်ဝင်သွားမယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်က ကွဲအက်သွားလိမ့်မယ်”

နင်မုန့်ကလည်း ထိုကိစ္စတွင် မပါဝင်ခြင်းက အကောင်းဆုံးဖြစ်မှန်း သိသည်။ စနစ်၏ သတိပေးစကားကို နားထောင်ပြီးနောက် သူမက ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

“ငါ မသွားဘူး။ ငါ သွားမယ် ဆိုရင်တောင်မှ ငါလည်း မကူညီနိုင်ဘူး”

ထို့နောက် သူမက အိတ်ထဲမှ ဓားကျိုးကို ထုတ်ပြီး ရှီချီကို ပေးသည်။

“ဒါကို သုံးပါ”

ရှီချီက လက်မခံဘဲ သူမကို ပြန်ပေးသည်။

“မင်းရဲ့လုံခြုံရေးအတွက်ပဲ သတိထားပါ”

ထို့နောက် သူက တောအုပ်ထဲသို့ လူနှစ်ယောက်ခြံရံလျက် ဝင်ရောက်သွားသည်။

ချုံခယ့်ခယ့်က ဘေးဘက်မှ နားထောင်နေခြင်း ဖြစ်လေရာ ရှီချီက လူနှစ်ယောက်နှင့်အတူ ပျောက်သွားသည်အထိ စောင့်ပြီးမှ မေးလာသည်။

“နင်တို့ နှစ်ယောက်..”

နင်မုန့်က လှည့်ကြည့်ကာ မေးသည်။

“ဘာလဲ”

ချုံခယ့်ခယ့်၏ခေါင်းက ယမ်းခါသွားသလိုမျိုး ခံစားလိုက်ရသည်။ သူမက ပြောသည်။

“ဘာလို့ ငါ့ကို လူရမ်းကားလို ပြောနေတာလဲ နင် နည်းနည်းလေးမှ ချစ်စရာမကောင်းတော့ဘူး”

သူမက ရှီချီနှင့်ဆိုလျှင် ချစ်စရာကောင်းသော စကားများကို ပြုံးပြီး သူမ၏ ဖြူဖျော့နူးညံ့ကာ ချစ်ဖို့ကောင်းသော မျက်နှာလေးတွင်လည်း ချီးကျူးသယောင် အမူအရာများက အမြဲတစေ ရှိတတ်သည်။ ထို့ကြောင့် ချုံခယ့်ခယ့်ကပင် အမြဲတစေ လက်များရိုက်ရိုက်နေပြီး နင်မုန့်၏မျက်နှာလေးကို ဆွဲညှစ်ကာ အိမ်တွင် ခေါ်ထားချင်စိတ် ပေါက်လာရသည်။

ရှီချီက နင်နင်ကို အမြဲတမ်းစနေတာ အံ့ဩစရာ မရှိတော့ဘူး။ ဒီလိုချစ်စရာကောင်းတဲ့ အနေအထားမျိုးကို သူ အရင်ရှာတွေ့သွားလို့ ဖြစ်မယ်။

နင်မုန့်က ဓားမြောင်ကို ပြန်သိမ်းပြီးနောက် ပြောလိုက်သည်။

“ချစ်စရာကောင်းအောင် နေတာက နင့်ကို ဘာကျွေးနိုင်လို့လဲ”

ချုံခယ့်ခယ့်က ထိုစကားကြောင့် ဆွံ့အသွားသည်။ သူမက ခေါင်းလှည့်ပြီး ကြည့်လိုက်သောအခါ လုရှီက အိပ်ပျော်နေပြီး အနည်းငယ်မျှပင် မတုံ့ပြန်ကြောင်း တွေ့လိုက်ရသည်။ သူမက ထိခိုက်ဒဏ်ရာရထားသည်နှင့်လည်း မတူညီဘဲ ဒီအတိုင်း တစ်ညလုံးနီးပါး ချောက်ခြားခဲ့ပြီး ထိတ်လန့်ခဲ့ရသည်နှင့်သာ တူသည်။

ကံကောင်းစွာဖြင့် သူမတွင် ထူးထူးခြားခြား ပြဿနာ မဖြစ်သွားခဲ့ပေ။ မဟုတ်လျှင် အဖေလုနှင့် အမေလုကို မည်သို့ ရှင်းပြရမည်ကိုပင် သူမက မသိလောက်တော့ပေ။ ပန်းချီကားနှင့် ပတ်သက်သော ကိစ္စအတွက်ပင် နောက်ဆုံးတွင် ထိုပန်းချီကားက သူမ၏စံအိမ်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် လုလုက သွေးများစွန်းပေသွားခြင်း မရှိဘဲ ပန်းချီကားချပ်ကို လွှင့်ပစ်နိုင်သွားသည်။ ချုံခယ့်ခယ့်က စကားဆက်မပြောတော့ချေ။ ဒီနေရာတွင် လိုင်းက အလွန်ကောင်းသဖြင့် သူမက အလောင်းသန့်စင်ခြင်းနှင့် ပတ်သက်သော ကိစ္စများကို ရှာဖတ်နေလိုက်ပြီး ခေါင်းစီးဖြင့်ပင် ကြောက်သွားသည်။

အထူးသဖြင့် အလောင်းကို မြေကြီးထဲသို့ ထည့်ကာ မမြှုပ်ခင် သွေးများကို အလောင်းပေါ်သို့ လောင်းချရမည် ဆိုသော အကြောင်းတွင် ဖြစ်သည်။ အချိန်က မှန်ကန်လျှင် နေ့တိုင်းလိုလို ဂါထာရွတ်လျက် ကြက်ဖများကို သတ်ပြီး ထိုမြေဆီလွှာပေါ်သို့ သွေးများကို ချပေးရမည် ဖြစ်သည်။ ဖြစ်စဉ်တစ်ခုလုံးက ကြောက်စရာကောင်းပြီး ရွံ့စရာလည်း ကောင်းသည်။ အဆုံးတွင် ထိုလူက ကိုယ့်သွေးကိုယ် သုံးရန်ပင် လိုအပ်လေသည်။ သူမက အရူးဆိုလျှင်ပင် အလောင်းပေါ်သို့ သွေးလောင်းချခြင်းက ကောင်းသောကိစ္စမဟုတ်ကြောင်း သိနိုင်သည်။ ထိုသို့လုပ်သော နည်းလမ်းများပါသော ဒရာမာများတွင်ပင် အလောင်းကောင်တစ္ဆေကို ဖန်တီးခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။

ပို၍ဆိုးသည်မှာ ယခုလို မည်းမှောင်နေသော တောအုပ်ထဲတွင် ဖြစ်နေလေရာ ရွာသားများက ဤနေရာသို့ မလာရဲသည်မှာ အံ့ဩစရာ မရှိတော့ချေ။ ဤနေရာအကြောင်းကို ထည့်ပြောသည်နှင့် သူတို့အားလုံးက တုန်တုန်ယင်ယင် ဖြစ်သွားကြလောက်သည်။ မည်သို့ပင် ဆိုစေ ဤနေရာ၏အခြေအနေက မကောင်းကြောင်း သေချာနေလေသည်။ သူမ၏အမြင်တွင် ဖုတ်ကောင်နှင့် တစ္ဆေသရဲများက အတူတူသာလျှင် ဖြစ်သည်။ နှစ်မျိုးလုံးက လူကို ဒုက္ခပေးနိုင်သည်။

အပိုင်း(၅၅.၃)

ထိုလူများက မည်သည့်အတွက်ကြောင့် ထိုသို့သော အပြုအမူမျိုးကို လုပ်ခဲ့ကြောင်း ချုံခယ့်ခယ့်က နားမလည်နိုင်ချေ။ သူမက ဒီအတိုင်း အိမ်သို့သာ လုံလုံခြုံခြုံနှင့် ပြန်ရောက်သွားချင်နေသည်။

ကားအတွင်းရှိ ပြတင်းပေါက်များအားလုံးကို အပြည့်အဝ ပိတ်ထားပြီးသား ဖြစ်သည်။

ရုတ်တရက် တံခါးပေါ်သို့ လူတစ်ယောက်က တံခါးခေါက်လာသည်။ သူမက မှန်ပြတင်းချပြီး မေးလိုက်သည်။

“ဘာဖြစ်လို့လဲ သူ ပြန်လာပြီလား”

ထိုအချိန်တွင်ပင် စနစ်က လှမ်းအော်သည်။

“မဖွင့်နဲ့”

သို့သော် နောက်ကျသွားခဲ့ပြီဖြစ်သည်။ ထို့နောက် တစ်စက္ကန့်အတွင်း တံခါးက လော့ခ်မကျနေသလိုမျိုး အပြင်က ဆွဲဖွင့်ခံလိုက်ရသည်။ နင်မုန့်က တံခါးကို ပြန်ဆွဲထားရန် အားနည်းလွန်းသဖြင့် ရိုးရှင်းစွာဖြင့် မြေသို့ ပြုတ်ကျသွားရသည်။

သူမက အော်သည်။

“ခယ့်ခယ့်”

ချုံခယ့်ခယ့်က မအော်နိုင်ခင်မှာပင် သူမ၏တစ်ကိုယ်လုံးက အေးစက်ကာ မေ့မြောသွားတော့သည်။ နင်မုန့်ကလည်း သူမ၏ မြင်နိုင်စွမ်းအားက မည်းမှောင်သွားသည်ဟု ခံစားလိုက်ရပြီး ထို့နောက် အသိစိတ်မဲ့သွားတော့သည်။

အဆုံးတွင် နင်မုန့်က အေးစက်လွန်းသောကြောင့် ပြန်နိုးလာရသည်။ သူမတစ်ကိုယ်လုံးက အအေးဒဏ်ကြောင့် တုန်ယင်နေသည်။ သူမ၏ သွားက အချင်းချင်း တခိုက်ခိုက် ရိုက်နေပြီး တိတ်ဆိတ်လွန်းသော အချိန်အခါမျိုးတွင် ကြားရတတ်သော ကြည်လင်ပြတ်သားသည့် အသံမျိုးကို ကြားနေရသည်။ သို့သော် သူမကို ဖမ်းလာသောသူက ထိုအချက်ကို သတိမထားမိချေ။

ထိုသူက သူမကို တောအုပ်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ခေါ်သွားသည်။

နင်မုန့်က သူမ နိုးလာကြောင်းကို တစ်ဖက်လူက သတိထားမိသွားနိုင်သဖြင့် အသံမထွက်ရဲချေ။ ခေါင်းကိုသာ ငုံ့လျက် တိတ်ဆိတ်စွာသာ နေကာ အိတ်ကပ်ထဲသို့ လက်ကို ထိုးထည့်လိုက်သည်။ ကံကောင်းစွာဖြင့် ဓားမြောင်က အိတ်ကပ်ထဲတွင် ရှိနေသေးသည်။ ထိုလူက ဒါကို သတိမထားမိလောက်ချေ။ မည်သို့ပင် ဆိုစေ သူမက မိန်းကလေးငယ်တစ်ယောက် ဖြစ်နေကတည်းက သူက သတိကြီးကြီး မထားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

တောအုပ်၏ ဘေးဖက်ခြမ်းနေရာက မည်းမှောင်နေသဖြင့် လူတစ်ယောက်၏ မြင်နိုင်စွမ်းရည်ကို ပိတ်ဆို့ထားသည်။

စနစ်က သူမကို ဘေးဖက်မှသာ ထောက်ပံ့ပေးနိုင်သည်။ စနစ်က ပြောလာသည်။

“သူက မင်းကို နေရာတစ်ခုကို ခေါ်သွားတာ ဖြစ်လောက်တယ်။ ငါ ယင်စွမ်းအင်တွေကို ခံစားမိတယ်။ မင်း မြန်မြန် ထွက်သွားသင့်တယ် မဟုတ်ရင် မင်းရဲ့ခန္ဓာကိုယ်က ဒါကို တောင့်ခံနိုင်လောက်မှာ မဟုတ်ဘူး။ မင်း ရိုးရိုးရှင်းရှင်း ဒီခန္ဓာကိုယ်က ကွဲအက်သွားလိမ့်မယ်။ အဲဒီနောက်မှာ မင်း အနေနဲ့ ထွက်သွားချင်ရင်တောင်မှ နောက်ကျသွားပြီ”

နင်မုန့်က အံကိုကြိတ်သည်။ သဘာဝအလျောက်ပင် သူမကလည်း အကျိုးဆက်ကို သိသည်။ သူမက အကောင်းဆုံး ကြိုးစားပြီး တည်နေရာကို မေးလိုက်သည်။

“ငါ့ ပတ်ဝန်းကျင်မှာ ဘာတွေ ရှိသလဲလို့ ပြောနိုင်မလား။ ငါ သူ့ကို ဒီဓားမြောင်နဲ့ ထိုးလိုက်ချင်တယ်”

စနစ်၏အကူအညီနှင့်အတူ နင်မုန့်က ပိုယုံကြည်မှု ရှိလာသည်။

သစ်ပင်များနည်းသော နေရာသို့ လျှောက်သွားပြီးနောက် အပြင်ဘက်ရှိ အလင်းရောင်ကို ခပ်ဖျော့ဖျော့ မြင်လာရသည်။ သူမက စနစ်၏ စောင့်ရှောက်ပေးမှုအောက်တွင် ဓားမြောင်ကို ထုတ်လိုက်ပြီးနောက် ထိုလူ၏ကျောနောက်သို့ ထိုးထည့်လိုက်သည်။ ထိုဓားမြောင်က ထိုကိုယ်ထဲသို့ ကျေးဇူးတင်စရာကောင်းလောက်အောင် ချောချောမွေ့မွေ့ တိုးဝင်သွားသည်။

နင်မုန့်က ထိုအခါမှ စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။ ကံကောင်းစွာဖြင့် သူမက အမှားအယွင်း မလုပ်ခဲ့ချေ။ ထိုဓားမြောင်က သာမန်ဓားမြောင် မဟုတ်ချေ။ သို့ရာတွင် တစ်ဖက်သူက ယင်စွမ်းအင်များနှင့် သေဆုံးခြင်းလေထုကိုပင် ကိုင်တွယ်နိုင်စွမ်းရှိသော လူတစ်ယောက် ဖြစ်နေလေရာ ညည်းညူသံ မထွက်ပေ။ အမှောင်ထဲတွင် တစ်ဖက်လူက ဓားမြောင်ကို ဆွဲထုတ်ရန် ကြိုးစားနေခြင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူမနှင့် မမျှော်လင့်ထားသည်မှာ တစ်ဖက်သူက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေပြီး သူမ၏လက်ကို လိမ်ချိုးရန် ကြိုးစားလျက် ဓားမြောင်ကို ကျသွားစေသည်။

နင်မုန့်က ချက်ချင်းလိုလို မြေပြင်သို့ ပြုတ်ကျသွားသည်။ သူမ၏ကျောနောက်မှ စူးရှသည့် နာကျင်မှုကို ခံစားရသည့်အခါ အော်လိုက်သည်။

“သေစမ်း မိန်းမပျက်မ”

သူက ဆိုးဆိုးရွားရွား ကျိန်ဆဲသည်။ သူ့အသံက ဩရှနေပြီး နှစ်ပေါင်းများစွာ စကားမပြောဘဲ နေလာရသလိုမျိုး နားထောင်လို့ မကောင်းချေ။ ၎င်းက လူအများကို ချောက်ခြားအေးစက်သော ခံစားချက်မျိုး ပေးနေသည်။ မြေပြင်သို့ ကျသွားသော သူမ၏ဘက်မှ မြင်လိုက်ရသည်မှာ သူက ဝတ်ဆင်ထားသော ဝတ်ရုံသာလျှင် ဖြစ်သည်။ အနက်ရောင်ကျီးကန်းကြီးနှင့်ပင် တူနေသေးသည်။

နင်မုန့်၏နှာခေါင်းက တွန့်သွားပြီး ထူးဆန်းသော သွေးအနံ့ကို ရလိုက်သည်။

သူမ၏ကြိုးစားမှုက အနည်းဆုံးတော့ အောင်မြင်ခဲ့သေးသည်။ သူမက အလကားအားအင် သုံးခဲ့ရခြင်း မဟုတ်ချေ။ ဆိုးရွားမှု အနည်းငယ် ဖြစ်အောင် လုပ်နိုင်သေးသည်။ ဒါက သာမန်ဓားဟု သူက တွေးကောင်းတွေးလောက်သည်။ ထိုသူက သွေးတိတ်စေရန် တစ်စုံတစ်ရာကို ထုတ်လိုက်ပြီးနောက် သူမကို သတိမေ့အောင် လုပ်လိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင် သူမ၏လက်ကိုပင် ချုပ်နှောင်လိုက်သည်။

နင်မုန့်က စနစ်ကြောင့် ပြန်နိုးလာသောအခါ သူမက အခန်းတစ်ခန်းထဲ ရောက်နေကြောင်း သိလိုက်သည်။

တစ်ခန်းလုံးက သွေးများစိုရွဲနေပြီး မြေပြင်တွင်လည်း သွေးစက်များစွာကို မြင်ရသည်။ ကြာလွန်းသဖြင့် အနက်ရောင်ပင် ပြောင်းနေပြီဖြစ်လေရာ အလွန်အမင်း ချောက်ခြားစရာ ကောင်းသည်။ သို့သော် ထိုလူကို မမြင်ရတော့ချေ။

“အေးလိုက်တာ”

နင်မုန့်က မျက်မှောင်ကြုတ်သည်။ အေးစက်သော လေထုများစွာက သူမ၏ကိုယ်အတွင်း ဆက်တိုက် ဝင်လာနေသောကြောင့် လှုပ်ပင် မလှုပ်နိုင်တော့ချေ။

“စနစ် ငါ ဘယ်မှာလဲ”

စနစ်က သက်ပြင်းချသည်။

“အလင်းရောင် မထိတွေ့မဲ့နေရာပေါ့”

ထိုနေရာက မည်သည့်သက်ရှိလေမှ မရှိသလို အရာအားလုံးကလည်း အသက်ရှိသော အရာမျိုးနှင့် ကွာခြားနေသာ နေရာဖြစ်သည်။ ထိုနေရာရှိ ယင်စွမ်းအင်က အလွန်ပြင်းထန်လွန်းသည်။ နေရောင်ကိုလည်း မမြင်ရချေ။ သက်ရှိလူ၏ အရိပ်အယောင်ကိုလည်း မမြင်ရပေ။

စနစ်က ပြောသည်။

“ယင်လေထုတွေက မင်းရဲ့ကိုယ်ထဲ ထပ်ဝင်သွားပြန်ပြီ။ မင်း ဒီနေရာမှာ သေဖို့ပဲ စောင့်ကြရအောင်”

နင်မုန့်၏ သွားများက အအေးဒဏ်ကြောင့် တခိုက်ခိုက် ရိုက်နေပြီဖြစ်သည်။ သူမက အသံများ မထွက်အောင် ထိုသွားများကို ထိန်းရန် ကြိုးစားသည်။ သည်နည်းအားဖြင့် အခြားသူများ၏ အာရုံစိုက်မှုကို မခံယူလိုချေ။ သို့ရာတွင်.. ထို့နောက် တစ်ခဏတွင် ထိုလူက အခန်းထဲသို့ ဝင်လာမည်ဟု မထင်ထားမိချေ။

နင်မုန့်က တစ်ဝက်မျှသာ ပွင့်သော မျက်ဝန်းများဖြင့် တစ်ဖက်လူကို ကြည့်လိုက်သောအခါ တစ်ဖက်သူက အရိုးအိတ်တစ်အိတ်နှင့်တူကြောင်း မြင်လိုက်ရသည်။ ထိုလူ၏ မျက်ဝန်းများက မည်းမှောင်ကာ မျက်ခွံက အလွန်ချိုင့်နေပြီး အသားအရေကလည်း ထူးဆန်းသည်။ သူ၏အနောက်တွင် အမှောင်ထုကသာ ကြီးစိုးနေသည်။ သေသေချာချာ ကြည့်လိုက်သည့်တိုင် မည်သည့်အလင်းကိုမျှ မမြင်ရချေ။

လက်ထဲတွင် ဓားကို ကိုင်ထားပြီး သူမ၏ လက်ကောက်ဝတ်ကို လှီးလိုက်ခြင်းက နင်မုန့်ကို နာကျင်မှုကြောင့် အော်ဟစ်မိစေသည်။ သို့ရာတွင် သူမက နာကျင်မှုကိုသာ တောင့်ခံထားပြီး အသံမထွက်ရဲချေ။ သူမ၏ကျောပြင်တွင် ချွေးအေးများက စိုရွဲလာသည်။ သူမက နာကျင်မှုကို ကြောက်သည်။ သို့သော် ထိုတစ်ခဏတွင် ခံစားရသည့်နာကျင်မှုက သူမ၏ခံစားနေရသော ခံစားချက်လောက် မဆိုးရွားချေ။

ထိုသူက သွေးကို ရယူလိုသောအတွက်သာ ဖြစ်လောက်သည်။ တခြားဘာမှ မလုပ်တော့ချေ။ ထိုလူ၏မျက်ဝန်းများက စိတ်လှုပ်ရှားစွာ တောက်ပလျက် လျှာကိုပင် သပ်လိုက်သေးကာ လူရူးတစ်ယောက်နှင့် တူသည်။

ထိုသူ ထွက်သွားပြီးနောက် နင်မုန့်၏လက်ကောက်ဝတ်က သွေးဆက်တိုက် ထွက်နေသေးသည်။

နင်မုန့်က အသက်ရှုရန် အမောတကော ကြိုးစားရသည်။ သူမ မူလက အလွန်အေးစက်သည်ဟူသော ခံစားချက်က သွေးဆက်တိုက် ဆုံးရှုံးနေမှုကြောင့် သူမ၏အသိစိတ်ကို တဖြည်းဖြည်း ဝေဝါးလာစေသည်။ သူမက နံရံတွင် မှီလျက် ချွေးအေးများကြား မြှုပ်နေသည်။ သူမက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ငါ သိပ်မကြာခင်မှာ သေတော့မှာလား”

စနစ်က ပြောသည်။

“ဟုတ်တယ် မင်းရဲ့ကိုယ်က လဲပြိုကျတော့မယ်။ ဒီနေရာက ထွက်သွားချင်တာလား”

မည်းမှောင်သော အခန်းက အချိန်တစ်ခုကြာ တိတ်ဆိတ်ပြီးနောက် နင်မုန့်က ဖြေသည်။

“ငါတို့ ခဏလောက် စောင့်လို့ရမလား”

သူမက ကိုယ့်ကိုယ်ကိုယ် မပြင်ဆင်ရသေးချေ။ ယနေ့ သေမည်ဟုလည်း မထင်ထားမိချေ။ သူမက လျန်ဖုန်းမိန်ကိုလည်း အမှန်အတိုင်း မပြောရသေးချေ။ သူ့ကိုလည်း မတွေ့ရသေးချေ။ ဘာလို့ သူမက ဒီနေရာမှာ သေရမှာလဲ။

ဒါက အရမ်းကြီးကို နောင်တရစရာမကောင်းဘူးလား။

နင်မုန့်နှင့် စနစ်က ဆက်လက်ပြီး စောင့်ဆိုင်းနေသည်။ ထိုအချိန်အတောအတွင်း ထိုလူက တစ်ခေါက် ထပ်လာပြန်ကာ လတ်ဆတ်သော သွေးကို ထပ်ယူပြန်သည်။ ထိုအချိန်တွင် သူမ၏မျက်နှာက ဖြူဖျော့နေပြီဖြစ်သည်။

နင်မုန့်၏အသိစိတ်က စတင်ကာ ဝေဝါးလာချိန်တွင် စနစ်က သူမကို တစ်ဖန်ထပ်ပြီး ဖိနှိပ်ပေးသည်။ သူမ၏အတွေးကိုပင် သူမ မသိတော့ပေ။ သို့သော် သူမက ဆက်လက်ပြီး အချိန်နည်းနည်းလောက် ထပ်စောင့်ချင်သည်။ ဖြစ်နိုင်သည်မှာ တစ်စုံတစ်ရာက ပြောင်းလဲသွားလောက်သေးသည်။

ထိုလူက ဆက်မလာတော့ချေ။ နင်မုန့်ကို ထိုအခန်းထဲတွင် တစ်ယောက်တည်း ထားခဲ့သည်။ သူမ၏ခန္ဓာကိုယ်က ဆက်တိုက် တုန်ယင်နေပြီး သူမ၏လက်များက မြေပြင်သို့ ကျသွားသည်။ အောက်တွင်လည်း သွေးများက အိုင်ထွန်းနေကာ အလွန်များပြားလာသည်။ အချိန်မည်မျှ ကုန်ဆုံးသွားကြောင်း မသိတော့သော အချိန်တွင် တံခါးကို ဆောင့်ကန်ဖွင့်ခံလိုက်ရသည်။

ပုံရိပ်တစ်ခု ဝင်လာသည်။ သို့သော် သူမ၏မြင်နိုင်စွမ်းအားက ဝေဝါးနေခဲ့ပြီဖြစ်သည်။ နင်မုန့်က ခေါင်းကို ငုံ့လိုက်သည်။ သူမ၏ရှည်လျားသော ဆံပင်များက ပခုံးပေါ် ရှုပ်ထွေးစွာ ကျသွားချိန်တွင် သူမ၏နဖူးတွင်လည်း ချွေးများ စိုရွဲနေသဖြင့် ဆံပင်က ထိုနေရာတွင် ကပ်သွားသည်။

လူတစ်ယောက်က သူမ၏လက်ကောက်ဝတ်မှ ကြိုးကို ဖြည်ပေးသည်။ နင်မုန့်၏ခန္ဓာကိုယ်က ပျော့ခွေကျသွားပြီး မြေပြင်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ သူမက အားနည်းစွာဖြင့် မျက်လုံးကို ဖွင့်ရန် ကြိုးစားသည်။

“ရှီချီ..”

သူ လာခဲ့တယ်။ ဒါပေမဲ့ နောက်ကျသွားပြီ။

ရှီချီက သူမ၏ကျသွားသော လက်ကောက်ဝတ်ကို ဖမ်းထိန်းပေးလိုက်ပြီဲး သူ၏လက်မောင်းအကြားတွင် ပွေ့ထားလိုက်သည်။ သူမ၏ အရိုးထဲရှိ ရောက်နေသော အေးစိမ့်မှုက သူမကို ဆက်တိုက် တုန်ယင်စေသည်။ သူ၏နွေးထွေးသော ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်ရသောအခါ သူမ အနည်းငယ် သက်တောင့်သက်သာ ဖြစ်သွားသည်။ သို့သော် အေးစက်နေသေးသည်။

ရှီချီက သူမ၏မျက်နှာကို ကိုင်လျက် ပြောသည်။

“ဘယ်နေရာက နာနေလို့လဲ”

သူ၏လက်အောက်ငယ်သားတစ်ယောက်က လှုပ်ရှားမှုကို မရပ်တန့်ဘဲ ချက်ချင်းလိုလို သူမ၏လက်ကောက်ဝတ်တွင် ပတ်တီးစည်းပေးသည်။ သွေးများက ထွက်နေသေးသော်လည်း ရပ်တန့်လုနီးပါး ဖြစ်သွားသည်။

ရှီချီက စိတ်အေးသွားသလို သက်ပြင်းချသည်။ သူ၏တစ်ကိုယ်လုံးက အချိန်တိုင်း တောင့်ခဲနေခဲ့ရခြင်း ဖြစ်သည်။

နင်မုန့်က မျက်လုံးမဖွင့်နိုင်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူ၏လက်မောင်းထဲတွင် တုန်ယင်နေသော ခန္ဓာကိုယ်ဖြင့်သာ တိတ်တဆိတ် ရေရွတ်လိုက်သည်။

“ငါ အရမ်းအေးတယ်”

သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက ဘာအဝတ်အစားမှ မရှိသလိုမျိုးပင် အေးစက်သော လေထုက ကိုယ်အတွင်းသို့ ဝင်ရောက်လာကာ မည်သည့်အပူအရင်းအမြစ်မျှ မရှိတော့သည့် အရာတစ်ခု ဖြစ်သွားသည့်အလား ဆိုးဆိုးရွားရွားကို အေးစိမ့်နေသည်။

ရှီချီ၏မျက်မှောင်က ကြုတ်သွားပြီး သူမ၏လက်ကို ကိုင်သည်။ ခံစားရသည့် အေးစက်မှုက သူ့ကို အလွန်အံ့ဩသွားစေပြီး ခပ်တင်းတင်း ပိုကိုင်မိသွားစေသည်။

နင်မုန့်က ခေါင်းကိုခါရန် ကြိုးစားသည်။

“အသုံးမဝင်ဘူး”

အခု ဘာမှအသုံးဝင်တော့မှာ မဟုတ်ဘူး။

အလွန်များပြားသော ထိုနွေးထွေးမှုက အကျိုးသက်ရောက်မှု မရှိတော့ချေ။ လက်ရှိအချိန်တွင် သူမ၏ခန္ဓာကိုယ်ထဲသို့ ယင်လေထုများက ဆက်တိုက်ဝင်ရောက်နေပြီဖြစ်ပြီး သူမယခင်က ခံစားရသော အချိန်ကထက် ယင်လေထုက ဝင်ရောက်သွားခဲ့ပြီဖြစ်လေရာ သူမ၏အခြေအနေကို ပို၍ ဆိုးရွားသွားစေခဲ့သည်။

စနစ်၏သတိပေးသံက ထွက်လာသည်။

“နင်နင်ရဲ့ ကိုယ်တွင်းအင်္ဂါတွေက စတင်ပြီး ကြွေကျတော့မယ်။ အခုမှ ထွက်မသွားဘူးဆိုရင် မင်းရဲ့စိတ်ဝိညာဉ်က ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒီနောက်မှာ အရာအားလုံး နောက်ကျသွားပြီ”

ထိုသို့လည်း သိပ်မကြာခင်က သူမကို သတိပေးခဲ့သေးသည်။ သူမကသာ ယခုမသွားလျှင် သူမအနေနှင့် အဆုံးသတ်တော့မည် ဖြစ်သည်။ သူ့ဘက်က အရာအားလုံးကို ကြိုတင်ကြံစည်ထားခဲ့သည်။ သူမက စာတိုက်ပုံးထဲတွင် ထိုဓားမြောင်ကို အပ်ထားခဲ့ပြီး လျန်ဖုန်းမိန်ကို စာတစ်စောင်ရေးမည်။ ထို့နောက် အရာအားလုံးကို စီစဉ်မည်ဟု တွေးခဲ့သည်။ သို့သော် ထိုအရာများအားလုံးကို ဒီညက ဖျက်စီးလိုက်သည်။

လေတိုးသံနှင့်အတူ ရှီချီ၏အသံက နင်မုန့်၏နားထဲသို့ ရောက်လာသည်။ သူမက အကောင်းဆုံးကြိုးစား၍ မျက်တောင်ခတ်ကြည့်ပြီးနောက် ရှီချီ၏ နားနားသို့ ကပ်ကာ နောက်ဆုံးဝင်သက်တွင် နောက်ဆုံးစကားကို ပြောလိုက်သည်။

“ရှီချီ နင်.. ဓားမြောင်ကို တောအုပ်ထဲမှာ…”

သူမ၏စကားအနည်းငယ်က အချိတ်အဆက် မမိသလို အားအင်လည်း အလွန်ကုန်ဆုံးစေသည်။

ရှီချီက သူမ၏ကိုယ်မှ ခံစားရသော အအေးဓာတ်က ပို၍တိုးလာကြောင်းကို သိလိုက်ပြီးနောက် သူ၏နှလုံးသားထဲရှိ ဘာမှန်းမသိသော ပူပန်မှုက ကြီးစိုးလာသည်။ သူမ၏စကားကို ကြားလိုက်ပြီးနောက် သူက ဆက်မေးသည်။

“ငါ ဘာလုပ်ရမှာလဲ”

သို့သော် ပြန်ဖြေသံ ထွက်မလာတော့ချေ။

စာရေးသူမှာ ပြောစရာ ရှိပါတယ်။

နင်မုန့်.. ငါ အေးခဲပြီး သေသွားမယ်လို့ နင် မထင်ထားဘူး မဟုတ်လား။

တစ်စုံတစ်ယောက်အပေါ်မှာ ထူးထူးခြားခြား လေးနက်တဲ့ ခံစားချက် ကျန်စေတာမျိုးဆိုရင် သူတို့ရဲ့ရင်ခွင်ထဲမှာ သေတာလို့ ဖြေရမှာပဲ။

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset